← Chapters

အကျဉ်းထောင် နံပါတ် ၇၏ စည်းမျဉ်းများ

Vol. 118 Ch. 1767

အကျဉ်းထောင် နံပါတ် ၇၏ စည်းမျဉ်းများ

Vol. 118 Ch. 1767

လင်းရီ၏ စကားလုံးတို့က အီဗန်အား လက်သီးကျစ်ကျစ်ပါအောင် ဆုပ်သွားစေခဲ့သည်။

ဒေါသတို့က လှိုင်တက်လာပြီး မျက်နှာ ကြွက်သားတို့ပင် တုန်ခါလာသည်။

“ ဒီကောင့်ကို အကျဉ်းထောင် နံပါတ် ၇ ဆီ ပို့လိုက် …”

အကျဉ်းထောင် နံပါတ် ၇ ဟူသည့် အသံကို ကြားတော့ လင်းရီအား တစ်ဖက်တစ်ချပ်ဆီမှ ချုပ်နှောင်ထားသည့် ရဲအရာရှိ နှစ်ဦးမှာ ရှော့ခ်ရမှုကြောင့် အေးခဲသွားခဲ့၏။

၎င်းတို့၏ အမူအရာမှာ ထိတ်လန့်ဖွယ် တစ်စုံတစ်ရာအား ကြားလိုက်ရသည့်နှယ် သွေးအပျက်ပျက် ဖြစ်သွားခဲ့လေသည်။

“ ကပ္ပတိန် … အကျဉ်းထောင် အမှတ် ၇ ထဲမှာက အန္တရာယ် အများဆုံး အကျဉ်းသားတွေ ထားတဲ့နေရာလေ … သူက အခုမှ သံသယ တရားခံပဲ ရှိသေးတာကို အဲ့မှာ ထိန်းသိမ်းထားမယ်ဆိုရင် မသင့်လျော်ဘူးမလား …”

“ ဘာ မသင့်လျော်စရာ အကြောင်း ရှိလို့ …” အီဗန် ဟိန်းဟောက်လိုက်ပြီး “ သူ ဒီလောက် လူအများကြီး သတ်ခဲ့တာ အကျဉ်းထောင် နံပါတ် ၇ ထက် သင့်တော်တဲ့ နေရာ မရှိတော့ဘူး ….”

“ နားလည်ပြီ .. ကျွန်တော်တို့ အခုချက်ချင်း အဲ့နေရာ ခေါ်သွားလိုက်ပါ့မယ်….”

အီဗန်၏ အမိန့်ပေးမှု အောက်တွင် လင်းရီသည် အကျဉ်းထောင် နံပါတ် ၇ ရှိရာသို့ ဖမ်းဆီး ခေါ်ဆောင်လာခြင်း ခံလိုက်ရသည်။

သို့သော် လမ်းတွင် ရဲအရာရှိ နှစ်ဦးမှာ သူ့အား စစချင်း‌ ဖမ်းခေါ်လာစဉ်က ကဲ့သို့ ကြောက်စရာ မျက်နှာထားများဖြင့် မဟုတ်တော့ဘဲ ထိုအစား လေးနက်သည့် လေသံဖြင့် သတိပေးလာသည်။

“ မင်း နောက်ဆုံးစကားတွေ ပြောချင် ပြောခဲ့လို့ရတယ် … အကျဉ်းထောင် နံပါတ် ၇ ထဲ ဝင်ပြီးရင် ငါ့အထင် … မင်း တစ်ပတ်ထက်ပိုပြီး အသက်ရှင်နိုင်မှာ မဟုတ်ဘူး ….”

လင်းရီသည် ဤနေရာရှိ ချမှတ်ထားခြင်း မရှိဘဲ လက်ခံကျင့်သုံးနေသည့် စည်းမျဉ်းတစ်ရပ်အား နားလည်လိုက်ကာ တည်ငြိမ်စွာ ပြန်မေးလိုက်၏။

“ အကျဉ်းထောင် နံပါတ် ၇ ထဲ ဝင်ပြီးရင် အပြန်လမ်း မရှိဘူးလို့ ပြောချင်တာလား ….”

“ အဲ့လိုမျိုးပဲ … အဲ့ဒီ နေရာက ကျိကျိတက် ချမ်းသာပြီး ဥပဒေမဲ့ ၊ ဘာကိုမှ ဂရုမစိုက်ကြတဲ့ ကောင်တွေ နေတဲ့ နေရာပေါ့ကွာ … မင်းက ချမ်းသာပြီး အာဏာကြီးတာကို ငါသိတယ်… ဒါပေမယ့် အကျဉ်းခန်း နံပါတ် ၇ ထဲမှာ ဆိုလို့ကတော့ အများစုက မင်းထက်ချမ်းသာပြီး ဘာကိုမှလည်း မကြောက်ကြတဲ့ ကောင်တွေချည်းပဲ … ငါတို့တောင် အဲ့နေရာ အနီးနား သိပ်မသွားရဲဘူး … မတော်ရင် ခေါ်ပြီး နားဗန်ကျင်းရင် ကျင်းခံရတတ်လို့ …”

“ ဒါဆို အခု ကျုပ်ကို လက်စားချေနေတာပဲ မဟုတ်လား …” လင်းရီ ပြောလိုက်ပြီး “ ကျုပ်လို သံသယ တရားခံ တစ်ယောက်က အဲ့လိုနေရာမျိုးမှာ ထိန်းသိမ်းခံထားရဖို့ မသင့်ဘူး ထင်တာပဲ … ဟုတ်တယ်ဟုတ် …”

“ အဲ့တာတော့ ငါတို့လည်း မတတ်နိုင်ဘူး … မင်းက မစ္စတာ အီဗန်ကိုမှ ဒေါသထွက်အောင် သွားဆွတာကိုး … ခံပေါ့ … မင်းသာ လူသတ်မှုကို ဝန်ခံလိုက်ရင် အကျဉ်းခန်း နံပါတ် ၇ ထဲ နေစရာ မလိုလောက်တော့ဘူး ….”

လင်းရီ တိတ်ဆိတ်သွားခဲ့၏။ မည်သည့် အကျဉ်းခန်းထဲသို့ ပို့ခံရစေကာမူ သူ့အတွက် ခြားနားခြင်း မရှိပါချေ။ အဲလစ်နှင့် ကျန်သူများက မကြာခင် ရောက်လာတော့မှာ ဖြစ်၏။

အမေရိကား၏ အရှိန်အဝါကြီးသည့် ကုမ္ပဏီက ဝင်ရောက်စွက်ဖက်လာမည်ကို ပနားမား အစိုးရက လျစ်လျူရှုဝံ့မည်လော။

လက်ရှိ သူ လုပ်ဖို့ လိုအပ်သည်က နေရာတစ်နေရာ ရှာပြီး ခေတ္တ စောင့်ဆိုင်းဖို့ရာပင်။

ဆယ်မိနစ် ကြာပြီးသည့်နောက် သုံးယောက်သား မီတာ ရာဂဏန်း အနည်းငယ်မျှ ဝေးသည်အထိ လမ်းလျှောက်ခဲ့ပြီး ဖြစ်၏။

လင်းရီ သူ့ရှေ့တွင် အုတ်ဖြင့် အတော် မြင့်မြင့် တက်ထားသည့် တံတိုင်းတစ်ခုအား မြင်တွေ့လိုက်ရသည်။

နံရံ၏ ထိပ်ဆုံး၌ တစ်မီတာ မြင့်သည့် သံဆူးကြိုးတို့ စက်ဝိုင်း သဏ္ဌာန် ရစ်နွယ်နေပြီး လျှပ်စစ်များ ဖြတ်ပြေးနေသည့် အသံကိုပင် မနီးမဝေးမှ ကြားနေရ၏။

ဤကဲ့သို့သော နေရာမျိုးက မထိုးဖောက်နိုင်ဟု ပြောလျှင် ချဲ့ကားရာ ကျလိမ့်မည် မဟုတ်ချေ။

လင်းရီ ဤကဲ့သို့သော အကျဉ်းထောင်မျိုးကို ရုပ်ရှင်ကားများထဲတွင်သာ မြင်ခဲ့ဖူး၏။ သူ့ဘဝတွင် ကိုယ်တိုင်တွေ့ကြုံခံစား၍ အထဲသို့ ဝင်ရောက်ရမည့် နေ့ရက်မျိုး ရှိလာမည်လို့ပင် မအောက်မေ့ခဲ့ဖူးချေ။

“ ဒါက အကျဉ်းထောင် နံပါတ် ၇ ပဲ … မင်းဝင်ပြီး အဲ့မှာနေလိုက် ….”

သတ္တုတံခါးက ပွင့်ဟလာပြီး လင်းရီမှာ အထဲသို့ တွန်းပို့ခြင်း ခံလိုက်ရ၏။

အကျဉ်းထောင်၏ အကျယ်အဝန်းက ဘောလုံးကွင်း တစ်ဝက်စာ၏ အရွယ်အစားမျှ ရှိသည်။ အထဲတွင်တော့ အကျဉ်းသား ဦးရေ စုစုပေါင်း အယောက် ၇၀ လောက် ရှိနေပြီး အကုန်လုံးက အုပ်စုကိုယ်စီဖြင့် စုဝေးနေကြ၏။

ဆိုရိုးများအတိုင်း လူတို့ရှိသည့် နေရာ၌ လူ့အဖွဲ့အစည်းဟူသည် ရှိသည်။

အကျဉ်းထောင် နံပါတ် ၇ တွင်လည်း တိုက်ခိုက်ရေးပွဲများနှင့် ဆူဆူညံညံ ရန်ပွဲတို့ကတော့ အမြဲလိုလို ဖြစ်ပေါ်လေ့ရှိပြီး အချိန်တိုင်းလိုလို သွေးအလိမ်းလိမ်းနှင့် လူများကို အပြင်သို့ သယ်သွားနေရလေ့ ရှိ၏။

အစောင့်များကလည်း အကျဉ်းကျ နေထိုင်သူများအား စကားဖြင့်သာ သတိပေးလေ့ ရှိပြီး သိပ်အများကြီးလည်း မပြောဝံ့ကြပေ။ မဟုတ်ပါက သူတို့၏ မိသားစုဝင်များမှာ နောက်တစ်နေ့၌ ဘုရားသခင်နှင့် ဆုံတွေ့ခွင့်ရသွားနိုင်သည်။

သို့သော် အနှီရက်စက်တင်းမာသည့် အမှန်တရားများကို ကျော်လွန်၍ လင်းရီ၏ အထင်နှင့် တပ်တပ်စင်အောင် ဆန့်ကျင်နေသည့် တချို့ အရာတို့ကလည်း ရှိနေသည်။

အကျဉ်းထောင်ထဲတွင် ရှုခင်းကြည့်သည့် အဆောက်အအုံငယ်နှင့် လျှပ်စစ်ပန်ကာများ၊ ရေကူးကန် အသေးစားလေး တစ်ခုပင် ရှိနေသည်။ ပိုပြီး အံ့အားသင့်ဖို့ကောင်းသည်မှာ ဘီကီနီနှင့် လျှောက်သွားနေသည့် အမျိုးသမီး တစ်ချို့ပင် ရှိနေခြင်း ဖြစ်၏။ လင်းရီမှာ ထိုအရာကို မြင်တော့ အတော်လေး ရှော့ခ်ရမိသွားခဲ့၏။

သေစမ်း ... ဒါကြီးက အကျဉ်းထောင် တစ်ခုအတွက်ဆိုရင်တော့ စောက်ရမ်း ဇိမ်ကျလွန်းသွားပြီ….

လင်းရီ ဝင်လာသည်ကိုမြင်တော့ လူတိုင်းမှ လင်းရီအား ကိုယ်စီ လှမ်းရှိုးနေကြသည်။

အကျဉ်းထောင် နံပါတ် ၇ ထဲသို့ လူသစ် မရောက်လာသည်မှာ နှစ်ဝက်ခန့် ရှိနေပြီး ဖြစ်၏။

“ ဘော့စ် … ကြည့်ရတာ အီဗန် ပို့လိုက်တဲ့ လူထင်တယ်…”

ရှုခင်းကြည့်သည့် အဆောက်အအုံငယ်လေး ဘေးတွင် လူ ခုနစ်ယောက်၊ ရှစ်ယောက်ခန့် ရှိနေပြီး ဘီကီနီနှင့် အမျိုးသမီး နှစ်ဦးမှာ တစ်ဦးကို တစ်ဦး ကျီစယ်နေလျက် ရှိကြ၏။

၎င်းတို့နှင့် အလှမ်းသိပ်မဝေးသည့် နေရာတွင် ကိုယ်အပေါ်ပိုင်း ဗလာကျင်းသည့် အမျိုးသားတစ်ဦး ရှိနေပြီး ဝမ်းဗိုက် အဆီပျဉ်းနှင့် တက်တူးများလည်း ထိုးထားသည်။

ထိုလူက ဘီကီနီနှင့် အလှလေး နှစ်ဦး၏ ဖျော်ဖြေမှုကို နှစ်ထောင်းအားရ ဖြစ်စွာဖြင့် ကြည့်ရှုခံစားနေလျက် ရှိလေသည်။ ထိုအမျိုးသား၏ နာမည်က ဟာဆက်ဖြစ်ပြီး ကမ္ဘာတွင် မူးယစ်ဆေး ဖြန့်ဝေမှုဖြင့် နာမည်ဆိုးနှင့် ကျော်ကြားသည့် မူးယစ်ရာဇာ တစ်ယောက်ဖြစ်၏။

ဤနေရာထဲသို့ မဝင်မီ ကမ္ဘာတစ်ဝှမ်းရှိ မူးယစ်ဆေး ၃၀ ရာခိုင်နှုန်းခန့်မှာ သူ့ထံမှ စီးဆင်းသွားခဲ့ပြီး မရေမတွက်နိုင်သည့် လူတို့၏ အသက်က သူ့လက်တွင် စွန်းထင်နေခဲ့၏။ တစ်ချိန်တည်းတွင် နိုင်ငံတစ်နိုင်ငံနှင့် စည်းစိမ်ချင်း ယှဉ်နိုင်လောက်သည်အထိလည်း သူ့အား ကြွယ်ဝချမ်းသာလာစေသည်။

လင်းရီမှာ ချမ်းသာသော်လည်း ဟာဆက်၏ အထွတ်အထိပ်ကာလ၌ ချမ်းသာမှုနှင့် နှိုင်းယှဉ်လိုက်မည်ဆိုပါက အနည်းငယ် လိုအပ်နေဆဲပင်။

ထိုသို့ မဟုတ်ပါကလည်း သူသည် ဤနေရာ၌ ယခုလို ဝန်ဆောင်မှုများအား ရရှိနေမှာ မဟုတ်ချေ။

သူ့ လက်အောက်ငယ်သားများ၏ စကားသံကို ကြားတော့ ဟာဆက် ထထိုင်လာသည်။ နေကာမျက်မှန်အား ချွတ်၍ လင်းရီထံသို့ ထူးမခြားနားစွာ လှမ်းကြည့်လိုက်၏။

“ အဲ့ကောင်ကို သွားခေါ်လာခဲ့လိုက် .. ငါ သူနဲ့ စကားပြောမယ်….”

လက်အောက်ငယ်သား တစ်ယောက်မှ ဆယ်မီတာ ကျော်ခန့်မျှ လမ်းလျှောက်သွားပြီး လင်းရီထံသို့ လက်ဝှေ့ရမ်းပြလိုက်၏။

“ ဟိတ် ဟွာရှန့်ကောင် … ဒီတစ်ချက် လာစမ်း …”

တစ်စုံတစ်ယောက် လှမ်းခေါ်နေသည့် အသံကြားတော့ ရှိနေကြသည့် လူတိုင်း၏ အာရုံမှာ ၎င်းထံသို့ စုပြုံလာခဲ့သည်။

သူတို့အားလုံး တစ်ခုခု ဖြစ်တော့မည်ကို ခံစားနေကြရ၏။

“ ဟာဆက်က ဘာဖြစ်ချင်နေတာ … ဒီကောင် အဖွဲ့ဝင်သစ် စုချင်လို့များလား ….”

“ မဟုတ်လောက်ဘူး … ဒီ ဟွာရှန့်ကောင်က ပျော့တီးပျော့ဖက် ပုံစံနဲ့ … ဟာဆက် အကြိုက်နဲ့ ကိုက်မှာ မဟုတ်ဘူး ….”

“ သတင်းကောင်းပဲ … အဲ့ကောင်ကိုသာ အဖွဲ့ထဲ ခေါ်လိုက်ရင် ဒီလအတွက် နေရာက ကျန်တော့မှာ မဟုတ်ဘူး …”

တစ်စုံတစ်ယောက်က သူ့အား ခေါ်လာသည့် အသံကြားတော့ လင်းရီသည် အလှမ်းသိပ်မဝေးသည့် နေရာတွင်ရှိ လူမည်းအမျိုးသား တစ်ယောက်အား မြင်တွေ့လိုက်ရသည်။

“ ငါ့ကိုလား …”

“ ငါတို့ ဘော့စ်က မင်းနဲ့ ပြောစရာ ရှိတယ်… ဒီကို ခဏလာဦး …”

လင်းရီ များများ စဉ်းစားမနေချေ။ လူမည်း အမျိုးသားထံ လျှောက်သွားလိုက်ပြီး ဟာဆက်ရှေ့တွင် ရပ်တန့်လိုက်၏။

“ ဟွာရှန့် … မင်း ဒီထဲ ဘယ်လိုရောက်လာခဲ့တာ …”

ခေါက်ထိုင်ခုံတွင် ခြေတင်ချိတ်ထိုင်ရင်းဖြင့် ဟာဆက်သည် လင်းရီအား ခြေဆုံးခေါင်းဆုံး ကြည့်ပြီး မျက်ခုံးပင့်ကာ မေးမြန်းလာသည်။

ဤဟွာရှန့်က ခွင့်လွှတ်နိုင်စရာ မရှိသည့် ကိစ္စတစ်ခုခုကို ပြုလုပ်ခဲ့သည်ဟု ခံစားနေရ၏။ မဟုတ်ပါက အီဗန်သည် သူ့အား ဂရုစိုက်ပေးဖို့ လွှတ်လိုက်မှာ မဟုတ်ချေ။

“ ငါလည်း သိချင်နေတာပဲ .. “ လင်းရီ ပခုံးတွန့်လိုက်ပြီး “ အီဗန်ကို စိတ်တိုအောင် လုပ်မိလို့ ဒီပို့ခံလိုက်ရတာလား မသိ … သူဘာ‌တွေ စဉ်းစားနေလဲ ငါ နားမလည်တော့ဘူး …”

“ ပြောရမှာ စိတ်မကောင်းပေမယ့် ဒီနေရာက‌ ဘာကောင်းတဲ့ နေရာမှတော့ မဟုတ်ဘူး … ဒါပေမယ့် ငါမင်းကို ဂရုစိုက်ပေးမှာပါ …” ဟာဆက် ပြောလိုက်ပြီး “ အဲ့ဒါက အကျဉ်းထောင် နံပါတ် ၇ ထဲ ဝင်လာတဲ့ လူတိုင်း လိုက်နာရမယ့် စည်းမျဉ်းပဲ …”

“ ဟမ် … ဘာစည်းမျဉ်းလဲ … ဒီက အာဏာပိုင် တစ်ချို့ကို အရိုအသေပေးရမှာလား ….”

“ မလောနဲ့ .. မင်း ခဏနေ သိလိမ့်မယ်…”

ဟာဆက်သည် လူမည်း အမျိုးသားအား တစ်ချက်ကြည့်လိုက်၏။ တစ်ဖက်သူမှ ချက်ချင်း သဘောပေါက်သွားခဲ့ကာ နေရာမှ ထွက်ခွာသွားခဲ့သည်။ သူ ပြန်ရောက်လာသည့် အခါ၌ လက်ထဲတွင် ဓားတစ်လက် ပြန်ပါလာပြီး ဟာဆက်မှ

“ စည်းမျဉ်းတွေအတိုင်း … မင်း လက်တစ်ဖက် ချန်ထားခဲ့ရင် အကျဉ်းထောင် နံပါတ် ၇ ထဲ အေးဆေးနေလို့ရပြီ…”

လင်းရီ မရယ်ဘဲ မနေနိုင်ချေ။

“ ဒါက မင်းတို့ စည်းမျဉ်းလား …”

“ ဒါပေါ့ … မင်းဘာမင်း လုပ်လို့ ရသလို သူများ လုပ်ခိုင်းလည်း ရတယ်… ငါတို့ဒီမှာက ဒီမိုကရေစီကို အလေးထားတယ်….”

“ မင်းတို့ စည်းမျဉ်းက ငါ့အပေါ်မှာ အလုပ်ဖြစ်မှာ မဟုတ်ဘူး … ငါဒီကနေ ခြေလက် ချို့တဲ့ပြီး ပြန်မထွက်သွားချင်ဘူး …”

“ ဒါပေမယ့် မင်းရောက်နေတဲ့ ဒီခုနေရာက အကျဉ်းထောင် နံပါတ် ၇ … ဒီထဲ ရောက်ပြီးတာနဲ့ မင်း ခန္ဓာကို မင်း မပိုင်တော့ဘူး …” ဟာဆက် တည်ငြိမ်စွာ ပြောလိုက်ပြီး “ပြီးတော့ …. ပြန်ထွက်သွားဖို့ စဉ်းတောင် မစဉ်းစားနဲ့ … ဒီထဲ ဝင်ဖို့က လွယ်တယ်ဆိုပေမယ့် ထွက်သွားဖို့က အတော်လေး ခက်တယ်… မင်း အခု ရွေးချယ် .. နေပူတော့ အချိန် အများကြီး မဖြုန်းနဲ့ ….”

All Chapters