← Chapters

ငါးကို အစာကျွေး

Vol. 118 Ch. 1768

ငါးကို အစာကျွေး

Vol. 118 Ch. 1768

လင်းရီ ပြုံးလိုက်ပြီး သူ့လက်အား ဝှေ့ရမ်းလိုက်သည်။

“ မရဘူး … မင်းတို့ စည်းမျဉ်းတွေ ငါမလိုက်နာနိုင်ဘူး … မင်းတို့ဘာမင်းတို့ပဲ ကစားကြတော့ … ငါတော့ သွားပြီ ….”

လင်းရီ လှည့်ထွက်သွားသည်ကို မြင်တော့ အခြား တစ်နေရာမှ အခြေအနေအား စောင့်ကြည့်နေကြသည့် လူများမှာ တဒင်္ဂမျှ ပါးစပ်အဟောင်းသား ဖြစ်သွားခဲ့ကြပြီး ထို့နောက် ကျယ်လောင်စွာ လှောင်ပြောင် ရယ်မောကြတော့သည်။

“ ဒီကောင် သူ့ကိုယ်သူ လုပ်ချင်တာ လုပ်လို့ ရမယ့် ဟွာရှများ မှတ်နေလား မသိဘူး … ငါတော့ အဲ့ဒီကောင် အသေဆိုးနဲ့ သေမယ်လို့ လောင်းတယ်….”

“ ကျစ် .. ရောမရောက်ရင် ရောမလို ကျင့်ရကောင်းမှန်း မသိတဲ့ကောင်ပဲ ….”

“ မစ္စတာ ဟာဆက်က အမိန့်ပေးနေတာကို ဒီကောင်က ကျောပေးပြီး လှည့်ထွက်သွားတယ်… ဒီလို အပြုအမူမျိုးက အကျဉ်းထောင် နံပါတ် ၇ ထဲမှာ ဟာဆက်ကို စိန်ခေါ်လိုက်တာနဲ့ အတူတူပဲ ….”

ထင်မှတ်ထားကြသည့်အတိုင်း လင်းရီ ခြေလှမ်း အနည်းငယ် လမ်းလျှောက်ပြီးသည့်နောက် ဟာဆက်၏ အမူအရာမှာ ပြောင်းလဲသွားခဲ့သည်။

သူ၏ လက်အောက်ငယ်သားများမှ ပြေးထွက်လာပြီး လင်းရီ၏ လမ်းကြောင်းအား ပိတ်ဆို့ထားကြ၏။

လင်းရီ ရပ်တန့်၍ နောက်သို့လှည့်ကာ ဟာဆက်အား ပြန်ကြည့်လိုက်သည်။

“ မင်း ဘာတွေ ဖြစ်ချင်နေတာ ….”

“ ဒီနေရာကို မင်းအိမ်လို့များ ထင်နေလား … မင်းက ငါ ဟာဆက်ရဲ့ စကားကို နားမထောင်ချင်ဘူးပေါ့ … အကျဉ်းထောင် နံပါတ် ၇ က ဘာလဲဆိုတာ မင်းသိအောင် သင်ပြပေးရတော့မယ်နဲ့ တူတယ်….”

“ ဒီနေရာက ဘာကြီးပဲ ဖြစ်နေနေ ငါနဲ့ မဆိုင်ဘူး …” လင်းရီ သူ့အား မျက်လုံးမှေးကျဉ်း၍ ကြည့်လိုက်ပြီး “ မင်းကတော့ .. ကိုယ့်ကိုယ်ကို ဆင်ခြင်ပြီး နေပေါ့ ….”

ဘုတ် …

ဟာဆက်လက်ထဲ ကိုင်ထားသည့် နေကာမျက်မှန်မှာ အောက်သို့ ပြုတ်ကျသွားခဲ့သည်။

“ အီဗန် ငါ့ဆီ ဆက်သွယ်လာပြီး မင်းကို ကိုယ်တိုင်ကိုယ်ကျ ဂရုစိုက်ပေးဖို့ တောင်းဆိုလာတာ မဆန်းတော့ပါဘူး … မင်းက အတော်လေး ပြောရဆိုရ လက်ပေါက်ကပ်တဲ့ ကောင်ပဲ … ဒီလိုဆိုမှတော့ ပြဿနာကို လက်တစ်ဖက်တည်းလောက်နဲ့ ရှင်းလို့ မရတော့ဘူး …”

“ မစ္စတာ ဟာဆက် … မင်း သူ့ကို လေကုန် ခံမနေနဲ့ … ငါ ဒီကောင့်ကို သင်ခန်းစာပေးလိုက်မယ်…”

“ မင်းမလုပ်နဲ့ … ငါလုပ်မယ်… ငါ မတိုက်ခိုက်ရတာ တစ်လလောက် ရှိနေပြီ…”

“ ငါ သူ့ လက်နှစ်ဖက်လုံး ဖြတ်ပြီး သူ့စကားလုံးတွေရဲ့ တန်ကြေးကို ပြန်ပေးဆပ်ခိုင်းမယ်….”

ဟာဆက်၏ လူများ ဘာမှ မလုပ်ရသေးခင်မှာပဲ အကျဉ်းထောင်ထဲရှိ အခြားလူများမှ စေတနာ့ ဝန်ထမ်းကြီးများသဖွယ် ပြုမူနေလျက် လင်းရီအား သင်ခန်းစာပေးရန် အပြေးလွှား ရောက်ရှိလာခဲ့ကြသည်။

ဤလူများ အဘယ်ကြောင့် သူ့အား သင်ခန်းစာပေးရန် စိတ်အား ထက်သန်နေကြလဲဆိုတာကို လင်းရီ နားမလည်နိုင်ပေ။

သို့သော် လင်းရီ၏ မျက်လုံးထဲတွင်တော့ ၎င်းတို့၏ စိတ်ကူးယဉ်ဆန်၊ ရူးသွပ်စွဲလမ်းနေသည့် မျက်နှာထားတို့က စိတ်မကျန်းမာသည့် လူတစ်အုပ်စုကဲ့သုိ့ပင်။

အကြမ်းဖက်မှုနှင့် သွေးစက်တို့က ၎င်းတို့၏ စိတ်မလုံခြုံမှု ပြဿနာအတွက် စိတ်အစာပင်။

“ ဒီအခွင့်အရေးကို ငါ့ဆီကနေ ဘယ်ကောင်မှ လာမလုကြနဲ့ … ငါလုပ်မယ်….”

လူတိုင်းမှ သူလုပ်မယ် ၊ ငါလုပ်မယ် စကားရည်လု သတ်ပုတ်ကြတော့မည့် အချိန်မှာပဲ ခေါင်းတုံးပြောင်နှင့် အမျိုးသားတစ်ဦးမှာ လူအုပ်ကြီးထဲမှ တိုးထွက်လို့လာသည်။

တစ်ဖက်သူက ထောင်ထောင်မောင်းမောင်းနှင့် အသားအရေကလည်း နက်မှောင်နေသည်။ သွားတစ်နေရာလျှင် ဖြူဝင်းတောက်ပြောင်နေခဲ့၏။

ဘောင်းဘီ ရှော့ပင်အတိုနှင့် သဲပူပူကြီးထက်၌ ခြေဗလာနှင့် မတ်တပ်ရပ်နေခဲ့သည်။

သူက လင်းရီ၏ နောက်ကျောဘက်တွင် ထွက်ပေါ်လာပြီး နှစ်မီတာ အရိပ်ကြီး ဖြစ်ပေါ်နေလျက် ရှိကာ အနက်ရောင် သားရိုင်းကောင်ကြီး တစ်ကောင်က နောက်ကနေ ဘွားကနဲ ပေါ်ပေါက်လာသကဲ့သို့ ရှိ၏။

ထိုလူကောင်ကြီး၏ နာမည်က ရှာဘရာ ဖြစ်ပြီး အာဖရိကမှ ပနားမားသို့ ရောက်ရှိလာသည်မှာ နှစ်အတော်ကြာပြီး ဖြစ်သည်။

နောက်ပိုင်းတွင် ဘဏ်ဓားပြတိုက်ပြီး ဆယ်လောင်းပြိုင် လူသတ်မှုဖြင့် ဤနေရာသို့ အပြစ်ပေးခံခဲ့ရ၏။

ရှာဘရာ ရှေ့ထွက်လာသည့် အချိန်၌ ဆူဆူညံညံ အသံများအားလုံး တိတ်ဆိတ်သွားခဲ့လေသည်။ သူ့စကေးကို လူတိုင်း ကောင်းစွာ နားလည်ထားကြ၏။ ထိုသူက အကျဉ်းထောင် နံပါတ် ၇ တွင် အသန်မာဆုံး လူဖြစ်ပြီး ယခု ထိုလူက ရှေ့ထွက်လာပြီ ဖြစ်ရာ မည်သူကမျှ သူနှင့် ပြိုင်မလုဝံ့ကြတော့ချေ။

ရှာဘရာအား ဟာဆက် တစ်ချက်ကြည့်လိုက်၏။ ထို့နောက် ကျန်သူများဘက်သို့ လှည့်၍ “ မင်းတို့ထဲ ဘယ်သူ သူနဲ့ ပြိုင်ပြီး ဒီအခွင့်အရေးကို လိုချင်လဲ ….”

အကုန်လုံးက လက်မြှောက် အရှုံးပေးထားသကဲ့သို့ မည်သည့်အသံမျှ ထွက်ပေါ်မလာခဲ့ချေ။

ရှာဘရာထက် စကေးပိုကောင်းသည့် လူတစ်ချို့ ရှိကြသော်လည်း ၎င်းနှင့် ယှဉ်ပြိုင်၍တော့ ဤအခွင့်အရေးအား မရယူလိုပေ။

အခွင့်အရေးက လတိုင်း ရှိနေသည်ဖြစ်ရာ နောက်တစ်ခေါက်မှ ကြိုးစားကြည့်လည်း ရသည်။ ဦးခေါင်းများ ကွဲသည်အထိတော့ ယှဉ်ပြိုင်တိုက်ခိုက်ရန် မလိုချေ။

“ ဘယ်သူမှ သူနဲ့ မပြိုင်ချင်ဘူးဆို ဒီခု အခွင့်အရေးကို ရှာဘရာဆီ ပေးလိုက်မယ်…”

“ ကျေးဇူးပဲ မစ္စတာ ဟာဆက် ….”

ဟာဆက် ပြုံးလိုက်ပြီး ဘီကီနီနှင့် အလှလေး ခွံ့လာသည့် အသီးအား ဝါးရင်း အေးအေးလူလူ ပြောလိုက်၏။

“ သူ့ကို မင်းနဲ့ လွှဲထားခဲ့ပြီ … ရှင်းပြီးရင် နောင်ကျ ငါ့ဆီ အလုပ်လာလုပ်တော့ …”

“ အိုကေပြီ … ငါ သူ့ကို ကောင်းကောင်း ဂရုစိုက်ပေးလိုက်မယ်…”

“ ကန်ထဲက ငါ့ကလေးနှစ်ယောက် အစာ မစားရတာ အတော်ကြာပြီ … သူတို့ကို တစ်ခုခု ကျွေးလိုက်ဦး …”

“ နားလည်ပါပြီ မစ္စတာ ဟာဆက် …”

ရှာဘရာ ရိုသေစွာ ပြော၍ လင်းရီဘက်သို့ လှည့်လိုက်သည်။

“ ဟွာရှန့် … အခု … ငါမင်းကို အကျဉ်းထောင် နံပါတ် ၇ ရဲ့ စည်းမျဉ်းတွေ ပြောပြမယ်…”

လင်းရီ တွေးတွေးဆဆနှင့် ခေါင်းညိမ့်လိုက်ပြီး “ ရေကူးကန် ရှိတာတောင် ဘယ်သူမှ ရေဆင်းမကူးကြတာ အံ့ဩစရာ မရှိတော့ပါဘူး … လက်စသတ်တော့ အထဲမှာ မိကျောင်း နှစ်ကောင် ရှိနေတာကိုး …”

“ မပူနဲ့ … မကြာခင် မင်းသူတို့နဲ့ တွေ့ရတော့မှာ … ဒီနေ့က မင်းအတွက် မမေ့နိုင်တဲ့ နေ့လေး တစ်နေ့ ဖြစ်စေရမယ်…”

ပြောပြီးနောက် ရှာဘရာသည် သူ့ ဧရာမ လက်သီးကြီးဖြင့် လင်းရီထံသို့ တိုးဝင်လာခဲ့၏။

လင်းရီ၏ ခန္ဓာကိုယ် နောက်သို့ ဆုတ်လိုက်ပြီး လက်သီးချက်အား လွယ်လင့်တကူ ရှောင်တိမ်းလိုက်လေသည်။

တစ်ချိန်တည်းတွင် တစ်ဖက်သူ၏ လှစ်ဟာလာသည့် အနေအထားအား အခွင့်ကောင်းယူကာ ၎င်း၏ ဒူးအား အခိုင်အမာ ကန်ကျောက်လိုက်၏။

“ အား …..”

အော်ဟစ်သံနှင့်အတူ အရိုးအက်သည့်အသံက ကပ်လျက် လိုက်ပါလာသည်။

ဆာဘရာ ချက်ချင်းဆိုသလို မြေပြင်သို့ ဒူးထောက်ကျသွားခဲ့ပြီး သူ၏ ညာဘက်ခြေထောက်မှာ အလွန်အမင်း ထူးဆန်းသည့် ပုံစံဖြင့် လိမ်ကွေးသွားခဲ့၏။ မျက်နှာပင် ဖြူဖတ်ဖြူလျော် ဖြစ်သည်အထိ နာကျင်နေသည်။ မြေပြင်တွင် ထော့နဲ့ ထော့နဲ့ ဖြစ်နေခဲ့ပြီး ပြန်မထနိုင်တော့ချေ။

“ ဒါ ဘယ်လို ဖြစ်နိုင်မှာလဲ …”

ဟာဆက် အပါအဝင် … လူတိုင်း … အေးခဲသွားကြ၏။

ဤဟွာရှန့်က ရှာဘရာအား အနိုင်ယူနိုင်လိမ့်မည်လို့ မည်သူမျှ ထင်မှတ်မထားခဲ့ကြချေ။

ထို့ပြင် တစ်ဖက်သူက တစ်ကွက်တည်း အသုံးပြုသွားခဲ့လေသည်။

လင်းရီ ခါးကိုင်း၍ ရှာဘရာ၏ ခြေကျင်းဝတ်အား ဆွဲကာ ရေကန်အနီးနားသို့ အမှိုက်တစနှယ် ဒရွတ်တိုက် ဆွဲသွားခဲ့သည်။

နှစ်မီတာ ရှည်လျားသည့် မိကျောင်းနှစ်ကောင်မှာ လူအနံ့ရတော့ ရေအောက်မှ ခေါင်းပြူလာပြီး သားကောင်အား စောင့်ဆိုင်းနေသကဲ့သို့ လင်းရီအား ကြည့်ရှုနေခဲ့၏။

“ မရဘူး … မင်း ဒီလိုလုပ်လို့ မရဘူး …”

“ ဘာလို့ မရမှာ …. ဒါ အကျဉ်းထောင် နံပါတ် ၇ ရဲ့ စည်းမျဉ်း မဟုတ်ဘူးလား .. ငါက စည်းကမ်း လိုက်နာနေရုံပဲလေ… ပြဿနာ မရှိဘူး မဟုတ်လား ….”

လင်းရီ များများစဉ်းစားမနေဘဲ ရှာဘရာအား ကန်အတွင်းသို့ ချက်ချင်း လွင့်ပစ်လိုက်သည်။ ကန်ထဲ ရေပွက် အကြီးကြီး ထသွားခဲ့ပြီး မိကျောင်းနှစ်ကောင်မှာ ရှာဘရာထံသို့ အပြေးအလွှား ခုန်အုပ်လာခဲ့ကြ၏။

တစ်ဖက်သူမှာ ဒူးအချိုးခံထားရသဖြင့် ၎င်း၏ ရုန်းကန်မှုမှာ အရာမထင်ချေ။ ကျယ်လောင်စွာ အော်ဟစ် အကူအညီတောင်းနေသော်လည်း ကူညီပေးသည့် လူတို့မှာတော့ ရှိမနေခဲ့ချေ။

မိကျောင်းနှစ်ကောင်၏ အစာလုမှု အောက်တွင် ရှာဘရာမှာ အပိုင်းအပိုင်း ဖြစ်သွားခဲ့ပြီး မိနစ် အနည်းငယ် ကြာပြီးသည့်နောက် ရေကန် တစ်ခုလုံး သွေးချင်းချင်း ရဲသွားခဲ့တော့သည်။ ကန်အနီးတစ်ဝိုက်တွင်လည်း ပြင်းထန်သည့် သွေးရနံ့တို့ လှိုင်တက်လာသည်။

အကျဉ်းထောင်တစ်ခုလုံး တိတ်ဆိတ်နေခဲ့၏။ လူတိုင်း၏ အကြည့်က လင်းရီထံတွင် ကပ်ညှိနေလျက် ရှိပြီး...

ထိုလူသည် ရှာဘရာအား အနိုင်ယူပြီး နောက်တွင် ယခုလို လုပ်ရပ်မျိုး ပြုလုပ်လိမ့်မည်လို့ မည်သူကမျှ ထင်မှတ်မထားခဲ့ကြချေ။

အနှီ ရိုးရှင်းပုံရသည့် ဟွာရှန့်ကောင်က သူတို့ စိတ်ကူးယဉ်ထားသည်ထက် သန်မာနေသည့် ပုံပင်။ ဤ အကျဉ်းထောင် နံပါတ် ၇ ၌ အကျဉ်းချခံထားရသည်မှာ တိုက်ဆိုင်မှုတော့ မဟုတ်လောက်ချေ။

ဟာဆက်လည်း လင်းရီအား တစ်ဖန် ပြန် အကဲဖြတ်လာခဲ့၏။

သူ့အမူအရာမှာ သိပ်ကောင်းမွန်မနေချေ။ ယခု ဖြစ်ပျက်သွားခဲ့သည်များက သူ့အား အရှက်ရစေခဲ့သည်။

“ ငါ ဝန်ခံတယ်.. မင်းက ငါမြင်ဖူးတဲ့ ဟွာရှန့်တွေထဲမှာ ဒုတိယပဲ ….”

“ ဆိုတော့ ငါတို့တွေ ကိုယ့်ကိစ္စကိုယ် အာရုံထားကြရင် ကောင်းမယ် … ငါက ဒီတိုင်း ခဏတဖြုတ် ဝင်လာရုံပဲ .. သိပ်မကြာခင် ပြန်ထွက်သွားမယ့်လူ … ငါ ဒီထဲ ပြဿနာ မရှာချင်ဘူး …”

“ ဒါပေမယ့် ငါ မင်းကို ပြောခဲ့ပြီ မလား … မင်း ဒီ အကျဉ်းထောင် နံပါတ် ၇ ထဲကနေ ထွက်သွားဖို့က မဖြစ်နိုင်ဘူးဆိုတာကို … ပြီးတော့ မင်းက ရှာဘရာကို ငါ့ရှေ့မှာ သတ်လိုက်တယ်… မင်းကို အလွယ်လေး လွှတ်ပေးလိုက်ဖို့ဆိုတာ မဖြစ်နိုင်ဘူး …”

“ မစ္စတာ ဟာဆက် .. ဒီကောင်တွေ အားကိုးလို့ ရတဲ့ ကောင်တွေ မဟုတ်ဘူး … ကျုပ်လုပ်လိုက်တာ ပိုကောင်းမယ်…”

လင်းရီအား လှမ်းခေါ်ခဲ့သည့် လူမည်းအမျိုးသား၊ ရစ်ခ်ျမှ ပြောလာသည်။

ဟာဆက် ခေါင်းညိမ့်လိုက်၏။ “ သူ့ လက်နှစ်ဖက်လုံး ယူပြီး စောနက သူ့ဆုံးဖြတ်ချက်ကို နောင်တရသွားအောင် လုပ်လိုက် ….”

“ အိုကေ …”

လူမည်းကောင်မှ လင်းရီအနားသို့‌ လျှောက်လှမ်းလာသည်။

“ အကျဉ်းထောင် နံပါတ် ၇ ဆိုတာ အန္တရာယ် သိပ်များတဲ့ နေရာတစ်ခု … မင်းက စကားမနာခံတတ်တဲ့ကောင်ဆိုတော့ နောင်ကျ ဒီမှာ ရှင်သန်ဖို့ ခက်ခဲတော့မှာပဲ … ဘာလို့ဆို ငါက ဒီခု မင်းရဲ့ လက်နှစ်ဖက်လုံးကို ယူတော့မှာမို့လို့ပဲ …..”

ပြောပြီးနောက် လူမည်းအမျိုးသားသည် လက်ထဲရှိ ဓားဖြင့် လင်းရီအား ဝှေ့ရမ်းလာခဲ့၏။

All Chapters