← Chapters

အထောက်အထား ဖော်ထုတ်ခံလိုက်ရပြီ

Vol. 118 Ch. 1764

အထောက်အထား ဖော်ထုတ်ခံလိုက်ရပြီ

Vol. 118 Ch. 1764

ရန်ကျင်း ၊ အထွေထွေ ဝန်ထမ်းဌာန၏ ရပ်ကွက်အတွင်း၌။

ယခုလေးတင်မှ ကျောချပြုစ လုပေချိန်သည် လျန်ရှန့်ဟော်ထံမှ ဖုန်းခေါ်ဆိုမှုအား လက်ခံရရှိလိုက်သည်။

“ ခေါင်းဆောင် .. မင်း လင်းရီ အကြောင်း ကြားပြီးပြီလား …”

“ Tesla နဲ့ ကိစ္စကိုလား … ဒါပေမယ့် ငါအထင် သူတို့ တောင်းပန်ပြီးသလိုပါပဲ … ဒီသောက်ကလေးက အရည်အချင်းတချို့တော့ ရှိသားပဲ … Tesla ကိုတောင် ခေါင်းငုံ့လာအောင် လုပ်နိုင်တယ်…”

လုပေချိန်မှာ လင်းရီအား အလိုလိုက်ထားသည်မှာ အတော်လေး ကြာနေပြီ ဖြစ်၏။

လင်းရီ ဘာတွေပဲ လုပ်နေပါစေ လုပေချိန်သည် ဂရုစိုက်ရန် ပျင်းရိနေပြီး အကုန်လုံးအား လျစ်လျူရှုထားလေသည်။

အဘယ်ကြောင့်ဆိုသော် လင်းရီကဲ့သို့ လူစားမျိုးအား ချုပ်ချယ်ကန့်သတ်၍ မရကြောင်းကို သူ နားလည်သောကြောင့်ပင်။ ထို့ကြောင့် သူ့ကိစ္စများအား သိပ်အာရုံ ထားမနေတော့ချေ။

သတင်းတွင် မြင်တွေ့ရသည့် တစ်ချို့ ကိစ္စများကိုသာ ကြုံတွေ့တစ်ခိုက် သိရှိမှတ်ယူလိုက်တော့၏။

“ Tesla အကြောင်း မဟုတ်ဘူး … လင်းရီနဲ့ တခြားသူတွေ ပရောဂျက် တစ်ခုမှာ ပနားမားတူးမြောင်းဆီ ပိတ်မိနေပြီး ပနားမားမှာ ပြဿနာ တစ်ချို့ တက်သွားတယ်… သူတို့ကုမ္ပဏီရဲ့ ဒုဥက္ကဌတစ်ယောက် အရိုက်နှက်ခံလိုက်ရတယ် … အဲ့ဒီနောက် လင်းရီ သူ့လူတွေ ခေါ်လာပြီး ပြဿနာရှာတဲ့ လူ ၂၈ ယောက်ကို ညတွင်းချင်း သတ်သွားခဲ့တယ်… ဒီကိစ္စက အတော်လေး ပြဿနာပဲနော်…”

“ သူက လူ ၂၈ ယောက် သတ်လိုက်တယ် ဟုတ်လား …” လုပေချိန် အနည်းငယ် မျက်မှောင်ကြုတ်မိသွားခဲ့ပြီး “ ဒီကလေး တော်တော် မဆင်မခြင်နိုင်တာပဲ … ဘာကိုမှလည်း မကြောက်တတ်ဘူး … တကယ့်ကို သူ့အဖေလိုပါပဲလား ….”

အခြား ဖုန်းတစ်ဖက်ခြမ်းတွင်ရှိ လျန်ရှန့်ဟော်မှာ တဟားဟား ရယ်မောလိုက်၏။

“ ဒါပေမယ့် ငါကြားမိတာတော့ သူ လူရှစ်ယောက် ခေါ်လာတယ်တဲ့နော်… ငါ မှတ်မိသာ မှန်မယ်ဆိုရင် ကျုံးဝေ့ တပ်ဖွဲ့ အသင်း ၁ က ဒီနှစ်ထဲမှာ လူသစ် ရှစ်ယောက် ခေါ်ထားတယ် မဟုတ်လား … ငါတော့ အဲ့လူတွေက သူ့အသင်းသားတွေ ဖြစ်မယ် ထင်တာပဲ…”

“ အဲ့လိုနေမယ်…” လုပေချိန် ပြောလိုက်ပြီး “ သူတို့ကလွဲပြီး ဘယ်သူကရော သူနဲ့အတူ ဒီလိုတွေ လုပ်ရဲတဲ့ သတ္တိရှိနိုင်မှာ ….”

ထိုနေရာရောက်တော့ လုပေချိန် ရယ်မောမိသွားခဲ့၏။

“ မင်း မြင်လား … အသင်း ၁ က အတော်လေး စည်းလုံးကြတယ်… ဒီလို အရာမျိုးကိုတောင် အတူ ပူးပေါင်းလုပ်ကြတယ်ဆိုတော့ ….”

“ ဒါပေမယ့် ငါ စိတ်ပူတာ ဒီကိစ္စက မကောင်းတဲ့ အကျိုးသက်ရောက်မှုတွေ ရှိလာမှာကိုပဲ .. သူတို့ရဲ့ အထောက်အထားတွေ ဖော်ထုတ်ခံလိုက်ရတာနဲ့ ငါတို့နိုင်ငံရဲ့ ဂုဏ်သတင်းပါ နိုင်ငံတကာမှာ မျက်နှာ အရှက်ရစရာ ဖြစ်သွားနိုင်တယ်….”

လုပေချိန် စက္ကန့်အနည်းငယ်ကြာအောင် အသံတိတ်သွားခဲ့ပြီး “ အင်း … အဲ့လိုတွေ ဖြစ်လာနိုင်တာပဲ .. ဒါပေမယ့် မပူနဲ့ … လင်းရီ သူ ရှုပ်ထားတဲ့ ဇယားတွေကို ဘယ်သူကရော လိုက်ရှင်းပေးရရိုး ထုံးစံ ရှိခဲ့ဖူးလို့လဲ … ဟုတ်တယ်မလား … ဘာဆက်ဖြစ်မလဲ စောင့်ကြည့်ကြတာပေါ့ ….”

“ နားလည်ပြီ…."

လျန်ရှန့်ဟော်၏ ဖုန်းအား ချပြီးသည့်နောက် လုပေချိန်သည် စီးကရက် တစ်လိပ်အား တိတ်တဆိတ် မီးညှိ၍ အနားယူရန် ထိုင်ခုံသို့ ပြန်လိုက်၏။ ဤကိစ္စနှင့် စပ်လျဉ်း၍ သူ့ဘက်က မည်သည့် ညွှန်ကြားချက်ကိုမျှ မပေးခဲ့ချေ။

ယင်းက … မည်သည့် ကိစ္စကမျှ မဖြစ်ပျက်ခဲ့သကဲ့သို့ပင်။

…………

ရန်ကျင်း ၊ ဝမ်မိသားစု နေထိုင်ရာ ခြံဝန်း၌။

ဧည့်ခန်းထဲတွင်တော့ ဝမ်ထင်ရှန်းနှင့် ဝမ်မြန်တို့မှာ ညအိပ်ဝတ်စုံ ကိုယ်စီဖြင့် ရှိနေကြ၏။

ဝမ်မြန်က စာအုပ်တစ်အုပ်အား ဖတ်နေလျက် ရှိပြီး ဝမ်ထင်ရှန်းမှာတော့ သတင်းစာ တစ်စောင်အား ဖတ်ရှုနေလျက် ရှိသည်။

ဧည့်ခန်းတစ်ခုလုံး အပ်ကျသံပင် မကြားရပါဘဲ တိတ်ဆိတ်နေပါသည်။

ကလင် ကလင် ကလင် …

ဖုန်းမြည်သံက တိတ်ဆိတ်နေသည့် ဧည့်ခန်းသို့ ထိုးခွင်းဝင်ရောက်လာခဲ့၏။

ဝမ်ထင်ရှန်းမှ ဖုန်းအား တစ်ချက် ကြည့်လိုက်ပြီး ချိန်ကွမ်းကျဲ့ ဖြစ်သည်ကို သတိမူမိလိုက်သည်။

ဖုန်းအားကိုင်ပြီးနောက် နှစ်ဦးကြား ဖုန်းပြောသည်က လိုရင်းတိုရှင်းလောက်မျှပင်။ နှစ်မိနစ်ခန့်ကြာပြီးသည့်နောက် ဖုန်းအား ပြန်ချလိုက်၏။

ဝမ်မြန် စာအုပ်အား ပိတ်၍ သူ့ဘေးသို့ ချထားလိုက်သည်။

“ ဒီလောက် နောက်ကျနေပြီကို ဘယ်သူလဲ ဖုန်းဆက်လာတာ ….”

“ မင်းရဲ့ အန်ကယ်ချိန် ….” ဝမ်ထင်ရှန်း ပြောလိုက်ပြီး “ လင်းရီ အခု ပနားမားကို ရောက်နေပြီ … လင်းယွင်အုပ်စုနဲ့ ပြဿနာ တက်တဲ့ လူ ၂၇ ယောက်လုံးလည်း သူတို့ သတ်တာ ခံလိုက်ရတယ် .. သူတို့နဲ့ နီးစပ်တဲ့ ဆွေမျိုး တစ်ယောက်ပါ ကြားထဲက ပစ်သတ်ခံလိုက်ရတယ်…”

“ သူတို့ ….” ဝမ်မြန် အသံကို မြင့်ပြီး မေးမြန်းလိုက်၏။

“ လင်းရီ အပြင်ကို လူရှစ်ယောက် ပါလာတယ် … ငါ ထင်သာ မမှားရင် အဲ့လူ ရှစ်ယောက်က ကျုံးဝေ့ တပ်ဖွဲ့ အသင်း ၁ ရဲ့ အဖွဲ့ဝင်တွေပဲ ဖြစ်ရမယ်…”

“ ဒီကောင်တွေ ရူးကုန်ကြတာလား … သူတို့တွေ အဲ့လို ကိစ္စမျိုး လုပ်သွားတယ်ဆိုတာ ကျွန်တော်တော့ဖြင့် ယုံတောင် မယုံနိုင်ဘူး … သူတို့တွေ ထပ်ပြီး ရာထူးမတိုးချင်တော့ဘူးနဲ့ တူတယ်…”

“ အဲ့တာက အဓိက အချက် မဟုတ်သေးဘူး …” ဝမ်ထင်ရှန်း သူ၏ မျက်လုံးအား မှိတ်လျက် ပြောလိုက်ပြီး “ သူက တော်တော် အံ့ဩဖို့ကောင်းတယ် .. အရင်က ဘာသတင်းမှ မကြားခဲ့ရဘူး .. ဒါပေမယ့် တစ်ညတည်း ရှိသေးတယ် ကမ္ဘာမြေတုန်ဟီးလောက်မယ့် ကိစ္စကြီး တစ်ခုကို လုပ်လိုက်ပြီ … မင်းသူ့ဆီ ရှုံးနိမ့်သွားတာကို အဖေ အပြစ် မဆိုလိုဘူး ….”

“ အဖေ… ခုက သူများကို ချီးမွမ်းနေရမယ့် အချိန်မဟုတ်ဘူးလေ…” ဝမ်မြန် ပြောလိုက်ပြီး “ သူက ပနားမားကို ရောက်နေပြီဆိုတော့ သူ့ကို အဲ့မှာ ကြာရှည်နေအောင် လုပ်ဖို့ ဘာ အစီအစဉ်တွေ လုပ်ထားလဲ … "

" လင်းယွင်အုပ်စုရဲ့ ကုန်တွေကို စုံစမ်းစစ်ဆေးရေးဆီ ပို့ထားပြီးပြီ… ဒါပေမယ့် သံရုံးက လူတွေ ဝင်စွက်ဖက်လာလို့ စစ်ဆေးရေးက စတော့ မစရသေးဘူး … ဒီတော့ နဂို အစီအစဉ် အတိုင်းပဲ လုပ်မယ်…” ဝမ်ထင်ရှန်း ရှင်းပြလိုက်ပြီး “ စုံစမ်း စစ်ဆေးရေး အဖွဲ့က စပြီး စစ်ဆေးတာနဲ့ သင်္ဘောထဲက မူမမှန်တဲ့ ပစ္စည်းတွေကို သူတို့ ရှာတွေ့သွားမှာ ကျိန်းသေပေါက်ပဲ …”

ထိုစကားပြောပြီးနောက် ဝမ်ထင်ရှန်း နှာမှုတ်လိုက်၏။

“ ငါ ယုံကြည်တယ်.. အဲ့ဒီ အချိန်ကျရင် လင်းရီက တစ်ကမ္ဘာလုံးရဲ့ အာရုံစိုက်ရာ ဖြစ်လာမယ်… သူတို့ ကိုးယောက်တည်းကို မပြောနဲ့ … ကျုံးဝေ့ တပ်ဖွဲ့ တစ်ခုလုံး သူ့နောက်မှာ ရှိနေရင်တောင် တောင့်ခံနိုင်မှာ မဟုတ်ဘူး ….”

ဝမ်မြန်လည်း သူ့အဖေအား အကြည့်တို့ တောက်ပစွာဖြင့် ပြုံးပြီး ကြည့်လိုက်၏။

…………

ပနားမားမြို့ရှိ လူသတ်မှုက ဒေသခံ ရဲများအား ဆွဲဆောင်သွားခဲ့သည်။

သူတို့တွေအကုန်လုံး ချက်ချင်းဆိုသလို လင်းရီအား သံသယ တရားခံအဖြစ် ယူဆလိုက်ကြတော့၏။

အဘယ်ကြောင့်ဆိုသော် အဆိုပါက လူ ၂၇ ယောက်က လုံခြုံရေး ဌာန၏ လူများ ဖြစ်နေသောကြောင့်ပင်။

အရင်ရက်တွေတုန်းက ထိုလူများမှာ လင်းယွင်အုပ်စုရှိ လူများနှင့် အချင်းများ ပြဿနာ တက်ခဲ့ပြီး ရက်သိပ်မကြာမီတွင် သေဆုံးသွားခဲ့ကြ၏။ ဤဖြစ်ရပ်တွင် သံသယဖြစ်ဖွယ် အကောင်းဆုံးက လင်းရီပင်။

ထို့ကြောင့်ပဲ ဒေသခံ ရဲအရာရှိများက သူ့အား ပစ်မှတ်ထားလာခဲ့ကြခြင်း ဖြစ်၏။

ထိုစဉ် အခြားတစ်ဖက်တွင်ရှိ လင်းရီနှင့် သူ့လူများကတော့ မနေ့ညက ကိစ္စအား ကိုင်တွယ်ပြီးနောက် ဟိုတယ်သို့ ပြန်ကာ သောက်စား အနားယူနေခဲ့ကြသည်။

ထို့နောက် သက်တောင့်သက်သာ ရှိသည့် အိပ်ရာထက်၌ အိပ်ပျော်သွားခဲ့လေသည်။

သို့သော် နေ့လည် တစ်နာရီ ဝန်းကျင်လောက်တွင် လင်းရီ၏ တံခါးသို့ ခေါက်သံ ထွက်ပေါ်လာပြီး

“ အစ်ကိုရီ … ထပြီး စားစို့ …” ရှောင်ပင်း တံခါး အပြင်ဘက်မှ အော်ဟစ်လာခဲ့၏။

“ ငါ မသွားတော့ဘူး .. မင်းတို့ပဲ စားကြတော့ … ပြန်လာရင်သာ ငါဖို့ နည်းနည်းထုပ်ခဲ့ပေး … ဒီမှာပဲ စားလိုက်တော့မယ်…”

“ ဒါဆို ကျွန်မတို့လည်း အပြင်ထွက် မစားတော့ဘူး … အော်ဒါမှာပြီး ရှင့်အခန်းထဲမှာ အတူစားကြမယ်လေ…”

“ အဲ့လိုလည်း ကောင်းသားပဲ …”

နာရီအား ငုံ့ကြည့်လိုက်ရင်း နေ့လည် တစ်နာရီ ရှိပြီဖြစ်ကြောင်း သတိထားမိလိုက်သည်။ လင်းရီမှာ ဆက်လက် အိပ်စက်လိုစိတ် မရှိတော့ဘဲ အိပ်ရာထ၍ မျက်နှာသစ်ရန် ဟန်ပြင်လိုက်၏။

သူ သွားတိုက်နေစဉ်မှာပဲ ထျန်းရန်ထံမှ ဖုန်းဝင်လာသည်။

“ ရှင် ဒါရိုက်တာချီ ကိစ္စ ဖြေရှင်းသွားပြီလား …”

“ တစ်ဝက်တော့ ပြီးပြီ … အခု ကုန်တွေ ကိစ္စ ကိုင်တွယ်တော့မလို့ … အဲ့တာပြီးရင်တော့ ပြန်လာပါပြီ …”

“ Tesla ဘက်က လူသိရှင်ကြား တောင်းပန်ပြီးတော့ ကျွန်မတို့ကို အဓိက နည်းပညာ အချက်အလက်တွေ တော်တော်များများ ပေးလာတယ်… ဒါတွေကို ဘယ်လိုလုပ်လိုက်ရမလဲ ….”

ဤသတင်းက လင်းရီ မျှော်လင့် ထားသည့် အတိုင်းအတာ အတွင်း၌သာ ရှိသည်။ စနစ်မှ သူ့အား အသိပေးလာပြီး သဖြင့် အမှုပြီးဆုံးသွားသည်မှာ သေချာလေသည်။

Tesla ဘက်က လက်လျော့ အရှုံးပေးလိုက်ပြီ ဖြစ်၏။

“ ငါ ပြန်ခေါ်တာကိုစောင့် .. ခဏနေကျ ပြန်ခေါ်လိုက်မယ်…”

“ အိုကေ …”

လင်းရီ နာရီကြည့်လိုက်ပြီး ပနားမား စံတော်ချိန်အရ နေ့ခင်း တစ်နာရီ ရှိနေချေပြီ။ ဟွာရှ စံတော်ချိန် အရဆိုရင်တော့ ည ဆယ့်တစ် ဝန်းကျင်လောက် ရှိမည် ဖြစ်၏။

ယခု အချိန်တွင် ရှန်းရှုရီထံသို့ ဖုန်းခေါ်မည်ဆိုပါကလည်း မသင့်လျော်ပေ။ ထို့ကြောင့် သူ့ဖုန်းအား ဘေးသို့ ချထား၍ နောက် နာရီအနည်းငယ်ကြာအောင် ထပ်စောင့်လိုက်သည်။

တိုက်ဆိုင်ချင်းသား ကောင်းစွာဖြင့် လင်းရီ ဖုန်းအောက်သို့ ချလိုက်သည့် အချိန်မှာပဲ ရှန်းရှုရီ၏ နံပါတ်က ဝင်ရောက်လာလေသည်။

“ အန်တီရှန်း ….”

လင်းရီ အပြုံးလေးဖြင့် ဖုန်းဖြေလိုက်၏။ “ မဟုတ်ရင်တောင် ကျွန်တော် အခု အန်တီရှန်းဆီ ဖုန်းဆက်ရင် ကောင်းမလား စဉ်းစားနေတာ … ဒါပေမယ့် အနားယူနေတာကို နှောင့်ယှက်မိမှာ စိုးတာနဲ့ မလုပ်ဖို့ ဆုံးဖြတ်လိုက်တာ ….”

“ အန်တီလည်း ခုလေးတင် ရှောင်မီရဲ့ အဘိုးတို့အိမ်ကနေ ထမင်းစားပြီး ပြန်လာတာပဲ … ပနားမားက ကိစ္စတွေ ကြားခဲ့ရတယ် … နင် သတ္တိတွေ တော်တော် ကောင်းနေတာပဲ ဟမ် … ဘာမဆို လုပ်ရဲ ကိုင်ရဲ ရှိနေတော့တာပဲ ….”

“ မဖြစ်နိုင်တာ … သတင်းက နိုင်ငံဆီ ဒီလောက်မြန်မြန် ပျံ့သွားတယ်ပေါ့ ….”

“ ကျန်းရှုဖျင်ဆီက ဖုန်းရတယ်လေ… မဟုတ်ရင် ငါတို့လည်း သိမှာ မဟုတ်ဘူး ….” ရှန်းရှုရီ ပြောလိုက်ပြီး “ ဟိုမှာ ဘယ်လိုနေလဲ … နင် ပြဿနာ တက်သေးလား …”

“ စိုးရိမ်ပေးလို့ ကျေးဇူးပါ အန်တီရှန်း … ကျွန်တော် အားလုံး ကိုင်တွယ်ပြီးပါပြီ… အားလုံး အဆင်ပြေတယ်….”

“ အဲ့တာဆို အန်တီလည်း စိတ်ချရပြီ …” ရှန်းရှုရီ ပြောလိုက်ပြီး “ နင် ခုနက ပြောတာ ငါ့ဆီ ဖုန်းဆက်ချင်တယ် ပြောတယ်နော်… ဘာကိစ္စ ပြောချင်လို့လဲ ….”

“ Tesla အကြောင်းပါ … သူတို့တွေ အဓိက နည်းပညာတစ်ချို့ ကမ်းပေးလာတယ်ဆိုပေမယ့် ကျွန်တော့်အတွက်က အသုံးမလိုဘူးလေ… အန်တီရှန်းက လျှပ်စစ်ကား ကုမ္ပဏီ တော်တော်များများမှာ ရင်းနှီးမြုပ်နှံထားတာ မြင်တော့ ဒီရဲ့ သတင်းအချက်အလက်တွေကို အန်တီရှန်းဆီ ပေးချင်နေတာ … ကျွန်တော့်အတွက်လည်း အသုံးမလိုတော့…”

All Chapters