← Chapters

အခန်း ၇၇

Vol. 6 Ch. 77

အခန်း ၇၇

Vol. 6 Ch. 77

သူမက ပီဇာဘူးကို ဘေးပို့လိုက်ပြီး ပြောလိုက်သည်။ "တစ်ခုခုအရင်စားရအောင်။ အေးသွားရင် အရသာကောင်းတော့မှာ မဟုတ်ဘူး"

"အမ်၊ ကျေးဇူးပါ"

စုချန်ယန်မှာ အသီးပီဇာကို စိုက်ကြည့်နေသည်မှာ ကြာလှပြီမို့ သူမမှာ ကျေနပ်စွာ ကိုက်ပြီး မြည်းကြည့်ဖို့ မစောင့်နိုင်တော့ပေ။

တစ်ဖက်မှာတော့ ချင်ယို့က အလွန်သိမ်မွေ့ပြီး ကျက်သရေရှိစွာနဲ့ စားနေသည်။

"အင်္ဂလိပ်စာ လုပ်နေတာလား?" စုချန်ယန်က သူမအရှေ့က စာအုပ်ကို ကြည့်လိုက်သည်။

ချင်ယို့က ခေါင်းညိတ်လိုက်သည်။ " ဟုတ်တယ်၊ pharses တွေ လေ့ကျင့်နေတာ"

"Phrases...." စုချန်ယန်က သူမရဲ့ ညာဘက်ပါးကို ဖောင်းလိုက်ပြီး "My name is SugYang1၊ မူရင်းစာကြောင်းက အင်္ဂလိပ်လို? မှန်တယ် မဟုတ်လား?"

“ဟုတ်တယ်”

"အစ်မလည်း ဒီ phrase တစ်ခုဘဲ မှတ်မိတယ်ထင်တယ်။ အရင်က ကိုယ့်ဘာသာကိုယ်လေ့လာချင်ပေမယ့် ဘယ်တုန်းကမှ အချိန်မရှိခဲ့ဘူး.... ခဏနေဦး ဒီမှာလည်း 'Happy birthday ' နဲ့ ' Happy New Year 'ရှိတာဘဲ"

ချင်ယို့က ရယ်ပြီး မေးလိုက်သည်။ "အစ်မရော သင်ချင်လား? ကျွန်မသင်ပေးလို့ရတယ်၊ မခက်ပါဘူး"

"သင်ချင်တယ် ဒါပေမယ့် အခုတော့ မဟုတ်သေးဘူး"

စုချန်ယန်မှာ ပညာတတ် မျက်နှာရှိပေမယ့် သူမရဲ့ တရုတ်စာကျွမ်းကျင်မှုကတော့ ငယ်ငယ်တုန်းက ကျောင်းနံရံကို ခိုးတက်ကာ သင်ယူခဲ့တာဖြစ်သည်။

အင်္ဂလိပ်စာ လေ့လာတဲ့အချိန်ရောက်တဲ့အခါ သူမက နှစ်ရက်လောက် လွတ်သွားတဲ့အတွက် နောက်ကျကျန်ခဲ့ကာ ဘယ်တော့မှ မလိုက်နိုင်တော့ပေ။

နောက်တော့၊ သူမဘာသာသင်ဖို့ ကြိုးစားခဲ့ပေမယ့် အရမ်းအလုပ်များတဲ့အတွက် သူမကိုယ်တိုင် ပုံနဲ့ဘဲ သင်ခဲ့ရသည်။

ချင်ယို့က စာအုပ်ကို ကြည့်ဖို့ ခေါင်းငုံ့လိုက်ပြီး နောက်တစ်ခဏမှာ ရုတ်တရက် ပြောလာသည်။ "အစ်မချန်ယန်၊ စာလေ့လာတာက ပိုကောင်းလား အလုပ်လုပ်တာက ပိုကောင်းလား?"

စုချန်ယန်က မယုံကြည်နိုင်စွာ မေးခဲ့သည်။ "ဘာလို့မေးတာလဲ?"

ချင်ယို့က နည်းနည်း စိတ်ပျက်သလိုနဲ့ အသံတိုးသွားပြီး "ကျွန်မအဖေက သူ့လုပ်ငန်းမှာ အကြွေးတင်အများကြီး တင်နေပြီး ပြန်မဆပ်နိုင်သေးဘူး။ အမေက ကျွန်မကို ဂရုစိုက်ရင်း တစ်ချိန်ထဲမှာဘဲ အလုပ်လုပ်ရတာပေမယ့် ကျွန်မဘွဲ့ရဖို့အထိဆို လေးနှစ်တောင်‌ ကျန်သေးတယ်။ ဒီပရိုဂရမ်မှာ ကိုယ်တိုင်ပါဝင်ပြီး၊ နာမည်ကြီးလာလို့ နေရာရလာပြီး ပိုက်ဆံတွေရှာနိုင်ရင် ကျောင်းမတက်တော့ဘဲ၊ မိသားစု အကြွေးကို ကူဆပ်ပေးမယ် ဒါပေမယ့် ကျွန်မအမေက သဘောတူမှာ မဟုတ်ဘူး"

စုချန်ယန်က လက်ထဲက အစားအသောက်နဲ့ ကိုလာကို အောက်ချလိုက်ပြီး မတ်မတ်ထိုင်ကာ ချင်ယို့ကို အလေးအနက်နဲ့ကြည့်လိုက်သည်။

"ချင်ယို့၊ အစ်မသာ အစ်မဘဝကို တစ်ဖန်ပြန်စနိုင်ရင် ဆင်းရဲလွန်းလို့ အစားအသောက်ကို မတတ်နိုင်ပါစေဦး အစ်မကတော့ စာလေ့လာဖို့ကိုဘဲရွေးမှာ"

စာအုပ်တစ်သောင်းဖတ်တာက မိုင်ပေါင်းတစ်သောင်းလောက် ခရီးထွက်ရတာထက် ပိုကောင်းတယ်။

သူမမှာ စာအုပ်တွေသာအများကြီးသာရှိရင် သူမအိမ်မက်ထဲကဘဝမှာ ငါးဆားနယ်နဲ့ တူမှာတောင် မဟုတ်ဘူး။

"စာလေ့လာတာက အကောင်းဆုံး နည်းလမ်းမဟုတ်ပေမယ့် ဒါက သန်းပေါင်းများစွာသော လမ်းကြောင်းတွေထဲမှာအလားအလာအရှိဆုံး လမ်းကြောင်းဘဲ"

စုချန်ယန်ရဲ့ ဘဝကို ပြန်စလို့မရတော့ပေမယ့် သာမာန်လူတစ်ယောက်လို သာယာလှပတဲ့ ကျောင်းဝင်းထဲကဘဝကို မပိုင်ဆိုင်နိုင်ပေမယ့် အခုတော့ သူမက အရာရာတိုင်းကို မြတ်နိုးတတ်သူပင်။

သူမရဲ့ စကားတွေက ချင်ယို့ကို ဆွဲဆောင်နိုင်မလားဆိုတာ စုချန်ယန်မသိပေမယ့် သူမ ဆက်မပြောတော့ပေ။ ဘယ်သူတစ်ဦးတစ်ယောက်ရဲ့ ရွေးချယ်မှုကိုမှ သူမ မနှောင့်ယှက်ချင်ပေ။

ချင်ယို့အခန်းထဲကနေ စုချန်ယန်ထွက်သွားတဲ့အချိန်က 3နာရီထိုးခါနီးပင်။

ချင်ယို့ရဲ့ အကြံပေးချက်အတိုင်း စုချန်ယန်က သိပ်အများကြီး မစားလိုက်ဘဲ သူမအခန်းဆီမပြန်ခင် အသီးပီဇာကို ရေခဲသေတ္တာထဲ ထည့်လိုက်သည်။

ကုတင်ပေါ်မှာ ထိုင်ရင်း စုချန်ယန်က ကျောပိုးအိတ်ထဲကနေ တက်ဘလက်ကို ထုတ်လိုက်သည်။

ရှိုးကို ရိုက်ကူးနေတဲ့ အတောတွင်းမှာ staffတွေက သူတို့ရဲ့ ဖျော်ဖြေရေးပစ္စည်းတွေကို မသိမ်းဆည်းခဲ့ပေ။

စုချန်ယန်က အနီးအနားရှိ ရေချိုကန်ကို ရှာလိုက်ပြီး သူတို့ရဲ့နေရာနဲ့ သိပ်မဝေးတဲ့ နှစ်ကီလိုမီတာလောက်ဘဲ ရှိတဲ့ ရေချိုကန် တစ်ကန်ကို ရှာတွေ့လိုက်သည်။

ညနေဘက်ရောက်လာသည်နှင့်အမျှ ရိုက်ကူးဖို့ staffတွေကလည်း လာအကြောင်းမကြားသေးတဲ့အတွက် စုချန်ယန်က ပုံဆွဲရင်းနဲ့ အချိန်ဖြုန်းလိုက်သည်။

ဆွဲနေတဲ့ပုံက ပင်လယ်လေနှင့်အတူ ကမ်းခြေတစ်ခုကို သရုပ်ဖော်ထားသည်။

သူမက ပင်လယ်ကမ်းစပ်ကို သီးသန့်ကြီး သဘောမကျသလို ဘာလို့ ကမ်းခြေပုံကို ဆွဲလိုက်လဲဆိုတာကို သေချာမသိပေမယ့် သူမသဘောပေါက်သွားတဲ့အချိန်မှာ ပြီးခါနီးနေပြီဖြစ်သည်။

"ဒေါက်一ဒေါက်一"

ဒီရေကျသွားတဲ့အတွက် သူမကို သတိပေးဖို့ ဝန်ထမ်းရောက်လာတယ်လို့ ထင်တဲ့အတွက် သူမရဲ့ တက်ဘလက်ကို ထားလိုက်ပြီး တံခါးဖွင့်ဖို့ သွားလိုက်သည်။

“ချန်ယန်…”

အပြင်ဘက်က ဘယ်သူလဲဆိုတာကို စုချန်ယန် မကြည့်ရသေးခင် တစ်ယာက်ယောက်က သူမရဲ့ လက်မောင်းနဲ့ ပခုံးတွေကို သိမ်းဖက်လိုက်သည်။

သူမက တစ်ခဏလောက် တန့်သွားပြီး " ဘာလို့ ဒီကိုရောက်နေကြတာလဲ?"

ဟန်စုန့်ရွှယ်က စုချန်ယန်ရဲ့ ပခုံးပေါ်ကနေ ခေါင်းကို မော့လိုက်ပြီး ကျန်းရှစ်ချီနဲ့ စုန့်မင်ကန်တို့က တံခါးဝတွင် ရပ်နေကြသည်။

"နင့်မှာ စားစရာများရှိလား? အရမ်းဗိုက်ဆာနေလို့။ ခုနစ်နာရီတောင်ရှိနေပြီ ဘယ်သူမှလည်း ညစာမပြင်ထားကြဘူး" ဟန်စုန့်ရွှယ်က မကျေမနပ်ပြောလာသည်။

ကျန်းရှစ်ချီ - "ရှင့်မှာ အဆာပြေမုန့်တွေဘဲ ရှိလိမ့်မယ် မှန်တယ်ဟုတ်? ကျွန်မလည်း အော်ဒါမှာမလို့ဘဲ ဒါပေမယ့် ကျွန်မအဖေက အဲ့ဒါတွေက ကျန်းမာရေးနဲ့ မညီညွတ်ဘူးလို့ပြောတယ်"

စုန့်မင်ကန် - "အဆာပြေမုန့်တွေက ကျန်းမာရေးနဲ့ မညီညွတ်ဘူး"

စုချန်ယန်က ရှက်ရွံ့သွားပြီး ပြောလိုက်သည်။ "တစ်ချို့တစ်လေကို ဖွက်ထားပေမယ့် လမ်းမှာ မန်နေဂျာလင်း သိမ်းသွားတယ်"

"ရှင့်မှာ တချို့တလေ ဖွက်ထားတာ ရှိတယ်မဟုတ်လာ? အရင်တုန်ကလည်း နေရာတိုင်းမှာ ဖွက်ထားတာ။ သူအားလုံး မယူသွားနိုင်ပါဘူး မဟုတ်လား?"

"ကံမကောင်းစွာနဲ့ ငါအများကြီး ယူလာခဲ့တယ်။ ဖွက်ဖို့ တစ်နေရာမှ မတွေ့ဘူး"

"မုန့်တွေ အသိမ်းခံရမှာ သိတာတောင် ဘာလို့ ယူလာသေးလဲ?"

စုချန်ယန်က သက်ပျင်းချလိုက်သည်။ "ငါနည်းနည်းလောက် ကံကောင်းမလားလို့ မျှော်လင့်ထားတာ"

"အားလုံးဘဲ...." ဟယ်ရှုက စင်္ကြံတွင် ရပ်ကာ စုချန်ယန်ရဲ့ အခန်းအရှေ့မှာစိတ်ရှုပ်ထွေးစွာနဲ့ စုရုံးနေကြတဲ့ လူတစ်စုကို ကြည့်လိုက်သည်။

စုချန်ယန်က မေးလိုက်သည်။ "ဟယ်ရှု၊ ဒီနေ့ ဝန်ထမ်းတွေက ဘာညစာမှ မစီစဉ်ထားပေးဘူးလား? သူတို့တွေ ဗိုက်ဆာနေကြလို့"

ဟယ်ရှုနဲ့ ထန်ချီက အသက်အရွယ်ချင်း တူကြပြီး ထန်ချီက ပိုဂရုစိုက်တတ်တဲ့ အစ်မကြီးနဲ့တူပြီး ဟယ်ရှုကတော့ ပိုတည်ငြိမ်သည်။

ဟယ်ရှု - "ဟမ်၊ အောက်ထပ်မှာ မီးဖိုချောင်မရှိဘူးလား? အရင်နှစ်ရက်တုန်းက အစားအသောက် ပြဿနာကို ကိုယ့်ဘာသာဖြေရှင်းရတာ"

လူတိုင်း - “…”

ဟယ်ရှုက တခဏလောက် တွေးပြီး ပြောခဲ့သည်။ "ပရိုဂရမ်အဖွဲ့က စားသောက်ကုန်တွေ အတွက် မီးဖိုချောင်ထဲမှာ ပိုက်ဆံချန်ခဲ့တယ်။ နင်တို့အားလုံး အခန်းထဲမှာ နားနေကြတုန်း ငါ‌တွေ့လိုက်တယ်။ ဒီတော့ ချီဖုနဲ့ ချင်ယို့က စားသောက်ကုန်တွေ သွားဝယ်ဖို့ ထွက်သွားကြတယ်လေ"

"အာ ဒီလိုမျိုး အရမ်း ကပ်စေးနဲတဲ့ ရှိုးမျိုး တစ်ခါမှ ‌မတွေ့ဖူးဘူး"

"အမှန်ဘဲ"

ဗိုက်ဆာနေတဲ့ လူတစ်စုက ဧည့်ခန်းထဲရောက်တဲ့အခါ ချီဖုနဲ့ ချင်ယို့က ပစ္စည်းတွေကို ဝယ်လို့ပြီးလို့ ပြန်ရောက်လာကြသည်။

"ကမ်းရိုးတန်းမြို့မှာ မျှော်လင့်ထားသလိုဘဲ အသီးအရွက်တွေက ပင်လယ်စာထက်တောင် ပိုဈေးကြီးသေးတယ်" ချီဖုက သက်ပြင်းချလိုက်သည်။

"ဟုတ်တယ် ပရိုဂရမ်အဖွဲ့က ပေးထားတဲ့ ပိုက်ဆံတွေလည်း အကုန်သုံးလိုက်ရပြီ။ မနက်ဖြန်မှာ ဟင်းခတ်အမွှေးအကြိုင်တွေအတွက် နည်းနည်းချန်ထားလို့ ရမယ်လို့ ထင်ထားတာ" ချင်ယို့က သူ့အနောက်ကနေ လိုက်လာသည်

"မင်းတို့တွေ ပြန်လာပြီ!"

သူတို့နှစ်ယောက် ကိုမြင်လိုက်ရတော့ လူတစ်စုက သူတို့ဘဝရဲ့ အလင်းရောင်ကို မြင်လိုက်ရသလိုပင်။

နှစ်ယောက်သားက သူတို့ရဲ့ ဝံပုလွေနဲ့တူတဲ့ အကြည့်တွေကြောင့် ထိတ်လန့်သွားကြသည်။

"ဘာဖြစ်လို့လဲ?"

"ဘာတွေဖြစ်နေတာလဲ?"

"မင်းတို့သာ မပြန်လာရင် ငါတို့တော့ ဗိုက်ဆာပြီး သေမှာဘဲ!" ဟန်စုန့်ရွှယ်က သူတို့လက်ထဲက ပစ္စည်းတွေကို ယူရင်း ငိုနေကာ "မင်းတို့ မပြန်လာခင် ထမင်းတော့ချက်ပြီးသွားပြီ"

ချင်ယို့က တုန့်ဆိုင်းနေခဲ့သည်။ "ရေခဲသေတ္တာထဲမှာ ပီဇာတွေ အများကြီး ကျနသေးတယ်။ အစ်မတို့ဗိုက်ဆာလို့ရှိရင် ovenထဲမှာ နွှေးပြီးစားလို့ရတယ်လေ...."

သူမ‌ပြောလို့မပြီးခင် ဟန်စုန့်ရွှယ်က ပစ္စည်းတွေကို သူမလက်ထဲ ထိုးထည့်ပေးလိုက်ပြီး ဆာလောင်နေတဲ့ သရဲလိုမျိုး မီးဖိုချောင်ဆီ ပြေးသွားလိုက်ကာ ရေခဲသေတ္တာကိုဖွင့်ပြီး ပီဇာကို oven ထဲ ထည့်လိုက်သည်။

ပီဇာကိုနွေးလို့ပြီးတော့ လူတိုင်းက စပြီးမချက်ပြုတ်ခင် သူတို့ရဲ့ ဗိုက်ကို ဖြည့်လိုက်ကြသည်။

ကျန်းရှစ်ချီက သူမဘေးနားက အစားအသောက်တွေကို ဂရုမစိုက်တဲ့ စုချန်ယန်ကို ကြည့်လိုက်ပြီး ‌ရှုပ်ထွေးစွာနဲ့ မေးလိုက်သည်။"နင်မစားဘူးလား?"

သူမရဲ့စကားကို ကြားတော့ လူတိုင်းက စုချန်ယန်ကို လှည့်ကြည့်လာကြသည်။

စုချန်ယန် - "?"

"နင့်မျက်စိထဲမှာ ငါက အစားကြီးတဲ့လူလား?"

လူတိုင်းက တစ်ညီတစ်ညွတ်ထဲ ခေါင်းညိတ်လိုက်ပြီး "ဟုတ်တယ်"

ကျန်းရှစ်ချီက ဟန်စုန့်ရွှယ်ကို လက်ညှိုးထိုးပြလိုက်ပြီး "သူက အစာရေစာငတ်နေတဲ့ သရဲတစ္ဆေ ဝင်စားရင် နင်ကတော့ ဆာလောင်နေတဲ့ မကောင်းဆိုးဝါး ဝင်စားတာဘဲ"

ဟန်စုန့်ရွှယ် - "?"

စုချန်ယန် - "...."

ချင်ယို့က နောက်ဆုံးကျန်တဲ့ ပီဇာတစ်ပိုင်းကို သူ့ကိုအသံတိုးတိုးနဲ့ ကျေးဇူးတင်လိုက်တဲ့ ရှန်ဖုဆီ ပေးလိုက်သည်။

ချင်ယို့က ပြုံးလိုက်သည်။ "အစ်မချန်ယန်က စားရတာကြိုက်တယ်၊ ကျွန်မက စာလုပ်ရတာကြိုက်တယ်၊ ရှန်ဖုက သီချင်းကြိုက်တယ်၊ ချီဖုက စကတ်တွေ စုဆောင်းရတာကြိုက်တယ်၊ စုန့်မင်ကန်က ရှေးဟောင်းယဉ်ကျေးမှုတွေကို ကြိုက်တယ်.... လူတိုင်းမှာ ကိုယ်ပိုင်အကြိုက်တွေ ရှိကြသားဘဲ"

"ဝိုး! ယို့ယို့လေး၊ မင်းက လူတိုင်းရဲ့ အကြိုက်ကို ကောင်းကောင်းသိတာဘဲ! ဒီတော့ ငါက ဘာကြိုက်တယ်လို့ထင်လဲ?" ဟန်စုန့်ရွှယ်က သူမကိုယ်သူမလက်ညှိုးထိုးပြလိုက်ပြီး မေးလိုက်သည်။

ချင်ယို့က ရှက်ရွံ့စွာနဲ့ ခေါင်းငုံ့ပြီး ပြောလိုက်သည်။ "စုန့်ရွယ်က စိတ်ထဲရှိတဲ့အတိုင်း ပြောရတာကြိုက်တယ်"

ကျန်းရှစ်ချီရဲ့ မျက်နှာမှာ အမူအရာမဲ့သွားခဲ့သည်။"မင်းအတွက် ဘာသာပြန်ပေးပါရစေ၊ သူက မစဉ်းစားဘဲ စကားပြောရတာ ကြိုက်တာ"

ဟန်စုန့်ရွှယ် - "..."

လူအုပ်ကြီးက ရယ်မောလိုက်ကြပြီး လေထုကလည်း ရွှင်မြူးပြီး သဟဇာတဖြစ်လာသည်။

တစ်ခဏလောက် လူတိုင်းက ကင်မရာရှိနေတယ်ဆိုတာကို မေ့သွားကြသည်။

မနေ့က ကိုယ့်ကိုယ်ကို မိတ်ဆက်ပြီးတဲ့နောက်မှာ လူတိုင်းရဲ့ ဆက်ဆံရေးက ပိုမိုသဟဇာတ ဖြစ်သွားပုံရသည်။

ညစာစားလို့ပြီးတော့၊ ကျန်းရှစ်ချီနဲ့ တခြားသူတွေက ပန်းကန်ဆေးဖို့ တာဝန်ယူလိုက်သည်။

မိန်းမငယ်လေးက ဒီလိုမျိုး ကြမ်းတမ်းတဲ့အလုပ်ကို မလုပ်ဖူးသလို ဆပ်ပြာရည်ကို ဘယ်လောက်သုံးရမလဲဆိုတာတောင် မသိပေ။

All Chapters