နင် သိပ်သိပ်ဆိုး
Vol. 118 Ch. 1757
“ ဥက္ကဌလင်း … မင်းအဲ့လိုတော့ မပြောပါနဲ့ …” ဟာဘာ လက်ဟန်အမူအရာဖြင့် “ ငါတို့ အရင် ငါတို့ရဲ့ လုပ်ရပ်ကို ပြန် ဆင်ခြင် သုံးသပ်ခဲ့ပြီးပြီ … ကုမ္ပဏီရဲ့ ကားတွေကိုလည်း ကိုယ့်ဘာကိုယ် ပြန်စစ်ဆေးကြည့်လိုက်တာ ပြဿနာတွေ အများကြီး တွေ့ထားတယ်… အခု အဲ့ဒီ ပြဿနာ ရှိနေတဲ့ ကားတွေ အကုန်လုံးကို ပြန်ခေါ်ပြီး ကတ်စတန်မာတွေကို အရင်သုံးနှစ်မှာ ချွတ်ယွင်းချက်ရှိတဲ့ ကားတွေ မောင်းခိုင်းစေမိတဲ့အတွက် လျော်ကြေးတွေလည်း ပေးအပ်သွားမယ်… ဟွာရှဈေးကွက်ထဲမှာ ရှိတဲ့ ကားပိုင်ရှင်တွေ အားလုံးကိုလည်း ပြန်တောင်းပန်သွားမယ်…”
ဟာဘာ၏ အစီအစဉ်က နားလည်လွယ်ပြီး သူ၏ သဘောထားအမူအရာမှာလည်း အတော်လေး လေးနက် စစ်မှန်နေသည်။
ယခင်ကကဲ့သို့ အတော် ၊ အတတ်ကြီး ပြုမနေတော့ချေ။
အကယ်၍ ဖြစ်နိုင်မည်ဆိုပါက ၊ သို့မဟုတ် အခြား ရွေးချယ်စရာ တစ်ခုခုသာ ရှိခဲ့မည်ဆိုပါက ဟာဘာသည် ယခုလို လေသံမျိုး ဖြစ်နေမှာ မဟုတ်ချေ။
သို့သော် ယခုတော့ မဖြစ်နိုင်ချေ။ Tesla တွင် လွတ်လမ်း မရှိတော့ပေ။
အကယ်၍ သူတို့ဘက်က ဆုံးရှုံးမှုများအား အချိန်မီ မရပ်တန့်နိုင်ပါက ဟွာရှဈေးကွက်အား လုံးဝ လက်လွတ် ဆုံးရှုံးရတော့မည်။
ထိုစဉ် သူကိုယ်၌က လင်းရီကြောင့် လုံးဝ ဖိနှိပ်ခံထားရပြီး မဆင်မခြင်လည်း မလှုပ်ရှားဝံ့ချေ။
“ ခင်များသာ အရင်က ဒီလိုမျိုး ပြောခဲ့ရင် ဒီကိစ္စ ဖြေရှင်းပြီးသွားတာ ကြာနေပြီ … ဒါပေမယ့် အခုကတော့ … အလုပ် မဖြစ်တော့မှာကို ကျုပ် စိုးရွံ့မိသား …” လင်းရီ ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။
“ ငါတို့ အခု လုပ်ပေးနေတာကို မင်းက မကျေနပ်နိုင်သေးဘူးလား …” ဟာဘာ စိတ်လှုပ်ရှားစွာဖြင့် မေးမြန်းလာခဲ့ပြီး “ ငါတို့ တခြား ဘာမှလည်း ထပ်မလုပ်ပေးနိုင်တော့ဘူး …”
“ ခင်များတို့က ပြဿနာ တက်နေတဲ့ ကားတွေကို ပြန်ခေါ်ပြီး ဟွာရှဈေးကွက်မှာ ရှိတဲ့ ကားပိုင်ရှင်တွေကို တောင်းပန်ရင်တောင် ဒါမျိုး နောက်တစ်ကြိမ် ထပ်မဖြစ်ဘူးလို့ ဘယ်သူ အာမခံပေးနိုင်လဲ …”
“ ဥက္ကဌလင်း … မင်း စိတ်ချပါ … ငါတို့ ဒီပြဿနာကို တင်းတင်းကြပ်ကြပ် စုံစမ်းသွားဖို့ ကတိပေးတယ်… ဒီလိုမျိုး ထပ်မဖြစ်စေရဘူး …”
“ အကုန်လုံးက စီးပွားရေး လောကသားတွေချည်းပါ … ဒီလို အာမခံချက်မျိုးက ကျုပ်အတွက် ဘာအကျိုးမှ မရှိဘူး …”
“ မင်းက ငါတို့ဆီကနေ ဘာလိုချင်တာ … ငါတို့ ဒီထက် အချိန်ထပ်ဆွဲနေရင် ကုမ္ပဏီနှစ်ခုလုံးအတွက် ကောင်းမှာ မဟုတ်ဘူးနော်….”
“ မဟုတ်ဘူး မဟုတ်ဘူး … ခင်များ အဲ့လို စကားမျိုး လာမပြောနဲ့ …” လင်းရီ သူ၏ လက်ညိုးအား ရမ်း၍ “ ခင်များ အမှတ်မှားနေတာ တစ်ခု ရှိတယ်… ကျုပ်တို့ လင်းယွင်အုပ်စုရဲ့ လက်အောက်ခံ ကုမ္ပဏီ ရှယ်ယာတွေ အကုန်လုံးက အခု ထိုးတက်နေပြီ … ဒါကြောင့်မို့ ကျုပ်ရဲ့ ကြွယ်ဝမှုကလည်း ထပ်တိုးလာနေပြီ … ဒါကြောင့်မို့ ဒီကိစ္စက Tesla အပေါ်မှာပဲ အကျိုးသက်ရောက်မှု ရှိတယ်… အမှန်အတိုင်းပြောရရင် ကျုပ်က ခု အခြေအနေကို ဒီအတိုင်းလေး နည်းနည်း ကြာကြာ ဆက်ပြီးတောင် ဖြစ်နေစေချင်သေးတာ ….”
ဟာဘာ စိတ်ထဲ ပျာယာ ခတ်သွားခဲ့ပြီး
“ ဒါပေမယ့် မင်းအခုလုပ်နေတာတွေက စီးပွားရေး လောဂျစ်နဲ့ မကိုက်ညီဘူးလေ… မင်းက Semiconductor နယ်ပယ်ထဲမှာ … မင်း ဒီချဉ်းကပ်နည်းလမ်းအတိုင်း ကျင့်သုံးနေမယ်ဆိုရင် နောင်အနာဂတ်ကျ ငါတို့နှစ်ဘက်ကြားမှာ ပူးပေါင်းဆောင်ရွက်မှုတွေ ရှိလာဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်တော့ဘူး …”
“ ကျုပ်ရဲ့ စီးပွားရေး လောဂျစ်က မှန်တယ်… ခင်များကိုက အမှတ်မှားနေတာ …”
လင်းရီ ပြောလိုက်ပြီး “ ကျုပ်တို့ ဟွာရှရဲ့ ရိုးရှာအတိုင်းဆိုရင် ပြိုင်ဘက်ရဲ့ ပျော့ကွက် ဒါမှမဟုတ် အားနည်းချက်ကို တွေ့တာနဲ့ တစ်ခါတည်း အသေရိုက်တယ်… ဆိုရိုးဟောင်းတောင် ရှိသေးတယ်မလား … ‘ သူ နေမကောင်းတဲ့ အချိန်မှာ သူ့ကို တိုက်ခိုက် ၊ သူ့အသက်ကို နှုတ်ယူ …’၊ ဒါကြောင့်မို့ ဒီကိစ္စကို အချိန်ဆွဲတာက ကျုပ်အတွက် ကောင်းတယ်… ခင်များတို့ကို ဟွာရှ ဈေးကွက်ထဲကနေ ထွက်သွားအောင် မလုပ်နိုင်ရင်တောင်မှ Tesla ရဲ့ မားကတ် ရှယ်ယာတွေကို ညှစ်ထုတ်ပြီး တခြား ဟွာရှက လျှပ်စစ်ကားကုမ္ပဏီတွေအတွက် နေရာချန်ပေးလို့ရတယ် … ဒါကောင်းတဲ့ ရွေးချယ်မှုပဲလေ … မဟုတ်လို့လား …”
“ဒါက …. “
ဟာဘာ၏ အမူအရာမှာ အကျည်းတန်သွားခဲ့၏။ သို့သော် သူ့ ဖြစ်ပေါ်နေသည့် ဒေါသတို့ကိုတော့ ဖိနှိပ်ထားပါသည်။
သူ့အရှေ့ရှိ လူအား အနိုင်မယူနိုင်တာကို သိသည့်အတွက် သူ့ဘက်က ဒေါသထွက်ပြ၍ မဖြစ်ချေ။
“ ဒါပေမယ့် ဒီကိစ္စကို ဖြည်းဖြည်းချင်း ဖြေရှင်းဖို့လိုတယ်…” ဟာဘာ ပြောလိုက်ပြီး “ တကယ်လို့ ဥက္ကဌလင်းက ငါတို့ရဲ့ လုပ်ရပ်ကို မကျေနပ်သေးဘူးဆိုရင် မင်းရဲ့ အိုင်ဒီယာတွေ ငါတို့ကို ပြောလိုက် … ငါတို့ သေချာလေး စဉ်းစားပေးမယ်…”
“ ထွေထူးတော့ မရှိပါဘူး … ခင်များတို့ရဲ့ ထုတ်ကုန်မှာ ဒီလိုမျိုး တခြား ပြဿနာတွေ နောက်ထပ်ရှိလာမှာကို စိုးရိမ်မိရုံပါပဲ … ကျုပ်တို့ ဒါကို ဖြေရှင်းနိုင်သရွေ့ အားလုံးကို ဖြေရှင်းလို့ ရတယ်…”
“ ဒါပေမယ့် ငါ့ဘက်က ဒါမျိုး ထပ်မဖြစ်စေရဘူးလို့ ကတိခံခဲ့ပေးပြီးပြီလေ…”
“ ခင်များရဲ့ စကားတွေက တန်ကြေးမရှိဘူး … ကျုပ်တို့က ကျုပ်တို့ရဲ့ အသက်ကို ကိုယ့်လက်ထဲမှာ ကိုင်ထားနိုင်မှပဲ စိတ်ချနိုင်မယ်….”
တစ်စုံတစ်ရာ မှားယွင်းနေသည်ကို ဟာဘာ တပ်အပ်ပြောနိုင်သည်။ ယဉ်ကျေးမှုခြင်း မတူညီသဖြင့် လင်းရီ၏ ဆိုလိုရင်းအား သူ အပြည့်အဝတော့ နားမလည်နိုင်ခဲ့ချေ။
“ ဥက္ကဌလင်း … မင်းစကားကို ရှင်းအောင် ပြောပေးပါလား …”
“ နားလည်အောင် ပြောရရင် ခင်များတို့ဘက်က ခင်များတို့ရဲ့ ယာဉ်အန္တရာယ် လုံခြုံရေးနဲ့ သက်ဆိုင်တဲ့ အဓိက နည်းပညာတွေကို ကျုပ်တို့ဆီ ပံ့ပိုးပေးဖို့ပဲ … အဲ့တာမှပဲ ကျုပ်တို့ စိတ်ချလက်ချနဲ့ နေနိုင်မှာ …”
“ လုံးဝ မဖြစ်နိုင်ဘူး .. ဒါ နေ့ခင်းကြောင်တောင် ဓားပြတိုက်နေတာပဲ … ငါတို့ လုံးဝ သဘောမတူနိုင်ဘူး ….”
လင်းရီ ပခုံးတွန့်လိုက်ပြီး သူ့နာရီအား တစ်ချက်ကြည့်လိုက်သည်။
“ ခင်များ ငြင်းလို့ရတယ် … ဒါပေမယ့် ဒါက ဒီတစ်နေ့တည်းအတွက် တောင်းဆိုမှုပဲ … ခင်များ သဘောမတူရင် ကျုပ်တို့ဘက်က အချိန် ဆက်ဖြုန်းနေမယ် … ဒါပေမယ့် စိတ်ထားကောင်းတဲ့ ကျုပ်က စေတနာနဲ့ သတိပေးလိုက်မယ်… မနက်ဖြန်ကျရင် တောင်းဆိုမှုတွေက ဒီနေ့နဲ့ တူမှာတော့ မဟုတ်ဘူး … ခင်များ ရွေးချယ်…”
ပြောပြီးနောက် … လင်းရီ စားပွဲပေါ်ရှိ အတွင်းလိုင်းသို့ နှိပ်လိုက်ပြီး အပြင်ဘက်ရှိ အတွင်းရေးမှူးအား လှမ်းပြောလိုက်သည်။
“ လာပြီး ဧည့်သည်တွေကို အပြင်လိုက်ပို့ပေးလိုက်ဦး …”
“ မစ္စတာဟာဘာ … ကျေးဇူးပြုပြီး …”
အတွင်းရေးမှူး မိန်းကလေးမှာလည်း အတော်လေး စိတ်လှုပ်ရှားနေသည်။ ဥက္ကဌလင်းက သိပ်ကြီးစိုးနိုင်တာပဲ …
ဟာဘာ ဒေါသထွက်သွားခြင်း မရှိချေ။ သူ၏ ပုံစံက အနည်းငယ် စိတ်ပျက်လက်ပျက် ဖြစ်နေဟန်ပင်။ အတွင်းရေးမှူး၏ လမ်းပြမှုအောက်တွင် ရုံးခန်းထဲမှ ထွက်ခွာသွားခဲ့ရ၏။
“ ဒီလောက်ထိ ကြီးကြီးမားမား ပြဿနာ ရှာထားတာကို နင်ဘာလို့ သူတို့ရဲ့ အဓိက လုံခြုံရေး နည်းပညာတွေလောက်ပဲ တောင်းပြီး လွှတ်ပေးလိုက်တာလဲ …” ကျီချင်းရန် မေးမြန်းလာခဲ့၏။
“ အရင်ဆုံး ပထမ အနေနဲ့ … အဲ့လို ကြီးမားတဲ့ တောင်းဆိုမှုကြီးတွေကို အချိန်တိုအတွင်း ဆွေးနွေးဖို့ဆိုတာ အတော်လေး ခက်ခဲတယ်… အခု ဒီလိုဆိုရင် နောက်ထပ် တောင်းဆိုမှုတွေ ပိုလုပ်နိုင်မယ့် အခန်းကဏ္ဍ ရှိသွားပြီ ..” လင်းရီ ပြောလိုက်ပြီး “ နောက် တစ်ချက်က သူတို့တွေ ညသန်းခေါင် မတိုင်ခင် ဆုံးဖြတ်ချက် ချနိုင်ခဲ့ရင်တောင် ငါ့ဘက်က ထိန်းချုပ်မှုကို ထိန်းသိမ်းထားနိုင်ဖို့ လုံခြုံရေး ပြဿနာကို အကြောင်းပြလို့ ရနေသေးတုန်းပဲ … ဘယ်လိုပဲ ဖြစ်ဖြစ် အသာစီးက ငါ့လက်ထဲမှာပဲ ရှိတယ်…”
“ နင် ဘာကို ပြောချင်နေတာ …”
“ ပြည်တွင်းလျှပ်စစ်ကား တော်တော်များများက အထမြောက် အောင်မြင်နေတယ်ဆိုပေမယ့် Tesla မှာ သူ့ရဲ့ ထူးခြားချက်တွေက တကယ်ရှိတယ်…” လင်းရီ ပြောလိုက်ပြီး “ ဥပမာ ပေးရရင် သူတို့ရဲ့ အပူဓာတ် စီမံခန့်ခွဲတဲ့ စစ်စတမ်၊ battery management system တွေ နဲ့ extensive operational data တွေ အကုန်လုံးက အထင်ကြီးဖို့ ကောင်းတယ်…”
“ အဲ့တော့ ဘာဖြစ်လဲ .. အဲ့တာတွေ တစ်ခုကမှ လုံခြုံရေးနဲ့ မဆိုင်တာကိုပဲ …”
“ ကြည့် … မင်းက အဲ့ဒီပွိုင့်ကို မဖမ်းဆုပ်နိုင်သေးဘူးပဲ …” လင်းရီ သက်တောင့်သက်သာ ဟန်ပန်ဖြင့် “ အရင်တုန်းက အမေရိကန်၊ ဆာဒမ်ဟူဆင် အစိုးရကို တိုက်ခိုက်တုန်းက သူတို့ ပြောတာ အီရတ်ရဲ့ ဖောက်ခွဲပြင်း လက်နက်တွေက ကမ္ဘာ့ လုံခြုံရေးကို ခြိမ်းခြောက်နေတာကြောင့်လို့ ပြောခဲ့တယ်… အဲ့လိုပြောပြီး ကျူးကျော်လာတယ် … တူညီတဲ့ ပုံစံနဲ့ ငါက ဒီမှာ boundaries တွေကို ချမှတ်တဲ့လူပဲ … မင်း အခု နားလည်ပြီလား …”
(စာကြွင်း- တကယ်တော့ အဲ့တုန်းက အီရတ်မှာ အဲ့လိုလက်နက်တွေ မရှိခဲ့ပါဘူး။ ဒါကြောင့်မို့ အမေရိကန်ရဲ့ လုပ်ရပ်က အတော်လေး တရားမျှတမှု မရှိဘူးလို့တောင် ကမ္ဘာ့နိုင်ငံအတော်များများက အသံထွက်လာခဲ့ကြသေးတယ်)
ကျီချင်းရန် မျက်လုံးလှိမ့်လိုက်ပြီး လင်းရီအား ခိုးကြည့်လိုက်၏။
“ နင်က လူဆိုးပဲ … ငါတော့ နင် သူတို့ကို သေအောင် ဆော့ကစားတော့မယ်လို့ အာရုံရနေပြီ…” ကျီချင်းရန်သည် ပါးစပ်အား လက်ဖြင့်ကွယ်၍ ရယ်မောလိုက်သည်။
လင်းရီလည်း ရယ်မောလျက် “ အဆိုးဆုံးက ခုထိ မလာသေးဘူး …”
“ အဲ့တာက ဘာဖြစ်မလဲ …”
“ မင်း သိတော့မှာပါ ….”
“ အား …. နှာဘူးကြီး …. သူများပေါင်ကို လာကိုင်နေတယ်…”