← Chapters

ဆုတ်ခွာသွားခြင်း....

Vol. 14 Ch. 223

ဆုတ်ခွာသွားခြင်း....

Vol. 14 Ch. 223

သွေးနတ်ဆိုးပင်လယ်။

သွေးနတ်ဆိုးသခင်က စိတ်မသက်မသာနှင့် တုန်လှုပ်နေသည်။

" ဘယ်လိုလုပ် ဒီလောက်အစွမ်းထက်နေတာလဲ။ "

လွန်ခဲ့သော နှစ်ထောင်ပေါင်းများစွာက ဟင်းလင်းပြင်သန့်စင်ခြင်းအဆင့်ထက် ကျော်လွန်သူများကို သွေးနတ်ဆိုးသခင်က မြင်ဖူးခဲ့ကြသော်လည်း လင်းယွမ်ကဲ့သို့ ကြောက်စရာကောင်းသူကို မတွေ့ဖူးခဲ့ပေ။

မုရှင်းလျိုက အင်မော်တယ်တောင်တန်း၏ အလယ်တွင် ထိုင်ပြီး ထိုက်ဟောက်အင်မော်တယ်ကြေးမုံ၏ စွမ်းအားကို အဆုံးစွန်ထိ မြှင့်တင်လိုက်သောကြောင့် မှော်အင်းကွက်အလင်းတန်းများက လေဟာနယ်ကိုပင် ဖောက်ထွင်းလုနီးပါး ဖြစ်လာသည်။

ထိုအချိန်တွင် ယင်ယန် ထိုက်ကျိမဟာစက်ဝန်းက တောင်ခြေသို့ ကျရောက်လာသည်။

ကောင်းကင်နှင့် မြေကြီး အရာအားလုံးက ပျက်ဆီးသွားသည်ဟုပင် ထင်ရသည်။ လင်းယွမ်က သူ၏ မူလစိတ်ဝိညာဉ်နှစ်ခုလုံးကို စုစည်းပြီး စွမ်းအားကုန် တိုက်ခိုက်လိုက်ခြင်း ဖြစ်သည်။ သူ၏ တိုက်ခိုက်ရေးစွမ်းအားက ဆဋ္ဌမအလွှာထက် ကျော်လွန်ပြီး သတ္တမအလွှာနှင့်ပင် နီးကပ်သွားခဲ့သည်။

ခနကြာသောအခါ စိတ်ဝိညာဉ်စွမ်းအားများက တဖြည်းဖြည်း တည်ငြိမ်လာသည်။ လင်းယွမ်က အောက်သို့ ငုံ့ကြည့်လိုက်သည်။

" စိတ်မကောင်းစရာပဲ " လင်းယွမ်က သူ၏ ခေါင်းကို အနည်းငယ် ခါလိုက်သည်။ သူ၏ ခွန်အားအကုန်က အင်မော်တယ်တောင်တန်းကို မချိုးဖျက်နိုင်ခဲ့ပေ။

" ကောင်းပြီလေ။ " လင်းယွမ်က သိပ်ဂရုမစိုက်ပေ။

တာအိုအင်မော်တယ်ဂိုဏ်းက နှစ်ထောင်ပေါင်းများစွာ တည်ရှိလာသော ဂိုဏ်းတစ်ခုဖြစ်ပြီး တာအိုပေါင်းစည်းခြင်းအဆင့်များပင် ထွက်ပေါ်ခဲ့သောကြောင့် ဂိုဏ်းကာကွယ်ရေးအစီအရင်ကို ချိုးဖျက်ရန် ခက်ခဲသည်မှာ သဘာဝပင် ဖြစ်သည်။

လင်းယွမ်က ဤတစ်ကြိမ် အလည်လာခြင်းမှာ တာအိုအင်မော်တယ်ဂိုဏ်းနှင့် ညှိနှိုင်းချင်သောကြောင့် မဟုတ်ဘဲ သူ၏ ခွန်အားကို တာအိုအင်မော်တယ်ဂိုဏ်းအား အသုံးချပြီး တိုင်းတာချင်သောကြောင့် ဖြစ်သည်။

" ငါအဲ့ဒါကို မချိုးဖျက်နိုင်ပေမယ့် လုပ်နိုင်လုနီးပါးပဲ။ ငါ ဆဋ္ဌမအလွှာ အထွတ်အထိပ်ကို ရောက်သွားရင် ငါ့ရဲ့ တိုက်ခိုက်မှုက သတ္တမအလွှာထိ ရောက်သွားလိမ့်မယ်။ အဲ့အချိန်ကျရင် ငါ အင်မော်တယ်တောင်တန်းကို ချိုးဖျက်နိုင်ရမယ်။ " လင်းယွမ်က အင်မော်တယ်တောင်တန်းကို ငုံ့ကြည့်ပြီး တွေးလိုက်သည်။

လင်းယွမ်၏ ခန့်မှန်းချက်အရ စိတ်ဝိညာဉ်ဘုံက ဝင်ရောက်နှောက်ယှက်ခြင်းမရှိပေ။

တာအိုအင်မော်တယ်ဂိုဏ်းက တက်လှမ်းခြင်းစင်မြင့်ကို ထိန်းချုပ်ထားပြီး ယခင် ဂိုဏ်းချုပ်များက ဂိုဏ်းကို နှစ်တစ်သောင်း သို့မဟုတ် နှစ်နှစ်သောင်းဦးဆောင်ပြီးနောက် တက်လှမ်းခြင်းစင်မြင့်မှတစ်ဆင့် စိတ်ဝိညာဉ်ဘုံသို့ တက်လှမ်းသွားခဲ့ကြသည်။

လွန်ခဲ့သော နှစ်တစ်သောင်းကျော်က ထိုခေတ်တွင် စွမ်းအားကောင်းသော တည်ရှိမှုများစွာ ရှိပြီး ဟင်းလင်းပြင်သန့်စင်ခြင်းအဆင့်ထက် ကျော်လွန်သော လူအချို့က တက်လှမ်းခြင်းစင်မြင့်မှတစ်စင့် စိတ်ဝိညာဉ်ဘုံသို့ တက်သွားခဲ့ကြသည်။

စိတ်ဝိညာဉ်ဘုံတွင် တာအိုပေါင်းစည်းခြင်းအဆင့် အစစ်အမှန်အင်မော်တယ် ရှိမည်မှာ သေချာသလောက်ပင် ဖြစ်သည်။

သို့သော် တက်လှမ်းခြင်းစင်မြင့်က တစ်လမ်းသာ ရှိ၏။ တက်လှမ်းသွားသော တာအိုအင်မော်တယ်ဂိုဏ်း၏ ယခင်ဂိုဏ်းချုပ်များအားလုံးက ပြန်မလာနိုင်ခဲ့ကြပေ။ ထို့ကြောင့် လင်းယွမ်က တာအိုအင်မော်တယ်ဂိုဏ်းကို တိုက်ခိုက်ရဲခြင်း ဖြစ်သည်။

ဘုံနှစ်ခုကွဲသွားသဖြင့် သူတို့က ဝင်ရောက်နှောက်ယှက်နိုင်လျှင်တောင် သူတို့ထုတ်ဖော်နိုင်သည့်စွမ်းအားမှာ အကန့်အသတ်နှင့်ရှိပြီး ဤကမ္ဘာတွင် ပြိုင်ဘက်ကင်းသော လင်းယွမ်က သူတို့ကို ကြောက်စရာအကြောင်းမရှိပေ။

" ပြန်မယ်။ " လင်းယွမ်က အောက်ရှိ တာအိုအင်မော်တယ်ဂိုဏ်းကို တစ်ချက်ကြည့်ပြီး ပျောက်ကွယ်သွားသည်။ အမှန်တွင် သူက တာအိုအင်မော်တယ်ဂိုဏ်းကို ဆက်လက်ဖိနှိပ်ထားရန် ယင်စိတ်ဝိညာဉ် သို့မဟုတ် ယန်စိတ်ဝိညာဉ်ကို ထားခဲ့နိုင်လေသည်။

သို့သော် ၎င်းက မလိုအပ်ပေ။ သူပြသခဲ့သော တိုက်ခိုက်ရေးစွမ်းအားနှု့် ကိုယ်ပွားတစ်ခု ချန်မထားခဲ့လျှင်တောင် တာအိုအင်မော်တယ်ဂိုဏ်း၏ တပည့်များက အချိန်အတော်ကြာသည်အထိ အပြင်ထွက်ရဲကြမည်မဟုတ်ပေ။ အထူးသဖြင့် စိတ်ဝိညာဉ်ဖြစ်တည်မှုအဆင့်များနှင့် နတ်အသွင်ပြောင်းလဲခြင်းအဆင့်များ ဖြစ်ကြသည်။

ထို့ကြောင့် လင်းယွမ်က မူလစိတ်ဝိညာဉ်ကို ချန်ထားခဲ့ခြင်းမရှိဘဲ သူနှင့်အတူ ကျင့်ကြံခြင်းက တာအိုအပေါ် သူ၏ နားလည်မှုကို ပို၍ တိုးတက်စေနိုင်လေသည်။

လင်းယွမ် ထွက်သွားခြင်းနှင့်အတူ တာအိုအင်မော်တယ်ဂိုဏ်း၏ မရေတွက်နိုင်သော တပည့်များက စိတ်အေးသွားကြပြီး မျက်ရည်များပင် ကျလာကြလေသည်။

ယခု သူတို့က သေခြင်း၏ ခြိမ်းခြောက်မှုကို အမှန်တကယ် ခံစားလိုက်ရပြီး နှစ်ထောင်ပေါင်းများစွာသော အမွေအနှစ်က လင်းယွမ်၏ ယင်ယန် ထိုက်ကျိမဟာစက်ဝန်းကို မခုခံနိုင်တော့ဘူးဟုပင် တွေးမိခဲ့ကြသည်။

သို့သော် အင်မော်တယ်တောင်တန်းက ခုခံနိုင်ခဲ့လေသည်။ ကောင်းကင်တွင် ရပ်ပြီး အစစ်အမှန်အင်မော်တယ်တစ်ပါးကဲ့သို့ သူတို့ကို ငုံ့ကြည့်ခဲ့သော ကျွင်းဝူကျိက ပျောက်ကွယ်သွားပြီဖြစ်သည်။

" ငါတို့အသက်ရှင်ပြီ။ "

" ငါ့ရဲ့ ဘဝက အဆုံးမသတ်သေးဘူးဆိုတာ ငါသိတယ်။ "

" ငါတို့အသက်ရှင်ပြီ။ ငါတို့ တကယ်အသက်ရှင်သွားပြီ။ "

မရေတွက်နိုင်သော တပည့်များက ဝမ်းသာအားရစွာ အော်ဟစ်လိုက်ကြသည်။ ရှင်ခြင်းမှသေခြင်း၊ သေခြင်းမှ ရှင်ခြင်း ထိုအပြောင်းအလဲက ​ကျင့်ကြံသူများအတွက်ပင် သူတို့၏ စိတ်ကို ပြင်းထန်စွာ သက်ရောက်နိုင်လေသည်။

" အသက်ရှင်တာလား။ " ကောင်းကင်ထက်တွင် ရပ်နေသော မုမန်ထင်းက တပည့်များ ပျော်ရွှင်နေကြသည်ကို ကြည့်ပြီး ခါးသီးစွာ ခံစားလိုက်ရသည်။

တာအိုအင်မော်တယ်ဂိုဏ်း၏ တပည့်များက ဘယ်လိုလုပ် ထိုသို့သော ခံစားချက်များ ရှိနေရသနည်း။

" ဂိုဏ်းချုပ်ကို သွားရှာမယ်။ " သူက တွေးလိုက်ပြီး အင်မော်တယ် တောင်ထိပ်သို့ ပျံသန်းသွားသည်။

သာမန်တပည့်များအတွက် ၎င်းက အမှန်တကယ် အသက်ရှင်ကြခြင်းဖြစ်သည်။ သို့သော် တာအိုအင်မော်တယ်ဂိုဏ်း၏ အဆင့်မြင့်သူများအတွက် ၎င်းက အစသာဖြစ်၏။ တာအိုအင်မော်တယ်ဂိုဏ်းက ဆက်လက်လုပ်ဆောင်ရမည့် အရာမှာ အရေးကြီးလေသည်။

ကျွင်းဝူကျိက ထွက်သွားခြင်းဖြစ်ပြီး သေသွားခြင်းမဟုတ်ပေ။ ပျော်ရွှင်ရန် အလွန်စောလှပေသည်။

ဂိုဏ်းချုပ်မုရှင်းလျိုက ပင်မထိုင်ခုံတွင် ထိုင်နေပြီး မျက်မှောင်ကြုတ်နေသည်။

" ဂိုဏ်းချုပ် " မုမန်ထင်းက ခန်းမထဲတွင် ပေါ်လာပြီး မုရှင်းလျိုကို ဦးညွှတ်လိုက်သည်။

" မန်ထင်း " မုရှင်းလျိုက မျက်လုံးများ ဖွင့်ပြီး မုမန်ထင်းကို ကြည့်လိုက်သည်။

သူက မုမန်ထင်းကို ကျွင်းတုန်ကျင်းနှင့် နှိုင်ယှဉ်ကြည့်မိသည်။ သူတို့နှစ်ယောက်က မယှဉ်နိုင်သည်မှာ ရှင်းလေသည်။

" ငါ တကယ်လူရွေးမှားခဲ့တာလား။ " မုရှင်းလျိုက တိတ်ဆိတ်စွာ တွေးလိုက်သည်။

သူက မုမန်ထင်းကို မရွေးချယ်ဘဲ ကျွင်းတုန်ကျင်းကို ရွေးချယ်ခဲ့လျှင် တာအိုအင်မော်တယ်ဂိုဏ်းက ဤကပ်ဘေးကို ရှောင်ရှားနိုင်မှာလား။

လင်းယွမ်က သိုင်းတာအိုကို ဖြန့်ကျက်ချင်ပြီး တာအိုအင်မော်တယ်ဂိုဏ်းကလည်း အလျှော့ပေးမည်မဟုတ်ပေ။ သို့သော် ကျွင်းတုန်ကျင်းသာ တာအိုအင်မော်တယ်ဂိုဏ်းချုပ်ဖြစ်ခဲ့လျှင် ယခုကဲ့သို့ အခြေအနေက ကြီးထွားမည်မဟုတ်ဘဲ ဖြေလျှော့ရန် အကြောင်းရင်းများ ရှိနိုင်လေသည်။

" ဂိုဏ်းချုပ် ကျွန်တော်တို့ အခုဘာလုပ်မလဲ။ " မုမန်ထင်းက သတိထားပြီး မေးလိုက်သည်။

" ငါတို့ ဘာလုပ်သင့်လဲ။ " မုရှင်းလျိုက အာရုံစိုက်လိုက်သည်။ " အခု ဝူကျိရဲ့ ခွန်အားက ငါတို့ထက် သန်မာတယ်။ ငါတို့က ငါတို့ဘိုးဘေးတွေဆီက အကြံဉာဏ်တောင်းရမှာပဲ။ "

" ဘိုးဘေးတွေရဲ့ အမြင်လား။ " မုမန်ထင်း၏ မျက်လုံးများက တောက်ပလာသည်။

တာအိုအင်မော်ဂိုဏ်းက နှစ်ထောင်ပေါင်းများစွာ အမွေဆက်ခံခဲ့ပြီး ဂိုဏ်းချုပ်ပေါင်း သုံးဆယ်ထက်မနည်း ရှိခဲ့လေသည်။ ပုံမှန်အားဖြင့် ဂိုဏ်းချုပ်တစ်ယောက်က တာအိုအင်မော်တယ်ဂိုဏ်းကို နှစ်တစ်သောင်းမှ နှစ်သောင်းထိ အုပ်ချုပ်ခဲ့လေသည်။

သွေးနတ်ဆိုးပင်လယ်၊ နတ်ဆိုးသူတော်စင်အသိုက်နှင့် မိစ္ဆာနန်းတော်တို့က ထိုအချိန်ကတည်းက တည်ရှိခဲ့ကြပြီး ဟင်းလင်းပြင်သန့်စင်ခြင်းအဆင့်များက နှစ်နှစ်သောင်းထက် ပို၍ အသက်ရှင်နိုင်သည်မှာ ထင်ရှားလေသည်။ ရှေးဟောင်းသူတော်စင်များက နှစ်တစ်သိန်းအသက်ရှင်ရန် မခက်ခဲပေ။

အမှန်တွင် တာအိုအင်မော်တယ်ဂိုဏ်းက ဂိုဏ်းချုပ်များ များနေခြင်းမှာ စိတ်ဝိညာဉ်ဘုံကြောင့်သာ ဖြစ်သည်။ တာအိုအင်မော်တယ်ဂိုဏ်းက စိတ်ဝိညာဉ်ဘုံနှင့် ဆက်သွယ်ထားသော တက်လှမ်းခြင်းစင်မြင့်ရှိသောကြောင့် ယခင်ဂိုဏ်းချုပ်များက စိတ်ဝိညာဉ်ဘုံသို့ တက်လှမ်းသွားကြခြင်းသာ ဖြစ်သည်။

စိတ်ဝိညာဉ်ဘုံ၏ ကျင့်ကြံခြင်းပတ်ဝန်းကျင်မှာ အလယ်ပိုင်နတ်ဘုရားကုန်းမြေထက် သာလွန်ပြီး တာအိုအင်မော်တယ်ဂိုဏ်း၏ ဘိုးဘေးများထဲတွင် တာအိုပေါင်းစည်းခြင်းအဆင့် အစစ်အမှန်အင်မော်တယ်များပင် ပါဝင်ကြလေသည်။

" မင်း ဘိုးဘေးတွေဆီက အရမ်းမမျှော်လင့်ထားသင့်ဘူး။ ဘိုးဘေးတွေက စိတ်ဝိညာဉ်ဘုံမှာဆိုတော့ အောက်ဘုံကို ဝင်စွက်ဖက်ဖို့က ခက်ခဲတယ်။ "

မုရှင်းလျိုက သူ၏ ခေါင်းကို ခါလိုက်သည်။ ဘိုးဘေးများသာ အလယ်ပိုင်းနတ်ဘုရားကုန်းမြေသို့ ဝင်စွက်ဖက်နိုင်လျှင် သွေးနတ်ဆိုးပင်လယ်၊ နတ်ဆိုးသူတော်စင်အသိုက်နှင့် မိစ္ဆာနန်းတော်တို့ ပျောက်ကွယ်သွားသည်မှာ ကြာပြီဖြစ်သည်။ သူတို့က ယနေ့အထိ တည်ရှိနေမည်မဟုတ်ပေ။

ပိုင်ယုကျွန်း။

ကျွင်းတုန်ကျင်း၊ မုလျန်အာ၊ ကျွင်းရှောင်ယောင်နှင့် ကျွင်းကျိလန်တို့က စိတ်လှုပ်ရှားစွာဖြင့် စောင့်ဆိုင်နေကြသည်။

" ဒါ ပိုင်ယုကျွန်းလား။ "

" သခင်ယွမ်ယန်ရဲ့ နယ်မြေ။ ဝူကျိက သခင်ယွမ်ယန်နဲ့လည်း ပက်သက်မှုရှိတာလား။ " ကျွင်းတုန်ကျင်း၏ စိတ်ထဲမှ တုန်လှုပ်မှုကတော့ ရပ်တန့်နိုင်တော့မည်မဟုတ်ပေ။

သူ၏ သား ပြသခဲ့သော အင်္ကျီလက်ထဲမှ စကြာဝဠာ နည်းစနစ်ကို ကြည့်ခြင်းဖြင့် ကျွင်းဝူကျိ၏ ခွန်အားမှာ သူတို့စိတ်ကူသည်ထက် သာလွန်ပေလိမ့်မည်။ သို့သော် ကျွင်းဝူကျိဆီမှ အတည်ပြုချက်ရမှ သူတို့က သေချာပေလိမ့်မည်။

ထိုခနတွင် လင်းယွမ်က အဝေးမှ ပေါ်လာသည်။

" ဝူကျိ "

" မောင်လေး " မုလျန်အာ၊ ကျွင်းရှောင်ယောင်နှင့် ကျွင်းကျိလန်တို့က အရင်ဆုံးပြေးသွားကြသည်။

" ဘာတွေဖြစ်နေတာလဲ။ "

" အစောက ငါတို့နဲ့တွေ့တဲ့လူက ဘာလို့ နင်နဲ့တူနေတာလဲ။ " ကျွင်းကျိလန်က မေးလိုက်သည်။

" အဲ့ဒါက ကျွန်တော်ရဲ့.... ကိုယ်ပွားပဲပြောပါတော့။ " လင်းယွမ်က ခနစဉ်းစားပြီး ပြောလိုက်သည်။

သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်၏ မူလစိတ်ဝိညာဉ်က ကိုယ်ပွားနှင့် ဆင်တူပြီး ကိုယ်ပွားဖန်တီးသကဲ့သို့ ကြီးမားသော တန်ဖိုးကို ပေးဆပ်ရန် မလိုအပ်ပေ။

All Chapters