← Chapters

အခန်း ၇၉

Vol. 6 Ch. 79

အခန်း ၇၉

Vol. 6 Ch. 79

"ဘာမှမဖြစ်ပါဘူး"

"အဆင်ပြေတယ်"

"Practicing bel canto1Bel canto က ၁၈ရာစုတုန်းက အီတလီမှာ ပေါ်ပေါက်ခဲ့တဲ့ သီချင်းဆိုနည်းစနစ်တစ်မျိုး‌လေ၊ အများစုက အော်ပရာသီချင်းတွေနဲ့ ဆက်စပ်နေတယ်...."

ရှန်ဖုမှာ နဖူးမှာချွေးစို့နေပြီး စကားမပြောတာက ပြစ်မှုမြောက်သလိုမျိုး စုချန်ယန်နဲ့ တခြားသူတွေကို ကြည့်လိုက်သည်။

နောက်တစ်ခဏမှာ ရှန်ဖုက တင်းမာတဲ့ လေသံနဲ့ ပြောလာသည်။ "အပြစ်ဒဏ်အတိုင်း ရပ်နေတာ"

ရှောင်လု - "...."

အဖြစ်အပျက်တစ်ခုလုံးကို ကြည့်နေကြတဲ့ ဝန်ထမ်းတွေကလည်း ဘာတစ်ခွန်းမှမပြောကြဘဲ ရယ်လိုက်ကြသည်။

စုချန်ယန်က တစ်လျှောက်လုံး ငြိမ်သက်နေပြီး ရှောင်လုက သူမတို့လိုမျိုး ပစ္စည်းကိရိယာတွေ ဝတ်ဆင်ထားတာ တွေ့တော့ အကြောင်းအရာ ပြောင်းလိုက်သည်။ "နင်က ဒီမှာ ဘာလုပ်နေတာလဲ?"

ရှောင်လုက ပြန်ဖြေလိုက်သည်။ "အိုး၊ သူတို့က ငါ့ကို ကူဖို့ ဖိတ်ထားတာ"

စုချန်ယန်က ခေါင်းညိတ်လိုက်ပြီး ထပ်မေးလိုက်သည်။ "မန်နေဂျာလင်းရော ဘယ်မှာလဲ?"

"သူက ဒါရိုက်တာနဲ့ သောက်ဖို့သွားတယ်"

"အိုး"

လူငါးယောက်က ပင်လယ်ကမ်းစပ်မှာ အတူတူလျှောက်နေကြသည်။ ရှောင်လုက မြေပြင်ပေါ်ရှိအဖုအထစ်တွေကို ဓာတ်မီးနဲ့ ထိုးရင်း ပြောလာသည်။ "ငါထင်တာမမှားဘူးဆိုရင် ဒီအဖုအောက်မှာ ခရုတစ်ကောင်ရှိလိမ့်မယ်"

စုချန်ယန်က ခဏလောက် စဉ်းစားလိုက်ပြီး အလေးအနက်နဲ့ ပြောလိုက်သည်။ "ငါတို့တွေ နေ့လည်စာအတွက် ခရုမစားခဲ့ဘူး"

"မနက်ဖြန်ကျရင် တခြား ဟင်းခတ်အမွှေးအကြိုင်တွေရော မဝယ်ရဘူးလား? ဒါက အနည်းဆုံး ပေါင် 20က‌နေ 30လောက်ရှိမယ်"

စုချန်ယန်က ခေါင်းညိတ်လိုက်ပြီး "တွေ့သမျှ အကုန်ကောက်သွားရအောင်"

ရှောင်လုက ကမ်းခြေပေါ်မှာ ပစ္စည်းတွေကို ကောက်ဖို့ ငုံ့လိုက်‌ရင်း ပြောလိုက်သည်။ "ငါ စစ်တပ်ခရိုင်မှာရှိတဲ့ ကမ်းရိုးတန်း မြို့တစ်မြို့မှာ နေခဲ့ဖူးတယ်။ ငါတို့တွေ ပင်လယ်စာ စားချင်တဲ့အချိန်တိုင်း အဖွဲ့ခေါင်းဆောင်က ငါတို့ကို ကိုယ်တိုင် အပြင်ထွက်ပြီး လိုက်ကောက်ဖို့ စီစဉ်ပေးတယ်"

"သင်တုန်းဓားဂုံးတွေကိုတော့ ထွက်လာအောင် ဆားဖြူးပေးရတယ်။ မထွက်လာရင်တော့ သူတို့ရဲ့ လမ်းကြောင်းတစ်လျှောက် တူးပြီး ဆွဲယူလို့ရတယ်။ မြန်မှရမယ် သူတို့ပြေးတာ အရမ်းမြန်တာ"

"ခရုခွံတွေနဲ့ ဖန်ပုလင်းတွေကို တွေ့ရင် အထဲကို ကြည့်ရမယ်။ ရေဘဝဲတွေ ရှိလိမ့်မယ်"

ရှောင်လုကို ကြည့်ရတာ အရမ်း ကျွမ်းကျွမ်းကျင်ကျင် ယုံကြည်မှုရှိရှိနဲ့ ပြောနေသည်။

စုချန်ယန်မှာ ဂုံးတူးဖို့နေနေသာသာ အပြင်ထွက်ပြီး ဆော့ကစားဖို့ တစ်ရက်လေးတောင် မရှိခဲ့ပေ။ ရှောင်လုရဲ့ လမ်းညွှန်မှုအောက်မှာ သူမသည် တဖြည်းဖြည်းနဲ့ ပျော်စရာကောင်းမှန်း ရှာတွေ့လာသည်။

ရှောင်လုက သူတို့ရဲ့ ပုံးထဲကို တစ်ချက်တစ်ချက် ကြည့်ကြည့်ပြီး မိနစ်နည်းနည်းလောက် လမ်းလျှောက်ပြီးနောက်မှာ စုချန်ယန်မှာ ပုံတစ်ဝက်လောက် ပြည့်နေပြီမှန်း သူမ‌တွေ့လိုက်ရသည်။

"ဘာတွေ ကောက်နေတာလဲ?" ရှောင်လုက သူမရဲ့ ညှပ်ချောင်းတွေကို သုံးပြီး သူမရဲ့ပုံးထဲ မွှေနှောက်လိုက်သည်။

"ညင်ညင်သာသာလုပ်ပါ၊ အဲ့ဒါတွေ သေသွားရင် အရသာကောင်းတော့မှာ မဟုတ်ဘူး" စုချန်ယန်က သူမရဲ့ ညှပ်ကို အမြန်တွန်းထုတ်လိုက်သည်။

"ဘာလို့ခရုတွေ အများကြီး ကောက်နေတာလဲ? အရမ်းများနေပြီ၊ ဘာဝယ်မလို့လဲ?"

စုချန်ယန်က ပြန်ဖြေလိုက်သည်။ "ငါတို့ ရောင်းလို့မရရင်လည်း ထားထားပြီး ကိုယ့်ဘာသာကိုယ် စားလို့ရတာပေါ့"

ရှောင်လုက ပုံးထဲက ဂဏန်းအသေးလေးကို ကောက်ယူလိုက်ရင်း သူမကို ရယ်လိုက်သည်။ "ဘာလို့ ဒီလောက် သေးသေးလေးကို ယူရတာလဲ?"

စုချန်ယန်က သဘာဝကျကျပြန်ဖြေလိုက်သည် "မွေးထားပြီး ပိုကြီးအောင်လုပ်လို့ရတယ်"

"ဒီဝါးဂုံးရဲ့နှာခေါင်းကရော? အသားမစားဘဲနဲ့ သူ့ရဲ့နှာခေါင်းကို ဘာလို့ ကောက်တာလဲ?"

စုချန်ယန် - "နှာခေါင်းကိုလည်း ငါတို့စားလို့ရတယ်"

ရှောင်လုက မျက်လုံးလှိမ့်လိုက်ပြီး "နင်ကလေ တကယ်ကို အားလုံးမကောက်နဲ့လေ"

"အစားအသောက်တွေ ဇီဇာကြောင်တာက အကျင့်ဆိုးတစ်ခုဘဲ။ ငါတို့ရဲ့ အရင်မျိုးဆက်တွေက တရုတ်နှစ်သစ်ကူးမှာ အသားတောင် စားဖို့ မတတ်နိုင်ဘူးဆိုတာ နင်သိသင့်တယ်။ ငါတို့မှာ စားဖို့ အခွင့်အရေးရှိရင် ယူရမယ်။ ဘယ်လိုလုပ် ဖြုန်းတီးရမှာလဲ?"

စုချန်ယန်မှာ အထူးသဖြင့် အသားစားရတဲ့ အခါမှာဆို အရမ်းခေါင်းမာသည်။

ချင်ယို့က နားထောင်နေပြီး ရယ်ချင်နေကာ "အစ်မချန်ယန်၊ ကျွန်မအမေလည်း ဒီလိုမျိုး အမြဲတမ်းပြောတယ်"

စုချန်ယန်က မျက်လုံးတွေကို မြေကြီးပေါ်မှာဘဲ ကပ်တွယ်ထားပြီး အပေါက်သေးသေးလေးကို တွေ့တဲ့အခါ သူမက တူးဖို့ ပေါက်တူးအသေးလေးကို သုံးခဲ့သည်။

သူမက တတွတ်တွတ်ရွတ်နေသည်။ "အစားအသောက်တွေကို ဖြုန်းတီးတာက ရှက်စရာကောင်းတယ်။ အစားအသောက်တွေကို ဖြုန်းတီးတာက လုံးဝ လက်မခံနိုင်စရာဘဲ"

ကျန်းရှစ်ချီမှာ ကမ်းခြေကို ပထမဦးဆုံးရောက်ဖူးတာဖြစ်မည်။ သူမက မြင်သမျှ အရာတွေရဲ့ နာမည်တောင်မသိတဲ့အတွက် စုချန်ယန်ရဲ့ ဦးဆောင်မှုနောက်ကို လိုက်ပြီး တွေ့သမျှ အကုန်ကောက်သည်။ သူမက အသားနဲ့ စားလို့ရတဲ့အရာတွေကိုဘဲ လိုချင်သည်။

သူမက မွေးခါစ ဂဏန်းလေးနောက်ကနေ လိုက်နေတော့ ရှောင်လုမှာ မနေနိုင်တော့ပေ။ "အဲ့ဒါက မွေးခါစလေးလေ၊ ပေးသွားလိုက်"

ကျန်းရှစ်ချီက သူမကို ဂရုမစိုက်နေပေ။ စုချန်ယန်က အခုသေးသေးလေးပေမယ့် အိမ်ပြန်ယူသွားရင် ကြီးလာမယ်လို့ ပြောခဲ့တယ်လေ။

စုချန်ယန်မှာ စူးရှတဲ့ အကြည့်တွေရှိပြီး မြေပြင်ပေါ်က သစ်သားအိုးတစ်လုံးကို တွေ့လိုက်သည်။ ကျန်းရှစ်ချီရဲ့ ဂဏန်းလေး သူမရဲ့ ခြေထောက်တွေဆီ ပြေးလာတာကို သတိမထားမိဘဲ သူမက ခြေတစ်ဖက်ကို မြှောက်လိုက်ပြီး 'ခရက်' ခနဲ ဂဏန်းလေးအပေါ်ကို တက်နင်းမိသွားသည်။

ကံကောင်းချင်တော့ ‌သဲအောက်မှာ ကျောက်တုံးတစ်တုံးရှိနေကာ ဂဏန်းလေးဟာလည်း ဝမ်းနည်းစရာကောင်းစွာ ကြေမွသွားတော့သည်။

ကျန်းရှစ်ချီ - "...."

စုချန်ယန်က အပြစ်ကင်းတဲ့ပုံစံနဲ့ ခေါင်းမော့ကြည့်လိုက်သည်။

"တောင်းပန်ပါတယ်"

စုချန်ယန်က နောက်ပြန်ဆုတ်လိုက်ပြီး ထိုင်ချလိုက်ကာ သနားစရာဂဏန်းလေးကို ကြည့်လိုက်ပြီး စိတ်ရင်းနဲ့ပြောလိုက်သည်။ "ငါတောင်းပန်ပါတယ်"

ကျန်းရှစ်ချီ - "...."

ရှောင်လုက တခစ်ခစ်ရယ်လိုက်ပြီး "စုချန်ယန်ရဲ့ ကောင်းမှုကုသိုလ်တွေက ဒီနေ့မှာ တစ်ခု‌‌ လျော့သွားပြီ"

စုချန်ယန်က သစ်သားအိုးဆီ သွားလိုက်ကာ ‌ကောက်လိုက်သည်။ "အထဲမှာ ရေဘဝဲတစ်ကောင်ရှိနေတယ်"

ရှောင်လုက ငုံကြည့်လိုက်ကာ "သူ့ခေါင်းမှာ အဖြူရောင် အစက်လေးတွေရှိတယ်။ ကိုယ်ဝန်ရှိနေတာဘဲ"

မျက်မှောင်ကြုတ်ထိုင်ရင်း စုချန်ယန်က ကြည့်လိုက်သည်။ ဒါကအရမ်းကြီးတာကို၊ သနားစရာဘဲ။

"ဒါဆို လွှတ်လိုက်ကြတာပေါ့"

စုချန်ယန်က သစ်သားအိုးကို ပြန်ချလိုက်ပြီး သဲတွေနဲ့ ဖုံးလိုက်သည်။

ကျန်းရှစ်ချီက နားမလည်ဖြစ်သွားပြီး "ကိုယ်ဝန်ရှိနေတာ ဘာဖြစ်လို့လဲ? သူမွေးလာတဲ့အခါကျရင် ငါတို့ကြီးတဲ့အထိ မွေးလို့ရတယ်လေ"

စုချန်ယန်က နှုတ်ခမ်းစူလိုက်ပြီး လေးနက်တဲ့အမူအရာနဲ့ သူမကို ကြည့်လိုက်ကာ၊ ရှောင်လုကို တုပပြီး ပြောလိုက်သည်။ "ကျန်းရှစ်ချီရဲ့ ကောင်းမှုကုသိုလ်တွေကတော့ ဒီနေ့မှာ တစ်ခုလျော့သွားပြီ"

ကျန်းရှစ်ချီ - "...."

သူတို့ငါးယောက် ညဘက်ငါးဖမ်းချိန်မှာ ကောင်းကောင်း ဖမ်းနိုင်ခဲ့သည်။ စုချန်ယန်က သူတွေ့သမျှ အကုန် ကောက်လာသည် 一 ကြယ်ငါး၊ သံပခြုပ် နဲ့ ရေညှိတွေ 一 ပြီးတော့ ဒါတွေကို ရောင်းလို့မရရင်တောင်မှ သူတို့ဘာသာစားလို့ရတယ်လို့ဆိုကာ အကုန်လုံးကို ပုံးထဲ ကောက်ထည့်လာသည်။

ရှောင်လုကတော့ အဖိုးတန်တဲ့ဟာတွေကို ကောက်လာပြီး ပုံးကို ပိုက်ဆံအပြည့်ဖြည့်လိုက်သည်။

ကျန်းရှစ်ချီမှာ မကောင်းတဲ့ လွှမ်းမိုးမှုတွေနဲ့ စုချန်ယန်ရဲ့ ဥပမာနောက်လိုက်ကာ သူမရဲ့ပုံးထဲတွင် ထူးဆန်းတဲ့ အရာမျိုးစုံရှိနေသည်။

ချင်ယို့နဲ့ ရှန်ဖုတိူ့မှာ ရှောင်လုလောက် မကောင်းပေမယ့် စုချန်ယန်နဲ့ ကျန်းရှစ်ချီတို့ထက်တော့ ပိုကောင်းသေးသည်။

"ဘာလို့ အခွံတွေကို ကောက်နေတာလဲ?"

စုချန်ယန်က ကျန်းရှစ်ချီရဲ့ ပုံးကို တစ်ချက်ကြည့်လိုက်တော့ အခွံကြီးဘဲ တစ်ဝက်လောက် ရှိနေတာ တွေ့လိုက်ရသည်။

ကျန်းရှစ်ချီ - "ဂုံးကောင်ကြာဇံ ဆိုတဲ့ စားစရာရှိတယ်မဟုတ်လား?"

စုချန်ယန်က သူမကို တအံ့တဩကြည့်လိုက်ပြီး "ဂုံးကောင်ကြာဇံကို အခွံနဲ့ လုပ်တယ်လို့ ထင်တာလား?"

"ဘာလို့ မဖြစ်တာလဲ?"

စုချန်ယန်က ခဏလောက် တိတ်ဆိတ်သွားပြီး "ကျန်းရှစ်ချီရဲ့ ကောင်းမှုကုသိုလ်တွေက ဒီနေ့မှာ တစ်ခုတိုးလာပြီ"

သနားစရာဘဲ။

လူတစ်စုက villa ဆီကို တစ်ယောက်ပြီး တစ်ယောက် ပြန်လာကြသည်။ သူတို့ရဲ့ ပစ္စည်းကိရိယာတွေကို ဖြုတ်နေတုန်း ဟန်စုန့်ရွှယ်နဲ့ တခြားသူတွေလည်း ပြန်ရောက်လာသည်။

"တာ့-ဒါ!"

ဟန်စုန့်ရွှယ်က ပုံးကို စုချန်ယန်အရှေ့မှာ ချလိုက်သည်။ ဆိုဖာပေါ်မှာ ငိုက်မြည်းနေတဲ့ စုချန်ယန်က ပုံးထဲမှာ ဂဏန်းတွေနဲ့ အမွှေးထူဂဏန်း ပြည့်နေတာကို မြင်လိုက်ရတဲ့အခါ မတ်မတ်ထိုင်လိုက်သည်။

"အများကြီး ဘယ်လိုလုပ် ကောက်လိုက်တာလဲ?" စုချန်ယန်ရဲ့ မျက်လုံးတွေက တောက်ပလာသည်။

ဟန်စုန့်ရွှယ်က ဂုဏ်ယူစွာနဲ့ ခါးထောက်လိုက်ပြီး "ဒါပေါ့၊ ငါက ဘယ်သူမို့လို့လဲ! ငါက....."

"ဒါက သူများမွေးထားတဲ့ အမွှေးထူဂဏန်းတွေလေ ဒါတွေကို ငါတို့ဆီပေးတဲ့ ပိုင်ရှင်က အစ်မထန်ချီရဲ့ ဖန်လေ" စုန့်မင်ကန်က ရုတ်တရက် ပေါ်လာပြီး ကြားဖြတ်လိုက်သည်။

ဟန်စုန့်ရွှယ်က သူ့ကို ဘေးတိုက်ကြည့်လိုက်ပြီး သဘောမတူငလိုပြောလိုက်သည်။ "ငါအခုထိ ပြောလို့မပြီးသေးဘူးလေ"

စုန့်မင်ကန် က သူမကို လျစ်လျှူရှုလိုက်ပြီး သူ့ပစ္စည်းတွေနဲ့ ထွက်သွားသည်။

ဟန်စုန့်ရွှယ်က သူမရဲ့ မျက်လုံးတွေကို လှိမ့်လိုက်ပြီး ရေရွတ်လိုက်သည်။ "ရယ်စရာကောင်းလိုက်တာ"

စုချန်ယန်က သိချင်စွာနဲ့ မေးလိုက်သည်။ "နင်တို့တွေ ထပ်ပြီး ရန်ဖြစ်ပြန်ပြီလား?"

သူတို့နှစ်ယောက်ဟာ ရန်စပြီး အချိန်တိုင်းလိူလိုရန်ဖြစ်နေကြတဲ့ ချစ်သူစုံတွဲတွေလိုပင်။

ဟန်စုန့်ရွှယ်က ခေါင်းခါလိုက်ပြီး "မဟုတ်ပါဘူး၊ သူကဒီတိုင်း ရယ်စရာကောင်းလို့။ ငါပြန်လာတုန်းက သူ့အကြောင်း တစ်ခုခုပေါ့ပေါ့ပါးပါးပြောလိုက်လို့"

"သူ့အကြောင်း ဘာပြောလိုက်လို့လဲ?" စုချန်ယန်က မျက်မှောင်ကြုတ်လိုက်ပြီး ဟန်စုန့်ရွှယ်က ကောင်းတာတစ်ခုခုမပြောခဲ့မှန်း ခံစားလိုက်ရသည်။

"ရှိုးမှာပါတဲ့ ယောက်ျားလေး ဧည့်သည်တွေထဲမှာ သူက အညံ့ဆုံးလို့ ပြောလိုက်တာ။ သူက ရုပ်ဆိုးတာတို့ ဘာတို့ ပြောလိုက်တာ မဟုတ်ပါဘူး။ ချီဖုနဲ့ ရှန်ဖုတို့နဲ့ ယှဉ်ရင် သူက ဆွဲဆောင်မှု အရှိဆုံးမဟုတ်ဘူးလို့ ပြောချင်တာ။ ဒါပေမယ့် သူက စိတ်ဆိုးသွားပြီး နာကျင်နေတဲ့ အရှုံးသမားလို လုပ်နေတယ်လေ"

စုချန်ယန်က သူမကို တိတ်တိတ်လေးကြည့်လိုက်ပြီး စုန့်မင်ကန်ရဲ့ ခံစားချက်ကို နားလည်ဖို့ သူမနားလည်နိုင်အောင် ကူညီနိုင်မယ့် နည်းလမ်းကို သုံးဖို့ ဆုံးဖြတ်လိုက်သည်။

" စုန့်ရွှယ်၊ 'ဒီရှိုးက အမျိုးသမီးဧည့်သည် ခြောက်ယောက်ထဲမှာ နင်က ဆွဲဆောင်မှု မရှိဆုံးဘဲ' လို့ သူက နင့်ကို ပြောတယ်လို့ စိတ်ကူးကြည့်လိုက်၊ နင်ဘာလုပ်မှာလဲ?"

ဟန်စုန့်ရွှယ်ရဲ့ မျက်နှာက မည်းမှောင်သွားပြီး "ဒီညသူ နောင်တရသွားအောင် ငါလုပ်မှာ"

စုချန်ယန်က ခေါင်းညိတ်လိုက်ပြီး လူငယ်တွေက သင်ပေးလို့ရတယ်လို့ ခံစားလိုက်ရကာ "ဒီည တံခါးလော့ချထားတော့၊ သူလည်းနင့်ကို ဒီလိုမျိုး လုပ်မှာ စိုးပါရဲ့"

ဟန်စုန့်ရွှယ် - "..."

စုချန်ယန်က သူမရဲ့ တောင့်တင်းနေတဲ့ အမူအရာကို တွေ့တော့ မတတ်နိုင်ဘဲ သူမရဲ့ ပခုံးကို ပုတ်လိုက်ကာ "နင်ဘာလို့ သွားမတောင်းပန်တာလဲ?"

"အိုး...." ဟန်စုန့်ရွှယ်ကြည့်ရတာ နည်းနည်း ဝန်လေးနေပုံပေါ်ပေမယ့် စုချန်ယန်ရဲ့ အားတက်သရောအကြည့်အောက်မှာ လျှောက်သွားလိုက်သည်။

သူတို့တွေက ပင်လယ်စာတွေ အနည်း‌ငယ်လောက်ဘဲ ရှာတွေ့ခဲ့ကာ ပရိုဂရမ်အဖွဲ့က သတ်မှတ်ထားတဲ့ အခြေအနေကို မဖြည့်စည်းနိုင်ခဲ့တဲ့အတွက် ပင်လယ်စာဈေးမှာ ရိုက်ကူးဖို့ ကိုဘဲ ကူညီလိုက်ရသည်။

ရိုက်ကူးရေးနှစ်ရက်အတွင်းမှာ စုချန်ယန်မှာ လင်းယွီကို ပထမနေ့ပြီးကတည်းက မတွေ့ခဲ့ရပေ။

လင်းယွီက အနီးနားက ဟိုတည်တစ်ခုမှာ နေနေပြီး ကုမ္ပဏီကိစ္စတချို့ ရှိနေကြောင်း ရှောင်လုဆီကနေတော့ ရံဖန်ရံခါကြားရသည်။

ဒါ့အပြင်၊ reality show ရိုက်ကူးတာကလည်း သိပ်မကြာပေ။ ရှိုးရဲ့ ပထမအပိုင်းဟာ ကြီးမားတဲ့ အောင်မြင်မှု ရလာပြီးတဲ့နောက် ဧည့်သည်များမှာ လူထုရဲ့ အမြင်ထဲ အမှန်တကယ် ဝင်ရောက်လာနိုင်ပေမယ့် လင်းယွီက ရှိုးရဲ့တချို့‌နေရာမှာ ပါဝင်ကူညီပေးကာ အနည်းငယ် ဖျော်ဖြေပေးပြီး သူမရဲ့ ပေါ်ပေါက်လာမှုကို တိုးမြှင့်ဖို့ လုပ်ခဲ့သည်။ <Travel> ပြီးသွားတဲ့နောက်မှာ သူတို့က ဇာတ်ညွှန်းအတိုင်း ရိုက်ကူးဖို့ ဆက်လက်လုပ်ဆောင်ကြသည်။

ရိုက်ကူးရေးပြီးတဲ့ ညမှာ လက်ထောက်ရှုက သူတို့ကို မြို့တော်ဆီ စောစောပြန်ပို့ခဲ့သည်။

စုချန်ယန်နဲ့ ရှောင်လုက အနောက်ခုံမှာ ထိုင်ရင်း ငိုက်မျဉ်းနေကြသည်။

"ချန်ယန်၊ သုံးရက်အတွင်းမှာ အကပါတနာလိုနေတဲ့ အဆိုတော်နဲ့ ဖျော်ဖြေပွဲတစ်ခုရှိတယ်။ ပရော်ဖက်ရှင်နယ်အတွေ့အကြုံတွေ သိပ်အများကြီး ရှိဖို့မလိုဘူး။ မနက်ဖြန်ကနေစပြီး လေ့ကျင့်လို့ရပြီ။ ကန့်ကွက်ချင်တာတွေရှိသေးလား?" လင်းယွီက လှည့်လိုက်ပြီး စုချန်ယန်ဆီ စာရွက်ကမ်းပေးလိုက်သည်။

စုချန်ယန်က သမ်းပြီး စာရွက်ကို ယူကာ ျပြာလိုက်သည်။ "ကန့်ကွက်စရာမရှိဘူး"

ဘာဘဲဖြစ်ဖြစ် ဒါက ‌အပျော်သက်သက်ဘဲလေ။

လင်းယွီက ဆက်ပြောလာသည်။ "အဆိုတော်က death metal မှာ ထူးချွန်ပြီး မင်းရဲ့ပုံစံက သူလိုချင်တဲ့ ခံစားချက်နဲ့ ကိုက်ညီတယ်လို့ ထင်တယ်တဲ့။ ကကွက်တွေက သာမာန်ကကွက်တွေနဲ့ မတူနိုင်တာကြောင့် စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်ထားသင့်တယ်"

"Death metal?" စုချန်ယန်က မျက်ခုံးပင့်လိုက်ပြီး မတ်မတ်ထိုင်လိုက်ကာ သူမရဲ့အမူအရာက အလေးအနက်ဖြစ်သွားသည်။

အလုပ်သဘောအရ လိုအပ်ချက်ကြောင့် စုချန်ယန်ဟာ အရင်တုန်းက အရန်အကသမားတစ်ယောက် ဖြစ်ခဲ့ပေမယ့် metal music ကိုတော့ တစ်ခါမှ မစမ်းကြည့်ဖူးသလို death metal အကြောင်းကိုလည်း နည်းနည်းလေးတောင် မသိပေ။

"အင်း" လင်းယွီက ပြန်ဖြေလိုက်သည်။

ရှောင်လုမှာ စုချန်ယန်ရဲ့လှုပ်ရှားမှုကြောင့် နိုးလာပြီး မင်သက်စွာနဲ့ ခေါင်းထောင်လာကာ "death metalလား? ချန်ယန် နင်က death metalကို သဘောကျတာလား? ငါမပြောနိုင်တော့ဘူး"

လင်းယွီက သူမကို တစ်ချက်ငဲ့ကြည့်လိုက်ပေမယ့် ဘာမှတော့ မပြောလိုက်ပေ။

စုချန်ယန်က မျက်မှောင်ကြုတ်လိုက်ပြီး "မဟုတ်ဘူး၊ ဒါက အကပါတနာအတွက်ဘဲ"

ရှောင်လုက အံ့ဩသွားပြီး "death metal အတွက်လား? တကယ်လား? ငါတစ်ခါမှ မကြားဖူးဘူး"

သူမက လင်းယွီကို နားမလည်နိုင်စွာ ကြည့်လိုက်ကာ "ဝမ်းကွဲအစ်ကို၊ ဒီလိုဂီတမျိုးနဲ့ လိုက်ဖက်တဲ့ အရူးအမူး ကကွက်တွေကိုမပြောနဲ့ဦး death metalက ပြည်တွင်းဟန်နဲ့ မကိုက်ဘူးလေ။ ချန်ယန်ကို ရူးနေတဲ့သူလို့ မြင်ခံရလိမ့်မယ်"

စုချန်ယန်က ဒါကို ဂရုမစိုက်ပေ။ နောက်ဆုံးမှာတော့ သူမက စာချုပ်ကို ရပ်နားပြီး ဒီလောကကနေ တစ်နှစ်အတွင်းမှာ အနားယူဖို့ စိတ်ပိုင်းဖြတ်ထားသည်။

လင်းယွီက "အင်း" လို့ဘဲ ပြန်‌ဖြေလိုက်ပြီး "အဆိုတော်က ဗြိတိန်။ ပြည်တွင်းဟန်နဲ့ သီချင်းကို လိုက်လျော ညီထွေဖြစ်အောင် လုပ်ထားပြီး ပုံမှန် death metalစတိုင်နဲ့ ကွဲပြားတယ်။ ချန်ယန်သာ ဒါကို ကိုင်တွယ်နိုင်ရင် ဒါက ထူးထူးခြားခြား အကျိုးသက်ရောက်မှု ရှိမှာဘဲ"

"ဝမ်းကွဲအစ်ကို ဒါက အရမ်း အန္တရာယ်များတယ်။ ချန်ယန်က ဒီလိုမျိုး အန္တရာယ်များတဲ့ဟာတွေကို လုပ်ဖို့မလိုဘူးလေ။ ဖြည်းဖြည်းချင်းလုပ်ဖို့ အချိန်တွေ အများကြီးကျန်သေးပါတယ်"

စုချန်ယန်က အံ့ဩသွားပြီး လင်းယွီက Starlight Entertainmentရဲ့ ဥက္ကဌနဲ့ လောင်းကြေးထပ်ထားမှုကြောင့် သူမနဲ့ စာချုပ်ချုပ်ခဲ့တာကို သတိရသွားသည်။ သူက ကုမ္ပဏီအတွက် ပထမတန်း အနုပညာရှင်တစ်ယောက်ကို ထုတ်ပေးဖို့လိုပြီး သူက စုချန်ယန်ကို ရွေးခဲ့သည်။

ဒါပေမယ့် စုချန်ယန်ကတော့ ဖျော်ဖြေရေးလောကထဲမှာ ဆက်ပြီး မနေချင်တော့ပေ။ သူမရဲ့စာချုပ်သာ သက်တမ်းကုန်သွားတဲ့အခါ ကုမ္ပဏီနဲ့ စာချုပ်ရပ်ဆဲလိုက်မည်ဖြစ်သည်။ အဲ့ဒီအတွက်ကြောင့် သူတို့မှာ အချိန် တစ်နှစ်ဘဲ ကျန်တော့တာဖြစ်သည်။

စုချန်ယန်က သူမမှာ တစ်နှစ်အတွင်း ပထမတန်း အနုပညာရှင်တစ်ယောက် ဖြစ်လာနိုင်မယ်လို့ မထင်ပေ။

"မန်နေဂျာလင်း ကျွန်မက ကုမ္ပဏီနဲ့ ဒီတစ်နှစ်ပြီးလို့ စာချုပ်သက်တမ်းကုန်သွားရင် ထပ်ချုပ်တော့ဘူး" စုချန်ယန်က မော့ကြည့်ကာ ပြောလိုက်သည်။

သူမက ဒါကို လင်းယွီဆီကနေ မဖုန်းကွယ်ထားချင်သလို သူ့ရဲ့ အာရုံစိုက်မှုအားလုံးကို သူမအပေါ်မှာဘဲ ထားပြီး ဘာမှမဟုတ်ဘဲ ပြီးဆုံးသွားမှာကို သူမ မလိုချင်ပေ။

All Chapters