← Chapters

အခန်း ၆၄

Vol. 5 Ch. 64

အခန်း ၆၄

Vol. 5 Ch. 64

စုန့်မင်ကန်ပြီးလျှင် ထန်ချီ အလှည့်ရောက်ပြီဖြစ်ပြီး သူမ၏ မိတ်ဆက်ပုံသည်မှာလည်း အတော်အသင့် သာမန်ပင်ဖြစ်ကာ တခြားနောက်ပိုင်းအခန်းဆက်တိုများကို ကျော်ပြသော်လည်း သူမ၏ imageကို ထိခိုက်စေတာမျိုးမပါခဲ့ပေ။

လေးယောက်မြောက်ပြသမည့် ဧည့်သည်မှာ ဟန်စုန့်ရွှယ်ဖြစ်သည်။

ဟန်စုန့်ရွှယ် အလှည့်လာသည်နှင့် စုချန်ယန်က ဖျတ်လတ်တက်ကြွကာ အားအင်အပြည့်ဖြစ်သွားပြီး ထင်ထားသည့်အတိုင်း သူမနာမည်အား မိတ်ဆက်ပြပြီးနောက် အမည်းရောင်ဗလာအတိဖြစ်သွားပြီး ဟိုတယ် ညစာစားပွဲကျင်းပရာအခန်းဆီ ချက်ချင်းရောက်သွားခဲ့သည်။

သူမသည် စုချန်ယန်အား သိုသိုသိပ်သိပ်နှင့် ဘေးကိုဆွဲလိုက်ပြီး ပြောခဲ့သည်။

"ခုနကပဲ ငါအိမ်သာသွားတော့ ပသိုင်းမွှေးကြီးနဲ့ နည်းနည်းပေတိပေစုတ်လို ပရိုဂျူဆာရှိတဲ့ အခန်းနားက ဖြတ်လာတာ..သူက.."

စုချန်ယန်က သူမပြောနေသည်ကို ခပ်တည်တည်နှင့် ကြားဖြတ်ပြောခဲ့သည်။"စုန့်ရွှယ် နင် ဒါမျိုးကို အရင်ကရော ကြားဖူးလား?"

"အာ?ဘာများလဲ?"

"နင်က မိန်းကလေးအဖွဲ့ထဲ ရှိနေတာကြောင့်ရော သရုပ်ဆောင် မကောင်းတာကြောင့်ရော အပြည့်အဝမလှတာတွေကြောင့် ဘယ်ဇာတ်ကောင်မျိုးကိုမဆို ရနိုင်တဲ့အခွင့်အရေးမျိုး မရှိခဲ့တာမျိုး မဟုတ်ဘူး"

"ဒါဆို ဘာလို့လဲ?"

"ဘာလို့လဲဆိုတော့ ပါးစပ်က စကားပြောကြမ်းပြီး

လူတော်တော်များများကို စော်ကားရာကျလို့"

ဟန်စုန့်ရွှယ်က ချက်ချင်း သတိထားမိသလိုဖြစ်သွားကာ ပြောခဲ့သည်။ "နင်ပြောတာမှန်တယ်! အဲ့ဒါကြောင့်မို့ တစ်ခါက အင်တာဗျူးတစ်ခုမှာ ပါခဲ့တုန်းက သေလောက်အောင် အပြောအဆိုခံရတာကိုး"

တရစပ်တက်လာသောကောမန့်များ -

[စတုပစ် ဘျူးတီး]

[ဟားဟားဟားးးး သူမ သတိထားမိသွားတဲ့ပုံစံက သူ့ကိုယ်သူ လူတွေကို နစ်နာအောင်ပြောနေမိမှန်း တကယ်ကြီး မထင်ထားတဲ့ပုံစံနဲ့]

[အရင်က သူမရဲ့အင်တာ‌‌ဗျူးတွေကို ကြည့်ဖူးတယ်။ တကယ်ကြီး ပွင့်ပွင့်လင်းလင်းကြီးကို ဆော်တာ]

[အဲ့ဒါမျိုးကျ ဝေဖန်ရေးဆက်ကွင်းလို့ခေါ်တာ]

စုချန်ယန်သည် ဟန်စုန့်ရွှယ် ပေါ်လာသည့်ပုံစံကို ကျေနပ်အားရသွားကာ WeChat group ထဲ ဝင်လိုက်ပြီး ဟန်စုန့်ရွှယ်ကို မန်းရှင်းခေါ်ရင်း ပြောလိုက်သည်။

"စတုပစ် ဘျူးတီးတဲ့ ဟားဟားဟားးးး"

ဟန်စုန့်ရွှယ် - "..."

"စီစဉ်တဲ့အဖွဲ့က တစ်ခုခုတော့တစ်ခုခုပဲ"

ဧည့်သည် သရုပ်ဆောင်ကိုးဦးမှာ တစ်ယောက်ပြီးတစ်ယောက်‌ ထွက်ပေါ်လာကြပြီးနောက် စိစစ်တည်းဖြတ်သည့်အဖွဲ့ဘက်မှ ယင်းတို့အပေါ် ပရိသတ်၏ ပထမဆုံးအမြင်ကို ပထမဆုံးအဝင်မှာတင် တစ်စစီဆုတ်ဖြဲပစ်လိုက်ပြီဖြစ်သည်။

Travel အစီအစဉ်၏ ပွဲဦးထွက်မှာတင် ရေပန်းစားနေသည့် ခေါင်းစဉ်အကြောင်းအရာများမှာ ထိပ်ဆုံး၁၀ဆင့်ထဲဝင်သွားပြီး ထိပ်ဆုံး၃ဆင့်ထဲ ဝင်နိုင်ချေရှိကြောင်းကို ထောက်ပြခဲ့သည်။

ဧည့်သည် သရုပ်ဆောင်ကိုးဦးသည် ထမင်းစားစားပွဲတွင် လူစုကာထိုင်ပြီး နေရခက်စွာစကားပြောကြရင်း တစ်မိနစ်ကြာပြီးနောက် ဟိုတယ်ဝန်ထမ်းလေးက ပန်းကန်ပြားများ လာချပေးခဲ့သည်။

ရုတ်တရတ် အနီးကပ်ရိုက်ချက်ကို စုချန်ယန်၏ တည်ငြိမ်‌နေသည့်မျက်နှာဆီ ချိန်ရွယ်လိုက်သည်။

နောက်ထပ် ဘာဖြစ်လာမလဲဆိုသည်ကို စုချန်ယန် သတိရလိုက်မိသည်။

[ဟားး..ငါတို့ရဲ့အလှလေးခမျာ screen time သိပ်မရရှာဘူး သူ့ကိုလည်းချစ်ပေးဦးမှ-]

[စုချန်ယန်က ငါ့ကိုကြည့်လိုက်တယ်! သူမ ငါ့ကိုကြိုက်တာပဲ!]

[ကောင်မလေးက အကြည့်တစ်ချက်ထဲနဲ့ ငါ့အသည်းနှလုံးကို ဖမ်းစားလိုက်နိုင်တယ်]

ခဏကြာတော့ အေးဆေးတည်ငြိမ်နေသည့် စုချန်ယန်မှာ ရုတ်တရတ် မော့ကြည့်လာပြီး တစ်ယောက်ပြီးတစ်ယောက် ဝင်လာကာ ဝန်ဆောင်မှုပေးနေသည့် ဝန်ထမ်းများကို မျက်လုံးအရောင်များ တစ်လက်လက်ဖြင့် လိုက်ကြည့်နေခဲ့သည်။

ကင်မရာက သူမလှုပ်ရှားသည့်အတိုင်း လိုက်ချိန်နေကာ သူမ ပန်းကန်တွင်ရှိသည့် စားစရာပေါ်ကို‌ပင် အနီးကပ်ချိန်လိုက်သေးသည်။

[ဟားးဟားးး..]

[အစ်မတော်က ဗိုက်ဆာနေတာလား? မျက်လုံးကြီးလည်း ပေါက်ထွက်သွားဦးမယ်]

[သူ့ပုံစံက ငါ့အိမ်က ခွေးပေါက်လေးလိုပဲ။ ဘယ်ချိန်အစာကျွေးကျွေး မျက်လုံးတွေက တောက်ပနေပြီး ငါ့ကိုစောင့်ရင်း ကြမ်းပြင်မှာ ရိုရိုသေသေလေး ထိုင်နေတာ]

ခဏကြာတော့ ဝန်ဆောင်မှုပေးသည့် ဝန်ထမ်းများက ဧည့်သည်များ၏ စားသောက်ဖွယ်ရာများ သယ်လာပေးကြပြီး စုချန်ယန်ကိုလည်း အနီးကပ် ကင်မရာမှ ချိန်ထားခဲ့သည်။ တစ်ခုခုဖြစ်သွားကာ သူမ မျက်လုံးများကလည်း ချက်ချင်း ရဲလာခဲ့သည်။

[ဟမ်း! ငါသိနေတယ် သနားစရာကောင်းသလို စလုပ်လာတော့မယ်ဆိုတာ]

[ယန်ရှို့ရီကိစ္စကြောင့်များလား ငါမှန်းကြည့်တာ? အဲ့တုန်းက မစ္စရှန်ကိစ္စအတွက် စိုးရိမ်စရာမှမရှိခဲ့တာ]

[နင့်ရဲ့ဗျူဟာကို ပြောင်းလိုက်လို့မရဘူးလား? စစလာချင်း သနားစရာလို လုပ်ပြနေတာကြီးက နည်းနည်းမှ စစ်မှန်သလို ခံစားမနေရဘူး]

အခြားသရုပ်ဆောင်များနှင့် အွန်လိုင်းပေါ်မှ လူထု၏ အတွေးမျာမှာ ဒီတစ်ခါတော့ တူညီခဲ့ကြသည်မှာ တစ်ထေရာထဲပင်။ ထို့နောက် ကင်မရာမှ တမင်တကာ ထန်ချီအပါအဝင် အခြားသရုပ်ဆောင်များ၏ အဓိပ္ပာယ်ဖော်မရသည့် မျက်နှာထားများကို ပြလာသည်။

ဧည့်သည် သရုပ်ဆောင်များထဲတွင် ထန်ချီမှာ အတွေ့အကြုံ အများဆုံးဖြစ်ပြီး အခြေအနေကို အေးတိအေးစက် မဖြစ်စေချင်တာကြောင့် စုချန်ယန်ကို ဇာတ်ညွှန်းထဲက စကားတချို့ လှမ်းပြောလိုက်သည်။

"ချန်ယန် ညီမလေးမှာ တစ်ခုခု အခက်အခဲရှိရင် ထပြောလိုက်နော် အစ်မ ကူညီနိုင်တာရှိရင် အတတ်နိုင်ဆုံးကူညီပေးမှာပါ"

[စုချန်ယန် - အစ်မဆီက အဲ့လိုစကားမျိုးကို မျှော်နေတာ]

[သနားစရာတွေ ထုတ်ရောင်းပြီး ပရိသတ်တွေကိုယ့်ဘက်ပါလာအောင် ဆွဲဆောင်တာမျိုးဆိုတာ ဖျော်ဖြေရေးလောကမှာ အမြတ်ထုတ်နေကျပုံစံလေ]

[ယန်ရှို့ရီက လောလောဆယ်မှာ တရားရုံးမှာအမှုကိစ္စတွေ ရင်ဆိုင်နေရတာကြောင့်မို့လို့တော့ အဲ့ကိစ္စရဲ့လမ်းကြောင်းအတိုင်း လိုက်စီးမြောနေဖို့က တကယ်ကြီးလိုအပ်မနေဘူးနော်]

[မားကတ်တင်းအဖွဲ့တွေကို ခပ်မိုက်မိုက် သတင်းခေါင်းစဉ် ကူစဥ်းစားပေးတဲ့အနေနဲ့ ဒီလိုနာမည်တပ် ပေးလိုက်မယ်။

#စုချန်ယန်မှ ယန်ရှို့ရီနှင့် ဖြစ်သည့်ပြဿနာအကြောင်း ပထမဆုံးအကြိမ် လူသိရှင်ကြားထုတ်ဖော်ပြောကြားခြင်း]

တရစပ်တက်လာသည့်ကောမန့်များမှာ စုချန်ယန်ကို ဝေဖန်စွပ်စွဲချက်များကော ကာကွယ်ပြောဆိုမှုများပါ ပါဝင်ပြီး အရှိန်ရနေသည့် စကားနိုင်လုပွဲအသွင်ပြောင်းလဲဖြစ်ပေါ်စေခဲ့သည်။

ကင်မရာထဲတွင် စုချန်ယန်က လှုပ်လှုပ်ရှားရှားပုံစံဖြစ်သွားကာ ခေါင်းကိုမော့လိုက်စဉ် မျက်လုံးထဲတွင်လည်း မျက်ရည်စများ တွဲခိုနေခဲ့သည်။

[သနားစရာလုပ်ပြနေတာကြီးက တကယ်စိတ်ပျက်စရာကောင်းတယ်]

[ရသစုံရှိုးအစီစဉ်ကိုကြည့်တာ ပျော်ချင်လို့ကြည့်တာဟ! နင်သနားစရာကောင်းအောင် လုပ်ပြတာကို

ကြည့်ဖို့မဟုတ်ဘူး]

[နင့်ကိုစိတ်ဝင်စားစရာကောင်းတယ်လို့ ထင်ထားတာ။ ဒါပေမဲ့ အခုတော့ ငါထင်ထားတာတွေက လုံးဝဇောက်ထိုး မိုးမျှော်ဖြစ်သွားပြီ]

[ယန်ရှို့ရီနဲ့ ကိစ္စက ဖြစ်ပြီးသွားတာကြာပြီဆိုပေမယ့် အဲ့အကောင်အကြောင်း ထပ်ပြောစရာမှမလိုတော့တာ။စိတ်တိုဖို့ကောင်းတယ်]

ခဏကြာတော့ မနည်းအောင့်အီးထားရသည့် စုချန်ယန်၏ အသံက ဖောက်ထွက်လာခဲ့သလိုပင်။

"အစ်မ.. အစ်မပန်းကန်ထဲမှာရှိတဲ့ အသားကိုတစ်ကိုက်လောက် စားလို့ရမလား?"

တုံ့ဆိုင်းမနေဘဲ ထန်ချီလည်းခေါင်းငြိမ့်ပြခဲ့သည်။

"ရတာပေါ့...ဟမ်?"

ရုတ်တရတ် သူမလည်း ပြန်ပြီးကြောင်ကြည့်နေမိသည်။ အခန်းထဲမှာ ရှိကြသည့် ဧည့်သည်သရုပ်ဆောင်များအားလုံးကြောင်သွားကြကာ ညစာစားပွဲကြီးက ချက်ချင်းဆိုသလို ငြိမ်ကျသွားခဲ့သည်။

တရစပ်တက်နေသည့် ကောမန့်များပါ ရုတ်ချည်းဆိုသလို ရပ်သွားခဲ့သည်။

စက္ကန့်အနည်းငယ်မျှကြာပြီးနောက် ကောမန့်များက

မတရားဆိုသလို ဆက်တိုက် တက်လာပြန်သည်။

【???】

[ငါနားကြားများမှားသွားလား?]

[ဘာ?]

[ပြန်ပြောလို့ရမလား?]

[မဟုတ်သေးပါဘူး..နင် သနားစရာကောင်းအောင်လုပ်ပြနေတာက နည်းနည်းလမ်းလွဲနေသလိုပဲ]

စခရင်ပေါ်တွင်ပေါ်နေသည့် "?"များအားကြည့်ရင်း စုချန်ယန် စိတ်က လှုပ်ရှားမှုမရှိသည့် ပင်လယ်ရေမျက်နှာပြင်လိုသာ တည်ငြိမ်နေတော့သည်။

သူမကိုယ်သူမ အစတည်းက မျက်နှာပူနှင့်ပြီးသားဖြစ်တာကြောင့် ယခု သူမ အကြောက်တရား မရှိတော့ပေ။

ဗီဒီယိုထဲ၌ စုချန်ယန်က လုံးဝကိုထိန်းမထားနိုင်တော့ပေ။"ကျွန်မ အသားမစားရတာ လဝက်လောက်ကြာပြီ။ကျွန်မ မန်နေဂျာက စားခွင့်ပေးမှာမဟုတ်..]

ဧည့်သည်သရုပ်ဆောင်များ - "..."

ကြည့်နေသည့် စုချန်ယန် - "...."

ထိုတစ်ခဏတွင် သူမအရမ်းဗိုက်ဆာနေခဲ့တာဖြစ်ပြီး

သူမဒီကနေ ကင်မရာထဲ ခုန်ဝင်သွားရင်တောင် အစားစားဖို့အကြောင်းပဲ တွေးမနေခဲ့သင့်ပေ။

[ဟားဟားဟားဟားဟားးးး]

[မြင်ရသလောက်တော့ ကလေးကို သွားရည်ကျအောင်လုပ်နေတာပဲ]

[ အံ့မခန်းကိုယ်ရောင်ကိုယ်ဝါတွေ တောက်ပပြီး အနိုင်မခံ အရှုံးမပေးတတ်တဲ့ ကောင်မလေးကို ပါးစပ်ထဲ မုန့်တွေနဲ့ ပလုတ်ပလောင်းကြီး ငိုချလိမ့်မယ်လို့တစ်ခါမှမတွေးခဲ့မိဘူး]

[Talk show မှာ ပါလာခဲ့တုန်းက ပုံစံနဲ့ယှဉ်လိုက်ရင်

စုချန်ယန်ကြည့်ရတာ ဝိတ်တော်တော်ကျသွားတာပဲ]

[မန်နေဂျာဆိုတဲ့ဟာကတော့ တကယ်ကို အရိုက်ခံသင့်တယ်! ငါ့ရဲ့ခွေးပေါက်လေးကို ဘာကိစ္စဗိုက်ဆာအောင်လုပ်ရက်ရတာလဲ!]

[ဟားဟားဟား စုချန်ယန်ရဲ့ပန်းကန်ထဲမှာ ကြက်သားရယ် အသီးအနှံနဲ့ အရွက်တွေချည်းပဲ]

[ငါလည်း ဝိတ်ချဖို့ကြက်သားတွေချည်း စားခဲ့သေးတယ် ဒါပေမဲ့ စားရပါများလာတော့ အန်ချင်လာတယ်]

[ထွက်သွား Starlight ဖျော်ဖြေရေး! စုချန်ယန်ကို မြန်မြန် အသားစားခွင့်ပေးလိုက်!]

[#စုချန်ယန်ကို အခုချက်ချင်း အသားတွေ ပေးစားလိုက်!]

[စုချန်ယန်က သနားစရာကောင်းအောင် လုပ်ပြနေတယ်! တကယ်ကို သနားစရာကောင်းအောင် လုပ်ပြနေတာ]

[ဆယ်ကျော်သက် ကောင်မလေးခမျာ လဝက်လောက် အသားမစားရခြင်း‌ကြောင့် ရုတ်ချည်းဆိုသလို မျက်ရည်တွေကျ‌လာစဉ်.. မားကတ်တင်းအတွက်ကြော်ငြာအဖြစ် လွတ်လပ်စွာအသုံးပြုနိုင်သည်။ ကျေးဇူးတင်ဖို့မလို]

အရောင်အသွေးစုံလင်လှသည့် တရစပ်ဝေဖန်သုံးသပ်ချက်များကိုကြည့်ရင်း စုချန်ယန်ငြိမ်ကျသွားခဲ့သည်။

ရှောင်လုက သူမဘေးမှာ အကြင်နာတရားကင်းမဲ့စွာ ထိုင်ရီနေခဲ့သည်။

သူမဖုန်းက တဂျီဂျီမြည်နေပြီး မြည်နေရသည်မှာလည်း WeChat group ထဲမှ စာများကြောင့်သာ ဖြစ်နိုင်သည်။

Group chat ထဲတွင် ဘာတွေ ဘယ်လိုဖြစ်နေမည်လဲဆိုသည်ကို စုချန်ယန်အနေနဲ့ ကြည့်စရာတောင်မလိုတော့ချေ။ ဟန်စုန့်ရွှယ်၏ ညှောင်နာနာရယ်သံကိုတောင် သူမ နားထဲတွင် ကြားယောင်လာမိသလိုပင်။

စုချန်ယန်က ထိုချိန်တုန်းက သူမ.ဦးနှောက်ထဲက ဆင်ခြင်တုံတရားတွေက ခုန်ထွက်သွားတာလား ရိုက်ထုတ်ခံလိုက်ရတာလား ဆိုတာကို တွေးဆနေမိသည်။

ဘယ်လောက်ပဲ စုချန်ယန် နောင်တရနေပါစေ အခြေနေတွေက ဒီအထိဖြစ်လာပြီးပြီမို့ ဘာမှ ပြောင်းလဲလို့မရတော့ပေ။

ဒီ့အပြင် အရှက်ကွဲသည်မှာ သူမတစ်ယောက်တည်းမ‌ဟုတ်ကြောင်း ခိုင်ခိုင်မာမာ ယုံကြည်သည်။

All Chapters