အခန်း (၄၉)
Vol. 4 Ch. 49
အမိုးအပျက်အစီးပုံကြီးထဲတွင် ဆူညံသံ အနည်းငယ်ကို ကြားသည့်အချိန်တွင် လူဝံအိုကြီးက နား(၂)ဖက်ကို လှုပ်ရှားလိုက်သည်။ သူက ပြုံးလိုက်ပြီး အမိုးအုတ်ပြားတစ်ခုကို ကောက်ယူလိုက်၏။ ထိုအရာကို လက်ထဲတွင် ချိန်ဆကြည့်လိုက်ပြီးနောက် အဝေးသို့ လျင်မြန်စွာ ပစ်ထုတ်လိုက်သည်။
ထိုအမိုးအုတ်ပြားက နံရံနှင့် အမိုးကို အလွယ်တကူ ထိုးဖောက်သွားခဲ့သည်မှာ တို့ဟူးကို ဓားနှင့် ဖြတ်လိုက်သလို ဖြစ်သည်။ ထိုအရာက မိုးကြိုးအသံနှင့်အတူ လေထဲကို ထိုးဖောက်သွားခဲ့ခြင်းဖြစ်၏။ ထိုအမိုးအုတ်ကျွတ်က အသံထွက်ပေါ်လာသည့်နေရာကို ဦးတည်သွားခဲ့ခြင်း ဖြစ်သည်။
လူဝံအိုကြီးက လူငယ်လေး၏ ခြေရာလက်ရာကို မမြင်ခဲ့ရသည်မှာ ကံဆိုးသွားသည်။ သူ့ခြေထောက်က မြေအောက်ထဲတွင် ပိတ်မိနေပြီး သန်မာသော ခန္ဓာကိုယ်ကြီးက နေရာမှ ပြန်ထလာခဲ့၏။ ထို့နောက် သူက အိမ်အိုကြီး၏ အမိုးထုတ်တန်းပေါ်ကို နင်းလိုက်ပြီး ခြေကန်၍ အမိုးခေါင်ထိပ်ပေါ်တွင် ဆင်းသက်လိုက်သည်။
ထိုအချိန်တွင် နောက်ကျော၌ သစ်သား လေး ရှိနေသော လူငယ်လေးက မလှမ်းမကမ်းတွင် ရှိနေသော အမိုးထိပ်ပေါ်၌ ရပ်နေကြောင်း တွေ့လိုက်ရသည်။ သူက အလွန်တည်ငြိမ်သော အမူအယာနှင့် လူဝံအိုကြီးကို ကြည့်နေခဲ့၏။
သူက တွက်ချက်မှု မှားယွင်းသွားခဲ့ကြောင်း လူဝံအိုကြီးက သိနေခဲ့သည်။ သူက အစောပိုင်းတွင် အုတ်ပြားနှင့် ပစ်လွှတ်ခဲ့သည့်အချိန်၌ ရန်ပွဲတစ်ခုကို အလွန်အကျွံ ဖန်တီးနေခဲ့ခြင်း ဖြစ်သည်။ သူက ရွှံ့ပုလင်းလမ်းကြားထဲမှ လူငယ်လေးကို သတိထားနေခဲ့ပြီး တစ်စုံတစ်ခု မှားယွင်းနေကြောင်း နားလည်နေခဲ့ခြင်း ဖြစ်သည်။ သူက လေးနှင့်မြှားကြောင့် အကွာအဝေး အသာစီးရမှုယူရန် စိတ်ကူးမရှိခဲ့ပေ။
လူဝံအိုကြီးက အပြုံးနှင့် လက်နှစ်ဖက်ကို ဖြန့်လိုက်ပြီး သူ့လက်ထဲတွင် မည်သည့်အရာမျှ မရှိကြောင်း ပြသလိုက်သည်။ ထို့နောက် သူက လက်ညှိုးကို ကွေးလိုက်ပြီး ထိုလူငယ်လေးကို ရယ်စရာကောင်းသော လှည့်ကွက်များ ဆက်လက်လုပ်ဆောင်ရန် အချက်ပြလိုက်သည်။
သူက လူငယ်လေးနှင့် အဆုံးထိအောင် ဆက်လက်ဆော့ကစားချင်နေပြီး ခန္ဓာကိုယ်ကို ကွေးဆန့်လိုက်သည်။ အကယ်၍ အဘိုးအိုကသာ လှည့်စာမှုများ လုပ်ဆောင်ချင်သည်ဆိုလျှင် သူက ကျန့်ယန်တောင်၏ အစောင့်လူဝံအိုကြီး မဖြစ်နိုင်တော့ပေ။
နှစ်ပေါင်း (၁၀၀၀)ကျော် ကျင့်ကြံခဲ့ပြီးနောက် သူက မီတာ(၃၀၀၀)ကျော် အမြင့်ခန့် ကြီးမားလာခဲ့သည်။ သူ၏လှုပ်ရှားမှုများကလည်း ပြိုင်ဘက်ကင်းသည်ဟု ပြောလျှင် ချဲ့ကားနေခြင်း မဟုတ်နိုင်တော့ပေ။
တောင်ရွှေ့လူဝံကြီး၏ ကျင့်ကြံမှုလမ်းစဉ် နှစ်ပေါင်းများစွာ အတောအတွင်း ကျန့်ယန်တောင်ကို တည်ထောင်ခဲ့သည့် အစောပိုင်းနေ့ရက်များက အခက်ခဲဆုံး ဖြစ်သည်။ နေရာတိုင်းတွင် ရန်သူများ ရှိနေ၏။ ကျန့်ယန်တောင်၏ တည်ထောင်သူက တိုက်ပွဲထဲတွင် သေဆုံးသွားခဲ့ပြီးနောက် လူဝံအိုကြီးက သွေးထွက်သံယို တိုက်ပွဲများကို ရင်မဆိုင်ဖူးသောအရာရှိဦးမည်လော။
ယနေ့ လမ်းကြားလေးထဲတွင် ရှိနေသော အမိုးပေါ်ရှိ တိုက်ပွဲငယ်လေးက အတိတ်တုန်းက တိုက်ပွဲများနှင့် တူညီနေခဲ့သည်။ ယခင်တုန်းက သည်းထိတ်ရင်ဖိုတိုက်ပွဲများတွင် ထိပ်တန်းကျင့်ကြံသူများ၊ ချီစွမ်းအားကျင့်ကြံသူများက လူဝံအိုကြီးကို အဝေးမှနေ၍ တိုက်ခိုက်ရန် မှော်လက်နက်များကို အသုံးပြုခဲ့ကြသည်။ သူတို့က သူနှင့် ထိပ်တိုက်ရင်ဆိုင်ရဲခြင်း မရှိကြပေ။
တိုက်ပွဲထဲတွင် လေလှိုင်း၏ အလျင်နှင့် သွားချည်ပြန်ချည်လုပ်ဆောင်တတ်သော တာ့ချန်းတိုင်းပြည်မှ အပေါ့စားမြင်းတပ်ကဲ့သို့ ဖြစ်သည်။ သူတို့က တာ့လီအင်ပါယာ၏ လေးလံသော ချပ်ဝတ်အင်္ကျီဝတ် ရဲမက်များကဲ့သို့ လုံးဝမဟုတ်ကြပေ။ သူတို့ကတော့ ဖြည်းဖြည်းချင်းသာ လှုပ်ရှားပြီး အခွင့်အရေးကို ဖြည်းဖြည်းချင်း ရှာဖွေ၍ တိုက်ပွဲဝင်္ကပါကို ဖြည်းဖြည်းချင်းဆီ ထိုးနှက်တတ်သည်။
စုန့်ချန်ကျင့်ကလွဲလျှင် ထိုလူဝံအိုကြီးက ကောင်းကင်စည်းမျဉ်းများ၏ ဖိနှိပ်မှုကို အများဆုံးခံရသည့် လူတစ်ယောက်ဟု သတ်မှတ်နိုင်သည်။ အလွန်ထူးခြားသော သူ၏အဆင့်အတန်းကြောင့် ကျားအဆောင်ရှိနေသော စစ်ကျောင်းတော်မှ သိုင်းသခင်ကပင် သူ့ကို အလေးထားရ၏။ ရလဒ်အနေနှင့် သူ၏ကျင့်ကြံမှုက အလွန်ထူခြားပြီး လွှမ်းမိုးမှုကတော့ သိသာထင်ရှားမှုမရှိချေ။
လက်ရှိအချိန်တွင် လူဝံအိုကြီးက သာမန်လူငယ်လေးတစ်ယောက်ကို ရင်ဆိုင်ရသည့် အချိန်၌ အတိတ်တုန်းက သွေးထွက်သံယိုတိုက်ပွဲများကဲ့သို့ တက်ကြွမှုကို ခံစားနေရသည်။ ထိုလူငယ်လေးက သူ့ကို အံ့ဩစရာ အကြောင်းအရာများစွာ ပေးခဲ့သည်ဟု လူဝံအိုကြီးက ငြင်းဆန်လိုခြင်း မရှိချေ။
သူက လူသားများ၏ နှလုံးသားကို မည်သို့တွက်ချက်ရမည်ဖြစ်ကြောင်း သိနေသလို ထောင်ချောက်များကို မည်သို့ဆင်ရမည်ဖြစ်ကြောင်းနှင့် မြေမျက်နှာသွင်ပြင် အခြေအနေကို မည်သို့အသုံးချရမည်ဖြစ်ကြောင်း ကောင်းကောင်းကြီး သိနေခဲ့သည်။ အရေးကြီးဆုံးအရာကတော့ သူက အတော်လေးအတင့်ရဲနေခြင်းဖြစ်၏။
လူဝံအိုကြီးက ကောင်းကင်ပေါ်ကို မော့ကြည့်လိုက်သည်။ နေမင်းကြီးက အနောက်ဘက်ကို နိမ့်ဆင်းလာပြီး မှောင်စပြုလာပြီဖြစ်၏။ သူတို့၏ အမြင်အာရုံကိုလည်း တဖြည်းဖြည်းပို၍ ကန့်သတ်ချက်ရှိလာခဲ့သည်။ ထို့ပြင် သူက ဤမြို့ငယ်လေး၏ မြေမျက်နှာသွင်ပြင်နှင့် လုံးဝရင်းနှီးမှုမရှိချေ။ ထိုအရာက လူငယ်လေး၏ ဝှက်ဖဲများထဲမှ တစ်ခုဖြစ်နိုင်၏။ ထိုအရာက သူ့အတွက် အကာအကွယ် အဆောင်တစ်ခုဟုလည်း သတ်မှတ်နိုင်သည်။
လူဝံအိုကြီးက မြင်းတစ်ကောင်ကဲ့သို့ လျင်မြန်စွာ စတင်ပြေးလွှားလိုက်၏။ သူက ခြေတစ်လှမ်းလျှင် (၃)မီတာခန့် ရောက်နိုင်သည်မှာ အလွန်အံ့ဩစရာ ကောင်းလွန်းလှ၏။
လူဝံအိုကြီး လှုပ်ရှားလိုက်သည့်အချိန်တွင် လူငယ်လေးက ပြန်လှည့်ပြီး ထွက်ပြေးခဲ့သည်။ သူက လမ်းကြားများအတိုင်း မသွားခဲ့ဘဲ မြောက်ဘက်ကို ပြေးသွားခဲ့၏။
မည်သို့ဖြစ်စေကာမူ ဖုလုလမ်းကြားနှင့် မက်မွန်ပွင့်လမ်းကြားထဲတွင် ချမ်းသာကြွယ်ဝပြီး အစွမ်းထက်သူများ ရှိနေကြသည်။ အကယ်၍ တစ်စုံတစ်ယောက်ကသာ လူဝံအိုကြီးနှင့် ပူးပေါင်းလိုက်မည်ဆိုလျှင် ချန်းပင်အန်းက လွတ်မြောက်နိုင်လိမ့်မည် မဟုတ်ချေ။ ရလဒ်အနေနှင့် ချန်းပင်အန်းက အနောက်ဘက်ကိုသာ ပြတ်သားစွာ ထွက်ပြေးသွားခဲ့၏။
တောင်ဘက်တွင်တော့ အမိုးတံတားရှိနေပြီး ထိုနေရာတွင် ရှိနေသော မြင်ကွင်းများက ကျယ်ပြန့်ပြီး ပုန်းစရာနေရာမရှိချေ။ သူတို့၏ အရှိန်ကွာဟမှုအရ ချန်းပင်အန်းက တောင်ရွှေ့လူဝံကြီး၏ လိုက်လံမှုမှ လွတ်မြောက်ရန် ခက်ခဲနိုင်သည်။
မြို့၏အနောက်ဘက်တွင်တော့ နက်ရှိုင်းသောတောင်တန်းများနှင့် သစ်တောအိုကြီးများ ရှိနေသည်။ သစ်ပင်သစ်ရွက်များကလည်း စိမ်းလန်းနေပြီး လမ်းတလျှောက်တွင် မုဆိုးများ ထောင်ထားသော ထောင်ချောက်များစွာ ရှိနေ၏။
တောင်တက်လမ်းက ဖြတ်သန်းသွားလာရန် ခက်ခဲသည်။ အကယ်၍ လမ်းဟောင်းအတိုင်း သွားလာခြင်း မရှိလျှင် အလွန်အမင်းကို ခက်ခဲ၏။ ချန်းပင်အန်းကတော့ ထိုအရာကို တခြားသူများထက် ပို၍သိနေခဲ့သည်။ လူငယ်လေးက မမှားခဲ့ပေ။
သို့သော် သူက လူဝံအိုကြီးကို လျော့တွက်မိလိုက်ခြင်း ဖြစ်သည်။ ကျန့်ယန်တောင်၏ အစောင့်အရှောက် လူဝံကြီးတစ်ယောက်ဖြစ်သော လူဝံအိုကြီးက တောင်တန်းများ အကြောင်းကို လူငယ်လေးထက်ပို၍ နက်နက်ရှိုင်းရှိုင်း နားလည်ထားခဲ့သည်။
လူငယ်လေးက နောက်ဆုံးအမိုးပေါ်မှ ခုန်ချပြီး မြေပေါ်သို့ ဆင်းသက်လိုက်သည့် အချိန်တွင် ကျဆင်းလာသည့် စွမ်းအားတချို့ကို ဒူးကွေး၍ ဖယ်ရှားလိုက်သည်။ သူက နောက်တွင် ရှိနေသော မြင်ကွင်းများကို လှည့်ကြည့်လိုက်ပြီး ရှေ့သို့ တဟုန်ထိုး ဆက်ပြေးသွားခဲ့၏။
သူ ပြေးသွားလိုက်သည့်အချိန်တွင် သစ်သားလေးနှင့် မြားကျည်တောက်ကတော့ ခြေရာလက်ရာမရှိ ပျောက်ကွယ်သွားခဲ့သည်။ အကယ်၍ ချန်းပင်အန်းကသာ တောင်ပေါ်သစ်တောထဲတွင် ရှေ့လူများ ဖောက်ခဲ့သော လမ်းကြောင်းကို စွန့်လွှတ်ရန် ရွေးချယ်ပြီး စိုးရိမ်တကြီး ထွက်ပြေးနေမည်ဆိုလျှင် သူတို့က သေချာပေါက် ဝန်ထုပ်ဝန်ပိုးတစ်ခု ဖြစ်လာနိုင်သည်။
လူငယ်လေးက တောထဲကို ဝင်တော့မည်ဖြစ်ကြောင်း မြင်သည့်အခါ လူဝံအိုကြီးက စိတ်လှုပ်ရှားလာခဲ့၏။ သူက ဖုလုလမ်းကြားတွင် ရှိနေသော လီမိသားစု၏ အိမ်ဂေဟာရှိရာကို တစ်ချက် ပြန်လှည့်ကြည့်လိုက်၏။
သူတို့က တောင်တန်းထဲကို ဝင်သွားလိုက်မည်ဆိုလျှင် သူက မြေပြင်အသာစီးရနိုင်သည်ဟု လူဝံအိုကြီးက မပြောရဲသော်လည်း မြို့ထဲတွင် ပြေးလွှားသွားလာရခြင်းနှင့် ယှဉ်လိုက်မည်ဆိုလျှင်တော့ ပို၍ သက်တောင့်သက်သာ ရှိလာနိုင်သည်။
လူဝံအိုကြီးက ဆုံးဖြတ်ချက်ချလိုက်ပြီး အခြေအနေအရပ်ရပ်ကို လျင်မြန်စွာ တွေးတောကြည့်လိုက်သည်။ သူက လေများကို တဝကြီးရှုလိုက်၏။ အကယ်၍ ပြဿနာကြီးကြီးမားမားမရှိလျှင် ထိုလူငယ်လေးကို သတ်ပစ်ရန် လုံလောက်သည်။
လူဝံအိုကြီး၏ မျက်နှာပေါ်တွင်တော့ လှိုင်းဂယက်များစွာ ပေါ်လာခဲ့၏။ အလွန်ကြီးမားသော သူ၏ခန္ဓာကိုယ်ကြီးကလည်း မြေပြင်ပေါ်မှ မြောက်တက်လာခဲ့၏။ သူ့ခြေထောက်အောက်တွင် ရှိနေသော သနားစရာအိမ်ငယ်လေးကတော့ အမိုးကျွံကျသွားခဲ့သည်။
မြို့၏အနောက်ဘက်တွင် နေထိုင်သူများက ဆင်းရဲပြီး ဤနေရာတွင် ရှိနေသော အိမ်ငယ်လေးများက ဖုလုလမ်းကြားထက် ပို၍နည်းပါးသည်မှာ ကံကောင်းသွားသည်။ အဘယ်ကြောင့်ဆိုသော် ထိုအိမ်ငယ်လေးများကို တည်ဆောက်ထားသော ထုတ်တန်းများ၊ တိုင်လုံးများက ကောင်းမွန်မှုမရှိပေ။ အိမ်ထဲတွင် နေထိုင်သော မိသားစု(၄)ယောက်က အိမ်ထဲတွင် တစ်ယောက်မျှမရှိသည်မှာ ကံကောင်းသွားသည်။
လူဝံအိုကြီးက လေထဲသို့ ခုန်လိုက်ပြီး လေထဲတွင် တစ်ပတ်ကျွမ်းထိုးလိုက်သည်။ သူက ခြေချလိုက်သည့်အချိန်တွင်တော့ လူငယ်လေး၏ဘေးကို ရောက်လာခဲ့၏။ သူ ခြေချလိုက်သည့်နေရာတွင် တွင်းပေါက်ကြီးနှစ်ခုပေါ်လာပြီး နေရာတိုင်းတွင် ရွှံ့များ စင်သွားခဲ့သည်။ လူဝံကြီးက လူငယ်လေး၏နောက်ကျောကို လက်သီးနှင့်ထိုးလိုက်၏။
ထိုအချိန်တွင် လူငယ်လေး၏နောက်ကျောပေါ်သို့ စွမ်းအားများစွာ ပြည့်နှက်နေသော လက်သီးတစ်ဖက် ကျရောက်လာခဲ့သည်။ သွေးကြောများ၊ ကိုယ်တွင်းအင်္ဂါများ အားလုံးက နောက်ကျောနှင့် ဆက်သွယ်ထား၏။ အထူးသဖြင့် နောက်ကျောက နှလုံးသားနှင့် တစ်လက်မခန့်သာ အကွာရှိပြီး ပျက်စီးမှုအလွယ်ဆုံး အစိတ်အပိုင်းလည်း ဖြစ်သည်။ သူ့အသက်က အပ်ချည်တစ်မျှင်ကဲ့သို့ ဖြစ်နေခဲ့၏။
သူ့ဘေးမှ ဆူညံသံကိုကြားသည့်အခါ လူငယ်က စွမ်းအားများကို ရုတ်တရက် အသုံးပြုလိုက်သည်။ သူက အမိုးပေါ်မှ လူဝံအိုကြီး ဆင်းသက်လာသည့်အရှိန်ထက်ပင် (၂)ဆ (၃)ဆခန့် ပို၍မြန်နေခဲ့၏။ အနည်းဆုံးတော့ လူငယ်လေးက စလာသည့်အချိန်မှ ဆုံးသည့်တိုင်အောင် သူ့အစွမ်းများကို ဖုံးကွယ်ထားသည်ဟု ဆိုလိုနေသေးသည်။
ရလဒ်အနေနှင့် လူဝံအိုကြီး၏လက်သီးက လူငယ်၏နောက်ကျောကို ထိုးဖောက်နိုင်ခဲ့ခြင်း မရှိသည့်အပြင် သူ၏နှလုံးသားကိုဖျက်ဆီးပစ်ရန်လည်း မအောင်မြင်ခဲ့ပေ။ သူက လူငယ်၏နောက်ကျောတွင် အနည်းငယ် ပွန်းပဲ့သွားစေရုံသာ ရှိသည်။
လူငယ်က ထိုလက်သီးကို ထိပ်တိုက်ရင်ဆိုင်ခဲ့ခြင်း မရှိသော်လည်း တူတစ်လက်နှင့် အထုခံလိုက်ရသည့်အလား ရှေ့သို့ လွင့်ပျံသွားခဲ့သည်။ ထိုအချိန်တွင် လူငယ်၏အံ့ဩမှင်သက်ဖွယ်ရာ သွက်လက်ဖျတ်လတ်မှုကို ပြသနိုင်ခဲ့၏။
မြက်ဖိနပ်နှင့် လူငယ်လေး၏ နှုတ်ခမ်းထောင့်မှနေ၍ သွေးများစီးကျလာခဲ့သည်။ လက်သီးချက်ကြောင့် လွင့်သွားပြီးနောက် သူက မျက်နှာနှင့် ပြုတ်ကျသွားရမည် ဖြစ်သည်။ သို့သော် လူငယ်လေးက မျက်နှာနှင့် ကျလာခဲ့သည့်အချိန်တွင် လက်နှစ်ဖက်ကို ဆန့်ထုတ်လိုက်ပြီး မြေပြင်နှင့် ထိန်းထားလိုက်သည်။
ထို့နောက် တံတောင်ဆစ်ကိုကွေး၍ စွမ်းအားများ ပို့ဆောင်လိုက်၏။ သူ့ခန္ဓာကိုယ်တစ်ခုလုံးက လေထဲတွင် တစ်ပတ်လည်သွားခဲ့သည်။ မြေပြင်ပေါ်သို့ ခြေထောက်နှစ်ဖက်နှင့် ပြန်ကျလာပြီးနောက် ထိုအရှိန်ကို အသုံးချပြီး ဆက်၍ပြေးသွားခဲ့၏။
ထိုလူငယ်လေး၏ မာကျောကြံ့ခိုင်မှုကို မြင်သည့်အခါ အလွန်အတွေ့အကြုံ ရင့်ကျက်သော တောင်ရွှေ့လူဝံကြီးကပင် ခေါင်းကိုက်သွားခဲ့သည်။ လူဝံကြီးက လက်နှစ်ဖက်ကို မြှောက်လိုက်၏။ သူ၏လက်ခုံပေါ်တွင်တော့ သွေးများပြည့်နေသည်။ ထိုဒဏ်ရာကတော့ ဘာမှမဟုတ်ချေ။
လူဝံကြီးက ခပ်ယဲ့ယဲ့ ပြုံးလိုက်မိ၏။ သူက ထိုလူငယ်ကိုသတ်ရန် ပို၍ဆုံးဖြတ်ချက် ခိုင်မာသွားခဲ့သည်။ ဘာကြောင့်ဒဏ်ရာရလဲဟူသည်ကိုတော့ သူလည်း ရှုပ်ထွေးနေခဲ့ခြင်းမရှိချေ။
နွေဦးရာသီတွင် အလွန်အေးစက်နေသေးသည်။ ပါးလွှာသော အင်္ကျီဝတ်ဆင်ထားသော ရွှံ့ပုလင်းလမ်းကြားထဲမှ လူငယ်လေးက လူဝံအိုကြီး၏ရှေ့တွင်တော့ ထူထဲသောအင်္ကျီများကို ဝတ်ဆင်ထားကြောင်း သိသာနေသည်။
သူက အဝတ်အစားများအပြင် လျှိုရှန်းယန်၏ ခပ်ပွပွအဝတ်အစားကိုလည်း ဝတ်ဆင်ထားပြီး သူတို့ကို အပြင်ဘက်ဆုံးအလွှာအဖြစ် သတ်မှတ်ထားသည်။ အင်္ကျီ(၂)ထည်၏ကြားထဲတွင် တစ်စုံတစ်ခုရှိနေ၏။ ထိုအရာကိုတော့ လူငယ်လေးက သစ်သားကြွေချပ်ဝတ်အင်္ကျီတစ်ခု ဖန်တီးထားခဲ့ခြင်းဖြစ်သည်။ ထိုနေရာတွင် သစ်သားပြား(၆)ပြား ထိုးထည့်ထားပြီး ကြိုးများနှင့် ချည်နှောင်ထားသည်။
ရင်ဘတ်ရှေ့တွင် သစ်သားပြား(၃)ပြားနှင့် နောက်ကျောတွင် သစသာ်းပြား(၃)ပြား ထည့်ထား၏။ အရေးကြီးဆုံးအရာကတော့ ထိုအရာက လက်လုပ်ချက်ဝတ် အင်္ကျီတစ်ခုဖြစ်ပြီး ကြွေထည်အပိုင်းအစများ ပေါင်းထည့်ထားခြင်းဖြစ်သည်။
ထိုအချိန်တွင် လူဝံအိုကြီးက ဆိုးရွားမှုကို ခံစားလိုက်ရ၏။ အလွန်အဆင့်မြင့်သော အရာရှိတစ်ယောက်က ခွေးချီးပုံ မတော်တဆတက်နင်းမိသလို ခံစားလိုက်ရသည်။ လူဝံအိုကြီးက လက်သီးကို တင်းတင်းဆုပ်လိုက်၏။
သူက အသက်ရှုသံကို ထိန်းချုပ်ပြီး နေရာတွင်သာ ရပ်နေခဲ့သည်။ ခန္ဓာကိုယ်ထဲမှ ထွက်ပေါ်လာသော စွမ်းအားကိုလည်း ဖိနှိပ်ထားခဲ့၏။ သူ၏မျက်နှာပေါ်တွင်လည်း ခရမ်းရောင်နှင့် အစိမ်းရောင်အလင်းတန်းများ တလှည့်ဆီ ထွက်ပေါ်လာနေပြီး တခဏအတွင်း ပျောက်ကွယ်သွားခဲ့၏။ လူဝံအိုကြီးက အလွန်ဒေါသထွက်နေခဲ့သည်။
ထိုအချိန်တွင် သစ်တောထဲမှနေ၍ ကျောက်တုံးတစ်တုံး ထွက်လာခဲ့၏။ လူဝံအိုကြီးက အလွန်မာကျောသော ကျောက်တုံးကို လက်နှင့်ဖမ်းလိုက်သည်။ ထိုအရာက လက်သည်းအရွယ်အစားခန့်သာ ရှိ၏။
ထို့နောက် အသံများ ဆက်တိုက်ထွက်ပေါ်လာပြီး လူငယ်လေးက သစ်တော၏ အတွင်းပိုင်းထဲကို ထွက်ပြေးသွားကြောင်း ပြသနေခဲ့သည်။ လူဝံအိုကြီး၏မျက်နှာက ပျက်ယွင်းနေခဲ့၏။ သူက မြို့ငယ်လေး၏ ညကောင်းကင်ကြီးကို မော့ကြည့်လိုက်သည်။
လူငယ်လေး၏ အစစ်အမှန်ရည်ရွယ်ချက်က ကျားကို တောင်ထဲမှ မျှားခေါ်ရန် အစီအစဉ်ဖြစ်မှာ ဆိုးရသည်။ သို့သော် တောင်တန်းပေါ်တွင် မြက်ဖိနပ်နှင့် လူငယ်လေးကို လျင်မြန်စွာ သတ်ပစ်လိုက်ခြင်းက အကောင်းဆုံးဖြစ်ကြောင်း လူဝံအိုကြီး၏ မသိစိတ်က ပြောပြနေခဲ့၏။
…………..
လုပ်ကြံသူ လူငယ်လေး တစ်ယောက်က ဖုလုလမ်းကြားပေါ်တွင် ရှိနေသော သစ်ပင်အိုကြီး၏ အမြင့်ဆုံး သစ်ကိုင်းပေါ်ကို တက်လာခဲ့သည်။ ယခု ထိုအရာက လူတစ်ယောက်၏ အလေးချိန်ကို ခံနိုင်ရည်ရှိ၏။ ထိုအရာက အမိုးထက်ပင် ပို၍မြင့်မားသည်။
ထိုနေရာတွင်တော့ ဖိတ်ခေါ်မထားသော ဧည့်သည်တစ်ယောက်ရှိနေ၏။ အနည်းငယ် ခပ်နိမ့်နိမ့်တွင်တော့ နောက်ထပ် လူတစ်ယောက် ထိုင်နေခဲ့သည်။ ထို(၂)ယောက် ရုတ်တရက် ပေါ်လာသည့်အတွက် လီမိသားစုမှ လူများက ထိတ်လန့်ကြောက်ရွံ့သွားကြသော်လည်း သူတို့ကို မမြင်ချင်ယောင်ဆောင်ထားကြသည်။
အဘယ်ကြောင့်ဆိုသော် ထိုနေရာတွင် ထိုင်နေသော အဖြူဝတ်လူက မီးဖိုကြီးကြပ်သူဖြစ်သည်။ သူက စုန့်ကျိရှင်းကိုခေါ်လာပြီး ပြပွဲတစ်ခုက ကြည့်ချင်နေခဲ့ခြင်းဖြစ်၏။ သို့သော် ညနေစောင်းအချိန်ကို ရောက်နေပြီဖြစ်သည်။
စုန့်ကျိရှင်း၏အမြင်က ကောင်းမွန်ခြင်း မရှိသည့်အတွက် ရွှံ့ပုလင်းလမ်းကြား၏ အမိုးများအပေါ်တွင် တိုက်ခိုက်နေသော တိုက်ပွဲအကြောင်း စုန့်ချန်ကျင့် ပြောသည့်စကားကိုသာ နားထောင်နေရ၏။ သူက လက်တစ်ဖက်ကို ဒူးပေါ်သို့ တင်ထားပြီး လက်တစ်ဖက်နှင့် ပါးကိုထောက်၍ အဝေးကိုကြည့်နေခဲ့၏။
ထိုတိုက်ပွဲအကြောင်း ပြောပြနေစဉ် အတောအတွင်း သူက ရံဖန်ရံခါ မြို့ငယ်လေးနှင့် ပတ်သက်ပြီး မည်သူမျှမသိသော လျှို့ဝှက်ချက်များကို ပြောပြတတ်သည်။ ထို့ပြင် ကျင့်ကြံမှုများနှင့် ပတ်သက်သော အရာများကိုလည်း ပြောပြခဲ့၏။
“တကယ်လို့ ငါတို့ကသာ အခွင့်အရေးတွေ အကြောင်း မပြောဘဲ မှော်ရတနာတွေ အကြောင်းပဲ ပြောမယ်ဆိုရင် အဲဒီနာမည်ကျော် ဓားသိုင်းကျမ်းက မြို့ငယ်လေးထဲမှာ အဆင့်(၃)လို့ နာမည်ကျော်တာ တော်တော်လေးကြာပြီ။ တကယ်လို့ ငါတို့ကသာ အချိန်ကာလကို တွက်ကြည့်ပြီး မြို့ငယ်လေးရဲ့နှစ်(၃၀၀၀)ကျော် သမိုင်းကြောင်းကို ကြည့်လိုက်မယ်ဆိုရင် အဲဒါက အဆင့်(၁၀)အတွင်း ရောက်ဖို့တောင် နည်းနည်းလေးခက်တယ်။ ဒါပေမဲ့ အဆင့်(၂၀)အတွင်း ဝင်ဖို့ကတော့ သေချာပေါက် ပြဿနာတစ်ခု မဟုတ်ဘူး။ ဒီအဆင့်က နိမ့်တယ်လို့ မထင်နဲ့။ အဲဒါက တော်တော်လေးကို မြင့်တာ။ ချပ်ဝတ်အင်္ကျီအပြင် လျှိုမျိုးရိုးကောင်လေးကသာ အရာအားလုံးကို ရခဲ့မယ်ဆိုရင် သူ့ရဲ့အခွင့်အရေးတွေက မင်းတို့(၅)ယောက်ထက်တော့ မနိမ့်နိုင်ဘူး…”
စုန့်ကျိရှင်းက မော့ကြည့်ခဲ့ခြင်း မရှိချေ။ အဘယ်ကြောင့်ဆိုသော် သူ့ခေါင်းပေါ်တွင် လူတစ်ယောက် ရှိနေခြင်းကြောင့်ဖြစ်သည်။ ထိုလူငယ်က စိတ်ဝင်တစားမေးလိုက်၏။
“ဒါဆိုရင် ကျန့်ယန်တောင်က အကြီးအကဲလူဝံကြီးက ဘာလို့ သူ့ကို လက်သီးတစ်ချက်တည်းနဲ့ သတ်ပစ်ခဲ့ရတာလဲ…”
စုန့်ချန်ကျင့်က အပြုံးနှင့် ပြောလိုက်၏။
“သူ့ရဲ့ကံတရားက အရမ်းကို ကောင်းနေတယ်။ သူ့ကို တခြားသူတွေကတောင် မနာလို ဖြစ်နေတာ။ သူ့မှာ ကျောထောက်နောက်ခံမရှိဘူး။ ဒါကိုနားလည်ဖို့ ခက်လို့လား…”
စုန့်ကျိရှင်း၏ မျက်နှာပေါ်တွင် သံသယများ ပြည့်နှက်နေသည်။ သူက ပြန်မေးလိုက်၏။
“ဒါဆိုရင် ရွှံ့ပုလင်းလမ်းကြားထဲမှာ တွေ့တွေ့ချင်း ဘာလို့ သူ့ကိုနောက်တစ်ကြိမ် မခေါ်ရတာလဲ…”
လူငယ်လေး၏ခေါင်းပေါ်တွင် ရှိနေသော တာ့လီဦးရီးတော်က အလွန်သဘောကျသည့် အမူအယာနှင့် ရယ်လိုက်သည်။ သူက အချိန်တော်တော်ကြာရယ်နေပြီးမှ ပြန်ပြောလိုက်၏။
“တောင်ပေါ်မှာ ကျင့်ကြံသူ ပါရမီရှင်တွေ အများကြီးရှိတယ်။ ဘယ်လိုပဲဖြစ်ဖြစ် မင်းက အပြင်ကိုရောက်သွားလို့ ငါ့ရဲ့နာမည်ပြောင်တစ်ခုခုကို ကြားတဲ့အချိန်ကျရင် အကြောင်းပြချက်ကို နားလည်ပါလိမ့်မယ်…”
စုန့်ချန်ကျင့်က ရုတ်တရက် မတ်တပ်ရပ်လိုက်ပြီး အဝေးကို လှမ်းကြည့်လိုက်သည်။ သူ၏အမူအယာက အနည်းငယ် ပြောင်းလဲသွားခဲ့၏။ သူက ခါးတွင် ပတ်ထားသော ကျောက်စိမ်းခါးပတ်ကို ညင်သာစွာ ပွတ်လိုက်ပြီး မျက်လုံးများက ဝင်းလက်တောက်ပနေခဲ့သည်။
တောင်ထိပ်ကို ရောက်လုနီးပါးဖြစ်နေသော သိုင်းပညာရှင်တစ်ယောက်၏ မျက်လုံးထဲတွင်တော့ မြို့၏အနောက်ဘက်ပိုင်းတွင် ရှိနေသော အငွေ့အသက်များက လှုပ်ရှားနေခဲ့သည်။ ထိုအရာကလည်း တောင်ရွှေ့လူဝံကြီးက မြို့ငယ်လေး၏ စည်းမျဉ်းများကို ချိုးဖျက်လိုက်ခြင်းကြောင်း ဖြစ်၏။ ထိုနေရာတွင် ရှိနေသော အငွေ့အသက်များက ဖရိုဖရဲ ဖြစ်နေသည့်အတွက် ပေါက်ကွဲသွားသော ကြွေထည်တစ်ခုကဲ့သို့ ဖြစ်နေသည်။
စုန့်ချန်ကျင့်က ဖြည်းညင်းစွာ ပြောလိုက်သည်။
“အဲဒီလူစိမ်းတွေက မြို့ထဲမှာ ရှိတဲ့လူတွေကို ဘာကြောင့် ပုရွက်ဆိတ်တွေလို ကြည့်နေလဲဆိုတာ မင်းက အံ့ဩကောင်းအံ့ဩလိမ့်မယ်။ ဒါက သူတို့ရဲ့သဘာဝလို့ မင်းက ထင်နေတာလား။ သူတို့က ကောင်းကင်ပေါ်မှာ မျက်လုံးတွေ ရှိနေတာလား။ အကျင့်စရိုက်ဆိုတာက အကြောင်းပြချက်သေးသေးလေးပါပဲ။ ဒါပေမဲ့ အဓိကအကြောင်းအရာကတော့ ပုံမှန်ဖြစ်ရိုးဖြစ်စဉ်တစ်ခုပဲ။ မင်းက မြို့ထဲကနေ လုံးဝထွက်မသွားဖူးတဲ့အတွက် အပြင်ဘက်ကမ္ဘာကြီးထဲမှာ အဲဒီအင်မော်တယ်တွေရဲ့ အဆင့်အတန်းကို မသိဘူး..”
စုန့်ကျိရှင်းက ပြန်ဖြေလိုက်သည်။
“ကျွန်တော်က လုံးဝမအံ့ဩပါဘူး…”
“မင်းတို့လို စာသင်သားတွေနဲ့ စကားပြောရတာ တော်တော်ခက်တာပဲ…”
စုန့်ချန်ကျင့်က အံ့ဩသွားခဲ့ခြင်းမရှိချေ။
သူက ဆက်ပြောလိုက်၏။
“ဘာလို့လဲဆိုတော့ မင်းနဲ့ သူတို့ရဲ့ကြားထဲမှာ မျဉ်းကြောင်းလေးတစ်ခုရှိတယ်။ အဲဒီမျဉ်းကြောင်းလေးက မကြီးဘူး။ ဒါပေမဲ့ လူတချို့အတွက်တော့ တော်တော်လေးကို သေးငယ်တယ်။ မင်းကသာ အဲဒီမျဉ်းကြောင်းလေးကို မြင်တွေ့မယ်ဆိုရင် ဖြတ်ကျော်နိုင်တယ်…”
“လျှိုရှန်းယန်နဲ့ တခြားကုန်းမြေက တာအိုဂိုဏ်းတစ်ခုကို ရွေးချယ်သွားတဲ့ ကျိုးယောင်ဆိုတဲ့ စာသင်သားလေးလိုပဲ။ မင်းတို့အားလုံးက အဲဒီအမျိုးအစားထဲမှာ ပါတယ်။ ဒါပေမဲ့ သိပ်လည်း မသေးပြန်ဘူး။ မြို့ငယ်လေးထဲမှာရှိတဲ့ လူအများစုကတော့ အဲဒီမျဉ်းကြောင်းလေးကို သဘာဝရန်သူတစ်ယောက်လို မြင်ကြတယ်။ သူတို့က ဖြတ်ကျော်ဖို့ဆန္ဒတောင် မရှိကြဘူး။ အဖွဲ့(၂)ဖွဲ့ရဲ့ ကြားထဲမှာရှိတဲ့ ကွာဟမှုကို အဲဒီမျဉ်းကြောင်းလေးပဲ ခြားထားတာ။ အဲဒါက လူသားနဲ့သစ်ပင်တွေရဲ့ ကြားထဲမှာရှိတဲ့ ကွာဟမှု ၊ ယင်နဲ့ယန်ရဲ့ကြားထဲမှာရှိတဲ့ ကွာဟမှုတွေနဲ့ ဘာမှမထူးဘူး။ ပိုပြီးတော့တောင် ကြီးမားနိုင်သေးတယ်….
ထိုအချိန်တွင် စုန့်ချန်ကျင့်က အံ့အားသင့်စွာ ရေရွတ်လိုက်မိသည်။ ထို့နောက် သူက အာလုပ်သံကြီးနှင့် ပြောလိုက်၏။
“အဲဒီမကောင်းဆိုးဝါးအိုကြီးက ဒီတစ်ကြိမ်တော့ နည်းနည်းလေး ကံဆိုးသွားပြီ။ သူက ဒီလိုဖြူကောင်သေးသေးလေးကို ရန်စမိခဲ့တာပဲ။ သူက စွမ်းအားတွေကို ဖုံးကွယ်ထားတဲ့နေရာမှာ တကယ်တော်တယ်။ စုန့်ကျိရှင်း …အခုတော့ ငါ မင်းကို နည်းနည်းလေး နားလည်သွားပြီ။ ဒီလို ပြိုင်ဘက်မျိုးနဲ့ ရင်ဆိုင်ရတဲ့ လူတိုင်းက မသက်မသာ ခံစားကြရမှာပဲ။ သူ့ကို သတ်လိုက်တာကလွဲရင် တေ်ာတော်လေးကို ပြဿနာများလွန်းတယ်…”
စုန့်ကျိရှင်းကတော့ ဝမ်းမသာနိုင်ခဲ့ပေ။
မလှမ်းမကမ်းတွင် …
လီမိသားစုစံအိမ်ထဲမှ ကျယ်လောင်သော အော်ဟစ်သံများ ထွက်ပေါ်လာပြီး အမှောင်ထဲတွင် မီးတောက်များ ထွက်ပေါ်လာခဲ့သည်။ မြက်ဖိနပ်နှင့် လူငယ်လေးတွင် အမှန်တကယ် အကူအညီတစ်ယောက် ရှိခဲ့၏။ ထိုအရာက သာမန်လူတစ်ယောက် မဟုတ်ချေ။
စုန့်ချန်ကျင့်က ပြုံးလိုက်၏။ လုပ်ကြံသူ၏အရိပ်က သစ်ပင်ကြီး၏အောက်မှ ဖြတ်ပြေးသွားသော်လည်း သူကတော့ တားဆီးရန် စိတ်ကူး မရှိချေ။
သူ၏မြင်ကွင်းထဲတွင် လူဝံကြီးက အနောက်ဘက်ခြမ်းမှ ပြန်ရောက်လာကြောင်း မြင်လိုက်ရသည်။ သူက မြို့ထဲတွင် တက်လိုက်၊ကျလိုက်နှင့် အမိုးတစ်ခုနှင့်တစ်ခု ခုန်ကျော်လာခဲ့သည်။ သူ့ကြောင့် ပျက်စီးသွားသော အိမ်များကိုတော့ သူက ဂရုမစိုက်ခဲ့ပေ။ ကျန့်ယန်တောင်မှ လူဝံအိုကြီးက သဲအိတ်ကြီးတစ်ခုကဲ့သို့ ထင်ရ၏။
စုန့်ချန်ကျင့်က ရုတ်တရက်မျက်မှောင်ကြုတ်လိုက်မိသည်။ ထို့နောက် သူက စိတ်သက်သာရာ ရသလို ခံစားလိုက်ရ၏။ ထိုအချိန်တွင် သူ့ဆီ၌ တိုက်ခိုက်ချင်စိတ်များ ထွက်ပေါ်လာခဲ့သည်။
တာ့လီ စုန့်ချန်ကျင့်က သူ့ဘဝတွင် အကြောင်းအရာ(၃)မျိုးကို အလွန်သဘောကျသော သိုင်းပညာရှင် တစ်ယောက်ဖြစ်သည်။ ထိုအရာက မြို့တော်တွင် စံအိမ်တစ်ခု တည်ဆောက်ခြင်း၊ ပါရမီရှင်များကို သတ်ဖြတ်ခြင်းနှင့် အင်မော်တယ်များကို တိုက်ခိုက်ခြင်း ဖြစ်သည်။
ထိုအချိန်တွင် စုန့်ကျိရှင်းက မျက်လုံးပြူးသွားခဲ့၏။ သူ့ခေါင်းပေါ်တွင် ရှိနေသောလူက သူကိုယ်တိုင်ပင် မသိလိုက်ဘဲ ဖုလုလမ်းကြားထဲသို့ ရောက်သွားခြင်းကြောင့်ဖြစ်သည်။ သူက အဝေးတွင် ရှိနေသော လူဝံအိုကြီးကို ရိုးရှင်းစွာ တိုက်ခိုက်လိုက်၏။
တာ့လီဦးရီးတော်နှင့် တောင်ရွှေ့လူဝံကြီး…
သူတို့နှစ်ယောက်က အချင်းချင်း ရင်ဘတ်ကို လက်သီးနှင့်ထိုးလိုက်မိသည်။ စုန့်ချန်ကျင့်က နောက်ဆုတ်သွားခဲ့ခြင်း မရှိဘဲ ရှေ့ကိုပင် တိုးလာခဲ့၏။ လူဝံအိုကြီးကလည်း နောက်ကို တစ်လှမ်းဆုတ်သွားခဲ့သည်။
သူတို့က နောက်တစ်ကြိမ် အချင်းချင်း လက်သီးနှင့် ထိုးလိုက်ပြန်၏။ ယခုတစ်ကြိမ်တော့ မျက်ခုံးကြားထဲတွင် ရှိနေသော နဖူးကို ထိုးလိုက်ခြင်းဖြစ်သည်။ စုန့်ချန်ကျင့်က ရှေ့ကို လျှောက်လာပြီး ယခုတစ်ကြိမ် လက်သီးနှင့်ထိုးလိုက်သူမှာ သူကိုယ်တိုင်သာ ဖြစ်သည်။
သူက ရှေ့ကို အရှိန်ပြင်းစွာ လျှောက်လာပြီး ဒူးနှစ်ဖက်ကို အနည်းငယ်ကွေးလိုက်၏။ ဘယ်ဘက်လက်ကို ရှေ့သို့ ဆန့်ထုတ်လိုက်ပြီး ညာဘက်လက်ကို လက်သီးဆုပ်၍ နောက်သို့ ဆွဲယူလိုက်သည်။ အဖြူရောင်ဝတ်စုံဝတ်ဆင်ထားသော သူ၏အင်္ကျီက လှုပ်ရှားနေပြီး ခြေထောက်အောက်တွင် ရှိနေသော အပြာရောင်ကျောက်ပြားများက အက်ကွဲသွားခဲ့သည်။ သူက လက်သီးတစ်ဖက်ကို လှမ်းထိုးလိုက်၏။
လူဝံအိုကြီးကတော့ လက်ဝါးတစ်ဖက်ကို ဆန့်ထုတ်လိုက်ပြီး စုန့်ချန်ကျင့်၏လက်သီးကို တားဆီးလိုက်သည်။ ကမ္ဘာမြေကြီး ကြားထဲတွင် အက်ကွဲသံနှစ်ခုသာ ထွက်ပေါ်လာခဲ့၏။
လူဝံအိုကြီးက နောက်ကို ခြေလှမ်း(၁၀)လှမ်းကျော် တရွတ်တိုက် ပါသွားခဲ့ပြီး အပြာရောင်ကျောက်တုံးများပေါ်တွင် လမ်းကြောင်းတစ်ခု ပေါ်လာခဲ့သည်။
စုန့်ချန်ကျင့်က သူ၏အင်္ကျီလက်ကို ညင်သာစွာ ဝှေ့ယမ်းလိုက်ပြီး လက်တစ်ဖက်ကို နောက်သို့ ပစ်လိုက်၏။ တခြားလက်တစ်ဖက်ကတော့ ခါးတွင်ရှိနေသော ကျောက်စိမ်းခါးပတ်ကိုကိုင်ထားပြီး အပြုံးနှင့် ပြောလိုက်သည်။
“ချီကျင့်ချွန် …
မင်းက ငါ့ကို မတားတော့ဘူးလား။ မင်းက တကယ်ပဲ လက်လွှတ်လိုက်ပြီလား။ နည်းနည်းလေးတောင် ထပ်ပြီး ထိန်းမထားတော့ဘူးလား…”
လူဝံအိုကြီးက လေပူများကို မှုတ်ထုတ်လိုက်သည်။
စုန့်ချန်ကျင့်က လက်ဖဝါးကိုမြှောက်၍ ခါလိုက်ပြီး အပြုံးနှင့် ပြောလိုက်၏။
“ငါ ဒီနေရာကနေ ထွက်သွားတဲ့အချိန်ထိ စောင့်နေလိုက်။ ပြီးရင် ငါတို့ တိုက်ခိုက်လိုက်ကြမယ်။ အခုတော့ မြို့ထဲမှာ အလုပ်ကိစ္စရှိလို့ သွားတော့မယ်..”
လူဝံအိုကြီးက ပြုံးလိုက်သည်။
“စုန့်ချန်ကျင့် …
အဲဒီအချိန်ရောက်ရင် မင်းက ငါ့ကို အနိုင်ရရင် ပိုပြီးကောင်းမယ်။ မဟုတ်ရင်တော့ တာ့လီရဲ့တောင်ပိုင်းနယ်ခြားစောင့်တပ်ဖွဲ့က လွယ်မှာမဟုတ်ဘူး..”
စုန့်ချန်ကျင့်က ပြုံးလိုက်၏။
“မင်းရဲ့ဆန္ဒအတိုင်းပါပဲ…”
လူဝံအိုကြီးက အေးစက်စွာ နှာခေါင်းရှုံ့လိုက်ပြီး လီမိသားစုစံအိမ်ထဲသို့ တစ်ယောက်တည်း ဝင်သွားခဲ့သည်။ သခင်မလေးက ဘေးကင်းလုံခြုံနေပြီး ကြောက်လန့်နေခြင်းပင် မရှိချေ။ အသေးစိတ်ကို နားလည်သွားပြီးနောက် ထိုအရာက လှည့်ကွက်လေးတစ်ခုသာ ဖြစ်ကြောင်း လူဝံအိုကြီးက နားလည်သွားခဲ့၏။
ခဏစဉ်းစားပြီးနောက် သူက ကြောက်စရာကောင်းစွာ ပြုံးလိုက်ပြီး မြို့အနောက်ဘက်ကို ပြေးသွားခဲ့သည်။ သူက အမဲလိုက်ရန် တောင်တန်းထဲသို့ ဝင်ရောက်သွားခဲ့ခြင်းဖြစ်၏။
Translated by Hein Htet