ဖြည်းဖြည်းချင်း ရုပ်လုံးကြွလာပြီ ဖြစ်တဲ့ လက်စားချေမယ့် အစီအစဉ်
Vol. 118 Ch. 1770
“ ကပ္ပတိန် ပြောတာ မှန်တယ်… ဒါ ကပ္ပတိန်နဲ့ မဆိုင်ဘူး … သူ့လို မောက်မာတဲ့ လူစားမျိုးက အထဲရောက်တာနဲ့ ဟာဆက် သင်ခန်းစာပေးတာကို ချက်ချင်း ခံမှာပဲ…”
အီဗန် သူ၏ ဦးထုပ်အား ကောက်ဆောင်း၍ စီးကရက် တစ်လိပ်အား မီးညှိလိုက်သည်။
“သွားစို့ … စစ်ဆေးရအောင် လိုက်ခဲ့ … ဒီကောင် ဘယ်လောက် ဆိုးဆိုးရွားရွားထိ ရိုက်နှက်ခံထားရလဲဆိုတာ ငါသိချင်တယ်….”
“ ကျွန်တော်လည်း သိချင်တယ်…”
နှစ်ယောက်သား ကိုယ်စီ ယူနီဖောင်းများဝတ်၍ အကျဉ်းထောင် နံပါတ် ၇သို့ ဦးတည်လာခဲ့ကြသည်။
ဆယ်မိနစ် ကြာပြီးသည့်နောက် သတ္တုတံခါးမှာ ပွင့်ဟသွားခဲ့ပြီး အီဗန်မှ သူ့လူများနှင့် အထဲသို့ လမ်းလျှောက်ဝင်လာသည်။
သို့ပေမယ့် အကျဉ်းထောင် နံပါတ် ၇ ရှိ လူများအားလုံးက တစ်နေရာတည်းတွင် စုဝေးနေကြသည်အား မြင်တော့ သူ အံ့အားသင့်သွားခဲ့သည်။ ပုံမှန်ဆိုပါက ဤငနဲများမှာ ဟိုတစ်စု၊ ဒီတစ်စု၊ တစ်ကွဲတစ်ပြားစီ နေတတ်ကြလေသည်။
နှစ်ယောက်သား အံ့အားသင့်စွာဖြင့် တစ်ယောက်ကိုယ်တစ်ယောက် ကြည့်မိလိုက်ကြပြီး ထို လူအုပ်ကြီးထံသို့ လျှောက်လှမ်းသွားကြ၏။
မီတာ နှစ်ဆယ် အကွာလောက်ရောက်တော့ ဟာဆက်မှာ ဘေးတစ်နေရာတွင် မတ်တပ်ရပ်နေသည့် မြင်ကွင်းက သူတို့အား ဆီးလို့ကြိုနေသည်။
အီဗန် အင်မတန်မှ အံ့အားသင့်သွားခဲ့ရ၏။ ဟာဆက်၏ ခွန်အားနှင့် အဆင့်အတန်းကို သူ ကောင်းကောင်းကြီး သိသည်။ အကျဉ်းထောင် နံပါတ် ၇ ထဲတွင် ဟာဆက်က ဒိတ်ဒိတ်ကျဲကြီး တစ်ယောက် ဖြစ်ပြီး ထိုသို့သော လူက အဘယ်ကြောင့် အခြားသူများနည်းတူ မတ်တပ်ရပ်နေရသနည်း။
“ မစ္စတာဟာဆက် .. အီဗန် လာတယ်…”
အသံများကြား၍ နောက်သို့ လှည့်ကြည့်လိုက်ရာ ဟာဆက်သည် မဝေးသည့် တစ်နေရာ၌ မတ်တပ်ရပ်နေသည့် အီဗန်အား မြင်တွေ့သွားခဲ့၏။
ချက်ချင်းဆိုသလို ရုန့်ရင်းကြမ်းတမ်းသည့် အကြည့်တို့က သူ့မျက်နှာထက် ထွက်ပေါ်လာသည်။
အကယ်၍ သူ့ကြောင့်သာ မဟုတ်ပါက သူနှင့် ဤ ဟွာရှန့်အမျိုးသား၏ ဆက်ဆံရေးမှာ ယခုအခြေအနေထိ ဆိုးရွားသွားခဲ့မှာ မဟုတ်ချေ။
ထို့အပြင် လူတကာ၏ ရှေ့မှောက်၌ သူလည်း အရှက်ကွဲရမှာ မဟုတ်ချေ။
ဟာဆက်၏ ဒေါသဖြစ်နေသည့် အမူအရာနှင့် ဆန့်ကျင်ဘက်ဖြစ်စွာ အီဗန်မှာတော့ ရှုပ်ထွေးနေသည့် အမူအရာတစ်ခုဖြင့် နေရာတွင် ကြောင်အမ်းအမ်းနိုင်လှစွာဖြင့် ရပ်နေမိကာ အမူအရာမှာလည်း အလွန်အင်မတန် ချဲ့ကားမိနေလျက် ရှိတော့၏။
လင်းရီက ခေါက်ကုတင်ပေါ်တွင် ဇိမ်ပြေနပြေ လဲလျောင်းနေရင်း သူ့ဘေးရှိ ဘီကီနီနှင့် အလှလေးတစ်ယောက် အသီးခွံ့နေသည်ကို တမြုံ့မြုံ့ ဝါးနေသည်။
နေကာမျက်မှန်ကိုလည်း တပ်ထားပြီး လက်နှစ်ဖက်ကို ခေါင်းအုံးလုပ်လျက် ကမ်းခြေသို့ ရောက်ရှိနေသည့် အတိုင်းပင်။
အရေးကြီးဆုံးကတော့ ၎င်း၏ ကိုယ်တွင် မည်သည့် ဒဏ်ရာ ဒဏ်ချက် တစ်ခုလေးမျှ ရှိမနေခြင်း ဖြစ်ပါသည်။
“ ဘာတွေ ဖြစ်နေတာ …” အီဗန် ဟာဆက်နားသို့ ရောက်လာပြီး “ ဘာလို့ ဒီကောင်က ခုထိ အကောင်းအတိုင်း ရှိနေတာလဲ …”
ဟာဆက် ပြန်မဖြေချေ။ ထိုအစား သူ့လက်က မာန်ပါပါဖြင့် အီဗန်၏ မျက်နှာအား အားပါးတရ ဖြတ်ရိုက်ပစ်လိုက်သည်။
အီဗန် ကြက်သေသေသွားခဲ့၏။ သို့သော် ဟာဆက်၏ အထောက်အထားနှင့် အဆင့်အတန်းကို ကြောက်ရွံ့ရသောကြောင့် ဘာမှတော့ ပြန်မလုပ်ဝံ့ပေ။
“ မစ္စတာ ဟာဆက် … မင်း အခုက ဘာတွေ ဖြစ်နေတာလဲ ….”
“ မင်းကများ မေးရတယ် ရှိသေး …” ဟာဆက် ဒေါသတကြီးဖြင့် ပြောဆိုလိုက်ပြီး “ မင်းက မင်းကိုယ်မင်းတောင် မကိုင်တွယ်နိုင်တဲ့ကောင်ကို ငါ့ကို ကူညီပေးစေချင်နေတယ်ပေါ့ … မင်း ငါ့ကို သတ်ချင်နေတာလား ကွ ဟမ် …”
“ ဘယ်လိုလုပ် ဖြစ်နိုင်မှာ … ငါတို့ချင်း ရင်းနှီးလာတာ နှစ်ပေါင်းလည်း မနည်းတော့တာကို ဘာလို့ ကိုယ့်အချင်းချင်း ပျက်စီးကြောင်း ကြံရမှာလဲ …”
“ ငါ့ တစ်သက်သာမှာ သူ့လောက် အင်အားကြီးတဲ့ လူမျိုး တစ်ခါမှ မတွေ့ဖူးဘူး … ဒီထဲက လူတွေအကုန် တစ်ယောက်မှ သူ့ပြိုင်ဘက် မဟုတ်ဘူး …” ဟာဆက် ဒေါသတကြီးဖြင့် ပြောလိုက်ပြီး “ သူသာ တကယ်သတ်ချင်ရင် ဒီထဲက ကောင်တွေ အကုန် သေတာ ကြာပြီကွ ….”
အီဗန်နှင့် သူ့လူများ ကြက်သေသေသွားခဲ့ကြသည်။ အနှီ ဟွာရှန့်ကောင်က ဤမျှ စကေးကြမ်းနေလိမ့်မည်လို့ သူတို့တွေ ထင်မှတ်မထားခဲ့ကြပါချေ။
ဟာဆက်ပင် သူ၏ ပြိုင်ဘက် မဟုတ်ဘူးတဲ့လော။
“ မင်းရဲ့ စရိုက်က အတော်လေး မဆိုးဘူးပဲ … သူ မင်းကို ဒီလောက် ထိခိုက်နစ်နာအောင် လုပ်ထားတာတောင် ဒီလိုမျိုး တည်တည်ငြိမ်ငြိမ်နဲ့ စကားပြောနိုင်သေးတယ်ဆိုတော့ … ငါသာဆိုရင် ဒီလိုမျိုး လုပ်နိုင်မှာ မဟုတ်ဘူး …”
“ ငါ -ိုးပဲ …”
ဟာဆက် ကျိန်ဆဲ၍ အီဗန်အား နောက်တစ်ချက် ထပ်ကန်လိုက်သည်။
“ ဒီကောင့်ကို ရိုက်… ငါတို့ မစ္စတာလင်းအတွက် လက်စားချေကြမယ်….”
“ မဟုတ်.. မလုပ်ပါနဲ့ …. “
အီဗန် မျက်နှာဖြူလျော်စွာဖြင့် တရစပ် နောက်ဆုတ်မိသွားခဲ့၏။
သို့သော် အကျဉ်းထောင် နံပါတ် ၇ ထဲရှိ အကျဉ်းသားများကတော့ သူ့ထံသို့ ရူးသွပ်စွာ ပြေးဝင်လာနေကြပြီး အင်အားအပြည့်ပါသည့် လက်သီးနှင့် ခြေထောက်တို့က သူ့ မျက်နှာနှင့် ခန္ဓာကိုယ်ကို လာရောက် မိတ်ဆက်သည်။
အီဗန်က တရားဝင် ရဲအရာရှိ တစ်ယောက် ဆိုသော်လည်း မည်သူကမျှ သက်ညှာမှု ပြမနေကြချေ။ ထို့ပြင် မည်သူကမျှလည်း ၎င်းတို့၏ လုပ်ရပ်အား လာမရပ်တန့်ကြချေ။
အဘယ်ကြောင့်ဆိုသော် အပြင်ဘက်ရှိ လူတိုင်းက အကျဉ်းထောင် နံပါတ် ၇ ရှိ နေထိုင်သူများအကြောင်းကို ကောင်းကောင်း နားလည်ထားကြသောကြောင့်ပင်။ သူတို့တွေ ဟာဆက်၏ ကြောက်မယ်ဖွယ်ကောင်းမှုကိုလည်း သိရှိထားကြပြီး မရပ်တန့်ဝံ့ကြပါချေ။
“ တော်ကြစမ်း … ဆူညံနေတာပဲ ….”
တရစပ် မိတ်ဆက်လာနေသည့် လက်သီးနှင့် ခြေကန်ချက်များကြားတွင် အီဗန်သည် သူ၏ ဦးခေါင်းအား လက်နှစ်ဖက်ဖြင့် ကာထားရင်း သက်ညှာပေးရန်အတွက် ဆက်တိုက် တောင်းပန်နေခဲ့၏။
လူတိုင်း ရပ်တန့်သွားသည့် အချိန်၌ တစ်ကိုယ်လုံးလည်း အညိုမည်း စွဲနေချေပြီ။ သူ၏ မျက်နှာသွင်ပြင်ကိုပင် ကောင်းစွာမြင်နိုင်ရန် ခက်ခဲသွား၏။
တစ်ချိန်တည်းတွင် လင်းရီ ရောက်လာပြီး သူ့အား ငုံ့ကြည့်လိုက်သည်။
“ ခင်များ ကျုပ်ကို လက်စားချေဖို့ လူရှာထားခဲ့တယ် မဟုတ်ဘူးလား .. ဘာလို့ ဒီလောက်တောင် အခြေအနေဆိုးနေရတာ …”
“ ငါ … ငါမင်းကို လက်စားမချေချင်ခဲ့ပါဘူး .. ကျေးဇူးပြုပြီး သူတို့ကို ထပ်မလုပ်ဖို့ ပြောပေးပါ … ငါ မင်းကို လွှတ်ပေးပါ့မယ်…."
“ ကျုပ်က လူသတ်သမားလို့ ခင်များပြောတယ် မဟုတ်လား … ဒီလို သာမန်လျှံကာ လွှတ်ပေးလိုက်ရင် စည်းကမ်းဖောက်ဖျက်ရာ ကျတာပေါ့ ….”
“ လူသတ်သမားက သူ့ဘာသူ ဝန်ခံလာပြီ … မင်းက အပြစ်မရှိဘူး … ငါတို့ မင်းကို မှားယွင်း စွပ်စွဲမိတာပါ … ငါ မင်းကို အပြင်ထုတ်ပေးပါ့မယ်…” အီဗန် တုန်ယင်နေသည့် အသံဖြင့် ပြန်ဖြေလိုက်ပြီး “ ကျေးဇူးပြုပြီး ငါ့ကို ထပ်မရိုက်ပါနဲ့တော့ .. ငါ မလုပ်ရဲတော့ပါဘူး …”
“ ဒီလိုဖြစ်မှာ ကြောက်ရင် ဘာလို့ အစောကတည်းက လုပ်ခဲ့သေးလဲ …”
ပြောပြီးနောက် လင်းရီသည် တံခါးဝသို့ လျှောက်သွားခဲ့၏။
သို့သော် အပြင်သို့ ထွက်ခါနီး၌ နောက်သို့ ပြန်လှည့်လာကာ အားလုံးထံသို့ သိမ်းကျုံးကြည့်၍ “ ငါ သွားပြီ … တစ်နေ့နေ့ တစ်ချိန်ချိန် အပြင်ကမ္ဘာက လမ်းမှာ တွေ့ရင် လွတ်လွတ်လပ်လပ် လာနှုတ်ဆက်လို့ရတယ် … အချိန်ရရင် ကော်ဖီတိုက်တာပေါ့ …”
“ ကောင်းကောင်းသွားပါ မစ္စတာလင်း …”
“ ဖြည်းဖြည်းသွားပါ မစ္စတာလင်း …”
လူတိုင်း လင်းရီအား အော်ဟစ်ပြီး ပို့ဆောင်ပေးလိုက်ကြ၏။
အီဗန်နှင့် သူ့လူများကတော့ ထိုမြင်ကွင်းက မင်သက်စွာဖြင့် ငေးမောကြည့်နေမိလေသည်။
အကျဉ်းထောင်ထဲက နံပါတ် ၇ ထဲက လူတွေ ဘယ်တုန်းက ဒီလောက်ထိ လူမှုရေး နားလည်တဲ့ ကောင်တွေ ဖြစ်သွားခဲ့တာလဲ ….
လင်းရီ အပြင်ကို ရောက်တော့ အဲလစ်နှင့် သူမ၏ ရှေ့နေ့ အဖွဲ့က သူ့အား စောင့်ဆိုင်းနေသည်ကို မြင်တွေ့လိုက်ရလေသည်။
လင်းရီကို မြင်တော့ အဲလစ်မှာ ချက်ချင်း ရောက်လာပြီး သူ့အား အားပါးတရ ပွေ့ဖက်လိုက်၏။ ထို့နောက် သူ့အား အချိန်အတော်ကြာအောင် စေ့စေ့စပ်စပ် ကြည့်လိုက်ပြီး
“ မစ္စတာလင်း .. ရှင်နောက်ဆုံးတော့ ထွက်လာပြီပဲ … သူတို့ ရှင့်ကို ဘာမှ မလုပ်ဘူးမလား … “
“ လုပ်ချင်ရင်တောင် လုပ်လို့ မရပါဘူးကွာ …”
လင်းရီ အဲလစ်အား ပြုံးပြ၍ “ မင်းတို့ ကူညီပေးတာ ကျေးဇူးတင်ရမှာပဲ … မင်းတို့ကြောင့်သာ မဟုတ်ရင် ငါတော့ အထဲမှာ တော်တော် ကြာကြာ နေရလောက်တယ်….”
“ ဒါ ကျွန်မ လုပ်ပေးသင့်တာပဲလေ… မစ္စတာလင်း အားနာနေစရာ မလိုပါဘူး ….”
“ သွားစို့ … ဒီနေရာက စကားပြောလို့ ကောင်းတဲ့ နေရာ မဟုတ်ဘူး ….”
“ အိုကေ …”
နှစ်ယောက်သား ရဲစခန်းထဲမှ ထွက်လာခဲ့ကြပြီး အပြင်ရောက်တော့ ရှောင်ပင်းနှင့် ရှောင်ကျန်းဖုန်းတို့က သူ့ထံသို့ ပြေးလွှား လာတွေ့သည်။
“ အစ်ကိုရီ .. ရှင် လွတ်လာပြီပဲ …”
နှစ်ယောက်မှာ စစချင်းတုန်းက ဤနေရာသို့ လာပြီး အခြေအနေအား စုံစမ်းရင်း မည်သို့ ဆက်လုပ်ရမည်ဆိုကို စူးစမ်းချင်သော်လည်း လင်းရီမှာ သူတို့ အစီအစဉ်ပင် မဆွဲနိုင်သေးခင် ပြန် ထွက်လာလိမ့်မည်လို့ မျှော်လင့်မထားခဲ့ပါချေ။
နှစ်ယောက်လုံးမှာ ကြည်နူးမှုဖြင့် အံ့အားသင့်သွားခဲ့ကြ၏။
“ အံ့ဩသွားလား …” လင်းရီ သာမန်လျှံကာပြောလိုက်ပြီး “ သူတို့ငါ့ကို ချုပ်ထားဖို့ဆိုတာ လုံးဝ မဖြစ်နိုင်သလောက်ပဲ …”
ရှောင်ပင်း ပျော်မြူးသွားခဲ့၏။
“ ရှင် ထွက်လာတာ ကောင်းတယ်… တော်သေးလို့ ကျွန်မတို့တွေ ဘာမှ လျှောက်မလုပ်မိတာပေါ့ .. အစက အစ်ကိုရီကို ထောက်ဖောက်ပြီး လာကယ်ဖို့ စဉ်းစားထားတာ … ခုတော့ မလုပ်မိလို့ တော်သေးတယ်… “
“ ကဲပါ … ဒီနေရာက စကားပြောကောင်းတဲ့ နေရာ မဟုတ်သေးဘူး … အရင်ပြန်ကြတာပေါ့ ….”
လင်းရီ ကုန်ပစ္စည်း ပြဿနာအား ကိုင်တွယ် ဖြေရှင်းချင်သေးသော်လည်း ညနေ ငါးနာရီကျော်နေပြီး ဖြစ်သဖြင့် မနက်ဖြန်မှ ဆက်လုပ်ရန်သာ တတ်နိုင်တော့သည်။
ထိုညတွင် လူတိုင်းမှာ ထပ်မံ စုဝေးလိုက်ကြ၏။ လင်းရီသည် အဲလစ်နှင့် တခြားသူများအား ကျေးဇူးတင်ရန်အတွက် စားသောက်ပွဲ တစ်ခု စီစဉ်လိုက်သည်။
ညစာ စားပြီးနောက် လင်းရီသည် သူ့အခန်းသို့ ပြန်ရောက်လာပြီး ပြတင်းပေါက်နားတွင် ရပ်ရင်း အောက်ရှိ ညမြင်ကွင်းအား ကြည့်ရှုနေလျက် ရှိသည်။
သူ့ရှေ့တွင် ဖြစ်ပျက်လာသည့် ကိစ္စရပ်တို့က အနည်းငယ် တမူထူးခြားနေသည်။
အချင်းများရသည့် ပြဿနာ အရင်းခံက ပနားမား တူးမြောင်း၏ အာဏာပိုင်များကြောင့်သာ ဖြစ်သည်။ သို့ပေမယ့် အနီးကပ် စုံစမ်း စစ်ဆေးကြည့်ရှုလိုက်ရာတွင် ၎င်းတို့၏ လုပ်ရပ်ကလည်း ထွေထူး ပြဿနာ ရှိမနေချေ။ သူတို့ဘက်က ရည်ရွယ်ချက် ရှိရှိ ခက်ခဲအောင် ပြုလုပ်နေသည်မျိုး မဟုတ်ဘဲ အမျိုးမျိုးသော လုပ်ငန်းဆောင်တာများ ကိုင်တွယ်ရာ၌လည်း ၎င်းတို့ဘက်က အတော်လေး ပူးပေါင်းပါဝင်ပေးသည်။
၎င်းတို့၏ တစ်ချို့သော နည်းလမ်းများက အနည်းငယ် အကြမ်းနည်းဆန်သော်လည်း အဓိက အကြောင်းပြချက်ကတော့ လူမျိုးရေး ခွဲခြားမှုကြောင့်သာ ဖြစ်၏။ သို့သော် သူတို့ကြည့်ရသည်မှာတော့ တိုက်ရိုက် ရန်စောင်မုန်းတီးလိုစိတ်တော့ မရှိသည့်ဟန်ပင်။
နောက်ကွယ်ရှိ မမြင်နိုင်သည့် အင်အားစု တစ်ခုက ကြိုးများဖြင့် ကစားနေသည်ဟူသော ခံစားချက်ကို လင်းရီစိတ်ထဲ၌ မခါထုတ်နိုင်သေးချေ။
…….
ဟွာရှ၊ ရန်ကျင်း၊ ဝမ်မိသားစု ဗီလာတွင်။
ယခုလေးတင် မနက်စာ စားပြီးသည့် ဝမ်ထင်ရှန်းထံသို့ ချိန်ကွမ်းကျဲ့ ဖုန်းဆက်လာသည်။
“ ဟိုဘက် အခြေအနေ ဘယ်လိုရှိလဲ …”
“ လင်းရီ လူ ၂၈ ယောက် သတ်ထားတဲ့ ကိစ္စနဲ့ ရဲဘက်က သူ့ကို ပစ်မှတ်ထားပြီး ဖမ်းသွားတယ်.. ဒါပေမယ့် ဘာမှတော့ မလုပ်လိုက်နိုင်ဘူး … မိုက်ခရိုဆော့ဖ်ဘက်က ထိပ်တန်း ဥပဒေ အသင်း တစ်ခု ရောက်လာပြီး ပြဿနာကို ဖြေရှင်းပေးသွားတယ်…” ချိန်ကွမ်းကျဲ့ ပြောလိုက်ပြီး “ ကျုပ် ခန့်မှန်းထားတဲ့အတိုင်းဆိုရင် သူ မနက်ဖြန်ကျရင် ကုန်ပစ္စည်း ကိစ္စတွေ ကိုင်တွယ်လောက်ပြီ .. ဒါကြောင့်မို့ ကျုပ် စကားတော့ ဖြန့်ထားလိုက်ပြီ … မကြာခင် အဲ့ စိတ်ဖောက်ပြန်နေတဲ့ မျိုးမစစ်တွေ ပနားကို ရောက်လာကြလောက်ပြီ … အချိန်အကြာကြီး ပြင်ဆင်လာတဲ့ ရှိုးပွဲက နောက်ဆုံး စတော့မယ်… “
စာစဉ် (၁၁၈) ပြီး၏။