← Chapters

ပေါင်း(မြက်)ရှင်းခြင်း

Vol. 118 Ch. 1762

ပေါင်း(မြက်)ရှင်းခြင်း

Vol. 118 Ch. 1762

ဒီဗိုလမ်းသည်ကား ပနားမားမြို့၏ အစွန်ဘက်ခြမ်းတွင် တည်ရှိပြီး အပြင်သို့ လှမ်းကြည့်လိုက်မည်ဆိုပါက အထပ်နိမ့် အဆောက်အဦးများအား နေရာအနှံ့ မြင်တွေ့နိုင်ပါသည်။

၎င်းနှင့် ကီလိုမီတာ အနည်းငယ် အကွာ၌ ဆင်းရဲသားတို့ နေထိုင်ရာ ရပ်ကွက်တစ်ခု ရှိသည်။

ရုပ်ရှင်ဇာတ်ကားများထဲကတော့ ရှုပ်ထွေးပွေလီသည့် နေရာတစ်ခု မဟုတ်သော်လည်း လည်ပတ်ရန် ဘေးကင်း လုံခြုံသည့် နေရာတစ်ခုတော့ မဟုတ်ပါချေ။

တစ်ခါတစ်ရံ ပစ်ခတ်မှုနှင့် ဓားပြမှုတိုက်မှုတို့ ဖြစ်ပွားလေ့ရှိသော်လည်း ဒေသခံများအဖို့တော့ သာမန်ကိစ္စရပ်များသဖွယ် ဖြစ်နေပြီး ဖြစ်၏။

သူတို့တွေ အပြင်ထွက်သည့် အချိန်၌ သတိထားမည်ဆိုပါက များများစားစား ပြဿနာတို့ ရှိမှာ မဟုတ်ချေ။ ဂိုဟန်၏ အိမ်က ဒီဗိုလမ်းတွင် တည်ရှိသည်။ အတိအကျ ပြောပြရမည်ဆိုပါက သူက ၆၀ စတုရန်းမီတာ ကျယ်သည့် အိမ်တစ်လုံးတွင် နေသည်။

အသုံးအဆောင် ပရိဘောဂတို့မှာ ဟောင်းနွမ်းနေပြီး အဝတ်လှန်း တန်းကြိုးတို့ကလည်း နေရာအနှံ့ပင်။ အထဲသို့ ဝင်ချင်ပါက သိုင်းခတ်ပြီး ဝင်ရမည့် ပုံစံပင်။

သို့တိုင်အောင် ဒီဗိုလမ်းတွင် ၎င်းတို့မိသားစု၏ အခြေအနေက အတော်လေး ကောင်းသည့် အနေအထား၌ ရှိပြီး ပတ်ဝန်းကျင်ရှိ လူတော်တော်များများက ဂိုဟန်၏ အလုပ်အကိုင်ကို တော်တော်လေး မနာလို ဖြစ်မိကြသည်။

အကြောင်းပြချက်ကတော့ ဤနေရာရှိ လူများက အတော်လေး နွမ်းပါးကြပြီး သူတို့ ဟွာရှန့်လူမျိုးများကဲ့သို့ ငွေစုသည့် အလေ့အထ မရှိကြသောကြောင့်ပင်။ ၎င်းကြောင့်ပဲ နေရာအနှံ့၌ အိမ်ခြေရာမဲ့များအား မြင်တွေ့နေရလေသည်။

ပေါက်ပြဲနေသည့် ဆိုဖာတစ်ခု၏ အထက်၌ ဂိုဟန်သည် အပေါ်ပိုင်း ရှပ်ဗလာနှင့်ဖြစ်၏။ သူနှင့် သူ့ဇနီး ၊ တီနားရှားတို့မှာ ဘီယာအတူ သောက်နေပြီး လာလီဂါ ဘောလုံးပွဲကို Tv တွင် ကြည့်နေသည်။

အချိန်တိုင်းလည်း ပွဲအား မှတ်ချက်များ ပေးနေလျက် ရှိပြီး သူ့ပုံစံကြည့်ရသည်မှာ အတော်လေး စိတ်အားရ ကျေနပ်နေလျက် ရှိ၏။

“ အိုး … ဒါနဲ့လေ ဒါလင် … ကျွန်မ ရှင့်ကို ပြောဖို့ မေ့နေတာ …”

နားချိန်တွင် တီနားရှားမှ စကားပြောလာခဲ့၏။

“ သံရုံးက လူနှစ်ယောက် ဒီနေ့ အိမ်ကို လာပြီး ရှင့်အကြောင်းတွေ မေးသွားတယ်… တစ်ခုခု ဖြစ်ထားလို့လား … ရှင် ကျွန်မကို လျှို့ဝှက်မထားနဲ့နော်…”

“ ဒီ ခွေးမသားတွေက ဒီနေရာကို ရှာတွေ့သွားကြသေးတယ်ပေါ့ …” ဂိုဟန်မှ ဘီယာပုလင်းအား အောက်သို့ ချရင်း ကျယ်လောင်စွာ ဆဲဆိုလိုက်၏။

“ ဘာဖြစ်ခဲ့တာလဲ .. ကျွန်မကို အမြန်ပြောပြ …”

ဘီယာ တစ်ငုံ သောက်ပြီးသည့်နောက် ဂိုဟန်သည် လွန်ခဲ့သည့် ရက်အနည်းငယ်က ဖြစ်ခဲ့သည့် ကိစ္စများအား တီနားရှားထံ ပြန်ပြောပြလိုက်သည်။

“ ဒီ ဟွာရှန့်တွေက လွန်ကို လွန်ပါတယ်… သူတို့ဘက်ကလည်း အမှားကျူးလွန်သေးတယ်… ဒါတောင် ရှင့်ကို ဖမ်းပြီး စစ်ဆေးချင်နေကြသေးတယ်တဲ့ ဟုတ်လား ….”

“ မင်းလည်း သိရဲ့သားနဲ့ … အဲ့ဒီ ဟွာရှန့်တွေက အစားအသောက် ချို့တဲ့ကြတော့ သူတို့ရဲ့ ကိုယ်ကာယက ကိုယ်တို့လောက်မှ မသန်မာဘဲလေ… အသာလေး ထိလိုက်တာနဲ့ ကွဲသွားမယ့် လေပူဖောင်းလိုပဲ …”

“ ဒါလင်ကလည်း .. စကားကို ပြောလိုက်ရင်လေ ….. “ တီနားရှားမှ စကားတစ်ဝက်တစ်ပျက်ဖြင့် တခစ်ခစ် ရယ်မောလိုက်လေသည်။

ဂိုဟန်လည်း တဟားဟား ရယ်မောလိုက်၏။

“ ဒီကောင်တွေက ပနားမားလာပြီး စီးပွားရေး လာလုပ်ချင်တယ်… ဒါပေမယ့် စည်းကမ်းကျတော့ မလိုက်နာချင်ကြဘူး … သူတို့ကို သင်ခန်းစာပေးမှ ရမှာ … သူတို့ကိုယ်သူတို့ အမေရိကန်တွေလို ဒီမှာ လုပ်ချင်တာ လုပ်လို့ ရတယ်များ မှတ်နေလား မသိဘူး …”

“ သူတို့ နောင်ကျရင်ကော ရှင့်ကို လာရှာကြဦးမှာလားဟင် …”

“ ငါတော့ ဂရုမစိုက်ဘူး .. သူတို့လူတွေ တစ်ခါလာပြီးသွားပြီ .. အဲ့တုန်းက သတိပေးထားခဲ့တာ နောင်ကျ ထပ်လာရှာရင် အကြောင်းသိစေရမယ့်လို့ ပြောခဲ့ပြီးသား … ဒီတစ်ခါ ထပ်ရောက်လာခဲ့ရင်တော့ အဆိုးမဆိုနဲ့ပေါ့ကွာ ….”

“ ဒါလင် လုပ်တာ မှန်တယ်… ဒီလူတွေက သိပ် မောက်မာလွန်းတယ်… သူတို့ အကုန်လုံးကို ဆေးရုံပို့ပေးလိုက် … ဒါမှ ဘယ်သူတွေနဲ့ လာရှုပ်လို့ မကောင်းဘူးလဲဆိုတာ သူတို့ သိသွားကြမှာ ….”

“ ကိုယ့်ရဲ့ ဟော့ဒီ လက်သီးကြီးနဲ့ ဟွာရှန့် ဆယ်ကောင်လောက်ကတော့ အသာလေးပဲ … ဟားဟားဟား …”

ဒေါက် ဒေါက် ဒေါက် …

နှစ်ယောက်သား စကားပြောနေစဉ် အိမ်တံခါးခေါက်သံ ထွက်ပေါ်လာသည်။

ဂိုဟန် စိတ်မရှည်စွာ လှမ်းငေါက်လိုက်၏။

“ ညဉ့်နက်နေပြီကို ဘယ်ကောင်တုန်းကွ …. ဘုရားသခင်နဲ့ တွေ့ချင်နေလား မသိဘူး … အချစ် .. မင်း တံခါး သွားဖွင့်လိုက်စမ်းကွာ …”

“ ဟင့်အင်း ဟင့်အင်း …. ဒီမှာ ဒုတိယပိုင်းက ခုမှစတာ အရှိန်ကောင်းနေတုန်း ရှိသေးတယ် ကျွန်မတော့ မသွားဘူး….”

သို့နှင့် ဂိုဟန်လည်း ထရပ်လိုက်ရပြီး စိတ်လက် မကြည်သာစွာဖြင့် “ ဘောလုံးပွဲ ကြည့်နေတာကို အေးဆေး မကြည့်ရဘူး … ဘာကောင်ကြီးနေနေ လက်သီးစာပဲ ….”

သူ ထပြီး တံခါးသို့ သွားကာ စဉ်းပင် မစဉ်းစားဘဲ တံခါး ဖွင့်ပေးလိုက်သည်။ သို့သော် အပြင်က မည်သူလဲဆိုတာကို သူ ရှင်းလင်း ပြတ်သားစွာ မမြင်နိုင်သေးခင်မှာပဲ သူ၏ ဝမ်းဗိုက်သို့ နာကျင်မှု တစ်ခုက တိုးဝင်လာပြီး အိမ်ထဲသို့ လွင့်ထွက်သွားခဲ့လေသည်။

ယင်းက ယွီစီယင်ပင်။

၎င်းနောက် ချက်ချင်း ၊ လင်းရီနှင့် ကျန်းချောင်ယွဲ့တို့ အိမ်ထဲသို့ ချက်ချင်းဝင်ကာ တံခါးအား ပိတ်ထားလိုက်ကြ၏။

လူသုံးယောက် အိမ်ထဲဝင်လာသည်ကို မြင်တော့ ဂိုဟန် ရှော့ခ်ရသွားခဲ့သည်။

“ မင်းတို့ ဒီကို ဘာလာလုပ်တာလဲ ….”

“ ထွေထူးတော့ မဟုတ်ပါဘူး … ငါတို့ရဲ့ သင်္ဘောထဲမှာ မှောင်ခို ပစ္စည်းတွေ ပါတယ်လို့ ဘယ်သူ သတင်းပေးလိုက်လဲဆိုတာ မေးချင်ရုံပါပဲ …” လင်းရီ မည်းမှောင်နေသည့် မျက်နှာအမူအရာဖြင့် မေးမြန်းလိုက်၏။

ဂိုဟန် မတ်တပ်ပြန်ရပ်၍ လင်းရီအား တည့်တည့်စိုက်ကြည့်လိုက်သည်။

“ ငါ သိသမျှ အကုန် ပြောခဲ့ပြီးသား .. ဒါတောင် ငါ့ကို လာရှာဝံ့တုန်းပဲဆိုတော့ မင်းတို့ သုံးယောက်လုံး အေးဆေး ထွက်သွားရဖို့ စိတ်မကူးနဲ့ …”

ဂိုဟန်သည် မီးဖိုချောင်ထဲသို့ ဒေါသတကြီးဖြင့် ပြေးသွားခဲ့ပြီး အိုးခွက်များအား တွန်းဖယ်ရင်း ဓားတစ်ချောင်း ဆွဲထုတ်လာသည်။

“ မင်း ငါ့အိမ်ထဲ ခွင့်ပြုချက် မရှိဘဲ ဝင်လာတယ်… ဒါ တရားမဝင်ဘူး … ငါ မင်းကိုသတ်လိုက်ရင်တောင် ဥပဒေက ငါ့ကို အပြစ်မပေးနိုင်ဘူး ..”

“ ဒါလင် … ဒီ ငတုံးတွေကို စကားအပိုတွေ ပြောမနေနဲ့ .. မြန်မြန် သူတို့ကို သင်ခန်းစာပေးလိုက် … ကျွန်မ ဘောလုံးပွဲကြည့်နေတာ အနှောင့်အယှက် ဖြစ်တယ်….”

တီနားရှားမှ ပြောလိုက်၏။

“ မပူနဲ့ … ဒီဟွာရှန့်တွေ ငါ့ကို မနိုင် . . . . . . . “

သူ့စကား မဆုံးနိုင်သေးခင်မှာပဲ ဂိုဟန်၏ အသံမှာ ရုတ်ချည်း ဖြတ်တောက်ခြင်း ခံလိုက်ရ၏။ အဘယ်ကြောင့်ဆိုသော် အနက်ရောင် သေနတ်တစ်လက်က သူ့ဦးခေါင်းတည့်တည့်သို့ ချိန်ရွယ်လာသောကြောင့်ပင်။

“ မင်း … မင်း ဒါ ဘာလဲ လုပ်နေတာ …”

ဂိုဟန်၏ အသံမှာ ရူးခါအောင် ထိတ်လန့်မှုကြောင့် တုန်ယင်နေသည်။ သူ၏ လေသံ သဘောထား အပြုအမူတို့မှာ ယခင်ကနှင့် လားလားမျှ မသက်ဆိုင်တော့ချေ။

တီနားရှားသည် ငယ်သံပါအောင် အော်ဟစ်၍ ဆိုဖာနောက်သို့ ပြေးပြီး ပုန်းအောင်းလေသည်။

“ အစ်မကြီး … မင်း အသံကို ကျယ်ကျယ် မထွက်တာ ကောင်းမယ်… ခင်များကြောင့် လန့်ပြီး ကျုပ် ခလုတ်ဆွဲလိုက်မိရင် ခင်များယောက်ျား အသက်ပါသွားနိုင်တယ်နော်….” ကျန်းချောင်ယွဲ့ ပြောလိုက်၏။

တီနားရှား ပါးစပ်ကို လက်ဖြင့်အုပ်ထားပြီး မျက်ရည်တို့ ယိုစီးကျလာကာ ကျန်းချောင်ယွဲ့အား အလျင်အမြန် ခေါင်းညိမ့်ပြ၏။

နှစ်ဦးလုံး မည်သူကမျှ အသံမထွက်ဝံ့ကြတော့ချေ။

“ ငါ တကယ်ကြီး ဘာမှ မသိတာ … ငါ သိသမျှလည်း မင်းတို့ကို အကုန်ပြောခဲ့ပြီးပြီ …”

လင်းရီ မျက်ခုံးပင့်၍ ဂိုဟန်အား ကြည့်လိုက်၏။

“ ကျုပ်ရဲ့ သည်းခံနိုင်စွမ်းက အကန့်အသတ်ရှိတယ်.. ဒါ ခင်များဖို့ နောက်ဆုံးအခွင့်အရေးပဲ … ခင်များမှာ စဉ်းစားဖို့ အချိန် ငါးစက္ကန့် ရှိတယ်… ကျုပ်ကို စိတ်ပျက်ရအောင် မလုပ်နဲ့ ….”

အသံ ခပ်အုပ်အုပ် မြည်သံနှင့် အတူ ဂိုဟန်သည် ဒူးထောက်လျက်သား ဖြစ်သွားခဲ့၏။

“ ငါ တကယ်ကြီး ဘာမှ မသိတာ … ခေါ်လာတဲ့ ဖုန်းကလည်း အမည်မသိ နံပါတ်နဲ့ … အဲ့လူက မင်းတို့ရဲ့ ကုန်ပစ္စည်းတွေထဲမှာ မှောင်ခိုပစ္စည်းတွေ ပါလာတယ်ဆိုပြီး ပြောလာလို့ ငါတို့လည်း စစ်ဆေးရအောင် ထွက်လာခဲ့လိုက်တာ … တကယ်လို့ မင်းတို့လူတွေသာ ငါတို့ကို မဆန့်ကျင်ဘဲ ပူးပေါင်းပေးမယ်ဆို ငါတို့လည်း သံသယ ဝင်မိမှာ မဟုတ်ဘူး … ဒီခုလို အချင်းများစရာလည်း ရှိလာမှာ မဟုတ်ဘူး …”

“ တကယ်လို့ သူတို့က ဆန့်ကျင်ခဲ့တယ်ဆိုရင်တောင် မင်းတို့ဘက်က လက်ဆ ဒီလောက်ထိ များတာကတော့ မဟုတ်သေးဘူးလေ … ငါပြောတာ မှန်တယ်ဟုတ် …”

“ ငါ … ငါ ဝန်ခံပါတယ်… ငါ မင်းတို့ လူမျိုးကို မြင်တော့ နည်းနည်းလွန်လိုက်မိတယ် … ဒါပေမယ့် သူ မသေနိုင်မှန်း ငါသိတယ် … ငါ သူ့ကို တောင်းပန်ပြီး ဆေးဖိုးလည်း ပေးပါ့မယ်ကွာ ….”

“ ဒါပေမယ့် ခင်များသိလား … ခင်များ ဒဏ်ရာ ရအောင် ရိုက်နှက်လိုက်တဲ့လူက ကျုပ်တို့ ကုမ္ပဏီရဲ့ စီနီယာ ဒုဥက္ကဌဆိုတာ … သူက ကျုပ်နဲ့ ကုမ္ပဏီ စတည်ထောင်ကတည်းကနေ အတူ ရှိလာခဲ့တဲ့ ကျုပ်ရဲ့ လူရင်း ….”

လင်းရီ အသက်ပြင်းပြင်း ရှူသွင်းလိုက်ပြီး ဂိုဟန်အား တည်ငြိမ်စွာ ကြည့်၍ “ သူက ကျုပ်အတွက် သိပ်အရေးကြီးတဲ့လူ … ခင်များရဲ့ လုပ်ရပ်အတွက် တန်ရာတန်ကြေး ပြန်ပေးသင့်တယ်….”

“ ဟုတ်တယ် ဟုတ်တယ်… ငါ ပေးသင့်တယ် .. ငါ လျော်ပေးဖို့ ဆန္ဒရှိတယ်… ငါတို့ အခု ချက်ချင်းပဲ ဆေးရုံသွားကြမယ်….”

“ ပိုက်ဆံလား .. ကျုပ်မှာ အများကြီး ရှိတယ်လေ… ခင်များရဲ့ အသက်နဲ့ ပေးလိုက်တာ အကောင်းဆုံးပဲ …”

ဘန်း …

သူ့စကားဆုံးသည်နှင့် ကျန်းချောင်ယွဲ့မှ ခလုတ်ဆွဲလိုက်လေရာ ကျည်ဆံသည် ဂိုဟန်၏ ဦးနှောက်တစ်ဖက်သို့ ဖြောင်ထွက်သွားပြီး နေရာတစ်ခုလုံး သွေးစွန်းသွားခဲ့၏။

“ အားးးးးးးး “

တီနားရှားမှ အသံကို အာခေါင်ခြစ် အော်ဟစ်မိသွားခဲ့၏။ သူမ၏ အသွင်မှာ ရူးသွပ်မတတ် ဖြစ်နေပြီး ခေါင်းကို လက်နှစ်ဖက်ဖြင့် ကိုင်ထားရင်း တသွင်သွင် ခါရမ်းလျက် တံခါးအပြင်ဘက်သို့ ပြေးရန် ကြိုးစားနေခဲ့သည်။

“ ကျုပ် တိတ်တိတ်နေပါလို့ မပြောခဲ့ဘူးလား … ခင်များ အသံထွက်ရင် ကျည်ဆံလာမှန်မယ်…”

ကျန်းချောင်ယွဲ့၏ စကားမှာ ကြောက်မက်ဖွယ် ကောင်းလောက်အောင် အကျိုးအာနိသင် ရှိနေပြီး တီနားရှားမှာ တစ်ကိုယ်လုံး တုန်ယင်သွားခဲ့၏။ သူမ ဆက်မအော်ရဲတော့ချေ။

ဘန်း …

ထိုအချိန်တွင် နောက်ထပ်သေနတ်သံ ထွက်ပေါ်လာသည်။

သို့သော် ပစ်ခတ်လိုက်သူက ကျန်းချောင်ယွဲ့ မဟုတ်ပါဘဲ ယွီစီယင် ဖြစ်၏။

ကျန်းချောင်ယွဲ့ သူမအား နားမလည်နိုင်စွာ လှမ်းကြည့်လိုက်မိသည်။

“ ပေါင်းရှင်းရင် အကုန်ပြောင်အောင် ရှင်းရတယ် … မဟုတ်ဘဲ ချန်ထားရင် ပြဿနာများတတ်တယ်…”

All Chapters