← Chapters

အင်မော်တယ်တောင်တန်းကို တိုက်ခိုက်ခြင်း....

Vol. 14 Ch. 221

အင်မော်တယ်တောင်တန်းကို တိုက်ခိုက်ခြင်း....

Vol. 14 Ch. 221

ကောင်းကင်ကိုးပါးတွင် မုရှင်းလျိုက သူ၏ ခေါင်းအထက်မှ ထိုက်ဟောက်အင်မော်တယ်ကြေးမုံနှင့် အပြင်းအထန် ခုခံနေရသည်။

" ဝူကျိ... ဘယ်လောက်တောင်သန်မာတာလဲ။ " မုရှင်းလျို၏ မျက်နှာက မဲမှောင်နေသည်။ အစတွင် ကျွင်းဝူကျိ၏ ခွန်အားက သခင်ယွမ်ယန်နှင့် အတူတူဟုသာ သူက ထင်ခဲ့လေသည်။

သူက ရုတ်တရက် တိုက်ခိုက်ခဲ့ပြီး အနိုင်မရရှိလျှင်တောင် သိက္ခာဆယ်နိုင်ရန် မျှော်လင့်ခဲ့သည်။ အဘိုးက မြေးထက် နိမ့်ကျနေခြင်းက ကောင်းသောအရာတော့ မဟုတ်ပေ။

သို့သော် အမှန်တရားက ဆန့်ကျင်ဘက်ပင်။ ခနအတွင်း လင်းယွမ်က သူ့ကို ဖိနှိပ်ခဲ့လေသည်။ ထိုအချိန်မှ စ၍ သူက တိုက်ခိုက်နိုင်ခြင်းမရှိတော့ဘဲ ခုခံရုံသာ တတ်နိုင်ခဲ့သည်။

" ငါတို့ ဒီလောက်ထိ သွားလို့မရဘူး။ " မုရှင်းလျိုက ဆုံးဖြတ်ချက်ချလိုက်သည်။

သူက ထိုက်ဟောက်အင်မော်တယ်ကြေးမုံကို အသုံးပြုသော်လည်း ထိန်းထားနိုင်ရုံသာဖြစ်ပြီး ထိုအတိုင်း​ဆက်သွားလျှင် အခြေအနေ ကောင်းမည်မဟုတ်ပေ။

" တာအိုအင်မော်တယ်ဂိုဏ်းကို ပြန်ရမယ်။ " မုရှင်းလျိုက သက်ပြင်းချလိုက်သည်။

နှစ်ထောင်ပေါင်းများစွာအတွင်း မုရှင်းလျိုက အပြင်လူတစ်ယောက်ကြောင့် ပထမဆုံးအကြိမ် ဂိုဏ်းသို့ ပြန်လည်ဆုတ်ခွာရခြင်းဖြစ်သည်။

ဝုန်း...

ထိုက်ဟောက်အင်မော်တယ်ကြေးမုံက အဆုံးမဲ့ အလင်းရောင်များ ရုတ်တရက် ထွက်ပေါ်လာသည်။

သွေးစွမ်းအားများကို ဖြတ်ပြီး အင်မော်တယ်တောင်တန်းပေါ်သို့ ကျရောက်သွားသည်။

" ဟမ် " ၎င်းကို မြင်သောအခါ လင်းယွမ်က နောက်မှ လိုက်သွားသည်။

အင်မော်တယ်တောင်တန်း။

အင်မော်တယ်ချီများက လေထဲတွင် ပြည့်နှက်နေသည်။ သို့သော် ယခုအချိန်တွင် ဂိုဏ်းတစ်ခုလုံးက မဟာရန်သူတစ်ယောက်နှင့် ရင်ဆိုင်နေရသည်။

တိမ်မြူခိုးတော်ဝင်နယ်မြေအထက်မှ ဂိုဏ်းချုပ်၏ ကြောက်စရာကောင်းသော တိုက်ပွဲကို တာအိုအင်မော်တယ်ဂိုဏ်း၏ တပည့်အားလုံးနီးပါး သတိပြုမိခဲ့ကြသည်။ မဟာအကြီးအကဲများနှင့် အကြီးအကဲများက ဂိုဏ်းကာကွယ်ရေးအစီအရင်ကို အသက်သွင်းလိုက်ကြသည်။

ဝုန်း....

ကြေးမုံအလင်းတန်းတစ်ခုက ကောင်းကင်မှ ဆင်းသက်လာသည်။

ထိုက်ဟောက်အင်မော်တယ်ကြေးမုံက အင်မော်တယ်တောင်တန်းမှ မှော်အင်းကွက်များစွာကို လျစ်လျူရှုပြီး တိုက်ရိုက် ဝင်ရောက်လာသည်။

" ကောင်းကင်ကိုးပါးကာကွယ်ရေးအစီအရင်၊ ကမ္ဘာဆယ်ခုမြေကြီးအစီအရင်၊ ဒြပ်စင်ငါးပါးလှည့်ပတ်ခြင်းအစီအရင်၊ ယင်ယန်ပေါင်းစည်းခြင်းအစီအရင် အားလုံးကို အသက်သွင်းလိုက်။ "

မုရှင်းလျိုက ထိုက်ဟောက်အင်မော်တယ်ကြေးမုံနှင့် တာအိုအင်မော်တယ်ဂိုဏ်း၏ နှစ်ထောင်ပေါင်းများစွာ စုဆောင်းခဲ့သော အစီအရင်များအားလုံးက်ု အသက်သွင်းခဲ့သည်။

ဝှစ်...

ထိုခနတွင် ကောင်းကင်မှ အဆုံးမရှိသော သွေးစွမ်းအားများက အင်မော်တယ်တောင်တန်းကို ဖုံးလွှမ်းသွားခဲ့သည်။

အင်မော်တယ်တောင်တန်းက ခန်းနားထည်ဝါစွာ ရပ်တည်နေခဲ့သည်။ ၎င်းက ကောင်းကင်ကို ထောက်ထားသကဲ့သို့ အလယ်ပိုင်းနတ်ဘုရားကုန်းမြေ၏ အလယ်ဗဟိုတွင် တည်ရှိလေသည်။ တာအိုအင်မော်တယ်ဂိုဏ်းက ထိုတောင်ပေါ်တွင် တည်ရှိနေပြီး သတ္တဝါအားလုံးကို အပေါ်စီးမှ မြင်နိုင်လေသည်။

သို့သော် ယနေ့ ကျင့်ကြံသူတိုင်း မျှော်ကြည့်ရသော အင်မော်တယ်တောင်တန်းက သွေးစွမ်းအားများအောက်တွင် နစ်မြှုပ်သွားခဲ့သည်။

ဝုန်း....

ပြင်းထန်စွာ စီးဆင်းနေသော သွေးစွမ်းအားများက အင်မော်တယ်တောင်တန်း၏ ကာကွယ်ရေးအစီအရင်များနှင့် ရင်ဆိုင်မိသွားသည်။ ချက်ချင်း သွေးစွမ်းအားများစွာက အငွေ့ပျံသွားသို့ ဂိုဏ်း၏ ကာကွယ်ရေးအစီအရင်အချို့ကလည်း ပျက်ဆီးသွားခဲ့သည်။

သို့သော် အင်မော်တယ်တောင်တန်းကို ဖုံးလွှမ်းနေသော သွေးစွမ်းအားများက နှေးကွေးသွားခြင်းမရှိဘဲ အဆုံးမရှိသည်ဟုထင်ရလေသည်။

" ဘာဖြစ်တာလဲ။ "

" တစ်ယောက်ယောက်က တာအိုအင်မော်တယ်ဂိုဏ်းကို တိုက်ခိုက်ရဲတာလား။"

" အဲ့ဒီအနီရောင်တိမ်တိုက်တွေက သွေးစွမ်းအားတွေလား။ ဘယ်လောက်တောင် သိပ်သည်းလိုက်သလဲ။ "

တာအိုအင်မော်တယ်ဂိုဏ်း၏ တပည့်များက တုန့်ပြန်လာကြသည်။ လွန်ခဲ့သော ခနတွင် သူတို့က သူတို့၏ ကျင့်ကြံခြင်းဂူထဲတွင် ရှိနေကြပြီးနောက် တိမ်မြူခိုးတော်ဝင်နယ်မြေရှိရာမှ ကြောက်စရာကောင်းသော စွမ်းအားအတက်အကျများကို ခံစားခဲ့ရလေသည်။ ထို့နောက် အဖြစ်အပျက်များက ယခုကဲ့သို့ ဖြစ်ပျက်လာခြင်း ဖြစ်သည်။

အင်မော်တယ်တောင်တန်းက သွေးစွမ်းအားများအောက်တွင် နစ်မြှုပ်နေပြီး တောင်မှ မရေတွက်နိုင်သော မှော်အင်းကွက်များက သွေးစွမ်းအားများကို ခုခံနေသည်။

" အဲ့ဒါ တောင်ခံနိုင်ပါ့မလား။" ၎င်းကို မြင်သောအခါ မုရှင်းလျိုက အနည်းငယ် စိတ်သက်သာရာရသွား၏။

ဝူကျိ...

မုရှင်းလျိုက သွေးနီရောင်ပင်လယ်၏ အနက်ရှိုင်းဆုံးနေရာသို့ ကြည့်ပြီး သူ၏ အမူအရာက ပျက်ယွင်းနေသည်။ ထိုနေရာတွင် ကျွင်းဝူကျိက အင်မော်တယ်တောင်တန်းအား တိတ်ဆိတ်စွာ ရပ်ကြည့်နေသည်ကို သူခံစားရလေသည်။

" ဂိုဏ်းချုပ် ဘာဖြစ်တာလဲ။ " မုမန်ထင်းက လျင်မြန်စွာ ရောက်လာပြီး အလောတကြီး မေးလိုက်သည်။ သူက အင်မော်တယ်တောင်တန်းအား ဖုံးလွှမ်းနေသော သွေးစွမ်းအားများကိုကြည့်ပြီး သူ၏ စိတ်ထဲမှ ထိတ်လန့်မှုကို မထိန်းချုပ်နိုင်ခဲ့ပေ။

ဂိုဏ်းမှ မဟာမှော်အင်းကွက်များ၏ ကာကွယ်ပေးမှုကြောင့်သာ မဟုတ်လျှင် ထိုသွေးစွမ်းအားများအောက်တွင် ဟင်းလင်းပြင်သန့်စင်ခြင်းအဆင့်ရှိသော သူပင် အရည်ပျော်သွားပေလိမ့်မည်။

" အဲ့ဒါ ကျွင်းဝူကျိပဲ။ " မုရှင်းလျိုက တိုးညှင်းစွာ ပြောလိုက်သည်။

ထိုခနတွင် သူက စကားအများကြီး မပြောချင်ပေ။ တာအိုအင်မော်တယ်ဂိုဏ်းက နှစ်ပေါင်းတစ်သောင်းကျော်အတွင်း အကြီးမားဆုံး ကပ်ဘေးနှင့် ရင်ဆိုင်နေရပြီး သူက ဂိုဏ်း၏ ကာကွယ်ရေးအစီအရင်ကို ထိန်းသိမ်းနိုင်ရန် အာရုံစိုက်နေခဲ့သည်။

" ကျွင်းဝူကျိလား။ ကျွင်းတုန်ကျင်းရဲ့ အငယ်ဆုံးသားလား။ သူက စိတ်ဝိညာဉ်အမြစ်မရှိဘူးမဟုတ်လား။ "

မုမန်ထင်းက မုရှင်းလျိုနှင့် ရင်ဆိုင်နေသော လူကို မြင်ထားပြီးသားဖြစ်ပြီး ရှေးဟောင်းသူတော်စင်တစ်ယောက်အနေဖြင့် သူ့ကို ဖော်ထုတ်ရန် မခက်ခဲပေ။ သို့သော် ၎င်းက ပို၍ ရှင်းလင်းလာလေ မုမန်ထင်းက ပို၍ မယုံကြည်နိုင်ဖြစ်ရလေဖြစ်သည်။

ကျွင်းဝူကျိလား။ သူက ကျွင်းဝူကျိကို ခြိမ်းခြောက်မှုတစ်ခုအဖြစ်ပင် မစဉ်းစားခဲ့ပေ။ သူက ဘယ်လိုလုပ် ဒီလောက် သန်မာနေတာလဲ။

မုမန်ထင်းလက်မခံနိုင်ပေ။ သူ ဂရုမစိုက်သော ပုရွတ်ဆိတ်လေးတစ်ကောင်က ရုတ်တရက် ကောင်းကင်မှ နတ်ဘုရားတစ်ပါးကဲ့သို့ ဖြစ်နေပြီး ၎င်းက မုမန်ထင်း၏ စိတ်ထဲတွင် ကိုယ်တွင်းနတ်ဆိုးဖြစ်ပေါ်လုနီးပါး ဖြစ်သွားသည်။

" ငါက ဘယ်လိုလုပ်သိမှာလဲ။ " မုရှင်းလျိုက မုမန်ထင်းကို တစ်ချက်ကြည့်လိုက်သည်။

ယခု တာအိုအင်မော်တယ်ဂိုဏ်၏ ဝင်ပေါက်ကို ပိတ်ဆို့ပြီး ကြောက်စရာကောင်းသော စွမ်းအားဖြင့် အင်မော်တယ်တောင်တန်းကို ဖျက်ဆီးလုနီးပါး ဖြစ်စေသူက သူ၏မြေမှလွဲ၍ အခြားသူမဟုတ်ပေ။ သူက အမြဲတမ်း အာရုံစိုက်မခံရသော အင်မော်တယ်တောင်တန်း၏ တတိယမျိုးဆက်ပင် ဖြစ်သည်။

ပေါက်ကွဲသံများက ဆက်တိုက် ထွက်ပေါ်နေပြီး အကန့်အသတ်မရှိသော သွေးစွမ်းအားများက တဖြည်းဖြည်း ကျယ်ပြန့်လာသည်။

လင်းယွမ်ကလည်း တဖြည်းဖြည်း ထွက်ပေါ်လာပြီး အင်မော်တယ်တောင်တစ်ခုလုံးကို လှမ်းမြင်နေရသည်။

ထိုခနတွင် အင်မော်တယ်တောင်တန်းက ကာကွယ်ရေးမှော်အင်းကွက်များ တစ်ခုပြီး တစ်ခု ပေါ်လာပြီး တစ်ခုနှင့်တစ်ခု ရောယှက်ကာ နတ်ဘုရားကုန်းမြေ၏ မြေကြီးသွေးကြောများနှင့် ချိတ်ဆက်နေသည်။

" ကျွင်းဝူကျိလား။ " မုမန်ထင်းက ကောင်းကင်မှ လူကိုကြည့်ပြီး သူ၏ အတွေးများက ရှုပ်ထွေးသွားသည်။

" ကျွင်းဝူကျိ.."

" သူက ကျွင်းဝူကျိလား။ "

" အရှင်ကျွင်းတုန်ကျင်းရဲ့ အငယ်ဆုံးသားလား။ "

မရေတွက်နိုင်သော တာအိုအင်မော်တယ်ဂိုဏ်းသားများက လင်းယွမ်ကို မြင်လိုက်ရချိန်တွင် မှင်သက်သွားကြပြီး လင်းယွမ်၏ တိုက်ခိုက်ရေးစွမ်းအားကို ကြည့်ပြီး အံ့အားသင့်နေကြသည်။

ယခင် တပည့်အများစုနှင့် ကျွင်းဝူကျိနှင့် ပက်သက်ခဲ့ဖူးကြသည်။ ထိုအချိန်တွင် ကျွင်းဝူကျိက အင်အားကြီးသော နောက်ခံရှိသော်လည်း ​ကျင့်ကြံနိုင်စွမ်းမရှိသောကြောင့် တပည့်အများစုက ကဲ့ရဲ့ခဲ့ကြလေသည်။

သို့သော် ယခု အထက်ဘုံမှ အစစ်အမှန်အင်မော်တယ်တစ်ပါးကဲ့သို့ ကောင်းကင်တွင် ရပ်နေသော ကျွင်းဝူကျိကို ကြည့်ပြီး တပည့်များစွာက အိပ်မက်မက်နေသကဲ့သို့ ခံစားနေရသည်။

" ဒါကို ချိုးဖျက်နိုင်မလား ကြည့်ကြတာပေါ့။ " လင်းယွမ်က အောက်မှ အင်မော်တယ်တောင်တန်းကို အနီးကပ်လေ့လာနေသည်။

သွေးစွမ်းအားများဖြင့် တာအိုအင်မော်တယ်ဂိုဏ်းကို ကိုင်တွယ်ရန် မလုံလောက်ဘဲ လင်းယွမ်က သူကိုယ်တိုင် လှုပ်ရှားရန် လိုအပ်လေသည်။

ဝုန်း....

လင်းယွမ်က သူ၏ လက်ကို မြှောက်လိုက်သည်။ သူ၏ လက်ကို အဝေးမှ အင်မော်တယ်တောင်တန်းကို ချိန်ရွယ်လိုက်သည်။

ဝုန်း...

သွေးနီရောင်လှိုင်းလုံးများက မိုင်တစ်ရာကျယ်ပြန့်သော လက်ကြီးတစ်ဖက်အဖြစ် စုစည်းသွားပြီး အင်မော်တယ်တောင်တန်းရှိရာသို့ ဦးတည်သွားသည်။

အင်္ကျီလက်ထဲရှိ တစ်နေရာတွင်။

ကျွင်းတုန်ကျင်း၊ မုလျန်အာ၊ ကျွင်းရှောင်ယောင်နှင့် ကျွင်းကျိလန်တို့က စိုးရိမ်နေကြသည်။

" ယောကျာ်း ဘာတွေဖြစ်နေတာလဲ။ " မုလျန်အာက အင်္ကျီလက်ထဲသို့ ခေါ်ဆောင်သွားခြင်း ခံရကတည်းက သူမ၏ စိတ်က တင်းကျပ်နေခဲ့သည်။

မုလျန်အာက သူမတို့အား ခေါ်သွားသူမှာ သူမ၏ သားငယ် ကျွင်းဝူကျိဖြစ်သည်မှာ သေချာသော်လည်း သူမ၏ စိတ်ထဲတွင် မေးခွန်းများ ပိုများလာသည်။

သူမ၏ သားငယ်က သူမတို့ကို ဘာကြောင့် ခေါ်လာတာလဲ။

နတ်အသွင်ပြောင်းလဲခြင်းအဆင့် ကောင်းကင်သခင်များက သူမတို့ကို ဘာကြောင့် မတားဆီးခဲ့တာလဲ။

ထို့အပြင် အင်္ကျီလက်ထဲမှ စကြာဝဠာကဲ့သို့ လျို့ဝှက်နည်းစနစ်ကို နတ်အသွင်ပြောင်းလဲခြင်းအဆင့်များပင် ထုတ်ဖော်နိုင်ပါ့မလား။

မေးခွန်းများက တစ်ခုပြီးတစ်ခု မုလျန်အာ၏ စိတ်ထဲတွင် ပေါ်လာသည်။

" မောင်လေးက...သူက ဘယ်အချိန်က အဲ့လောက်သန်မာသွားတာလဲ။ အင်္ကျီလက်ထဲမှ စကြာဝဠာကိုတောင် ထုတ်ဖော်နိုင်တယ်။ " ကျွင်းကျိလန်က ပြောလိုက်သည်။

သူမ၏ မျက်လုံးများထဲတွင် သူမ၏ မောင်လေး ကျွင်းဝူကျိက သူမကာကွယ်ပေးရန် လိုအပ်သော ကလေးတစ်ယောက်သာ ဖြစ်သည်။ ယခု သူက ရုတ်တရက် ကောင်းကင်သခင်များပင် အသုံးပြုနိုင်သော အင်္ကျီလက်ထဲမှ စကြာဝဠာကို အသုံးပြုခဲ့သည်။

ကျွင်းကျိလန်က စိတ်ဝိညာဉ်ဖြစ်တည်မှုအဆင့်ဖြစ်ပြီး ဂိုဏ်းအတွင်း ပါရမီရှင်တစ်ယောက်ဟု ပြောနိုင်လေသည်။

" ညီလေးက လျို့ဝှက်စိတ်ဝိညာဉ်အမြစ်များ ရှိတာလား။ သူက လျို့ဝှက်ကျင့်ကြံပြီး အခု နတ်အသွင်ပြောင်းလဲခြင်းအဆင့်ကို ရောက်တော့ ဂိုဏ်းချုပ်ကို ပြောပြီး ငါတို့ကို အဝေးကို ခေါ်သွားတာလား။ " ကျွင်းရှောင်ယောင်က ခန့်မှန်းလိုက်သည်။

All Chapters