← Chapters

မတရားအမှုဆင်ခြင်း

Vol. 5 Ch. 61

မတရားအမှုဆင်ခြင်း

Vol. 5 Ch. 61

အဒေါ်၀ူသည် သူမအိမ်သို့အပြန်လမ်းတွင် ပျော်ရွှင်နေသလို ကြောက်လည်းကြောက်နေခဲ့သည်။

ဆုအကြီးဆုံးကို ဆွတ်ခူးရရှိခဲ့သည့်အတွက် သူမ ပျော်ရွှင်နေခဲ့သည်။ သူမလက်မောင်းထဲရှိ ငွေဒင်္ဂါးများသည် သူမ့မိသားစု၏ အစားအသောက်နှင့် အဝတ်အစားများအတွက် နှစ်တဝက်ခန့်အထိ သုံးစွဲရန် လုံလောက်ဖူလုံသည်။ သူမသည် ဆုအကြီးဆုံးကို အနိုင်ရရှိခဲ့သည့်အတွက် လူတချို့သည် သူမအား မနာလိုဖြစ်ကာ သူမအား ယုတ်ညံ့သည့် ရည်ရွယ်ချက်များဖြင့် အငြိုးထားလိမ့်မည်ကို သူမ သိသောကြောင့် ကြောက်ရွံနေသည်။

ဒီ့အပြင် အရှေ့တွင် လူအနည်းငယ်သာရှိသည့် တောအုပ်ငယ်တစ်ခုရှိသည်။ ထိုနေရာမှာများ တစ်ခုခုဖြစ်ခဲ့လျှင်……..

“အဲဒီမှာ ရပ်လိုက်စမ်း။”

ရုတ်တရက် ကျယ်လောင်လှသည့် အော်သံကြောင့် အဒေါ်၀ူသည် လန့်ဖြန့်ကာ ခုန်မိသွားသည်။ သူမသည် အထိတ်တလန့်ဖြင့် လှည့်ကြည့်လိုက်သည့်အခါ သူတို့၏ မျက်နှာများကို အနက်ရောင်အဝတ်အစားများဖြင့် ဖုံးအုပ်ထားသည့် ယောကျာ်းနှစ်ဦးကို တွေ့လိုက်ရသည်။ သူမ၏ ဝိညာဉ်သည် သူမ၏ ခန္ဓာကိုယ်မှ ခုန်ထွက်လုနီးနီးပင်။

ဤသည်မှာ အမှန်တကယ် သူမ ကြောက်ခဲ့သည့် ကိစ္စပင် ဖြစ်သည်။

“ကေင်းပါပြီ။ ကောင်းပါပြီ သခင်လေးတို့။ ဘာလိုချင်လို့ပါပဲ။”

“ငါတို့ ဘာလိုချင်လဲဟုတ်လား။” အစေခံအေက ယုတ်မာစွာဖြင့် ပြုံးခဲ့သည်။ “ခင်ဗျားပိုက်ဆံတွေ အကုန်ထုတ်ပေးစမ်း။”

“ကျုပ်မှာ ပိုက်ဆံမရှိပါဘူးတော်။” အဒေါ်၀ူသည် ငိုချလုနီးပါးပင်။ “ကျုပ်က ဆင်းရဲတဲ့အဖွားကြီးပါ။ ကျုပ် ဘယ်က ပိုက်ဆံရှိမှာလဲ…”

“ဟန်ဆောင်နေတုန်းလား။” အစေခံဘီက ပြောခဲ့သည်။ “လီမိသားစု ခေတ်မီအရောင်းစတိုးဆိုင်ကနေ ခင်ဗျားရသွားတဲ့ ဆုကြီးက တကယ်ပဲ ခင်ဗျားကို သက်သက်မဲ့ ပေးလိုက်တယ်လို့ ခင်ဗျားက ထင်နေတာလား။”

လီမိသားစု ခေတ်မီအရောင်းစတိုးဆိုင်ကလား။

အဒေါ်၀ူ ကြက်သေ သေသွားခဲ့သည်။ “မင်း.. မင်းတို့ကို အမျိုးသမီးလီက သူပေးလိုက်တဲ့ဆုကို ပြန်ယူဖို့ လွှတ်လိုက်တာလား။”

“ဟမ့်.. ခင်ဗျားက အဲလောက် မတုံးအပါဘူး။” အစေခံအေက ပြောခဲ့သည်။ “ပိုက်ဆံမြန်မြန်ထုတ်ပေး။ ခင်ဗျားအသက်ကို ချမ်းသာပေးမယ်။ မဟုတ်ရင် ဒီတောအုပ်က ခင်ဗျားရဲ့ သင်္ချိုင်း ဖြစ်သွားလိမ့်မယ်။”

အမျိုးသားနှစ်ဦး၏ မျက်လုံးထဲတွင် ရက်စက်ကြမ်းကြုတ်သည့် အကြည့်များကို မြင်လိုက်ရသောအခါ အဒေါ်၀ူသည် အဆုံးမရှိအောင် မျှော်လင့်ချက်များ ပျက်သုဉ်းခဲ့သည်။

ဤသည်မှာ အမှန်ဖြစ်လာရန် အလွန်ပင် ကောင်းလွန်းလှသည်ကို သူမ သိခဲ့သည်။ အကြောင်းပြချက် မရှိပါပဲ တစ်စုံတစ်ယောက်က သူမအား ငွေအများကြီး အဘယ်ကြောင့် ပေးလိမ့်မည်နည်း။

သူတို့အား အမျိုးသမီးလီက လွှတ်လိုက်သောကြောင့် သူမသည် ပိုက်ဆံများကို ပြန်ပေးသင့်သည်။ ၎င်းတို့သည် အစကတည်းက သူမ မပိုင်ဆိုင်ခဲ့ပေ။

“ကောင်းပါပြီ။ ကျုပ် ပြန်ပေးလိုက်ပါမယ်။”

“ဉာဏ်ကောင်းလိုက်တဲ့ ရွေးချယ်မှုပဲ။”

အားအင်နည်းပါးနေသည့် ခြေလက်များနှင့် အဒေါ်၀ူသည် သူမ၏ အိတ်ကပ်ထဲမှ ငွေသားများနှင့် ကြေးဒင်္ဂါးများကို ထုတ်ယူခဲ့သည်။

အစေခံနှစ်ဦးသည် ပိုက်ဆံများယူကာ ထွက်ပြေးခါနီးတွင် ဘေးဘက်တောအုပ်ထဲမှ အစိုးရအရာရှိနှစ်ယောက်သည် ရုတ်တရက် ခုန်ထွက်လာခဲ့ပြီး အစေခံများ၏ လည်ပင်းပေါ်တွင် သူတို့၏ ဓါးတိုများဖြင့် ဖိထားခဲ့သည်။

အေးစက်သည့် ဓါးသွားသည် သူတို့၏ အရေပြားကို ဖိထားခဲ့သောကြောင့် အစေခံနှစ်ဦးသည် အလွန်အမင်း ကြောက်လန့်သွားကာ သူတို့၏ မျက်စိနှစ်လုံးကို စုံမှိတ်ကာ အသက်ချမ်းသာပေးရန် တောင်းပန်ခဲ့ကြသည်။

“ချမ်းသာပေးပါခင်ဗျာ။ ချမ်းသာပေးပါ။”

“ပိုက်ဆံတွေ ယူပါ။ ကျုပ်တို့ကို သွားခွင့်ပြုပါ။”

“ထွက်သွားချင်တယ်ဟုတ်လား။ အဲ့လောက် လွယ်မနေဘူးလေ။”

ထိုအချိန်တွင် ခရိုင်ကာကွယ်ရေးခေါင်းဆောင်ကျန်းသည် တောအုပ်ထဲမှ ထွက်လာခဲ့ပြီး ထိုလူနှစ်ဦး၏ ရှေ့သို့ ခံ့ညားထည်ဝါစွာ ရောက်ရှိလာခဲ့သည်။

“မင်းတို့ရဲ့ ခွေးမျက်လုံးတွေ ဖွင့်ပြီး ငါတို့ ဘယ်သူလဲဆိုတာကြည့်ကြဦး။”

အစေခံနှစ်ဦးသည် သူတို့၏ မျက်လုံးများကို ဖွင့်လိုက်သောအခါ သူတို့၏ မျက်စိရှေ့တွင် အစိုးရတရားဝင်ဝတ်ရုံကို ဝတ်ဆင်ထားသည့် အမျိုးသားကိုသာလျှင် မြင်တွေ့လိုက်ရသည်။ ခရိုင်တရားရုံးမှ ခရိုင်ကာကွယ်ရေးခေါင်းဆောင်ကျန်းမှလွဲ၍ တခြားသူ မဟုတ်ပေ။

သေစမ်း။

ခရိုင်ကာကွယ်ရေးခေါင်းဆောင်ကျန်းက ဘာအတွက်ကြောင့်များ ဒီလို လူသူကင်းမဲ့တဲ့နေရာကို ရောက်နေရတာပါလိမ့်...။

“ခေါင်းဆောင်ကျန်း၊ ဒါက နားလည်မှုလွဲတာပါခင်ဗျ။”

“ဘာကို နားလည်မှုလွဲတာလဲ။” ခရိုင်ကာကွယ်ရေးခေါင်းဆောင်ကျန်းသည် ထိုလူနှစ်ယောက်၏ မျက်နှာပေါ်ရှိ အဝတ်အမည်းစကို ဖယ်ရှားရင်း ကျယ်လောင်စွာ ပြစ်တင်ကျိန်းမောင်းခဲ့သည်။ “မင်းတို့လူယုတ်မာနှစ်ယောက်က နေ့ခင်းကြောင်တောင်မှာတောင် အရှက်မရှိ ဓားမြတိုက်ဖို့ ကျုးလွန်ရဲတယ်ပေါ့လေ။ ပြီးတော့ မင်းတို့ကို အခု ငါ့လက်နဲ့ လက်ပူးလက်ကြပ်မိတာကို မင်းတို့က ဆင်ခြေဆင်လက်တွေ ပေးရဲသေးတယ်ပေါ့လေ၊ ဟုတ်လား။”

အစေခံနှစ်ယောက်လုံး၏ နှလုံးသားများသည် အေးခဲသွားကြသည်။

သူတို့သည် သူတို့၏ တာဝန်များကို ကျရှုံးခဲ့ရုံသာမကာ ထောင်ထဲသို့ပါ အထည့်ခံရတော့မည်။ သူတို့ဖာသာသူတို့ ဘာတွေများ လုပ်မိသွားခဲ့တာပါလိမ့်။

ခရိုင်ကာကွယ်ရေးခေါင်းဆောင်ကျန်းသည် အဒေါ်၀ူထံသို့ ဖြေးညှင်းစွာ လျှောက်သွားခဲ့ပြီး ပိုက်ဆံအား သူမကို ပြန်ပေးခဲ့သည်။ ထိုအခိုက်အတန့်တွင် အဒေါ်၀ူသည် အိပ်မက်မက်နေသကဲသို့ပင် ခံစားခဲ့ရသည်။ သူမသည် ငွေကိုမြင်သောအခါ၌ပင် လက်မခံရဲခဲ့ပေ။

“ကျုပ်... ကျုပ်... မလိုချင်တော့ပါဘူး။”

“ဒါက အဒေါ့်ပိုက်ဆံလေ။ ဘာလို့ မယူချင်တော့တာလဲ။”

“ကျုပ် တကယ်ကို မလိုချင်တော့ပါဘူး။” အဒေါ်၀ူသည် သူမ၏ လက်ကို ထပ်ခါထပ်ခါ ဝှေ့ယမ်းခဲ့သည်။ “အမျိုးသမီးလီကို ပြန်ပေးပေးပါဦးနော်။ ကျုပ် တကယ် မလိုချင်တော့ပါဘူး။”

“ယူထားပါ။” ခရိုင်ကာကွယ်ရေးခေါင်းဆောင်ကျန်းက ပြောခဲ့သည်။ “အဲ့လူနှစ်ယောက်ကို အမျိုးသမီးလီက လွှတ်လိုက်တာ မဟုတ်ဘူး။”

“ဘာကြီး၊ သူတို့က မဟုတ်ဘူးလား။”

“အမှန်ပဲ။ သူတို့က အမျိုးသမီးလီကို မတရားအမှုဆင်ပြီး အသေရေဖျက်ဖို့ ကြိုးစားနေတာ။ ဒါပေမဲ့ စိတ်မပူပါနဲ့။ ဒီလူနှစ်ဦးက တရားဥပဒေအတိုင်း သေချာပေါက် အပြစ်ပေးခံရလိမ့်မယ်။ အနည်းဆုံးတော့ သူတို့ကို ပြည်နှင်ဒဏ်ပေးခံရလိမ့်မယ်။ ဒါကြောင့် သူတို့ အဒေါ်ကို လက်စားချေဖို့ ပြန်လာနိုင်မှာ မဟုတ်ဘူး။ စိတ်ချလက်ချနေပြီး ဒီပိုက်ဆံကို ယူလိုက်ပါ။ အဒေါ်အိမ်ပြန်တာကို စောင့်ကြပ်ဖို့လည်း ကျွန်တော် တစ်ယောက်ယောက်ကိုပါ ထည့်ပေးလိုက်ပါမယ်။”

ထိုအချိန်တွင် အဒေါ်၀ူသည် သူမ၏ မျက်ရည်များကို မထိန်းထားနိုင်တော့ပေ။

“ကျေးဇူးတင်ပါတယ် ခေါင်းဆောင်။ ကျေးဇူးတင်လွန်းလို့ ဦးညွတ်ပါတယ်တော်။”

ခရိုင်ကာကွယ်ရေးခေါင်းဆောင်ကျန်းသည် အဒေါ်၀ူအား ဦးညွတ်ခြင်းမှ အလျင်အမြန် ရပ်တန့်ခဲ့ပြီး အရာရှိဝန်ထမ်းတစ်ဦးကို သူမအား အိမ်အရောက် ပို့ဆောင်စေခဲ့သည်။

ထိုနှစ်ယောက် ထွက်သွားသောအခါ သူသည် အစေခံနှစ်ဦးကို အနောက်မှ တချက်ကန်ခဲ့သည်။ “လမ်းလျှောက်စမ်း။”

***

ခရိုင်တရားရုံး၌ ဖြစ်သည်။

ခရိုင်ကာကွယ်ရေးခေါင်းဆောင်ကျန်း၏ အစီရင်ခံမှုကို နားထောင်ပြီးနောက် ခရိုင်တရားသူကြီးမင်းစုန့်သည် အလွန်အံအားသင့်သွားခဲ့သည်။

“ဒါတွေအားလုံး မင်းကို ပြောပြတာ အမျိုးသမီးလီလို့ မင်းပြောနေတာလား။”

“မှန်ပါတယ်ခင်ဗျာ။” ခရိုင်ကာကွယ်ရေးခေါင်းဆောင်ကျန်းက ပြောခဲ့သည်။ “အမျိုးသမီးလီကသာ အကြောင်းမကြားခဲ့ဘူးဆိုရင် ကျွန်တော်မျိုး ဒီနှစ်ယောက် ဖမ်းနိုင်မှာ မဟုတ်ဘူး။ ဒါပေမဲ့ ကျွန်တော် သူတိုကို စစ်ဆေးမေးမြန်းပြီးပြီ။ သူတို့ ပိုက်ဆံတွေမြင်လို့ ဓါးပြတိုက်ဖို့ သူတို့ဖာသာ စိတ်ကူးပေါက်လာတာလို့ ခေါင်းမာမာနဲ့ ပြောနေကြတယ်။ သူတို့ကို ဘယ်သူခိုင်းစေတယ်ဆိုတာကို ထုတ်ဖော်ဖို့ထက် ပြည်နှင်ဒဏ်ကို ပိုလိုလားနေကြတယ်ခင်ဗျာ။”

ခရိုင်တရားသူကြီးမင်းစုန့်သည် ၎င်းကို လုံး၀ မအံဩပေ။

အစေခံများသည် သူတို့၏ သခင်များအတွက် ပြစ်ဒဏ်ခံယူပေလိမ့်မည်။ သို့မဟုတ်ပါက သူတို့နှင့် သူတို့မိသားစု ဒုက္ခရောက်ပေလိမ့်မည်။

သို့သော် ဤသည်မှာ အဓိကအချက်၏ ဘေးဘက်သာ ဖြစ်သည်။

လီယောင်သည် လိမ္မာပါးနပ်ကာ ကျွမ်းကျင်သည်ကို သူသိထားခဲ့ပြီး ဖြစ်သော်လည်း ယခုအခါ သူမသည် ထိုမျှထက်ပင် သာလွန်နေသည့် ပုံပေါ်သည်။

ဒီအမျီုးသမီးလီက ဘယ်သူများပါလိမ့်။

တခဏမျှ စဉ်းစားပြီးနောက် ခရိုင်တရားသူကြီးမင်းစုန့်က ပြောခဲ့သည်။ “အမျိုးသမီးလီက ကောင်းမှုပြုခဲ့အတွက် သဘာ၀အားဖြင့် သူ့ကို ဆုချသင့်တယ်။ ပြီးတော့ ဒီကိစ္စက မောင်မင်းနဲ့ ပတ်သက်နေတော့ သူ့ကို ဂုဏ်ပြုချီးမြှင့်ဖို့ မောင်မင်းပါ ဟဲဝမ်ရွာကို ငါနဲ့အတူတူသွားရအောင်။”

“ဟုတ်ကဲ့ပါ သခင်ကြီး။ ကျွန်တော်တို့ သူ့ကို ဘာဆုပေးသင့်ပါသလဲခင်ဗျာ။”

သူသည် ခရိုင်တရားသူကြီးမင်းဖြစ်သော်ငြား ခရိုင်တရားသူကြီးမင်းစုန့်၏ ဘဏ္ဍာတိုက်သည် ရှက်ဖွယ်လိလိ အခွံဖြစ်နေခဲ့သည်။ အစိုးရဘဏ္ဍာတိုက်၌လည်း ငွေ သို့မဟုတ် ကြေးဒင်္ဂါးအနည်းငယ်သာ ရှိသည်။ ယခင်က လီယောင်အား သူချီးမြှင့်ခဲ့သည့် ကြွေထည်တစ်ဆက်ကို သူ၏ ကိုယ်ပိုင်အိတ်ထဲမှ ပေးချေခဲ့သည်။

“သူ့ကို နှုတ်ကနေပဲ ချီးမွမ်းကြပါစို့။”ဟု ခရိုင်တရားသူကြီးမင်းစုန်က ပြောခဲ့သည်။ “ဒါပေမဲ့ ဟဲဝမ်ရွာသူရွာသားတွေရဲ့ ရှေ့မှာ လုပ်ဆောင်မယ်။ ဒါကြောင့် ရွာသူကြီးဝမ်ကို လူတိုင်းကို အရင်စုခိုင်းထားချေ။”

“နားလည်ပါပြီခင်ဗျာ။”

***

အရောင်းဆိုင်တွင်လည်း ကိစ္စရပ်များသည် ချောချောမွေ့မွေ့ ပြီးမြောက်သွားခဲ့သည်။ ဆပ်ပြာများအားလုံး ရောင်းထွက်ခဲ့ပြီး သူဌေးကျိုးသည် စာရင်းကိုင်ကို နေ့စဉ်စာရင်းများကို စာရင်းပြုစုခိုင်းခဲ့သည်။

လီယောင်၏ ကြိုတင်ညွှန်ကြားချက်များအရ သူတို့ရောင်းချခဲ့ရသည့် ဆပ်ပြာတုံး ၄၀၀မှ ငွေတစ်ပြားတစ်ချပ်မှ မရရှိခဲ့ပေ။ အမြတ်တိုင်းအား ကံစမ်းမဲအတွက် အသုံးပြုခဲ့သည်။

အမှန်တွင်မူ လီယောင်သည် အမြတ်အနည်းငယ် ရရှိဆဲ ဖြစ်သည်။

သူမသည် ဆပ်ပြာတစ်တုံးလျှင် ဝမ် ၁၀၀ဖြင့် အရောင်းဆိုင်သို့‌ ရောင်းချခဲ့ပြီး ဆပ်ပြာ၄၀၀တုံးလျှင် သူမသည် ဝမ် ၃၂၀၀၀ သို့မဟုတ် ငွေချောင်း ၃၂ချောင်း ရရှိခဲ့သည်။ (၄၀၀၀၀ဖြစ်ရမှာကို မူရင်းထဲမှာကို ၃၂၀၀၀လို့ ရေးထားလို့ပါ။ ကုန်ကျစရိတ်နှုတ်ပြီး ရရှိငွေ ဖြစ်ပါလိမ့်မယ်။)

ထို့ကြောင့် ရောင်းစျေး နိမ့်ပါးသော်လည်း လုံလောက်သည့် ပမာဏနှင့် အမြတ်အစွန်းသည် များပြားနေသေးသည်။

အမွှေးဆပ်ပြာက ပို၍ပင် ကောင်းလှသည်။

အမွှေးဆပ်ပြာ တစ်တုံးချင်းစီသည် ရိုးရိုးဆပ်ပြာထက် ဒင်္ဂါးပြား အနည်းငယ် ပိုကုန်ကျခဲ့သည်။ သို့သော် အရောင်းဆိုင်သို့ ငွေ ၂ချောင်းဖြင့် ရောင်းချခဲ့သည်။

အမွှေးဆပ်ပြာအတုံး ၂၀၀ကို ငွေချောင်း ၄၀၀ ပြုလုပ်နိုင်ခဲ့သည်။ ကုန်ကျစရိတ် ငွေ ၅ချောင်းကို နုတ်ယူလိုက်ပါက အမြတ်ငွေသည် ငွေချောင်း ၃၉၅ချောင်း‌ ဖြစ်သည်။

အရောင်းဆိုင်မှ ဆပ်ပြာတစ်တုံးလျှင် ဝမ် ၂၀၀ဖြင့် ပေးချေသဖြင့် နောက်ထပ် ငွေချောင်း ၄၀ကို ထပ်မံ ပေါင်းထည့်လိုက်သည်။

မွန်းမတည့်မီအချိန်တွင် ငွေချောင်း ၄၆၇ကို လက်ဝယ်ပိုင်ဆိုင်ထားပြီးဖြစ်သည်။

ကျန်ရှိသည့် အမွှေးဆပ်ပြာအတုံး ၂၀၀သည်လည်း မကြာမီ၌ ရောင်းကုန်သွားမည်ဖြစ်ပြီး နောက်ထပ် ငွေချောင်း ၄၃၅ချောင်းကို ပေါင်းထည့်လိမ့်မည်။

ဤသို့သော် ငွေဝင်နှုန်းဖြင့် မကြာခင်မှာပဲ ငွေကြေးလွတ်လပ်မှုကို ရရှိကာ နေ့စဉ် လဲလှောင်းကာ အနားယူနိုင်တော့မည်ဟု ခံစားခဲ့ရသည်။

ဆပ်ပြာကိစ္စများကို သူဌေးကျိုးအား ကိုင်တွယ်ရန် ချန်ထားခဲ့ပြီး လီယောင်သည် စျေးသို့သွားကာ သိုးကောင် တစ်ဝက်ကို ဝယ်ယူခဲ့သည်။ ကလေးများသည် သိုးသားတံစို့ထိုးကင်ကို တောင့်တနေကြပြီး သူမသည်လည်း အတော်လေးကို ဆာလောင်နေခဲ့ပြီ ဖြစ်သည်။ ထို့ကြောင့် သူမတို့ ယနေ့တွင် ကောင်းကောင်းမွန်မွန် စားသောက်ကြပေလိမ့်မည်။

“အမေ” တာ့ကျွမ်းသည် အိမ်အပြန်လမ်းတွင် ပြောခဲ့သည်။ “ခုနက အမေ့ကို သားလာကြိုတုန်းက စာရင်းကိုင်က သားကို တိတ်တိတ်လေး တစ်ခု လာပြောသွားတယ်။”

“စာရင်းကိုင်လား…”

လီယောင်၏ မျက်ခုံးများသည် အသာအယာ ကျုံ့သွားခဲ့သည်။ အရောင်းဆိုင်ရဲ့ စာရင်းတွေမှာများ ပြသနာများ ရှိနေနိုင်တာလား။

သို့သော် စာရင်းကိုင်ကို သူဌေးကျိုးက အလုပ်ခန့်အပ်ထားခဲ့ပြီး ပိုင်ချွမ်းစျေးတွင် နာမည်ကောင်းတချို့ ရှိနေသည်။ ထို့အပြင် သူမတို့သည် ရက်အနည်းငယ်သာလျှင် ဖွင့်ထားခဲ့သည့်အတွက် မည်သည့်ပြဿနာမှ မရှိသင့်ပေ။

“သူက ဘာပြောခဲ့တာလဲ။”

“အရေးသိပ်မကြီးပါဘူး။”ဟု တာ့ကျွမ်းက ပြောခဲ့သည်။ “သူက မြို့စျေးထဲမှာ သားတို့ အိမ်များဝယ်ချင်လားလို့ မေးရုံပါပဲ။ သား ဝယ်ဖို့ စိတ်ဝင်စားတယ်ဆိုရင် နေရာကောင်း နှစ်ခုကို သူသိတယ်လို့ ပြောတယ်။”

ထို့ကြောင့် သူသည် အိမ်ခြံမြေအရောင်းအဝယ်တစ်ခုအတွက် ပွဲစားလုပ်ချင်နေခဲ့သည်။

သူမသည် မြို့စျေးထဲတွင် အိမ်တစ်လုံးဝယ်ယူရန် တစ်ခါမျှ မစဉ်းစားခဲ့ပေ။ သူမတွင် ပိုက်ဆံရှိနေပါက မည်သည့်နေရာမဆို သက်တောင့်သက်သာ နေထိုင်နိုင်သည်။

သို့သော် တာ့ကျွမ်းသည် အရွယ်ရောက်နေပြီဖြစ်ပြီး နောက်နှစ်တွင်လည်း ဖခင်ဖြစ်လာတော့မည်ဖြစ်သည်။ သူ့အတွက် တချို့ကိစ္စများအတွက် လွတ်လွတ်လပ်လပ် စတင်တွေးခေါ်ရန် အချိန်ကျရောက်ပြီဖြစ်သည်။

“မင်း ဘယ်လိုထင်လဲ။”ဟု လီယောင်က မေးခဲ့သည်။

“သားလား။ မသိဘူးလေ။ အမေပြောသမျှ သားနားထောင်ပါ့မယ်။”

“ယောကျ်ားတစ်ယောက်ဆိုတာ သူ့ကိုယ်ပိုင်အမြင် ရှိသင့်တယ်။”ဟု လီယောင်က ပြောခဲ့သည်။ “မင်းဘာတွေတွေးနေလဲ အမေ့ကို ပြောပါဦး။”

“ဟုတ်” တာ့ကျွမ်းသည် ခေတ္တမျှ စဉ်းစားခဲ့သည်။ “သားကတော့ တခုချင်းစီမှာ အားသာချက် အားနည်းချက်ကိုယ်စီရှိတယ်လို့ ထင်တယ်။ မြို့စျေးမှာ နေတာက အဆင်ပြေတယ်။ ရွာမှာ နေတာက အေးချမ်းတယ်။ သားက ရွာကို ပိုကြိုက်ပါတယ်။ တစ်ခုတည်းပဲ..”

“ဘာလဲ။”

“ဒီလမ်းတွေကသာ နည်းနည်း ပိုကျယ်ပြီး ပိုပြန့်မယ်ဆိုရင်တော့…” တာ့ကျွမ်းက ပြောခဲ့သည်။ “အမေ နွားလှည်းကို ပိုပြီး သက်တောင့်သက်သာနဲ့ စီးနိုင်တယ်လေ။”

လီယောင်.. ငါ့အတွက် စဉ်းစားပေးလို့ ကျေးဇူးပါနော်… ဒါပေမဲ့ သေချာပေါက် တစ်သက်လုံးတော့ နွားလှည်းမစီးနိုင်ပါဘူးနော်…။

သူမ၏ ပိုက်ဆံများအားလုံး ကုန်ဆုံးသွားခဲ့လျှင်တောင် သူမသည် သေချာပေါက် တစ်သက်လုံး နွားလှည်း မစီးနိုင်ပေ။

လုံး၀ မဖြစ်နိုင်ပေ။

“အမျိုးသမီးလီ။” ရုတ်တရက် လမ်းဘေးမှ အသံတစ်ခုက အော်ခေါ်ခဲ့သည်။ “ခဏစောင့်ပါဦး။”

All Chapters