← Chapters

အခန်း ၇၆

Vol. 6 Ch. 76

အခန်း ၇၆

Vol. 6 Ch. 76

"ဟင်းခတ်အမွှေးအကြိုင်တွေကတော့....."

ထန်ချီက မျက်မှောင်ကြုတ်လိုက်ပြီး "မင်းနဲ့ ရှောင်ချီပဲ ချက်ပြုတ်တတ်တယ်။ တခြားသူတွေက မွှေကြော်ထဲမှာ ဟင်းခတ်အမွှေးအကြိုင်တွေကို ဘယ်လို သုံးရမလဲတောင် မသိဘူး"

ဒါကိုကြားတော့ စုချန်ယန်က မျက်ခုံးပင့်လိုက်သည်။

စုချန်ယန်က ဘယ်လို ချက်ပြုတ်ရမလဲဆိုတာ သိပေမယ့် ဆီ၊ ဆား၊ ပဲငံပြာရည်နဲ့ ရှာလကာရည်တို့လိုမျိုး အခြေခံပါဝင်ပစ္စည်းတွေနဲ့ပဲ ချက်ပြုတ်တတ်တာ။ သူမရဲ့ မွှေကြော်ထဲမှာ တခြားဘာမှ မထည့်ထားဘူး။

ချီဖုလည်းဘဲ တုန့်ဆိုင်းသွားပြီး ပြောခဲ့သည်။ "ပင်လယ်စာတွေကို ကိုင်တွယ်တဲ့နေရာမှာ ကျွန်တော် မတော်သလို ဟင်းခတ်အမွှေးအကြိုင်တွေလည်း တူတူဘဲ။ ဘယ်ဟင်းခတ်အမွှေးအကြိုင်ကို သုံးရမလဲဆိုတာ မသိဘူး"

တခြားသူတွေကလည်း မွှေကြော်အတွက် ဆီဘယ်လောက် သုံးရမလဲတောင် မသိကြပေ။

လူတိုင်းက တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကြပြီးတစ်ခဏလောက် အဖြေမရှာနိုင်ကြပေ။

သူတို့တွေက ပင်လယ်စာဈေးမှာ နှစ်ရက်လောက် မနေချင်ကြပေ။ အနံ့ပြင်းပြင်းက အဓိကပြဿနာ မဟုတ်ဘဲ အဓိကကတော့ ဒီလို အခက်အခဲမျိုးကို အရင်က သူတို့မကြုံဖူးကြတာကြောင့်ပင်။

ချင်ယို့က အဖွဲ့ရဲ့အစွန်းမှာ ထိုင်လိုက်ပြီး ပတ်ပတ်လည်ကို ကြည့်နေကာ ဟယ်ရှုက တစ်ခုခုကိုသတိထားမိပြီး တီးတိုးမေးလိုက်သည်။ "ဘာဖြစ်လို့လဲ?"

ချင်ယို့က နည်းနည်းရှက်သလိုခံစားလိုက်ရပြီး လက်တစ်ဖက်ကို မြှောက်လိုက်ကာ "အမ်... တောင်းပန်ပါတယ်"

စုချန်ယန်နဲ့ တခြားလူတွေက သူမကို လှည့်ကြည့်လာကြသည်။

ချင်ယို့က "ကျွန်မ တောင်းပန်ပါတယ်။ ကျွန်မလိမ်ခဲ့တာ။ တကယ်တော့ ကျွန်မ ချက်ပြုတ်တတ်တယ်"

စုချန်ယန်က အံ့ဩသွားပြီး ပြောလိုက်သည်။ "နင် ချက်ပြုတ်တတ်လား?"

တခြားသူတွေကလည်း မယုံနိုင်စွာ ကြည့်နေကြသည်။

"အင်း၊ ကျွန်မအထက်တန်းတုန်းက အဖေက အိမ်မှာ အမြဲတမ်းမရှိသလို အမေကလည်း ချက်ပြုတ်ရတာမကြိုက်ဘူး။ အဲ့ဒါကြောင့် အခြေခံအားဖြင့်တော့ အိမ်မှာ ချက်ပြုတ်တာတွေ အားလုံးကို ကျွန်မဘဲ လုပ်တယ်။ ကျွန်မအမေက ပင်လယ်စာကို ကြိုက်တော့ ဘယ်ဟင်းခတ်အမွှေးအကြိုင်သုံးရမလဲဆိုတာ ကျွန်မသိတယ်"

ပြောလို့ပြီးတော့ သူမက ထပ်ပြောလာသည်။ "ကျွန်မတောင်းပန်ပါတယ်၊ ဒါကို လူတိုင်းဆီကနေ တမင်သက်သက် ဖုံးကွယ်ထားတာမဟုတ်ပါဘူး။ အရင်အပိုင်းတုန်းက ကျွန်မအရမ်း စိတ်လှုပ်ရှားနေပြီး စကားမပြောရဲခဲ့လို့"

ဟန်စုန့်ရွှယ် - "အခုလည်း နင် စိတ်လှုပ်ရှားနေတယ် မဟုတ်လား?"

စုချန်ယန်က သူမပါးစပ်ကို ပိတ်ထားသင့်ကြောင်း ပြရင်း တိတ်တိတ်လေး တံတောင်နဲ့ တို့လိုက်သည်။

ဟန်စုန့်ရွှယ်က နှုတ်ခမ်းစူလိုက်ပြီး သူမရဲ့ ပါးစပ်နဲ့ နှာခေါင်းကို ကာလိုက်ကာ ဆိုဖာမှာ မှီချလိုက်သည်။

ထန်ချီ - "နေ့လည်ကျရင် ဟင်းခတ်အမွှေးအကြိုင်တွေကို ချရေးဖို့ အချိန်ယူမလား? ငါတို့မနက်ဖြန် သွားဝယ်ရအောင်"

ချင်ယို့က ချက်ချင်း ခေါင်းညိတ်လိုက်ပြီး နောက်ဆုံးတော့ပါဝင်လာသလို ခံစားလိုက်ရသည်။ သူမရဲ့ မျက်လုံးတွေက ကြယ်လေးတွေလိုမျိုး တောက်ပနေခဲ့သည်။ "အင်း! ကျွန်မ စာလေ့လာပြီးလို့ရှိရင် ချရေးထားလိုက်မယ်"

လူတိုင်း - “…”

ဟုတ်တယ်၊ သူမက ပညာရေးနဲ့ စာရိတ္တပိုင်းမှာ ထူးချွန်တဲ့ ကျောင်းသူလေးဘဲ။

ကဒ်တွေကို စုလို့ပြီးတော့ ညနေပိုင်း ဒီရေကျမယ့်အချိန်ကို စောင့်နေပြီး staffက သူတို့အနားယူဖို့ အခန်းတွေဆီ ပြန်ခေါ်သွားလိုက်သည်။

သူမရဲ့ အခန်းဆီပြန်ရောက်လာတော့ ဟင်းခတ်အမွှေးအကြိုင်တွေကို တစ်ယောက်ထဲ ရေးရမှာ ချင်ယို့အတွက် အရမ်းခက်ခဲလိမ့်မလား၊ သူမရဲ့ စာလေ့လာတာမှာ နှောင့်နှေးသွားမလားလို့ စုချန်ယန် တွေးလိုက်မိသည်။

မနေ့ညက စုချန်ယန်မှာ အစောကြီး အိပ်ပျော်သွားပြီး မပင်ပန်းခဲ့သဖြင့် လူတိုင်းအနားယူနေတုန်းမှာ သူမ ချင်ယို့ကို ရှာဖို့ အခန်းထဲကနေ ထွက်သွားလိုက်သည်။

villaရဲ့ ဒုတိယအထပ်ကို အခန်းခြောက်ခန်းနဲ့ နှစ်ပိုင်း ပိုင်းထားသည်။ ချင်ယို့ရဲ့အခန်းက ပထမထပ်မှာရှိသည်။

စုချန်ယန်က ခရုပတ်လှေကားကနေ ဆင်းလာတဲ့အခါ အပြင်ကနေ ပြန်ရောက်လာတဲ့ လင်းယွီကို တွေ့လိုက်ရသည်။

"ချန်ယန်!" ရှောင်လုက သူမကို လက်ပြလိုက်သည်။

စုချန်ယန်က ပြုံးလိုက်သည်။ "နေ့လည်စာ စားပြီးပြီလား?"

ရှောင်လုက လက်ထဲမှာ ဘူးတစ်ဘူးနဲ့အတူ စုချန်ယန်နားကပ်လာပြီး ပြောခဲ့သည်။ "ဟုတ်တယ်၊ စားပြီးပြီ။

ဒီနားမှာ စီချွမ်းစားသောက်ဆိုင် တစ်ဆိုင်ရှိတယ် အရမ်းကောင်းတာ။ ငါတို့မသွားခင် နင့်ကို ခေါ်သွားဦးမယ်"

စုချန်ယန်က နည်းနည်း အံ့ဩသွားပြီး လင်းယွီကို ကြည့်လိုက်ကာ "အဆင်ပြေရဲ့လား?"

လင်းယွီ - "မဖြစ်နိုင်တာ"

"ဝမ်းကွဲအစ်ကို!" ရှောင်လုက ကန့်ကွက်လိုက်ပြီး သူ့ကို မျက်စောင်းထိုးလိုက်သည်။

လင်းယွီဆီကနေ သတိပေးခံလိုက်ရပြီးမှ ရှောင်လုကို စုချန်ယန် စိတ်ဆိုးနေကြောင်း သတိရသွားသည်။ သူမက အစတုန်းက တောင်းပန်ဖို့ စီစဉ်ထားပေမယ့် သူက မ‌ကူညီပေးတဲ့အပြင် သူမရဲ့ အစီအစဉ်ကိုတောင် ဖျက်စီးခဲ့သေးတယ်။

"အိုး" စုချန်ယန် မအံ့ဩသွားပေ။

"စကားမစပ်၊ နင်အသီးပီဇာစားချင်လို့ ပြောနေတာ ကြာပြီမဟုတ်လား? ဒီနားမှာ ပီဇာဆိုင်ရှိလို့ ငါက နင့်အတွက် ဝယ်ပေးမလို့...."

ရှောင်လုပြောလို့မပြီးသေးခင် စုချန်ယန်ရဲ့ အပြုံးက မှေးမှိန်သွားသည်။

"ရပါတယ်၊ ကျေးဇူးဘဲ" စုချန်ယန်က ခေါင်းညိတ်လိုက်ပြီး ချက်ချင်း ထွက်သွားဖို့ စီစဉ်လိုက်သည်။

ရှောင်လုက သူမမှားပြောမိမှန်း သဘောပေါက်သွားပြီးရှင်းပြလိုက်သည်။ "မဟုတ်ဘူး၊ ငါပြောချင်တာ ဒီလိုမဟုတ်ဘူး။ ငါ့ဝမ်းကွဲအစ်ကို ဝယ်လာတာ! နင်နေ့လည်တုန်းက ကောင်းကောင်းလုပ်ခဲ့တယ်လို့ သူပြောခဲ့တဲ့အတွက် ခြွင်းချက်တစ်ခုထားပြီး ဆန္ဒတစ်ခုဖြည့်ပေးဖို့။ ဟုတ်တယ်မလား ဝမ်းကွဲအစ်ကို?"

သူမက ပြောနေရင်း လင်းယွီရဲ့ လက်မောင်းကို တံတောင်နဲ့ တို့လိုက်သည်။

စုချန်ယန်က အံ့ဩသွားပြီး ခေါင်းကိုငုံ့လိုက်ကာ "မလိုပါဘူး၊ မလိုပါဘူး...."

နင်သနားတာကို ငါမလိုဘူး။

အဆုံးမှာ သူမဘာစကားတစ်လုံးမှ မပြောလိုက်ပေ။

လင်းယုက သူမကို ကြည့်လိုက်ပြီး တိုက်ရိုက်ဘဲ ပြောလိုက်သည်။ "လုယင်းက မင်းကို တောင်းပန်ချင်တယ်။ သူမင်းအပေါ်မှာ အထင်လွဲသွားခဲ့တဲ့ပုံဘဲ"

ဒါကိုကြားတော့ စုချန်ယန်က မော့ကြည့်လာသည်။

ရှောင်လုက မတတ်နိုင်ဘဲ သက်ပြင်းချလိုက်ပြီး ရိုးရိုးသားသားနဲ့ ပြောလိုက်သည်။ "ချန်ယန်၊ ငါတောင်းပန်ပါတယ်။ အိမ်မရှိတဲ့ လူတွေက အရမ်း သနားစရာကောင်းတယ်လို့ အစကငါထင်ခဲ့တာ ဝန်ခံပါတယ်။ ဒါပေမယ့် ငါ့ဝမ်းကွဲအစ်ကိုက ငါ့ကို ကြမ်းတမ်းတဲ့ သင်ခန်းစာတစ်ခု သင်ပေးခဲ့တယ်! သူမှန်တယ်လို့ ငါထင်တယ်၊ နင်က လုံးဝသနားဖို့မကောင်းပါဘူး၊ နင်က အရမ်းအံ့ဩဖို့ကောင်းတာ! နင်က လှလည်းလှတယ်၊ ယုံကြည်မှုရှိတယ်၊ ရင့်ကျက်တယ်၊ ကိုယ်ပိုင်အတွေးအမြင်တွေရှိတယ်၊ သတ္တိလည်ရှိတယ်။ တစ်ခါတစ်လေ နည်းနည်းကလေးဆန်ပေမယ့် သနားဖို့ကောင်းတဲ့ နေရာမရှိပါဘူး။ ဒါကြောင့် ငါနင့်ကိုတောငပန်ချင်တယ်၊ အနာဂတ်မှာ ဒီလိုမျိုး မထင်တော့ပါဘူး"

စုချန်ယန်က သူမကို ကြောင်တက်တက်နဲ့ ကြည့်လိုက်ပြီး သူမရဲ့ စကားလုံးတွေက စိတ်ထဲ ပြန်ပေါ်လာသည်။

ဒါပေမယ့် သူမက တစ်ခုတည်းဘဲ နိဂုံးချုပ်ခဲ့တယ်။

သူမက သနားစရာကောင်းတယ်လို့ လင်းယွီက မထင်ဘူး။

ဒီတော့ ရှောင်လုလည်းဘဲ သူမက သနားစရာကောင်းတယ်လို့ မထင်ဘူးပေါ့။

တစ်စုံတစ်ယောက်က သူမရဲ့ နောက်ခံအကြောင်းကို သိပြီးတော့ သူမကို ဒီလိုစကားမျိုး ပြောတာ ပထမဆုံး အကြိမ်ဘဲ။

"ကျေးဇူးဘဲ" စုချန်ယန်က ပြုံးပြလိုက်ပြီး "ငါစိတ်မဆိုးတော့ပါဘူး"

ရှောင်လုက သက်သာရာရသလို အသက်ရှူလိုက်ပေမယ့် ရှက်ရွံ့သလို ခံစားလိုက်ရပြီး သူမလက်ထဲက ဘူးကို စုချန်ယန်ဆီ ကမ်းပေးလိုက်သည်ာယ "ဒါက ငါ့ဝမ်းကွဲအစ်ကို နင့်အတွက် ရွေးလာပေးတဲ့ နာနတ်သီးရယ်၊ နဂါးမောက်သီးရယ်နဲ့ နှစ်လွှာပီဇာ"

သူမက လက်ကို နှုတ်ခမ်းမှာ ထားလိုက်ပြီး တီးတိုးပြောလိုက်သည်။ "ငါ့အစ်ကိုက အီတလီတစ်ဝက်ဆိုတာ နင်သိသင့်တယ်။ ရှောင်လုံပေါင်ထဲက စတော်ဘယ်ရီကို ငါတို့တွေ မကြိုက်သလိုမျိုး သူတို့လည်း အသီးပီဇာကို မုန်းတယ်"

စုချန်ယန်က ပီဇာဘူးကို ယူလိုက်ပြီး သူမရဲ့ အပြုံးက လေးနက်လာသည်။ "ဒီsetထဲမှာ Cokeရောမပါဘူးလား?"

နောက်တော့ သူမက သူတို့နှစ်ယောက်ကို မျှော်ကြည့်လိုက်သည်။

သူမမှာ diet အစားအစာတွေ စစားနေရကတည်းက စုချန်ယန်မှာ ကာဗွန်ဟိုက်ဒရိတ်ကို ထပ်ပြီး မြည်းစမ်းခွင့်မရခဲ့ပါချေ။

ရှောင်လု - "...."

လင်းယုမှာ လေးနက်တဲ့ အဓိပ္ပါယ်နှင့် စုချန်ယန်က အခြေအနေကို အခွင့်ကောင်းယူတဲ့နေရာမှာ အရမ်းတော်ကြောင်း သတိထားမိလိုက်သည်။

သူက ပြန်မဖြေဘဲ ငုံ့ကြည့်လိုက်ပြီး သူမကို သတိပေးလိုက်သည်။ "မင်း နည်းနည်းဘဲ စားလို့ရမယ်"

စုချန်ယန် - "...."

သူမက သူ့ကို အပြစ်တင်တဲ့ မျက်လုံးတွေနဲ့ ကြည့်လိုက်သည်

လင်းယုက "နည်းနည်းဘဲ" လို့ အလေးပေးပြောလိုက်သည်။

"....အိုး" စုချန်ယန်က ခေါင်းငုံ့လိုက်ပြီး မှိုင်းခနဲ ခံစားလိုက်ရသည်။

လင်းယုက သူမကို ကြည့်လိုက်ကာ တံခါးဆီ လှည့်ထွက်သွားပြီး ပြတင်းပေါက်က ပလက်စတစ်ခွက်ကိုယူကာ စုချန်ယန်ကို ကမ်းပေးလိုက်သည်။

စုချန်ယန်ရဲ့ စိတ်ထဲမှာ လင်းယွီကို ဝေဖန်နေပေမယ့် သူမရဲ့ မျက်လုံးထောင့်ကနေ သူမဆီကို ပလက်စတစ်ခွက် ကမ်းပေးနေတာကို မြင်လိုက်ရတော့ သူမအံ့ဩသွားသည်

"မန်နေဂျာလင်း...." စုချန်ယန်က မယုံနိုင်လောက်အောင် စိတ်လှုပ်ရှားသွားပြီး နက်နက်ရှိုင်းရှိုင်း လှုပ်ရှားသွားသည်

မန်နေဂျာလင်းက နတ်သားတစ်ပါးပဲဖြစ်ရမယ်၊ အခုလေးတင် သူမစိတ်ထဲမှာ မလေးမစားဖြစ်နေတာ။

လင်းယွီက ပြောလာသည်။ "မင်းညစာ မစားရဘူး"

စုချန်ယန်က ချက်ချင်း နှုတ်ခေါင်း ရှုံ့လိုက်သည်။

ဒါပေမယ့် နောက်ဆုံးတော့ ညစာထက် ကာဗွန်ဟိုက်ဒရိတ်ကိုဘဲ ရွေးလိုက်သည်။

ဘာဘဲဖြစ်ဖြစ် ညဘက်မှာ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအသောက်တွေကိုဘဲ စားလို့ရမယ့်ပုံဘဲ။

"ကျေးဇူးပါ မန်နေဂျာလင်း! ရှင်က ဒီလောက် ထိ ကောင်းတဲ့လူဘဲ!" စုချန်ယန်က အပြုံးနဲ့အတူ သူ့လက်ထဲက ပလက်စတစ်ခွက်ကို ယူလိုက်သ်ည။

စုချန်ယန်မှာ ဆံပင်ကို ရှုပ်ပွ‌နေတဲ့ပုံစံနဲ့ စည်းထားပြီး သမလှုပ်လိုက်တာနဲ့ ချောမွေ့နေတဲ့ နဖူးပေါ်မှာ ဆံပင်တွေ ‌ကျလာသည်။

အနက်ရောင် ဆံပင်က ကျောက်စိမ်းလို အဖြူရောင်အပေါ်မှာ အညစ်အကြေးနဲ့တူကာ လူတိုင်းက ဒါကို မသပ်တင်ဘဲ မနေနိုင်ပေ။

လင်းယုက ညာဘက်လက်ကို အလိုလိုမြှောက်လိုက်ပြီး လေထဲမှာဘဲ ရပ်လိုက်ကာ လွှတ်ချလိုက်သည်။

ထူးဆန်းတယ်။

လင်းယုကို နှုတ်ဆက်စကားပြောလို့ပြီးတော့ စုချန်ယန်ကလက်ထဲမှာ ပီဇာနဲ့ Cokeခွက်နဲ့အတူ ချင်ယို့ရဲ့ တံခါးကို ပျော်ပျော်ရွှင်ရွှင်နဲ့ ခေါက်လိုက်သည်။

ချင်ယို့က တံခါးလာပြေးဖွင့်‌တော့ ကာဗွန်နိတ်အရည်သောက်ရင်း ကျေနပ်နေတဲ့ စုချန်ယန်ကို တွေ့လိုက်ရသည်။

"အစ်မချန်ယန် ဘာကိစ္စရှိလို့လဲ?" ချင်ယို့က စိတ်ရှုပ်ထွေးစွာနဲ့ မေးလိုက်သည်။

စုချန်ယန် - "ညီမနဲ့အတူ ဟင်းခတ်အမွှေးအကြိုင်တွေ ရေးပေးဖို့လာတာ။ ပီဇာလည်းယူလာတယ်။ အစ်မသူငယ်ချင်း ဝယ်လာခဲ့တာ"

"အိုး" ချင်ယို့က စုချန်ယန်ကို ဝင်ခွင့်ပေးဖို့ ဘေးကပ်လိုက်ပြီး ပြောလိုက်သည်။ "အစ်မချန်ယန်၊ ကျွန်မကို ဒီအခန်းအရင်ပြီးအောင် လုပ်ခွင့်ပေးဦး၊ ခဏနောက် စောင့်နော်"

"ရတယ်၊ စာဆက်လုပ်လေ။ အစ်မကို စာရွက်နဲ့ ဘောပင်တစ်ချောင်းဘဲပေး။ အစ်မသိတဲ့ ဟာတွေကို ရေးလိုက်မယ်။ ပြီးမှ ညီမအချိန်ရရင် ထပ်ထည့်လိုက်ပေါ့"

"ကောင်းပြီ"

အခန်းထဲဝင်လာပြီး စားပွဲခုံနားရောက်တော့ ချင်ယို့က တခြားလူတွေအရှေ့မှာ ရှိနေသလိုမျိုး စိတ်မလှုပ်ရှားနေတော့ပေ။ သူမက စုချန်ယန်အတွက် ထိုင်ဖို့ထိုင်ခုံတစ်လုံး အရင် ဆွဲထုတ်ပေးလိုက်သည်။

စုချန်ယန်မှာ ပစ္စည်းတွေ အပြည့်နဲ့ စားပွဲခုံကို မြင်တော့ တုန့်ဆိုင်းသွားပြီး "ညီမစာလုပ်နေတာကို နှောင့်ယှက်သလိုဖြစ်သွားလား? ဒါမှမဟုတ် အစ်မအရင်ပြန်သွားပြီး ရေးလို့ပြီးရင် ယူလာပေးမယ်လေ"

ချင်ယို့က ရှက်ရွံ့စွာနဲ့ ပြုံးလိုက်ပြီး "ရပါတယ်၊ ညီက အရမ်းတိတ်တိတ်ဆိတ်ဆိတ်ကြီး စာလုပ်ရတာ မကြိုက်ဘူး"

ဒါကိုကြားတော့ စုချန်ယန်က ဆက်ပြီး မငြင်းတော့ပေ။

All Chapters