အခန်း ၅၅
Vol. 5 Ch. 55
ထို့နောက် လင်းယွီက မျက်နှာချင်းဆိုင်ရှိ လက်ထောက်ရှုကို ကြည့်ကာမေးခဲ့သည်။
"ဥက္ကဌလုက ဘာတဲ့လဲ"
လက်ထောက်ရှုမှ အားရပါးရစားနေသည့် စုချန်ယန်ကိုကြည့်ကာပြောခဲ့သည်။
"ချန်ယန်က အပြစ်တင်ခံရတာတွေကြောင့် ရှာဖွေမှုအများဆုံးဆိုပြီး ဂယက်ထနေတဲ့အကြောင်းပါ"
စုချန်ယန်လည်း လန့်ဖြန့်သွားကာ အံ့ဩတကြီး မော့ကြီးရင်း မေးခဲ့သည်။ "ကျွန်မကလား?"
'ခုနက ကောင်လေးကို မဖြစ်စလောက် အကြောင်းပြချက်နဲ့ ငြင်းလိုက်လို့များ လူထုက သူမကို အမြင် မကြည်ကြတာများလား?'
ရှောင်လုလည်း မေးခွန်းပေါင်း သောင်းခြောက်ထောင်ဖြင့် တအံ့တဩဖြစ်ကာ အိတ်ထဲမှ ဖုန်းထုတ်ပြီး Weibo ဖွင့်လိုက်သည်။
ဒီကမ္ဘာကို ရောက်လာပြီးနောက် ပြစ်တင်ဝေဖန်ခံနေရသည်ကိုပင် စုချန်ယန်တစ်ယောက် နေသားကျ နေခဲ့သည်မှာကြာပြီဖြစ်သည်။
သူတို့ Weibo တွင် အသည်းအသန် ရှာကြည့်နေချိန် စုချန်ယန်က ထိုအချိန်ကို အခွင့်ကောင်းယူကာ ခေါင်းငုံ့ရင်း တူနှင့်ပုစွန်ကိုယူလိုက်ပြီး ပါးစပ်ထဲ ထည့်လိုက်သည်။
ရှောင်လုက Weiboထဲဝင်ကာ စုချန်ယန်နှင့် ပက်သက်သည့်သတင်းခေါင်းစဥ်များကို ရှာမတွေ့မချင်း အစအဆုံး မွှေနှောက်ရှာနေစဉ်မှာဘဲ page တစ်ခု၏ အလယ်နားလောက်၌ ရှာတွေ့သွားခဲ့သည်။
သူမချက်ချင်း နှိပ်ကာ ဝင်ကြည့်လိုက်ပြီး အပေါ်ယံသာဖတ်ကြည့်ပြီးနောက် စုချန်ယန်ကို ကြည့်ရင်းမေးလိုက်သည်။ "ချန်ယန် နင်အကောင့်ချင်း မှားသွားတာလား?"
"ဘာ?" စုချန်ယန်လည်း သူမကို ဘုမသိဘမသိ ကြည့်ခဲ့
သည်။
ရှောင်လုလည်း ဖုန်းကို စုချန်ယန်ဘက် ထောင်ပြလိုက်သည်။ သူမ နာမည်အောက်တွင်လည်း ရင်းနှီးနေသည့် ရုပ်ပြပန်းချီကား အခန်းဆက် ရှိနေခဲ့သည်။
"ငါအကောင့် မှားပြီးတင်လိုက်မိတာ" စုချန်ယန်လည်း ရှော့ရကာ ကြက်သေသေနေသည့် အမူအရာဖြင့် ပြောလိုက်သည်။
ရုပ်ပြကာတွန်းများမှာ မနေ့ညက သူမဆွဲခဲ့သည့်ပုံများဖြစ်ပြီး သူမ၏ ဝက်အူချောင်းတောင့်ကို ကြွက်တစ်ကောင်ဆီမှ ခိုးယူခံရပြီးနောက် ထိုကြွက်အား ကြောင်တစ်ကောင်မှ စားခြင်းခံလိုက်ရပုံကို သရုပ်ဖော်ထားသည်။
ရှောင်လုက မတတ်သာသလို ပြောလိုက်သည်။
"ယန်ရှို့ရီရဲ့ ပရိသတ်တွေက နင့်ရဲ့Weibo အကောင့်ကိုအနီးကပ် စောင့်ကြည့်နေကြတာလေ။ အရင်ကဆို သူ့ပရိသတ်ထဲက တစ်ယောက်က နင့်ဆီက ပန်းချီတွေလာဝယ်သေးတယ်။ ပြီးတော့ နင့်ရဲ့ဆွဲတဲ့ပုံစံကို သူတို့မှတ်မိရင်မှတ်မိကြမှာ။ နောက်ပြီးတော့လည်း နင့်အကောင့် နှစ်ခုလုံးရဲ့ IP address ကလည်း အတူတူပဲ။"
"နင့်ဘက်ကနေ သူတို့ကို သက်သက်မဲ့ လိုက်နှောင့်ရင်း
ဒီကာတွန်း series က သိပ်နာမည်မထွက်ခဲ့တဲ့ 'ရှန်ရှင်းယု ဖြစ်ရပ်' ကို ကိုးကားရေးဆွဲပြီး သူတို့ကို ရည်ရွယ်ချက်ရှိရှိ လှောင်နေတယ်လို့ ထင်သွားကြလိမ့်မယ်။"
စုချန်ယန်လည်း စိတ်ရှုပ်သွားပြီး ပြန်မေးခဲ့သည်။"ဘယ်သူက ရှန်ရှင်းယုလဲ?"
လက်ထောက်ရှုက မျက်နှာဖြူဖျော့စွာ ပြောခဲ့သည်။ "မင်း သူ့ကို သိသိ မသိသိ အရေးမကြီးဘူး။ အဓိကက သူက မင်း Weibo အကောင့်ကို forward လုပ်တဲ့.."
"ကျွန်မမှ သူ့ကိုမသိတာ ဘယ်လိုလုပ် သူ့ကိုလှောင်ရမှာတုန်း?"
လင်းယွီက မျက်မှောင်ကြုတ်ရင်း ပြောလိုက်သည်။
"ပြဿနာရဲ့ အဓိက အချက်က မင်း သူ့ကိုလှောင်တာ မလှောင်တာအကြောင်းမဟုတ်ဘဲ သူနဲ့သူ့ fan တွေကတော့ အဲ့လိုထင်သွားကြပြီ ရှန်ရှင်းယုသာ မင်းရဲ့ postကိုပြန်တင်ထားတယ်ဆိုရင် သေချာပေါက် အဲ့ post က သူ့စိတ်ကို အတော်လေး သက်ရောက်သွားတယ်လို့ ဆိုလိုချင်တာပဲ"
အဲ့လိုထိကြားပြီးသော်လည်း စုချန်ယန် ကြည့်ရတာ နားလည်ပုံ မပေါ်သေးတာကြောင့် လက်ထောက်ရှုက ရှင်းပြလိုက်သည်။
"လွန်ခဲ့တဲ့ နှစ်အနည်းငယ်လောက်တုန်းက ရှန်ရှင်းယုက ကုမ္ပဏီတစ်ခုထဲက အနုပညာရှင်တစ်ဦးရဲ့ဇာတ်ကောင်ကို ရွေးယူခဲ့တယ်။ ဒါပေမဲ့ ထင်မထားမိတာက အဲ့ဒီ့ဇာတ်ကောင်က အရမ်းနာမည်ကြီးသွားခဲ့တယ်။ ရလဒ်အနေနဲ့ ဆုတွေလည်းအများကြီးဆွတ်ခူးနိုင်ခဲ့တယ်။ နောက်ပိုင်းမှာလည်း သူပါတဲ့ ရုပ်ရှင်တွေမှာဆိုရင် အဖိုးတန် ရွှေငါးရုပ်တုနဲ့ အကောင်းဆုံးအမျိုးသမီးဇာတ်ဆောင်ဆုကိုတောင် ရခဲ့တယ်လေ။ ဒါပေမဲ့ ဒီနှစ် အဲ့ဒီ့အဖိုးတန် ရွှေငါးရုပ်ရှင်ပွဲတော်မှာတော့ သူနဲ့ကုမ္ပဏီတစ်ခုထဲက နောက်အနုပညာရှင် တစ်ယောက်ကို ထောက်ခံမဲ နည်းနည်းလောက်နဲ့ ရှုံးသွားတယ်လေ အဲ့လိုဆိုတော့...."
ရှောင်လုက ဆက်ပြောခဲ့သည်။ "အဲ့လိုဆိုတော့ နင့်ရဲ့မုန့်ကို ခိုးသွားတဲ့ ကြွက်က ကြောင်ရဲ့အစာအဖြစ် ပြောင်းသွားတဲ့ ကာတွန်းက ရှန်ရှင်းယုရဲ့ အခြေအနေကို ကွက်တိ သရုပ်ဖော်ပေးသလိုဖြစ်သွားတာ"
စုချန်ယန်လည်း ငြိမ်ကျသွားပြီး ရှောင်လုကို ကြည့်လိုက်သည်။ "ကျေးဇူးပြုပြီး ဒီလိုအချိန်မှာ'ကွက်တိ'ဆိုတဲ့ စကားကြီး မသုံးပါနဲ့လား"
"ချန်ယန် နင်အခု ရှာဖွေမှုအများဆုံး ထိပ်တန်းနံပါတ် ၁၀ခုထဲ ပါတော့မယ်" ရှောင်လုက သူမကို သတိပေးခဲ့သည်။
စုချန်ယန်လည်း ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိသလိုပြောလိုက်သည်။
"အခုရော ဖျက်လိုက်လို့မှီသေးလားဟင် ကျွန်မ တကယ်မရည်ရွယ်ခဲ့ပါဘူး"
လင်းယွီလည်း အတော်ကြာသည်အထိ တစိမ့်စိမ့်တွေးနေပြီးမှ မေးလိုက်သည်။
"ဒီကာတွန်း series ဆွဲတဲ့ မင်းရဲ့မူရင်းရည်ရွယ်ချက်က ဘာလဲ? တကယ်လို့ ရည်ရွယ်ချက်က အကျိုး အကြောင်းသင့်ရင် ဒီအခြေအနေကိုပြန်အဖတ်ဆယ်လို့ရနိုင်သေးတာပဲ"
စုချန်ယန်လည်း နောက်ထပ် ထူးထူးဆန်းဆန်း ထပ်ပြီးငြိမ်ကျသွားခဲ့သည်။ ကျန်သုံးယောက်က သူမကို မျက်တောင် မခတ်တမ်းကြည့်ကာ ပြန်ပြောမည်ကိုစောင့်နေရင်း စိတ်ထဲမှလည်း သူမဆီက ဒီလိုစကားသံများသာ မျှော်လင့်နေမိကြသည်။
"ကျွန်မက ဒီတိုင်းလက်တန်းဆွဲလိုက်တာ" ဒါမှမဟုတ်
"ဖျော်ဖြေရေးနယ်ပယ်မှာ ရှင်သန်ရတာ ဘယ်လောက်ခက်ခဲမှန်း ဖော်ပြချင်ရုံသက်သက်ပါ"
သို့သော် စုချန်ယန်က သူမခေါင်းကို စိတ်လှုပ်ရှားစွာ ငုံ့ရင်း အထစ်ထစ်အငေါ့ငေါ့ ပြောလာခဲ့သည်။
" ဘာလို့ဆွဲလဲဆိုရင်.. အခန်းထဲမှာ.. ကျွန်မ ဖွက်ထားခဲ့တဲ့..နောက်ဆုံး ဝက်အူချောင်းကို..ကြွက်က ခိုးစားသွားလို့..."
ရှောင်လု - "..."
လက်ထောက်ရှု - "..."
လင်းယွီ - "?"
ရှောင်လု - "တကယ်လို့ နင်အဲ့အတိုင်းသာ ပြောလိုက်ရင် အခုထက်တောင် ပိုပြီး ဝေဖန်ခံနေရဦးမယ်"
စုချန်ယန်က လင်းယွီကို မော့မကြည့်ရဲသည်အထိ စိတ်ဓာတ်ကျသွားရင်း ပြောလိုက်သည်။ "ဒါပေမဲ့..အဲ့ဒါက အမှန်လေ.."
လင်းယွီလည်း မတတ်သာတော့သလို နဖူးပွတ်ကာ ပြောလိုက်သည်။
"လက်ထောက်ရှု ဥက္ကဌလုကို ဖုန်းပြန်ဆက်ပြီး အဲ့ဒီ့ရှာဖွေမှု အများဆုံးထဲက ဖြုတ်ချခိုင်းလိုက် ခုချက်ချင်းကုမ္ပဏီကိုသွားမယ်"
စုချန်ယန်လည်း သူမကိုယ်သူမ စိတ်ပျက်သွားရသည်။ "ပြန်ဖြုတ်ချဖို့တော့ မလိုလောက်ဘူးထင်တယ်"
သူမကိုကြည့်ရင်း လင်းယွီလည်း အေးအေးဆေးဆေးပြန်မေးလိုက်သည်။ "အကြောင်းပြချက်ကို ပြောကြည့်"
စုချန်ယန်လည်း သူ့ကို မော့ကြည့်လိုက်သည်။ လင်းယွီက သူမကို ဆူပူကြိမ်းမောင်းတာမျိုးတွေ ဘယ်လိုတုံ့ပြန်မှုမျိုးကိုမှ မပြပေမဲ့လည်း နည်းနည်းတော့ကြောက်နေမိသည်။
[Travel] အစီစဉ်ကတော့ အပြင်ဘက်အထိ ကြော်ငြာထားပြီးပြီဆိုပေမဲ့ စုချန်ယန်၏ ဒီလိုအခြေအနေနှင့်ဆိုလျှင် ပရိုဂရမ်အဖွဲ့မှ ထပ်ပြီးကြော်ငြာဖို့ ဘယ်လိုနည်းလမ်းကို ရှာတွေ့မှာ မဟုတ်သည့်အပြင် ဝေဖန်စွပ်စွဲချက်များသာ ပိုတုံ့ပြန်လာကြမည်ပင်။
စုချန်ယန် - " အမှန်တော့ အခုကိစ္စက လူထုဆီက အလကားရတဲ့ အခွင့်အရေးပဲလေ ပရိုဂရမ်အဖွဲ့နဲ့ညှိနှိုင်းပြီး ပရိုဂရမ်ထဲက ကျွန်မရဲ့အခြေအနေကို တည်းဖြတ် ခိုင်းလိုက်လို့ရတယ်လေ။ ပရိုဂရမ်လည်းထုတ်လွှင့်ပြီးတာနဲ့ အကုန်ဖြေရှင်းပြီးသား ဖြစ်သွားလိမ့်မယ်"
ရှောင်လုလည်း စားပွဲကို ထရိုက်ရင်းပြောခဲ့သည်။
"ဟုတ်သားပဲ! အခန်းထဲမှာ ကင်မရာတွေ တပ်ထားတာပဲကို"
လက်ထောက်ရှုလည်း စုချန်ယန် မသက်မသာ ဖြစ်နေသည့်ပုံကို ကြည့်ကာ သူမအတွက် စိတ်မကောင်းဖြစ်တာမို့ ပြောလိုက်သည်။
"ချန်ယန် ပြောတာမှန်တယ် ဒီအခြေအနေက ကြော်ငြာဖို့ တကယ့်ကို အသုံးဝင်တဲ့ အခွင့်အရေးပဲ။ ပရိုဂရမ်အဖွဲ့ဘက်ကလည်း ပူးပေါင်းပေးကြဖို့ ဆန္ဒရှိကြမှာပါ"
'ဘယ်လိုပဲဖြစ်ဖြစ် ပိုက်ဆံတွေ မသုံးရဘဲ ဝရုန်းသုန်းကား ဖြစ်သွားတာမျိုးက ပရိုဂရမ်အဖွဲ့ဘက်က လိုချင်တဲ့ အနေအထားမျိုးပဲလေ'
စုချန်ယန်လည်း မသိမသာလေး လင်းယွီဘက်ကို လှမ်းကြည့်ကာ နောက်ထပ်လည်း ဘာမှထပ်မပြောရဲတော့ပေ။
ခဏကြာတော့ လင်းယွီက ခေါင်းငြိမ့်ကာ လက်ထောက်ရှုကို ပြောလိုက်သည်။
"ဥက္ကဌလုကို ဖုန်းခေါ်လိုက် ၈ နာရီမတိုင်ခင် ချက်ချင်းလာခဲ့မယ်လို့ အများဆုံး ရှာဖွေမှုကိစ္စကို ငါတို့ဘက်ကတုံ့ပြန်ဖို့မလိုတော့ဘူး။ ပရိုဂရမ်ဖွဲ့လည်း ထုံးစံအတိုင်းပဲ ကြော်ငြာပါလေ့စေ"
"ကောင်းပါပြီ"
စုချန်ယန်လည်း နောက်ဆုံးတော့ စိတ်အေးသွားကာ သက်ပြင်း ချမိခဲ့သည်။ ထိုတစ်ခဏမှာဘဲ လက်တစ်ဖက်က သူမနားရောက်လာပြီး သူမရှေ့တွင်ရှိနေသည့် အချဉ်ပန်းကန်ကို ယူသွားခဲ့သည်။
ထို့နောက် ထိုလူမှ သူမရှေ့တွင် အသီးပန်းကန်ကို ချပေးပြီး ကျန်နှစ်ဦးကိုလည်း ပြောစရာရှိတာ ဆက်ပြောခဲ့သည်။ "ဆက်စားကြရအောင် ကုမ္ပဏီကို ၈ နာရီမတိုင်ခင် အမြန်ပြန်သွားရမယ်"
စုချန်ယန်က သူမရှေ့မှာ ရှိနေသည့် အသီးပန်းကန်ကို မျက်နှာသေဖြင့်သာ ထိုင်ကြည့်မိတော့သည်။ ထို့နောက် သူမရှေ့တွင် ပွက်ပွက်ဆူနေသည့် Hotpot အိုးကို ကြည့်ရင်း သူမ ချီးမြှင့်ခံရသည့်ဆုမှာ ထောက်ထားညှာတာခြင်း ကင်းမဲ့စွာပင် ပြန်ရုန်သိမ်းခံလိုက်ရသည်ကို ကြုံလိုက်ရမှန်း တွေးနေမိသည်။
မှားယွင်းစွပ်စွဲခံရပြီး ရှာဖွေမှုအများဆုံးမှာ ဝေဖန်ပြောဆို ခံရပေမဲ့လည်း စုချန်ယန်ကတော့ ထိုပြဿနာထဲ စိတ်ပါဝင်စားမှုမရှိချေ။
သို့သော် ယခုလိုအချိန်တွင် သူမခေါင်းကိုသာ တွင်တွင်ငုံ့ထားပြီး နှာခေါင်းမှလည်းစူးခနဲဖြစ်လာပေမဲ့ သူမအပြစ်ကြောင့် ဖြစ်လာမှန်းသိတာကြောင့် စကားတစ်လုံးပင် ဝင်မပြောရဲပေ။
စုချန်ယန်လည်း ခေါင်းကြီးငုံ့ကာ သင်္ဘောသီးစိပ်လေးယူစားရင် မျက်လုံးထဲမှ မျက်ရည်များလည်း တစ်စက်ပြီးတစ်စက် စီးကျလာခဲ့သည်။
Weiboမှာ ပို့စ်မတင်ခင် ဘာလို့ သေသေချာချာ မကြည့်ခဲ့လိုက်မိတာပါလိမ့်! အခု အရာအားလုံးက ပျက်စီးသွားခဲ့ပြီ...
ဝူးး.. ဝူးး. ဝူးး..(တိတ်တတိတ် ဗလုံးဗထွေးငိုညည်းသံ)
သူမ ငိုချင်လာသလိုပင်...
စုချန်ယန်က စိတ်တိုကာ ယူကြုံးမရဖြစ်ရင်း အပြစ်ရှိသလိုလည်း ခံစားမိသည်။ သူမကိုယ်သူမ စိတ်တိုမိပြီး ပုံကြမ်းလေး အနည်းငယ်အတွက်နဲ့ မှားယွင်းစွပ်စွဲခံရသည်က မဖြစ်သင့်ကြောင်းခံစားမိသည်။
သူမ အကြိုက်ဆုံး Hotpotကို အဝ စားနိုင်မည့် အခွင့်အရေးက ဖျက်စီးခံလိုက်ရသည်။ အရမ်းလွန်လွန်းတယ်! မတရားကိုလွန်တာ!
လင်းယွီမှတူဖြင့် အရသာရှိသည့်အသားလုံးကိုယူလိုက်သည်ကို သူမမျက်လုံးထောင့်ကနေ လှမ်းမြင်နေရသည်။ ထို့နောက် Hotpot ဟင်းရည်ထဲမှ ဆီများကို ရေစိမ်ဆေးချပြီး သူ့ဘေးရှိပန်းကန်လုံးထဲ ထည့်လိုက်သည်။
သူမ ပါးစပ်မှလည်း စားချင်စိတ်ကြောင့် သွားရည်ကျလာခဲ့သည်။ နည်းနည်းလေးတောင်မှ သူမ စိတ်ကြိုက်မစားရသေးချေ။
သို့သော် ခဏအကြာ၌ လင်းယွီက ဆီဖယ်ပြီးသားအသားတွေ ထည့်ထားသည့် ပန်းကန်လုံးကို သူမရှေ့တွင် ချလာပေးသည်ကို စုချန်ယန်က မယုံကြည်နိုင်ခြင်းများစွာဖြင့် ကြည့်နေမိသည်။
စုချန်ယန်လည်း တုန်လှုပ်သွားကာ အံ့ဩတကြီး ကြည့်လိုက်မိသည်။