← Chapters

အခန်း ၆၂

Vol. 5 Ch. 62

အခန်း ၆၂

Vol. 5 Ch. 62

မျက်စိနာလာသလို ခံစားရတာကြောင့် ဖုန်းကိုခဏချထားဖို့ပြင်နေစဉ် Wechat မှ နိုတီများကြောင့် ဆက်တိုက်ဆိုသလို တဂျီဂျီမြည်လာခဲ့သည်။

ထန်ယွဲ့ - [ စာပို့နေရင်း တန်းလန်းနဲ့ ဘာလို့ ငါ့ကိုဆက်မပြောတော့တာလဲ?]

[အခုချက်ချင်း ပြန်ပြော!!!!!]

[ငါ့ကို နင်နဲ့အတူ တစ်ပြိုင်ထဲ နာမည်ကြီးချင်နေတယ် တစ်ယောက်ယောက်က ပြောသွားတယ်လို့!!!!!!! (မှန်နေပေမဲ့လည်းဟယ်) နင် ကျော်ကြားလာရတဲ့ ဆုလာဘ်က ငါနဲ့လည်း တစ်ဝက်ဆိုင်တယ်လေ!!!!]

[မြန်မြန်!]

ထို့နောက် အစီအစဉ်ထဲက အဖွဲ့ဝင်များပါရှိသည့် group chat ထဲကို ဝင်ကြည့်လိုက်တော့ တော်တော်များများကသူမအား အကြိမ်ကြိမ် မန်ရှင်းခေါ်ထားခဲ့သည်။

[စုချန်ယန် မြန်မြန်ဝင်ကြည့်ပါဟဲ့ ပြီးရင် ငါ့ကို ပြန် follow ဦး!]

[နင် ဘာလုပ်နေတာလဲ?]

[စုချန်ယန်ရေ ကျေးဇူးပြုပြီး Weibo ကို ကြည့်လိုက်ဦး]

[အခု တစ်ယောက်ယောက်က ငါတို့ကို သိပ်မရင်းနှီးကြဘူးဆိုပြီး ပြောနေပြီ]

[ငါတို့က လိုက်ဖက်အညီဆုံးပဲ အိုခေ!!]

စာအဝင်များမှာ ဒလဟောဝင်နေဆဲဖြစ်ပြီး နောက်ဆုံးတွင် ထန်ချီက အစ ကြားဖြတ်ဝင်ပြောလာခဲ့သည်။

[ ချန်ယန် ငါ့ကို ပြန် follow ဦး အစ်မက follower ၃ သန်းကျော်တဲ့ စံချိန်ချိုးခါနီးနေပြီ]

ကျန်းရှစ်ချီဆီလည်း စာတစ်စောင် ရောက်လာသေးသည်။

[ငါ နင့်ကို followထားတယ်နော်]

စုချန်ယန်လည်း စီဘီမှ chat များတစ်ခုပြီး တစ်ခုလိုက်ကြည့်ကာ Weibo ထဲတွင် စာတွေအများကြီးဝင်နေပြီး

တစ်ယောက်ချင်းစီကို စာပြန်နေရတာမို့ ရယ်ရမလိုငိုရမလိုပင်။

သူမဆီရောက်လာသည့်စာအများစုမှာအကုန်ဆင်တူနီးပါးပင်။

[မသိနားမလည်တဲ့ လူအုပ်စုရှေ့မှာ ပွဲမထုတ်ချင်ကြပါနဲ့]

ဟန်စုန့်ရွှယ် - [ ညီအစ်မတို့ ညီအစ်ကိုတို့ရေ ငါတို့ရဲ့အစီအစဉ်က အကြီးအကျယ်ကို အောင်မြင်တော့မယ်လို့ ငါအာရုံရနေပြီ!]

စုန့်မင်ကန် - [ စိတ်ကောင်းရှိတဲ့သူတွေကလည်း အတွေးချင်းထပ်တူပါပဲ]

ဟန်စုန့်ရွှယ်မှ ဘာကိုဆိုချင်တာလဲဆိုသည့် သဘောဖြင့်' ?' ပို့ခဲ့သည်။

ဟန်စုန့်ရွှယ် - [@စုန့်မင်ကန် ?]

စုန့်မင်ကန်က ချက်ချင်း စကားကို ပြန်ပြင်ပြောခဲ့သည်။

[အစ်မတို့နဲ့ အတွေးချင်းတူတူပဲလို့]

ချီဖု - [@စုန့်မင်ကန် မင်းစကတ်‌တွေ စိတ်မဝင်စားတာတကယ်ဟုတ်ရဲ့လား?]

Groupထဲက စာတွေဖတ်ရင်း စုချန်ယန် တစ်ယောက်ရယ်နေမိတော့သည်။ ထို့နောက် Weibo ထဲ ပြန်သွားလိုက်သည်။ အရင်ဆုံး ထန်ယွဲ့ကို စာပြန်လိုက်ပြီးနောက် ရှန်ရှင်းယု အပါအဝင် အခြားသူမသိသည့် အနုပညာရှင်တွေအကုန်လုံးကို follow လုပ်လိုက်သည်။

အဆုံးသတ်ကျမှ Starlight ဖျော်ဖြေရေး၏ တရားဝင် Weibo အကောင့်ကို follow လုပ်လိုက်စဉ် follow လုပ်ရန်အကြံပေးထားသော အသုံးပြုသူ ဟူ၍ အောက်တွင်ပေါ်လာသည့်သူမှာ လင်းယွီဖြစ်နေသည်။

စပ်စုချင်နေသော စုချန်ယန်လည်း သူ့ပရိုဖိုင်းထဲ ကြည့်လိုက်သည်။ Weibo ၏ စတိုင်ကို ခြုံငုံကြည့်ရလျှင် လင်းယွီလို တစ်ထပ်ထဲတူညီနေကာ ရိုးရှင်းသော်လည်း လိုက်လျောညီထွေ ရှိတတ်ပြီး အလှမ်းဝေးသည့်တစ်နေရာကနေ ကြင်နာတတ်သည့် အငွေ့အသက်များလည်းရနေသယောင်ပင်။

ခဏတာမျှ စဉ်းစားပြီးနောက် လင်းယွီကို follow လုပ်ဖို့ဆုံးဖြတ်လိုက်ပြီး Wechat မှာ သူမသူငယ်ချင်းတွေနဲ့ စကားပြောဖို့ Weibo မှ ထွက်လိုက်သည်။

အစီအစဉ်မလွှင့်ခင် တစ်နာရီအလိုတုန်းက စီစဥ်ကြီးကြပ်သည့်အဖွဲ့မှာ အတော့်ကို လူသားဆန်သည့်အကြောင်း ထုတ်ဖော်ပြောပြရကျိုး နပ်ပေသည်။

ပါဝင်ခဲ့ကြသည့် ဧည့်သည်များမှာ အစီအစဉ် လူကြိုက်မများမှာကို အတော်လေး စိုးရိမ်နေကြသည်ကို သိထားကြသည့်အပြင် အပတ်စဉ် ထုတ်လွှင့်ပြသသည့် အစီအစဉ်ဖြစ်တာကြောင့် ပထမအပိုင်း ထုတ်လွှင့်ပြီး နောက်နေ့တွင် ဒုတိယအပိုင်းရိုက်ကူးရန် အားလုံးအတွက် စီစဉ်ပေးထားခဲ့ကြသည်။

အစီအစဉ်မတိုင်ခင် လူသိများလာခြင်းက ထိရောက်မှုရှိသွားခြင်းကြောင့် [Travel] အစီအစဉ်ကို ဝက်ဘ်ဆိုက်တွင်ဝင်ကြည့်သည့် အရေအတွက်မှာ ၇နာရီ မတိုင်ခင်အထိ ‌ရှာဖွေမှု အများဆုံးအောက်တွင် ပါဝင်လာပြီး အရေအတွက်မှာ ဆက်ပြီးမြင့်တက်နေဆဲဖြစ်သည်။

အမှန်တိုင်းပြောရလျှင် ရှေးရိုးစွဲသည့်လူအများစုသည် ဤရသစုံရှိုးအတွက် သိပ်အများကြီး မမျှော်လင့်ထားကြပေ။

ဘာပဲပြောပြော လက်တလော ပြသလျက်ရှိသည့် ရသစုံရှိုးအများစုက ပုံမှန်လုပ်ရိုးလုပ်စဉ်များအတိုင်း အတူတူပင် ဖြစ်ကြကာ အများအားဖြင့် trailer များသည်လည်း အစီအစဉ်တစ်ခုလုံး၏ အဓိကကျသော အစိတ်ပိုင်းများသာ ကွက်ပြထားခဲ့သည်။

စုချန်ယန်အနေနှင့် ဒီကာတွန်း အပိုင်းဆက်တစ်ဆက်လုံးအား ဘာကြောင့်ဆွဲခဲ့သည်ကို အလွန်အမင်းသိချင်နေကြသေးသည်။

စုချန်ယန်မှာလည်း တခြားလုပ်စရာအလုပ်မရှိတာကြောင့် ပရိုဂျက်တာရှေ့တွင် ရှောင်လုနဲ့အတူ ပြသချိန်ရောက်သည်အထိ အချိန်ကုန်ခံရင်း တစ်ညနေလုံးထိုင်စောင့်ကာ အချိန်ဖြုန်းနေမိသည်။

၇နာရီခွဲချိန် ရှောင်လုက ပရိုဂျက်တာကို ချက်ချင်းကောက်ဖွင့်လိုက်ပြီး ခဏစောင့်ပြီးပေမဲ့လည်း trailer ပြနေရုံသာရှိသေးသည်။

သူမဖုန်းကို စိတ်ရှုပ်စွာ ကြည့်လိုက်ရင်း ပြောခဲ့သည်။ "ဘာဖြစ်နေတာပါလိမ့်..၇နာရီ ၃၁မိနစ်တောင် ရောက်နေပြီကို"

ထိုသို့ပြောလာတော့ စုချန်ယန်က သူမဖုန်းကို ကြည့်လိုက်သည်။ "refresh မလုပ်ထားဘူးလား?"

"လုပ်ပြီးပြီ" ရှောင်လုက ပြန်ထွက်ကြည့်ကာ ပြန်ဝင်လိုက်ပေမဲ့ အဆင်မပြေခဲ့ချေ။

"ချန်ယန် ငါ့ဖုန်းပဲ ကြောင်နေလားမသိဘူး။ Weibo ကို တစ်ချက်ကြည့်ပေးပါလား"

စုချန်ယန် သူမဖုန်းဖြင့် weibo ထဲ ဝင်ကြည့်လိုက်တော့ ဘာဖြစ်နေမှန်း ချက်ချင်းသိသွားသည်။

"မဟုတ်ဘူး တစ်ယောက်ယောက်က ဆဲနေတာ"

"ဘယ်သူ့ကို ဆဲတာလဲ? နင့်ကိုလား?"

"Cat&Dog ဗီဒီယိုကို"

Cat&Dog ဗီဒီယိုလေးကို နောက်ကျမှ တင်လိုက်ခြင်းကြောင့် [travel]အစီအစဉ်အား ပွဲဦးထွက် တင်ဆက်နေစဉ် Weiboတွင် ဝင်ဆဲနေကြသည့်ပို့စ်များမှာ တစ်ခုပြီးတစ်ခု အများကြီးတက်လာပြီး အဖွင့်မှာ၂ပိုင်းစာလောက် နောက်ရောက်သွားကာ ရှာဖွေမှုအများဆုံး၏ ထိပ်ဆုံးဇကာတင် ၁၀ဆင့်ထဲ ပါခါနီးအထိပင်။

နောက်ဆုံးမှာတော့ အဆဲခံနေရသည့်ကြားမှ Cat&Dog ဗီဒီယိုမှာ ၇နာရီ၄၅မိနစ်တွင် ပြသခဲ့သည်။

မြင်ကွင်းက ပရိုဂျက်တာပေါ်တွင်‌ တဖြေးဖြေးပေါ်လာခဲ့သည်။

ထိုအခန်းသည် ဝမ်ကျင့်ရွာအား အပေါ်စီးကနေ ရိုက်ထားသည့် အခန်းဖြစ်ပုံရသည်။ ရှုထောင့်တွေ တစ်ခုနှင့်တစ်ခု ပြတာချင်း မတူသော်ငြား စုချန်ယန်ကတော့ အခုထိမှတ်မိနေဆဲပင်။

ရှုထောင့်ပေါင်းစုံကနေ တိတိကျကျ မြင်လိုက်ရတော့မှ ဝမ်ကျင့်ရွာက သူမမြင်ခဲ့ဖူးတာထက် အများကြီးပိုလှနေခဲ့သည်ကို သူမသိလိုက်ရသည်။

မြူခိုးများက တောင်ထိပ်ကို လွှမ်းခြုံထားပြီး စိမ်းစိုအုံ့မှိုင်းနေသည့် သစ်ပင်ချုံနွယ်ကြီးများမှာ ပင်လယ်သမုဒ္ဒရာကြီးနှယ် ကျယ်ပြောလှသည်။

စိမ်းလန်းလှသည့်သစ်ပင်များ ရှင်သန်ကြီးထွားနေသည်မှာ တီဗီဒရာမာများတွင် ပြသသည့် ထာဝရရှင်သန်သူများ နေထိုင်ခဲ့သည့်အတိုင်းပင်။

စုချန်ယန် မြင်ကွင်းထဲ ရောက်လာသည်နှင့် ဖုန်း

စခရင်မှာ ချက်ချင်းအမှောင်ကျသွားပြီး တီဗီပိတ်လိုက်သလို အသံမျိုး ထွက်လာသည်။ ထို့နောက် စခရင်ပေါ်တွင် နံပါတ်ရှည်ကြီး တန်းစီပေါ်လာပြီး ဆက်တိုက်ဆိုသလိုရွေ့နေသည်မှာ ၈နာရီထိုးသည်အထိပင်။

Cat&Dog Video ပရိုဂျက်တာအား အသုံးပြုနေ

ခြင်းကြောင့် ဖုန်းနှင့်ကွန်ပျူတာမှ တရစပ်ဟန့်တားမှု သည် အချိန်နှင့်တစ်ပြေးညီ တစ်ပြိုင်တည်း အချိန်ကိုက် ထဖြစ်ခြင်းပင်။

[နည်းနည်းမှ ယုတ္တိမရှိတဲ့အဖွင့်ကြီး]

[ငါပျင်းတော့မယ်လို့ ခံစားနေမိတယ် သုံး..သုံးနာရီကြီးများတောင်?]

[သုံးနာရီထက် ပိုကြာနိုင်တဲ့ ရသစုံရှိုးတဲ့လား?]

[သူတို့ရူးများနေတာလား?]

ထိုအချိန်မှသာ ရှောင်လုနှင့် စုချန်ယန်တို့က အစီအစဉ်၏ ထိုအပိုင်းမှာ သုံးနာရီမက ရှည်မည်ကို သိလိုက်ရသည်။

ရှောင်လုလည်း အံ့ဩသွားရသည်။ "ပရိုဂရမ်အဖွဲ့ကဟာတွေ ရူးနေကြတာလား? အပိုင်းတစ်ပိုင်းကို ၃နာရီလောက်ကြာတဲ့ထိ ဘယ်သူကလုပ်လို့လဲ]

စုချန်ယန်လည်း အနည်းငယ် အံ့ဩသွားမိပေမဲ့ သူမချက်ချင်း သဘောပေါက်လိုက်သည်။

"ဒီအပိုင်းကို ၂ ပိုင်းအနေနဲ့ အလွယ်လေး ဖြတ်ချလိုက်လို့ရတယ်။ ဒါပေမဲ့ စီစဉ်တဲ့အဖွဲ့ဘက်က ဒီလောက်ကောင်းတဲ့ အရှိန်အတိုင်း ကြည့်ရှုသူနှုန်း များနေတာမျိုးကို မဖြုန်းတီးလိုက်တာမျိုး မဖြစ်ချင်တာမျိုးလည်း ဖြစ်နိုင်တယ်။ နောက်တစ်ပိုင်းရောက်မှ ကြည့်ရှုသူနှုန်းတွေပြန်ပြီး ထိုးကျသွားမှာ စိုးတာကြောင့် တစ်ခါထဲအကုန်လွှင့်ဖို့ လုပ်လိုက်ကြတာ ဖြစ်လိမ့်မယ်"

"အဓိပ္ပာယ်ရှိတယ်"

သူတို့စကားပြောနေစဉ် ပရိုဂျက်တာတွင် အခြားပုံများပေါ်လာခဲ့သည်။

နည်းနည်းဝေးဝေးမှ မြင်ဖူးနေကျ ကားတစ်စီး လာနေပြီး နောက်ဆုံးမှာတော့ ဟိုတယ်ဝင်ပေါက်တွင် ရပ်သွားခဲ့သည်။

ကင်မရာ အနီးကပ်ချဲ့လိုက်စဉ် လက်တစ်ခုမှ ကားတံခါး ဖွင့်လာခဲ့သည်။ မှန်သားပြင်ပေါ်တွင်လည်း "ဘယ်သူ အရင်ဆုံးရောက်လာမလဲ?" ဆိုသည့် စာတန်းပေါ်လာခဲ့သည်။

စိတ်ထဲတလှပ်လှပ်နှင့် ကင်မရာသည် လက်ကနေ တဖြေးဖြေး ရွေ့လာပြီး မထင်မရှား မြင်နေရသည့် မျက်နှာတစ်ခု ပေါ်ထွက်လာကာ စာတန်းထိုးလာသည်ကိုဖတ်ကြည့်လိုက်ချိန် "အာ..! ငါတို့ဖိတ်ထားတဲ့သူ မဟုတ်ဘူးပဲ" လို့ ရေးထားခဲ့သည်။

၎င်းမှာ ရှောင်လုသည် သူမမှန်း ကိုယ့်ကိုကိုယ်သိလိုက်ပြီး နှုတ်ခမ်းကို တဆတ်ဆတ်လှုပ်သည်အထိ

မဲ့နေမိသည်။

"အဲ့ဟာတွေ ခေါင်းရောကောင်းရဲ့လား"

တရစပ်တုံ့ပြန်လာမှုများနှင့် ရှောင်လု၏ တုံ့ပြန်မှုမှာ

အတူတူပင် -

[နင်တို့ကိုယ် နင်တို့ ရယ်ရတယ်လို့ ထင်တယ်ပေါ?]

[နင်ကတော့ အကူညီလိုနေပြီ]

[ကျေးဇူးပြုပြီး တည်းဖြတ်တာကိုတော့ ငယ်တဲ့လူတစ်ယောက်ယောက်ပဲ ခန့်ပေးကြစမ်းပါ]

ခဏအကြာတွင် ကားပေါ်မှ ပထမဆုံးတစ်ယောက်

ဆင်းလာရာ ရှောင်လု နောက်လှည့်ကာ တွဲခေါ်လိုက်စဉ် သူမ လက်ကောက်ဝတ်ပေါ်၌ ဝင်းမွတ်တောက်ပသည့်လက်ကလေးတစ်ဖက်က လှမ်းကိုင်လာခဲ့သည်။

ကင်မရာမန်းမှ ချက်ချင်း ချဲ့ကြည့်လိုက်တော့ သူအဓိကကျသည့်အရာအား ရှာဖွေတွေ့ရှိသွားကာ နတ်သမီးဆန်ဆန် filterလေးပါ ထည့်ထားပေးခဲ့သည်။

အနက်ရောင် ကိုယ်ကြပ်ဂါဝန်လေးအား ကြည်လင်တောက်ပသည့် စိန်များဖြင့် စီခြယ်ထားကာ လူက ကားထဲမှ ထွက်လာသည်နှင့် ဂါဝန်အနားသတ်ကွဲကြောင်းလေးမှတစ်ဆင့် အချိုးကျလှပသည့် ခြေတံလေးက လှလှပပ ပေါ်ထွက်လာခဲ့သည်။

ဝတ်စုံသည် ချောင်ဆမ်ဝတ်စုံနှင့်တူပေမဲ့ လျော့တိလျော့ရဲ အနေအထားရှိကာ ဆွဲဆောင်မှုရှိသော ခြေတံရှည်များ၏ စွဲမက်ဖွယ်ကောင်းသည့် မြင်ကွင်းကိုတော့ လျော့မကျစေခဲ့ပေ။

ထိုအချိန်အတွက် ထင်မထားလောက်အောင် အသုံးဝင်သည့် အရင်ခေတ်က သုံးနေကျ နည်းပညာအတိုင်း ကင်မရာသည် သူမ၏ခြေတံသေးသေးလေးမှစကာ ခေါင်းထိ တဖြေးဖြေးပြသလာခဲ့သည်။

ဤသည်မှာ ကြည့်ရှုသူပရိသတ်များအား ထူးခြားဆန်းပြားသည့် လက်ဆောင်မျိုးကို ကင်မရာမှတစ်ဆင့် ဖွင့်လှစ်ပြသနေသလိုပင်။

ကင်မရာက သူမခါးနားရောက်သွားသည်နှင့် ဝတ်စုံသည်လည်း ခါးနားတွင် တင်းရင်းချပ်ရပ်နေပြီး သူမ၏လှပသော ကောက်ကြောင်းကို ပေါ်လွင်ထင်ဟပ်စေကာ သူမ၏ ဝါဖန့်ဖန့် ဆံနွယ်များမှာလည်း ရင်ဘတ်အောက်ထိ ဖြာကျလျက်ရှိသည်။

စုချန်ယန် ဆံပင်အရောင်မှာ လိမ္မော်နှင့်အဝါစပ်ထားသည့် အရောင်မျိုးဖြစ်ပြီး လင်းယွီ သူမကို အစီအစဉ်မရိုက်ကူးခင် ဆိုးခိုင်းထားခြင်းပင်။

စခရင်ပေါ်တွင် စုချန်ယန် မျက်နှာပေါ်လာသည်နှင့် သူမပတ်ပတ်လည်တွင် ပန်းရောင် ပူဖောင်းလေးများ ရုတ်တရတ် ထွက်ပေါ်လာပြန်သည်။

စုချန်နှင့် ရှောင်လုတို့က တစ်ယောက်နှင့် တစ်ယောက် ပါးစပ်အဟောင်းသား ကြည့်မိခဲ့ကြသည်။

[စုချန်ယန်!]

[လှလိုက်တာကောင်မလေးရေ ဒီပုံစံက လုံးဝအမိုက်စားပဲ!]

[ငါတို့ fandom ကတော့ နတ်ပြည်ကနေ မဆင်းနိုင်တော့တဲ့အဖြစ်ပဲဟေးးး]

[အိုးမိုင်ဂေါ့! အိုးး မိုင် ဂေါ့! အစ်မတော်ရေ သေလောက်အောင်လှနေပါလား]

စုချန်ယန်၏ အပြင်အဆင်က ရင်သပ်ရှုမောဖွယ်ဖြစ်နေခဲ့သည်။

All Chapters