အခန်း ၆၅
Vol. 5 Ch. 65
ဇာတ်ဝင်ခန်းထဲတွင် ထန်ချီသည် အားရပါးရ ရယ်နေမိကာ သူမပန်းကန်ထဲမှ ယူစားလို့ရကြောင်း ပြောခဲ့သည်။ စုချန်ယန်လည်း ထိုင်ခုံမှ အပျော်လွန်ပြီးထရပ်ကာ ထန်ချီ့ဆီသွားမလို့ပြင်နေစဉ် ရုတ်တရတ် ထိတ်လန့်ဖွယ်တစ်ခုခုကို မြင်လိုက်ပုံရပြီး ထိုနေရာတွင်သာ ရပ်နေမိကာ နောက်ဆုံးမှာတော့ ရလဒ်အနေနဲ့ ရုတ်တရတ် ထခုန်မိသလိုသာ ဖြစ်သွားခဲ့သည်။
[ဟားဟားဟား အဲ့တော့ အကြောင်းရင်းက ဒီလိုပေါ့]
[အလှလေးက အသားမစားရလို့ ငိုနေခဲ့တာပေါ့လေ]
[အိုးးးမိုင်ဂေါ့ အရမ်းချစ်ဖို့ကောင်းတယ်]
[ကယ်ကြပါဦးးး! အရေးပေါ် နှလုံးဆေး ယူလာပေးကြပါဦးးး]
ထိုအချိန်မှာပင် ကင်မရာက စုချန်ယန်ကြည့်နေရာဆီ ချိန်ကြည့်လိုက်တော့ မန်နေဂျာဟု ထင်ရသည့်သူကို တွေ့လိုက်ရသည်။
[ရီရတာသေတော့မယ် မန်နေဂျာရှိနေတာကိုး!]
[မန်နေဂျာက ကြည့်ကောင်းသားပဲ.. အိုး ဟိုး!]
[Fun fact: စုချန်ယန်၏ မန်နေဂျာမှာ လင်းယွီဖြစ်သည်]
[ဟာဟားဟား ငါတို့အဖိုးတန်လေးရဲ့ ရုပ်လေးကိုကြည့်ကြပါဦးး အပြစ်ရှိသွားပြီ...]
[စုချန်ယန် - ဒီတိုင်းပဲထားလိုက်ပါတော့]
မန်နေဂျာပေါ်လာသည်နှင့် စုချန်ယန်လည်း ချက်ချင်း
ပုံမှန်အတိုင်း ပြန်ထိုင်ခဲ့သည်။
[စုချန်ယန်က အရမ်းရီရတာပဲ]
[မန်နေဂျာဆိုတဲ့ တစ်ယောက်! ယူ့မှာ ခပ်ချောချောချောမျက်နှာလေးရှိတယ်ဆိုတာ လက်ခံပါတယ် ဒါပေမဲ့
ငါတို့ရဲ့အဖိုးတန်လေးကို မတရားမလုပ်နဲ့လေ!]
[#စုချန်ယန်ကို အခုချက်ချင်း အသားပေးစားလိုက်#]
[ကလေးက ဗိုက်ဆာလို့ငိုနေပြီ]
ကင်မရာ အပြင်ဘက်က စုချန်ယန်မှာတော့ ကြက်သေသေနေမိကာ သူမဘေးက ရှောင်လုကို ငဲ့ကြည့်ရင်း ပြောခဲ့သည်။ "ဒါကိုဆက်မကြည့်ပဲနေရအောင်"
ရှောင်လုက လူကိုယ်တိုင် ထိုမြင်ကွင်းအား မြင်ဖူးခဲ့ပေမယ့် ထိုအစီအစဉ် ကြည့်နေရတာကို သဘောကျနေမိသည်။
သို့ပေမယ့်၊ စိစစ်တည်းဖြတ်သူများမှ တည်းဖြတ်မှုများအား ထပ်တိုးပေါင်းထည့်ခြင်းကြောင့် တရစပ်မြင့်တက်လာသည့် ကောမန့်များမှာ စခရင်အပြည့်ပင်ဖြစ်နေသည်မို့ တက်ကြွကာ စိတ်လှုပ်ရှားမှုအပြည့် ခံစားရသည်။
သူမ မျက်လုံးများနှင့် ကိုယ်တိုင်မြင်ခဲ့ရပေမဲ့လည်း ကြည့်လို့ကောင်းသည်ဆိုတာကိိုတော့ ဝန်ခံရပေမည်။
သူမလည်း စုချန်ယန်ကို လှမ်းဆွဲထားရင်း မျက်လုံးများကလည်း ဖုန်းပေါ်ကနေ ခွာမရဖြစ်နေခဲ့သည်။
"မသွားပါနဲ့ဟာ နည်းနည်းလောက် ထပ်ကြည့်ရအောင်
မဆိုးဘူးပဲ"
အစီအစဉ်လည်း ရှေ့ဆက်ပြနေကာ ပရိသတ်များမှာ ၎င်းတို့၏ မူလရည်ရွယ်ချက်များကိုပါ တဖြေးဖြေး မေ့သွားကြခဲ့သည်။
အစပိုင်းတွင် အများစုမှာ စုချန်ယန်ဘက်က အပိုင်းဆက်ကာတွန်း ဆွဲရသည့်အကြောင်းအရင်းကို ဖော်ထုတ်ဖို့ ရည်ရွယ်ချက်နှင့် ဗီဒီယိုကိုဝင်ကြည့်လိုက်ပေမဲ့ ပါဝင်သည့် အကြောင်းအရာများကြောင့် မသိလိုက်ဘဲ နစ်မြောသွားကြသည်။
စုချန်ယန်နှင့် ဟန်စုန့်ရွှယ်တို့ တစ်ယောက်နှင့်တစ်ယောက် ခေါင်းချင်းဆင့်ကာ မှီထားကြရင်း
တစ်ယောက်နဲ့တစ်ယောက် တိုးတိုး တိုးတိုးဖြင့်
ပြောနေကြတာသည်ကို ကြည့်နေကာ တဟားဟားဟု ရယ်နေကြသော ကောမန့်များက တရစပ် မနားတမ်းတက်လာနေခြင်းကြောင့် စုချန်ယန်ခမျာ ထိုစာလုံးများက ဘယ်လို အဓိပ္ပာယ်မျိုးလဲဆိုသည်ကိုတောင် မေ့သွားတော့မလိုပင်။
"လောလောလတ်လတ်ကမှ ငါလည်း ဒရာမာတစ်ခုရိုက်ပြီးထားတာ ပြီးတော့ စာနယ်ဇင်းသမားတွေက ဇာတ်လမ်းဇာတ်ကွက်အပေါ် မြင်တဲ့အမြင်ကိုဘယ်လိုမြင်လဲလို့ ငါ့ကိုမေးတယ်"
"နင် ဘာပြောလိုက်လဲ?"
"ဇာတ်လမ်းအသွားအလာက ဖန်တရာတေနေတဲ့ ဇာတ်လမ်းမျိုးလိုပဲ ဇာတ်ညွှန်းရေးဆရာအနေနဲ့ တိုးတက်ဖို့ လိုနေသေးတယ်ဆိုပြီး ပြောလိုက်တယ်။
ဒါပေမဲ့ ငါမလိမ်ခဲ့ဘူးလေ ဇာတ်လမ်းက ဆယ်စာနှစ်
တစ်ခုစာလောက်ကို ဒီလှည့်ကွက်တွေနဲ့ချည်းပဲ ထပ်နေတဲ့ဇာတ်ကြောင်းမျိုး.."
စုချန်ယန် - "..."
ကြည့်ရှုသူများသည်လည်း အူလှိမ့်နေအောင် ရယ်မိကြတော့သည်။
[ဟားဟားဟား.. ဟန်စုန့်ရွှယ် သူ့မိန်းကလေးအဖွဲ့ထဲကထွက်လိုက်ရတဲ့ အကြောင်းရင်းက စကားအရမ်းများလို့ပဲနေမယ်]
[ငါ သူ့အင်တာဗျူးတွေ ကြည့်ဖူးတယ်။ တကယ် အတည်ပေါက်ကြီး ဖြေသွားတာနော်]
[ဘေဘီယန့် မျက်နှာထားကိုကြည့်ရင်း ရီရတာသေတော့မယ်]
[သူတို့နှစ်ယောက် တွဲနေရင် တအားရယ်ရတာပဲ]
ချက်ချင်း စုချန်ယန်က ထပ်မေးခဲ့သည်။ "အရင်ကုမ္ပဏီနဲ့ ဘာလို့ စာချုပ်ဖျက်သိမ်းခဲ့ရဝာာလဲဆိုတဲ့ဟာလေး မေးလို့ရမလားဟင်?"
ဟန်စုန့်ရွှယ်က ပွင့်ပွင့်လင်းလင်း ပြန်ပြောခဲ့သည်။ "နင့်မေးခွန်းက သေချာပေါက် နည်းနည်းတော့ ရိုင်းတယ်"
တရစပ် တက်လာသောကောမန့်များ -
[ဟားဟားဟားးး]
[ငါမေးချင်နေတဲ့ မေးခွန်းကို စုချန်ယန်က မေးလိုက်တာပဲ]
စုချန်ယန်မှ နောက်မေးခွန်းတစ်ခု ဆက်မေးမယ်လို့ အားလုံးက ထင်ထားခဲ့ကြပေမယ့် သူမက ခေါင်းငြိမ့်၍ ပြောခဲ့သည်။ "ထားလိုက်ပါတော့"
ဟန်စုန့်ရွှယ် - "...."
[ဟန်စုန့်ရွှယ် - ငါက ပြောတော့မလို့ပဲ ရှိသေးတာကို နင်က ထားလိုက်တော့တဲ့ ဟုတ်လား?"
[အချစ်လေးရယ် နည်းနည်းတော့ ထပ်မေးလိုက်ပါ]
[ဟားဟားဟားးး ချစ်ရာလေး ဘယ်လိုလုပ်ရပါ့]
[ကယ်ကြပါဦး ချစ်ဖို့ကောင်းလွန်းလို့ ဒီကလူပါ
သေတော့မယ်]
ဟန်စုန့်ရွှယ်က စုချန်ယန်ကို စိတ်လေသလို မျက်ဖြူလှန်ပြပြီး ပြောလိုက်သည်။
"နင်က သိချင်နေပေမယ့် အဲ့လောက်လဲ မဟုတ်ပြန်ဘူး"
လက်ညှိုးထိုးပြကာ ပြောလိုက်သည်။ "အစ်မ ယုံလားတော့မသိဘူး ခုနက မျက်ဖြူလှန်တဲ့ပုံစံကို ပရိုဂရမ်
နမူနာအပိုင်းမှာ သူတို့ထည့်လာလိမ့်မယ်"
[မှန်လိုက်လေခြင်း!]
[သူတို့လည်း တကယ်ကြီး ထည့်ပြထားတာ]
[ အမြည်းပြတဲ့ ဗီဒိယိုကိုမြင်မြင်ချင်း သူမဘယ်လောက်မိုက်မလဲဆိုပြီး သိချင်နေတာ ကင်မရာရှေ့မှာ မျက်ဖြူလှန်ပြလိုက်ပေမဲ့ ဒီလိုပုံစံဖြစ်သွားရတယ်လို့]
[လွန်ခဲ့တဲ့နှစ်နှစ်အတွင်း ငါကြည့်ဖူးသမျှ ရသစုံရှိုးတွေထဲမှာ ဒီအစီအစဉ်က လက်တွေ့အဆန်ဆုံးပဲဆိုတာ ကျိန်ပြောရဲတယ်]
[အစီစဉ်ရဲ့ရလဒ်ကြောင့် ဆိုရင်တောင်မှ စာရေးဆရာတွေ ဘက်က တကယ်ကြိုးစားခဲ့တာပဲ!]
စပ်စုချင်နေသည့် ဟန်စုန့်ရွှယ်က မေးခဲ့သည်။ "နင် အသားစားရဖို့ မျှော်ပြီး ငိုနေတဲ့အခန်းကို သူတို့ ဖျက်ထုတ်ပေးကြပါ့လား?"
"သူတို့ ရိုက်မှာပါ ပြီးရင် ကျွန်မက ယန်ရှို့ရီရဲ့ဖောက်လွဲဖောက်ပြန်လုပ်တဲ့ ကိစ္စကြောင့် ကင်မရာရှေ့မှာ
ငိုတဲ့ပုံစံဖြစ်အောင် တမင်တကာ ဖန်တီးကြလိမ့်မယ်"
[စုချန်ယန်က အကြားအမြင်ဆရာမဆိုတာ လုံးဝအာမခံရဲတယ်!]
[သူမက တကယ်မိုက်တာပဲ.. အစက သနားစရာကောင်းအောင် လုပ်ပြနေတယ်လို့ ထင်ထားတာ။ ကြည့်ရတာ ငါပဲ သဘောထားသေးသိမ်သလို ဖြစ်သွားတယ်နဲ့ တူတယ်]
[ဟားဟားဟားး သူ့ fanတော့ မဖြစ်ချင်ခဲ့ပေမဲ့ သူမက
တကယ့်ကို ချစ်စရာလေး]
သိပ်မကြာလိုက်ပေ.. ကင်မရာက တခြားသူဖက်သို့ ပြောင်းသွားပြီး တရစပ်တက်နေသော ကောမန့်များသည်လည်း နည်းလာခဲ့သည်။
ဘာပဲပြောပြော ပထမဆုံးအပိုင်းပဲရှိသေးတာမို့ ပရိသတ်များသည်လည်း သရုပ်ဆောင်များအား သိပ်မသိသေးပေ။ ထိုသူများက စုချန်ယန်ကိစ္စလောက် အငြင်းပွားဖွယ် ကိစ္စတွေလည်း သိပ်မရှိကြတာကြောင့် သူမအား စန်းတင်ပြောကြခြင်းကို အတောမသတ်နိုင်သည်မှာလည်း ဖြစ်နေကျကိစ္စသည်သာ..
အစီအစဉ်ပြသနေစဉ် အတောအတွင်း၌လည်း စုချန်ယန်၏ နာမည်သည် မကြာခဏဆိုသလို ကျည်ဆန်များ တရစပ်ပစ်ခတ်သလိုမျိုး ပေါ်ပေါ်လာသည်ပင်။
[ငန်းမလေးကတော့ ရေပန်းစားနေပြီ]
[အားလုံးပဲ Weibo Hasgtag ကို သွားကြည့်ကြည့်ကြ!]
#စုချန်ယန်ကို အခုချက်ချင်း အသားပေးစားလိုက်#
ရှောင်လုလည်း ထိုကောမန့်တွေကိုမြင်တော့ စုချန်ယန်ဘက်လှည့်ကာ ပြောခဲ့သည်။ "နင်က ရေပန်းစားနေတယ်?"
စုချန်ယန်လည်း အထိတ်တလန့်နှင့် ခေါင်းမော့လာခဲ့သည်။ "ဘာရယ်?"
"ရေပန်းစားနေတယ်လား။ ကြည့်လိုက်ဦးမယ်"
ရှောင်လုလည်း Weibo ဖွင့်ကာ ရေပန်းစားနေသည့် သတင်းခေါင်းစဉ်များကို တစ်ခုပြီးတစ်ခုကျော်လျက် ခပ်မြန်မြန် စုချန်ယန်နာမည်ကို ရှာလိုက်သည်။
"Hastag က #စုချန်ယန်ကို အခုချက်ချင်းအသားပေးစားလိုက်#တဲ့ ကြည့်ကြည့်"
စုချန်ယန်လည်း ချက်ချင်းကြည့်ကာ ပြောခဲ့သည်။ "မန်နေဂျာလင်းကို ပို့ပေးလိုက် သူမြင်ပါလေ့စေ"
ရှောင်လု - "...."
ပြီးခါနီးရောက်လာသည်နှင့် သရုပ်ဆောင်များလည်းထွက်သွားကြကာ ရှောင်လုက စုချန်ယန် နိုတီတွေကိုကြည့်လိုက်သည်။
[ရှန်ရှင်းယု - #စုချန်ယန်ကို အခုချက်ချင်း အသားပေးလိုက်#
@Starlight ဖျော်ဖြေရေး officialWeibo၊ မင်းတို့ရဲ့အနုပညာရှင်ကို ပိုပြီးကောင်းကောင်းဆက်ဆံပေးလို့ရမလား? ကိုယ့်ကလေးကို ဘယ်လောက်ထိ ဗိုက်ဆာအောင် ထားမိလဲဆိုတာကြည့်ကြဦး!
@စုချန်ယန် နင်အခုမစားရသေးရင်တောင် ကြည့်လို့တော့ရပါသေးတယ်]
အသားကင်ပုံများနှင့် ဟင်းပန်းကန်များကိုကြည့်ရင်း
မျက်နှာအရောင် ဝင်းလက်နေသည့် စုချန်ယန်၏ ပုံများက ပလူပျံနေခဲ့သည်။ အပေါ်မှာတော့ စာကြောင်းတစ်ကြောင်းရေးထားခဲ့သည်။
" သေလောက်အောင် ဗိုက်ဆာနေစဉ် တစ်စက္ကန့်အလို"
ရှောင်လုက သူမဖုန်းကို စုချန်ယန်ဆီ ထောင်ပြခဲ့သည်။ "ဒီမှာ မစ္စရှန်က နင့်ကို မန်းရှင်းခေါ်ပြီးပြောထားတာပဲ။ ဒါကြောင့်မို့လို့ ဒီလောက်မြန်မြန်ကြီး ရေပန်းစားနေတဲ့ အုပ်စုထဲ ပါသွားတာကိုးး"
စုချန်ယန် မျက်လုံးတွေက ချက်ချင်း ပထမပုံဖြစ်သည့်အသားကင်ပုံပေါ်တွင်သာ စွဲငြိနေခဲ့သည်။
အဆီတဝင်းဝင်း အရည်ရွှမ်းရွှမ်းနှင့် အသားကင်ပုံကိုကြည့်ရင်း စုချန်ယန်လည်းမ နေနိုင်တော့ဘဲ သားရေကျမိတာကြောင့် မေးလိုက်သည်။
"ရှောင်လု.. မစ္စတာလင်းသာ ဒီရေပန်းစားနေတဲ့ Weibo ပို့စ်တွေမြင်ရင် အသားကင်ကို အပြင်မှာဝယ်ကျွေးဖို့အထိ စိတ်ပြောင်းသွားလောက်လား ဟမ်?"
ရှောင်လုက ဟမ့်ခနဲအသံပြုရင်း ပြောခဲ့သည်။ "အရင်ရက်က hotpot စားရတာက နင်အရမ်း ကံကောင်းနေခဲ့သလို ငါ့ဝမ်းကွဲအကိုလည်း ရက်ရောပေးခဲ့ပြီးပြီလေ။ အလုပ်နဲ့ ပက်သက်တဲ့ကိစ္စတွေဆို နင်ထင်ထားတာထက် သူက ပိုပြီးစည်းကမ်းကြီးတယ်။ ဆိုတော့ကာ..ရှိတာနဲ့ပဲ တင်းတိမ်လိုက်"
စုချန်ယန်လည်း မကျေမနပ်နှင့် နောက်မှီထိုင်ကာ
အားမရှိတော့သလို အသံပြုမိသည်။ "အို့..."
သူမလည်း Weibo ထဲ ဝင်လိုက်ပြီး ပထမဆုံးအကြိမ်အဖြစ် သူမအမည်ကို ရေပန်းစားနေသည့် အုပ်စုထဲတွင်မြင်လိုက်ရသည်။ အပြစ်တင် ဝေဖန်ခံရခြင်းမျိုးမဟုတ်တာကြောင့် လူတွေဘာပြောထားသလဲဆိုတာကို သူမလည်းသိချင်မိသည်။
သူမ၏ Weibo Hashtag ကို နှိပ်ကြည့်လိုက်တော့
ပထမဆုံးပို့စ်သည် ရှန်ရှင်းယုပို့စ်ဖြစ်ပြီး ဟန်စုန့်ရွှယ်နှင့် အခြားသူများလည်း follow လုပ်ထားခဲ့သည်။
[@ဟန်စုန့်ရွှယ် - #စုချန်ယန်ကိုအခုချက်ချင်းအသားပေးစားလိုက်# ပုံလေးပုံတင်ထား။]
[@ကျန်းရှစ်ချီ - #စုချန်ယန်ကို အခုချက်ချင်းအသားပေးစားလိုက်# ပုံနှစ်ပုံတင်ထား။]
[@စုန့်မင်ကန် - "စုချန်ယန်ကို အခုချက်ချင်း အသားပေးစားလိုက်# ပုံနှစ်ပုံတင်ထား။]
[@ချီဖု - #စုချန်ယန်ကို အခုချက်ချင်း အသားပေးစားလိုက်# ပုံ၉ပုံတင်ထား။]
သူတို့တွဲမန့်ထားသောပုံများသည် စုချန်ယန်ကို သားရေယိုကျမတတ် ဖြစ်စေသော အသားဟင်းပေါင်းစုံပါဝင်သည့်ပုံများဖြစ်သည်။
အောက်ကိုဆွဲကြည့်လိုက်လျှင် အစီအစဉ်အားကြည့်နေသည့် လူထုကြီးသည် စုချန်ယန်ကိုသာ မန်းရှင်းခေါ်ကာ ရှေးခေတ်ပုံစံ အစားအသောက်ပုံ အများကြီး ပို့လာကြသည်မှာ သူတို့အားလုံးက ဈေးကွက်ချဲ့ချင်သူများ ဖြစ်ပုံရလေသည်။
သူမ ပြန်ရောက်ကတည်းက အရသာမရှိသည့် hotpot ကိုစားပြီး ပထမညကလွဲလို့ စုချန်ယန်၏ ဝိတ်ချသည့်အစီအစဉ်က ပြန်စရပြီဖြစ်ကာ နဂိုစားနေကျ အသီးအနှံ၊ အရွက်များနှင့် အရသာမရှိသည့် ကြက်သားနှင့် ပုစွန်များကို စားရပြန်သည်။
Weiboကို အောက်ဆက်ဆွဲကြည့်ရင်း သူမမျက်လုံးများကျိန်းလာပေမဲ့ ဖုန်းကို မပိတ်ချင်သေးပေ။
ခဏကြာတော့ စုချန်ယန် Weiboတွင် ပို့စ်
တစ်ခုတင်လိုက်လေသည်။
[@Starlight ဖျော်ဖြေရေး officialWeibo
@薄雾(Light Mist) #စုချန်ယန်ကို အခုချက်ချင်းအသားပေးစားလိုက်#]