ထိုက်ယင်မူလစိတ်ဝိညာဉ်....
Vol. 14 Ch. 218
မန်ရာတောင်တန်း။
နတ်အသွင်ပြောင်းလဲခြင်းအဆင့်များက စောင့်ကြပ်နေကြသည်။ ကျွင်းတုန်ကျင်းက တာအိုအင်မော်တယ်ဂိုဏ်း၏ အဆင့်မြင့်ဂိုဏ်းဝင်ဖြစ်သည့်အပြင် ဂိုဏ်းချုပ်ရာထူးအတွက် ယှဉ်ပြိုင်ခဲ့သူတစ်ဦးလည်း ဖြစ်သည်။
ယခုအခါ မန်ရာတောင်တန်းတွင် ပြောင်းရွေ့ခံထားရသော်လည်း တာအိုအင်မော်တယ်ဂိုဏ်းမှ နတ်အသွင်ပြောင်းလဲခြင်းအဆင့်များ၏ ကာကွယ်ပေးခြင်းခံနေရသည်။ သို့သော် ၎င်းက ကာကွယ်ပေးခြင်းထက် စောင့်ကြည့်ခြင်းသာ ဖြစ်သည်။
ကျွင်းတုန်ကျင်းက တာအိုအင်မော်တယ်ဂိုဏ်း၏ လျို့ဝှက်ချက်များစွာကို သိပြီး အကယ်၍ မိစ္ဆာနန်းတော်၊ သွေးနတ်ဆိုးပင်လယ်၊ နတ်ဆိုးသူတော်စင်အသိုက်တို့နှင့် ပူးပေါင်းခဲ့လျှင် တာအိုအင်မော်တယ်ဂိုဏ်းအတွက် ပြဿနာဖြစ်လာနိုင်လေသည်။
မန်ရာတောင်တန်းနှင့် လီအနည်းငယ်အဝေးရှိ ဂူတစ်ဂူထဲတွင် နတ်အသွင်ပြောင်းလဲခြင်းအဆင့်နှစ်ယောက်က ထိုင်နေကြသည်။
" ငါတို့လို ကောင်းကင်သခင်တွေက ဒီလို ဝေးလံခေါင်သီတဲ့ နေရာမှာ လာစောင့်ကြပ်နေရတယ်။ " ဘယ်ဘက်မှ လူက သက်ပြင်းချလိုက်သည်။
တာအိုအင်မော်တယ်ဂိုဏ်းတွင်ပင် နတ်အသွင်ပြောင်းလဲခြင်းအဆင့် ကောင်းကင်သခင်တစ်ယောက်က အလေးထားခြင်းခံရပြီး ကျင့်ကြံခြင်းအတွက် များစွာ အထောက်အကူဖြစ်သော စိတ်ဝိညာဉ်သွေးကြောများတွင် ကျင့်ကြံခွင့်ရရှိလေသည်။
ယခုအခါ မန်ရာတောင်တန်းတွင် စိတ်ဝိညာဉ်စွမ်းအားများ ရှိနေသော်လည်း အင်မော်တယ်တောင်တန်းနှင့်ယှဉ်လျှင် နိမ့်ကျနေဆဲ ဖြစ်သည်။
" ငါ မကျေနပ်တာမဟုတ်ပါဘူး။ ဂိုဏ်းချုပ်က ကျွင်းတုန်ကျင်းကို ဖိနှိပ်တာက ဟုတ်ပါတယ်။ ဒါပေမယ့် သူ့သမီးနဲ့ မြေးတွေကိုပါ ဘာလို့ ဒီကို ပို့လိုက်တာလဲ။ "
" ဂိုဏ်းချုပ် ဆုံးဖြတ်ချက်က အကြောင်းရင်းရှိမှာပါ။ " မျက်နှာဝိုင်းနှင့် ကောင်းကင်သခင်က သူ၏ ခေါင်းကို ခါလိုက်သည်။
" ကျွင်းတုန်ကျင်းက မကြာခင် အင်မော်တယ်တောင်တန်းကို ပြန်လာနိုင်မယ်လို့ မင်းထင်လား။ " ပိန်ပိန်နှင့်လူက မေးလိုက်သည်။
" မသေချာဘူး။ အဲ့ဒါက မုမန်ထင်းရဲ့ ဆန္ဒအပေါ်မှာ မူတည်တယ်။ " မျက်နှာဝိုင်းနှင့် ကောင်းကင်သခင်က စဉ်းစားပြီး ပြောလိုက်သည်။
တာအိုအင်မော်တယ်ဂိုဏ်း၏ လက်ရှိအခြေအနေက ရှင်းလင်းလေသည်။ မုမန်ထင်းက နောက်တက်မည့် ဂိုဏ်းချုပ်ဖြစ်လေသည်။
" ဒါဆို ပြီးပြီပဲ။ " ပိန်ပိန်နှင့်လူက ခေါင်းကိုက်သွားသည်။
အနာဂတ်ဂိုဏ်းချုပ် မုမန်ထင်းအကြောင်း ဆွေးနွေးရန် မသင့်တော်သော်လည်း သူ၏ အကျင့်စရိုက်က လျို့ဝှက်ချက် မဟုတ်ပေ။ သို့သော် မုမန်ထင်းက ရှေးဟောင်းသူတော်စင်တစ်ယောက် ဖြစ်လာပြီး ဂိုဏ်းချုပ်ဖြစ်လာလျှင် သူ၏ အမြင်က ပြောင်းလဲသွားနိုင်လေသည်။
" ကံကောင်းတာက ကျွင်းတုန်ကျင်းရဲ့ အငယ်ဆုံးသား ကျွင်းဝူကျိပဲ။ တစ်မိသားစုလုံး ဒီကိုပြောင်းရွေ့ခံလိုက်ရပေမယ့် သူက တိမ်မြူခိုးတော်ဝင်နယ်မြေမှာ အေးအေးဆေးဆေး နေနိုင်တယ်။ " ပိန်ပိန်နှင့်လူက ပြောလိုက်သည်။ " တစ်ခါတစ်လေ အားနည်းတာလည်း ကောင်းတာပဲ။ "
ကျွင်းဝူကျိက မုရှင်းလျိုနှင့် မုမန်ထင်းတို့၏ မျက်လုံးများထဲတွင် ခြိမ်းခြောက်မှုမရှိသောကြောင့် တိမ်မြူခိုးတော်ဝင်နယ်မြေတွင် နေနိုင်ခြင်းဖြစ်သည်။ ထို့ကြောင့် ဤကပ်ဘေးမှ လွတ်မြောက်သွားခြင်း ဖြစ်သည်။
" အမှန်ပဲ။ " မျက်နှာဝိုင်းနှင့်လူက ခေါင်းငြိမ့်လိုက်သည်။
အကယ်၍ ကျွင်းဝူကျိသာ အနည်းငယ်သန်မာနေလျှင် သူ၏ အကိုအမတို့နှင့်အတူ ပြောင်းရွေ့ခံရပေလိမ့်မည်။
" ဟီးဟီး..." ပိန်ပိန်နှင့် ကောင်းကင်သခင်က တစ်စုံတစ်ခု ပြောရန်ပြင်လိုက်သော်လည်း သူ၏ အမူအရာက ရုတ်တရက် ပြောင်းလဲသွားသည်။
သူ၏ ဘေးမှ မျက်နှာဝိုင်းနှင့် ကောင်းကင်သခင်ကလည်း ထို့အတူပင် ဖြစ်သည်။
သူတို့၏ အာရုံအတွင်း တည်ရှိမှုတစ်ခု ပေါ်လာပြီး မန်ရာတောင်တန်းသို့ ဦးတည်သွားနေလေသည်။
" ဘယ်လောက်တောင် ရဲတင်းလိုက်သလဲ။ "
" ဒိနေရာက တာအိုအင်မော်တယ်ဂိုဏ်းရဲ့ တားမြစ်နယ်မြေဆိုတာ မင်းမသိဘူးလား။ "
အခြားကောင်းကင်သခင်များကလည်း ၎င်းကို သတိပြုမိသွားကြသည်။ သူတို့အားလုံး ဒေါသတကြီးအော်ပြီး ထွက်ပေါ်လာကြသည်။
" ဘယ်သူလဲ။ "
" ကျွင်းဝူကျိလား။ " ကောင်းကင်သခင်များက ရောက်လာသူ၏ မျက်နှာကို မြင်လိုက်ရချိန်တွင် ချက်ချင်း အံ့ဩသွားကြသည်။
သူတို့၏ ရှေ့မှ လူ၏ အော်ရာက တောက်ပသော လရောင်အောက်တွင် ထိုက်ယင်နှင့်ဆင်တူသော်လည်း မျက်နှာက ကျွင်းဝူကျိဖြစ်နေသည်။
ကျွင်းဝူကျိက တာအိုအင်မော်တယ်ဂိုဏ်းတွင် နှိမ့်ချစွာ နေထိုင်သော်လည်း သန်မာသော နောက်ခံဖြင့် တတိယမျိုးဆက်ဖြစ်သောကြောင့် သူ၏ အသွင်အပြင်ကို လူသိများလေသည်။
" ငါ ငါ့မိဘတွေကို လာခေါ်တာ။ " လင်းယွမ်က တည်ငြိမ်စွာ ပြောလိုက်သည်။
မုရှင်းလျိုနှင့် မတွေ့မီ လင်းယွမ်က သူ၏ ထိုက်ယင်မူလစိတ်ဝိညာဉ်ကို မန်ရာတောင်တန်းသို့ စေလွှတ်ထားပြီဖြစ်သည်။
ဆွေးနွေးညှိနှိုင်းမှုက မည်သည့်ရလဒ်ဖြစ်စေ လင်းယွမ်က သူ၏ မိသားစုကို အရှေ့ပင်လယ်သို့ ခေါ်သွားရန် စီစဉ်ထားသည်။ အနည်းဆုံးတော့ သူတို့ကို တာအိုအင်မော်တယ်ဂိုဏ်း၏ လက်ထဲတွင် ထည့်မထားနိုင်ပေ။
ထို့ကြောင့် သူ၏ မိဘများလက်ခံစေရန် ထိုက်ယန်မူလစိတ်ဝိညာဉ်ကို သူ၏ မူလအသွင်အပြင်အတိုင်း ရည်ရွယ်ချက်ရှိရှိ ပြောင်းလဲထားခဲ့ခြင်းဖြစ်သည်။
" သခင်လေး ကျွင်းဝူကျိမှာ ဂိုဏ်းချုပ်အမိန့်ပါလား မေးလို့ရမလား။ " မျက်နှာဝိုင်းနှင့် ကောင်းကင်သခင်က အခြားသူများကို တစ်ချက်ကြည့်ပြီး မေးလိုက်သည်။
အစာငတ်နေသော ကုလားအုတ်က မြင်းထက်တော့ ကြီးသေးသည်။ ကျွင်းတုန်ကျင်းက ဂိုဏ်း၏ အဆင့်မြင့်ဂိုဏ်းဝင်တစ်ယောက် မဟုတ်လျှင်တောင် သူက မုမိသားစု၏ သမက်ဖြစ်လေသည်။ ကျွင်းဝူကျိကလည်း တာအိုအင်မော်တယ်ဂိုဏ်းချုပ်၏ မြေးဖြစ်နေဆဲပင်ဖြစ်သည်။
ကောင်းကင်သခင်များက ကျွင်းဝူကျိကို မှတ်မိပြီးနောက် မလေးမစားမပြောရဲကြပေ။
" ဂိုဏ်းအမိန့်လား။ ငါ့မှာမပါဘူး။ " လင်းယွမ်က သူ၏ ခေါင်းကို ခါလိုက်သည်။
" စည်းမျဉ်းတွေအရ ဂိုဏ်းကအမိန့်မပေးရင်တော့ အရှင်ကျွင်းတုန်ကျင်းတို့ မိသားစုက ထွက်သွားခွင့်မရှိပါဘူး.ယ " မျက်နှာဝိုင်းနှင့် ကောင်းကင်သခင်က ကျွင်းဝူကျိကို အနီးကပ်လေ့လာနေပြီး သူ၏ အော်ရာက တစ်စုံတစ်ခု ထူးဆန်းနေသည်ကို ခံစားမိနေသည်။
" ကိစ္စမရှိဘူး။ " လင်းယွမ်က အနည်းငယ် ပြုံးလိုက်သည်။
ထိုအခိုက်အတန့်တွင် မျက်နှာဝိုင်းနှင့် ကောင်းကင်သခင်နှင့် အခြားသူများ၏ အမူအရာများက သိသိသာသာ ပြောင်းလဲသွားသည်။
သူတို့၏ ပတ်ဝန်းကျင်ရှိ လေဟာနယ်က တင်းကျပ်လာသည်ကို ခံစားလိုက်ရပြီး သူတို့၏ စိတ်ဝိညာဉ်စွမ်းအား သို့မဟုတ် နတ်ဘုရားအာရုံများက လှုပ်ရှားနိုင်ခြင်းမရှိတော့ဘဲ နေရာတွင် ချုပ်နှောင်ခြင်းခံလိုက်ရသည်။
ထို့နောက် ကောင်းကင်သခင်များ၏ အကြည့်အောက်တွင် လင်းယွမ်က မန်ရာတောင်တန်းသို့ ပျံသန်းသွားသည်။
မန်ရာတောင်တန်းအတွင်း၌ ကျွင်းတုန်ကျင်း၊ မုလျန်အာ၊ ကျွင်းရှောင်ယောင်နှင့် ကျွင်းကျိလန်တို့ကလည်ယ အပြင်မှ အဖြစ်အပျက်များကို သတိပြုမိကြလေသည်။ ထိုအချိန်တွင် သူတို့က နီးကပ်လာသော ကျွင်းဝူကျိကို တုန်လှုပ်စွာ ကြည့်လိုက်ကြသည်။
" ဝူကျိလား။ " မုလျန်အာက ခေါ်လိုက်သည်။ အသွင်အပြင်က တူညီသော်လည်း အော်ရာက ကွဲပြားနေသည်။
" အမေ..." လင်းယွမ်က ခေါင်းငြိမ့်လိုက်သည်။
ထိုစကားမှာ မုလျန်အာကို စိတ်သက်သာသွားစေခဲ့သည်။ စကားတစ်ခွန်းတည်းသာ ဖြစ်သော်လည်း ၎င်းမှာ အမှန်တကယ် သူ၏ သားငယ် ကျွင်းဝူကျိဖြစ်ကြောင့် သေချာသွားလေသည်။
" ပြောရမှာတော့ရှည်တယ်။ ကျွန်တော် အမေတို့ကို အရှေ့ပင်လယ်ကို ခေါ်သွားပေမယ်။ အဲ့ဒီမှာက ဒီမှာထက် ပိုလုံခြုံတယ်။ " လင်းယွမ်က သူ၏ မိဘများနှင့် အကိုအမတို့ကိုကြည့်ပြီး ပြောလိုက်သည်။
" အမ် " ကျွင်းကျိလန်က နားမလည်နိုင်ဖြစ်သွား၏။ အစမှ ယခုအချိန်ထိ ဖြစ်ပျက်ခဲ့သမျှ အရာအားလုံးက သူမကို စိတ်ရှုပ်ထွေးစေခဲ့သည်။
သူမ၏ မောင်လေးက ဘယ်လိုလုပ် ထိုကဲ့သို့ ဖြစ်သွားတာလဲ။ ထို့အပြင် သူတို့ကို စောင့်ကြပ်နေသော ကောင်းကင်သခင်များက ဘယ်လိုလုပ် ရုတ်တရက် မလှုပ်ရှားနိုင် ဖြစ်သွားကြတာလဲ။
" ကျွန်တော်တို့ အရှေ့ပင်လယ်ရောက်ရင် အားလုံးကို ရှင်းပြပါမယ်။ " လင်းယွမ်က သူ၏ ညာလက်ကို မြှောက်ပြီး ဝှေ့ရမ်းလိုက်သည်။
လေဟာနယ်က ဖိသိပ်ခံလိုက်ရပြီး ကျွင်းတုန်ကျင်းနှင့် အခြားသုံးယောက်တို့က တဖြည်းဖြည်း ကျုံ့သွားပြီး လင်းယွမ်၏ အင်္ကျီလက်ထဲသို့ ဆွဲထည့်ခံလိုက်ရသည်။
တာအိုအင်မော်တယ်ဂိုဏ်း၏ အထွတ်အထိပ်နည်းစနစ် အင်္ကျီလက်ထဲမှ စကြာဝဠာ။
တိမ်မြူခိုးတော်ဝင်နယ်မြေ။
တာအိုအင်မော်တယ်ဂိုဏ်းချုပ် မုရှင်းလျိုက သူ၏ ရှေ့တည့်တည့်တွင် ထိုင်နေသော သူ၏ မြေးကို ကြည့်နေသည်။
ထိုခနတွင် မုရှင်းလျို၏ စိတ်ထဲတွင် လှိုင်းများပြင်းထန်နေသည်။
အဘိုးက ကျွန်တော်နဲ့ ဘယ်လိုပူးပေါင်းချင်တာလဲ ဟူသော စကားက မုရှင်းလျို၏ စိတ်တည်ငြိမ်မှုကို ကင်းလွတ်သွားစေခဲ့သည်။
မုရှင်းလျိုက သခင်ယွမ်ယန်နှင့် ပူးပေါင်းမည့်ကိစ္စတွင် သခင်ယွမ်ယန်နှင့်သာ ဆွေးနွေးရန် လိုအပ်လေသည်။ အခြားသူများကို တာအိုမိတ်ဆွေတစ်ယောက်နှင့် အရေးကြီးကိစ္စ ဆွေးနွေးမည်ဟုသာ ပြောခဲ့လေသည်။ သို့သော် ကျွင်းဝူကျိက ယခု သူ့ကို ပူးပေါင်းမည့်ကိစ္စ မေးနေလေသည်။
" ဝူကျိ...မင်း...." မုရှင်းလျို၏ မျက်လုံးများထဲတွင် ကြေးမုံတစ်ချပ်၏ ပုံရိပ်တစ်ခု ပေါ်လာသည်။
ချက်ချင်း မုရှင်းလျိုက သူ၏ မြေး၏ အမှန်တရားကို ထုတ်ဖော်ရန် နည်းစနစ် ဒါဇင်ကျော်ကို အသက်သွင်းလိုက်သည်။ သူ့တွင် ရွေးချယ်စရာမရှိပေ။ ကျွင်းဝူကျိ၏ စကားများက သူ့အပေါ် သက်ရောက်မှု ကြီးမားလေသည်။
ကျွင်းဝူကျိက ၎င်းကို ခန့်မှန်းခဲ့လျှင်တောင် မုရှင်းလျိုက အတည်ပြုချင်သေးသည်။
ဝုန်း...
တုန်ခါမှုတစ်ခုကြောင့် မုရှင်းလျိုက သူ၏ မျက်လုံးများကို တင်းကျပ်စွာ မှိတ်ထားလိုက်သည်။ သူက သွေးချီများနှင့် သွေးနီရောင်တိမ်တိုက်များကို မြင်လိုက်သည်ဟု ထင်ရသည်။ ကျွင်းဝူကျိ၏ ခန္ဓာကိုယ်အတွင်း အလွန်ကြောက်စရာကောင်းသော စွမ်းအားများရှိနေပြီး သူ၏ လျို့ဝှက်နည်းစနစ်များအားလုံးကို ပိတ်ဆို့သွားသည်။
" ဘယ်သူလဲ။ မင်းက တကယ်ဘယ်သူလဲ။ "
မုရှင်းလျို၏ ခေါင်းအထက်တွင် အင်မော်တယ်ကြေးမုံပေါ်လာသည်။ ကျွင်းဝူကျိဆီမှ ဖိအားက အလွန်ကြီးမားလှပြီး ထိုက်ဟောက်အင်မော်တယ်ကြေးမုံကိုပင် အသက်သွင်းလိုက်ရသည်။
" အဘိုး "
" ကျွန်တော်က ကျွင်းဝူကျိ။ "
" ပြီးတော့ သခင်ယွမ်ယန်ပဲ။ " လင်းယွမ်၏ အမူအရာက တည်ငြိမ်နေသည်။
သူ၏ ခွန်အားက တာအိုအင်မော်တယ်ဂိုဏ်းချုပ် အင်မော်တယ်ကြေးမုံကို အသုံးပြုလျှင်တောင် ဂရုစိုက်စရာမလိုသောကြောင့် သူ၏ လျို့ဝှက်ချက်များကိုလည်း ဖုံးကွယ်ထားရန် မလိုတော့ပေ။