← Chapters

အခန်း ၆၁

Vol. 5 Ch. 61

အခန်း ၆၁

Vol. 5 Ch. 61

ရှန်ရှင်းယုက မျက်ခုံး ပင့်ကာပြောခဲ့သည်။ "ကောင်းပြီလေ ငါမှားသွားတယ်ဆိုတာ လက်ခံပါတယ် အဲ့ဒါကြောင့် တောင်းပန်ပါတယ်"

လင်းယွီလည်း ဘာမှမတုံ့ပြန်တော့ပေ။ ရှန်ရှင်းယုကို နှုတ်ဆက်စကားပြောပြီးသည်နှင့် စုချန်ယန်နှင့်အတူပြန်ခဲ့သည်။

ဓာတ်လှေကားထဲ၌ စုချန်ယန်က အနည်းငယ် ကြောင်တောင်တောင် ဖြစ်နေသေးကာ ပြောလိုက်သည်။ "မစ္စစ် ရှန်ကလေ.."

လင်းယွီက သူမကို ကြည့်ကာ လေးလေးနက်နက် ပြောလိုက်သည်။ "ဆောရီးပါ သူမက မင်းဘက်က ဘယ်လိုနစ်နာသွားမလဲဆိုတာ သေချာမစဉ်းစားဘဲ မင်းကိုစလိုက်တာ။ သူ ဆက်ပြီး ဘာလုပ်ရမလဲဆိုတာ သိတာမို့လို့ မင်းမှာ သိပ်ပြဿနာ မရှိတော့ဘူး"

"ကျွန်မကို စတာ?" စုချန်ယန်လည်း အနည်းငယ်တော့စိတ်ရှုပ်သွားခဲ့ရသည်။

ဓာတ်လှေကားက အောက်ကို တဖြေးဖြေး ဆင်းသွားပြီး နှစ်ယောက်သား ငြိမ်ကျသွားခဲ့သည်။

၅လွှာမြောက်ကို ရောက်သည်နှင့် လင်းယွီဘက်က ရုတ်တရတ် စကားစလာခဲ့သည်။

" သူမ ပြောတာကို စိတ်ထဲမထားပါနဲ့။ အထူးသဖြင့် ကျွန်တော့် အကြောင်းကိုပေါ့။ အမှန်တိုင်းပြောရရင် မင်းရှေ့မှာပြောလိုက်တဲ့ ကိစ္စတွေက ကျွန်တော့်အတွက် မျက်နှာပူစရာတွေ ဖြစ်နေလို့ပါ။ တောင်းပန်ပါတယ် သူမ စကားတွေကြောင့် စော်ကားခံရသလိုဖြစ်သွားရင်..."

ထိုနေရာတွင် ရပ်လိုက်စဉ် စုချန်ယန်က သူ့ဆီမှ ယခုလိုပြောလာလိမ့်မည်လို့ပင် တွေးမိခဲ့သည်။ "သူမအတွက် ကျွန်တော် တောင်းပါတယ်" ဆိုပြီးပေါ့..

ခဏကြာတော့ လင်းယွီက ဆက်ပြောခဲ့သည်။ "နောက်ထပ် အကောင့်အတုဖွင့်ပြီး သူမကို လှောင်ချင်လည်းလှောင်လို့ရပါတယ် အကောင့်ချင်း မမှားအောင်တော့သတိထားပေါ့"

စုချန်ယန် - "..."

လင်းယွီက သူမအနေနှင့် ရှန်ရှင်းယုကို သရော်စေချင်ပုံမရပေမဲ့ သူမကိုတော့ ပျော်စေချင်သည့်ပုံပင်။

လင်းယွီ၏ ကြုံတောင့်ကြုံခဲ အကျင့်ယုတ်တတ်သည့်ရယ်စရာကောင်းတာမျိုး ကြားလိုက်ရ‌ပြန်တော့ ရှန်ရှင်းယု၏ သတိပေးခြင်းက အခြေအမြစ် မရှိတာမျိုးမဟုတ်ဘူး တင်မိသည်။

အနည်းဆုံးတော့ တကယ့် လင်းယွီအစစ်သည် မကြာခဏ သူပြသတတ်သည့် ပုံစံမျိုး အတိအကျကြီးဟုတ်မနေပေ။

ဘယ်လိုပဲဖြစ်ဖြစ် ရှန်ရှင်းယုနှင့် ကိစ္စကို အတော်လေး ချောချောမွေ့မွေ့ ဖြေရှင်းခဲ့ပြီးပြီပင်။

အပြန်လမ်းတွင် စုချန်ယန်ကို ရှောင်လုက စာတစ်စောင် ပို့လာခဲ့သည်။

[ဘေဘီ ယန်.. Weibo ကို တစ်ချက်ကြည့်ကြည့်လိုက်]

စုချန်ယန်ဆီမှ တော်တော်ကြာသည်အထိ ပြန်စာရောက်မလာနိုင်သေးတာကြောင့် ရှောင်လုက Weiboပေါ် တွေ့လိုက်သည့် အကြောင်းအရာကို စုချန်ယန်ဆီ တိုက်ရိုက်ပို့ပေးထားခဲ့သည်။

(ခုထိ ငါ မကြည့်ရသေးလို့.. ခုမှ မစ္စရှန် အိမ်ကနေ ထွက်လာကြတာ ပြီးတော့ ရလဒ်ကလည်း တော်တော်လေးကောင်းတယ်ပြောရမယ်]

နည်းနည်း ရှက်စရာကောင်းခဲ့တာကလွဲရင်ပေါ့

သို့သော် သူမ၏အားထုတ်မှုကို တစ်ရက်ထဲနဲ့တင် တစ်လောကလုံးရှေ့ ပေါက်ကြားသွားနိုင်လောက်သည်ကို တွေးမိရင်း စုချန်ယန်အနေနဲ့ ငါး‌သေးသေးလေးက ငါးအကြီးကြီးကို ထိပ်တိုက်ရင်ဆိုင်ခဲ့ရသလို ခံစားနေရသည်။

ရှောင်လုကို စာပြန်ပြီးနောက် သူမ ပို့လာသည်ကို weibo ထဲ ဝင်ကြည့်လိုက်သည်။

နိုတီ - [@ရှန်ရှင်းယု - Insider +1 forwarded @Travel official Weibo...]

တစ်စုံတစ်ယောက်မှ ပို့စ်အောက်တွင် ကောမန့်လာမန့်ထားသည်။

[အစ်မ အဲ့ဒါက ဟုတ်တာလား မဟုတ်တာလား?]

ရှန်ရှင်းယုကြည့်တာ စိတ်ကြည်နေပုံရပြီး မျက်နှာတစ်ခုလုံးအပြည့် ပြုံးနေသည့် အီမိုဂျီနှင့်အတူ ပြောထားခဲ့သည်။

[ မနက်ဖြန် ည ၇နာရီခွဲကျရင် Cat&Dog ဗီဒီယိုလေးကို

တူတူကြည့်ကြမယ်နော်]

စုချန်ယန်က အံ့အားသင့်သွားကာ ရှေ့ခုံတွင်ထိုင်နေသည့် လင်းယွီကို ကြည့်လိုက်သည်။ "မန်နေဂျာလင်း မစ္စစ်ရှန်ဘက်က ကျွန်မတို့ကြော်ငြာ ပို့စ်ကို ပြန် share ထားပြီး ထုတ်လွှင့်ချိန်ကိုပါ ထည့်ပြီးကူပြောပေးထားတယ်"

ထိုသို့ကြားပြီးတော့ လင်းယွီက ဖြေးဖြေးချင်းခေါင်းငြိမ့်ပြခဲ့သည်။

စုချန်ယန် - "ရှင့်မှာ သူမကိုဆက်သွယ်လို့ရမယ့် ဖုန်းနံပါတ်ရှိလား? သူမကို ကျေးဇူးတင်ချင်လို့"

လင်းယွီက ကားပြတင်းပေါက်မှတစ်ဆင့် ဘေးမှဖြတ်သွားသည့်သစ်ပင်များ၊ ကောင်းကင်ကြီးကို ကန့်လန့်ဖြန်အနေအထားနဲ့ မျှင်မျှင်ကလေး မြင်နေရသည့် ဓာတ်ကြိုးများနှင့် ဓာတ်တိုင်ထိပ်တွင် ငှက်နားနေသည်များကို တစ်ခုချင်းလိုက် ငေးကြည့်နေမိသည်။

"မလိုပါဘူး မင်း တစ်နေကုန်နီးပါး အပြောအဆို ခံလာရတာပဲ .. ဒီလောက်ကတော့ သူ့အနေနဲ့ လုပ်ပေးသင့်တာပေါ့" လင်းယွီက ပြန်ပြောခဲ့သည်။

ရှန်ရှင်းယု Weibo တွင် တင်လိုက်သည့်ပို့စ်မှာ အကြီးအကျယ် ဂယက်ထသွားစေပြီး ကနဦးပျောက်ကွယ်နေသည့် အကြောင်းအရာကအစ ထိပ်ဆုံး

အဆင့်ကို မြင့်တက်လာပြန်သည်။

<Travel>အစီအစဉ်ထဲတွင် ပါဝင်သည့် အကြောင်းအရာ မျိုးစုံသည်လည်း ခဏလေးအတွင်း ရှာဖွေမှု အများဆုံး ရောက်ခါနီးအထိပါ တဟုန်ထိုးမြင့်တက်လာသည်။

ရှန်ရှင်းယု၏ Weibo တွင် တင်လိုက်သည့်ပို့စ်‌ကို ကျေးဇူးတင်ရတော့မလိုပင်။ ပို့စ်ကြောင့်အခြေအနေအားလုံးမှာ ကပြောင်းကပြန် ဖြစ်ကုန်ကြသည်။

[ အဲ့မားကတ်တင်းက ဟာတွေက ပိုက်ဆံသုံးပြီး ပြဿနာ မီးထွန်းရှာ‌တဲ့နေရာမှာ တကယ်တော်တာပဲ]

[ဒီမင်းသမီးက တကယ့်ကို နောက်ခံအင်အားတောင့်တင်းတာပဲ.. ၁၈ နှစ်ဝန်းကျင် စွန်းစွန်းပဲ ရှိသေးတဲ့ အငယ်တန်း မင်းသမီးတစ်လက်ကို အကွက်ကျကျ ဂွင်ဆင်၊ လိုင်းပေါ်မှာ နိုင့်ထက်စီးနင်းလုပ်ပြီး အခုကျတော့ သူ့လိုလူက တစ်နေကုန် ရှာဖွေမှု အများဆုံးစာရင်းထဲပါနေပြီ။ နင်တကယ် ဘာမှမဖြစ်ခဲ့သလို ဟန်ဆောင်နေတုန်းပဲလား။ ငါမေးပါရစေဦး နင် စုချန်ယန်ကိုဘယ်တော့မှ တောင်းပန်မှာလဲ?]

[ fan တွေကပဲ အကဲပိုနေကြတာလား? ရှန်ရှင်းယုက စုချန်ယန်ရဲ့ပို့စ်ကို Weiboမှာ Starlight ဖျော်ဖြေရေးနဲ့ စာချုပ် ချုပ်ဆိုနိုင်ခဲ့တဲ့အတွက် ဂုဏ်ပြုတဲ့အနေနဲ့ပဲပြန်တင်ထားတာလေ။ ပြီးတော့ သူ့ပထမပို့စ်ကလည်း ဒီတိုင်းကာတွန်းလေး တစ်ခုပဲကို.. ဒီရက်ပိုင်း တစ်ခုခုဖြစ်ပြီဆိုတာနဲ့ fanတွေဘက်က ကာယကံရှင်တွေထက်ပိုပြီး ဆတ်ဆတ်ထိမခံဖြစ်နေကြပါလား ဟမ်!]

[ ဒါဆို ငါတို့ရဲ့၁၈ဝန်းကျင် အငယ်တန်းမင်းသမီးလေးအတွက် တောင်းပန်လာမှာကို စောင့်ကြည့်လို့ရပြီလား?]

[ အတည်ပါ စုချန်ယန်ရဲ့ကြော်ငြာပုံလေးတွေက တကယ်ကိုလှတာ.. ပြီးတော့ trailer ကလည်း ကြည့်လို့ကောင်းမဲ့ပုံမျိုး.. မနက်ဖြန်ညကျ တူတူကြည့်ချင်တဲ့သူများရှိကြလား?]

[ စုချန်ယန်ရဲ့ပုံစံလေးက တကယ်ကြည့်လို့ကောင်းပြီး

သူ့ရဲ့အနုပညာကို ပုံဖော်ပေးတာတွေကလည်း အသက်ဝင်တယ် (ငါ့သူငယ်ချင်းတစ်ယောက် သူ့ရဲ့ ပန်းချီကိုဝယ်တာ ယွမ် ၃၀ပဲ ပေးရတယ်) အခုတော့ ငါလည်း သူ့ပရိသတ်ဖြစ်သွားပြီ]

မသိမသာ ပြဿနာရှာနေသေးသည့် ယန်ရှို့ရီ၏ fan များလည်း အပါအဝင်ပင်...

[စုချန်ယန်က တကယ်ရွံစရာကောင်းတယ် သူ့ပန်းချီကယွမ် ၃၀ပဲ တန်တာကို ငါတို့ကိုကျ ယွမ်၃၀၀၀နဲ့ရောင်းတယ် ဒါအတွက် ရဲတိုင်လို့ရလား]

[အယ်.. ရှန်ရှင်းယုရဲ့fanတွေက တကယ်ဦးနှောက်မရှိကြတာပဲ..စုချန်ယန်နဲ့ နင့်အိုင်ဒေါက အခုလောက်ဆို အတူတူ အေးအေးလူလူ အပန်းဖြေနေလောက်ပြီ]

[ စုချန်ယန်က ဒီလိုရွံဖို့ကောင်းတဲ့ကိစ္စတွေကို လုပ်လာခဲ့တာ တော်တော်ကိုကြာနေပြီ။ သူ့ပန်းချီတွေမြင်ရုံနဲ့ အော်ဂလီဆန်လာသလိုပဲ။ အရင်က ငါတောင် ပြန်တင်လိုက်မိသေးတယ် ငါ့ Weibo လေးတော့ ညစ်ပတ်သွားပြီ]

[ မသိမသာစောင်းပြောထားပြီး ပေါက်ကရ ပြောထားတာတွေက သိသာနေတာတောင် မမြင်သလို မသိသလိုလုပ်နေတဲ့လူတွေလည်း ရှိနေတုန်းပဲဟ!]

[ငါတော့ရီမိပြီ ဘယ်လို အစီစဉ်ကြီးလဲ ဒါက? သာမန်အဆင့်သာသာလေးပဲရှိတဲ့ဟာတွေက ဒီလိုအလကားရတဲ့ အခွင့်အရေးကို အခွင့်ကောင်းယူပြီး သက်သက်နာမည်ကြီးအောင် အသုံးချနေတာ]

သို့သော် ဒီတစ်ကြိမ်တွင် ယန်ရှို့ရီ fan အများစု ပြောသွားတာတွေမှာ လူပြက်တစ်ယောက် ပြက်လုံးပြက်နေသလိုပင်။ ဘယ်လိုပဲဖြစ်နေပါစေ လုပ်ခဲ့တာတွေအကုန်လုံးက လိုင်းပေါ်မှာတင် သက်သေအပြည့်ရှိတာမို့ ဘယ်သူက မီးစမွှေးလိုက်လဲဆိုတာ လွယ်လွယ်ကူကူ ရှာဖွေနိုင်သည်။

ဒါကြောင့်မို့သာ ယန်ရှို့ရီအနေနှင့် သူတို့၏ ကောမန့်များကို မတတ်သာသည့်အဆုံး အားကိုးအားထားပြုနေရခြင်းသာ။

[ကျေးဇူးပါ အခုတော့ ငါနားလည်သွားပြီ ဒီလိုလှတဲ့မမလေးက ယန်ရှို့ရီ fan တွေ နောက်က လိုက်တာခံရတယ်? မှတ်ထား! ဒီတစ်ခါတော့ နင်တို့ရဲ့ယန်ရှို့ရီက သန်းနဲ့ချီဆုံးရှုံးနေရတာတွေ မနည်းဖြစ်အောင် လုံးပန်းနေရတာနဲ့တင် တော်တော်ခက်ခဲနေလောက်ပြီ။ ထောင်တောင်ကျသွားနိုင်တယ်။ အစီစဉ်မှာတုန်းက တစ်ယောက်ယောက်ရဲ့ စကတ်အပေါ် တမင်သက်သက် ရေဖိတ်ကျအောင် လုပ်သွားတာကိုရော မှတ်မိတယ်မလား? အဲ့ဒါက ကိုယ်ထိလက်ရောက် စော်ကားမှုအဖြစ် ယူဆလို့ရတယ်လေ ဟုတ်တယ်မလား?]

[ယွမ် ၃၀၀၀ကို ဈေးများတယ်လို့ တကယ်ကြီးထင်နေကြတာလား? ငါ့စိတ်တိုင်းကျ ဆိုလိုချင်တဲ့အဓိပ္ပာယ်အတိုင်းသာ ဆွဲပေးဖို့တောင်းဆိုလာခဲ့ရင် ယွမ်သုံးသောင်းကတောင်မှ ဈေးနိမ့်နေဦးမယ်။ အနုပညာ ကျောင်းသားတွေတောင်မှ စုချန်ယန်ရဲ့ဈေးက ဈေးကွက်ပျက်စီးနိုင်တဲ့အထိ အတော့်ကို ဈေးနိမ့်နေပြီလို့တောင်ပြောနေကြတာ]

[ငါ့မမကို တကယ်သနားမိတယ် နောက်ဆုံး မဟုတ်မမှန်သတင်းတွေကနေ ရုန်းထွက်နိုင်ခဲ့ပေမယ့် အဲ့အကောင်ရဲ့အရူးထနေတဲ့ fan တွေက အခုထိ သူမကို နှောင့်ယှက်နေကြတုန်းပဲ]

[ ၁၈ ဝန်းကျင် အငယ်တန်း မင်းသမီးတစ်လက်အနေနဲ့

နင်တို့ရဲ့ တရားဥပဒေပြဿနာတွေနဲ့ ဒုက္ခပင်လယ်ဝေနေတဲ့ အကောင်ထက်စာရင် အများကြီးသာနေတုန်းပဲ။ အခုချိန်လောက်ဆို သူ့ဘာသာအိမ်မှာ တစ်ယောက်ထဲ ရင်ကွဲ ပက်လက် ဖြစ်နေလောက်ပြီ]

စုချန်ယန်သည် လိုင်းပေါ်တွင် မန့်ထားသည့်ကောမန့်များကို ဘယ်တုန်းမှ စိတ်မဝင်စားခဲ့သော်ငြား ဘယ်လိုလူကကော ကိုယ့်ဘက်ကနေ ဝင်ပြောပေးနေကြတာကိုမကြိုက်တဲ့သူ ရှိမည်နည်း?

အခြားစော်ကားဝေဖန်ထားသည်များလည်း ပါနေသေးပေမယ့် စုချန်ယန်ကတော့ အစကတည်းက စိတ်ထဲကို မရှိခဲ့သည်ပင်။

သူမ၏ သီးသန့်စီဘီတွင်လည်း စာများအဆက်မပြတ် ဝင်နေပြီး fan အရေအတွက်သည်လည်း တိုးမြင့်လာခဲ့သည်။

Weibo ၌ [Travel]အစီအစဉ်ပို့စ်၏ Like အရေအတွက်မှာ ငါးသိန်းထက်ပင် ကျော်လွန်ကာ ကောမန့်တွင်လည်း ပါဝင်‌ခဲ့သော သရုပ်ဆောင်များ၏ အပြန်အလှန် ပြောဆိုနေခြင်းကြောင့် အာရုံစူးစိုက်ခံရမှု အများအပြားရရှိလာခဲ့သည်။ အဆိုးထဲက အကောင်းဆိုသလို fan အရေအတွက် သည်လည်း ပိုများလာခဲ့သည်။

စုချန်ယန် သူမ စီဘီထဲ ဝင်လိုက်စဉ် ထိပ်ဆုံးတွင် ရှုခင်းပုံပန်းချီပရိုဖိုင်းနှင့် လူတစ်ယောက်ကို စမြင်ခဲ့သည်။

[နှောင့်ယှက်သလိုဖြစ်သွားရင် ဆောရီးပါ အစ်မ]

[ အစ်မက ကျွမ်းကျင်အဆင့်ပန်းချီဆရာ မဟုတ်ဘူးမို့လား? ပွင့်ပွင့်လင်းလင်းပြောရရင် အစ်မ ပန်းချီဈေးက တော်တော့်ကို နိမ့်နေတော့ fanတွေက အထင်လွဲပြီး ဒီဈေးလောက်ပဲတန်တယ် ထင်ကောင်းထင်ကြတာပေါ့။ ဒါပေမဲ့ ပန်းချီကားတစ်ချပ်ထွက်ဖို့ ဘယ်လောက်ထိကြိုးစားအားထုတ်ရလဲ ကျွန်တော်တို့ ကောင်းကောင်း သိကြတာပဲလေ။ တခြားဘာမှတော့ မဟုတ်ပါဘူး။ ကျွန်တော် သတိပေးချင်တာက အစ်မက နာမည်ကြီးသရုပ်ဆောင်တစ်ယောက် ဖြစ်တာကြောင့် အမလုပ်သမျှဟာ တခြားသူတွေအပေါ်ကိုလည်း သက်ရောက်လာနိုင်တာမို့လို့ပါ"

သူမလည်း ခေတ္တမျှ ငြိမ်သက်သွားမိပြီး ပြန်ပြောလိုက်သည်။

[ဆောရီးပါ နောက်ပိုင်းကျ ပိုသတိထားပါ့မယ်]

စုချန်ယန်လည်း နည်းနည်းကြောင်သွားခဲ့သည်။ သေချာသလောက်ပြောရလျှင် သူမ တခြားကမ္ဘာမှာနေခဲ့တာကြောင့် ဒီကမ္ဘာမှာ ပန်းချီတစ်ချပ်ကို ဈေးဘယ်လောက်နဲ့ ရောင်းသင့်မှန်း သေချာမသိခဲ့ပေ။

All Chapters