← Chapters

သိုင်းတာအို၏ တိုးတက်မှု....

Vol. 14 Ch. 225

သိုင်းတာအို၏ တိုးတက်မှု....

Vol. 14 Ch. 225

နာမည် - ကျွင်းဝူကျိ (လင်းယွမ်)

အဆင့်အတန်း - အနန္တကမ္ဘာများ၏ ဂိတ်တံခါး အရှင်သခင်

စွမ်းရည် - ကောင်းကင်ကိုဆန့်ကျင်သော နားလည်နိုင်စွမ်း။

လက်ရှိအခြေအနေ - စိတ်အသိဆင်းသက်ခြင်း။

လက်ကျန်အချိန် - ၂၂၀နှစ်။

ပိုင်ယုကျွန်း ကျင့်ကြံဂူထဲတွင် လင်းယွမ်က ထိုင်နေပြီး သူ၏ ကြောက်စရာကောင်းသော အော်ရာက ရေထဲ ကျောက်ခဲပစ်ချလိုက်သကဲ့သို့ အဖက်ဖက်သို့ လှိုင်းများ ပျံ့နှံ့သွားသည်။

" ဒီကမ္ဘာ..." လင်းယွမ်က မျက်လုံးများ ဖွင့်ပြီး အလယ်ပိုင်းနတ်ဘုရားကုန်းမြေရှိ တာအိုအင်မော်တယ်ဂိုဏ်းသို့ ကြည့်လိုက်သည်။

လေဟာနယ်အပေါ် လက်ရှိ သူ၏ နားလည်နိုင်စွမ်းနှင့် မည်မျှဝေးကွာသည်ဖြစ်စေ သူက တာအိုအင်မော်တယ်ဂိုဏ်း၏ နက်ရှိုင်းသော နေရာအထိ အာရုံခံနိုင်လေသည်။ အနက်ရောင်အစက်တစ်ခုက စာရွက်အဖြူပေါ်တွင် ပေါ်လာသကဲ့သို့ လင်းယွမ်၏ အမြင်တွင် အားလုံးက ထင်ရှားနေသည်။

" အဲ့ဒါ တာအိုအင်မော်တယ်ဂိုဏ်းက ထိန်းချုပ်ထားတဲ့ တက်လှမ်းခြင်းစင်မြင့်လား။ " လင်းယွမ်က တွေးလိုက်သည်။

နတ်လက်နက်ကမ္ဘာမှ လေဟာနယ်အက်ကြောင်းနှင့်ယှဉ်လျှင် တက်လှမ်းခြင်းစင်မြင့်၏ လေဟာနယ်လမ်းကြောင်းက ပို၍ တည်ငြိမ်လေသည်။

၎င်းက လင်းယွမ် ဆဋ္ဌမအလွှာသို့ ရောက်ချိန်တွင် ချီခွန်ပင်မကြယ်သို့ သွားရန် စီနီယာအကိုကြီး အသုံးပြုခဲ့သော လေဟာနယ် လမ်းကြောင်းနှင့် ဆင်တူလေသည်။

လင်းယွမ်က အရှေ့ပင်လယ်တွင် ထိုင်၍ တာအိုအင်မော်တယ်ဂိုဏ်း၏ တက်လှမ်းခြင်းစင်မြင့်ကို လေ့လာပြီးနောက် သူ၏ အကြည့်က အဝေးသို့ ပြောင်းရွေ့သွားသည်။

တက်လှမ်းခြင်းစင်မြင့်က ယခု လင်းယွမ်အတွက် လျို့ဝှက်ချက်တစ်ခု မဟုတ်​တော့ဘဲ ကမ္ဘာတစ်ခုနှင့် ဆက်သွယ်ထားသော လေဟာနယ်လမ်းကြောင်းတစ်ခုသာ ဖြစ်သည်။

၎င်းက တည်ငြိမ်သည်ဟု ဆိုသော်လည်း လေဟာနယ်ဖိအားများ ပြည့်နှက်နေပြီး ဆဋ္ဌမအလွှာ သို့မဟုတ် ဟင်းလင်းပြင်သန့်စင်ခြင်းအဆင့်များသာ ဖြတ်သန်းနိုင်လေသည်။

" နှစ်ပေါင်း ၂၈၀။ " လင်းယွမ်က ဤကမ္ဘာသို့ ဆင်းသက်လာသည်မှာ နှစ်ငါးရာ၏ တစ်ဝက်ကျော် နှစ်ပေါင်းသုံးရာနီးပါး ကြာသွားပြီဖြစ်သည်။

" လွန်ခဲ့တဲ့ နှစ်ခြောက်ဆယ်က ငါ ဆဋ္ဌမအလွှာရဲ့ အဆင့် ၁၂ကို ရောက်ခဲ့တယ်။ လွန်ခဲ့တဲ့ နှစ်ငါးဆယ်က ဆဋ္ဌမအလွှာရဲ့ အထွတ်အထိပ်ကို ရောက်သွားခဲ့တယ်။ ပြီးတော့ အခု ငါက ဆဋ္ဌမအလွှာ အဆင့် ၁၂ကို ခြေလှမ်းတစ်ဝက် ကျော်လွန်နေပေမယ့် သတ္တမအလွှာကို မထုတ်ဖော်နိုင်သေးဘူး။ "

နှစ်တစ်ရာအတွင်း လင်းယွမ်က တာအိုအင်မော်တယ်ဂိုဏ်း၏ တာအိုအင်မော်တယ်ကျမ်းကို နားလည်သည့်အပြင် ဤကမ္ဘာ၏ လျို့ဝှက်နည်းစနစ်များနှင့် ကျင့်စဉ်များအားလုံး၏ အနှစ်သာရကို သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်အတွက် အားဖြည့်ပေးခဲ့သည်။

သို့သော် လင်းယွမ်၏ နားလည်နိုင်စွမ်းနှင့် သူက သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်၏ သတ္တမအလွှာကို စတင်ရန် တစ်ခုခု လွဲချော်နေသည်ဟု ခံစားနေရသည်။

သတ္တမအလွှာ ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်အတွက် အချက်အလက်များစွာ ရှိသော်လည်း လင်းယွမ် ဖန်တီးလိုသော သတ္တမအလွှာမှာ သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်အတွက် ထူးခြားပြီး သူနှင့် လုံးဝ သင့်တော်ရမည်ဖြစ်သည်။

" သတ္တမအလွှာ " လင်းယွမ်က စဉ်းစားနေသည်။

ဤကမ္ဘာတွင် သတ္တမအလွှာနှင့် ညီမျှသော အင်မော်တယ်ကျင့်ကြံခြင်းအဆင့်မှာ တာအိုပေါင်းစည်းခြင်းအဆင့် ဖြစ်သည်။

တာအိုပေါင်းစည်းခြင်းအဆင့်ဆိုတာဘာလဲ။ လူတစ်ယောက်က တာအိုဖြစ်လာပြီး မိမိက တာအို၊ တာအိုက မိမိဖြစ်လာခြင်းဖြစ်သည်။

တာအိုပေါင်းစည်းခြင်းအဆင့်ကို အစစ်အမှန်အင်မော်တယ်ဟုလည်း ခေါ်ကြပြီး အမှန်တကယ် ထာဝရအသက်ရှည်ခြင်းကို ပိုင်ဆိုင်ခြင်းဖြစ်သည်။

" တာအိုပေါင်းစည်းခြင်းလား။ "

" တာအိုအင်မော်တယ်ကျမ်းကို လေ့လာတာက ငါ့ရဲ့ သတ္တမအလွှာကို အထောက်အကူဖြစ်နိုင်လား။ " လင်းယွမ်က တွေးလိုက်သည်။

အင်မော်တယ်ကျင့်ကြံခြင်းစနစ်က ထူးခြားသော အသွင်အပြင်များ ပါဝင်ပြီး ထိုအစစ်အမှန် အင်မော်တယ်များက ကြောက်စရာကောင်းသော စွမ်းအားကို ပိုင်ဆိုင်ထားကြသည်။

" ကံမကောင်းစွာနဲ့ ဒီကျင့်ကြံခြင်းစနစ်က အကြောင်းရင်းတစ်ခုကြောင့် ကန့်သတ်သွားပုံရတယ်။ " လင်းယွမ်က သူ၏ ခေါင်းကို ခါလိုက်သည်။

ဤကမ္ဘာ၏ အင်မော်တယ်လမ်းစဉ်က ကန့်သတ်သွားပြီး အင်မော်တယ်ကျင့်ကြံခြင်းစနစ်အတွက် သင့်တော်သော စိတ်ဝိညာဉ်ဘုံနှင့် ချိတ်ဆက်ထားသည့် တက်လှမ်းခြင်းစင်မြင့်ပေါ်လာခဲ့သည်။ ဘယ်လိုလုပ် ထိုမျှအထိ တိုက်ဆိုင်နိုင်မှာလဲ။

လုံဟုကမ္ဘာတွင် အထက်ဘုံမှ တည်ရှိမှုများက မူလနတ်ဆိုးစိတ်ဝိညာဉ်နှင့် ကျန်းဝူဓားတို့ကို ချန်ထားခဲ့လေသည်။

ဤကမ္ဘာကြီးတွင်လည်း လင်းယွမ်က ပို၍ မြင့်မားသော စွမ်းအားများ၏ စွက်ဖက်ထားသော ခြေရာများကို အာရုံခံမိခဲ့သေးသည်။

" ကမ္ဘာတွေခြားနေရင် စွမ်းအားကြီးတဲ့ တည်ရှိမှုတွေတောင် ကန့်သတ်ချက်တွေများတော့ သူတို့နည်းလမ်းတွေကို နှိမ့်ချရုံကလွဲပြီး ရွေးချယ်စရာမရှိဘူး။ "

လင်းယွမ်က အချိန်နှင့် လေဟာနယ်ကန့်သတ်ချက်များကို ဆန့်ကျင်ပြီး ကမ္ဘာတစ်ခုသို့ အတင်းအကျပ် ဝင်ရောက်နိုင်သော အနန္တကမ္ဘာများ၏ ဂိတ်တံခါး၏ ကြောက်စရာကောင်းပုံကို ပို၍ နားလည်လာသည်။

အနန္တကမ္ဘာများ၏ ဂိတ်တံခါးက စိတ်အသိဆင်းသက်မှုကို စွမ်းဆောင်နိုင်ရုံသာမက ရုပ်ခန္ဓာဆင်းသက်ခြင်းလည်း ပြုလုပ်နိုင်ပြီး ကမ္ဘာဖျက်ဆီးခြင်းမူလစွမ်းအားသာ လုံလောက်လျှင် တိကျသော ကမ္ဘာတစ်ခုကို ပစ်မှတ်ထားပြီး ဝင်ရောက်နိုင်လေသည်။

ခနစဉ်းစားပြီးနောက် လင်းယွမ်က ဂူထဲမှ ထွက်လာသည်။ သူ၏ ခွန်အားနှင့်အဆင့်က ယခုအခါ ကန့်သတ်ချက်ကို ရောက်သွားပြီဖြစ်သည်။ သူဆက်လက်ကျင့်ကြံလျှင်တောင် နောက်ဆယ်စုနှစ် သို့မဟုတ် ရာစုနှစ်အတွင်း ဘာမှရနိုင်မည်မဟုတ်ပေ။

ကောင်းကင်ကိုဆန့်ကျင်သော နားလည်နိုင်စွမ်းက မလုံလောက်သောကြောင့်မဟုတ်ဘဲ လင်းယွမ်က အလားအလာကိုသာ ဂရုမစိုက်လျှင် သတ္တမအလွှာကဏ္ဍကို ဖန်တီးနိုင်ပြီဖြစ်သည်။ သို့သော် သတ္တမအလွှာ အချင်းချင်းပင် ကွဲပြားမှုရှိလေသည်။

အချို့သတ္တမအလွှာဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်များက နဝမအလွှာထိ ရောက်နိုင်သော အလားအလာရှိကြပြီး အချို့က အဋ္ဌမအလွှာကိုပင် ရောက်ရန် အခွင့်အရေးမရှိကြပေ။

စိတ်ဝိညာဉ်စွမ်းအားများက ပိုင်ယုကျွန်းတွင် ပြည့်နှက်နေပြီး မှော်အင်းကွက် အလင်းလွှာက ကျွန်းတစ်ခုလုံးကို ဖုံးလွှမ်းထားသည်။

" ဝူကျိ " ကျွင်းတုန်ကျင်း၊ မုလျန်အာ၊ ကျွင်းရှောင်ယောင်နှင့် ကျွင်းကျိလန်တို့က လင်းယွမ်ထွက်လာသည်ကို မြင်သောအခါ နှုတ်ဆက်လိုက်ကြသည်။

မကြာသေးမီက လင်းယွမ်အဆင့်တက်သွားခြင်းကို ကမ္ဘာပေါ်ရှိ ကျင့်ကြံသူတိုင်းက ခံစားမိခဲ့ကြလေသည်။

" အဖေ အမေ " လင်းယွမ်က လျှောက်သွားလိုက်သည်။

" အခု ကျွန်းပေါ်မှာ အခြေအနေ ဘယ်လိုလဲ။ " လင်းယွမ်က သာမန်အတိုင်း မေးလိုက်သည်။

သူ၏ အချိန်အများစုကို တံခါးပိတ်ကျင့်ကြံခြင်းဖြင့်သာ အချိန်ကုန်ခဲ့ပြီး ပိုင်ယုကျွန်း၏ ကိစ္စများကို သူ၏ တပည့်များနှင့် သူ၏ မိသားစုတို့ကို လွှဲပြောင်းပေးထားသည်။

သို့သော် ကျွင်းတုန်ကျင်းနှင့် မုလျန်အာတို့က ပိုင်ယုခန်းမ၏ ကိစ္စများကို ဝင်ရောက်နှောက်ယှက်ခြင်းမပြုဘဲ ကျွင်းရှောင်ယောင်နှင့် ကျွင်းကျိလန်တို့က စိတ်ဝင်စားမှုအချို့ ပြခဲ့လေသည်။

" ဆရာ " လီချင်းက ရှေ့ထွက်လာသည်။ လင်းယွမ်၏ တပည့်တစ်ယောက်အနေဖြင့် ပိုင်ယုခန်းမ၏ ကိစ္စတိုင်းအတွက် တာဝန်ရှိပြီး ကျွင်းရှောင်ယောင်နှင့် ကျွင်းကျိလန်တို့က သူမကို ကူညီရုံသာ ရှိသည်။

" လက်ရှိ ပိုင်ယုခန်းမမှာ သိုင်းတာအိုရဲ့ ပထမအလွှာ ၁၆ သန်း၊ ဒုတိယအလွှာက သိန်း ၈၉၀၊ တတိယအလွှာမှာ ၁၁၀၀၀၀၊ စတုတ္ထအလွှာမှာ ၂၁၀၀၀နဲ့ ပဉ္စမအလွှာမှာ ၂၄ ယောက်ရှိပါတယ်။ "

လီချင်းက ခနရပ်ပြီး ဆက်ပြောလိုက်သည်။ " သိုင်းတာအိုရဲ့ ဆဋ္ဌမအလွှာကို ကျင့်ကြံနိုင်တဲ့ တပည့်တော့ မရှိသေးပါဘူး။ "

" အင်း " လင်းယွမ်က ခေါင်းငြိမ့်လိုက်သည်။

သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်က နှစ်နှစ်ရာကျော်သာ ဖြန့်ကျက်ရသော်လည်း လေ့ကျင့်သူများစွာ ရှိလာပြီး တိုးတက်မှု လျင်မြန်သည်ဟု ပြောနိုင်လေသည်။ အမှန်တွင် သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်၏ တိုးတက်မှုအလျင်မြန်ဆုံးမှာ လွန်ခဲ့သော နှစ်တစ်ရာမှဖြစ်သည်။

လွန်ခဲ့သော နှစ်တစ်ရာတွင် လင်းယွမ်က လွှမ်းမိုးနိုင်သော စွမ်းအားဖြင့် တာအိုအင်မော်တယ်ဂိုဏ်း၏ ဂိတ်ပေါက်ကို တိုက်ခိုက်ခဲ့လေသည်။ သူက အင်မော်တယ်တောင်တန်းကို မချိုးဖျက်နိုင်ခဲ့သော်လည်း သူ၏ ခွန်အားကို ဘယ်သူက မေးခွန်းထုတ်ရဲမှာလဲ။

ထို့ကြောင့် လင်းယွမ်ဖြန့်ကျက်ထားသော သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ကို မရေတွက်နိုင်သော လူများက စိတ်ဝင်စားခဲ့ကြပြီး အထူးသဖြင့် အရှေ့ပင်လယ်မှ ဂိုဏ်းပေါင်းရှစ်ရာနှင့် အဖွဲ့သုံးထောင်မှ ကျင့်ကြံသူများက ပိုင်ယုခန်းမသို့ ဝင်ရောက်လိုခဲ့ကြသည်။

" သိုင်းတာအို ဆဋ္ဌမအလွှာ " လင်းယွမ်၏ လမ်းညွှန်မှုဖြင့်ပင် ပိုင်ယုခန်းမတွင် ဆဋ္ဌမအလွှာ သိုင်းတာအိုကျင့်ကြံသူ ထွက်ပေါ်လာခြင်းမရှိပေ။

လင်းယွမ်က ထိုအချက်ကို မအံ့ဩပေ။ ဆဋ္ဌမအလွှာက ရှေးဟောင်းသူတော်စင်အဆင့်နှင့် တူညီလေသည်။ ထို့အပြင် မူလကမ္ဘာတွင် ပဉ္စမအလွှာမှ ဆဋ္ဌမအလွှာသို့ ချိုးဖျက်ရာတွင် ရှုထောင့်များစွာ ပါဝင်လေသည်။

ဆဋ္ဌမအလွှာ ဆင့်ကဲပြောင်းလဲသူများက အသက်စွမ်းအားပြောင်းလဲသွားပြီး သူတို့၏ အသက်တံဆိပ်များကို စကြာဝဠာထဲတွင် ချန်ထားနိုင်ကြလေသည်။

ဤကမ္ဘာတွင် ရှေးဟောင်းသူတော်စင်များ၏ တိုက်ခိုက်ရေးစွမ်းအားကို သံသယဝင်စရာပင် မလိုပေ။ တာအိုအင်မော်တယ်ဂိုဏ်းကဲ့သို့ အင်အားစုကြီးတစ်ခုကိုပင် ရှေးဟောင်းသူတော်စင်တစ်ယောက်က ထိန်းချုပ်ထားနိုင်လေသည်။

မူလကမ္ဘာမှ လင်းယွမ်၏ ဉာဏ်အလင်းများကြောင့်သာ အများစုက သိုင်းတာအိုတွင် အဆင့်တက်နိုင်ကြပြီး ထိုက်ယင်၊ ထိုက်ယန်နှင့် ထိုက်ကျိများသာ ဆိုလျှင် စတုတ္ထအလွှာနှင့် ပဉ္စမအလွှာသို့ အနည်းငယ်သာ ရောက်ကြပေလိမ့်မည်။

" အခု ကျွန်တော် ခရီးတစ်ခုသွားစရာရှိသေးတယ်။ " သူ၏ မိသားစု၊ တပည့်များနှင့် စကားခနပြောပြီးနောက် လင်းယွမ်က ပြောလိုက်သည်။

" ထွက်သွားဦးမလို့လား။ " မုလျန်အာက တစ်စုံတစ်ခုကို တွေးမိပြီး မေးလိုက်သည်။ " ဝူကျိ အင်မော်တယ်တောင်တန်းကို သွားမလို့ စဉ်းစားနေတာလား။ "

လွန်ခဲ့သော နှစ်တစ်ရာက လင်းယွမ်မှာ အင်မော်တယ်တောင်တန်းကို မထိုးဖောက်နိုင်ခဲ့ပေ။ နှစ်တစ်ရာကြာပြီး အဆင့်တက်ပြီးနောက် လင်းယွမ်က ပိုင်ယုကျွန်းမှ ထွက်သွားလိုသည့် ရည်ရွယ်ချက်မှာ ရှင်းလင်းလေသည်။

" အမှန်ပဲ။ " လင်းယွမ်က ခေါင်းငြိမ့်လိုက်သည်။ အင်မော်တယ်တောင်တန်းက သူ၏ ပန်းတိုင်များထဲမှ တစ်ခုဖြစ်သည်။

" ဝူကျိ " မုလျန်အာက သက်ပြင်းချလိုက်ပြီး တစ်စုံတစ်ခု ပြောရန်ပြင်လိုက်သော်လည်း တုန့်ဆိုင်းနေသည်။

" အမေ စိတ်ချပါ။ ကျွန်တော် ဘာလုပ်လုပ် အတိုင်းအတာရှိပါတယ်။ " လင်းယွမ်က နှစ်သိမ့်လိုက်သည်။

သူက တာအိုအင်မော်တယ်ဂိုဏ်းသို့ အမှန်တကယ် ဆွေးနွေးညှိနှိုင်းရန် သွားမည်ဖြစ်သည်။ သို့သော် လင်းယွမ်နှင့် ဆွေးနွေးရန် အရည်အချင်းပြည့်မီသူများက စိတ်ဝိညာဉ်ဘုံမှ တာအိုအင်မော်တယ်ဂိုဏ်း၏ ဘိုးဘေးများပင် ဖြစ်သည်။

All Chapters