← Chapters

အခန်း (၁၂၀)

Vol. 8 Ch. 120

အခန်း (၁၂၀)

Vol. 8 Ch. 120

မိုခေါင်းဆောင်လွမ်နှင့် ဆရာကြီးလုတို့က ကျောက်စိမ်းဖြူမြို့တော်ထဲသို့ အတူတူ ပြန်ရောက်လာခဲ့ကြသည်။ သူတို့က အဆင့်(၁၂)အလွှာကို တက်သွားခဲ့ကြပြီး ထိုအထပ်တွင်တော့ မြက်နှင့် က်လုပ်ထားသော ထိုင်ခုံနှစ်ခုသာ ကျန်တော့သည်။

ထိုအရာက ချီကျင့်ကြံသူများကို ကျင့်ကြံမှုတွင် ကူညီပေးနိုင်သော အံ့ဩစရာ ရတနာများ မဟုတ်ကြပေ။ သူတို့က သာမန်လူများပင် အသုံးပြုနိုင်သော သာမန်ပစ္စည်းများ ဖြစ်ကြသည်။

မျက်နှာချင်းဆိုင် ထိုင်ချလိုက်ပြီးနောက် ဆရာကြီးလုက အပြုံးနှင့် မေးလိုက်၏။

"မင်းက ကျောက်စိမ်းဖြူမြို့တော် တည်ဆောက်မှုနဲ့ ပတ်သက်ပြီး ချီကျင့်ချွန်ကို ဘယ်အချိန်တုန်းက အကြံဉာဏ်တောင်းခဲ့တာလဲ…"

မိုခေါင်းဆောင်လွမ်က ခေါင်းခါပြီး အပြုံးနှင့် ပြောလိုက်၏။

"လုံးဝ အကြံမတောင်းဖူးဘူး။ ဒါပေမယ့် ငါသာ အဲဒီစကားကို မပြောခဲ့ဘူးဆိုရင် ခေါင်းမာတဲ့ အိုက်လျန်က ဘာတွေလုပ်သွားမလဲဆိုတာ ဘယ်လိုလုပ် ပြောနိုင်မှာလဲ။ သူက ပထမဆုံး မကျေမနပ်ဖြစ်တာနဲ့ ငါတို့ကို သတ်ပစ်လိုက်နိုင်တယ် မဟုတ်လား.."

ဆရာကြီးလုက လှုပ်ရှားသွားခဲ့ပြီး ‌ဇဝေဇဝါ အမူအရာနှင့် ပြန်မေးလိုက်သည်။

"အဲဒီလိုတော့ သေချာပေါက် မဟုတ်နိုင်ဘူးမလား…"

မိုခေါင်းဆောင်လွမ်က အားရပါးရရယ်ပြီး ပြောလိုက်သည်။

"ဟုတ်တယ် ။ ငါက စနေတာပါ။ အိုက်လျန်က အဲဒီလို လူမျိုးတော့ မဟုတ်ဘူး။ ဒါပေမယ့် နောက်ပိုင်းမှာ ငါ သူ့ကို ပြောခဲ့တဲ့စကားတွေကတော့ အမှန်ပဲ။ ချီကျင့်ချွန်က တာ့လီအင်ပါယာအတွက် သူ့ရဲ့အချိန်အများစုကို စတေးပြီး ကြိုးစားအားထုတ်ပေးခဲ့တယ်။ ပြီးတော့ သူက အနာဂတ် တာ့လီအင်ပါယာနှင့် အရှေ့ပိုင်းကုန်းမြေကြီးပေါ် မျှော်လင့်ချက်တွေလည်း ထားခဲ့တယ်…”

“အိုက်လျန်က ဒီကိစ္စကို စိတ်ထဲမှာ နားလည်တယ်ဆိုတာ သေချာပါတယ်။ မဟုတ်ရင် ချီကျင့်ချွန်က ဒီနေရာမှာ ချောက်ကမ်းပါးကျောင်းတော်ကို တည်ထောင်ခဲ့မှာ မဟုတ်သလို ကုန်းမြေကြီးထဲမှာ နေထိုင်ခဲ့တဲ့ လူတိုင်းကိုလည်း သင်ခန်းစာတွေ သင်ကြားပေးခဲ့မှာ မဟုတ်ဘူး။ ချောက်ကမ်းပါးကျောင်းတော်ကနေ ပညာသင်ပြီးသွားတဲ့ လူအများစုကတော့ အသက်ကြီးပြီး သေသွားကြပြီ။ တစ်ချို့ကတော့ အသက်ရှင်နေသေးတယ်။ ဘယ်လိုပဲဖြစ်ဖြစ် သူတို့ရဲ့သင်ကြားမှုတွေ မေးခွန်းဖြေကြားမှုတွေက အနာဂတ် စာသင်သားမျိုးဆက်တွေအတွက်တော့ ချီကျင့်ချွန်ရဲ့ မျှော်လင့်ချက်တွေ အိမ်မက်တွေ ရှင်သန်နေအောင် လုပ်ဆောင်ပေးနိုင်တယ်…"

လွမ်ချန်းယဲ့က ခဏကြာ ရပ်သွားပြီး မေးလိုက်သည်။

"အဲဒီစာသင်သားတွေက ချီကျင့်ချွန်ရဲ့ သေဆုံးမှုနဲ့ ပတ်သက်ပြီး ဝမ်းနည်းမှုမရှိဘူးလို့ ခံစားရတယ် မဟုတ်လား…"

ဆရာကြီးလုက ထိုအကြောင်းကို စဉ်းစားပြီး တိတ်ဆိတ်သွားခဲ့သည်။ အဆုံးတွင်တော့ သူက ဖြည်းညင်းစွာ ပြန်ပြောလိုက်၏။

"အဲဒီအချိန်တုန်းက အခြေအနေကြောင့် တာ့လီအင်ပါယာက ရွေးချယ်စရာမရှိတော့ဘဲ မကောင်းဆိုးဝါးငယ်လေးနှစ်ယောက်ကို ရွေးချယ်ခဲ့ရတယ်လေ…"

ထိုကိစ္စကို စဉ်းစားမိသည့်အခါ မိုခေါင်းဆောင်လွမ်က ပြုံးရုံလေးသာ ပြုံးလိုက်မိသည်။ သူက ချက်ချင်းခေါင်းစဉ်ပြောင်း၍ ပြောလိုက်၏။

"ငါ့အနေနဲ့ ပြောရမယ်ဆိုရင် ဒီနေ့ပြဿနာက အဲဒီလူကို ဒုက္ခပေးဖို့ ကြိုးစားလိုက်တဲ့ တာ့လီအင်ပါယာရဲ့ ဒဏ်ရာကို နက်ရှိုင်းအောင် လုပ်လိုက်သလို ဖြစ်နေတယ်။ အိုက်လျန်ရဲ့ကျင့်စဉ်အဆင့်နဲ့ စိတ်နေစိတ်ထားအရ သူက လောကကြီးထဲမှာ လှည့်လည်သွားလာနေတဲ့အချိန် ဒီလိုအသေးအဖွဲ့ကိစ္စမျိုးကို ဂရုစိုက်တတ်တဲ့ လူတစ်ယောက် မဟုတ်ဘူး။ အိုက်လျန်ရဲ့ စိတ်ထဲမှာ ဘာတွေရှိနေလဲဆို‌တာတော့ ငါလည်း သေချာမပြောနိုင်ဘူးလေ…"

ဆရာကြီးလုက သက်ပြင်းချလိုက်မိသည်။

"ဒါပေမယ့် မင်းရဲ့စိတ်ထဲမှာရှိနေတဲ့ ထင်မြင်ချက်ကိုလည်း ငါကပဲ ပြောပါရစေ။ ဒီနေ့ရက်တွေရဲ့ အဆုံးသတ်မှာတော့ အဲဒီလူရဲ့ နှလုံးသားထဲမှာရှိနေတဲ့ အဖုအထစ်က ချီကျင့်ချွန်နဲ့ ပတ်သက်နေသေးတယ်။ ပတ်ပတ်လည်က ဖိအားတွေကို ရင်ဆိုင်ရတဲ့အချိန်က တာ့လီအင်ပါယာက ချီကျင့်ချွန်ကို ထောက်ခံပေးဖို့အတွက် ရှေ့ကို ထွက်မလာခဲ့ဘူး။ ပြီးတော့ ချီကျင့်ချွန် ထွက်သွားတာနဲ့ တာ့လီအင်ပါယာက ချောက်ကမ်းပါးကျောင်းတော်ကို ချက်ချင်း ပိတ်ပစ်ခဲ့တယ်။တိုင်းပြည်က သူ့ကို မြန်မြန်ဆန်ဆန်ကြီး လက်လွှတ်ပစ်ခဲ့တယ်…”

“အမှန်အတိုင်းပြောရရင်တော့ သူ့ရဲ့ကံဆိုးမှုကနေ ဘုရင်ကြီးက အကျိုးအမြတ် ရတယ်လို့တောင် သူက သံသယဝင်နေနိုင်တယ်။ ဒါပေမယ့် ဒါက ဘုရင်ကြီးအတွက် လုပ်လို့ရတဲ့ အကောင်းဆုံးလုပ်ရပ်တစ်ခုဆိုတာ မင်းရောငါရော နှစ်ယောက်စလုံး နားလည်ထားကြတာပဲ…”

“ဘယ်လိုပဲဖြစ်ဖြစ် သာမန်ဘုရင်တွေ အုပ်ချုပ်သူတွေက ဒီလိုဆုံးဖြတ်ချက်တွေ ချရတဲ့အချိန်မှာ အပြစ်ရှိသလို ခံစားနေရလို့ မဖြစ်ဘူး။ သူတို့ရဲ့စိတ်ထဲမှာ ဒီလိုဆုံးဖြတ်ချက်တွေက သဘာဝဆန်ပြီး တရားမျှတမှုမရှိဘူးဆိုတာတော့ သိနေတာပဲ မဟုတ်လား…”

“ဘယ်လိုပဲဖြစ်ဖြစ် ငါတို့က ဒီကိစ္စတွေကို အိုက်လျန်ရဲ့အမြင်ကနေ ကြည့်မယ်ဆိုရင်တော့ တာ့လီအင်ပါယာက အောက်ဘုံ(၅)ဆင့်မှာရှိတဲ့ ကျင့်ကြံသူတွေကို စိန်ခေါ်ချင်နေတယ်လို့ တွေးနိုင်တယ် မဟုတ်လား…"

မိုခေါင်းဆောင်လွမ်က မေးလိုက်သည်။

"အဲဒီအပြင် ကျင့်ကြံသူတွေက သူတို့အနိုင်ရမယ်ဆိုပြီး ယုံကြည်ချက်ရှိရှိ လှုပ်ရှားနိုင်ကြသေးတယ်…"

ဆရာကြီးလုက အင်္ကျီလက်ကို လှုပ်ရှားလိုက်ပြီး နေရာကို အနည်းငယ် ပြောင်းလိုက်သည်။ သူက မချိပြုံး ပြုံးပြီး ကောက်ချက်ချလိုက်၏။

"အခုတော့ မင်းပြောသလိုပဲ။ ငါက ဘာလို့များ အပြစ်ရှိသလို ခံစားနေရတာလဲ…"

မိုခေါင်းဆောင်လွမ်က ရယ်ပြီး ပြောလိုက်သည်။

"တကယ်လို့ တစ်နေ့နေ့မှာ ငါတို့လို လူတွေရှိလာမယ်ဆိုရင်တော့ ငါတို့ရဲ့အကျိုးပြုမှုတွေ ၊ လုပ်ရပ်တွေက ဘယ်လောက် ကြီးကျယ်လဲဆိုတာကို သူတို့တွေက ပြောလာနိုင်တယ် မဟုတ်လား…”

“တကယ်လို့ ငါတို့က ကျောက်စိမ်းဖြူမြို့တော်ရဲ့ အဆင့်(၁၃)အလွှာကို အောင်အောင်မြင်မြင် တည်ဆောက်နိုင်မယ်ဆိုရင်တော့ မျှော်လင့်ချက် ရေးရေးလေး ရှိလာနိုင်တယ်။ ဒါပေမယ့် အခုတော့ အဆပေါင်းများစွာပိုပြီး ခက်သွားပြီ…"

ဆရာကြီးလုက သက်ပြင်းချလိုက်မိသည်။

မိုခေါင်းဆောင်လွမ်ကလည်း ခံစားချက်များ ပြည့်နှက်နေသော အမူအရာနှင့် ပြောလိုက်၏။

"နောက်ပိုင်း တာ့လီအင်ပါယာထဲမှာ ဘယ်ကလေးကများ အကြီးကျယ်ဆုံး အောင်မြင်မှုကို ရလာမှာလဲ…”

“ငါကတော့ စုန့်မူကို မျှော်လင့်ထားတယ်… မင်းကရော …"

ဆရာကြီးလုက အပြုံးနှင့်ပြန်ဖြေလိုက်သည်။

မိုခေါင်းဆောင်လွမ်က မျက်မှောင်ကြုတ်၍ ပြောလိုက်၏။

"ငါကတော့ အဲဒီကလေးမလေး ဝမ်ကျူးကို မျှော်လင့်ထားတယ်။ မင်းရော ဘယ်လိုသဘောရလဲ… "

လုကလန် သဘာဝကျောင်းတော်မှ အဘိုးကြီးက ခေါင်းခါပြီး ပြောလိုက်သည်။

"တစ်ကိုင်းထဲရှိတဲ့ သစ်ကိုင်းကပဲ လှပတဲ့ ပန်းပွင့်တွေပွင့်ပြီး တခြားလူတွေထက် သာလွန်နိုင်တယ်လေ။ ဒါပေမယ့် သစ်တောကြီးတစ်ခုအတွက်တော့ တော်တော်လေးကို ခက်ခဲလိမ့်မယ်…"

မိုခေါင်းဆောင်လွမ်ကလည်း ခေါင်းခါပြီး ထိုအကြောင်းကို မှတ်ချက်မပေးချင်ခဲ့ပေ။ ရုတ်တရက် သူက တစ်စုံတစ်ခုကို အမှတ်ရသွားပြီးမေးလိုက်၏။

"ချီကျင့်ချွန်က လီကျူးသုခဘုံထဲမှာ ရှိနေတဲ့အချိန် တခြားတပည့်တွေ လက်မခံခဲ့ဘူးလား။ ဥပမာ ကျိုးယောင်လိုပေါ့။ သူက လွဲရင် စစ်ကျောင်းတော်နဲ့ တာအိုဂိုဏ်းကလည်း မာမျိုးရိုးကလေးတစ်ယောက်အတွက် တိုက်ခိုက်ခဲ့တာကို အမှတ်ရသေးတယ်။ စောင့်ကြည့်ကြတာပေါ့။ အဲဒီအဘိုးကြီးနှစ်ယောက်က အဲဒီအချိန်ထိ အသက်ရှင်နေသေးဖို့ မျှော်လင့်မိပါတယ်…"

………….

အစေခံမလေး ကျစ်ကွေးက ကျောက်စိမ်းဖြူမြို့တော်၏ အဆင့်(၁၀)အလွှာတွင် တစ်ချိန်လုံး ရှိနေခဲ့သည်။ သူမက မည်သည့်နေရာကိုမျှ မသွားခဲ့ပေ။ တခြားသူများက စိတ်ရှုပ်ထွေးနေကြသည့်အချိန်တွင် သူမကတော့ ပြတင်းပေါက်ဘောင်ပေါ်သို့ တက်ထိုင်ပြီး တောင်ဘက်ကိုသာ ငေးကြည့်နေမိခဲ့သည်။ သူမက ကောင်းကင်ကြီးကို ငေးလိုက် တောင်ဘက်ကို ငေးလိုက်နှင့် အကြိမ်ကြိမ် လုပ်ဆောင်နေမိခဲ့၏။ သူမက အနည်းငယ်လေးပင် ပျင်းရိသွားပုံ မရချေ။

‘ဘာကြောင့်မှန်း မသိပေမဲ့ အကြောင်းပြချက်တစ်ချို့ကြောင့် မင်းက မင်းရဲ့အတွေးအခေါ်တွေကို ဖြန့်ကျက်ပြီး ပုရွက်ဆိတ်လေးတွေနဲ့ သဘောတရားတွေ ဆွေးနွေးတာကို သဘောကျနေတယ်။ အမှန်အတိုင်းပြောရရင် မင်းက ငါ့ဆီကို ရောက်လာတဲ့အချိန်မှာ မင်းရဲ့ အဆင့်မြင့်နိယာမတွေကို မြှင့်တင်ဖို့လည်း သဘောကျတယ်။ မင်းရဲ့ဘဝကြီးဟာ လူတိုင်းထက်ပိုပြီးတော့ ပျင်းစရာ ကောင်းတယ်။ မင်းရဲ့သေဆုံးမှုကလည်း လူတိုင်းထက်ပိုပြီး ဆိုးရွားသွားနိုင်တယ်။ ဒါတွေအားလုံးက မင်းနဲ့ အရမ်းရင်းနှီးပါတယ်ဆိုတဲ့လူတွေနဲ့တောင် တော်တော်လေး ကွဲပြားတယ်။ သူကတော့ ငါတို့အတွက် ‌နည်းနည်းလောက် ပေးဆပ်လိုက်တာနဲ့ ဘဝတစ်လျှောက်လုံး လွတ်လွတ်လပ်လပ် နေနိုင်ပြီ။ ဒါပေမယ့် မင်းကတော့ ဘာလို့ သူ့ထက်ပိုပြီးတော့ သာတယ်လို့ ငါက ခံစားနေမိခဲ့တာလဲ…’

မည်သူက ပိုကောင်းစေကာမူ ထိုအရာက ခေါင်းထဲတွင်သာ ထည့်ထားရမည့် အရာတစ်ခုဖြစ်သည်။ တခြားသူများနှင့် ရင်ဆိုင်ဖြေရှင်းသည့်အချိန်တွင် ထူးဆန်းသော လူတစ်ယောက်ကဲ့သို့သာ ခံစားသင့်၏။

အဆုံးတွင်တော့ မိန်းမပျိုက ရွှေရောင်မျက်လုံးလေးများကို လှုပ်ရှားပြီး ပြုံးလိုက်မိသည်။

"ဟမ်...ငါက လူ‌တစ်ယောက်မှမဟုတ်တာ ..။ အခုမှ သတိရတယ် …"

သူမက တစ်ယောက်တည်း ငေးငိုင်နေမိခဲ့သည်။ အချိန်အတော်ကြာပြီးနောက် သူမက လက်ညှိုးလေးတစ်ချောင်းနှင့် ပါးကို ထိကြည့်နေခဲ့၏။

……………..

မြို့နံရံပေါ်တွင် ယခင်မဟာမိတ်နှစ်ယောက်က မျက်နှာချင်းဆိုင်ရပ်နေပြီး အခြေအနေက တင်းမာနေခဲ့သည်။

နန်းတွင်းဝတ်စုံ ဝတ်ဆင်ထားသော အမျိုးသမီးက အော်လိုက်၏။

"စလာကတည်းက နင် အဲဒီလူကို မှတ်မိခဲ့တယ် မဟုတ်လား။ နင်က သူ့ဆီကနေ အခွင့်အရေးလိုချင်တဲ့အတွက် မြို့တံခါးတွေကို တမင်ရည်ရွယ်ချက်ရှိရှိ ဖွင့်ပေးလိုက်ပြီး သူ့ကို ကျောက်စိမ်းဖြူမြို့တော်ထဲ တိုက်ရိုက်ဝင်လာစေချင်ခဲ့တာမလား..”

“နင့်ရဲ့လုပ်ရပ်တွေက သေခြင်းတရားနဲ့ အပြစ်ပေးခံရနိုင်တယ်။ နင့်ကို သတ်ပစ်လိုက်မယ်ဆိုရင်တောင် တစ်ကြိမ်တည်းနဲ့ မလုံလောက်ဘူး။ ငါက အပြစ်ပေးခံရပြီး အဆင့်လျော့သွားမယ်ဆိုရင် နင်လည်း အခြေအနေကောင်းမယ်လို့ ထင်နေတာလား။ နင့်ရဲ့ဦးနှောက်က ပျက်သွားပြီလား…"

တခြားသူများ၏ရှေ့တွင် အဘိုးကြီးတစ်ယောက်ကဲ့သို့ ဖြစ်နေပြီး အစိမ်းရောင် ဝတ်စုံဝတ် စာသင်သားတစ်ယောက်၏ပုံစံနှင့်‌ ချွေးချန်းက တည်ငြိမ်စွာ ပြန်ဖြေလိုက်သည်။

"တကယ်လို့ ငါကသာ မြို့တော်ရဲ့ဝင်္ကပါကို မဖယ်လိုက်ဘူးဆိုရင် ငါတို့ရဲ့ကံကြမ္မာက အဆပေါင်းများစွာ ပိုပြီးတော့ ဆိုးသွားနိုင်တယ်။ အဲဒီအပြင် ကျောက်စိမ်းဖြူ မြို့တော်ရဲ့ရှေ့မှာ ရပ်နေတဲ့ လူတစ်ချို့ကလည်း သေချာပေါက် အသတ်ခံရနိုင်တယ်။ အခြေအနေတွေက လက်ရှိထက် အဆပေါင်းများစွာ ပိုပြီးဆိုးသွားလိမ့်မယ်။ အခု အနည်းဆုံးတော့ တစ်ယောက်မှ မသေခဲ့ဘူးလေ.."

ချွေးချန်းက အေးစက်စွာ ပြုံးလိုက်ပြီး ဆက်ပြောလိုက်သည်။

"စုန့်ကျိရှင်းရဲ့တန်ဖိုးက ပျောက်ဆုံးသွားပြီဆိုတာ ငါသိတယ်။ သူက အရင်တုန်းကလို အသုံးမဝင်နိုင်တော့ဘူး။ ဘယ်လိုပဲဖြစ်ဖြစ် သူက နင်ရဲ့တခြားသားတစ်ယောက်လို မလိုအပ်တော့ဘူးလေ။ ငါ့ရဲ့တပည့်ကောင်းလေး..။ ကျောက်စိမ်းဖြူမြို့တော်ရဲ့ပိုင်ရှင် ဖြစ်လာဖို့အတွက် သူက ဓားတွေထဲမှာ သေဆုံးလုနီးပါး တာဝန်တစ်ခုကို ထမ်းဆောင်ခဲ့ရတယ်။ ဒါကြောင့် အဲဒီကောင်လေးက သေသွားပြီး မြန်မြန်လူဝင်စားတာကို နင်က မျှော်လင့်နေခဲ့တာပဲ…"

အမျိုးသမီး၏မျက်နှာပေါ်တွင် လှပသော အပြုံးတစ်ခုပေါ်လာခဲ့သည်။ သူမက တည်ငြိမ်သောလေသံနှင့် ပြန်ဖြေလိုက်၏။

"တော်ဝင်နန်းဆရာ …

ဘာလို့ဒီလိုအဓိပ္ပါယ်မရှိတဲ့ စကားတွေ ပြောနေရတာလဲ…"

ချွေးချန်းက ထိုအချက်ကို ဆက်လက်ငြင်းခုံလိုခြင်း မရှိချေ။ သူက ပြောလိုက်၏။

"ဆရာကြီးလုရဲ့ အကြံပေးချက်အရ ငါတို့က မြို့တော်ရဲ့ အဆောင်ဓားကို ကျောက်စိမ်းဖြူမြို့တော်ရဲ့ (၁၃)ချောင်းမြောက် ဓားအဖြစ် အသုံးပြုဖို့ စဉ်းစားခဲ့တယ်။ ဒီအဆောင်ဓားက ကုန်းမြေကြီးတစ်ခုလုံး နာမည်ကျော်ကြားပြီး ဘယ်သူကမှ ဓားကို ဆွဲမထုတ်နိုင်ဘူး…”

“ဒါပေမယ့် ဒါက မသင့်တော်ဘူးလို့ မိုခေါင်ဆောင်လွမ်က ခံစားမိခဲ့တယ်။ ဒီဓားက အဆင့်(၁၃)အလွှာကို ကိုယ်စားပြုနိုင်လောက်အောင် အစွမ်းမထက်ဘူးလို့လည်း ပြောတယ်။ ပြီးတော့ ငါတို့က လုံချွမ်တိုင်းပြည်ရဲ့ ဧရာမနဂါးခေါင်းဖြတ်ကျောက်တုံးကို ခွဲဖို့အတွက် နတ်ဘုရားလက်နက်နှစ်ခုကိုလည်း သုံးဖို့လိုအပ်တယ်…”

“နန်းတွင်းရတနာတိုက်ထဲမှာလည်း အဆင့်နိမ့်တာတွေပဲ ရှိတော့တယ်။ တိုက်တိုက်ဆိုင်ဆိုင်ပဲ အဆောင်ဓားက ကုန်းမြေကြီးပေါ်မှာ အမာကျောဆုံးဓားလို့ နာမည်ကျော်ကြားတယ်။ တကယ်လို့ ငါတို့ကသာ ကံကောင်းမယ်ဆိုရင် ဓားအင်မော်တယ် တစ်ယောက်ကို (၃)ချက်လောက်တော့ တိုက်ခိုက်နိုင်လိမ့်မယ်.."

အမျိုးသမီးက မျက်မှောင်ကြုတ်ပြီး မေးလိုက်သည်။

"ချွေးချန်း …နင် ဘာတွေပြောဖို့ စဉ်းစားနေတာလဲ…"

ချွေးချန်းက သူမကို လျစ်လျူရှုပြီး ဆက်ပြောလိုက်သည်။

"ဒါပေမယ့် နဂါးခေါင်းဖြတ်စင်မြင့်က အရမ်းကို ကြီးလွန်းတယ်။ နှစ်ချက်တိတိ တိုက်ခိုက်လိုက်တဲ့အချိန်မှာ မြို့ငယ်‌လေးထဲမှာရှိတဲ့ နဂါးမီးဖိုကြီးရဲ့ အိုးပုံစံပေါ်မှာ အက်ကွဲ‌ကြောင်းတွေ ပေါ်လာခဲ့တယ်။ ဓားရဲ့အဆီအနှစ်တွေလည်း ပျက်စီးသွားတယ်။ ပြောရမယ်ဆိုရင် ဓားကိုပြန်ပြင်ဖို့တောင် မဖြစ်နိုင်တော့ဘူး…”

“ဒီကိစ္စကြောင့် ဘုရင်ကြီးက အရမ်းကို နာကျင်သွားခဲ့ရတယ်။ ဒါပေမယ့် ဘယ်သူ့ကိုမှ အပြစ်မတင်ခဲ့ဘူး။ အဲဒီဓားကို မိဖုရားကြီးရဲ့ အစေခံတစ်ယောက်ဖြစ်ခဲ့တဲ့ ယန်ဟွာကို လက်ဆောင်ပေးခဲ့တယ်။ တစ်ချိန်တည်းမှာပဲ သူ့ကို သံအဆောင်မြစ်ရဲ့ မြစ်နတ်ဘုရားအဖြစ် တာဝန်ပေးဖို့ အမိန့်ထုတ်ခဲ့တယ်။ ရလဒ်အနေနဲ့ မိဖုရားကြီးက သစ္စာအရှိဆုံးနဲ့ အကူအညီအရဆုံး လက်အောက်ငယ်သားတစ်ယောက်ကို လက်လွှတ်ခဲ့ရတယ်။ ငါပြောတာ မှန်တယ် မဟုတ်လား…"

အမျိုးသမီးက အပြုံးနှင့် ပြန်ဖြေလိုက်သည်။

"ဘုရင်ကြီးက ငါ့ကို သတိ‌ပေးချင်နေတယ်လို့ နင်က ပြောချင်နေတာလား..”

“မိဖုရားကြီးက လှလည်းလှသလို ဉာဏ်လည်း တော်တော်ကောင်းတာပဲ…"‌

ချွေးချန်းက ခနဲ့သလို အမူအရာနှင့် ပြောလိုက်သည်။

အမျိုးသမီးက အေးစက်စွာ ရယ်လိုက်၏။

ချွေးချန်းက နောက်တစ်ကြိမ် ထပ်ပြောလိုက်သည်။

"ဒီတော့ မိဖုရားကြီးက တောင်(၅)တောင်မှာရှိတဲ့ နတ်ဘုရားတွေရဲ့ ကံကြမ္မာကို ဘာလို့ထည့်ပြီး မစဉ်းစားခဲ့ရတာလဲ…"

အမျိုးသမီး၏ အေးတိအေးစက် အမူအရာက ချက်ချင်း ပျောက်ကွယ်သွားခဲ့သည်။ သူမက လေးလေးနက်နက် စဉ်းစားနေပြီး ကစားပွဲကို အဆုံးသတ်ရန် ကြိုးစားနေသော ကျားကစားသမား တစ်ယောက်ကဲ့သို့ ထင်ရသည်။

ချွေးချန်းက သူမကို နှောင့်ယှက်ခဲ့ခြင်း မရှိချေ။

‌လီကျူးသုခဘုံလေးက မြေပေါ်သို့ ပြုတ်ကျလာသည့်အချိန်ကို အခွင့်ကောင်းယူပြီး ဘုရင်ကြီးက စည်းမျဉ်းကို ဖောက်ဖျက်၍ ပိယွင်တောင်ကို နေရာချပေးချင်ခဲ့သည်။ ထိုအရာက ကံကြမ္မာများ ပြည့်နှက်နေသော တောင်တစ်တောင်ဖြစ်ပြီး ထိုအရာကို တာ့လီအင်ပါယာ၏ မြောက်ပိုင်းတောင်အဖြစ် နေရာချထားချင်ခဲ့၏။

အထူးဆန်းဆုံးအရာကတော့ တာ့လီအင်ပါယာ၏ လက်ရှိတောင်(၅)တောင်က ပိယွင်တောင်၏ မြောက်ဘက်တွင် တည်ရှိနေခဲ့သည်။ ထိုအချိန်တွင် တောင်(၅)တောင်၏ နတ်ဘုရားများထဲ၌ ဤကိစ္စကို ကန့်ကွက်ခဲ့သူ မရှိသော်လည်း ထိုတောင်တန်းနတ်ဘုရားနှင့် မြစ်နတ်ဘုရားများ၏ အဆင့်အတန်းကတော့ အင်မော်တယ်ဂိုဏ်းများထဲတွင် ကျင့်ကြံသူတစ်ဝက် အခြေအနေကဲ့သို့ ဖြစ်နေကြသည်။

ထိုအရာက တစ်ညတည်းနှင့် တိုင်းပြည်၏ အစီအစဉ်တစ်ရပ်လုံးကို ပြောင်းလဲသွားသလို ဖြစ်သွားနိုင်၏။ ဂိုဏ်းနှင့် စံအိမ်များစွာမှာ ကျင့်ကြံသူများက ယုံကြည်သက်ဝင်သူများ၊ သာမန်လူများနှင့် ‌စာသင်သားများအဖြစ် ကိုယ့်ကိုယ်ကိုယ် ရုပ်ဖျက်လိုက်ကြပြီး တောင်(၅)တောင်ကို သွားရောက်လည်ပတ်ခဲ့ကြသည်။

သူတို့က သဘာဝတရားကြီး၏ လှပဆန်းကြယ်မှုများကို ပြောကြရမည့်အစား အမွေးတိုင် ထွန်းညှိပူဇော်ခဲ့ကြ၏။ ထိုအချိန်တွင် အဆင့်နိမ့် တောင်တန်း နတ်ဘုရားများနှင့် မြစ်နတ်ဘုရားများအားလုံးက နားလည်မှုရှိစွာ တိတ်ဆိတ်သွားခဲ့ကြသည်။

သို့သော် ဘာကြောင့်မှန်းမသိသော်လည်း ဘုရင်ကြီးက ရုတ်တရက် စိတ်ပြောင်းသွားခဲ့သည်။ သူက ကနဦးချထားသော ဆုံးဖြတ်ချက်ကို ဖယ်ရှားလိုက်ပြီး သူ၏သက်တမ်းနှင့် တိုင်းပြည်၏ကံကြမ္မာ မြှင့်တင်ရန်အတွေးကို လက်လျော့လိုက်သည်။

တိုက်တိုက်ဆိုင်ဆိုင်ပင် တာ့လီအင်ပါယာထဲ၌ သိုင်းသခင်နှစ်ယောက်ကို သတ်ရဲသော လူစိမ်းတစ်ယောက် ပေါ်လာခဲ့သည်။ အလွန်ဆုံးဖြတ်ချက်ပြတ်သားသော ဘုရင်ကြီး၏ စိတ်နေစိတ်ထားအရ အလွန်ကြီးမားသော လူသတ်ပွဲကြီးတစ်ခု လုပ်ဆောင်ခဲ့၏။

အကြောင်းပြချက်ကလည်း ရိုးရှင်း၏။ ထိုအရာက တောင်ပိုင်းသို့ ချီတက်မည့် တာ့လီအင်ပါယာ၏ အရှိန်အဝါကို လွှမ်းမိုးနိုင်သော တိုက်ပွဲတစ်ခုဖြစ်သည်။ ထိုတိုက်ပွဲက တောင်ပိုင်းသို့ ချီတက်တိုက်ခိုက်စဉ် အတောအတွင်း တာ့လီအင်ပါယာ၏ ဒုက္ခများကို ဆုံးဖြတ်ပေးနိုင်မည့် တိုက်ပွဲတစ်ခုလည်းဖြစ်၏။

မဟုတ်လျှင် အရှေ့ပိုင်းကုန်းမြေကြီးထဲ၌ မြောက်ပိုင်းလူရိုင်းများဟု နာမည်ကျော်ကြားသော တာ့လီအင်ပါယာက တောင်ဘက်သို့ ချီတက်သွားသည့် အချိန်တွင် အင်မော်တယ်များ၊ နတ်ဘုရားများ၏ နှောင့်ယှက်မှုကို သေချာပေါက် ခံရနိုင်သည်။

သူတို့က လမ်း‌တစ်လျှောက်တွင် သေချာပေါက် တားဆီးနိုင်ပြီး သူတို့၏ဓားသွား၊ အရှိန်နှင့် မြင်းတပ်ဖွဲ့၏အစွမ်းကို စမ်းသပ်နိုင်ကြသည်။ တာ့လီအင်ပါယာက သူတို့နှင့်တန်းတူရပ်တည်နိုင်ခြင်းရှိမရှိ စစ်ဆေးကြည့်လိုကြ၏။

တာ့လီအင်ပါယာတွင် သူတို့၏ ကိုယ်ပိုင်အင်မော်တယ်ဂိုဏ်းများ ၊ နန်းတွင်း စုန့်ကလန်၏လက်အောက်ခံ အရာရှိများစွာ ရှိနေသည်။ သို့သော် ထိုအရာများက တရားဝင် မဟုတ်သေးပေ။ ထိုအရာများက ပိုးဖလံများကဲ့သို့ ဖြစ်နေသော ကျင့်ကြံသူများကို မီးတောက်ထဲသို့ တိုးဝင်ရန် တွန်းအားပေးနေခဲ့သလို ဖြစ်နေခဲ့၏။

ကြောက်စရာအကောင်းဆုံးလူများကတော့ သူတို့က တာ့လီအင်ပါယာ၏ သာမန်ရဲမက်များကို အထူးပစ်မှတ်ထားပြီး သတ်ဖြတ်နိုင်ကြသည်။ သူတို့က တစ်နေရာချင်းဆီတွင် တစ်ယောက်ချင်းဆီကို သတ်ပစ်တတ်၏။ ထိုအရာတွင်သာမက သူတို့၏ပစ်မှတ်များကို သတ်ပြစ်လိုက်ပြီးနောက် ချက်ချင်း နောက်ပြန်ဆုတ်သွားတတ်ကြသည်။ ထိုသို့ဆိုလျှင် တာ့လီအင်ပါယာက သူတို့ကို မည်သို့ရင်ဆိုင်နိုင်ကြမည်နည်း။

ထိုအချိန်တွင် ကျောက်စိမ်းဖြူမြို့တော်က ဖြည်းညင်းစွာ မွေးဖွားလာခဲ့သည်။ အလွန်ကြီးမားသော လျှို့ဝှက်ချက်ကို ပထမဆုံး သိခွင့်ရသည့်သူများကတော့ တောင်တန်း နတ်ဘုရားနှင့် မြစ်နတ်ဘုရား(၁၂)ယောက် ဖြစ်ကြသည်။ သူတို့က မြို့တော်အပြင်ဘက်‌တွင် နေထိုင်သူများဖြစ်ကြ၏။

ဘုရင်ကြီးက ပိယွင်တောင်ကို တိုင်းပြည်၏ မြောက်ဘက်တောင်တန်းအဖြစ် တာဝန်ပေးပြီး ယခင်တောင်(၅)တောင်၏ နာမည်ကို ပြောင်းလဲချင်ခဲ့သည်။ ဘုရင်ကြီးက ထိုအရာနှင့်ပတ်သက်ပြီး နတ်ဘုရားများကို ကတိပေးထားသော်လည်း သူတို့တစ်ယောက်ချင်းဆီကို ကတိတစ်ခု ပေးထားခဲ့၏။ ၏

အကယ်၍ ဘုရင်ကြီးကသာ သူတို့ကို အသုံးမဝင်တော့သည့်အချိန် ကန်ထုတ်လိုက်မည်ဆိုလျှင် သံသဝင်စရာ ရှိနေနိုင်သည်။ ထို့ကြောင့် နတ်ဘုရား(၅)ပါးက တိတ်ဆိတ်နေသည်မှာ နားလည်‌ပေး၍ ရနိုင်သေး၏။ မည်သို့ဖြစ်စေကာမူ ထိုအရာက သူတို့၏ နတ်ဘုရားခန္ဓာနှင့် တာအိုအုတ်မြစ်များကို သက်ရောက်စေနိုင်သော ဆုံးဖြတ်ချက်တစ်ခု ဖြစ်၏။ မည်သူကရော ထိုကဲ့သို့သော ကမ်းလှမ်းမှုမျိုးကို လက်ခံမည်နည်း။

သို့သော် ရန်သူတစ်ယောက်ကို တားဆီးပြီးသတ်ဖြတ်ရန် ရှေ့ထွက်ရခြင်းကတော့ လုံးဝကိုကွဲပြား၏။ ထိုအရာက တိုင်းပြည်တစ်ပြည်ကို မှန်ကန်သော လမ်းကြောင်းပေါ်သို့ တင်ပေးနိုင်သော လမ်းကြောင်းတစ်ခုဖြစ်သည့်အတွက် တိုင်းပြည်၏ ဂုဏ်သိက္ခာနှင့် အရှက်ကွဲခံရမှု နှစ်ခုလုံးကို ဝေမျှနေကြရသော နတ်ဘုရား(၁၂)ယောက်က အကြောင်းပြချက်မရှိ လက်ခံခဲ့ကြရ၏။

ဓားမောက်ကိုင်လူစိမ်းနှင့် တိုက်ခိုက်ခဲ့ပြီးနောက် ထိုသူ့ဆီတွင် အားနည်းချက် မရှိကြောင်း တွေ့လိုက်ရသည်။ အမှန်အတိုင်းပြောရလျှင် နတ်ဘုရား(၆)ယောက်၏ တာအိုခန္ဓာကိုယ်များက ဆိုးဆိုးဝါးဝါး ထိခိုက်ပျက်စီးသွားခဲ့ရပြီး ထိုအရာများကို သဘောတရားနှင့်ပင် ဆွေးနွေး၍ မရနိုင်သေးပေ။ အထူးသဖြင့် ဘုရင်ကြီး၏ လျှို့ဝှက်အမိန့်က အဆင့်(၁၀) ကျင့်ကြံသူ သို့မဟုတ် အဆင့်(၁၁)ကျင့်ကြံသူကိုသာ ပစ်မှတ်ထားခြင်းဖြစ်ကြောင်း ရှင်းရှင်းလင်းလင်း ပြောပြထားခဲ့၏။

ဤကိစ္စများ ဖြစ်သွားသည်ကိုလည်း သူတို့က တူညီစွာ ခံစားမိနေခဲ့သည်။ ထို့ကြောင့်လည်း သူတို့က ဆိုးဆိုးဝါးဝါး ရှုံးနိမ့်သွားခဲ့ရခြင်း ဖြစ်၏။ ဘုရင်ကြီး ကိုယ်တိုင်က ကျောက်စိမ်းဖြူမြို့တော်၏ ဖန်တီးရှင် ဖြစ်သည်။ ထို့နောက် တောင်တန်းနှင့် မြစ်နတ်ဘုရား(၆)ယောက်က အရှုံးသမားများကဲ့သို့ ပေါ်လာခဲ့၏။ သို့သော် သူတို့၏ပြိုင်ဘက်က အလွန်အစွမ်းထက်မည်ဟု သူတို့လည်း မျှော်လင့်မထားချေ။

သူတို့က ကမ္ဘာကြီးကို အမှန်တရားများ ထုတ်ဖော်လိုက်သည့်အချိန်တွင် တာ့လီအင်ပါယာက ရှုံးနိမ့်သွားခဲ့သော်လည်း အောင်မြင်မှု အတွေ့အကြုံများကိုတော့ ရရှိခဲ့၏။

ထိုသို့ဆိုရာတွင် မြို့နံရံပေါ်၌ ရပ်နေသော ‌ချွေးချန်းကတော့ အခြေအနေကို နားလည်သလို ခံစားနေမိခဲ့၏။ အဘယ်ကြောင့်ဆိုသော် ဘုရင်ကြီးက ရှုံးနိမ့်သွားခဲ့သော်လည်း သူ၏ရည်မှန်းချက် တစ်စိတ်တစ်ပိုင်းကို ရခဲ့သည်။

တောင်တန်းနတ်ဘုရား(၅)ပါးထဲတွင် တာ့လီအင်ပါယာကို အကြွင်းမဲ့ယုံကြည်နေသော အလယ်တောင်တန်းနတ်ဘုရားနှင့် အဆိုးဆုံး အခြေအနေကို ရောက်သွားခဲ့သော မြောက်ပိုင်းတောင်တန်းနတ်ဘုရားတို့ကသာ သူတို့၏တာအိုခန္ဓာကိုယ် ထိန်းသိမ်းထားနိုင်စွမ်းရှိကြသည်။

တခြား နတ်ဘုရား(၃)ပါး၏ တာအိုခန္ဓာကိုယ်များ အားလုံးကတော့ ပျက်စီးသွားခဲ့ရပြီး သူတို့၏ကျင့်စဉ်အဆင့်က သိသိသာသာ လျော့ကျသွားခဲ့၏။ အမှန်အတိုင်း ပြောရလျှင် သူတို့က သာမန်တောင်တန်းနတ်ဘုရားအဆင့်ကို ကျရောက်သွားခဲ့ခြင်း ဖြစ်သည်။ ယခုသူတို့က အလွန်အားနည်းသွားသည့်အတွက် တောင်(၅)တောင် နေရာချထားသည့်ကိစ္စနှင့် ပတ်သက်၍ ဘုရင်ကြီးကိုစိန်ခေါ်ရန် ယုံကြည်ချက်ရော ၊ အစွမ်းရော ဆုံးရှုံးသွားခဲ့ရသည်။ သို့သော် ထိုအရာက ကြောက်စရာ အကောင်းဆုံးအရာ မဟုတ်သေးပေ။

အတိတ်တုန်းက ဘုရင်ကြီးက ချွေးချန်းကို မေးခွန်းတစ်ခု မေးခဲ့ဖူးသည်။ ထို့ကြောင့် တော်ဝင်နန်းဆရာက သူ၏အတွေ့အကြုံထဲမှ သိထားသော အကြောင်းအရာတစ်ချို့ကို ပြောပြခဲ့ပြီး အုပ်စိုးသူတိုင်းက အတိတ်တွင် အပြစ်ပေးမှု သို့မဟုတ် အမှားများနှင့် ရင်ဆိုင်ခဲ့ရသူများကို ပြန်လည်စဉ်းစားပေးရန် လိုအပ်သည်ဟု ပြောခဲ့ဖူးသည်။

အမှန်အတိုင်းပြောရလျှင် အုပ်ချုပ်သူတိုင်းက ထိုလူများကို အရေးပါသောနေရာတွင် နေရာထားသင့်သည်။ အဘယ်ကြောင့်ဆိုသော် အပြစ်ပေးခံခဲ့ရသူများက တစ်ကြိမ် သင်ခန်းစာရသွားခြင်းကြောင့် ဖြစ်သည်။ ထိုအရာကို ခေါင်းထဲတွင် မှတ်ထားသည့်အတွက် အမိန့်ကို အလွန်နာခံတတ်ကြ၏။

အကယ်၍ တစ်နေ့နေ့တွင် တောင်တန်းနတ်ဘုရား(၅)ယောက်ထဲမှ အလယ်တောင်တန်း နတ်ဘုရားကို ဖယ်ရှားလိုက်မည်ဆိုရင် ဆိုးရွားသောအရှုံး၏ အခြေအ‌နေကို နားလည်နေမှုကြောင့် သူတို့က တာ့လီအင်ပါယာ၏ ဘုရင်ပေါ် မကျေနပ် ဖြစ်လာနိုင်သည်။

သို့သော် မှားယွင်းပြီး ထောက်ခံမိသည့်အတွက် အပြစ်ပေးခံခဲ့ရသော မြောက်ပိုင်းနတ်ဘုရားကတော့ အကြောက်တရားများကိုသာ ခံစားနေရမည်ဖြစ်လေ၏။

Translated by Hein Htet.

All Chapters