အခန်း ၇၈
Vol. 6 Ch. 78
တခြားသူတွေက ဧည့်ခန်းထဲမှာ ခဏလောက် အနားယူနေကြပြီး ပင်လယ်စာတွေ သွားဖမ်းဖို့ စီစဉ်နေကြသည်။
ချီဖုက ညလယ်မှာ ငါးဖမ်းသမားတွေနဲ့ ပင်လယ်ထဲသွားမှာ ဖြစ်တဲ့အတွက် အရင်ဆုံးအနားယူဖို့ အခန်းထဲသွားလိုက်သည်။ ဟန်စုန့်ရွှယ်၊ စုန့်မင်ကန်၊ ထန်ချီနဲ့ ဟယ်ရှုတို့က အနီးနားက ရေချိုကန်ဆီ အတူတကွသွားကြည့်ကြသည်။ ကျန်နေတဲ့ လေးယောက်ကတော့ ဒီရေကျသွားတဲ့အချိန် ပင်လယ် သတ္တဝါတွေကို ဖမ်းဖို့ သွားကြသည်။
ပရိုဂရမ်အဖွဲ့က ပင်လယ်စာတွေကို ဖမ်းဖို့အတွက် ရော်ဘာဖိနပ်နဲ့ လက်အိတ်တွေလိုမျိုး ပစ္စည်းတွေကို သူတို့အတွက် ပြင်ဆင်ပေးထားသည်။ သူတို့လေးယောက်က သူတို့ရဲ့ ပစ္စည်းကိရိယာတွေကို ဝတ်ဆင်လိုက်ပြီး အချိန်ကျလာတဲ့အခါ ကမ်းခြေဘက်ကို စထွက်သွားကြသည်။
ဝန်ထမ်းတချို့က သူတို့အနောက်ကနေ လိုက်လာပြီး ကျွမ်းကျင် အသက်ကယ် အစောင့်တစ်ယောက်ကိုလည်း စီစဉ်ပေးထားသည်။
ညဘက်တွင် ပင်လယ်ပြင်ဟာ ထူထဲတဲ့ မင်တွေလိုမျိုးနဲ့တူပြီးညဘက်ကမ်းခြေရဲ့ အပူချိန်ဟာလည်း နိမ့်သည်။ သူတို့လေးယောက်က ကုတ်အင်္ကျီတွေ ဝတ်ထားကြသည်။
ချင်ယို့နဲ့ ရှန်ဖုက စကားများတတ်တဲ့ပုံစံမဟုတ်ပေ။ ကျန်းရှစ်ချီကလည်း အခြားနှစ်ယောက်နဲ့ စကားပြောဖို့ အစပြုရတာ သဘောမကျတဲ့အတွက် စုချန်ယန်နားကနေ လိုက်လာသည်။
စုချန်ယန်မှာ အစက ပရိုဂမ်မှာ ပါဝင်ခဲ့ခြင်းမှာ သူတို့နဲ့ အတူလိုက်ရန် လွယ်ကူမည်ဟုတွေးကာ ခရီးသွားသလိုစိတ်ထားပြီး ပါဝင်ခဲ့ပေမယ့် ရလဒ်ကတော့ မျှော်လင့်ထားတာထက် ကျော်လွန်သွားသည်။
လေးယောက်သားက အတူတူရှိနေကြပြီး သူတို့ကို ဦးဆောင်ဖို့ ဘာအသုံးဝင်တဲ့ ခေါင်းစဉ်မှ မရှိနေပေ။ ကူကယ်ရာမဲ့စွာနဲ့ စုချန်ယန်က လေထုကို တက်ကြွစေမယ့် သူအဖြစ် သရုပ်ဆောင်လိုက်သည်။
ဒီလိုအချိန်မျိုးမှာ သူမဟန်စုန့်ရွှယ်ရဲ့သွက်လက်တဲ့ ကိုယ်ရည်ကိုယ်သွေးကြောင့် မြင်ကွင်းကို ဘယ်တော့မှ မအေးစက်စေတဲ့အတွက် သူမကို ထူးထူးခြားခြားသတိရသွားသည်။
သို့ပေမယ့်လည်း လက်တွေ့မှာတော့ စုချန်ယန်စိတ်ကူးထားသလိုမဟုတ်ပေ။
တစ်ဖက်မှာ၊ ဒန်ရှုရေကန်ကို ဦးတည်သွားနေတဲ့ လေးယောက်အုပ်စုက အရမ်း ငြိမ်သက်နေပုံရသည်။
စုန့်မင်ကန်က ထန်ချီကို အကြံအဉာဏ်တောင်းနေတဲ့ ကျောင်းသားလိုမျိုး မေးခွန်းတွေ မေးနေသည်။ ဟယ်ရှုကတော့ သူတို့ရဲ့ စကားဝိုင်းထဲ အမှန်တကယ် ပါဝင်ခြင်းမရှိပေ။ ဟန်စုန့်ရွှယ်က သူတို့သုံးယောက်အနောက်ကနေ လိုက်လာပြီး စိတ်မပါလက်မပါ ဖြစ်နေသည်။
သူမရဲ့filter မရှိတာကြောင့် ရှိုးမသွားမီတွင် သူမဘယ်နှကြိမ်လောက် အဆူခံလိုက်ရလဲဆိုတာ ဟန်စုန့်ရွှယ်မသိတော့ပေ။ အဲ့ဒါကြောင့် သူမရဲ့ မန်နေဂျာက သူမိကု စကားနည်းနည်းဘဲပြောပြီး ပရိုဂရမ်ရဲ့ အစီအစဉ်တွေကို လိုက်နာဖို့ အထူးတလည် မှာကြားခဲ့သည်။
သို့ပေမယ့် ပထမဆုံးနေ့မှာဘဲ စုချန်ယန်က သူမဘေးမှာ လာထိုင်တဲ့အတွက် သူမရဲ့ စကားတွေကို မထိန်းလိုက်နိုင်ပေ။ ပထမအပိုင်း ထုတ်လွှင့်ပြီးတဲ့နောက်မှာ သူမထပ်ပြီး အဆူခံရမယ်လို့ ထင်ခဲ့ပေမယ့် အံ့ဩစရာကောင်းစွာ ဘယ်သူကမှ သူမကို မဆူပူခဲ့ပေ။ သူမက ချစ်စရာကောက်းတယ်လို့တောင် သူတို့က ထင်ကြသည်။
ဟန်စုန့်ရွှယ်ရဲ့ အရာရာတိုင်းကို စုချန်ယန်နဲ့ သက်ဆိုင်သည်။ သူမနဲ့ ပထမဆုံး စကားပြောတဲ့အချိန်မှာ သူမမှာ ဘာစစ်မှန်မှုမှ မရှိကြောင်းနဲ့ သူမရဲ့ ချို့ယွင်းချက်တွေကို ပရိတ်သတ်ဆီ ထုတ်ဖော်ပြသနေသလိုပင်။
သို့ပေမယ့် ပရိတ်သတ်တွေက သူမကိုညလက်ခံနိုင်ဖို့ ပြဿနာမရှိပါချေ။ အဲ့ဒီအတွက်ကြောင့် ဟန်စုန့်ရွှယ်က သူမကိုယ်တိုင် စုချန်ယန်နားမှာ နေဖို့ လက်ခံလိုက်သည်။
သို့ပေမယ့် စုချန်ယန်မရှိတော့ပေမယ့် သူမက နည်းနည်း ချီတုံချတုံ ဖြစ်သွားသည်။ ဥပမာဆိုရသော်၊ ဒီနေရာဆီ ကားစီးလာရတုန်းက ဟန်စုန့်ရွှယ်က စကားသိပ်အများကြီး မပြောခဲ့ပေ။
ကားမောင်းသမားက အကြောင်းအရာတစ်ခု ဖန်တီးရင်း စကားနည်းနည်းပြောဖို့ ကြိုးစားခဲ့သေးသည်။
"အာ၊ ငါ စုချန်ယန်နဲ့အတူ တစ်ဖွဲ့ထဲ ဖြစ်ရင်ကောင်းမှာ" ဟန်စုန့်ရွှယ်က ပြောလိုက်သည်။
စုန့်မင်ကန်က သူမပြောတာကို ကြားတော့ နားမလည်သလို ကြည့်လိုက်သည်။ "ငါတို့အဖွဲ့ထဲမှာ မင်းမပျော်လို့လား?"
ဟန်စုန့်ရွှယ်က ခေါင်းခါလိုက်သည်။ "မပျော်တာ မဟုတ်ပါဘူး။ ချန်ယန်နဲ့ဆို နည်းနည်း သက်တောင့်သက်သာရှိလို့ပါ"
သူတို့သုံးယောက် - "...."
"ကောင်းပါပြီ၊ မင်းမတတ်နိုင်ဘဲ ပြောနေရတာသိပါတယ်၊ ကျေးဇူးပြုပြီး ပါးစပ်ပိတ်ထားလိုက်ပါတော့"
. . . . .
ပင်လယ်ကမ်းစပ်သို့ သွားရာလမ်းတွင် စုချန်ယန်က တစ်ယောက်ထဲ တာဝန်ယူခဲ့သည်။
အရင်ဆုံး သူမက ကျန်းရှစ်ချီနဲ့ စကားပြောလိုက်ပြီး သူမရဲ့ မိသားစုက စုချန်ယန် ထင်နေသလို ချမ်းသာကြောင်းသိလိုက်ရသည်။ သူတို့ရဲ့ မိသားစုစီးပွါးရေးတွေက ဖျော်ဖြေရေးလောကနဲ့ မသက်ဆိုင်သလို သူတို့ကလည်း ဒီရှိုးမှာ အပျော်သဘောနဲ့ ပါဝင်တာပင်။
ကျန်းရှစ်ချီနဲ့ စကားပြောလို့ပြီးတော့ သူမက ချင်ယျု့နဲ့ အနာဂတ်အကြောင်း ဆွေးနွေးခဲ့သည်။
လက်ရှိပတ်ဝန်းကျင်မှာ ချင်ယို့က စိတ်လှုပ်မရှားနေပေ။
"အနာဂတ်မှာ၊ ကျွန်မက ပရော်ဖက်ရှင်နယ် သရုပ်ဆောင်တစ်ယောက် ဖြစ်လာရမယ်။ သရုပ်ဆောင်ရတာ သဘောကျသလို ကာရိုက်တာရဲ့ ဘဝကို ကိုယ်ပိုင်ပုံစံနဲ့ အဓိပ္ပါယ်ဖွင့်ဆိုရတာ သဘောကျတယ်။ ဒါပေမယ့်၊ ကျွန်မရဲ့ စာလေ့လာမှုကိုလည်း ပြီးမြောက်အောင် လုပ်ရမှာဘဲ"
နောက်ဆုံး စကားကို သူမပြောလိုက်ရင်း စုချန်ယန်ဘက်လှည့်ကာ အလိုက်သတိ ပြုံးပြလိုက်သည်။
ချင်ယို့နဲ့ အနာဂတ်အကြောင်းပြောလို့ ပြီးတော့ စုချန်ယန်က ရှန်ဖုနဲ့သီချင်းအကြောင်း ဆွေးနွေးလိုက်သည်။
ရှန်ဖုဟာ ချမ်းသာတဲ့ အတွင်းဘက် ကမ္ဘာကဖြစ်ကြောင်း သူမပြောနိုင်သည်။
ရှန်ဖုလိုမျိုး လူတွေဟာ မကြာခဏ သီးသန့်ဆန်ပြီး အေးတိအေးစက်ပုံပေါက်ပေမယ့် သူတို့ရဲ့ စိတ်ထဲမှာတော့ အမြဲတစေ အလုပ် လုပ်နေသည်။ သူတို့ရဲ့ အာရုံကို လှုံ့ဆော်နိုင်တဲ့ သူတစ်ယောက်ယောက်နဲ့ဆုံရင် သူ့ကိုယ်သူဖော်ထုတ်ပြောဆိုနိုင်စွမ်းက သာမာန်လူတွေထက် မနည်းပေ။
စုချန်ယန်မှာ သူ့ရဲ့ သီချင်းအများစုကို မနားထောင်ဖူးတဲ့အတွက် သူတို့က သိပ်ပြီး တူညီမှုတွေ မရှိပေမယ့် သူမကတော့ အကြောင်းအရာတွေကို ပြောဖို့ ကြိုးစားနေဆဲပင်။
"ရှန်ဖု၊ ရှင့်ရဲ့ ဖန်တီးမှု လုပ်ငန်းစဉ်မှာ ပိတ်ဆို့နေတဲ့ ကာလမျိုး ကြုံဖူးလား?"
ယေဘုယျအားဖြင့် ပြောရလျှင်၊ ဖန်တီးသူတွေမှာ ပိတ်ဆို့မှု ကာလတွေကို ကြုံဖူးကြလိမ့်မည်။
ရှန်ဖုက တစ်ခဏလောက် စဉ်းစားပြီး ဖြေခဲ့သည်။"အမ်း"
" ပိတ်ဆို့နေတဲ့ ကာလနဲ့ ကြုံတဲ့အခါ ဘာတွေလုပ်လဲ?"
ရှန်ဖုက သူမကို တစ်ချက်ကြည့်လိုက်ပြီး မေးလိုက်သည်။ "မင်းက သတင်းထောက်လား?"
"...အာ?" စုချန်ယန်မှာ ကြောင်သွားပြီး သူဘာကို ဆိုလိုလဲဆိုတာကို သဘောမပေါက်ချေ။
ရှန်ဖုက ရှင်းပြလာသည်။ "ငါပြောချင်တာက၊ မင်းမေးခွန်းမေးတဲ့ပုံစံက သတင်းထောက်လိုဘဲ မို့လို့"
စုချန်ယန်က သူ့ကို တအံ့တဩနဲ့ ကြည့်လိုက်သည်။ "ရှင်ကျွန်မကို နောက်နေတာလား?"
"မရယ်ရဘူးလား?" ရှန်ဖုက ရှုပ်ထွေးစွာနဲ့ ကြည့်လိုက်သည်။
စုချန်ယန်မှာ ပထမအပိုင်းမှာ ကံကောင်းမှုကြောင့် ဖြစ်လာမှာကို ကြိုသိနေပေမယ့် ဒုတိယအပိုင်းရဲ့ rating တွေကတော့ သိသိသာသာ ကျဆင်းသွားလိမ့်မည်ဖြစ်သည်။
"အာ!"
သူမဘာကို မြင်လိုက်ရလဲဆိုတာ မသေချာပေမယ့် ချင်ယို့သည် ကြောက်လန့်သွားပြီး စုချန်ယန်ဆီ ပြေးလာသည်။
ကျန်တဲ့နှစ်ယောက်ကလည်း သူမအော်သံကြောင့် ထိတ်လန့်သွားကြသည်။ ကျန်းရှစ်ချီက စုချန်ယန်ရဲ့ လက်မောင်းကို ဆွဲလိုက်ပြီး ရှန်ဖုက သူမအနောက်မှာ ပုန်းလိုက်သည်။
သုံးယောက်သားက ကြောက်လန့်နေတဲ့ မျက်လုံးတွေနဲ့ ကမ်းခြေက အမည်မသိအရာကို ကြည့်လိုက်သည်။
စုချန်ယန် - "..."
တကယ်တော့ သူမလည်း ကြောက်နေပေမယ့် သူမရဲ့ တုန့်ပြန်ပုံက အခြားနှစ်ယောက်လောက် မမြန်ပေ။ သူမအသိပြန်ဝင်လာတော့ သူတို့သုံးယောက်က သူမကို ဝိုင်းထားသည်။
သူမက ဓာတ်မီးကိုယူလိုက်ပြီး အမှောင်ထဲရှိ မြေပြင်ပေါ်က အရာကို မီးထိုးလိုက်ကာ သူမအနောက်က ရှန်ဖုကို မသိမသာကြည့်လိုက်သည်။
ရှန်ဖုက စုချန်ယန်ရဲ့ အဓိပ္ပါယ်အပြည့်နဲ့ အကြည့်ကို သတိထားမိပြီး ဘာမှမဖြစ်သလို နှုတ်ခမ်းကို အုပ်ကာ ချောင်းဆိုးလိုက်သည်။
"ဟမ်?"
စုချန်ယန်က သူ့ဆီ မေးငေါ့လိုက်ပြီး သွားကြည့်ဖို့အမူအရာပြလိုက်သည်။
ရှန်ဖု - "..."
ရှန်ဖုက မျက်မှောင်ကြုတ်လိုက်ပြီး ဓာတ်မီးလင်းနေတဲ့ နေရာကို ကြည့်လိုက်သည်။
ကမ်းခြေပေါ်မှာ လူဆံပင် လုံးဝိုင်းဝိုင်းကြီး ပေါက်နေသလိုမျိုး လူခေါင်းနဲ့ တူတဲ့ အရာရှိနေသည်!
"ကျင်းဖို" တစ္တေ အမျိုးသမီးကျင်းဖို禁婆ကို တရုတ်ဝတ္ထုစာပေဝတ္ထုတွမှာ သရုပ်ဖော်ထားတဲ့ ကျင်းဖိုအမည်ရှဲ့ တစ္ဆေအမျိုသမီး အကြောင်း ဇာတ်လမ်းဘဲ။ မိန်းကလေးတစ်ယောက်က အခွင့်ကောင်းယူသတ်ဖြတ်ခံရပြီး သူ့ရဲ့အလောင်းကို မြစ်ထဲသို့ ပစ်ချခံလိုက်ရတယ်။ နောက်တော့ သူမရဲ့ ဝိညာဉ်က ကျင်းပိုတစ္ဆေဖြစ်လာတယ်။ ကျင်းဖိုတစ္ဆေဟာ လူတစ်ယောက်ကို ဖျားယောင်းပြီး ဝိညာဉ်ကို စုပ်ယူဖို့ ကုန်းပေါ်တက်လာလေ့ရှိတယ်လို့..... 'ရေထဲမှာ ကျင်းဖိုရှိတယ်' ဆိုတဲ့ စာအုပ်ထဲမှာ ဖတ်ဖူးတယ်" ချင်ယို့က စုချန်ယန်ရဲ့ လက်ကိုမှီကာ မျက်နှာက ဖြူဖျော့နေသည်။
"ဒါက အလောင်းဖြစ်ရမယ်။ ဒီနားမှာ လူသတ်သမားရှိရမယ်။ ရဲကို အရင်ခေါ်လိုက်ကြရအောင်"
ရှန်ဖုက လမ်းတစ်ဝက်မှာ လျှောက်သွားနေရင်း ဖြူဖျော့ဖျော့မျက်နှာနဲ့ ပြန်လှည့်လာကာ "ကျင်းဖို.... အဲ့ဒါကဘာလဲ? လူတွေကို စားတာလား?"
ချင်ယို့က တကယ် ရှင်းပြချင်နေကာ "ကျင်းဖိုက...."
သူမပါးစပ်ကို ဖွင့်တော့မယ့်အချိန်မှာ စုချန်ယန်က သူမရဲ့ ပါးစပ်ကို ပိတ်လိုက်ပြီး တုန်တုန်ရင်ရင်နဲ့ ပြောလိုက်သည်။ "ဒီညအိပ်နိုင်သေးရဲ့လား?!"
"နင်တို့တွေ...."
"အား!...."
သူတို့လေးယောက်မှာ အရမ်းထိတ်လန့်နေတုန်း အေးစက်စက်ဘအမျိုးသမီးအသံက သူတို့နားထဲကို ရုတ်တရက် ဝင်လာသည်။
ချင်ယို့က ကြောက်လန့်တကြားနဲ့ အကျယ်ကြီး အော်လိုက်ကာ ရှန်ဖုကတော့ နေရာမှာဘဲ မလှုပ်မရှား အေးခဲနေပြီး၊ စုချန်ယန်နဲ့ ကျန်းရှစ်ချီကတော့ အတူတူပွေ့ဖက်ထားကြသည်။
"....နင်တို့တွေ ဘာလုပ်နေကြတာလဲ?"
ရှောင်လုက သူတို့အဖွဲ့ကို နားမလည်စွာ ကြည့်လိုက်သည်။
သူမက စုချန်ယန်လိုမျိုး ပစ္စည်းကိရိယာတွေကိုဝတ်ထားပြီးမြေပြင်ပေါ်က အနက်ရောင်အရာအား တွေ့လိုက်တဲ့အခါ အလွန်အမင်း ဝမ်းသာသွားသည်။ "အနက်ရောင်ရေညှိ!"
ရှောင်လုက လူဆံပင်နဲ့တူတဲ့ အရာကို ဝမ်းသာအားရကောက်ကိုင်လိုက်ကာ သုံးလေးငါးခါလောက် လှုပ်ရှားလိုက်ပြီး လျှင်မြန်စွာ ဆွဲထုတ်လိုက်တော့ စုချန်ယန်ရဲ့ ဦးရေပြားကိုပါ တုန်လှုပ်သွားစေသည်။
"ဒါက ဘယ်လို ဟင်းရွက်မျိုးလဲ?" ရှန်ဖုက ရေရွတ်လိုက်သည်။
ရှောင်လုက သန့်စင်ထားတဲ့ အနက်ရောင်ရေညှိကို ခြင်းထဲ ထည့်လိုက်ပြီး သူတို့လေးယောက်ကို လှည့်ကြည့်လိုက်ကာ ပြောခဲ့သည်။ "ဒါက အနက်ရောင်ရေညှိလေ အအေးစာတွေအတွက် အရမ်းကောင်းတယ်"
"ဒါနဲ့ နင်တို့အားလုံး တအံ့တဩနဲ့ အထိတ်တလန့် ဖြစ်နေကြတာ ငါတွေ့တယ်။ ဘာလုပ်နေကြတာလဲ?"
သူတို့လေးယောက်က တစ်ယောက်ကို တစ်ယောက်ကြည့်လိုက်ကြပြီး ဘယ်လိုဖြေရမှန်းမသိဘဲ တိတ်တိတ်လေး နေလိုက်ကြသည်။