← Chapters

အခန်း ၅၆

Vol. 5 Ch. 56

အခန်း ၅၆

Vol. 5 Ch. 56

လင်းယွီက တူကိုချလိုက်ကာ သူမ၏ နီရဲနေသော မျက်လုံးတွေကို ကြည့်ပြီး အသံတိတ် ပြုံးပြရင်း ပြောခဲ့သည်။

"ကျွန်တော် အစပ်မစားနိုင်တာ မဟုတ်ပါဘူး။ တခြားဟာ စဉ်းစားနေရုံပါ"

စုချန်ယန်လည်း သိချင်သွားပြီး မေးလိုက်သည်။ "မန်နေဂျာလင်းက ဘာတွေ စဉ်းစားနေတာလဲ?"

လင်းယွီက ပြုံးကာ ပြန်ဖြေခဲ့သည်။

"ကျွန်တော် စဉ်းစားနေတာက.... မင်းနေမကောင်းဖြစ်တဲ့အထိ စားနေမယ်ဆိုရင် စာချုပ်စည်းကမ်း ချိုးဖောက်မှုအတွက် လျော်ကြေး ရနိုင်ပါဦးမလားလို့ပါ။ အဲ့တော့.. ဒီညတော့ ဒီပန်းကန်လုံးထဲမှာ ရှိသလောက်ပဲ စားလို့ရမယ်"

စုချန်ယန် မျက်လုံးများက မျက်ရည်များနှင့် ပြည့်လျှံနေခဲ့သည်။ ဒါပေမယ့် ဒီတစ်ခါကတော့ ကျေးဇူးတင်လွန်းသည့် မျက်ရည်များသာ ဖြစ်သည်။ သူမလည်း ချက်ချင်း ခေါင်းငုံ့ကာ မျက်ရည်များ သုတ်ရင် ပြောလိုက်သည်။

"ရှင် စိတ်ဆိုးသွားပြီး ကျွန်မကို ဆုမချတော့ဘူးလို့

ထင်နေတာ"

"သေချာပေါက် နည်းနည်းတော့ စိတ်ဆိုးတာပေါ့"

လင်းယွီက သူမကို အဓိပ္ပာယ်ပါပါ ကြည့်ရင်း ပြောလိုက်သည်။

"ဝက်အူချောင်းလေး တစ်ချောင်းဆိုရင်တောင် ကျွန်တော် မမြင်အောင်ဖွက်ထားစရာမှ မလိုဘဲ။

မင်းအတွက် ပိုခက်ခဲရအောင် လုပ်နိုင်တဲ့စိတ်မျိုး

မရှိပါဘူး"

စုချန်ယန် - "..."

ထိုအချိန်တွင် ရိုက်ကွင်းမှာတုန်းက ရှာဖွေခံရပြီး သိမ်းယူသွားတဲ့ မုန့်ဘူးတွေအား စုချန်ယန်လည်း တအံ့တဩ ပြန်သတိရသွားခဲ့သည်။

လင်းယွီ မသိအောင် ဖွက်ထားခဲ့သည့် မုန့်တွေအကြောင်းကို ပြောသင့် မပြောသင့် သူမ စဉ်းစာနေမိသည်။ သူမဘယ်နှခုလောက် ဖွက်ထားခဲ့လဲဆိုတာကို သူအခုထိ မသိသေးတာလည်း ဖြစ်နိုင်သည်။ ဒီအခွင့်အရေးကိုအသုံးချပြီး အမှန်အတိုင်း ထပ်ပြောပြလိုက်ရမလား?

ပိုပြီးအပြစ်ရှိသလို ခံစားလာရတာကြောင့် စုချန်ယန်လည်း ထပ်မေးလိုက်သည်။ "တကယ်လို့ ဝက်အူချောင်း တစ်ချောင်းထက် ပိုပြီး ရှိသေးတယ်ဆိုရင်ရော?" [အူတက်🥹]

လင်းယွီက သူမကို သင်္ကာမကင်းကြည့်လာပြီး

မေးခဲ့သည်။ "စုချန်ယန် ခင်ဗျားရဲ့ ကောင်းနေတဲ့ကံကိုဖယ်ထုတ်ချင်နေတာလား?"

စုချန်ယန် - "..."

စုချန်ယန်လည်း မသိမသာ ပါးစပ်ပိတ်လိုက်ပြီး သူမဘာမှမပြောခဲ့သလိုသာ ဟန်ဆောင်နေလိုက်ကာ သူမပန်းကန်ထဲက အရောင်အဆင်းမရှိသည့် အစားအစာတွေကိုသာ ငုံ့ကြည့်နေလိုက်သည်။

ရေနွေးနွေးဖြင့် စိမ်ပြီးဆေးထားတာကြောင့် Hotpot အရသာ မရှိနိုင်တော့တာတောင်မှ စုချန်ယန်က တစ်ခုခု လှုပ်ရှားနေသလို ခံစားမိသည်။

လင်းယွီက တကယ့်ကို အထင်ကရ နတ်သားလေးတစ်ပါးပဲ ဖြစ်ရမယ်!

အကယ်၍ ထိုအစီအစဉ်အား ထုတ်လွှင့်ပြီးလျှင် စုချန်ယန်ကို သူ့ဘက်မှ စာချုပ် စည်းကမ်းဖောက်ဖျက်မှုအတွက် လျော်ကြေးငွေကို မတောင်းဆိုလောက်ပေ။

များစွာသော အကြောင်းအရာတွေ အားလုံးကို

ဘေးဖယ်ထားလိုက်တော့ စုချန်ယန်သည် ဤ Hotpot စားရတာနှင့်ကို အတော်ကလေးပျော်နေသေးပုံပင်။

သူမအား အွန်လိုင်းပေါ်တွင် ပုတ်ခတ်ပြောဆိုခံရမှုကြောင့် ရှောင်လုက ကာယကံရှင် သူမထက် ပိုသက်ရောက်သလို ခံစားမိသည်။ မကြာခဏဆိုသလို Weibo ကို ကြည့်နေမိပြီး hotpot စားဖို့ကိုတောင်

မထိအားချေ။

တစ်ဖက်က စုချန်ယန်ကို ကြည့်လိုက်တော့ ပူပင်ကြောင့်ကြကင်းမဲ့စွာ စားနေတာမို့ သက်ပြင်းသာချမိတော့သည်။ "စုချန်ယန် ဒီကိစ္စကို ဘာလို့ ဘာမှမဖြစ်သလိုလုပ်နေရတာလဲ"

စုချန်ယန်က တစ်ခုခုကိုဝါးနေတာမို့ သူမပြန်ဖြေခါနီးတွင် လင်းယွီက သူမကို "စားနေတုန်းစကားမပြောရဘူး"လို့ပြောထားသည်ကို ရုတ်တရတ် သတိရလိုက်သည်။ ဘာမှမပြောခင် ပါးစပ်ထဲမှာရှိ‌တာကို အရင်မျိုချလိုက်ရသည်။

"ဒါကဘာမှမဟုတ်ပါဘူး အရင်တုန်းကဆို ဒီ့ထက်တောင် အပြောဆိုခံခဲ့ရတာကို"

စုချန်ယန်က အဓိက‌ဇာတ်ဆောင်တွေ အကုန်လုံးနီးပါးသူမလက်ချက်ကြောင့် သေခဲ့ရပြီး အလွန်အမင်းကိုအကြင်နာတရားကင်းမဲ့သည့် ဗီလိန်ဇာတ်ကောင်အဖြစ်တစ်ခါတော့ သရုပ်‌ဆောင်ခဲ့ဖူးသည်။

သူတို့၏စိတ်နှင့် ခန္ဓာကိုယ် ငွေကြေးဥစ္စာတွေကအစအကုန် လိမ်လည်လှည့်ဖြားရယူကာ အဓိကဇာတ်ဆောင်မိသားစုအား ပျက်စီးပြိုကွဲစေခဲ့သည်။

၎င်းဒရာမာထုတ်လွှင့်စဉ် စုချန်ယန်၏ ဇာတ်ကောင်နာမည်မှာ ၃ရက်တိတိ လူတွေရဲ့ပါးစပ်ဖျားမှာရေပန်းစားနေခဲ့သည်။

သူမကို အပြင်မှာ မျက်မှန်းတန်းမိကြပြီးနောက် ကလေးများကအစ သူမကို တွေ့လျှင်ငိုကြသည်။ အစတုန်းက သူမလည်း အဆင်မပြေဖြစ်ခဲ့ပေမယ့် မည်မည်ရရ ထိခိုက်နစ်နာစေတာမျိုးတော့ မကြုံခဲ့ရပေ။

ဤသည်ကိုကြားသည်နှင် ရှောင်လုလည်း ငြိမ်ကျသွားခဲ့သည်။

ဘေးနားတွင်ရှိသည့်သူ သုံးဦး၏ အမြင်တွင် စုချန်ယန်အရင်က ဒီလိုဇာတ်ကောင်နေရာမျိုး သရုပ်ဆောင်ခဲ့ဖူးသည်ကိုမသိခဲ့ကြချေ။ ယ

သူ‌မ ပြောသည့် "အရင်တစ်ခေါက်က"ဆိုသည်ကို ယန်ရှို့ရီ၏ အကွက်ဆင်ချောက်ချခြင်း ခံရတုန်းက အခေါက်ကို ပြောတာလို့ဘဲ သူတို့ထင်ခဲ့ကြသည်ပင်။

တကယ့်ကိုပင် လက်ရှိအုတ်အော်သောင်းနင်း ဖြစ်နေသည့်ကိစ္စမှာ ယန်ရှို့ရီအချစ်ရေးကို တရားဝင်ကြေငြာခဲ့စဉ်က စုချန်ယန် ရစရာမရှိအောင် ဝေဖန်ပြစ်တင်ခံခဲ့ရတာလောက် မပြင်းထန်သေးပေ။

လက်ထောက်ရှုက ရယ်မောကာဝင်ပြောခဲ့သည်။ "ချန်ယန် ပြောတာမှန်တယ် ဒီလိုအခွင့်အရေးကို အခမဲ့ ကြော်ငြာနိုင်ဖို့ အမိအရဖမ်းဆုပ်သင့်တယ်။ အဆိုးထဲက အကောင်းပေါ့"

လင်းယွီ - "တခြားလူတွေက အဓိကမဟုတ်ဘူး မိန်းကလေးရှန် အတွက်က အဓိက စိုးရိမ်စရာဖြစ်နေတာ"

"ဟုတ်တယ်" ရှောင်လုက ထောက်ခံသလို ခေါင်းငြိမ့်ကာ ပြောခဲ့သည်။

"ရှန်ရှင်းယုက နင့်ရဲ့ weibo ပို့စ်ကို ပြန်ရှဲယ်ထားတယ် ကာတွန်းကိစ္စအကြောင်း ဘာမှထည့်မပြောထားပေမဲ့ Starlight ဖျော်ဖြေရေးနဲ့ စာချုပ်ချုပ်နိုင်ခဲ့တဲ့အတွက် ဂုဏ်‌ယူကြောင်းပြောထားတာ။ အဲ့လိုလုပ်လိုက်တော့ သူကသေချာပေါက် သူ့ရဲ့'water army' fan groupက လူတွေရဲ့စကားကိုအခိုင်အမာထောက်ခံသလိုဖြစ်သွားပြီးသူ့ fan တွေကို တမင်သက်သက် လမ်းပြပေးလိုက်တာ"

စုချန်ယန်လည်း ခေတ္တခဏငြမ်သက်သွားရင်း ပြောလိုက်မိသည်။ "ကျွန်မ..."

"ကုမ္ပဏီကိုရောက်မှ ပြန်ပြောကြတာပေါ့" လင်းယွီက သူမကို ကြားဖြတ်ဝင်ပြောလိုက်သည်။

"အို့.."(သဘောပေါက်လက်ခံဟန်)

စုချန်ယန်က ခေါင်းပြန်ငုံ့ကာ သူမစားစရာရှိတာသာ ပြန်စားနေတော့သည်။

တစ်နာရီခွဲကြာပြီးနောက် သူတို့လေးဦးစလုံး ကုမ္ပဏီသို့ပြန်ထွက်လာခဲ့ကြသည်။

ဧည့်ကြိုကောင်တာက မိန်းကလေးသည် ဝင်ပေါက်၏ ဘေးပတ်ပတ်လည်းကို စိုးရိမ်တကြီးလိုက်ကြည့်နေမိသည်။ သူတို့လေးဦးစလုံးကို မြင်မှ စိတ်သက်သာရာရသွားကာ သက်ပြင်းချမိတော့သည်။

"မန်နေဂျာလင်း နောက်ဆုံးတော့ရောက်လာပြီပဲ! လုဥက္ကဌက သူ့ ရုံးခန်းထဲ ထိုင်စောင့်ရင်း အရမ်းလည်း ဒေါသထွက်နေတယ်"

"ငါသိပြီ" လင်းယွီက ဧည့်ကြိုကောင်မလေးကို ခေါင်းငြိမ့်ပြပြီးနောက် စုချန်ယန်နှင့် ကျန်နှစ်ဦးရှေ့မှ ဦးဆောင်ကာ လော်ဘီကို ပတ်လျှောက်ပြီးနောက် ဓာတ်လှေကားထဲ ဝင်သွားခဲ့သည်။

ကုမ္ပဏီနှင့် စာချုပ်ချုပ်ဆိုပြီးနောက် စုချန်ယန်က လုဥက္ကဌကို တစ်ခါမှ မတွေ့ဖူးသေးပါ။ ဧည့်ကြိုမလေးဆီမှ သူအရမ်းစိတ်တိုနေသည့် အကြောင်းကို ကြားပြီး သူမလည်းနေရထိုင်ရတာ အဆင်မပြေဖြစ်လာသလိုပင်။

ဘယ်လိုပဲဖြစ်ဖြစ် အခုလိုနားလည်မှုလွဲတဲ့ကိစ္စက သူမကြောင့် ဖြစ်ခဲ့ရသည်ပဲ မဟုတ်လား...။

ယခုတော့ သူမက လင်းယွီ အသစ်ထပ်မံခန့်အပ်လိုက်သည့် အနုပညာရှင်တစ်ယောက်ဖြစ်ပြီး သူ့ကုမ္ပဏီမှာလည်း ယန်ရှို့ရီကိစ္စကြောင့် တော်တော့်ကို အမှုပတ်သလိုဖြစ်သွားခဲ့ရကာ ၎င်းနှင့်ပက်သက်ပြီး လင်းယွီကိုတစ်မျိုးတစ်ဖုံ ငြိစွန်းသလို ဖြစ်သွားမှာကိုတော့ စုချန်ယန် စိုးရိမ်မိသည်။

"မန်နေဂျာ လင်း" စုချန်ယန်က တုံ့ဆိုင်းသွားပြီး ဓာတ်လှေကားထဲ စိုးရိမ်တကြီးထခေါ်မိသည်။

လင်းယွီက ဘာမှမဖြစ်သလို တည်ငြိမ်လှသည့် အနေအထားဖြင့် နောက်လှည့်ကြည့်ကာ မေးခဲ့သည်။ "ဘာလဲ?"

စုချန်ယန် မေးလိုက်မိသည်။ "ရှင်တို့ အပေါ်ကိုရော သက်ရောက်သွားနိုင်လား?"

"အင်း သက်ရောက်လိမ့်မယ်" လင်းယွီက ရှင်းရှင်စလင်းလင်း ပြန်ပြောခဲ့သည်။

"အဲ့လိုသာဆို ကျွန်မဘာသာပဲ သွားလိုက်ရမလား?" စုချန်ယန်က အကြံပေးခဲ့သည်။

အခြေအနေမှာ အရမ်းအရေးကြီးနေတာတောင် ပြန်မလာခင် သူတို့အကုန်လုံး အပြင်မှာပဲ ပြီးအောင်စားလာခဲ့ကြသည်။ အကယ်၍ ဒီအတိုင်းသာ ဝင်သွားလိုက်ရင် လင်းယွီ ဆူပူကြိမ်းမောင်း ခံရကိန်းရှိသည်။ စုချန်ယန်အနေနဲ့ အဲ့လိုအခြေနေမျိုးကို စိတ်ကူးနဲ့တောင် မတွေးရဲပေ။

လင်းယွီက သူမဘက်ခေါင်းလှည့်ကာ ပြောခဲ့သည်။ "မင်းက ငါစာချုပ်ချုပ်ထားတဲ့ အနုပညာရှင်ပါ။ မင်းဆီမှာ ဘာပဲဖြစ်လာဖြစ်လာ ငါနဲ့ သက်ဆိုင်တယ်။ ဘာမှစိတ်ဖိစီးနေဖို့ မလိုပါဘူး"

စုချန်ယန်လည်း ခဏလောက် ကြောင်အသွားပြီး ဘာမှပြန်မပြောနိုင်ခဲ့ပေ။ "အိုး..."

ဓာတ်လှေကားက ထွက်ပြီးနောက် သူတို့လေးဦးလုံး လုဥက္ကဌ၏ ရုံးခန်းဆီ ရာက်သွားခဲ့ကြသည်။

လင်းယွီက ရှောင်လုနှင့် လက်ထောက်ရှုဘက်လှည့်ကာပြောခဲ့သည်။ "မင်းတို့နှစ်ယောက်က ခဏလောက်အပြင်မှာစောင့်နေ"

"ကောင်းပါပြီ မန်နေဂျာလင်း'

ထို့နောက် လင်းယွီ မှန်တံခါးခေါက်လိုက်စဉ် စုချန်ယန်က သူ့နောက်တွင် တိတ်တိတ်လေး ရပ်နေကာ မှန်တံခါးတွင် ချိတ်ထားသည့် "အမှုဆောင်ဥက္ကဌ လုကျန်း" ဆိုသည့် ဆိုင်းဘုတ် အနီကြီးကိုလည်း ကြည့်နေမိသည်။

"ဝင်ခဲ့!"

စကားနှစ်လုံးထဲ ဖြစ်သော်ငြား ထိုစကားလုံးထဲတွင် ချုပ်တည်းထားရသည့် ဒေါသသံများကို စုချန်ယန် ကြိုပြီး ကြားယောင်နေမိသည်။

ဘာမှမထူးတော့သည်မို့ လက်သီးကို ကျစ်ကျစ်ဆုပ်ကာ လက်ဖဝါးအား လက်သည်းထိပ်များဖြင့် ဖိထားမိသည်။ စုချန်ယန်သည် ယခင်က အထက်လူကြီးဆီက တစ်ခါမှ ဆူပူကြိမ်းမောင်းခြင်းမျိုး မခံခဲ့ရဖူးပေ။

လင်းယွီက တံခါးလက်ကိုင်ကို လှမ်းကိုင်ထားရင်း စုချန်ယန်ကို လှည့်ကြည့်လိုက်တော့ ကြောက်ပြီးစိတ်လှုပ်ရှားနေသည်ကို ရိပ်မိနေသလိုပင်။

လင်းယွီက နှစ်သိမ့်သလို တိုးတိုးလေး ကပ်ပြောခဲ့သည်။ "အရမ်း မစိုးရိမ်ပါနဲ့"

"အာ..."စုချန်ယန်လည်း ဝန်လေးနေဟန်ဖြင့် ခေါင်းငြိမ့်ပြလိုက်သည်။

ထို့နောက် လင်းယွီမှ ရုံးခန်းတံခါးကို တွန်းဖွင့်လိုက်သည်။

သူတို့ရှေ့တွင် ကြမ်းပြင်မှညမျက်နှာကြက်အထိ မှန်ပြတင်းပေါက်ကြီးရှိနေပြီး လင်းယွီ၏ ရုံးခန်းနှင့်အလားတူပင်။ အလည်တွင် စားပွဲရှိနေပြီး အခြားစာအုပ်နှင့် ပစ္စည်းအမြောက်အများက နံရံနှင့်ကပ်လျက်ရှိနေကြသည်။

ဆိုဖာနှင့် ကော်ဖီစားပွဲမှာ ပြတင်းပေါက်တံခါးနားတွက်ရှိနေပြီး အစည်းအဝေးလုပ်သည့်နေရာဟု ထင်ဟပ်နေသည်။

ပြတင်းတံခါးပေါက်ကြီးနားတွင် လူတစ်ယောက်မတ်တပ်ရပ်နေပြီး အပြင်ဘက်က ပြောက်ကျားလို မီးရောင်များအား ကြည့်နေခဲ့သည်။ သူ့ပုခုံးများက ခပ်ရေးရေးတုန်ယင်နေသယောင်ရှိပြီး သူ့ဒေါသကို မနည်းထိန်းချုပ်ဖို့ ကြိုးစားနေသလိုပင်။

စုချန်ယန်က ထိုလူကိုမကြည့်ရဲဘဲ ရုံးခန်းထဲကို လင်းယွီနောက်မှ လိုက်သွားခဲ့သည်။

"လုဥက္ကဌ" လင်းယွီက တည်ငြိမ်စွာ ခေါ်လိုက်သည်။

ပြတင်းပေါက်နားတွင် ရပ်နေသည့်လူက ဖြေးဖြေးချင်းလှည့်ကြည့်လာပေမယ့် စုချန်ယန်က အခုထိ မော့မကြည့်ရဲသေးပေ။

"မင်း ပြန်လာတာ အရမ်းမြန်တာပဲ"

လုကျန်းက ထူးဆန်းသည့်လေသံဖြင့် ပြောခဲ့သည်။

"ဟုတ်ကဲ့..."စုချန်ယန်က လင်းယွီဘေး လျှောက်သွားကာ ချက်ချင်း တောင်းပန်ချင်လာခဲ့သည်။

"ဟင်းးး ကြည့်ရတာ အခုကိစ္စက အရေးကြီးမဲ့ပုံပဲ"

စုချန်ယန် စကားတစ်လုံးတောင် ဆုံးအောင်မပြောရသေးခင်မှာဘဲ လင်းယွီ၏ တည်ငြိမ်နေသည့် အသံကိုကြားလိုက်ရသည်။

All Chapters