← Chapters

အခန်း ၆၃

Vol. 5 Ch. 63

အခန်း ၆၃

Vol. 5 Ch. 63

သူမက တည်တန့်ကာ အေးတိအေးစက်ဖြစ်နေချိန် သူမ၏ ကိုယ်ရောင်ကိုယ်ဝါမှာ ပိုပြီးထင်းနေခဲ့သည်။ သူမ၏ ပြုံးယောင်သမ်းနေသည့် နှုတ်ခမ်းလေးနှင့်အတူ ကင်မရာဘက် အမှတ်တမဲ့ကြည့်ခဲ့သည်။

[သူမရဲ့အပြုံးက သေစေနိုင်တဲ့လက်နက်လိုပဲ!]

[သူမရဲ့အလှနဲ့တင် စီစဉ်တည်းဖြတ်ပေးတဲ့ထဲက ဖြစ်ကတတ်ဆန်း effect တွေကို မမြင်နိုင်တဲ့အထိ

လုံလုံလောက်လောက်ကို လှတယ်]

[စုချန်ယန်ရဲ့ ပထမဆုံးဇာတ်ကားကို ကြည့်ဖူးကြလားဟင်? သူမအတော့်ကို ပြောင်းလဲသွားသလိုပဲ]

[ခုနကအကြောင်းပြန်ပြောရရင် ရိုက်ကွင်းနောက်ကွယ်က မြင်ကွင်းကို ငါမြင်လိုက်တယ်။ အရင်တုန်းက အစ်မက ကိုယ့်ကိုကိုယ် ယုံကြည်မှုမရှိသလိုပဲ။ စကားပြောရင် အထစ်ထစ်အငေါ့ငေါ့နဲ့]

[ဟုတ်တယ် အခုသူမက ပိုပြီးယုံကြည်မှုရှိလာသလိုပဲ။

သူ့ရဲ့အသွင်အပြင်ကိုက အတော့်ကို ထည်ထည်ဝါဝါရှိနေတာ ပြီးတော့ သူမရဲ့စရိုက်လက္ခဏာကို ကြည့်ရတာ လုံးဝတခြားတစ်ယောက်လိုပဲ။ ယုံကြည်မှုရှိတဲ့အမျိုးသမီးဆိုတာ တကယ့်ကို အတောက်ပဆုံးပဲ]

ကောမန့်များမှာ တရစပ်ဆိုသလို အုန်းအုန်းထနေပြီး

စုချန်ယန်ရဲ့ အဝတ်အစား ဆင်ယဥ်ထားပုံကို ပြသရာမှ ချက်ချင်း ညစာစားပွဲကဏ္ဍအပိုင်းဆီ ‌ချိတ်ဆက် ပြောင်းလဲလိုက်ပုံနှင့် ပက်သက်၍ စိတ်ထဲတွင် ကြိတ်အထင်ကြီးမိသွားသည်။

စုချန်ယန်သည် သူမထိုင်‌ခုံမှထကာ လက်တစ်ဖက်တွင် တူကိုင်ထားပြီး တစ်ဖက်တွင် ပန်းကန်ပြားကိုင်ထားခဲ့သည်။ မျက်လုံးများသည်လည်း ရဲနေဟန်ရှိပြီး တွန့်ဆုတ်ကာ ကူကယ်ရာမဲ့ပြီး သနားစရာလေးသဖွယ်ပင်။

စုချန်ယန် တစ်ယောက်ကြည့်ရင်း အထပ်ထပ်အခါခါစွံ့အနေမိကာ ဆက်တိုက်ဆိုသလို ကောမန့်များတွင်လည်း " ? " များတက်လာခဲ့သည်။

[ဘာဖြစ်တာလဲ?]

[ငါ့ရဲ့ကြော့ရှင်းလှပတဲ့မမက ရုတ်တရတ်ကြီး ဘယ်လိုဖြစ်လို့ နူးညံ့သွားတာပါလိမ့်??]

[အားးးးးးး ဘေဘီလေး မငိုပါနဲ့! လာ မာမီ့အိပ်ယာပေါ်လာငို!]

[‌အပေါ်ကတစ်ယောက် နင့်အတွင်းခံကို ငါ့မျက်နှာဆီပစ်ပေါက်လိုက်တာလား?]

ရုတ်တရတ် ပြောင်းလဲသွားသည့် မြင်ကွင်းကို ကြည့်ရင်း စုချန်ယန် ခေါင်းရှုပ်သွားသည်။

သူမကိုယ်တိုင် အဲ့လိုလုပ်ခဲ့တာ မှန်ပေမဲ့လည်း သူမဖြစ်ချင်တဲ့အတိုင်း ဖြစ်နေတုန်းလေး အဲ့လောက်ကြီး ချပြဖို့ထိ လိုအပ်လို့လား?

တကယ်ကြီး သူမကို မျက်နှာ ဘယ်နား သွားရမှန်းမသိတဲ့အထိ လုပ်နေတော့မှာလား?

" ? "များနှင့်ပြည့်နှက်နေသည့် ပရိုဂျက်တာကို ကြည့်ရင်း စုချန်ယန်က ရှက်ကိုးရှက်ကန်းဖြင့် ကိုယ့်မျက်စိကိုယ် အထိတ်တလန့် ထအုပ်မိသည်။

"ပြောင်း လိုင်းပြောင်းလိုက်! မြန်မြန်လိုင်းပြောင်းလိုက်ပါတော့!" စုချန်ယန်က အလန့်တကြား ဗလုံးဗထွေး ထပြောခဲ့သည်။

ရှောင်လုက ကြည့်လက်စရုပ်ရှင်ကို ဇာတ်ရည်လည်တဲ့အထိ မနားတမ်း ကြည့်တတ်သည့်သူမို့ စုချန်ယန်ပြောသည်ကို ဂရုမထားဘဲ သွားကြားထိုးတံနှင့် အသီးတစ်စိပ်ယူစားလိုက်သည်။

စုချန်ယန် စိတ်တိုကာ ရှက်ရမ်း ရမ်းနေပုံကိုကြည့်ရင်းသူမလည်း ရယ်ကာ စခဲ့သည်။

"ဘာဖြစ်လဲ တော်တော် စိတ်ဝင်စားဖို့ကောင်းတယ်လို့တော့ ငါထင်တယ်။ ပုံမှန် ရသစုံရှိုးတွေထက်စာရင် အများကြီး ပိုကြည့်လို့ကောင်းတယ်"

" တည်းဖြတ်ထုတ်လုပ်သူတွေဘက်က အရမ်းလွန်လွန်းအားကြီးတယ်! သူတို့ဘာလို့ ဒီလိုလုပ်ရက်ရတာလဲ? လူတွေရဲ့အမြင်မှာ ငါ့ပုံစံက လုံးဝကို ပေါက်ကရတွေ ဖြစ်ကုန်ပြီ" စုချန်ယန်က တဂျီဂျီထိုင်ညည်းနေတော့သည်။

ရှောင်လုလည်း ရယ်ချင်စိတ်ကို မနည်းထိန်းထားရကာ

သူမကို ချော့ပြောခဲ့သည်။"ကဲပါ... ဘယ်လိုပဲဖြစ်ဖြစ် နင့် imageက ရေရှည်တည်တံ့ဦးမှာလည်း မဟုတ်ဘဲနဲ့"

စုချန်ယန်သည် သူမကို မျက်နှာကြီးရဲကာ ကြည့်ခဲ့သည်။

တကယ်တော့ စုချန်ယန်လည်းပဲ အခြားသူတွေရဲ့အထင်အမြင်တွေကို အရှက်မရှိတာကြောင့် အရေးလုပ်မျိုးမှမဟုတ်ခဲ့ဘဲ!

ရိုက်ကူးနေသည့် အ‌တောအတွင်း သူမ အပြုအမူတချို့က အနည်းငယ် ရှက်စရာကောင်းနေမည်မှာ ကိုယ်တိုင် သိနေသော်ငြားလည်း သူမ၏ မျော်လင့်ချက် အမျှင်တန်းလေးကိုတော့ ဆုပ်ကိုင်ထားမိချင်ခဲ့သည်ပင်။

ဥပမာ- အခြား ဧည့်သည်များနှင့် တွေ့ဆုံစဥ်၊ စုချန်ယန်က ထိုသူများ၏ အမြင်တွင် အလွန်ခံ့ညားဝင့်ထည်နေခဲ့သည်။

သူမ၏ ခံ့ညားထည်ဝါနေမှုက ပရိသတ်များ၏ စိတ်ထဲတွက် နက်နက်ရှိုင်းရှိုင်း စွဲထင်ကျန်ရစ်နေရသည်မှာ

ဤရှိုးအစီအစဉ်၏ သက်ရောက်မှုကြောင့်ဟူ၍ ထင်

ကောင်း ထင်လာကြလိမ့်မည်။

သို့ပေမဲ့ ယခုတော့ သူမပေါ်လာသည်နှင့် ပရိသတ်၏ အမြင်တွင် စုချန်ယန်၏ တည်ငြိမ်ရင့်ကျက်နေသည့်ပုံစံမှာ လုံးလုံးလျားလျား ‌သဲထဲရေသွန်ဖြစ်သွားရသလို ပျက်စီးသွားရပြီဖြစ်သည်။

စိတ်ဓာတ်ကျကာ မျှော်လင့်ချက် ပျောက်ဆုံးသွားသလိုဖြစ်နေသည့် စုချန်ယန်ကို ကြည့်ရင်း ရှောင်လုက သူမကို သေချာရှင်းပြရင်း ချော့ပြောခဲ့သည်။

"ဘာမှမဖြစ်ပါဘူး။အရာအားလုံးက စီစဉ်တည်းဖြတ်တဲ့နေရာမှာ နည်းနည်းလိုအပ်တာလေးရှိသွားရုံပါ"

"နင့်ဖုန်း ခဏငှားလို့ရမလား?" စုချန်ယန်က ရှောင်လုကို လက်ဖြန့်ရင်းတောင်းခဲ့သည်။

"ဘာလို့လဲ?" ရှောင်လုလည်း သူမဖုန်းကိုကမ်းပေးရင်းမေးခဲ့သည်။

စုချန်ယန်က Cat&Dog ဗီဒီယို အက်ပ်လီကေးရှင်းကိုဖွင့်ပြီး <Travel> ၏ ပထမအပိုင်းကိုဝင်ရောက်ကာ သူမကြည့်ရှုနေသည့် နေရာမှ progress barကို ဆွဲချပြီးနောက် တရစပ်ဝေဖန်သည့် မှတ်ချက်သုံးခုကို ဆက်တိုက်ပေးပို့ခဲ့သည်။

[အဲ့ဒါကလုံးဝ အစီအစဉ်ရဲ့သက်ရောက်မှုကြောင့်ပဲဖြစ်မှာ]

[သေချာပေါက် အစီအစဉ်ရဲ့ သက်ရောက်မှုကြောင့်ပဲ]

[စုချန်ယန်ကတော့ အောင်မြင်ချင်တဲ့ လောဘနဲ့တင် ရူးမတက်ကိုဖြစ်နေပြီ]

ရှောင်လုက ဖြစ်စဉ်တစ်လျှောက်လုံး ဆွံ့အစွာငေးကြည့်နေရင်း စုချန်ယန်အား အသံပင်မထွက်နိုင်ဘဲလက်မထောင်ပြပြီးမှ တတွတ်တွတ်ပြောခဲ့သည်။

"စုချန်ယန် ငါလေ နင့်လို ကိုယ့်ကိုကိုယ် ဘလိန်းရတာကြိုက်တဲ့ artist မျိုး တစ်ခါမှ မမြင်ဖူးဘူး"

စုချန်ယန်မှ တရစပ် ဝေဖန်ချက် ကောမန့်များ

ရေးလိုက်ပြီးသည်နှင့် ပြန်လည်ချေပသည့် ကောမန့်များသည်လည်း ပေါ်လာခဲ့သည်။

[ဘာဖြစ်နေတာလဲ အစီအစဉ်ရဲ့သက်ရောက်မှုကြောင့်

ဆိုတာတွေချည်း ပြောနေပါလားဟ သူမ ဘာလို့ဒီလိုဖြစ်နေရလဲ သိလို့လား?]

[ခုတလော ရူးကြောင်ကြောင်သမားတွေ တော်တော်များတယ်နော် ဟိုကဘာမှတောင် မလွှင့်ရသေးဘူး

ဒီမှာ ပေါက်လို့ပဲစားတွေ လာပြောကြပြီ]

[မင်းရဲ့ ကောင်းခြင်းနိမိတ်ဆောင်တဲ့ စကားအတိုင်း

လှလွန်းတဲ့ ကောင်မလေးကတော့ သေချာပေါက်ကို နာမည်ကြီးပြီး အောင်မြင်ကျော်ကြားတော့မှာ]

ငါက နာမည်လည်းမကြီးချင်ဘူး! အောင်မြင်ကျော်ကြားချင်တာလည်းမဟုတ်ဘူး! အိမ်မှာပဲနေပြီး လှဲနေချင်တာဟ!

စုချန်ယန်လည်း စိတ်တိုတိုနှင့် ပြန်တုံ့ပြန်တော့မလို

ပြင်နေစဉ် ရှောင်လုက သူမလက်ထဲက ဖုန်းကို

ဆွဲလုပြီး ပြောခဲ့သည်။

"နင်တကယ်ကြီး ကိုယ့် fan တွေနဲ့ ရန်ဖြစ်ဖို့စဉ်းစားနေတာလား? နည်းနည်းပါးပါး သတိရှိရှိ နေမှဖြစ်မှာနော်

လွန်ခဲ့တဲ့နှစ်ရက်က ဖြစ်ခဲ့တာတွေ ပြီးတဲ့နောက်ပိုင်း

လိုင်းပေါ်မှာ လူအများစုက နင့်ဘက်မှာရှိနေတာ။ အမှတ်တမဲ့ သိလာကြတဲ့ လူတွေကြောင့် နင့်ရဲ့လူသိများကျော်ကြားမှု‌က တော်တော်လေး အခြေအနေ ကောင်းနေတာ။ တကယ်လို့ ခုချိန်မှာ နင့်ကိုယ်နင် သိက္ခာချနေရင်ပြဿနာကို ဖိတ်ခေါ်နေသလို ဖြစ်မနေဘူးလား"

စုချန်ယန်လည်း တစ်ဖက်လှည့်ကာ သူမဖုန်းကို ဆွဲယူလိုက်ပြီး လင်းယွီကို ဖုန်းဆက်လိုက်သည်။

ဖုန်းကိုင်လိုက်ပြီး လင်းယွီဘက်က ဘာမှပြောမလာခင်မှာဘဲ စုချန်ယန်က စပြောခဲ့သည်။ "မန်နေဂျာလင်း! [Travel]အစီအစဉ်ရဲ့အဖွဲ့သားတွေက ကျွန်မရဲ့ဂုဏ်သိက္ခာ ကျဆင်းအောင် တမင်ကြံပြီး လုပ်နေကြတယ်ဆိုတာကို လှမ်းအကြောင်းကြားတာပါ!"

သူမဘက်က ဒီလိုပြောလာလိမ့်မည်ဟု လင်းယွီလည်းထင်မထားခဲ့မိတာမို့ ခဏတာမျှ စွံ့အနေမိသည်။ လင်းယွီက သူမကို သတိပေးသလို ပြောခဲ့သည်။"ဒါရိုက်တာကြီးက ကျွန်တော့်ဘေးမှာထိုင်နေတာ"

စုချန်ယန် - "..."

"ပိုဆိုးတာက ကျွန်တော်ကလည်း စပီကာကို မတော်တဆ ဖွင့်ထားမိတာ"

စုချန်ယန် - "..."

စုချန်ယန်လည်း ချက်ချင်း မျက်နှာထား ပြောင်းသွားကာ ပြောခဲ့သည်။ "ဒါရိုက်တာ?.. ဒါရိုက်တာကြီး

ကျွန်မက နောက်‌နေတာပါ အတည်မယူပါနဲ့။ တကယ်တော့ အစီအစဉ်ကို တည်းဖြတ်ထားတာ တော်တော်လေး ကြည့်လို့ကောင်းတယ်ဆိုတဲ့ အကြောင်းကို မန်နေဂျာလင်းကို အသိပေးချင်တာပါ"

သူမကိုယ်သူမ ဖာထေးပြောလိုက်ပေမဲ့ ရုတ်တရတ်၊

တစ်ဖက်က ဖုန်းမှ ပါးစပ်ပိတ်ကာ ရီနေသည့် အသံသဲ့သဲ့ကို ကြားလိုက်ရပြီး ပြောလာခဲ့သည်။

"အရူးလုပ်လိုက်တာ.."

"ဒါရိုက်တာကြီး..." စုချန်ယန်၏ အသံက ရုတ်တရတ်ဆိုသလို အားမပါတော့သလိုပင်။

လင်းယွီ - "တခြားပြောစရာ မရှိတော့ဘူးဆိုရင် ကျွန်တော် အရင်ဖုန်းချလိုက်တော့မယ်နော်"

စုချန်ယန်လည်း နှုတ်မှ 'အို'ခနဲ ခပ်တိုးတိုးလေး ရေရွတ်မိသည်။

ဖြေးညှင်းစွာ ဖုန်းကိုချလိုက်ပြီးနောက် စုချန်ယန်က သူမဘေးရှိ စချင်နေသည့် အပြုံးမျက်နှာမျိုးဖြင့် ကြည့်နေသော ရှောင်လုဘက် လှည်ကြည့်မိသည်။

"မန်နေဂျာလင်း သူ..."

ရှောင်လုက မျက်စိမှိတ်ပြရင်း ပြောခဲ့သည်။"ငါကြားတယ်"

"သူတကယ်ကြီး..."

"ငါ နင့်ကို ဟိုးအရင်ထဲက ပြောဖူးပါတယ်။ ဝမ်းကွဲက ထင်ထားတာလောက် သိပ်ကောင်းတဲ့လူမျိုး မဟုတ်ဘူး"

"သူက တကယ်ကြီး..."

"အိုခေ.. အိုခေ.. အခု နောက်တစ်ယောက် ထွက်လာရမဲ့အချိန်ရောက်ပြီ"

ရှောင်လုလည်း သူမလက်ထဲက ဖုန်းကို ယူလိုက်ကာ ဘေးချထားလိုက်ပြီး အစီအစဉ်ကို ဆက်ကြည့်ဖို့ နားချလေသည်။

‌ဒုတိယကြိမ်မြောက် ပေါ်လာမည့်သရုပ်ဆောင်မှာ

စုန့်မင်ကန်ဖြစ်သည်။ ယခင်က သူသည် စိတ်ထဲစွဲကျန်ရစ်စေနိုင်သော ပညာတော်သင်ကျောင်းသားဇာတ်ကောင်အဖြစ် ကြိမ်ဖန်များစွာ သရုပ်ဆောင်ခဲ့ဖူးသည်။

သူထွက်လာသည်နှင့် သူ၏ များစွာသောဇာတ်ကောင်နာမည်များမှာ ဖုန်းမျက်နှာပြင်တွင် ဆက်တိုက်ဆိုသလိုအစီအရီ ပေါ်လာကြသည်။ ဒါပေမဲ့ စုချန်ယန်နှင့် ယှဉ်ရင်တော့ ကောမန့်များမှာ သိပ်မများပေ။

စုန့်မင်ကန်ကားထဲမှ ထွက်လာပြီးသည်နှင့် ဇာတ်ဝင်ခန်းမှာ ချက်ချင်းထင်မထားဘဲ တခြားတစ်ခန်းဆီရောက်သွားသည်။

စခရင်ပေါ်တွင် ပြသနေသည့်အခန်းသည် နောက်တစ်နေ့၊ ဝမ်ကျင့်ရွာသို့ သွားနေသည့် ကားပေါ်တွင်ရှိနေသည့်အချိန်ဖြစ်သည်။

စုန့်မင်ကန်က ကားရှေ့ခန်းတွင် ထိုင်နေကာ နောက်ခန်းမှ စိတ်ညစ်နေသည့် မျက်နှာဘေးနှင့် ထိုင်နေသော နှစ်ယောက်ဘက်ကို လှည့်ကြည့်ရင်း ပြောနေခဲ့သည်။

"ချန်ယန် ငါ့ကိုစကားနိုင်လုဖို့အတွက်နဲ့ သူနဲ့သွားမပေါင်း‌နဲ့လေ။ ငါတို့ရဲ့ခင်မင်မှုက သူမထက် ပိုလေးနက်တယ်"

ထို့နောက် ဟန်စုန့်ရွှယ်မှ ဘာပြောရမှန်း မသိသောပုံစံနှင့်မေးခဲ့သည်။ "နင်တို့နှစ်ယောက်က အရင်ထဲက သိကြတာလား?"

စုန့်မင်ကန်က ပြန်ပြောခဲ့သည်။"သူနဲ့က နင့်ထက် ၁၀မိနစ်စောပြီး အရင်သိထားပြီးပြီလေ"

စုချန်ယန် - ".."

တရစပ်တက်လာသော "?"များး - ...

[ငါ့ရဲ့ထူးချွန် ကျောင်းသားလေးက?]

[ဘယ်လိုဖြစ်လို့ ထူးချွန်ဆုလေးက ဒီလိုဖြစ်သွားရတာလဲ?]

[စုချန်ယန်က အဲ့လိုပေါက်ကရမျိုးကို မျက်နှာတည်ကြီးနဲ့ ဘယ်လိုလုပ် ပြောထွက်တာလဲ?]

ရှက်ပေမဲ့လည်း မျက်နှာပျက်စရာမှာ သူမ တစ်ယောက်တည်း မဟုတ်တော့တာမို့ စုချန်ယန် စိတ်ထဲ နေသာထိုင်သာ ရှိသွားတော့သည်။

သူမသည်လည်း နောက်ပိုင်းလာမည့် အားလုံး၏ ပုံစံပေါင်း သောင်းခြောက်ထောင်အား စောင့်စားနေမိတော့သည်။

ထိုအချိန်တွင် သူမတစ်ခုခုကို သတိရလိုက်ပြီး ဖုန်းကောက်ကိုင်လိုက်သည်။

ခုနက လင်းယွီနှင့် စကားပြောနေခဲ့တုန်းက ဟန်စုန့်

ရွှယ်နှင့် အခြားလူတချို့မှာ WeChat group ထဲ သူမကို ရီနေခဲ့ကြပေမဲ့ အဲ့အချိန်တုန်းက စီဘီကို ဝင်မကြည့်ရဲခဲ့ပေ။

ဒါပေမဲ့ အခုတော့‌ ဝင်ကြည့်ချင်လာပြီ..

Group chat ထဲကို ဝင်လိုက်ပြီး အပေါ်‌ကို‌ဆွဲကြည့်လိုက်တော့ တော်တော်များများ ရင်းနှီးသည့်သူများ အပါအဝင် သူမအား စနောက်နေကြပြီး ဟန်စုန့်ရွှယ်၏ ရယ်သံကတော့ အကျယ်ဆုံးဖြစ်သည်။

စုချန်ယန် - " @စုန့်မင်ကန် ဟုမန်းရှင်းခေါ်ပြီး

"ဟားဟားဟားဟား"ဆိုသော စာကို အရှည်ကြီးပို့ပြီးနောက် group ထဲမှ ထွက်လိုက်သည်။

All Chapters