အခန်း ၆၇
Vol. 6 Ch. 67
"နာမည်အကြီးဆုံး"ဟူ၍ တင်စားပြောရာတွင် စကားလုံးအား ဟန်စုန့်ရွှယ်နှင့် အခြားသူများမှာ နှစ်ကူးရက်မှာ ပျော်မြူးသကဲ့သို့ WeChat group ထဲတွင် ဂယက်ထကာ အူမြူးနေကြသည်။
စုချန်ယန်က #Travel ပွဲ ဦးထွက်ပြသခြင်း# ဟူသည့် hashtagကို နှိပ်လိုက်လျှင် တရစပ်ဆိုသလို လောလောလတ်လတ် တင်ထားသည့် Weibo update များပါ ပေါ်လာခဲ့သည်။ သူမလည်း မအိပ်ချင်သေးတာနှင့် လှဲနေရင်းး ဖုန်းကိုင်ကာ သတင်းတွေလိုက်ဖတ်ကြည့်နေမိသည်။
[ လိမ္မော်သီးအသေးလေး - အားးးးးးး သုံးနာရီက တကယ်တိုတာပဲ! ဒီရသစုံရှိုးက ငါ့ရဲ့နှလုံးသားထဲမှာ ထိပ်ဆုံးနေရာယူသွားပြီ စုချန်ယန်၊ ဟန်စုန့်ရွှယ်၊ စုန့်မင်ကန်၊ ကျန်းရှစ်ချီ၊ ချီဖု..တို့အားလုံးကို တကယ်ကြီး သဘောကျနေမိပြီ အချင်းချင်း ပြောပုံဆိုပုံတွေကအစ ချစ်ဖို့ကောင်းလွန်းတယ် ပုံမှန် သူငယ်ချင်းတွေလိုမျိုးပဲ]
[တောလယ် - ဗီဒီယိုရိုက်ထားတဲ့ အထောက်အထားသာမရှိရင် ကြွက်က သူ့ဆီက ကြက်အူချောင်းခိုးသွားတာကြောင့်နဲ့ စုချန်ယန်က အဲ့ကာတွန်းအပိုင်းဆက်ဆွဲထားတယ်ဆိုတာကို ငါယုံမိမှာမဟုတ်ဘူး]
[မျောလွင့်နေတဲ့ တိမ်လိုမွှေးကြိုင်တဲ့သင်းရနံ့ - စုချန်ယန်က စောက်ကျိုးနဲ အကပ်လွယ်တယ်။ ဘယ်သူနဲ့ပဲဖြစ်ဖြစ် တည့်အောင်ပေါင်းတတ်တယ်
စစချင်း ကျန်းရှစ်ချီဆိုရင် သူ့ကိုငြှိုးနေတာအသိသာကြီး(ကျန်းရှစ်ချီနဲ့ ဟိုကျေးဇူးရှင်မက ကုမ္ပဏီ တစ်ခုထဲကလေ) ဒါပေမဲ့ နောက်ပိုင်းကျတော့လည်း ကျန်းရှစ်ချီက ခပ်တင်းတင်းရှိပေမဲ့ စုချန်ယန်ကအေးအေး ဆေးဆေးသမားဆိုတော့ အတွဲညီသွားကြတာပဲလေ
လမ်းမကြီးပေါ်မှာ လမ်းပျောက်သွားတုန်းက အခန်းမှာဆို အရမ်းချစ်ဖို့ကောင်းတာ!
ဟုတ်တယ်၊ နောက်တစ်နေ့ အိပ်ရာထတဲ့အခါကျ မနက်ပိုင်းလက်ဖက်ရည်သောက်ဖို့ နောက်ကျပြီး မနက်စာစားဖို့ ဘာမှ မကျန်တော့မှာကို သိလိုက်ရတော့ စုချန်ယန်က ချက်ချင်း ထထွက်သွားတယ်လေ။ ကျန်းရှစ်ချီက မျက်နှာမှာ လိမ်းလက်စခရင်မ်တောင် ပြီးအောင်မလိမ်းလိုက်ရဘဲ သူ့နောက်အမှီလိုက်ရတာလေ]
[အချိန်တွေဟာ သံစဉ်လို စီးမြောနေ - Cat&Dog ဗီဒီယိုရေ ကျေးဇူးပြုပြီး အပိုင်းဆက်ရှည်ရဲ့ မန်ဘာဖြစ်အောင်လုပ်ပေးစမ်းပါ။ ငါ့ကိုဒူးထောက်တောင်းပန်ရအောင်မလုပ်စမ်းပါနဲ့! ပြီတော့ နောက်ပိုင်း စုချန်ယန်နဲ့အတူ တွဲမြင်ရတဲ့ ချစ်စရာကောင်းတဲ့ မောင်လေးက ငါမြင်ဖူးသမျှ ကောင်ချောလေးတွေထဲမှာ ကြည့်လို့အကောင်းဆုံးနဲ့ အခန့်ဆုံး အားကစားသမားမျိုး(မာဆယ် တောင့်လို့) စုချန်ယန်နဲ့ အရမ်းလိုက်တာပဲ!]
[ မြစ်ဖျားပေါ်ကနေဝင်ချိန် - ချီဖုဆိုတဲ့ မောင်လေးလည်း အရမ်းချစ်ဖို့ကောင်းတာပဲ သူကစကတ်ဝတ်ရတာကြိုက်တယ်တဲ့! အသေးစိတ် သိရအောင်လို့ ထပ်ကြည့်ဦးမယ်!]
လူတွေပြောနေကြသည့် အကြောင်းအရာထဲတွင် သူမအား ပြစ်တင်ဝေဖန်သည့်သူများအား သိပ်မတွေ့ရပေ။ လူထုထဲမှအများစုမှာ အစီအစဉ်တွင်ပါသည့် အကြောင်းအကာများကို အားကြိုးမာန်တက် ပြောဆိုနေကြပြီး သူတို့၏အမြင်ကိုလည်း ဝင်ပြောကြသည်။
ထို Weibo ပို့စ်များတွင် စုချန်ယန်သည် သူမကိုယ်တိုင်ပြုမူမိသည့် တုံ့ပြန်မှုများကို အီမိုဂျီအဖြစ်နှင့်လည်း တွေ့ရသေးသည်။
စုချန်ယန်လည်း အေးအေးလူလူနေရင်း သိပ်မကြာခင်မှာဘဲ အိပ်ချင်မူးတူးဖြစ်လာကာ တဖြေးဖြေး အိပ်ပျော်သွားခဲ့သည်။
ထိုညမှာတော့ စုချန်ယန်အတွက် အိပ်မက်လှလှကလေးမက်ခဲ့သည်ပင်။
နောက်တစ်နေ့မနက်မှာတော့ စုချန်ယန် နိုးလာခဲ့သည်။
ထုံးစံအတိုင်း သူမဘေးက ဖုန်းကိုယူလိုက်ပြီးနောက် Wechat ၌ အသိမိတ်ဆွေတော်တော်များများဆီမှ ဂုဏ်ပြုကြောင်းစာများပို့ထားသည်ကို တွေ့ရသည်။
စုချန်ယန်လည်း တစ်ယောက်ချင်းစီကို စာပြန်ပေးလိုက်သည်။
မနေ့က အစီအစဉ်ကို ထုတ်လွှင့်ပြီးသည်နှင့် အွန်လိုင်းပေါ်တွင် စုချန်ယန်အား ပြစ်တင်ဝေဖန်မှုများမှာ သိသိသာသာကို လျော့ကျသွားခဲ့သည်။
သူမ၏ Weibo fan များမှာ ညတွင်းချင်း ၅သိန်းကျော်ထိမြင့်တက်လာပြီး အခုထိလည်း တိုးလာဆဲပင်။ နာရီပိုင်းအတွင်းမှာပင် တစ်သန်းထိ တိုးပေါက်သွားနိုင်သည်။
ဒေါက် ဒေါက်-
ရှောင်လုက သူမ အခန်းတံခါးကို လာခေါက်ခဲ့သည်။ "ချန်ယန် နိုးနေပြီလား? လက်ထောက်ရှုက ဒီညငါတို့ကို ဟိုတယ်မှာပဲ တွေ့ရဦးမယ်ပြောတယ်"
"သိပြီ ငါနိုးပြီ" စုချန်ယန်လည်း ပြန်ပြောကာ နူးညံ့သည့် ဂွမ်းသားစောင်ပုံထဲမှ ထလိုက်တော့သည်။
စုချန်ယန်က အိပ်ယာထကာ ရေမိုးချိုးခဲ့သည်။ သူမတွင် ရိုက်ကူးရန် အချိန်နှစ်ရက်သာ ရှိတာကြောင့် ဘာမှထုပ်ပိုးနေစရာမလိုပေ။ ရေမိုးချိုးကာ မနက်စာစားပြီးနောက် သုံးလွှာတွင်ရှိသည့် gym တွင် ရှောင်လုနှင့်အတူ အချိန်သွားဖြုန်းနေလိုက်သည်။
ခဏနားနေစဉ် စုချန်ယန်က သူမ၏ ယောဂဖျာပေါ်တွင် ထိုင်ကာ ဖုန်းထဲရှိ စာများအား တစ်ချက်ပြန်ကြည့်နေခဲ့သည်။
WeChat group က တဂျီဂျီမြည်လာပြန်သည်။
ဟန်စုန့်ရွှယ် - [ ငါ့မန်နေဂျာနဲ့ ဟိုညှင်းသိုးသိုး ဇောတ်ညွှန်းရေးစရာတို့ ဖုန်းပြောနေတာကို နားစွန်နားဖျားကြားခဲ့တယ်! ငါတို့ နှစ်ပိုင်းလောက်ရိုက်ပြီးရင် ကြားဖြတ်ဧည့်သည်တစ်ယောက် ပါမယ်လို့ပြောနေကြတာ]
ကျန်းရှစ်ချီ - [အဲ့တော့ ဘာဖြစ်တုန်း?]
ဟန်စုန့်ရွှယ် - [ ပရိတ်သတ်ရဲ့စိတ်ဝင်စားမှုကို သူကကြားကနေဖြတ်ခုတ်သွားမှာလေ
ကျန်းရှစ်ချီ - [ နင်ကခုထိ မူလတန်းကလေးလား?]
စုချန်ယန်လည်း စာများလိုက်ဖတ်ရင်း group ထဲ ဝင်နှုတ်ဆက်လိုက်ပြီး နောက်မှတွေ့ကြမည်ဆိုသည့်အကြောင်းပါ ပြောခဲ့သည်။
ဟန်စုန့်ရွှယ် - [ @စုချန်ယန် ငါတို့ရဲ့စီစဉ်တဲ့အဖွဲ့ထဲကအကောင်တစ်ကောင်က ငါ့အခန်းတွေကို ဖြတ်ပစ်ရတာကြိုက်တယ်နဲ့တူတယ် အဲ့ဒါသတိမထားမိဘူးလား။ နောက်တစ်ခါကျ ငါ့အနားမှာနေ ဒါမှ ငါလည်း screen time ပိုရမှာ.. နင်သိလား အစီစဉ်ကို လွှင့်ပြီးတာနဲ့ ငါ့အဖေက ငါ့ကိုဖုန်းခေါ်တယ်။ ငါ နင့်ကိုစကားပြန်ပြောတဲ့အခါမျိုးဆိုရင် ငါ့ပုံစံကတုံးပြီး လည်မလိုလိုတဲ့ အ,တယ်တဲ့။ တစ်ယောက်ယောက်နဲ့ အတူတူရှိနေတဲ့အခါကျရင် ငါ့ပုံစံက ဦးနှောက်မရှိတဲ့ ဗီလိန်မနဲ့တူတယ်တဲ့]
စုချန်ယန် - "..."
[ အဲ့လောက်ကြီးလည်း ကိုယ့်ကိုကိုယ် ဖိအားမပေးပါနဲ့]
ဟန်စုန့်ရွှယ် - [ ငါ့ပါးစပ်က ဘာလို့ကြမ်းလဲ နင်သိလား
ဘာလို့ဆို ငါ့အဖေက ငါ့ထက်တောင် ပိုဆိုးသေးတယ်
အဲ့ဒါမျိုးရိုးလိုက်တာ ]
ကျန်းရှစ်ချီ - [ အဲ့ဒါကိုဂုဏ်ယူနေတာလား?]
ဟန်စုန့်ရွှယ် - [ ဒါပေါ့ ]
စုချန်ယန်လည်း ရယ်မိကာ ဖုန်းကိုချမလို့ပြင်နေစဉ် ကျန်းရှစ်ချီက သူမကို ရုတ်တရတ်ကြီး စာပို့လာခဲ့သည်။
ကျန်းရှစ်ချီ - [ ငါပြန်ရောက်တော့ ထျန်းရုန်က ငါ့ဆီဆက်သွယ်လာတယ် ]
စုချန်ယန်က ကြောင်သွားခဲ့သည်။ [ဘယ်သူလဲ?]
ကျန်းရှစ်ချီ - [ထျန်းရုန်လေ ယန်ရှို့ရီ ကောင်မလေး]
ဒီတစ်ချိန်လုံး တစ်ယောက်ယောက်ဆီမှ ယန်ရှို့ရီ၏
နာမည်ကို ကြားမိတာနှင့် ဆတ်ခနဲချဉ်သလိုဖြစ်ပြီး
ရွံသလို ခံစားမိသည်။
စုချန်ယန် - [ သူကရော ငါ့ဆီက ဘာလိုချင်လို့လဲ?]
ယန်ရှို့ရီကို သိပ်သဘောမကျတာကြောင့် သူမကိုလည်း စိတ်တိုင်းမကျတာမို့ ထျန်းရုန်အပေါ်မြင်သည့်အမြင်မှာလည်း သိပ် ဟက်ဟက်ပက်ပက်မရှိပေ။
စီဘီတွင် တစ်ဖက်လူမှ စာရိုက်နေသည်ကိုပြနေသည်။
နှစ်မိနစ်နီးပါးကြာပြီးနောက် စုချန်ယန်ဆီ စာတစ်စောင်ရောက်လာခဲ့သည်။
[သူက နင့်ကို တွေ့ချင်တယ်လို့ ပြောနေတယ်]
စုချန်ယန်လည်း အနည်းငယ် အံ့အားသင့်သွားမိသည်။ ဘာစာမှမရိုက်မိသေးခင် ဖုန်းစခရင်ပေါ်တွင် လက်ချောင်းများအား ဟိုဟိုဒီဒီ တစ်ဝဲလည်လည်
ဝှေ့ယမ်းနေမိသည်။
ယန်ရှို့ရီကြောင့် ထျန်းရုန်က သူမကိုတွေ့ချင်တာများလား?
စုချန်ယန်ဘက်က ဘယ်လိုပြန်ပြောရမလဲဆိုသည်ကို မစဉ်းစားရသေးခင်မှာပင် ကျန်းရှစ်ချီမှနောက်စာတစ်စောင်ပို့လာခဲ့သည်။
[နင့်အစား ငါ ငြင်းပေးထားတယ်]
စုချန်ယန်လည်း အံ့ဩသွားခဲ့သည်။ [ဘာလို့လဲ?]
ကျန်းရှစ်ချီ - [ ထျန်းရုန်က ယန်ရှို့ရီကိစ္စကြောင့်နဲ့
နင့်ကို တွေ့ချင်နေတာ ယန်ရှို့ရီက ဘရန်းပေါင်းစုံဆီက စွဲချက်တင်ခံထားရတာလေ။ ပြီးတော့ လျော်ကြေးအနေနဲ့ တစ်ဘီလီယံတောင်ပိုပေးရမှာ။ ဒါပေမဲ့ Starlight ဖျော်ဖြေရေးဘက်က အရင်တရားစွဲလာတာမို့ တခြားဘရန်းအများစုကပါ သူ့ကိုတရားစွဲလိုက်တာ။ တကယ်လို့ Starlight ဖျော်ဖြေရေးကသာ ဒီလိုအချိန်မှာ တရားစွဲထားတာကို ပြန်ရုတ်သိမ်းလိုက်ရင် သူတို့ကလည်း လိုက်ရုတ်သိမ်းပေးမှာလေ ]
[ နင့်ကြောင့်နဲ့ ယန်ရှို့ရီက ဒီလိုပြဿနာတွေဖြစ်လာရတာလေ ပြီးတော့ ထျန်းရုန်ဘက်က နင့်ဆီ အသနားခံပြီး ယန်ရှို့ရီကို ကူညီချင်ပုံရတယ် ထင်တယ်။ ၁၀ ဘီလီယမ်ထက်ပိုပြီးပေးရမယ့် လျော်ကြေးတွေကို မလျော်နိုင်တာမို့လို့ Starlight ဖျော်ဖြေရေးဘက်က သူ့ကို တရားစွဲဖို့ပဲဆုံးဖြတ်လိုက်တာနေမယ် သူမျှော်လင့်နိုင်တာဆိုလို့ နင်ပဲရှိတာလေ]
စုချန်ယန်လည်း စာတွေကို မှင်သေသေနှင့် ကြည့်နေမိသည်။ ဒီကိစ္စကြောင့် ယန်ရှို့ရီအနေနှင့် ၁၀ ဘီလီယမ်ထက်မနည်း ဆုံးရှုံးရမည်ဖြစ်သည်။
ဤသည်မှာ တကယ့်ကို ကျောချမ်းစရာပင်။ စုချန်ယန်လည်း ဒီလိုပမာဏမျိုးကို ဘဝရှစ်ခုစာအတွင်း ရှာနိုင်လိမ့်မည်ဟု မထင်ပေ။
ပြောနေရင်း ခဏလောက် တိတ်ဆိတ်သွားပြီးနောက် ချန်းရှစ်ချီဆီမှ နောက်စာတစ်စောင် ရောက်လာခဲ့သည်။
[ငါနင့်ကို အခု ဒါတွေ ပြောပြနေရတယ်ဆိုတာက သူ့ကိုသနားစေချင်လို့ရော အားနာစေချင်လို့ရော မဟုတ်ဘူးနော်။ နင့်ကိုသိစေချင်တာက ထျန်းရုန်ဆီကတစ်ဆင့် နင့်ကိုနားချပေးဖို့ကို ငါကလည်း သဘောမတူခဲ့ဘူးဆိုတာကိုပါ။ တခြားတစ်ခုခုကဖြစ်ဖြစ် သူက နင့်ဆီဆက်သွယ်လာနိုင်တယ် အဲ့ဒါကြောင့် ပြင်ဆင်ထားလို့ရအောင်လို့]
"ငါ့အတွက် ငြင်းပေးတာ ကျေးဇူးတင်ပါတယ် သတိပေးလို့လည်း ကျေးဇူးပဲ။ ငါလည်း သူ့ကိုညှာတာထောက်ထားနေမှာ မဟုတ်ဘူး တကယ်လို့ ထျန်းရုန်ဘက်က ငါ့ဆီလာတွေ့ရင်တောင် အဖြေကလည်း အတူတူပဲဖြစ်နေဦးမှာ။ ဒီကိစ္စက ယန်ရှို့ရီဘာသာ ဖန်တီးခဲ့တဲ့ ကိစ္စပဲလေ ငါလည်း အားနာနေမှာမဟုတ်တော့ဘူး" စုချန်ယန်က ရှင်းပြခဲ့သည်။
"....အိုးး" ကျန်းရှစ်ချီ ခြောက်ကပ်ကပ်နှင့် ပြန်ပြော
ခဲ့သည်။ " တကယ်လို့ တခြားပြောစရာမရှိတော့ရင် ငါဖုန်းချလိုက်တော့မယ်နော်"
"အင်းအင်း ဒီညတွေ့ကြမယ်နော်" သူမ ဖုန်းမချခင် ပြန်ပြောလိုက်သည်။
ထိုသို့ပြောပြီးနောက် ကျန်းရှစ်ချီလည်း ဘာမှမပြောတော့ဘဲ ဖုန်းချလိုက်သည်။
စုချန်ယန်နောက်မှာ ရှောင်လုက ပေါ်လာပြီး သူမကို စခဲ့သည်။
"ကျန်းရှစ်ချီနဲ့ နင့်ရဲ့ဆက်ဆံရေးက ဒီလောက်ထိ အဆင်ပြေလာလိမ့်မယ်လို့တောင် ငါ မထင်ထားမိဘူး
အစတုန်းက သူလည်း နင့်ကို ကြည့်မရဘူးမလား"
စုချန်ယန် - " ငါသိပါတယ် ဒါပေမဲ့ ရိုက်ကူးရေးလည်းတူတူလုပ်နေရတာဆိုတော့ သူနဲ့ငါ့ကြားက ဆက်ဆံရေးကို အရမ်းကြီး မတင်းမာစေချင်ရုံပါ "
"အဲ့တော့ သူငယ်ချင်းတွေအဖြစ် တိုးတက်လာတယ်ပေါ့?" ရှောင်လုက မေးခဲ့သည်။
စုချန်ယန်က ပြုံးကာ ငြင်းလည်း မငြင်းတော့ပေ။
စုချန်ယန်၏ ပုံစံကိုကြည့်ရင်း ရှောင်လုလည်း စိတ်အေးရသလို သက်ပြင်းချမိသည်။
စုချန်ယန်တွင် ဒီလိုမျိုး အကြည်ဓာတ်ကလေးတော့ရှိသည်။ သူမသည် ရင့်ကျက်ပြီး သည်းခံနိုင်စွမ်းရှိကာ သူမနားရှိသမျှအားလုံးကို ဂရုမစိုက်ဘူးလို့ထင်ရပေမယ့် တစ်မျိုးတစ်ဖုံအားဖြင့် ကလေးလည်းဆန်သေးသည်။
ဤသို့ ကြီးမားသော ပြဒါးတစ်လမ်း သံတစ်လမ်းဖြစ်နေမှုက သူမအား အခြားသူများ၏အမြင်တွင် လျှို့ဝှက်ဆန်းကြယ်စေပြီး လူတွေကို သူမနှင့် ပိုရင်းနှီးကာ နီးစပ်ချင်လာစေသည်။
ဆန်းကြယ်တဲ့ အနုပညာလက်ရာလိုမျိုးပေါ့....