← Chapters

အခန်း ၅၇

Vol. 5 Ch. 57

အခန်း ၅၇

Vol. 5 Ch. 57

တစ်ခုခု မှားနေပြီဆိုတာကို သူမစိတ်ထဲ ပြင်းပြင်းပြပြ ခံစားမိလိုက်သည်။ သူမတို့က ညစာကြောင့် အနည်းငယ်ကြန့်ကြာသွားခဲ့ပြီး ထိုအတွက်လည်း တာဝန်ရှိနေပြန်သည်။ အဲ့ဒါတောင်မှ ဘာလို့ လင်းယွီက အဲ့လောက်ထိ ယုံကြည်မှုရှိရှိ စကားပြောနေနိုင်ရတာလဲ?

သူမ မသိမသာလေး ခေါင်းမော့လာကာ ပြတင်းပေါက်နားမှာ မတ်တပ်ရပ်နေသည့်လူကို လှမ်းကြည့်မိလိုက်သည်။

သူသည် ကျကျနနချုပ်ထားသည့် အနက်ရောင်

ဝမ်းဆက် ဝတ်စုံပြည့်ကို ဝတ်ဆင်ထားပြီး အသက် ၃၀ကျော်ဟု ထင်ရကာ လင်းယွီထက် အနည်းငယ် အရပ်ပုပြီး ရင့်ကျက်ကာ စိတ်ဆတ်တတ်သည့်အသွင်ရှိသည်။

ထိုသူက ရုတ်တရတ် သက်ပြင်းချကာပြောခဲ့သည်။

"ငါဖုန်းချလိုက်တော့ နိုင်ငံခြားမှာ ညစာစားချိန်ကို အရမ်းတန်ဖိုးထားတဲ့ အကြောင်းကို အရင်က ဥက္ကဌကြီး ငါတို့ကို ပြောခဲ့ဖူးတာကို သတိရမိသွားတယ်။ ပြီးတော့ အခုက အလုပ်ပြီးချိန်လေ။ ငါ မင်းကို နှောင့်ယှက်သလိုဖြစ်သွားတယ်လို့တောင် တွေးမိနေတာ"

လင်းယွီက ပြုံးကာ ခေါင်းခါပြလိုက်သည်။ "ဒါကအီတလီမှမဟုတ်ပဲ .. ကျွန်တော်မှာ ဘာစည်းမျဉ်းစည်းကမ်းမှမရှိပါဘူး။ ခင်ဗျားမေးချင်တာရှိရင် အချိန်မရွေး ကျွန်တော့်ဆီ ဖုန်းဆက်မေးလိုက်လို့ရပါတယ်"

"ဟုတ်ပြီ"

လုကျန်းက စုချန်ယန်ကို ထပ်ကြည့်ခဲ့သည်။

"မင်္ဂလာပါ လုဥက္ကဌ ကျွန်မက စုချန်ယန်ပါ" စုချန်ယန်လည်း သတ္တိရှိရှိဖြင့် ထအော်ကာပြောခဲ့သည်။

လုကျန်း စုချန်ယန်ကို ကြည့်ခဲ့ကာ သူ့အကြည့်များက ပြင်းထန်လာခဲ့သည်။ "မင်းကရော ဘာဖြစ်နေတာလဲ? Weiboမှာ အရင်က ပလူပျံနေတဲ့ ပန်းချီကားတွေကရော မင်းဆွဲခဲ့တာလား?"

သူပြောနေသည့် စုချန်ယန်၏ ပန်းချီကားဆိုသည်မှာ

ယွမ် ၃၈၀၀အတွက် သူမ ရေးဆွဲခဲ့သည်များသာ။

ပိုက်ဆံပမာဏ မဖြစ်စလောက်လေးကို အရမ်းလောဘတက်မိတာကို သူမနောင်တရမိသည်။

"အကယ်၍ အဲ့လိုသာဆိုရင် Weiboမှာ ပို့စ်မတင်ခင် မင်းပိုပြီးသတိထားသင့်တယ် မဟုတ်ဘူးလား။ မင်းကအခု နာမည်ကြီး တစ်ယောက်ဖြစ်နေပြီ။ ပြီးတော့ ယန်ရှို့ရီ ကိစ္စအတွက်ကြောင့်နဲ့ မင်းကို အင်တာနက်ပေါ်မှာ စောင့်ကြည့်နေတဲ့ မျက်လုံးတွေ ဘယ်လောက်တောင်ရှိလဲ မင်းသိရဲ့လား!"

"တောင်းပန်ပါတယ် နောက်တစ်ခါ သေချာဂရုစိုက်ပါ့မယ်" စုချန်ယန်လည်း ရှက်လွန်းလို့ ခေါင်းသာငုံ့ထားရသည်။

ဒီလိုအချိန်တွင် စုချန်ယန်ကို အပြစ်တင်နေတာကလည်း အသုံးမဝင်ချေ။

လုကျန်းက သူမကို မျက်နှာထားတင်းတင်းဖြင့်ကြည့်ကာ မေးခဲ့သည်။ "ကွယ်ဝှက်ထားချင်တဲ့ အဓိပ္ပာယ်တစ်မျိုးမျိုးနဲ့ ဒါတွေကို ဆွဲခဲ့တာတော့ မဟုတ်ဘူးမလား? အဲ့လိုလုပ်ဖို့လောက်ထိ မင်းမတုံးဘူးလို့ ငါထင်တယ်"

စုချန်ယန်လည်း ရိုးရိုးသားသား ခေါင်းခါပြခဲ့သည်။"အဲ့လို မဟုတ်ပါဘူး"

"ဒါဆို အကြောင်းပြချက်က ဘာလဲ? အကြောင်းပြချက်တစ်ခုခုတော့ရှိမှာပဲ ဟုတ်တယ်မလား?"

ထိုအချိန်တွင် စုချန်ယန်က လင်းယွီဆီ သူမ ပြောသင့်မပြောသင့် လှမ်းကြည့်ကာ အကဲခတ်ခဲ့သည်။

"ပွင့်ပွင့်လင်းလင်းပြောရရင် အကြောင်းပြချက်ကအကျိုးအကြောင်းသင့်နေရင် ဒီကိစ္စကို ပြန်အဖတ်ဆယ်လို့ရသေးတယ်"

စုချန်ယန်က အချိန်တွေနောက်ပြန်သွားပြီး အရမ်းလောဘကြီးခဲ့မိသည့် သူမကိုယ်သူမ ရိုက်ချင်မိတော့သည်။

"အကြောင်းရင်းက.. ပရိုဂရမ်အတွက်ရိုက်ကူးရေးလုပ်နေတုန်း.. ကြွက်တစ်ကောင်က.. ကျွန်မဖွက်ထားတဲ့ဝက်အူချောင်းကို.. ခိုးသွားလို့...

ထိုသို့ပြောပြီးနောက် စုချန်ယန်က လုကျန်းကို သတိထားကာ မေးလိုက်သည်။ "လုဥက္ကဌ ဒီအကြောင်းပြချက်က လက်ခံလို့ရလောက်တယ်လို့ ထင်လားဟင်"

လုကျန်း၏ တုံ့ပြန်မှုမှာ တောင့်တောင့်ကြီးဖြစ်သွားကာ စုချန်ယန်ကို မျက်နှာသေဖြင့် ကြည့်ရင်း ပြန်မေးခဲ့သည်။ "မင်းအခု ပြောလိုက်တဲ့ အကြောင်းပြချက်ကို

မင်းရောယုံလား"

စုချန်ယန်လည်း အမှန်အတိုင်း သူမ ခေါင်းကိုခါပြခဲ့သည်။

လုကျန်းက ဆက်ပြောခဲ့သည်။ "‌အကြောင်းပြချက်တစ်ခုခု လုပ်ပြောလိုက်တာ ပိုကောင်းတယ်"

ထို့နောက် လင်းယွီ ဘက်လှည့်ကာပြောခဲ့သည်။ "အရင်ဆုံး ရှာဖွေမှုအများဆုံးထဲက ဖြုတ်ချပစ်ရမယ်။ ပရိုဂရမ်အဖွဲ့ရဲ့ကြော်ငြာတဲ့ ဗီဒီယိုဖိုင်ကို ဒီကိစ္စရဲ့ဂယက်ကြီးပျောက်သွားတဲ့ထိ မတိုင်ခင် ရက်အနည်းငယ်လောက် ရွှေ့ပြီး အချိန်ဆွဲထားရမယ်"

လင်းယွီ - " ပရိုဂရမ်အဖွဲ့က အချိန်ဇယားရေးဆွဲပြီးနှင့်နေပြီ။ ပြီးရင် သုံးရက်အတွင်း ထုတ်လွှင့်လိမ့်မယ်။ မူပိုင်ခွင့်ကတော့ Cat&Dog ဗီဒီယိုရဲ့လက်ထဲမှာပဲ"

နောက်တစ်မျိုး ပြောရလျှင် ထုတ်လွှင့်ချိန်မှာ လုံး၀ ပြောင်းနိုင်မည် မဟုတ်ကြောင့်ပင်။

ထိုသို့ကြားလျှင် လုကျန်းက စိတ်ဖိစီးဟန် မျက်မှောင် ကြုတ်ကာ ပြောလိုက်သည်။

"ဒါတို ငါတို့ဘာလုပ်ကြမလဲ ပရိုဂရမ်ကိုတော့ လူထုမရှိဘဲ ကြော်ငြာလို့မရဘူးယး ဒါပေမဲ့ အခုချိန် ကြော်ငြာတဲ့ဗီဒီယိုကို ထုတ်လွှင့်တာကြီးက မီးကို လောင်စာသွင်းပေးနေသလိုပဲဖြစ်နေမှာ"

လင်းယွီက အကြံပေးခဲ့သည်။ "စုချန်ယန်နဲ့ ကျွန်တော်က ဒီအခွင့်အရေးကို အသုံးချပြီး ပရိုဂရမ်အတွက် ကြော်ငြာခ မပေးရတဲ့ပုံစံမျိုး လုပ်ဖို့ စဉ်းစားထားတယ်။ မားကတ်တင်း စတူဒီယိုတချို့ကို သတင်းစာနဲ့ ရုပ်မြင် သံကြားတွေထဲအထိ ထုတ်လွှင့်ပေးဖို့ ငှားလိုက်လို့ရတယ်လေ။ သူမ ဆွဲထားတဲ့ပန်းချီကားတွေက ပရိုဂရမ်ထဲမှာပါတဲ့ အကြောင်းအရာနဲ့ ဆက်စပ်နေတဲ့ ပန်းချီကားများလို့ ဖော်ပြပြီးတော့ပေါ့.."

စုချန်ယန်က ထောက်ခံသလို ခေါင်းငြိမ့်ပြကာ ထပ်ပြောခဲ့သည်။

"ကျွန်မ ထွက်မသွားခင်ညက အခန်းထဲမှာ ကင်မရာတွေကို မဖယ်ရသေးဘူး။ ပရိုဂရမ်အဖွဲ့ဆီမှာ ကျွန်မ ဒီကာတွန်း series ရေးနေတဲ့ ဖြစ်စဉ်တစ်ခုလုံးက သူတို့ဆီမှာ ရှိနေလောက်တယ်် အဲ့ဒါက တကယ်ကို မိန်းကလေးရှန်နဲ့ ဘာမှမဆိုင်ရပါဘူး"

လုကျန်း၏ လင်းယွီအပေါ် နားလည်ပေးခြင်းက အနည်းငယ်လောက် အလုပ်တူတူ တွဲလုပ်သည့်အပေါ်မူတည်တာမျိုး မဟုတ်ချေ။

အဲ့မတိုင်ခင်ကလည်း ဥက္ကဌကြီးဆီက လင်းယွီအကြောင်းကို ခဏခဏ ကြားဖူးပြီးသားဖြစ်ပြီး လင်းယွီ၏ လုပ်ရည်ကိုင်ရည်နှင့် ဝေဖန်ပိုင်းခြားနိုင်မှုအပေါ် အကြွင်းမဲ့ ယုံကြည်သည်။

သို့သော်ငြားလည်း သူအနည်းငယ် တွေဝေနေမိသည်။

"မားကတ်တင်း အကောင့်တွေရဲ့ အဖြစ်မှန်နဲ့သတင်းကွာဟချက်က သိပ်မကွာဘူးနော်။ အဲ့ဒါက အလုပ်မဖြစ်မှာကို စိုးရိမ်တယ်။ ပြီးတော့ ရသစုံရှိုးကိုတောင်မှ သက်ရောက်လာနိုင်တယ်။ ပြီးတော့ မိန်းကလေးရှန်ဘက်အတွက် ကလည်း..."

"သေချာစဉ်းစားကြည့်ပါ ဒါကလောလောဆယ် အထိရောက်ဆုံးနဲ့ အလုံခြုံဆုံးဖြေရှင်းနည်းပဲ မိန်းကလေး

ရှန်အတွက်ကိုလည်း.. ဒီညကျွန်တော် ပရိုဂရမ်အဖွဲ့ကို မူရင်းဖလင်ကို တည်းဖြတ်ခိုင်းပြီးတော့ မနက်ဖြန်

ချန်ယန်ကို လူကိုယ်တိုင်တောင်းပန်ဖို့ခေါ်သွားပေးလိုက်မယ်" လင်းယွီက ယုံကြည်မှုရှိရှိ ပြောခဲ့သည်။

ဒုတိယတစ်ချက်ကို ကြားသည်နှင့် လုကျန်း အနည်းငယ် အံ့အားသင့်သွားခဲ့သည်။ "ချန်ယန်ကို အဲ့ကိုပုဂ္ဂိုလ်ရေးအရ ခေါ်သွားမှာ?"

"မလိုပါဘူး ကျွန်မနဲ့ ရှောင်လုသွားမှာပါ။ ဘယ်လိုဖြေရှင်းရမလဲဆိုတာ ကျွန်မသိပါတယ်" စုချန်ယန်က ကြားဖြတ်ဝင်ပြောခဲ့သည်။

"တကယ်လို့ ငါမသွားရင် ရှန်ရှင်းယုက မင်းကိုတွေ့မှာမဟုတ်လောက်ဘူး" လင်းယွီက ထပ်ပြောခဲ့သည်။

စုချန်ယန်လည်း ဇဝေဇဝါဖြစ်သွားသည်။ "ဘာလို့လဲ?"

"ဒီလိုမလိုအပ်တာမျိုးတွေ သူက လုပ်လေ့မရှိဘူး။ ငါ့ကိုပဲ တွေ့ချင်တာမျိုးက ပိုဖြစ်နိုင်တယ်" လင်းယွီက ရှင်းပြခဲ့သည်။

စုချန်ယန်က စိတ်ပျက်မိသွားသလို အံ့လည်းအံ့ဩမိသည်။

"ဥက္ကဌလု ကျွန်တော် ဖြေရှင်းလိုက်ပါ့မယ်" လင်းယွီက လုကျန်းကို ပြောလိုက်သည်။

လုကျန်းက ခေါင်းငြိမ့်ကာ ပြောသည်။ "ဟုတ်ပြီလေ မင်းအကူအညီ လိုအပ်ရင်လည်း ငါ့ဆီ အမြဲလာနိုင်ပါတယ်"

လုကျန်း ရုံးခန်းမှထွက်လာပြီးနောက် လင်းယွီက အပြင်မှာအရမ်းမှောင်နေပြီမို့ နောက်ကျနေပြီမှန်း ပြတင်းပေါက်က လှမ်းမြင်လိုက်ရသည်။

စုချန်ယန်ကို အရင်ပြန်နှင့်ရန် ပြောထားခဲ့ပြီး ပရိုဂရမ်အဖွဲ့ ထုတ်ပြန်ချက်ကြေငြာပြီးတာနဲ့ သူမလည်း ချက်ချင်း ပို့စ်ပြန်ရှဲယ်ပေးသင့်ကြောင်း မှာခဲ့သည်။ တခြားကိစ္စတွေ အတွက်ကတော့ သူမအနေနဲ့

စိတ်ပူစရာ မလိုတော့ပေ။

နောက်နေ့မနက် ၁၀နာရီတွင် လက်ထောက်ရှုနှင့် အရင်စုံပြီး ရှန်ရှင်းယုကို သွားတွေ့ရလိမ့်မည်။

ထိုသို့ပြောပြီးနောက် သူနှင့်လက်ထောက်ရှုသည် ရုံးခန်းထဲ ပြန်သွားခဲ့ကြသည်။

စုချန်ယန်နှင့် ရှောင်လုမှာ အပြန်လမ်းတွင် ကားထဲမှာသာထိုင်နေခဲ့ရသည်။ စုချန်ယန်လည်း မစပ်စုဘဲ မနေနိုင်တာမို့ မေးလိုက်မိသည်။

"ရှောင်လု မန်နေဂျာလင်းက မိန်းကလေးရှန်ကို သိတာလား?'

ရှေ့ကိုကြည့်ရင်း ရှောင်လုက ပုံမှန်ပြန်ပြောခဲ့သည်။ "ရှန်ရှင်းယု အကြောင်း ပြောနေတာလား? အင်းးး သူတို့အချင်းချင်း သိကြတယ်လေ။ ပြီးတော့ တော်တော်လေးရင်းနှီးကြတယ်"

"ဒါပေမဲ့ မန်နေဂျာလင်းက အရင်က နိုင်ငံခြားမှာ မဟုတ်ဘူးလား?" စုချန်ယန် မေးလိုက်မိသည်။

ရှောင်လု - "သူတို့နိုင်ငံခြားမှာ တွေ့လာကြတာ ထင်တယ်"

"ဪ" စုချန်ယန် ခုံကိုနောက်ပြန်မှီထိုင်လိုက်သည်။

ရှောင်လု - "ဘာဖြစ်လို့လဲ?"

စုချန်ယန် - "ညီမဘာသာ မိန်းကလေးရှန်ကို တောင်းပန်ဖို့ စီစဉ်ထားတာ။ ဒါပေမယ့် မန်နေဂျာလင်းက သူ မပါရင် မိန်းကလေးရှန်က ကျွန်မကို ထွက်တွေ့မှာမဟုတ်ဘူးလို့ ပြောတယ်

"ငါ့အစ်ကို ကရိကထများမှာကို ဝန်လေးနေတာလား?"

"အင်းလေ မန်နေဂျာလင်းက ဘာအမှားမှမလုပ်ထားဘဲ.. ညီမကြောင့်နဲ့ တခြားသူတွေကို မတောင်းပန်စေချင်ဘူး"

"ကိစ္စမရှိပါဘူး ချန်ယန်လေးရယ် နင်လည်း ဘာမှမှားတာမလုပ်ခဲ့ပါဘူး။ သူ့အနုပညာရှင်တွေကို ကောင်းကောင်း မွန်မွန် ဆက်ဆံတယ် ဆိုကတည်းက ငါ့အစ်ကိုကို ယုံကြည့်လိုက်စမ်းပါ"

ထိုသို့ကြားပြီးနောက် စုချန်ယန်လည်း အနည်းငယ် စပ်စုချင်စိတ်လေး ဖြစ်သွားမိသည်။

"မန်နေဂျာလင်းမှာ အရင်ကလည်း တခြားအနုပညာရှင်တွေ ရှိခဲ့ဖူးတာလား?"

ရှောင်လုက ခေါင်းငြိမ့်ပြခဲ့သည်။ "အင်း.. ငါ့အစ်ကိုကျောင်းသားပဲရှိတုန်းက သူ အချိန်ပိုင်း အလုပ်လုပ်ပြီး အီတလီမင်းသမီးကို တာဝန်ယူပေးရတာလေ"

"နောက်တော့ ဘာဖြစ်ခဲ့လဲ ငါလည်းမသိဘူး ငါ့အစ်ကိုက အဲ့ကုမ္ပဏီကနေ ရုတ်တရတ်ကြီး နှုတ်ထွက်ခဲ့တယ်။ အဲ့အချိန်တုန်းက ငါ့အစ်ကိုက အဲ့မင်းသမီးကိုဇာတ်လမ်းတိုတစ်ခုမှာ ကူညီပေးခဲ့တယ်လေ။ အဲ့ဒီ့ရုပ်ရှင်နဲ့ ဂုဏ်သတင်းအကြီးဆုံးဆုတောင် သူရခဲ့တယ်လေ"

"နောက်ပိုင်း သူဘာလို့ထွက်ခဲ့လဲ ငါမေးကြည့်တော့ သူပြောတာက အဲ့မှာဆက်နေဖို့ မလိုတော့လို့တဲ့ ငါ့အစ်ကိုက အနုပညာရှင်တွေအတွက် တာဝန်ယူပေးရတာသဘောကျတယ်လေ။ အနုပညာရှင်တစ်ယောက်ကို

ပုံသွင်းပေးရတာက ပန်းပုအနုပညာကို ထုဆစ်နေရသလိုတွေးတယ် ထင်တယ် အဲ့ဒါကြောင့် သူအလုပ်က ထွက်ခဲ့တဲ့ အကြောင်းအရင်းက အဲ့မင်းသမီးကြောင့်ပဲဖြစ်နိုင်ချေရှိတယ်"

ထိုသို့ကြားပြီးနောက် စုချန်ယန်ကပြုံးကာ ဘာမှမပြောဘဲနေခဲ့သည်။

ရှောင်လုက သူမကို ကြည့်ကာ ပြုံးခဲ့သည်။

"တကယ်တော့ အဲ့မင်းသမီးက ငါ့အစ်ကိုကို လိုက်နေခဲ့တာလို့ကြားတယ်။ ငါ့အစ်ကိုကျတော့ အလုပ်နဲ့ကိုယ်ရေးကိုယ်တာကို အမြဲခွဲထားတဲ့သူလေ။ အဲ့ဒါကြောင့် သူထွက်လိုက်တာ ဟုတ်လား မဟုတ်လားတော့ငါလည်း မသိဘူး"

စုချန်ယန်လည်း ခဏလောက် ငြိမ်ကျသွားပြီးမှ ခေါင်းငြိမ့်ခဲ့သည်။ "ဖြစ်နိုင်တယ်"

"ဘာပဲဖြစ်ဖြစ် ငါ့ဝမ်းကွဲအစ်ကိုက သိပ်တော်တာပဲ နင်ကော အဲ့လိုမထင်ဘူးလား"

စုချန်ယန်က ခေါင်းကိုလွှဲချရင်း ပြန်ပြောခဲ့သည်။"မန်နေဂျာလင်းက တကယ် တော်တယ်"

All Chapters