သုံးယောက်ပူးပေါင်းခြင်း....
Vol. 14 Ch. 222
လျို့ဝှက်စိတ်ဝိညာဉ်အမြစ်.... ၎င်းက နှစ်တစ်သောင်းအတွင်း အလယ်ပိုင်းနတ်ဘုရားကုန်းမြေတွင် အနည်းငယ်သာ ဖြစ်ဖူးပြီး ဖြစ်နိုင်ချေက အလွန်နည်းလေသည်။
" နတ်အသွင်ပြောင်းလဲခြင်းအဆင့်လား။ "
" ဒါက နတ်အသွင်ပြောင်းလဲခြင်းအဆင့်ရဲ့ လေဟာနယ်ထိန်းချုပ်မှုလို့ မင်းကထင်နေတာလား။ " တိတ်ဆိတ်နေသော ကျွင်းတုန်ကျင်းက စကားပြောလိုက်သည်။
" အာ..."
" လေဟာနယ်ထိန်းချုပ်တာက နတ်အသွင်ပြောင်းလဲခြင်းအဆင့်တွေပဲ လုပ်နိုင်တာ မဟုတ်ဘူးလား။ " ကျွင်းရှောင်ယောင်နှင့် ကျွင်းကျိလန်တို့က မေးလိုက်သည်။
၎င်းက ပို၍ လက်ခံနိုင်စရာ ကောင်းလေသည်။ ကျွင်းဝူကျိက လျို့ဝှက်စိတ်ဝိညာဉ်အမြစ်ရှိလျှင်တောင် နှစ်တစ်ရာကျော်အတွင်း နတ်အသွင်ပြောင်းလဲခြင်းအဆင့်သို့ တက်လှမ်းခြင်းက အလွန်ကြောက်စရာကောင်းလေသည်။ ရွှေအမြုတေ သို့မဟုတ် စိတ်ဝိညာဉ်ဖြစ်တည်မှုအဆင့်ဆိုလျှင် ပို၍ သင့်လျော်ပေသည်။ အနည်းဆုံး ၎င်းက ကျွင်းရှောင်ယောင်နှင့် ကျွင်းကျိလန်တို့၏ အဆင့်ဖြစ်လေသည်။
" ဒါဆို အဲ့လိုကိုး။ " မုလျန်အာက ရုတ်တရက် နားလည်သွားသည်။
ဂိုဏ်းချုပ်တစ်ယောက်၏ သမီးဖြစ်သော သူမပင် လေဟာနယ်ကို ကျွမ်းကျင်စွာ ထိန်းချုပ်နိုင်သော နတ်စွမ်းရည်များကို မကြားဖူးခဲ့ပေ။
လေဟာနယ်ထိန်းချုပ်ခြင်း၏ အနှစ်သာရမှာ လေဟာနယ်အပေါ် နားလည်မှုပင်ဖြစ်သည်။ နတ်အသွင်ပြောင်းလဲခြင်းအဆင့်မရောက်ဘဲ လေဟာနယ်ကို နားလည်နိုင်ရန် အလွန်ခက်ခဲလေသည်။
" မင်းတို့က ငါပြောတာကို နားလည်မှုလွဲနေတာပဲ။ "
ကျွင်းတုန်ကျင်းက အခြားသူများကို ကြည့်ပြီး သူ၏ စိတ်ထဲမှ တုန်လှုပ်မှုကို ဖိနှိပ်လိုက်သည်။ " နတ်အသွင်ပြောင်းလဲခြင်းအဆင့် ကောင်းကင်သခင်တွေက လေဟာနယ်ကို ထိန်းချုပ်နိုင်ရင်တောင် တစ်မိုင်အတွင်းပဲ လွှမ်းခြုံနိုင်တယ်။ "
ကျွင်းတုန်ကျင်းက ခနရပ်ပြီး အသက်ပြင်းပြင်းရှူလိုက်သည်။ " ဟင်းလင်းပြင်သန့်စင်ခြင်းအဆင့် ရှေးဟောင်းသူတော်စင်တွေက လေဟာနယ်ထိန်းချုပ်ရင် မိုင်တစ်ရာထိ ရောက်နိုင်တယ်။ "
ထိုသို့ပြောပြီး ကျွင်းတုန်ကျင်းက မတ်တပ်ရပ်၍ ပတ်ဝန်းကျင်ကို ကြည့်လိုက်သည်။ ကျွင်းရှောင်ယောင်နှင့် ကျွင်းကျိလန်တို့ကလည်း လှည့်ပတ်ကြည့်လိုက်ကြသည်။
သူတို့၏ မျက်လုံးများနှင့် မြင်နိုင်သမျှက အလွန်ကျယ်ပြောလှပြီး အဆုံးမရှိဟုပင် ထင်ရလေသည်။ ၎င်းက အနည်းဆုံး မိုင်တစ်သောင်းကျော်လေသည်။
အရှေ့ပင်လယ်။
ပိုင်ယုကျွန်းတွင် ယန်စိတ်ဝိညာဉ်က လက်နောက်ပစ်၍ မတ်တပ်ရပ်နေသည်။
ထိုအချိန်တွင် ပုံရိပ်တစ်ခုပေါ်လာပြီး ၎င်းက ထိုက်ယင်မူလစိတ်ဝိညာဉ်ပင် ဖြစ်သည်။ ယင်စိတ်ဝိညာဉ်က လက်ဝှေ့ရမ်းလိုက်ပြီး ကျွင်းတုန်ကျင်းနှင့် အခြားသုံးယောက်ပေါ်လာသည်။
" ဒါဘယ်နေရာလဲ။ " ကျွင်းတုန်ကျင်းက သတိထားပြီး လှည့်ကြည့်လိုက်သည်။
မုလျန်အာ၊ ကျွင်းရှောင်ယောင်နှင့် ကျွင်းကျိလန်တို့က ကျယ်ပြောလှသော လေဟာနယ်ကြောင့် တုန်လှုပ်နေကြဆဲ ဖြစ်သည်။
" အဖေ၊ အမေ၊ အကိုကြီး၊ ဒုတိယအမ ကျွန်တော် အရေးကြီးလုပ်စရာတစ်ခုရှိလို့ အရင်ထွက်သွားဦးမယ်။ ပြန်လာတဲ့အခါ အားလုံးကို ရှင်းပြပါမယ်။ " ထိုက်ယင်မူလစိတ်ဝိညာဉ်က ပြုံးပြီး ပြောလိုက်သည်။
ထိုက်ယင်မူလစိတ်ဝိညာဉ်က ထိုက်ယန်မူလစိတ်ဝိညာဉ်နှင့်အတူ ပိုင်ယုကျွန်းမှ ပျောက်ကွယ်သွားသည်။
နှစ်ပေါင်းတစ်ရာကျော် ပြင်ဆင်ပြီးနောက် ပိုင်ယုကျွန်းက ရှေးဟောင်းသူတော်စင်အချို့ လာတိုက်ခိုက်လျှင်တောင် ခနထိန်းထားနိုင်ပေလိမ့်မည်။ တာအိုအင်မော်တယ်ဂိုဏ်းချုပ်က ထိုက်ဟောက်အင်မော်တယ်ကြေးမုံကို စွမ်းအားအပြည့်ထုတ်သုံးမှသာ ပိုင်ယုကျွန်းကို ထိုးဖောက်နိုင်ပေလိမ့်မည်။
သို့သော် တာအိုအင်မော်တယ်ဂိုဏ်းချုပ် မုရှင်းလျိုနှင့် ထိုက်ဟောက်အင်မော်တယ်ကြေးမုံတို့က လင်းယွမ်၏ ပိတ်ဆို့ခြင်းခံထားရသောကြောင့် ပိုင်ယုကျွန်းက ယခု ကမ္ဘာပေါ်တွင် အလုံခြုံဆုံး နေရာတစ်ခုဟုပင် ပြောနိုင်လေသည်။
အင်မော်တယ်တောင်တန်း။
အသက်စွမ်းအားများနှင့် သွေးစွမ်းအားများက အဆုံးမရှိစွာ စီးဆင်းနေကြသည်။ လင်းယွမ်က အောက်သို့ ငုံ့ကြည့်နေပြီး ဆယ်ချက်ကျော် တိုက်ခိုက်ပြီးသော်လည်း အင်မော်တယ်တောင်တန်းကို မချိုးဖျက်နိုင်သေးပေ။
" တကယ်လိပ်ခွံလိုပဲ။ " လင်းယွမ်က တည်ငြိမ်စွာ ရေရွတ်လိုက်သည်။
အင်မော်တယ်တောင်တန်းက အလယ်ပိုင်းနတ်ဘုရားကုန်းမြေ၏ အကြီးဆုံး မြေကြီးသွေးကြောဖြင့် ချိတ်ဆက်ထားပြီး ၎င်းကို တိုက်ခိုက်ခြင်းက နတ်ဘုရားကုန်းမြေတစ်ခုလုံးကို တိုက်ခိုက်ခြင်းနှင့်တူလေသည်။
လင်းယွမ်က အင်မော်တယ်တောင်တန်းကို ချိုးဖျက်ချင်လျှင် အလယ်ပိုင်းနတ်ဘုရားကုန်းမြေကို ဖျက်ဆီးရပေလိမ့်မည်။ အလယ်ပိုင်းနတ်ဘုရားကုန်းမြေမရှိလျှင် အင်မော်တယ်တောင်တန်းကလည်း တောင့်ခံနိုင်မည်မဟုတ်ပေ။ သို့သော် ထိုနည်းလမ်းက မဖြစ်နိုင်ပေ။
အလယ်ပိုင်းနတ်ဘုရားကုန်းမြေမရှိလျှင် လင်းယွမ်၏ သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ကိုလည်း ဖြန့်ကျက်နိုင်တော့မည်မဟုတ်ပေ။
အင်မော်တယ်တောင်တန်းအတွင်း မုရှင်းလျိုက လင်းယွမ်၏ တိုက်ခိုက်မှုရပ်တန့်သွားသည်ကို မြင်သောအခါ သက်ပြင်းချလိုက်သည်။
ဂိုဏ်း၏ ကာကွယ်မှုက တာအိုပေါင်းစည်းခြင်းအဆင့်တစ်ယောက်သာ ချိုးဖျက်နိုင်မည်ဟု သူက ယုံကြည်သော်လည်း လင်းယွမ်၏ တိုက်ခိုက်မှုများက သူ့ကို ထိန်လန့်စေခဲ့လေသည်။
" ကျွန်တော်တို့ကာကွယ်မှုက သန်မာတယ်။ " နောက်ဆုံးတွင် မုမန်ထင်းကလည်း စိတ်အေးသွား၏။
" ဂိုဏ်းချုပ် ကျွန်တော်တို့ အခု ဘာလုပ်ကြမလဲ။ " မုမန်ထင်းက မေးလိုက်သည်။
အင်မော်တယ်တောင်တန်းက လင်းယွမ်၏ တားဆီးမှုကို ခုခံနိုင်သော်လည်း လင်းယွမ်က ဂိတ်ပေါက်ကို ပိတ်ဆို့ထားသဖြင့် သူတို့လည်း မထွက်ခွာနိုင်ပေ။
" ငါတို့ ဘာလုပ်နိုင်မှာလဲ။ " မုရှင်းလျိုက သက်ပြင်းချလိုက်သည်။ " ဒီအတိုင်းပဲ ဆက်ပြီး ခုခံရမှာပေါ့။ "
လင်းယွမ်၏ တိုက်ခိုက်မှုကို ခုခံနိုင်သော်လည်း မုရှင်းလျိုသာ ထိုက်ဟောက်အင်မော်တယ်ကြေးမုံကို ကိုင်ပြီး အပြင်ထွက်နိုင်ပေလိမ့်မည်။ အဆင့်တက်ခါစ ရှေးဟောင်းသူတော်စင် မုမန်ထင်းနှင့် အခြားတပည့်များက အပြင်ထွက်လျှင် သေမှာသေချာလေသည်။
" ငါတို့ တာအိုအင်မော်တယ်ဂိုဏ်းမှာ ခိုင်မာတဲ့ အခြေခံအုတ်မြစ်ရှိတယ်။ " မုရှင်းလျိုက တာအိုအင်မော်တယ်ဂိုဏ်း၏ တပည့်များ စိတ်အားတက်စေရန် ပြောလိုက်သည်။
ထိုအချိန်တွင် အင်မော်တယ်တောင်တန်း၏ အခြားဦးတည်ရာနှစ်ခုမှ ပုံရိပ်နှစ်ခု ပေါ်လာသည်။
တစ်ယောက်မှာ ကမ္ဘာပေါ်သို့ ကျဆင်းလာသော နေလုံးကြီးကဲ့သို့ ထိုက်ယန်စွမ်းအားများနှင့် ပိုင်ယုကျွန်းမှ သခင်ယွမ်ယန်ဖြစ်သည်။
အခြားတစ်ယောက်မှာ ထိုက်ယင်စွမ်းအားများ လွှမ်းခြုံထားပြီး သူ၏ တည်ရှိမှုကလည်း သခင်ယွမ်ယန်အောက် နိမ့်ကျခြင်းမရှိပေ။
" အဲ့ဒါ ထိုက်ယင်ရှေးဟောင်းသူတော်စင်လား။ "
" မကောင်းတော့ဘူး။ အဲ့ဒီ ထိုက်ယင်ရှေးဟောင်းသူတော်စင်ကလည်း ကျွင်းဝူကျိရဲ့ ကိုယ်ပွားတစ်ခုပဲ။ "
မုရှင်းလျို၏ အမူအရာက ပြင်းထန်စွာ ပြောင်းလဲသွားပြီး ထိုက်ဟောက်အင်မော်တယ်ကြေးမုံကို အင်မော်တယ်တောင်တန်း၏ ကာကွယ်မှုအစီအရင်များကို အဆုံးစွန်ထိ မြှင့်တင်ရန် တွန်းအားပေးလိုက်သည်။
ဝုန်း....
ထိုက်ယင်မူလစိတ်ဝိညာဉ်နှင့် ထိုက်ယန်မူလစိတ်ဝိညာဉ်တိုလက ထိုက်ကျိစွမ်းအားအဖြစ်ပေါင်းစည်းပြီး ယင်ယန်မဟာစက်ဝန်းအဖြစ် ပြောင်းလဲကာ အင်မော်တယ်တောင်ခြေသို့ ဦးတည်သွားကြသည်။
ထိုအချိန်တွင် လင်းယွမ်ကလည်း စတင်လှုပ်ရှားလိုက်သည်။ ကြောက်စရကောင်းသော သွေးစွမ်းအားများနှင့် သူက အင်မော်တယ်တောင်တန်းကို နောက်တစ်ကြိမ် တိုက်ခိုက်လိုက်သည်။
" သခင်ယွမ်ယန်နဲ့ ထိုက်ယင်ရှေးဟောင်းသူတော်စင်တို့က ကျွင်းဝူကျိရဲ့ ကိုယ်ပွားတွေလား။ " နတ်ဆိုးသူတော်စင်အသိုက်မှ နတ်ဆိုးသူတော်စင်၏ မျက်နှာက သွေးရောင်မရှိတော့ပေ။
ယနေ့ ထွက်ပေါ်လာသော အဖြစ်အပျက်များက လွန်ခဲ့သော နှစ်ပေါင်းများစွာက ဟင်းလင်းပြင်သန့်စင်ခြင်းအဆင့်ထက် ကျော်လွန်သော လူများ ထွက်ပေါ်ချိန်က တုန်လှုပ်ဖွယ်ရာများထက် သာလွန်နေလေသည်။
ပထမဆုံး သခင်ယွမ်ယန်က မုရှင်းလျို၏ ထိုက်ဟောက်အင်မော်တယ်ကြေးမုံနှင့် တိုက်ခိုက်မှုကို အလွယ်တကူ ခုခံနိုင်သော ဟင်းလင်းပြင်သန့်စင်ခြင်း ကန့်သတ်ချက်ထက် ကျော်လွန်သည့် တိုက်ခိုက်ရေးစွမ်းအားကို ပြသခဲ့လေသည်။
နောက်တစ်ခုမှာ လူတိုင်းက အမှိုက်ဟု ထင်နေသော လူက သူ၏ အဘိုးကို အပေါ်စီးမှ တိုက်ခိုက်ခဲ့လေသည်။ ပို၍ မယုံကြည်နိုင်စရာကောင်းသည်မှာ ကျွင်းဝူကျိက သူ၏ အဘိုးကို အမှန်တကယ်ပင် ဆုတ်ခွာစေခဲ့သည်။
မုရှင်းလျိုက တာအိုအင်မော်တယ်ဂိုဏ်းသို့ ဆုတ်ခွာပြီး အင်မော်တယ်တောင်တန်း၏ နှစ်ပေါင်းများစွာ စုစည်းထားသော အခြေခံအုတ်မြစ်ဖြင့် ကျွင်းဝူကျိကို ခုခံခဲ့သည်။
ထို့နောက် သခင်ယွမ်ယန် ရောက်လာသည်။ ဆန်းကျယ်သော ထိုက်ယင်ရှေးဟောင်းသူတော်စင်လည်း ရောက်လာခဲ့သည်။
သူတို့သုံးယောက်က အင်မော်တယ်တောင်ပတ်လည်ရှိ လမ်းကြောင်းသုံးခုတွင် ရပ်နေပြီး သူတို့က မတူညီသော အော်ရာများ ရှိကြသော်လည်း အခြားနှစ်ယောက်က အလွယ်တကူပေါင်းစည်နိုင်သည်ကို ကြည့်ခြင်းဖြင့် သူတို့သုံးယောက်မှာ တစ်ယောက်တည်းဖြစ်ကြောင်း ထင်ရှားလေသည်။
ထိုအခိုက်အတန့်တွင် နတ်ဆိုးသူတော်စင်က အလွန်တုန်လှုပ်နေသည်။ ကျွင်းဝူကျိက ထိုမျှ များပြားသော ဝှက်ဖဲများ ရှိလိမ့်မည်ဟု သူလုံးဝ မမျှော်လင့်ခဲ့မိပေ။
တောင်ဘက်နယ်မြေတွင် မိစ္ဆာဘုရင်က ဦးရေပြားများ ထုံကျဉ်လာမိသည်။ သူက တောင်ဘက်အစွန်ဆုံးသို့ ယခု ကျွင်းဝူကျိက သခင်ယွမ်ယန်၊ ထိုက်ယင်ရှေးဟောင်းသူတော်စင်တို့နှင့် ပူးပေါင်းပြီး တာအိုအင်မော်တယ်ဂိုဏ်းတစ်ခုလုံးကို ဖိနှိပ်သည်ကို မြင်လိုက်ရချိန်တွင် ထွက်ပြေးရန်ပင် စိတ်မပါတော့ပေ။
အကယ်၍ ဟင်းလင်းပြင်သန့်စင်ခြင်းအဆင့်ထက်ကျော်လွန်သော သခင်ယွမ်ယန်သာဆိုလျှင် သူက တောင်ဘက်သို့ ထွက်ပြေးပါက လွတ်မြောက်ရန် မျှော်လင့်ချက် ရှိနေသေးသည်။
သို့သော် သူတို့သုံးယောက်က တစ်ယောက်တည်းဖြစ်နိုင်သောကြောင့် မိစ္ဆာဘုရင်က ထွက်ပြေးရန် စိတ်မဝင်စားတော့ပေ။ သူက ဤနယ်မြေတွင် မည်သည့်နေရာကို ပြေးသည်ဖြစ်စေ ကွဲပြားမည်မဟုတ်ပေ။ ကျွင်းဝူကျိ ထုတ်လွှတ်လိုက်သော စွမ်းအားက ကမ္ဘာပေါ်က မည်သည့်နေရာဖြစ်စေ သူ၏ ခြေထောက်အောက်တွင် ရှိလေသည်။
" ဒီလိုလူမျိုးက ဒီကမ္ဘာမှာ ဘယ်လိုလုပ် မွေးဖွားလာတာလဲ။ " မိစ္ဆာဘုရင်က သက်ပြင်းချလိုက်ပြီး အင်မော်တယ်တောင်တန်းရှိရာသို့ ကြည့်လိုက်သည်။
သူ၏ အခြေအနေနှင့် ယှဉ်လျှင် တာအိုအင်မော်တယ်ဂိုဏ်း၏ အခြေအနေက များစွာ ဆိုးရွားလေသည်။