အခန်း ၆၆
Vol. 5 Ch. 66
ထို့နောက် သူမကိုယ်သူမ 'ဆာလောင်ပြီး မသေခင်တစ်စက္ကန့်အလို'(trollထားသည့်ပုံ) ထည့်တင်လိုက်သည်။
@Light Mist သည် လင်းယွီ၏ weibo ဖြစ်သည်။ သို့ပေမဲ့ လင်းယွီက Weibo ကို မကြာခဏ ဝင်ကြည့်ပါ့မလားဆိုသည်ကို သူမ မသိပေ..
စုချန်ယန်သည် Weibo တွင် လွှတ်ခနဲ ပို့စ်တင်လိုက်ပြီး
တုံ့ပြန်မှုရလာလိမ့်မည်ဟု မထင်ထားခဲ့မိပေ။ မိနစ်အနည်းငယ်အတွင်းမှာပင် သူမ၏ ကောမန့်ဘောက်စ်တွင် လူတော်တော်များများက အစားအသောက်ပုံပေါင်းစုံကို ပို့လာကြပြီး တရစပ်လှိမ့်တက်လာခဲ့သည်။
စုချန်ယန်၏ Weiboပို့စ်မှာ စိတ်လိုက်မာန်ပါ ပြုမူမိတာဖြစ်ပြီး တုံ့ပြန်မှုရလာလိမ့်မည်ဟု မထင်ထားမိပေ။
မိနစ်အနည်းငယ်ကြာပြီးနောက် သူမ၏ကောမန့်ဘောက်စ်ထဲက အစားအသောက်ပုံများကိုကြည့်ဖို့ ခဏပြန်ဝင်လိုက်စဉ် သူမ၏ ထိပ်ဆုံးကောမန့်မှာ တခြားတစ်ယောက်၏ ကောမန့်အဖြစ်ပြောင်းသွားသည်ကို ဖြတ်ခနဲ သတိထားလိုက်မိသည်။
@LightMist - [လိုင်းသုံးချိန်လျော့ပြီး စောစောအိပ်ယာဝင်ဦး မနက်ဖြန်ကျ အစီအစဉ် ရိုက်ကူးရဦးမယ်]
"ငါ့အစ်ကိုဝမ်းကွဲက နင့်ကို စာပြန်လိုက်တာလား? သူ Weibo သုံးတာရှားတာကို။ ပြီးတော့ တခြားဘယ်သူ့ကိုမှလည်း စကားပြန်ပြောလေ့မရှိပါဘူး" ရှောင်လုက သူမကို မှီလာခဲ့သည်။
စုချန်ယန်လည်း နှုတ်ခမ်းကိုစူကာ တိုးတိတ်စွာ ပြန်ပြောခဲ့သည်။"အိုး.."
ကောမန့်မန့်လိုက်သည်နှင့် အစီစဉ်မှာ ဝမ်ကျင့်ရွာ အောက်ခြေနားရောက်သည့် အခန်းကိုပြနေပြီး စုချန်ယန်က ရှဉ့်များအားလိုက်ကြည့်ရန် ကားပြတင်းပေါက်မှ မတ်တပ်မှီရင်း ခေါင်းကိုအပြင်ထွက် ကြည့်ခဲ့သည်။
ကင်မရာမှာ နောက်ပိုင်းကို ဖြတ်ချထားကာ ရှောင်လုက
ကားခေါင်မိုးအပေါက်ကနေ ထွက်လာကာ စုချန်ယန်ကို အော်ပြောခဲ့သည်။ "မန်နေဂျာလင်းက ခေါင်းအထဲပြန်ဝင်နေတဲ့"
ကောမန့်ထဲတွင် သူမပြန်ပြောနေသည်ကို လက်စသတ်ပြီးနောက် စုချန်ယန်က ခေါင်းကို မော့ကြည့်လိုက်ချိန် မီးထိုးပြနေသည့် ပိတ်ကားထက်တွင် မြန်ဆန်လွန်းသည့်ကောမန့်များက တဟုန်ထိုးတက်လုနေသည်ကို တွေ့လိုက်ရသည်။
[သူတို့နှစ်ယောက်ကို တွဲမြင်နေရတာ အရမ်းကြည့်လို့ကောင်းတာပဲ]
[ Weiboကနေ ခုပဲထွက်လာတာ လင်းယွီက ယန်လေးကို အမြဲမျက်နှာသာပေးပြီး စကားပြောနေသလိုခံစားမိတယ်]
[ဘရို သူတို့က တကယ်လိုက်ဖက်တဲ့စုံတွဲတွေဟ!]
[ဟားဟားဟားးး]
ရှောင်လုလည်း ပိတ်ကားထက်တွင် တရွေ့ရွေ့ပေါ်နေသည့်ကောမန့်များကို မြင်လိုက်ရပြီး မျက်ရည်ထွက်မတတ်ရယ်နေမိကာ စုချန်ယန်ဘက်လှည့်ပြီး ပြောခဲ့သည်။
"နင်နဲ့ ငါ့အစ်ကိုဝမ်းကွဲနဲ့က လိုက်ဖက်တဲ့စုံတွဲတွေလို့တစ်ယောက်ယောက်က ပြောသွားတယ် ဟမ် ဟမ်?]
စုချန်ယန်လည်း အသက်မပါသလိုသာ ခေါင်းငုံ့နေရင်း Weibo ကိုဖွင့်ကာ မြန်မြန်ဆန်ဆန် သူမ၏ ပထမဆုံး weibo ပို့စ်ကို ဖျက်လိုက်သည်။
လင်းယွီဘက်က ချမှတ်ထားသည့်ဘောင်ကို သူမအနေနှင့် စည်းကျော်မိသလိုဖြစ်သွားသည်နှင့် ကုမ္ပဏီက ကန်ထုတ်ခံရမည်ကို စိုရိမ်တာကြောင့် မဟုတ်ဘဲ သူမ အထုတ်မခံရခင် ပိုက်ဆံပမာဏ အမြောက်အများကြီး ပေးရမှာကို ကြောက်သောကြောင့်သာ...။
Weibo ပို့စ်ကို ဖျက်ပြီးနောက် အစီစဉ်ပြသနေသည့်ဘက်ကိုပြန်သွားလိုက်ပြီး နိုတီဘားကို ပြန်ဆွဲချလိုက်ကာ ရှောင်လု ပြောလာသည့်စကားကိုကြားလိုက်သည်နှင့်ရပ်လိုက်ပြီး ဆက်တိုက်ဆိုသလို ရှောင်လုအကောင့်ဖြင့် မန့်လိုက်သည်။
[နည်းနည်းမှ မလိုက်ပါဘူး စုချန်ယန်က ဘာမှ မှမဟုတ်တာ]
[ပေါက်ကရတွေမပြောနဲ့ စုချန်ယန်နဲ့ လင်းယွီဆိုတာ နေတဲ့ ကမ္ဘာချင်းတောင်မတူဘူး]
[လင်းယွီနဲ့ သူမက တိတ်တဆိတ် သီးသန့် ပက်သက်မှုမျိုးလည်း မရှိပါဘူး]
ရှောင်လုက သူမဘေးတွင် ဖြစ်စဉ်တစ်ခုလုံးကို ကြည့်နေသည်မို့ သူမကို မျက်မှောင်ကုတ်ကာ တွန်းလိုက်ရင်း ပြောခဲ့သည်။ "နင် ဒီလိုလုပ်စရာမလိုပါဘူး"
စုချန်ယန်က အတည်ပေါက်ကြီး ပြောခဲ့သည်။ "နင်ထင်တာလွဲနေပြီ ငါက အန္တရာယ်ကို ကြိုရှောင်နေတာ"
ထိုအချိန်တွင် Wechat၌ စုချန်ယန်ဆီ စာတစ်စောင်ဝင်လာခဲ့သည်။
မန်နေဂျာလင်း - [ဘာလို့ Weibo ပို့စ်ကို ဖျက်လိုက်တာလဲ?]
စုချန်ယန် - [ခုကစပြီး ကျွန်မ လိုင်းပေါ်မတက်တော့ဖို့ဆုံးဖြတ်လိုက်ပြီ]
မန်နေဂျာလင်း - [အဲ့လောက်ထိ မလိုပါဘူး]
မန်နေဂျာလင်း - [ ပြည်တွင်းအစိုးရ ခရီးသွားလုပ်ငန်းဘက်က ဝမ်ကျင့်ရွာကို ကြော်ငြာဖို့အတွက် မင်းပုံကို သုံးထားတယ် ပြန်share ပေးလို့ရမလား?]
စုချန်ယန် - [ ကျွန်မပုံကို သုံးထားတယ်?]
မန်နေဂျာလင်း - [ အင်း..ဝမ်ကျင့်တောင်မှာရှိတဲ့ ခရီးသွား လုပ်ငန်းနယ်ပယ်က အရမ်းကြီး မတိုးတက်သေးဘူးလေ အဲ့ဒါကြောင့် သူတို့ဘက်က ဒီအစီအစဉ်ကနေတစ်ဆင့် ကြော်ငြာချင်တယ် ထင်တယ် တော်တော်များများ အလုပ်ဖြစ်လောက်မယ့်ပုံပဲ]
ဒါရိုက်တာသည် တစ်ယောက်ယောက်ကို သူမအားဓာတ်ပုံရိုက်ခိုင်းစဉ်က လင်းယွီသည်လည်း အစီအစဉ်ရှိခဲ့ခြင်းပင်။
စုချန်ယန်လည်း ပြန်ပြောလိုက်သည်။
[အိုခေ]
ထို့နောက် Weibo ထဲ ပြန်ဝင်လာလိုက်ပြီး အစိုးရ ခရီးသွားလုပ်ငန်းမှ တင်ထားသည့် ကြော်ငြာပို့စ်ကို ပြန် share လိုက်သည်။
ကြော်ငြာဓာတ်ပုံများမှာ သူမတစ်ယောက်တည်း
ရိုက်ထားသည့် ပုံများသာမက ရှင်းရှုပါသည့် အုပ်စုလိုက် ရိုက်ထားသော ပုံများလည်း ပါဝင်သည်။
[Travel]ပထမပိုင်းအား ၃နာရီကြာ ထုတ်လွှင့်နေစဉ်အတောအတွင်း အစီအစဉ်၏ ကြာချိန်ကြောင့် ဘယ်သူကမှ စိတ်မရှည်မဖြစ်ခဲ့ကြသလို အချိန်ကြာလာသည်နှင့်အမျှ စိတ်အားထက်သန်လာကြပြီး ကြည့်ရှုမှု တိုးလာကာ ဆွေးနွေးမှုများသည်လည်း များသထက်များလာခဲ့သည်။
စစချင်းက စုချန်ယန်၏ ကာတွန်းရေးဆွဲရသည့် အကြောင်းရင်း၏ အဖြစ်မှန်ကို သိချင်ခဲ့ကြရာမှ ကြည့်ရင်းကြည့်ရင်းနှင့် အစီအစဉ်ထဲကိုသာ တဖြေးဖြေး အာရုံစူးစိုက်သွားကြရင်း သူတို့၏ ပင်မရည်ရွယ်ချက်ကို မေ့မေ့ပျောက်ပျောက် ဖြစ်သွားကြရသည်။
#TravelPremiere#မှာ အစမှာတင် အောင်မြင်စွာနှင့်
ပွဲဦးထွက်နိုင်ခဲ့ပြီး အစီအစဉ်အား ထုတ်လွှင့်ပြီး နာရီဝက်ထက်မနည်း ကြာချိန်မှာပင် စုချန်ယန်နှင့် အနီးစပ်ဆုံး follower များ၏ Hashtag များကြောင့် အုံလိုက်ကျင်းလိုက်တိုးဝင်လာသလို အရှိန်အဟုန်များ ရရှိကာ ရေပန်းအစားဆုံးစာရင်းတွင် ထိပ်ဆုံးအဆင့် ၃ ဆင့်ထဲတွင်ပါဝင်ခဲ့သည်။
စီစဉ်ကြီးကြပ်သည့်အဖွဲ့နှင့် သရုပ်ဆောင်များအပါအဝင် အားလုံးမှာ အစီအစဉ်ကို ထုတ်လွှင့်ပြသပြီးနောက် ယခုလောက်ထိ ကြီးမားလှသည့်တုံ့ပြန်မှုကိုတော့ မမျှော်လင့်မိခဲ့ကြပေ။ အားလုံး မျှော်လင့်ခဲ့သည့် အတိုင်းအတာထက်ကိုပင် ပိုလျှံနေခဲ့ခြင်းပင်။
စုချန်ယန်လည်း သူမ၏ ရှက်စရာကောင်းသည့်အခြမ်းကို မမြင်ချင်ခဲ့ပေ။ နောက်ဆုံးတော့လည်း ရှောင်လုနှင့်အတူ ပြီးခါနီးထိ တူတူကြည့်ခဲ့သည်။
အစီအစဉ် ပြသခြင်းအဆုံးမသတ်ခင် သီချင်းလာပြီး စုချန်ယန်လည်း ဒီ့ထက်ပိုပြီး ထပ်ကြည့်ချင်သေးသည်ပင်။
တီဗီတွင်ပါသမျှသည် စုချန်ယန်ကိုယ်တိုင် ကြုံတွေ့ခဲ့ပြီးပေမဲ့လည်း အခြားရှုထောင့်တစ်ခုမှ ကြည့်နေရခြင်းသည်လည်း မတူညီသည့် ခံစားမှုမျိုးကို ပေးစွမ်းသည်။
ဥပမာအားဖြင့် ရွာအဝင်တွင် စီစဉ်ကြီးကြပ်သည့် ပရိုဂရမ်အဖွဲ့သားများမှ သူမတို့အား ကိုယ့်ခရီးဆောင်အိတ်ကို သေချာပြန်စစ်ရန် ပြောလာခဲ့ရာတွင် စုချန်ယန်သည် တတ်နိုင်သမျှ ဖွက်ထားဖို့ရာအတွက် ကြံစည်အားထုတ်နေခဲ့ခြင်းမှာ ထိုစဉ်တုန်းက ဘာမှသိပ်မထူးခြားခဲ့သလိုပင်။
သို့ပေမဲ့ တခြားလူတစ်ယောက်၏ အမြင်မှကြည့်မိတော့မှ ထိုအချိန်က သူမ လုပ်ပုံကိုင်ပုံများက ယခုလောက်အထိ ရှက်စရာကောင်းလိမ့်မည်ဟု မထင်ထားခဲ့မိပေ။
ဖုန်းစခရင် အပြည့်မြင်နေရသည့် "ဟား ဟား ဟား ဟား" ဆိုသည့် စာလုံးများသည် စုချန်ယန်၏ မိမိကိုယ်ကိုထားရှိသည့် လက်ကျန်ယုံကြည်မှုလေးကို ထဲထဲဝင်ဝင် ပြတ်တောက်သွားစေသည်။
အထူးသဖြင့် ကြက်သားလေးတစ်တုံးရဖို့အရေး ကြက်ခြံထဲကို တစ်ယောက်တည်း ခိုးဝင်သည့်အခန်းမျိုးမှာပေါ့.. တရစပ်တက်လာသော ကောမန့်များနှင့်အတူ ရှောင်လုသည်လည်း ခွက်ထိုးခွက်လန် အော်ရီမိသည်။
စုချန်ယန် လည်ပင်ကို ဖက်ရင်း အသံအက်တဲ့အထိရယ်နေခဲ့ပြီး ပြောခဲ့သည်။ "ရှောင်ချန်ရန်.. နင်ဒီလောက်ထိလုပ်နိုင်လိမ့်မယ်လို့ ငါမထင်ထားမိဘူး ဘာပဲဖြစ်ဖြစ် နင်က နာမည်ကြီး အနုပညာရှင်တစ်ယောက်နော် "
စုချန်ယန်လည်း စိတ်ဓာတ်ကျလာသည်။ "နာမည်ကြီး အနုပညာရှင်ဖြစ်တော့ရော ဘာဖြစ်လို့လဲ? အနုပညာရှင်တွေလည်း စားရတာပဲလေ။ လူတွေအတွက် အစားအသောက်ဆိုတာက မရှိမဖြစ်ပဲဥစ္စာကို.."
ထိုသို့ပြောလာမှ ရှောင်လုလည်း စောစောကထက် ပိုရီမိတော့သည်။ "ငါ့အစ်ကိုကတော့ တကယ့်ကို ထီပေါက်ခဲ့တာပဲ! နင်နာမည်ကြီးလာလိမ့်မယ်လို့ တပ်အပ်ပြောနိုင်တဲ့အထိ ခိုင်ခိုင်မာမာကြီး ခံစားနေမိတယ်.. နင့်ကိုယုံတယ် ချန်ယန်"
"ငါ နာမည်ကြီးချင်တာ မဟုတ်ဘူး!" စုချန်ယန် စိတ်တိုတိုနှင့် ပြောခဲ့သည်။
သူမ၏ တစ်နှစ်တာစာချုပ်ကို ပြည့်စုံစွာ ဆုံးခန်းတိုင်သည်အထိ အလုပ်လုပ်ပြီး ဂုဏ်ရှိရှိနှင့် အနားယူချင်ရုံပင်။ သူမသာ နာမည်ကြီးလာခဲ့လျှင် စာအုပ်ဆိုင်လေးဖွင့်ဖို့အတွက် သူမအား နှောင့်နှေးကြန့်ကြာစေမည်ကို စိုးရိမ်နေမိသည်။
ပထမပိုင်းမှာ ၃နာရီမျှကြာသော်လည်း အဆုံးမှာတော့
ကြည့်ရှုသူအားလုံးနီးပါးမှာ အရှိန်ပျက်သွားရတာကြောင့် အစီအစဉ်တွင် နောက်ဆုံးအခန်းများအား
ပြသရာ ကြည့်ရှုသူအများစုကပင် ဘာမှမတုံ့ပြန်လာတော့ချေ။
【??】
[ပြီးသွားပြီလား? အဲ့လောက်လေးနဲ့?]
[၃နာရီက တိုလွန်းတယ် အဲ့ဒါက နှစ်ရက်လောက်ကြာအောင် ရိုက်ထားရတာ မဟုတ်ဘူးလား?]
[စီစဉ်သူဆရာကြီးက အလုပ်ကို ပေါ့တိပေါ့ပျက်လုပ်နေပါသည်လို့ တင်ပြလိုက်။ သူတို့က နှစ်ရက်လောက် ရိုက်ကူးထားပြီး သုံးနာရီစာလောက်ပဲ တည်းဖြတ်ပေးထားတယ်လို့]
[လူတစ်ယောက်ဆို တောင်းဆိုတဲ့အနေနဲ့ စုချန်ယန်ရဲ့အခန်းအားလုံးအပါအဝင် မန်ဘာတစ်ယောက်ချင်းစီရဲ့ ပုံစံကိုချဲ့ကားရိုက်ပေးဖို့ ကျမ်းကျိန်ပြီးသွေးနဲ့တောင်ရေးထားတာ/!]
[ငါမှားသွားတာ တကယ်ကြီးကို မှားသွားတာ! Trailer က အစီအစဉ်ရဲ့ အဓိကအခန်းတွေပါလို့ ဘယ်လိုတောင် ပြောခဲ့မိတာပါလိမ့်! ဒီရသစုံရှိုးမှာ trailer က တကယ့်ရိုက်ကူးထားတဲ့ အစီအစဉ်တင်ဆက်မှုနဲ့ ယှဉ်လိုက်ရင် ဘာမှတောင် သိပ်စိတ်ဝင်စားစရာမရှိဘူး!]
[နောက်တစ်ပိုင်းအတွက် trailer ကို မလွှင့်ပါနဲ့ဦး
တကယ် ရိုက်ထားတာရဲ့ နောက်ထပ် နှစ်နာရီစာလောက်ပဲ ပိုပြပေးပါ]
[နောက်တစ်ပိုင်းကို မျှော်နေမယ်နော်!]
စုချန်ယန်က ကောမန့်များကို အပေါ်အောက်ဆွဲကာ လိုက်ဖတ်ရင်း ငိုချင်လာသလို ခံစားရသည်။
သူမသည် ၈နှစ်နီးပါး ကြိုးကြိုးစားစား အလုပ်လုပ်ခဲ့
ရပေမဲ့ လူတွေအများဆီမှ သူမအကြောင်း ကျယ်ကျယ်ပြန့်ပြန့် ပြောဆိုဆွေးနွေးကြသည်မျိုး မရှိခဲ့ဖူးပေ။
ယခုတော့ ပေါ့ပေါ့ပါးပါးနှင့် စိတ်ပါဝင်စားမှု မရှိသည့် အပြုမူမျိုးဖြင့် အစီအစဉ်တစ်ခုမှာ ပါဝင်ရုံသာရှိပြီး ဘာမှ သိပ်မလုပ်လိုက်ရဘဲ ရရှိလာသောတုံ့ပြန်မှုများမှာ ယခင်က သူမ၏ကြိုးစားအားထုတ်မှုများမှ ရရှိဖူးသည်ထက် ပို၍ကောင်းနေခဲ့ခြင်းပင်။
ရှောင်လုလည်း ပရိုဂျက်တာကို ပိတ်လိုက်ကာ စုချန်ယန်ကို ပြောခဲ့သည်။ "ဟုတ်ပါပြီ နောက်လည်းကျနေပြီ စောစောနားတော့"
စုချန်ယန်လည်း ကိုယ့်အခန်းကိုယ်ပြန်ကာ အိပ်ယာပေါ်လှဲရင်း အိပ်မပျော်နိုင်ဖြစ်နေခဲ့သည်။
အိပ်ယာဘေးက စားပွဲပေါ်ရှိ ညမီးအိမ်လေးကို ဖွင့်ကာ သူမ ဖုန်းဖွင့်ပြီး Weibo ထဲ ဝင်လိုက်သည်။
စစဝင်ချင်းမှာပင် #Travel ပွဲဦးထွက်တင်ဆက်ပြသခြင်း# နှင့် #စုချန်ယန်ကို အခုချက်ချင်း အသားပေးစားလိုက်# ဟူသည့် hashtag နှစ်ခုမှာ ရေပန်းအစားဆုံး စာရင်းထဲ၌ အတူတူနီးပါး ထိပ်ဆုံးအဆင့်နေရာတွင် နေရာယူနေကြသည်။
ရှာဖွေမှုစာရင်း နေရာတွင် "ဝမ်ကျင့်ရွာ"ဟူ၍ ရှာထားကြသည်များက လူသိအများဆုံး စာရင်းထဲမှာပါ ပေါ်လာခဲ့သည်။
အစီအစဉ်အား သုံးနာရီကြာထုတ်လွှင့်နေစဉ် [Travel]နှင့် ပက်သက်သော ရှာဖွေသည့် နာမည်၅မျိုးမှာ လူသိအများဆုံးစာရင်းထဲတွင် ပါဝင်ခဲ့သည်။ ပထမဆုံးတစ်ပိုင်းထဲနှင့်တင် [Travel]သည် နာမည်အကြီးဆုံး ရသစုံရှိုးတစ်ခု ဖြစ်လာခဲ့သည်မှာ ပြောစရာပင် မလိုတော့ချေ။