← Chapters

အခန်း (၁၁၂)

Vol. 8 Ch. 112

အခန်း (၁၁၂)

Vol. 8 Ch. 112

ချန်းပင်အန်းက ချည်းကပ်လာသော မိန်းမပျိုကို လှည့်ကြည့်လိုက်သည်။ စြင်္ကံလမ်းတွင် ချိတ်ဆွဲထားသော မီးရောင်အောက်၌ သူမ၏ခြေလှမ်းများက ပေါ့ပါးနေသည့်အတွက် သူမ၏ပုံစံက ညကောင်းကင်အောက်တွင် လှုပ်ရှားနေသော သမင်မလေးကဲ့သို့ ထင်မှတ်ရသည်။

ကျူးလုက ခံစားချက်များနှင့် စကားပြောနေသော လူတစ်ယောက် မဟုတ်ပေ။ လက်ရှိအချိန်တွင် သူမက မျက်နှာပေါ်၌ အပြုံးချိုချိုလေး ရှိနေသော အိမ်နီးချင်း မိန်းကလေး တစ်ယောက်ကဲ့သို့ ဖြစ်နေသည်။

ချန်းပင်အန်းက သူ့မျက်လုံးကို ဖတ်ရန် ခက်ခဲနေခဲ့၏။ သူက အရှိန်လျော့လိုက်ပြီး လမ်းလျှောက်လာသည်ကို ရပ်လိုက်သည်။ သူက ထိုမိန်းမပျို၏ မျက်နှာကို မျက်လုံးပြူး၍ သေချာစိုက်ကြည့်နေခဲ့၏။

ကျူးလုက နောက်ကျောဖက်တွင် ဖွက်ထားသော လက်တစ်ဖက်ကို ထုတ်ပြီး ချန်းပင်အန်းကို လက်ပြ၍ ပြောလိုက်သည်။

"ချန်းပင်အန်း…

သွားစားပွဲတောင်မှာ ဖြစ်ခဲ့တဲ့ကိစ္စနဲ့ ပတ်သတ်ပီး ငါ့အဖေက ငါ့ကို ပြောခိုင်းလိုက်တယ်…"

သူတို့နှစ်ယောက်၏ ကြားထဲတွင် ခြေလှမ်း (၅)လှမ်းစာ ပမာဏခန့်သာ ရှိတော့သည့်အချိန်တွင် သိုင်းပညာ အဆင့် (၂) အထွဋ်အထိပ်ကို ရောက်နေသော မိန်းမပျိုက တဟုန်ထိုး ပြေးထွက်လာပြီး ခြေ(၂)လှမ်းအတွင်း ချန်းပင်အန်း၏ရှေ့ကို ရောက်လာခဲ့သည်။

ခဏအတွင်း သူတို့က မျက်နှာချင်းထိလုမတတ် ဖြစ်သွားပြီး တစ်ဖက်လူ၏ ခံစားချက်များကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရ၏။ မိန်းမပျိုလေး၏ မျက်နှာတွင် ခက်ထန်မှု၊ ဒေါသ ၊ ဝမ်းသာမှုနှင့် စိတ်သက်သာရာရမှုများ ရှုပ်ထွေးနေပုံရသည်။

လူငယ်၏ မျက်လုံးထဲတွင်တော့ အလွန်တည်ငြိမ်အေးချမ်းပြီး တစ်စုံတစ်ခုကို စူးစိုက်နေပုံရသည်။ သူ့မျက်လုံးများက နဂါးခေါင်းဖြတ်စင်မြင့်ပေါ်တွင် သွေးထားသော ဓားတစ်ချောင်းကဲ့သို့ အလွန်ထက်မြက်နေခဲ့၏။

ကျူးလုက ဘယ်ဖက်လက်ကို လက်သီးဆုပ်လိုက်ပြီး ချန်းပင်အန်း၏ နဖူးကို အားနှင့် ထိုးချလိုက်သည်။ သို့သော် ထိုအရာက အယောင်ပြလိုက်ခြင်းသာ ဖြစ်ပြီး သူမက လက်သီးအရှိန်ကို တမင်တကာ ရည်ရွယ်ချက်ရှိရှိ နှေးလိုက်သည်။

အစစ်အမှန်တိုက်ခိုက်မှုက သူမ၏ ညာဖက်လက်မှ လာသည်။ သူမက အလျင်အမြန် တိုက်ခိုက်လိုက်သည့် အချိန်တွင် ဓားသွားပမာ ချွန်ထက်သော ဝါးတုတ်ချောင်း(၃)ချောင်းက လူငယ်လေး၏ နှလုံးသားကို တည့်တည့်ကို ထိုးစိုက်လိုက်၏။

ဝါးတုတ်ချောင်းလေးများက ချန်းပင်အန်း၏ရင်ဘတ်ကို ထိုးစိုက်သွားတော့မည့် အချိန်တွင် သူ့ကို သတ်ရန် ပြေးဝင်လာသော မိန်းမပျိုက အချိန်ကိုက် ဆက်ပြောလိုက်၏။

"တောင်းပန်ပါတယ်…"

ထိုအချိန်တွင် ကျူးလု၏ပုံစံက ရှက်ရွံ့နေပုံရသည်။ သူမ၏မျက်နှာတွင် ရက်စက်ကြမ်းကြုတ်မှုတစ်ခုတည်းသာ ရှိ၏။

သို့သော် တခဏအတွင်း ကျူးလု၏မျက်နှာပေါ်၌ အလွန်ထိတ်လန့်အံ့ဩနေသော အမူအရာတစ်ခု ပျံ့နှံ့သွားခဲ့သည်။ အခြေအနေက ဆိုးသွားပြီးဖြစ်ကြောင်း သိသည့်အချိန်တွင် သူမက နောက်ဆုတ်ရန် ပြင်ဆင်လိုက်သည်။

ချန်းပင်အန်းက သူ၏ညာဖက်လက်ကို မြှောက်လိုက်၏။ သို့သော် ထိုအရာက ကျူးလု၏ဘယ်ဖက်လက်မှ လက်သီးချက်ကို တားဆီးရန် မဟုတ်ပေ။ ထိုအစား သူမက သူ့ကို အယောင်ပြတိုက်ခိုက်လိုက်သည့် ဟာကွက်ကို အခွင့်ကောင်းယူပြီး ရှေ့တည့်တည့်ကို လက်ထုတ်၍ သူမ၏လည်ပင်းကို ချုပ်ကိုင်လိုက်သည်။

တချိန်တည်းတွင် သူ၏ဘယ်ဖက်လက်က သတ်ဖြတ်ချင်စိတ် ပြင်းပြနေသော သူမ၏ညာဖက်လက်ကောက်ဝတ်ကို ချုပ်ကိုင်ထားခဲ့သည်။ သူက အလွန်ပြင်းထန်သော စွမ်းအားနှင့်အတူ ရင်ဘတ်ဆီကို ရောက်လာသည့် ဝါးတုတ်ချောင်း(၃)ချောင်းကို ကာကွယ်ထားလိုက်၏။

ထို့နောက်သူက အလွန်ကြောက်စရာကောင်းသော အစွမ်းများကို အသုံးပြုလိုက်ပြီး သူမ၏လည်ပင်းကို ချုပ်ကိုင်၍ ဗိုက်ကို ဒူးနှင့်တိုက်ချလိုက်သည်။ မိန်းမပျိုလေးက ပါးစပ်ထဲမှ လေများ ထွက်သွားပြီး ခန္ဓာကိုယ်က‌ ဘောလုံးတစ်ခုကဲ့သို့ ကွေးသွားခဲ့သည်။ သူမက ခုခံရန် အစွမ်းမျိုးပင် ချက်ချင်း ဆုံးရှုံးသွားခဲ့ရ၏။

သို့သော် ချန်းပင်အန်းက သတိလွတ်နေခဲ့ခြင်း မရှိ‌ခဲ့ပေ။ သူက နောက်တစ်ကြိမ် ဆက်လက်တိုက်ခိုက်ရန် ကြိုးစားလိုက်၏။ သူက ခေါင်းကို တူတစ်ချောင်းကဲ့သို့ အသုံးပြုပြီး သူမ၏နဖူးကို အားနှင့်တိုက်ချလိုက်သည်။ ကျူးလုက နောက်ကို ဒယိမ်းဒယိုင်ဖြင့် ပြန်ဆုတ်သွားခဲ့၏။

ချန်းပင်အန်းက ဗိုက်ဒဏ်ရာရသွားသော မိန်းကလေးကို နောက်တစ်ကြိမ် ခြေထောက်နှင့် ကန်လိုက်ပြန်သည်။ သူမက အရုပ်တရုပ်ကဲ့သို့ နောက်ကိုလွင့်သွားပြီး စြင်္ကံလမ်းတွင်ရှိနေသော အပြာရောင်ကျောက်တုံးပေါ်သို့ ပြုတ်ကျသွားခဲ့၏။

သူမက (၂)ကြိမ်ခန့် မတ်တပ်ရပ်ရန် ကြိုးစားသော်လည်း မအောင်မြင်ခဲ့ပေ။ သူမ၏နှုတ်ခမ်းထောင့်မှ သွေးများ စီးကျလာခဲ့ပြီး မျက်နှာက စာရွက်ဖြူတစ်ရွက်ကဲ့သို့ စွတ်စွတ်ဖြူနေခဲ့၏။ သူမက အတော်လေး ဆိုးဆိုးဝါးဝါး အခြေအနေကို ကျရောက်သွားခဲ့သည်။

လူငယ်လေးက တခဏအတွင်း ရက်စက်ကြမ်းကြုတ်သော တိုက်ခိုက်မှုမျိုးစုံဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ ကျူးလုက တံတောင်ဆစ်နှင့် မြေပြင်ကို ထောက်လိုက်ပြီး ခန္ဓာကိုယ်ထဲမှ နာကျင်မှုများကို အံကြိတ်၍ နောက်ပြန်ဆုတ်ရန် ကြိုးစားလိုက်သည်။ သူမက မြက်ဖိနပ်နှင့် လူငယ်လေး၏အဝေးကို တတ်နိုင်သမျှ သွားချင်နေပြီး တစ်လက်မဖြစ်ဖြစ် အဝေးကို ရောက်ချင်ခဲ့သည်။

ချန်းပင်အန်းက အဝေးကို စစ်ဆေးကြည့်လိုက်၏။ အနားတွင် အန္တရာယ်မရှိကြောင်း သေချာသွားမှသာ ရှုံးနိမ့်သွားသော မိန်းမပျိုဆီကို လျှောက်သွားလိုက်သည်။ သို့သော် သူ၏ခန္ဓာကိုယ်က တင်းကြပ်နေပြီး လှုပ်ရှားမှုများက သတိထားနေခဲ့၏။

ကျူးလုကတော့ စိုးရိမ်ထိတ်လန့်နေခဲ့၏။ သူမက နှုတ်ခမ်းထောင့်မှ သွေးများကို သုတ်ရန် အချိန်မရှိခဲ့ပေ။ သူမက မျက်ရည်များနှင့် ရှင်းပြလိုက်၏။

"ငါ့ကို မသတ်ပါနဲ့ ချန်းပင်အန်း ။ ငါက နင့်ကို စနောက်ရုံပါပဲ။ ငါနင့်ကို လိမ်ပြောနေတာ မဟုတ်ဘူး ။ တကယ်ကို ငါသာ နင့်ကို သတ်ချင်တယ်ဆိုရင် ဘာလို့တုတ်ထိုးသကြားလုံးက ဝါးချောင်းတွေကို သုံးရမှာလဲ။ ပြီးတော့ ငါက ဘာလို့ နင့်ကိုသတ်ချင်ရမှာလဲ…"

ချန်းပင်အန်းက သူမ၏ခေါင်းကို ဖိထားပြီး ပြောလိုက်သည်။

"ငါတို့မြစ်ကြည့်လမ်းကြားထဲမှာ လူချင်းခွဲသွားတဲ့အချိန် နင်က နင့်အဖေကို ခေါ်သွားပြီး လက်နက်ဆိုင်တစ်ခုကို သွားကြည့်ချင်တယ်ပြောခဲ့တယ်။ နင်က လျှို့ဝှက်လက်နက်တစ်ခု ဒါမှမဟုတ် ဓားတိုတစ်ချောင်းကို ဝယ်ချင်နေတာမလား။ လက်နက်ဆိုင်က ပိတ်နေမယ်လို့ ထင်တယ်။ ဒါကြောင့် နင့်မှာ တခြားရွေးစရာမရှိဘဲ ဒီဝါးတုတ်ချောင်းတွေကို သုံးလိုက်ရတာမလား…"

ကျူးလုက စတင်ရယ်မောလိုက်သည်။ သူမ၏ရင်ဘတ်က နိမ့်ချည်မြင့်ချည်ဖြစ်နေ၏။ သူမက အနည်းငယ် ချောင်းဆိုးလိုက်ပြီး ပါးစပ်ကို လက်နှင့်ပိတ်ထား သော်လည်း လက်ချောင်းကြားထဲမှနေ၍ သွေးများ ဆက်လက်စီးကျလာနေခဲ့၏ ။

သူမက လက်ရှိကံကြမ္မာကို လက်ခံလိုက်သလို ထင်လိုက်ရပြီး ထိုလူငယ်ကို ခြေဆုံးခေါင်းဆုံး ကြည့်နေခဲ့၏ ။ သူမ၏အကြည့်က သူ့ခြေထောက်တွင် စီးထားသော မြက်ဖိနပ်များဆီကိုရောက်သွားခဲ့သည်။ သူမက နောက်တစ်ကြိမ်မော့ကြည့်လိုက်၏။

သူမက ရူးသွပ်သွားသည့်အလား ငိုကြွေးရမည့်အစား ရယ်မောနေခဲ့သည်။ သူမက အနားသို့ ကပ်လာသော ချန်းပင်အန်းကို စိုက်ကြည့်ပြီး အပြုံးနှင့် ပြောလိုက်၏။

"နင်က ငါထင်ထားသလို ဉာဏ်မတုံးတာ ငါ့အတွက် ကံဆိုးတာပဲပေါ့။ ဒါပေမယ့် ငါ အရမ်းကို စိတ်ဝင်စားနေတဲ့ အရာတစ်ခုရှိတယ်။ နင်က ငါ့ရဲ့သတ်ဖြတ်ချင်စိတ်တွေကို ဘယ်လိုသတိထားမိသွားခဲ့တာလဲ…"

သူမက အသံကျယ်ကျယ်ပြောလိုက်ရာ အလွန်လှပသော သူမ၏မျက်နှာလေးက ရူးသွပ်မှုကြောင့် ကြောက်စရာ ကောင်းနေခဲ့သည်။

"ချန်းပင်အန်း…

နင်ငါ့ကို မသတ်ခင် အကြောင်းပြချက်တော့ ပေးသင့်တယ် မဟုတ်လား…"

ချန်းပင်အန်းက ရပ်တန့်ခြင်း မရှိဘဲ ပြောလိုက်သည်။

"ဘာကြောင့် နင်က ဒီလိုလုပ်ခဲ့ရတာလဲ…"

သူမက ထိုင်တော့မည့်အချိန်တွင် ချန်းပင်အန်းက သူမ၏နဖူးကို နင်းခဲ့သည့်အတွက် သူမ၏ဦးခေါင်းက အပြာရောင်ကြမ်းပြင်တွင် အရှိန်ပြင်းစွာ ပြုတ်ကျသွားခဲ့ပြန်သည်။ မိန်းမပျိုက သွေးများ အန်ထုတ်လိုက်ပြီး နောက်ဆုံးတွင်တော့ ရုန်းကန်ခြင်းကို ရပ်တန့်လိုက်၏။ သို့သော် ရင်ထဲတွင်တော့ ထိုအရာကို အကြီးမားဆုံးအရှက်ရမှုဟု သတ်မှတ်ထားခဲ့သည်။

ဆင်းရဲနွမ်းပါးသော လူငယ်လေးက သူမ၏ရှေ့တွင် မတ်တပ်ရပ်၍ စကားပြောနေပြီး သူမကတော့ ထထိုင်ရန် မျှော်လင့်ချက်ပင် မရှိခဲ့ပေ။ သူမက နှုတ်ခမ်းထောင့်မှ သွေးများကိုသုတ်ပြီး ပြောလိုက်၏။

"သခင်မလေးဆီကို ဒုတိယသခင်လေး ပို့လိုက်တဲ့စာကို မှတ်မိလား။ သခင်လေးက ဂီတပညာ ၊ လက်ရေးအတတ်ပညာနဲ့ ပန်းချီပညာတွေ အားလုံးကျွမ်းကျင်တယ် အထူးသဖြင့်။ သူက စကားလုံးတွေကို ကွေ့ဝိုက်ပြီး ရေးတဲ့နေရာမှာ ကျွမ်းကျင်တယ်။ သူ့ရဲ့စကားလုံးတွေက လွတ်လပ်ပေါ့ပါးပြီး သူ့ရဲ့အကျင့်စရိုက်ကို မပြနိုင်ဘူး။ ဒါပေမယ့် အိမ်ကနေမြို့တော်ကို မသွားခင် သူက သာမာန်စကားလုံးတွေ သင်ချင်တယ်လို့ ငါ့ကိုပြောခဲ့တယ်။ သူက ပြင်ပကမ္ဘာကြီးထဲမှာရှိတဲ့ စည်းမျဉ်းတွေကို ဘယ်လိုချိုးဖောက်ရမလဲဆိုတာ နားလည်ဖို့လိုတယ်လို့လည်း ပြောခဲ့တယ်။ ပြီးတော့ သူ့ရဲ့ခံစားချက်တွေ ၊ စိတ်နေစိတ်ထားတွေကို စတင်ပြီး ထိန်းချုပ်ချင်ခဲ့တာပဲ…"

ချန်းပင်အန်းက သူမ၏ဘေးတွင် ထိုင်ချလိုက်ပြီး သူမ၏လက်ချောင်းလေးများကိုဖြန့်၍ လက်ထဲတွင် ကိုင်ထားသော ဝါးတုတ် (၃)ချောင်းကို ဖယ်ရှားလိုက်သည်။ သူက ထိုအရာများကို ယူလိုက်ပြီးနောက် စြင်္ကံလမ်းပေါ်တွင် ရှိနေသော ထိုင်ခုံရှည်ပေါ်တွင် ထိုင်လိုက်သည်။ သူက ကျူးလုကို သေချာစိုက်ကြည့်နေပြီး သူမကို နောက်ထပ်ပြဿနာရှာရန် အခွင့်အရေးမပေးခဲ့ပေ။

ကျူးလု၏ သတ်ဖြတ်ချင်စိတ်များက အလွန်ပြတ်သားပြီး လှုပ်ရှားမှုမရှိသည်မှာ သေချာနေသည်။ သူမ၏မျက်လုံးထဲတွင် တွေဝေမှုအနည်းငယ် မရှိပေ။ တစ်ဖက်တွင်တော့ ချန်းပင်အန်းက စိတ်ထဲတွင် အပြစ်မရှိဘဲ သူမကိုသတ်ရန် ခက်ခဲပါလိမ့်မည်။

ထိုအရာကလည်း အနီဝတ်ကလေးမလေးနှင့် အလွန်သဘောကောင်းသော သက်လတ်ပိုင်းလူကြီးတို့ကြောင့် ဖြစ်သည်။ ထိုအရာက လီကလန်မှ ဒုတိယသခင်လေးကြောင့်တော့ မဟုတ်ချေ။

သူမက စြင်္ကံလမ်းမှ သူ့ဆီသို့ လမ်းလျှောက်လာသည့် အချိန်တွင် ချန်းပင်အန်းက သူမ၏ သဘောထားကိုချက်ချင်း ရိပ်မိခဲ့သည်။ သူ့အမြင်အာရုံက ကြောက်စရာ ကောင်းနေပြီး လက်နက်များ ဖုံးကွယ်ထားသော မိန်းမပျို၏ စွမ်းရည်က အလွန်သိုသိပ်လှသည်။

သူမ၏မျက်‌တောင်လေးများက လှုပ်ရှားနေပြီး ပါးနှစ်ဖက်ကတော့ အံကြိတ်ထားသည့်အလား အနည်းငယ် ဖောင်းနေခဲ့၏။ သူမ၏အကြည့်ကလည်း မျက်လုံးထဲရှိ ကြောက်စရာအငွေ့အသက်များကို ဖုံးကွယ်ထားသည့်အလား အောက်ကိုစိုက်ကြည့်နေခဲ့၏ ။သို့သော် ချန်းပင်အန်းကတော့ ထိုအရာများအားလုံးကို အလွယ်တကူ စစ်ဆေးမိခဲ့သည်။ ထိုသို့ဆိုရာတွင် သူမက သူ့ကိုသတ်ရန် ကြိုးစားလိမ့်မည်ဟု ချန်းပင်အန်းလည်း တွေးမထားခဲ့ပေ။

သူမက သူမ၏သခင်လေးအကြောင်းကို ပြောသည့်အချိန်တွင် သူမ၏အငွေ့အသက်များက လုံးဝပျောက်ကွယ်သွားခဲ့၏။ သို့သော် မြက်ဖိနပ်နှင့် လူငယ်လေးကို လှည့်ကြည့်ချိန်တွင် ခွေးတစ်ကောင်ကို ကြည့်နေသလို အကြည့်မျိုးဖြစ်သည်။

“သခင်မလေးက ခေါင်းအုံး ဆက်သွယ်ရေးစခန်းထဲမှာ ငါ့ကို စာတွေအကြောင်း ပထမဆုံး ပြောခဲ့တယ်။ အဲဒီအချိန်မှာ မီးပြတိုက်နဲ့ အချက်ပြနေတဲ့အရာတွေက သူတို့နဲ့ အဆင်ပြေနေတယ်ဆိုတဲ့ အကြောင်းတွေပါတယ် ။ နယ်စပ်ကနေ မြို့တော်ထိ လမ်းတစ်လျှောက်မှာရှိတဲ့ မီးပြတိုက်တွေအားလုံးက မီးတွေမှိတ်နေတယ်။ ဒါပေမယ့် သခင်မလေးက မသိသလို နင်တို့တွေတစ်ယောက်မှ မသိကြဘူး ဒီစာထဲမှာ သခင်လေးက ငါ့တစ်ယောက်တည်းကိုပဲ အဓိက ရည်ညွှန်းချင်တဲ့စာတွေ ရှိတယ်။ ငါက အဲဒါကို နားလည်နိုင်တဲ့အပြင် သခင်လေး အမြဲတမ်း ပြောပြခဲ့တဲ့ စိတ်လှုပ်ရှားစရာပုံပြင်တွေကို မှတ်မိနေခဲ့တယ်…”

“ဒါကြောင့် ငါက တစ်ခုခုမှားနေပြီဆိုတာ သတိထားမိခဲ့တယ်။ ငါက သခင်မလေးဆီက စာကို တောင်းလိုက်တဲ့အချိန်ကျမှ လျှို့ဝှက်ချက်တစ်ခုကို ရှာတွေ့ခဲ့တယ်။ ဒီကမ္ဘာကြီးထဲမှာ ဘယ်သူကမှ အဲဒါကို ရှာတွေ့နိုင်မှာ မဟုတ်ဘူး။ ငါ ကျူးလု တစ်ယောက်တည်းကပဲ ဒါကို ရှာတွေ့နိုင်စွမ်းရှိတယ်…”

ချန်းပင်အန်းက ရူးသွပ်နေသော မိန်းမပျိုကိုကြည့်ပြီး တိတ်ဆိတ်နေခဲ့သည်။ ကျူးလုက သူမ၏ကိုယ်ပိုင်ကမ္ဘာလေးထဲတွင် နစ်မျောနေခဲ့၏။ လက်ရှိအချိန်တွင် သူက လီကလန်မှ မာနကြီးသော အစေခံမလေးအဖြစ် ပြောင်းလဲသွားခဲ့သည်။ သူမက ဖူးပွင့်လာတော့မည့် သိုင်းပါရမီရှင်လည်း ဖြစ်သည်။

“ငါက စာကို(၂)ကြိမ်တိတိ ဖတ်ခဲ့တယ်။ (၂)ကြိမ်ပဲ ဖတ်ခဲ့တာ။ ပြီးတော့ ငါက သခင်လေး ငါ့အတွက် ပို့လိုက်တဲ့ ပဟေဠိကို ဖြေရှင်းနိုင်ခဲ့တယ် ..”

သူမက အလွန်အေးစက်ပြီး အသားညိုသော ချန်းပင်အန်းကို ကြည့်လိုက်သည်။

“သခင်မလေးကတော့ အပြောင်းအလဲမြန်တဲ့ ကလေးတစ်ယောက်ပဲ။ ဒါကြောင့် သခင်လေးရဲ့ ရည်ရွယ်ချက်တွေကို နားလည်နိုင်မှာ မဟုတ်ဘူး။ အဲဒီအတွက်ကြောင့် သခင်လေးက သခင်မလေးကို လုံးဝမျှော်လင့်မထားဘူး ။ အဲ့ဒီအစား သူက ငါ့ကိုရွေးချယ်ခဲ့တယ်။ ဒီစာထဲမှာရှိတဲ့စကားလုံး (၂၀၀၀)က ကွေ့ဝိုက်တဲ့နည်းလမ်းနဲ့ ရေးသားထားတာပဲ။ ဒါပေမယ့် အဲဒါက ပုံမှန် စကားလုံးအရ စကားလုံး(၇)ခုပဲရှိတယ် …”

ကျူးလုက အားရပါးရရယ်လိုက်ပြီး မျက်လုံးထဲမှ မျက်ရည်များပင် ထွက်ကျလုမတတ် ဖြစ်နေသည်။ သူမ၏စကားလုံးများကလည်း အလွန်ပြတ်သားနေခဲ့၏။

“တာ့လီအင်ပါယာရဲ့ ပင်မစစ်သူကြီးကလန်၊ ချန်းကလန်ရဲ့အကြီးဆုံးသား၊ သူသတ်ခဲ့တဲ့ မြင်းဓားပြတွေ ၊ သူထွန်းခဲ့တဲ့ ငြိမ်းချမ်းရေးမီးတောက်နဲ့ သူရခဲ့တဲ့ ဂုဏ်ထူးဆောင်အမှတ်အသား ..”

“ထိုစကားလုံး (၉)ခုအရ ချန်းပင်အန်းကို သတ်မယ်ဆိုရင် ဂုဏ်ထူးဆောင်ဘွဲ့တစ်ခု ရမယ် ..”

စာသင်သားများက လူသတ်ရန် ဓား မလိုအပ်ပေ စကားလုံးများသာ လိုအပ်၏။

ချန်းပင်အန်းက မျက်မှောင်ကြုတ်လိုက်မိသည်။

ကျူးလုက ဗိုက်ကို လက်နှင့်ဖိပြီး ထိုင်ရန် ကြိုးစားလိုက်သည့်အတွက် အလွန်နာကျင်နေခဲ့၏။ သူမ၏ဗိုက်ထဲတွင် အလွန်မုန်တိုင်းထန်နေသလို ထင်မှတ်ရသည်။ မျက်နှာပေါ်တွင်လည်း ချွေးသီးချွေးပေါက်များ ကျဆင်းနေခဲ့၏။ သို့သော်သူမ၏မျက်နှာပေါ်တွင် မထီမဲ့မြင် အမူအရာတစ်ခု ရှိနေခဲ့သည်။

“နင်ကတော့ ဘဝတစ်လျှောက်လုံး ဂုဏ်ထူးဆောင်ဘွဲ့ဆိုတာကို ကြားဖူးမှာ မဟုတ်ဘူး…”

ယခုတစ်ကြိမ်တွင်တော့ လူငယ်က သူမကိုမတားခဲ့ပေ။ သခင်မလေးက ဦးလေးငယ်လို့ ခေါ်နေသောလူကို သူမက ကြည့်ပြီး ပြောလိုက်၏။

“နင့်ကို သတ်လိုက်တာကလွဲရင် ငါအလုပ်ချင်ဆုံးအရာက ဘာလဲသိလား နင်က အခုဆိုရင် စကားလုံးတွေ အများကြီး မသိသေးဘူးမလား။ ငါက နင့်ကို အခုအဲဒီစာပြချင်တယ် ။ ဒါဆိုရင် နင့်ရဲ့နိမ့်ကျမှုနဲ့ တန်ဖိုးက ဘယ်လောက်ရှက်စရာကောင်းလဲဆိုတာ ခံစားမိလိမ့်မယ်။ ဒီလိုလှပတဲ့စကားလုံးတွေ ၊ကဗျာဆန်တဲ့စကားလုံးတွေ ဒီကမ္ဘာကြီးမှာရှိတယ်ဆိုတာသိရင် နင် အရမ်းအံ့ဩသွားရလိမ့်မယ်။ နင်က အဲဒီလိုစာတွေကို အကြိမ်(၁၀၀)ဖတ်မယ် ဆိုရင်တောင် ဒီစာထဲမှာ ရှိနေတဲ့ တကယ့်အစစ်အမှန် စကားလုံး(၁၀)လုံးကို နားလည်နိုင်မှာ မဟုတ်ဘူး။ ငါကတော့ တော်တော်လေး ရယ်စရာကောင်းတယ်လို့ သတ်မှတ်မိတာပဲ။ ငါက အရယ်လွန်ပြီး သေသွားမှာတောင် စိုးရတယ်…"

ချန်းပင်အန်းက ခုံတန်းရှည်ပေါ်တွင် တိတ်တဆိတ်ထိုင်နေခဲ့သည်။ သူ့အနားတွင် ပြန့်ကျဲနေသော တုတ်ထိုးသကြားလုံးအပိုင်းအစများကိုတော့ လျစ်လျူရှုထားခဲ့၏။ သူက ကျူးလုကိုကြည့်ပြီး အံကြိတ်၍ ပြောလိုက်၏။

“တကယ်လို့ ကျူးဟယ်ကြောင့်သာ မဟုတ်ရင် ငါက နင့်ကို အရယ်လွန်ပြီး သေသွားခွင့်ပေးလိုက်မှာပဲ ..”

သူက မတ်တပ်ရပ်လိုက်ပြီးဖြည်းညင်းစွာ ဆက်ပြောလိုက်သည်။

"နင်က ဒီအခြေအနေတွေအားလုံး နင့်အဖေကို ရှင်းပြဖို့ ပြောနေတယ်ဆိုတာ ငါသိတယ။ ပြီးတော့ နင်က ဒီတစ်ကြိမ် ကျူးဟယ် တိုက်ခိုက်လာအောင် ထောင်ချောက်ဆင်လိုက်တာပဲ။ နင်က ကျူးဟယ်ကို ရွေးချယ်ခွင့်မပေးချင်ဘူး။ သူက ငါ့ကိုသတ်မလား ဒါမှမဟုတ် နင့်ကိုသတ်မလား တစ်ခုခုရွေးရလိမ့်မယ်။ ဟုတ်တယ်မလား…"

ကျူးလုက နောက်တစ်ကြိမ် တိတ်ဆိတ်သွားခဲ့ပြီး သူမ၏မျက်နှာပေါ်တွင် အရိပ်တစ်ခု ဖြစ်ပေါ်လာခဲ့သည်။

ကျူးဟယ်က စြင်္ကံလမ်းတွင် ရောက်နေသည်မှာ အချိန်အတော်ကြာနေခဲ့ပြီဖြစ်သည်။ သူက လက်နှစ်ဖက်ကို တင်းတင်းဆုပ်ထားခဲ့၏ ။ သူ့လက်နှစ်ဖက်ရှိ သွေးကြောများကလည်း ထောင်ထနေခဲ့သည်။ သူ့မျက်နှာပေါ်တွင်လည်း နာကျင်မှုများ ပြည့်နှက်နေခဲ့၏။

သူက လူငယ်နှင့်မိန်းမပျိုတို့ကို တလှည့်ဆီ စိုက်ကြည့်နေခဲ့သည်။ တစ်ယောက်က သူအချစ်ရဆုံးသမီးဖြစ်ပြီး တစ်ယောက်က သူသဘောအကျဆုံး လူငယ်ဖြစ်သည်။

ကျူးလုက လက်မထောင်ပြီး သူ့နှုတ်ခမ်းထောင့်မှ ထွက်ကျလာသော သွေးများကို သုတ်လိုက်သည်။ သူမက ခေါင်းငုံ့ပြီး ချန်းပင်အန်းကို စိုက်ကြည့်လိုက်သည်။ သူမက ဖြည်းညင်းစွာ လှည့်ကြည့်လာပြီးနောက် ရှားရှားပါးပါး တည်ငြိမ်သော အမူအရာ ပေါ်လာခဲ့၏။

"တကယ်လို့ သခင်မလေးသာ ဒီအကြောင်းကို သိသွားမယ်ဆိုရင် သူ့ရဲ့အကျင့်စရိုက်အရ ငါက အသတ်မခံရရင်တောင် သေချာပေါက် ယုံကြည်မှုလျော့သွားလိမ့်မယ်…"

သူမက သူ့အဖေကို နောက်ထပ် တွန်းအားပေးနေခြင်းဖြစ်သည်။

"အခုချိန်ကစပြီး ငါ့ရဲ့အနာဂတ်က ပျက်စီးသွားပြီ။ အဖေ … ဘာကိုမှသနားငဲ့ညှာ မနေပါနဲ့တော့။ ဖုန်းရွှယ်ကျောင်းဆောင်က အိုက်လျန်က ခုထိ ပြန်ရောက်မလာသေးတော့ အဖေက ဒီအခွင့်အရေးကို အရယူပြီး တိုက်ခိုက်သင့်တယ်။ သခင်လေးက ပြောခဲ့ဖူးတယ်။ တွေဝေခြင်းဆိုတာက ပျက်ဆီးခြင်းကို ဦးတည်နေတယ်…"

ချန်းပင်အန်းက ရုတ်တရက်ပြန်လှည့်လိုက်ပြီး ခုံပေါ်မှ တုတ်ထိုးသကြားလုံးတစ်ခုကို ကောက်၍ ပါးစပ်ထဲ ပစ်ထည့်လိုက်သည်။ ထို့နောက် သူက ကျူးလုကို မျက်နှာချင်းဆိုင်ပြီး ပြောလိုက်၏။

"မင်းက သေရလိမ့်မယ်…"

ကျူးလုက မျက်နှာပျက်သွားခဲ့သည်။ သူ့အဖေနှင့် ချန်းပင်အန်း၏ ကြားထဲတွင် (၁၅)လှမ်းစာ ကွာဝေးနေသည်။ ချန်းပင်အန်း၏ကျင့်စဉ်အဆင့်က မြင့်မားမှု မရှိသော်လည်း သူ့အရှိန်နှင့် လျင်မြန်သွက်လက်မှုကို ကျူးလုက မြင်ခဲ့ဖူးသည်။

သူမက အနည်းငယ် စိတ်ဓါတ်ကျသွားပြီး ဒေါသထွက်လာခဲ့၏။ သူမ၏အဖေကတော့ အဝေးတွင် ပေါ်မလာသင့်ပေ။ ထိုအရာက သူသေကိုယ်သေ တိုက်ပွဲတစ်ခု ဖြစ်၏။ ထို့ကြောင့် လှုပ်ရှားမှု တစ်ခုချင်းဆီကပင် အခြေအနေကို ပြောင်းလဲသွားစေနိုင်သည်။

ကျူးလုက ပြန်လှည့်လာပြီး သွေးနှင့် လှမ်းထွေးလိုက်၏။

“နင်က အရမ်းအစွမ်းထက်တယ်ထင်ရင် ကြိုးစားကြည့်လိုက်လေ…”

"အဖေ …

တကယ်လို့ အဖေသာ သူ့ကိုမသတ်ဘူးဆိုရင် သမီးက ဒီနေ့အဖေ့ရှေ့မှာပဲ သေပစ်လိုက်မယ်။ အဖေက ချန်းပင်အန်းကို အရင်ဆုံးဖမ်းဖို့လိုတယ်…"

ချန်းပင်အန်းကို ဖမ်းမိပြီးနောက် မည်သည့်အရာများ ဆက်လုပ်မယ်နည်း။ အကယ်၍ သူမ၏ အဖေက မသတ်ချင်လျှင်ပင် သူမက သတ်ပစ်နိုင်သည်။

သူမက တစ်ကိုယ်လုံး တင်းကြပ်နေပြီး အဆင်သင့် ပြင်ထားခဲ့သည်။ ချန်းပင်အန်းက သူမကို ဓားစာခံအဖြစ်ဖမ်းပြီး သူမ၏ အဖေကို‌ ခြိမ်း‌ခြောက်မှာစိုးသည့်အတွက် ကိုယ့်ကိုယ်ကိုယ် ခုခံရန် ပြင်ဆင်ထားသည်။

အကယ်၍ သူမကသာ ချန်းပင်အန်းနှင့် တိုက်ခိုက်မည်ဆိုရင် အနိုင်ရရန် အခွင့်အရေးရှိသည်ဟု သူမအဖေက ပြောခဲ့ဖူးသည်။ သို့သော် အကယ်၍ သူမကသာ သူသေကိုယ်သေတိုက်ပွဲမျိုး တိုက်ခိုက်ရမည် ဆိုလျှင်တော့ သေချာပေါက် သေဆုံးရပါလိမ့်မည်။

ပထမတွင်တော့ သူမက ထိုအရာကို မယုံကြည်ခဲ့ပေ။ ထို့နောက် သွားစားပွဲတောင်ပေါ်၌ အဖြူရောင်မြွေနှင့်တွေ့ဆုံသည့်အချိန်တွင် သူမက အလွန်ထိတ်လန့်သွားခဲ့သည်။ သူမက ထိုနေရာတွင် ရပ်နေပြီး သေခြင်းတရားကို စောင့်နေခဲ့ရ၏။

ထိုအချိန်တွင် ချန်းပင်အန်းကတော့ သတ္တိရှိပြီး ဆုံးဖြတ်ချက်ပြတ်သားသူအဖြစ် သူမထက် သာလွန်သော အရည်အချင်းများကို ပြသနိုင်ခဲ့သည်။ ထို့ကြောင့် သူမက စိတ်ဓာတ်ကျမှုများ ခံစားခဲ့ရပြီး သိုင်းပညာလေ့ကျင့်ရန်ဆုံးဖြတ်ချက်များကလည်း လုံးဝကို ပျက်စီးသွားလုနီးပါး ဖြစ်သွားခဲ့၏။

လူတစ်ယောက်၏ စိတ်အခြေအနေ ပျက်စီးသွားလျှင် သူတို့၏ သိုင်းပညာ‌ လေ့ကျင့်မှုက အဆုံးသတ်ကို ရောက်သွားပါလိမ့်မည်။ ဖယောင်းတိုင်နီမြို့ကို ရောက်မလာခင် သွားစားပွဲတောင်၏ တောင်တန်းသခင် ဝေ့ပိုက နှုတ်ဆက်လက်ဆောင်များ ‌ပို့ပေးခဲ့သည်။

ကျူးဟယ်၏ တိုက်တွန်းမှုနှင့် သူမက လျှို့ဝှက် အင်မော်တယ်ကျင့်စဉ် တစ်ခုဖြစ်သော ခရမ်းရောင်ချီကျင့်စဉ် စာအုပ်တစ်ခုကို ရရှိခဲ့သည်။ ထိုအရာက လူတိုင်း အိပ်မက်မက်နေသော သိုင်းပညာကျင့်စဉ်တစ်ခုလည်း ဖြစ်၏။ အမှန်အတိုင်း ပြောရလျှင်တော့ ထိုမိန်းမပျိုက စာအုပ်ကြောင့် စိတ်လှုပ်ရှားခဲ့ခြင်းမရှိပေ။ ရည်မှန်းချက်များ ဆုံးရှုံးသွားသည့်အချိန်တွင် ပြန်ရှာတွေ့ရန် ခက်ခဲသည်။

ကျူးဟယ်ကဲ့သို့ အထွဋ်အထိပ်ကိုရောက်ရန် အိပ်မက်မက်နေသော သိုင်းပညာရှင်တစ်ယောက်က ထိုအရာကို မသိဘဲနေမည်လော ။ သို့သော် သူမ၏သခင်လေးဆီမှ စာရောက်လာပြီးနောက် သူမကို ညွှန်ကြားချက်များ ပေးခဲ့သည်။

ထိုအရာက ဆောင်းရာသီတွင် မီးဖိုတစ်ခုရလိုက်သလို ဖြစ်သွားခဲ့၏။ ထိုမိန်းမပျို၏ စိတ်ထဲတွင် မျှော်လင့်ချက်တစ်ခု ပေါ်လာခဲ့၏။ သူမက သိုင်းပညာကို သေချာပေါက် ဆက်လက် လေ့ကျင့်မည်ဟု သူ့ကိုယ်သူ ပြောနေခဲ့၏။ သူမကလည်း သူမ၏အဖေကဲ့သို့ သိုင်းပညာရှင် တစ်ယောက် ဖြစ်ချင်ခဲ့သည်။

သူမက တိုက်ပွဲတွင် ကြီးကြီးမားမား အကျိုးဆောင်ပြီး ဂုဏ်ထူးဆောင်ဘွဲ့တစ်ခု ရချင်ခဲ့သည်။ ယခု သူမက စစ်တောင်တန်းမှ သူရဲကောင်းသည်းခြေဆေးတစ်လုံးနှင့် အင်မော်တယ်ကျင့်စဉ်ကို ပိုင်ဆိုင်ထားခဲ့၏။ ကျူးဟယ်ပြောခဲ့သလို သူမက အလွန်အဆင့်မြင့်သောအဆင့်(၇)ကိုပင် အိပ်မက်မက်ရဲသွားပြီဖြစ်သည်။ ထိုသို့ဆိုလျှင် ကျူးလုကရော ဘာကြောင့် သူမ‌ မတွေးဖူးသောအရာကို အိပ်မက်မမက်ရဲရမည်နည်း။

သူမက အလွန်တောက်ပသော အနာဂတ်တစ်ခုနှင့် ထူးခြားဆန်းကြယ်မှုများ ပြည့်နှက်နေ‌သော ကျင့်ကြံ‌ရေးလမ်း‌ကြောင်းတစ်ခုကို အိပ်မက်မက်နေခဲ့သည်။ ထို့ကြောင့် သူမက ပုံမှန်တိုက်ပွဲတွင် အနိုင်မရနိုင်‌ကြောင်း သိရသည့်အခါ ချန်းပင်အန်း ခန့်မှန်းထားသည့်အတိုင်း အလစ်ချောင်း၍ တိုက်ခိုက်ချင်ခဲ့သည်။

သူမက ဓားတိုတစ်ချောင်းကို ဝယ်ချင်ခဲ့သော်လည်း လက်နက်ဆိုင်က ပိတ်ထားသည့်အတွက် လက်ဗလာနှင့် ပြန်လာခဲ့ရသည်။ ထို့ပြင် သူ့အဖေက ချန်းပင်အန်းကို တောင်းပန်စေချင်ခဲ့၏။ ချန်းပင်အန်းနှင့် သူမ၏သခင်မလေးကလည်း တုတ်ထိုးသကြားလုံးများဝယ်ရန် ပြောနေသည်ကို ကြားမိခဲ့သည်။

ဓားတိုများက လူသတ်နိုင်၏။ တုတ်ထိုးသကြားလုံးများကလည်း လူသတ်နိုင်၏။ အကယ်၍ သူတို့ကိုသာ အဆင့်(၂) သိုင်းပညာရှင်တစ်ယောက် လက်ထဲကိုင်ထားလျှင် လူသတ်နိုင်သည်။ သို့‌သော် ဝါးတုတ်ချောင်း တစ်ချောင်းတည်းက ချန်းပင်အန်းကို တိုက်ခိုက်လိုက်သည့်အချိန်တွင် ကျိုးသွားမှာ စိုးသည့်အတွက် သူမက ချန်းပင်အန်းနှင့် လီပေါင်ဖျင်တို့အတွက်ဟူ၍ ဆင်ခြေပေးပြီး (၃)ချောင်းဝယ်လာခဲ့သည်။

သူမ၏လက်ထဲတွင် ဝါးချောင်း(၃)ချောင်း ကိုင်ထားသည့်အတွက် လူငယ်၏နှလုံးသားကို ထိုးဖောက်ရန် ယုံကြည်ချက်ရှိသည်။ သူမ၏အစီအစဉ်များက ကြိုတင်တွက်ချက်ထားခြင်းဖြစ်၏။ ကျူးလုက သူမ၏အရည်အချင်းနှင့် ထက်မြက်သောအရာများကို ပြသခဲ့သည်။

လီကလန်၏ ဒုတိယသခင်လေးက တခြားသူများ၏အရည်အချင်းကို ရှာဖွေပြီး သူတို့ကို ကောင်းကောင်းကြီး အသုံးချနိုင်ကြသည်။ ကျူးလု၏ အစီအစဉ်နှင့် ပတ်သက်ပြီး အံ့ဩစရာကောင်းသည်မှာ သူမ နောက်ဆုတ်ရန်အတွက် အစီအစဉ်ပါ ရေးဆွဲထားခြင်းဖြစ်သည်။ သူမ၏အဖေအတွက် နောက်ဆုတ်ရန် လမ်းကြောင်းတော့ မရှိခဲ့ချေ။ သူမ သေလျှင်သေ သို့မဟုတ် ချန်းပင်အန်း သေရမည် ဖြစ်သည်။

ခေါင်းပေါ်တွင် ကျောက်စိမ်းဆံထိုးတစ်ခု ထိုးထားပြီး ဆင်းရဲနွမ်းပါးသော လူငယ်ကိုကြည့်၍ ကျူးဟယ်ကတော့ သူ့သမီး‌၏ ကိုယ်စား စကားတစ်ခွန်း ပြောလိုက်သည်။

"တောင်းပန်ပါတယ်…"

ချန်းပင်အန်းက အပြုံးနှင့် ပြောလိုက်၏။

"ရပါတယ်။ လူတိုင်းက ကိုယ်ပိုင်လမ်းကြောင်းကို လွတ်လပ်စွာ ရွေးချယ်ခွင့်ရှိပါတယ်..”

သူ့အပြုံးက သာမန်အခြေအနေနှင့် ဆန့်ကျင့်နေခဲ့သည်။ ထိုအစား လူတစ်ယောက်ကို အရိုးထဲစိမ့်အောင် ကြောက်သွားစေနိုင်၏။ အနားတွင် ရှိသော ကျူးလုကလည်း ထိုခံစားမှုကို အရင်ဆုံး ခံစားလိုက်ရသည်။

သွားစားပွဲတောင်တွင် ကျူးဟယ်နှင့် တိုက်ခိုက်ပြီးနောက် ချန်းပင်အန်းက သူ့ခန္ဓာကိုယ်ထဲတွင် ရှိနေသော သွေးကြောမှတ်(၃)မှတ်ကို သတိထားမိခဲ့သည်။ ထိုအရာက သူ့ခန္ဓာထဲတွင် မီးနဂါးတစ်ကောင် ရောက်နေသလို ခံစားရ၏။ သူက သွေးကြောမှတ်များထဲကို မဝင်နိုင်ခဲ့ပေ။ ထိုအချိန်မှသာ သူ့ခန္ဓာကိုယ်ထဲတွင် ပုန်းအောင်းနေသော ဓားချီစွမ်းအင် သွေးကြောမျှင် (၃)ခုကို သတိထားမိခဲ့ခြင်းဖြစ်သည်။

သူတို့က သူ့စိတ်နှင့် ဆက်သွယ်နေကြသည့်အတွက် စိန်‌ခေါ်မှုတိုင်းကို ဖြေရှင်းရန် အသုံးပြုလျှင်လည်း ကိစ္စမရှိပေ။ ချန်းပင်အန်းက အဖြူရောင်မြွေ၏ ခေါင်းကိုဖြတ်ရန် ဓားချီစွမ်းအင်အမျှင်တစ်ခုကို အသုံးပြုခဲ့သည်။ သူ့ကိုယ်သူ ကာကွယ်ရန်အတွက် ဤနေရာတွင် နောက်ထပ်ချီစွမ်းအင်အမျှင်တစ်ခု သုံးလိုက်လျှင်လည်း ဆိုးဝါးသည်ဟု မခံစားရပေ။

သို့သော် သူက နောက်ဆုံးတစ်ခုကို အသုံးပြုမည်ဆိုလျှင်တော့ သေချာပေါက် တစ်စုံတစ်ခုပြန်ရရန် လိုအပ်သည်။ သူက ထိုအရာကို အသုံးပြုလိုက်သည့်အချိန်တိုင်း အပေးအယူများ လုပ်၍မရနိုင်ပေ။ ဤအရာက သူ့အတွက် ထောင်ချောက် ဆင်ထားသော ကြောက်စရာထောင်‌ချောက်ဖြစ်သည်။

ကျူးလုက အကြောင်းအရာများစွာကို ရှင်းပြခဲ့၏။ ထိုအချိန်တွင် ချန်းပင်အန်းကတော့ စကားလုံးအနည်းငယ်သာ ပြောခဲ့သည်။ ထို့ကြောင့် လက်ရှိအချိန်တွင် ထိုလူငယ်လေးက စကားပြောရန် လိုအပ်သည်ဟု ခံစားနေရ၏။ သူနှင့် သူ့ကို အားကိုးနေရသော အင်မော်တယ် အစ်မကြီးတို့အတွက် မဖြစ်မနေ ရင်ဆိုင်ရန် လိုအပ်သည်။

လူငယ်လေးက ခြေထောက်တစ်ဖက်ကို ရှေ့သို့တက်လိုက်ပြီး ခြေထောက်တစ်ဖက်ကို နောက်သို့ ဆုတ်လိုက်သည်။ သူက ဒူးကွေးလိုက်ပြီးနောက် ခါးကို အောက်သို့ အနည်းငယ်နှိမ့်လိုက်၏။ သူ၏လက်ညှိုးနှင့် လက်ခလယ်ကို ပူးလိုက်ပြီး သူက စြင်္ကံနှင့် အဝေးတွင် ရပ်နေသောလူကို လှမ်းချိန်လိုက်သည်။ သူက နှုတ်ခမ်းမှ တစ်စုံတစ်ခုကို ရွတ်ဆိုလိုက်၏။

ကျူးလု၏ အာရုံ‌(၆)ပါးထဲတွင်တော့ ထိုအရာက ဘိုးဘေးများဆီမှာ သတိပေးချက်တစ်ခုကဲ့သို့ ခံစားလိုက်ရပြီး အလွန်စိုးရိမ်ထိတ်လန့်သွားခဲ့သည်။ ထိုအချိန်တွင် သူမက ကျယ်လောင်စွာ အော်ဟစ်လိုက်၏။

"မလုပ်နဲ့…"

ကျူးဟယ်၏ အရေပြားက လှုပ်ရှားလာပြီး သူ့ခန္ဓာကိုယ်ထဲတွင် ရှိနေသော အစွမ်းထက် အဆင့်(၅) သိုင်းပညာရှင်တစ်ယောက်၏ အစွမ်းများက ခန္ဓာကိုယ်ထဲတွင် ပျောက်ကွယ်သွားသလို ဖြစ်သွားခဲ့သည်။ သူက နေရာတွင် အေးခဲသွားခဲ့၏။

ချန်းပင်အန်းက တိတ်တဆိတ် ရေရွတ်လိုက်သည်။

"ဓား … လာခဲ့…"

Translated by Hein Htet.

All Chapters