အခန်း ၅၄
Vol. 5 Ch. 54
ထိုအချိန် ရှောင်လု ဖုန်းဆီ စာဝင်လာပြီး သူမက စာဖတ်ကာ စုချန်ယန်ကို ပြောခဲ့သည်။ "လက်ထောက်ရှုက ပြောတယ် အနည်းဆုံး နောက် တစ်နာရီလောက် အချိန်ယူရလိမ့်မယ်တဲ့"
စုချန်ယန်၏ တောက်ပနေသည့် မျက်လုံးလေးများက ချက်ချင်းယ နောက်ထပ်တစ်နာရီ ထပ်စောင့်ရမည်ဟူသော သတင်းကြောင့် မဲမှောင်ကျသွားရသည်။
တစ်နာရီ...နောက်ထပ် တစ်နာရီ ထပ်စောင့်ရဦးမယ်...
ကောင်းကင်တစ်ခုလုံး ရုတ်တရတ် မဲမှောင်သွားသလိုပင်။
ထိုစဉ် ရုတ်တရတ် ရှောင်လုက ထရယ်ခဲ့သည်။
စုချန်ယန်က သူမကို နားမလည်သလို ကြည့်ကာ ဒီလိုချိန်မျိုးမှာ ဘယ်လိုတောင် ရီနိုင်သေးတာလဲဆိုပြီး တွေးနေမိသည်။
ရှောင်လုက ပိုပြီး အားရပါးရ ရီခဲ့သည်။ "ငါစနေတာ! အစ်ကိုဝမ်းကွဲနဲ့ သူ့ကျောင်းနေဖက်တွေ ရုံးခန်းကနေ ထွက်လာနှင့်နေပြီ။ အရင်မှာထားဖို့ ပြောထားတယ်။ မကြာခင် သူတို့ ဒီကိုရောက်မယ်တဲ့"
ထို့နောက် စုချန်ယန်၏ သုန်မှုန်နေရာမှ ချက်ချင်းဝင်းလက်လာသည့် မျက်နှာထားမျိုးကို ရှောင်လု ထိုင်ကြည့်နေမိတော့သည်။
ရှောင်လုက ဝိတ်တာကို လှမ်းခေါ်လိုက်ပြီး စုချန်ယန်ကလည်း ရှောင်လုကို Menu မပေးလိုက်ခင် သူမ စားချင်တာမှန်သမျှကို ခပ်မြန်မြန်မှာလိုက်သည်။
Menu ကို ကြည့်လိုက်သည်နှင့် များစွာသော ဟင်းပွဲတွေကိုမြင်လိုက်ရတာကြောင့် ဘာယူရမှန်း မသိတော့ဘဲနှုတ်ခမ်းကြီး ဆူထားမိတော့သည်။ "နင်က အစားမရွေးပါဘူး နင်အကုန်စားမှာပါ"
"ဒါပေါ့!" စုချန်ယန်သည် သူမ၏ အစားမရွေးမှုကြီးကို ဂုဏ်ယူစရာတစ်ခုသဖွယ် ခံစားလိုက်မိသည်။
ရှောင်လုက တစ်ခစ်ခစ်ရယ်ခဲ့သည်။
သိပ်မကြာခင်မှာဘဲ ဝိတ်တာလေးမှ သူတို့၏ ဟင်စရည်အိုးနှင့် ဟင်းပွဲများအား စားပွဲပေါ်လာချပေးခဲ့သည်။
စုချန်ယန်က အချဉ်ရည်များလည်း စပ်ပြီးပြင်ဆင်ပြီးပြီဖြစ်တာကြောင့် ပွက်နေသည့်အိုးကို စူးစူးစိုက်စိုက်ကြည့်ရင်း ပါးစပ်ဝတွင်လည်း တူကိုကိုက်ထားခဲ့သည်။
သူမ မျက်လုံးထဲတွင် အိုးကိုမြန်မြန်ပွက်လာစေရန် မီးတောက်ကြီးအောင် လောင်စာဆီပါ လောင်းချချင်သည့်အကြည့်များဖြင့် ပြည့်နှက်နေသည်။ ထိုမှသာ မြန်မြန်ပွက်လာပြီး သူမ စားချင်တာ စားလို့ရမည်သာ။
"ဒေါက်-"
တစ်ယောက်ယောက်မှ တံခါးခေါက်လာပြီး အပြင်မှတံခါးဖွင့်လာလေသည်။
"ဝမ်းကွဲအစ်ကို နင်တို့ရောက်ပြီပဲ"
စုချန်ယန်လည်း ခဏနောက်လှည့်ကြည့်ကာ နှုတ်ဆက်လိုက်သည်။"မန်နေဂျာလင်း အကိုရှု"
ခဏတောင်မှ ရပ်မသွားဘဲ ချက်ချင်း ခေါင်းပြန်လှည့်ပြီး သူမ အိုးပေါ်တွင်သာ ဆက်ပြီးအာရုံစိုက်နေခဲ့သည်။ နောက်ဆုံးတော့ အိုးက စပွက်လာပြီဖြစ်သည်။
"ဆူနေပြီ! အစာတွေစထည့်လို့ရပြီ! ရှင်တို့ဘာစားချင်ကြလဲ? ကျွန်မ ကူထည့်ပေးမယ်လေ"
စုချန်ယန်၏ ဗိုက်မှာ ဆာလောင်မှုကြောင့် ဂလုံဂလွမ်မြည်နေပေမဲ့ ဆင်ခြင်တုံတရားတော့ ရှိပါသေးသည်။
သူမ အရမ်းစားချင်နေသည့် အစားအသောက်များမှာ သူမရှေ့တွင် ရှိနေပါသော်လည်း ဒီလိုရှားပါးသည့် hotpot မျိုး ဆုချပေးသည့် လင်းယွီအား ပထမဆုံးကျေနပ်စေဖို့သာ ဆုံးဖြတ်ခဲ့သည်။
သူမသာ ကောင်းကောင်းဆက်ဆံလျှင် လင်းယွီတစ်ယောက် သူမအား ရက်အနည်းငယ်ကြာတိုင်း ကြာတိုင်း တစ်ကြိမ်လောက်တော့ အပြင်ထွက်ပြီး စားခွင့်ပြုနိုင်လောက်သည်။
သူမ ထိုသို့ပြောလိုက်သော်ငြားလည်း စုချန်ယန်က အသာလုံးပန်းကန်အား မမှိတ်မသုန် စိုက်ကြည့်နေပြီး မျက်လုံးထဲမှ မီးတောက်များ ထွက်လာတော့မတတ်ပင်။
သူမသည် အရင်က ဒီလိုအမူအရာမျိုးကို အစားအသောက်မှလွဲ၍ ဘယ်အရာမျိုးကိုမှ မဖော်ပြဖူးပေ။
.
လင်းယွီ နောက်ကို လှည့်ကြည့်လိုက်သည်။ သူတို့သည် ထိုင်ခုံ၄ခုံသာပါသော အခန်းသေးသေးလေးကိုသာ ပေးခဲ့ပြီး လင်းယွီက စုချန်ယန်ဘေးတွင် ထိုင်ရန် ခုံကိုဆွဲထုတ်လိုက်သည်။
သူထိုင်တော့မည့်အချိန်မှာဘဲ သူ့မျက်လုံးထဲ ဖြတ်ခနဲမြင်လိုက်သော ကြမ်းပြင်ရှိ အဖြူရောင်စာရွက် အပိုင်းအစလေးအား သတိထားမိလိုက်သည်။
သူ့အကြည့်တွေ တန့်သွားကာ ထိုစာရွက်အား ကုန်းကောက်လိုက်သည်။
"ချန်ယန်?"
"ဟမ်?"
စုချန်ယန်၏ တုံ့ပြန်ပုံမှာ အနည်းငယ်နှေးပြီး အင်တင်တင်ဖြင့် အသားလုံးများဆီမှ အကြည့်ကိုခွာပြီး လင်းယွီဘက်ကို လှည့်ကြည့်လိုက်သည်။
သူက သူမနောက်တွင် ရပ်နေပြီး လက်ထဲမှာရှိသည့်တစ်ခုခုကိုကြည့်နေသည်။ စုချန်ယန်မှ ဘယ်လိုအမူအရာမှ မပြစဉ် သူမရှေ့တွင် ထိုစာကို ထောင်ပြလေသည်။
"မင်းဒါကျနေတယ်"
စုချန်ယန်က သူ့လက်ထဲက စာကို ခဏအကြာလောက်ကြည့်နေမိသည်။ ပြီးမှ နေ့လည်က လင်းယွီပေးခဲ့သည့် စာလေးမှန်း သတိရလိုက်သည်။ သူမ အဝတ်လဲနေစဉ်က အိတ်ထဲထည့်ထားခဲ့ပြီး ခုနက သူမဖုန်းထုတ်လိုက်တော့ ကျသွားတာပဲဖြစ်ရမည်။
"တခြားတစ်ယောက်ယောက်က မင်းကို အပ်နှံထားတာမို့လို့ သေသေချာချာ သိမ်းပေးပါ"
"အိုး ကျေးဇူးပါ ကျွန်မ မတော်တဆ ပြုတ်ကျသွားတာပါ"
စုချန်ယန်လည်း အများကြီး မတုံ့ပြန်ခဲ့ပေ။ သူမ၏ တူကိုချလိုက်ပြီး ယူဖို့လက်ကမ်းလိုက်သည်။
စာကိုယူတော့လည်း လင်းယွီက ချက်ချင်း မလွှတ်သေးပေ။
စုချန်ယန်က ဘုမသိဘမသိနှင့် ခေါင်းမော့ကြည့်ကာ ခေါ်လိုက်သည်။ "မန်နေဂျာလင်း?"
လင်းယွီက သူမကို ငုံ့ကြည့်ကာ သူ့မျက်လုံးမှာ မှင်ရည်စက်များအတိုင်းဖြစ်ပြီး သူ့စိတ်အခြေအနေကို သိဖို့ရန်ခက်ခဲစေသည်။
ခဏကြာတော့ သူက ပြောခဲ့သည်။ "မင်း တကယ်လို့ ဘယ်လို ဖြေရှင်းရမလဲဆိုတာ မသိရင် မင်းမြင်ချင်တဲ့နေ့ မရောက်ခင်အထိ ငါယာယီ သိမ်းထားပေးနိုင်ပါတယ်"
စုချန်ယန်က ကြောင်သွားပြီးနောက် ပြန်ပြောလိုက်သည်။ "မန်နေဂျာလင်း ကျွန်မအတွက် စဉ်းစားပေးတာကျေးဇူးတင်ပါတယ် ဒါပေမဲ့ ဘယ်လို ဖြေရှင်းရမလဲဆိုတာတော့ ကျွန်မ သိတာမို့လို့ပါ"
လင်းယွီက သူမကို ကြည့်လိုက်ကာ လွှတ်လိုက်ပြီး သူမဘေးတွင်ထိုင်လိုက်သည်။
"အဲ့လိုလား?"
အမှန်ကတော့ လင်းယွီ ထင်သည်မှာ မှန်သည်။ စုချန်ယန်က ဒီစာကိုဘယ်လိုဖတ်ရမလဲဆိုတာ တကယ် မသိသေးတာမို့ သူမ ဖွင့်မဖတ်ကြည့်သေးပေ။
ဒါပေမဲ့ လုံခြုံဖို့အတွက်လောက်နဲ့ ထိုစာကို လင်းယွီဆီ မပေးလိုက်ချင်ပါ။ စာပိုင်ရှင်ကို မလေးစားရာ ကျသည်ဟုသူမ ခံစားမိတာကြောင့်ပင်။
လင်းယွီက သူမ စိတ်သောက ရောက်နေသည်သာ မြင်နေရတာကြောင့် ဖြေရှင်းနိုင်မည့် နည်းလမ်းကို ကမ်းလှမ်းခဲ့တာလည်း ဖြစ်ချင်ဖြစ်နိုင်သည်။
စုချန်ယန်လည်း သိပ်တွေးမနေတော့ဘဲ သူမရှေ့၌ ရှိနေသော အရသာရှိလွန်းသည့် အစားအသောက်ဘက်ကိုသာ မြန်မြန်အာရုံလွှဲလိုက်သည်။
အရည်ရွှမ်းနေသည့် အသားလုံးအား တစ်ကိုက်ကိုက်လိုက်ချိန် စုချန်ယန်လည်း အားရကျေနပ်သလိုသက်ပြင်းချမိခဲ့သည်။
"ဒီအရသာပေါ့ ငါ အိပ်မက်မက်နေခဲ့ရတဲ့ အရသာနဲ့တစ်ထပ်ထဲပဲ"
ကျန် ၃ ယောက်လည်း ပြုံးနေခဲ့ကြသည်။
စုချန်ယန်လည်း သူမစားနေစဉ် လင်းယွီက သိပ်မစားဘဲ ရေနွေးကြမ်းတွေချည်း ထိုင်သောက်နေသည်ကိုသတိထားမိခဲ့သည်။ သူမ ပါးစပ်ထဲ အစားဝါးနေရင်းမေးလိုက်သည်။
"မန်နေဂျာ လင်း ရှင်က စပ်တာတွေ မကြိုက်ဘူးလား?"
လင်းယွီ သူမကို ကြည့်လိုက်တော့ ဟမ်းစတာလိုမျိုး ပါးနှစ်ဖက်က ပလုတ်ပလောင်းနှင့် ဖောင်းထွက်နေခဲ့သည်။
"စားနေတဲ့အချိန် စကားမပြောရဘူးလေ"
"အို့.."
စုချန်ယန်လည်း ခေါင်းငုံ့ကာ ဆက်စားတော့သည်။
တစ်လုတ် နှစ်လုတ်မျှစားပြီးတော့ စုချန်ယန်လည်းအားနာသလို ခံစားမိလာသည်။ လင်းယွီသည် တရုတ်ဟင်းလျာကို မငြင်းခဲ့ပေမဲ့လည်း အစပ်ကို သူမတို့စားသလိုတော့ စားနိုင်လိမ့်မည် မဟုတ်ချေ။
စုချန်ယန်က ဟင်းရည်ကို လုံးဝအစပ်တွေချည်း မှာခဲ့ခြင်းသာ။ ဒါကြောင့်မို့ သူမ တူချလိုက်ပြီး အခန်းထဲက ထွက်သွားလိုက်သည်။
ခဏကြာတော့ ရေတစ်ခွက်ကိုင်ပြီး ဝင်လာခဲ့သည်။
"ချန်ယန် နင်ဘယ်သွားတာလဲ?"
စုချန်ယန်သည် ရေနွေးကို ဟင်းရည်ခွက်ဖြင့် သယ်လာကာ လင်းယွီ ရှေ့ချရင်းပြောလိုက်သည်။
" မန်နေဂျာ လင်းက အစပ်တွေ မစားနိုင်လောက်ဘူးထင်လို့ မစားခင် အနှစ်အရသာမပါအောင်လို့ ရေထဲပြန်နှစ်ပြီးစိမ်လိုက်ရင် ပိုကောင်းမယ်ထင်လို့"
ရှောင်လုလည်း သူ့ဝမ်းကွဲအစ်ကိုအား အံ့ဩခြင်းများစွာဖြင့် ကြည့်မိတော့သည်။
သူမ ဝမ်းကွဲအစ်ကိုလိုလူက? အစပ်မစားနိုင်ဘူး? ဘာလို့ ငါကရော မသိခဲ့ရတာလဲ?
"ဘယ်ကသာ..အဲ့လိုမဟုတ်.."
ရှောင်လု စကားဆုံးအောင်မပြောရသေးခင် လင်းယွီ စိုက်ကြည့်နေသည်ဟု ခံစားမိတာကြောင့် ချက်ချင်း ပါးစပ်ပိတ်လိုက်ကာ စုချန်ယန်ပြောတာကို ထောက်ခံခဲ့သည်။
"ဟုတ်တယ်! ဝမ်းကွဲအစ်ကို ရေနဲ့စိမ်ဆေးလိုက်တာ ပိုကောင်းမယ် ထင်တယ်"
လင်းယွီက အကြည့်စူးစူးများအား လျှော့ချပစ်ကာ စုချန်ယန်ကို ပြုံးပြခဲ့သည်။"ကျေးဇူးပဲ"
"ရပါတယ်"
စုချန်ယန်လည်း သူမထိုင်ခုံမှာ ပြန်ထိုင်ပြီး တူကိုကောက်ကိုင်လိုက်ကာ ဆက်စားမလို့ ကြံရွယ်နေစဉ်မှာဘဲ လက်ထောက်ရှု ဖုန်းက ရုတ်တရတ် မြည်လာခဲ့သည်။
သူလည်း မျက်မှောင်ကြုတ်ကာ ဖုန်းကိုင်လိုက်ပြီး လင်းယွီကို ကြည့်ရင်း ပြောခဲ့သည်။ "မစ္စတာလင်း ဥက္ကဌလုခေါ်တာပါ"
လင်းယွီက ခေါင်းငြိမ့်ပြပြီး ပြောလိုက်သည်။ " ကိုင်ပြီးဖြေလိုက်လေ"
အခန်းက ရုတ်တရတ်ကြီး တိတ်ဆိတ်သွားကာ ထိုတိတ်ဆိတ်မှုက စုချန်ယန်ကိုလည်း ကူးစက်လာသလိုပင်။
တူနှင့်ဟိုဟိုဒီဒီ ရွေးနေသည်ကို ခဏရပ်ထားလိုက်ပြီး လက်ထောက်ရှုကို မျှော်လင့်ချက်ကြီးစွာ ကြည့်ရင်း စိတ်ထဲတွင် ဖုန်းကို မကြာခင် ချလိုက်ပါတော့ဟု ဆုတောင်းနေမိသည်။
လက်ထောက်ရှုလည်း ဖိအားများစွာဖြင့် ဖုန်းဖြေလိုက်သည်။"ဟယ်လို ဥက္ကဌလု"
"ကျွန်တော်တို့ အပြင်မှာ ညနေစာ ထွက်စားနေတာပါ။ မစ္စတာလင်းလည်း ပါပါတယ်"
ဖုန်း၏ အခြားတစ်ဖက်က အခြားတစ်ခုခုကို မှာနေပုံရပြီး လက်ထောက်ရှုလည်း စုချန်ယန်ကို ကြည့်ကာ ပြောလိုက်သည်။"ချန်ယန်လည်း အတူတူရှိနေပါတယ်"
စုချန်ယန်လည်း အလန့်တကြားဖြင့် မျက်လုံးပြူးသွားခဲ့သည်။
'သူမကို ဘာလို့ထည့်ပြောရတာလဲ..'
ဥက္ကဌလု ပြောပြီးသည်များကို နားထောင်ပြီးနောက် လက်ထောက်ရှု၏ မျက်နှာလည်း မကောင်းတော့ပေ။
" ဟုတ်ကဲ့ ကျွန်တော် နားလည်ပါပြီ။ ကျွန်တော်တို့ ချက်ချင်း...."
လင်းယွီက သူ့ကိုကြားဖြတ်ပြီး ခြေဟန် လက်ဟန်ဖြင့် ဝင်ပြောနေသည်မှာ သူဘာပြောတော့မလဲဆိုတာကို သိနှင့် နေပြီးသားပုံစံပင်။ "စားပြီးတာနဲ့ ပြန်သွားရအောင်"
လက်ထောက်ရှုလည်း လည်ချောင်းထဲက စကားများ
ပျောက်ရှကာ ရှက်သွားခဲ့သည်။ သူလည်း စိတ်လှုပ်ရှားစွာနှင့် ဥက္ကဌလုကို ပြောလိုက်သည်။
"ဥက္ကဌလု မစ္စတာလင်းက တစ်နေကုန် အလုပ်လုပ်နေပြီး ဘာမှလည်း သိပ်မစားရသေးလို့။ ၈နာရီ မတိုင်ခင်တော့ ကျွန်တော်တို့ ပြန်လာနိုင်မှာပါ"
လင်းယွီလို ကိုယ့်ရဲ့လုပ်နိုင်စွမ်းဆို လက်တွေ့အသုံးချရမှုအပေါ် ထဲထဲဝင်ဝင် နှစ်ခြိုက်သဘောကျတဲ့ လူမျိုးရဲ့နားမှာ ရှိနေခဲ့ရသလောက် ပြောရမယ်ဆိုလျှင် သူသည် ဒီလိုအချိန်မျိုးတွေဆိုလျှင် အတော်ခေါင်းမာသည်ဆိုတာကိုတော့ အသိအမှတ်ပြုရလိမ့်မည်။
ပထမတစ်ခါကတော့ စုချန်ယန်နှင့် စာချုပ်ချုပ်ဆိုခြင်းဖြစ်ပြီး ယခုကတော့ အခြားကိစ္စတစ်ခုပင်။
ဖုန်းချလိုက်ပြီးနောက် လင်းယွီက စုချန်ယန်ကို ကြည့်ကာ ပြောခဲ့သည်။"ဆက်စားပါ"
စုချန်ယန်လည်း ချက်ချင်း စိတ်သက်သာရာ ရသွားခဲ့သည်။ ဘာတွေပဲ ဖြစ်နေဖြစ်နေ ဒီလိုအချိန်မျိုးမှာ သူမဗိုက်ပြည့်ဖို့ထက် အရေးကြီးသည့်အရာ မရှိပေ။