← Chapters

အခန်း (၁၂၁)

Vol. 9 Ch. 121

အခန်း (၁၂၁)

Vol. 9 Ch. 121

နဂါးနှုတ်ခမ်းမွှေးစမ်းချောင်းနှင့် သံအဆောင်မြစ်တို့၏ ကြားထဲတွင် အလွန်လှပသော ရေတံခွန်တစ်ခု ရှိနေသည်။ သို့သော် နဂါးနှုတ်ခမ်းမွှေးစမ်းချောင်းကိုတော့ ယခုနဂါးနှုတ်ခမ်းမွှေးမြစ်ဟု နာမည်ပြောင်းပေးထားသည်။

မှောင်မည်းနေသောအချိန်တွင် အလွန်ဆွဲဆောင်မှုရှိသော မိန်းမလှလေး တစ်ယောက်က ရွှေရောင်ပန်းပွားတစ်ခု တပ်ထားသော ဓားတစ်လက်ကို ကိုင်ပြီး စမ်းချောင်းနှင့် မြစ်ဆုံသည့်နေရာတွင် ရပ်နေခဲ့သည်။

ထိုမိန်းမပျိုက အလွန်အမင်းကို ထက်မြက်ပြီး သူမ၏ ရင်ဘတ်ပတ်ပတ်လည်တွင် ရှိနေသော အဝတ်အစားများကိုလည်း တင်းတင်းကြပ်ကြပ် စည်းနှောင်ထားခဲ့သည်။ အကယ်၍ သူမက အောက်ဖက်ကို ငုံ့ကြည့်လိုက်မယ်ဆိုရင်ပင် သူမရဲ့ခြေထောက်ကို မမြင်နိုင်ပေ။ ယခုတော့ ရွှေရောင်ပန်းပွားလေးများစွာက အလွန်ဆွဲဆောင်မှုရှိသော သူမ၏ရင်ဘတ်အပေါ်တွင် ရှိနေခဲ့သည်။

သူမကတော့ မိဖုရားကြီး၏ အစေခံမလေးဖြစ်၏။ သူမက အလွန်အမင်း လှပသော်လည်း သူမ၏နာမည်ကတော့ တောဆန်သော ယန်ဟွာဟူသည့် နာမည်ဖြစ်နေသည်။

ပထမတွင်တော့ ထိုမိန်းမပျိုက အ‌ရှေ့ပိုင်းကုန်းမြေကြီးထဲတွင် တန်ဖိုးအရှိဆုံး အဆောင်ဓားကို မြစ်ထဲသို့ ပစ်ချလိုက်သည်။ ထို့နောက် သူမက ပင့်သက်ရှိုက်လိုက်ပြီး အဝတ်အစားများကို တစ်ထပ်ချင်းဆီ ချွတ်ချလိုက်၏။ ထို့နောက် အဝတ်အစားများကို သံအဆောင်မြစ်ထဲသို့ ပြစ်ချလိုက်ရာ ဗွမ်းခနဲ မြည်သံတစ်ခုပင် ကြားလိုက်ရသည်။

အဆုံးတွင်တော့ အလွန်ချောမွတ်နေပြီး ကောက်ကြောင်းလှပသော ခန္ဓာကိုယ်တစ်ခုလေးက လုံးဝကို ပေါ်လာခဲ့၏။ လရောင်အောက်တွင် ရေချိုးနေရင်း ရေထဲမှနေ၍ မြူခိုးလေးများ ထွက်ပေါ်လာနေခဲ့သည့်အတွက် သူမ၏ပုံစံက အလွန်သိမ်မွေ့နူးညံ့သလို ထင်မှတ်ရသည်။

သူမက ရှေ့ကို တစ်လှမ်းလျှောက်လိုက်ပြီး ခန္ဓာကိုယ်က မြစ်ထဲသို့ ဒိုင်ဗင်ထိုးဆင်းသွားခဲ့သည်။ နတ်ဘုရားမတစ်ပါးဖြစ်လာရန် မြစ်ထဲသို့ သွားရခြင်း ဖြစ်၏။ ထိုမိန်းမပျိုက နန်းတွင်းမှ အမိန့်စာတစ်ခုကို ရရှိထားခဲ့၏။ ယနေ့ညတွင် သူမက သံအဆောင်မြစ်၏ တရားဝင်နတ်ဘုရားမတစ်ပါး ဖြစ်လာပါလိမ့်မည်။

တာ့လီအင်ပါယာ၏လက်အောက်တွင် အကြီး၊ အလတ်နှင့် အငယ်ဟူ၍ တိုင်းပြည်အဆင့်(၃)ဆင့် ရှိသည်။ မြစ်များတွင်လည်း အလားတူသာဖြစ်၏။ မြစ်များ၏အောက်တွင် ရှိနေသည်မှာ သာမန်ရေအစောင့်အရှောက်များ ရှိနေသော စမ်းချောင်းလေးများ၊ ရေလမ်းကြောင်းများ ဖြစ်ကြသည်။

အကယ်၍ လူတစ်ယောက်ကိုသာ ထိုရေလမ်းကြောင်းများထဲတွင် နတ်ဘုရားအဖြစ် နေရာချထားပေမည်ဆိုလျှင်တော့ မြစ်အစောင့်ဟူသော နာမည်ကိုသာ ရနိုင်ပြီး မြစ်နတ်ဘုရားတော့ မဖြစ်နိုင်ပေ။

စမ်းချောင်းများ၏အထက်တွင် ရှိနေသည်မှာတော့ မြစ်များဖြစ်ကြပြီး သူတို့ကိုလည်း အဆင့်မြင့်၊ အလယ်အလတ်နှင့် အဆင့်နိမ့်ဟူ၍ (၃)ဆင့် ခွဲခြားထားပြန်သည်။ အဆင့်နှစ်ဆင့်ကို ကျော်လွန်လာပြီးနောက် ယခုတော့ နဂါးနှုတ်ခမ်းမွှေးစမ်းချောင်းက စမ်းချောင်းအဆင့်မှနေ၍ အလယ်အလတ် မြစ်အဆင့်သို့ ရောက်လာခဲ့၏။ ထိုမြစ်အဆင့်၏ အပေါ်တွင်တော့ မဟာမြစ်များ ရှိကြသည်။ သူတို့ကိုတော့ ထပ်မံခွဲခြားထားခြင်း မရှိတော့ချေ။ ယခုသံအဆောင်မြစ်က မြစ်အဆင့်မှနေ၍ မဟာမြစ်အဆင့်သို့ မြင့်တက်လာခဲ့သည်။

သို့သော် ဆုံးဖြတ်ချက်တစ်ခုကတော့ နဂါးနှုတ်ခမ်းမွှေးစမ်းချောင်းနှင့် သံအဆောင်မြစ်တို့၏ ကြားထဲတွင် ရွှေရောင်နတ်ဘုရားမရုပ်ထု သို့မဟုတ် မြစ်နတ်ဘုရားကျောင်းဆောင်ကို တည်ဆောက်ခွင့်မရှိချေ။ လက်ရှိအချိန်တွင်တော့ မရနိုင်သေးပေ။

သူတို့က တတ်နိုင်သမျှ အကြောင်းအရာများကို ရိုးရှင်းစွာ လုပ်ဆောင်နိုင်ကြသည်။ အသစ်နေရာချပေးထားသော မြစ်နတ်ဘုရားနှစ်ယောက်က လုံချွမ်တိုင်းပြည်ထဲတွင် မရင်းနှီးသောနာမည်များ ဖြစ်ကြသည်။ သူတို့ထဲတွင် သံအဆောင်မြစ်၏ တရားဝင်နတ်ဘုရားကတော့ ယန်ဟွာဟု ခေါ်သည်။

မြစ်နတ်ဘုရားအသစ်များ နေရာချပေးခြင်းနှင့် ယှဉ်လိုက်မည်ဆိုလျှင် တာ့လီအင်ပါယာ၏နန်းတွင်းက တစ်ကြိမ်တည်းနှင့် တောင်တန်းနတ်ဘုရား(၃)ယောက်ကိုလည်း နေရာချထားပေးခဲ့သည်။ ထိုတောင်တန်းနတ်ဘုရားများက ပိယွင်တောင်၊ ရှန်ရှို့တောင်နှင့် ‌လော်ပိုတောင်တို့တွင် နေထိုင်ကြရမည်ဖြစ်သည်။

ထိုနတ်ဘုရားများ ကြိုဆိုပွဲကလည်း အလွန်ကြီးကျယ်ခမ်းနားပြီး တာ့လီအင်ပါယာ၏ ဘုရင်ကိုယ်တိုင် အမိန့်ပြန်တမ်းထုတ်ပေးခဲ့ရသည်။ သူတော်စင်ရွမ်ချုံကလည်း ထိုအဆောက်အဦးဖွင့်ပွဲကို ကြေညာပြီး အထွေထွေရေးရာဌာနမှ လက်ထောက်အမတ်ကြီးက နန်းတွင်းအမိန့်စာထဲရှိ စာသားများကို ကြေညာပေးခဲ့သည်။

ထိုအချိန်တွင် နက္ခတ်ရေးရာဌာနမှ မြေစာရင်းအရာရှိနှင့် တိုင်းပြည်အရာရှိ ဝူယွမ်တို့ကလည်း နတ်ဘုရားနှစ်ပါး၏ ရွှေရောင်ရွှံ့ရုပ်ထုများကို ဖော်ပြခဲ့သည်။ ထိုအရာက ထုံးတမ်းစဉ်လာများအရ လုပ်ဆောင်ခြင်းဖြစ်ပြီး အစဉ်အလာတစ်ခုကိုမျှ လျစ်လျူရှုသွားခဲ့ကြခြင်း မရှိချေ။

အရှေ့ပိုင်းကုန်းမြေကြီးပေါ်တွင် ရှိနေသော တောင်တန်းနတ်ဘုရားများကို အဆင့်(၃)ဆင့် ခွဲခြားထားနိုင်ပြီး တောင်(၅)တောင်၏ နတ်ဘုရား၊ သာမန်တောင်တန်းနတ်ဘုရားနှင့် တောင်တန်းသခင်များ ဖြစ်ကြသည်။ သာမန်လူများက ကုန်းမြေအရှင်သခင်ဟု သတ်မှတ်ထားကြသော တောင်တန်းသခင်များကတော့ နန်းတွင်းထဲတွင် စောင့်ကြပ်နေရသော အရာရှိများနှင့် တူညီနေသည်။

ပုံမှန်အားဖြင့်ပြောရလျှင် တောင်မြင့်ကြီးများနှင့် တောင်တန်းများက အရွယ်အစားမည်မျှရှိစေကာမူ အတူတူသာ ဖြစ်ကြသည်။ ထို့ကြောင့် တောင်တန်းသခင်များ ၊ တောင်တန်းနတ်ဘုရားများက တစ်နေရာတည်း၌ နေထိုင်ကြမည်ဆိုလျှင် အဆင့်တက်ရန် အလွန်ခက်ခဲ၏။ သို့သော် ထိုအရာကလည်း တိကျမှုမရှိချေ။

အကယ်၍ အစွမ်းထက်သော ကျင့်ကြံသူတစ်ယောက်ကသာ သူတို့၏တောင်တန်းတွင် နေထိုင်ပြီး ကျင့်ကြံရန် ဆုံးဖြတ်လိုက်ပြီဆိုလျှင် ၊ အကယ်၍ ထိုကျင့်ကြံသူကသာ တိုင်းပြည်က အလေးထားရသော အဆင့်မြင့်ပညာရှင်တစ်ယောက်ဆိုလျှင် ထိုတောင်တန်းသခင် သို့မဟုတ် တောင်တန်းနတ်ဘုရားကလည်း အခွင့်အရေးရသွားပြီး အဆင့်တက်လာနိုင်သည်။

မည်သို့ပင်ဖြစ်စေကာမူ တောင်တန်းများက သူတို့၏အမြင့်ကြောင့် နာမည်ကျော်ကြားခြင်း မရှိဘဲ တောင်တန်းပေါ်တွင် နေထိုင်သော အင်မော်တယ်များကြောင့်သာ နာမည်ကျော်ကြားလာရခြင်းဖြစ်သည်။

အသစ်ချမှတ်ပေးထားသော တောင်တန်းနတ်ဘုရားများထဲတွင် လောပိုတောင်ကို နေရာချထားပေးသော တောင်တန်းနတ်ဘုရားက အတော်လေးကို ထူးဆန်း၏။ သူ၏မျိုးရိုးနာမည်က စုန့်မျိုးရိုးဖြစ်ကြောင်းသာ သိခဲ့ရသည်။ သို့သော် တခြားတောင်တန်းနတ်ဘုရားနှစ်ယောက်၏ ရွှံ့ရုပ်ထုများနှင့် ယှဉ်လိုက်မည်ဆိုလျှင် သူ့ရုပ်ထု၏ ဦးခေါင်းတစ်ခုလုံးကိုတော့ ရွှေနှင့် ဖန်တီးထားခြင်းဖြစ်သည်။

ထိုအရာကလွဲလျှင် ရုပ်ထု၏ တခြားအစိတ်အပိုင်းများတွင်တော့ ရွှေမှုန်လေးပင် မပါခဲ့ပေ။ ထိုအစား သူ၏အဝတ်အစား၊ အသုံးအဆောင်များကို မတူညီသော အရောင်များဖြင့် ရိုးရှင်းစွာ ဆေးခြယ်ထားခြင်း ဖြစ်ကြသည်။ ထိုအရာကလည်း နန်းတွင်း၏လျှို့ဝှက်အမိန့်ကြောင့်ဟု ပြောကြ၏။

မြစ်ရေက နောက်ကျိနေပြီး အပေါ်ဘက်တွင်တော့ အလွန်ကြမ်းတမ်းသော ရေတံခွန်ကြီးတစ်ခု ရှိ‌နေသည်။ မိန်းမပျို၏ ခြေထောက်လေးက တာအိုဂိုဏ်းမှ အဖိုးတန်အဆောင်ဓားကို ပေါ့ပါးစွာ ထိမိသွားခဲ့သည်။ ရေထဲတွင် ရှိနေသော နွယ်ပင်များကဲ့သို့ ထိုဓား၏‌ရွှေရောင်ပန်းပွားလေးများက သူမ၏ ခြေထောက်တွင် ပေါ့ပါးစွာ ရစ်ပတ်လာခဲ့သည်။ သူမကတော့ အောင်မြင်မှုများကြောင့် အပြစ်ပေးခံခဲ့ရခြင်း ဖြစ်၏။

သူမက မျက်လုံးကို တင်းတင်းကျပ်ကျပ် မှိတ်လိုက်ပြီး သူမ၏မျက်ခွံလေးများကလည်း လှုပ်ရှားလာခဲ့သည်။ မျက်လုံးထဲမှနေ၍ မျက်ရည်များ ဖြည်းညင်းစွာ စီးကျလာနေခဲ့၏။ ထိုမျက်ရည်များက ရေစီးကြောင်းများနှင့်အတူ လျင်မြန်စွာ ပျောက်ကွယ်သွားခဲ့သည်။ သူမက ငယ်ငယ်ကတည်းက ရေစွမ်းအား၊ မြစ်များနှင့် ရင်းနှီးသော ထူးခြားသည့် ခန္ဓာကိုယ်ဖြင့် မွေးဖွားလာခဲ့ရသည်။

ခရီးသွား တာအိုသူတော်စင်မ တစ်ယောက်က သူမ၏အိမ်ကို တစ်ကြိမ် ရောက်လာခဲ့ပြီး ငယ်ရွယ်စဉ် သူမကို ပါးကွ(၈)ကွက်ဝင်္ကပါနှင့် တွက်ချက်ပေးခဲ့သည်။ သူမက ရေထဲတွင် မကောင်းသောအရာမျိုးစုံနှင့် ညစ်ပတ်နေသောအရာများကို ဆွဲဆောင်နိုင်သည်ဟု ကောက်ချက်ချထားခဲ့သည့်အတွက် သူမက ရေအရင်းအမြစ်များဆီသို့ ကပ်မသွားခြင်းက အကောင်းဆုံးဖြစ်သည်ဟု ဟောပြောခဲ့သည်။ အထူးသဖြင့် စီးဆင်းရာမရှိသောရေများ စုစည်းနေသည့်နေရာမျိုး ဖြစ်သည်။

ယန်ဟွာ အသက်ကြီးလာသည့်အချိန်တွင် တာ့လီအင်ပါယာမှ မြေစာရင်းအရာရှိတစ်ယောက်က တွေ့သွားခဲ့ပြီး သူမကို မိဖုရားကြီးဆီသို့ ခေါ်ဆောင်သွားခဲ့သည်။ ထိုအချိန်မှစ၍ သူမက ထိပ်တန်းရေစွမ်းအားကျင့်စဉ်များကို စတင်လေ့ကျင့်နိုင်ခဲ့သည်။

သူမ၏ကျင့်ကြံမှုကလည်း အဆပေါင်းများစွ ာတိုးတက်လာခဲ့ပြီး သူမ၏ (၃)နှစ်လေ့ကျင့်မှုက တခြားသူများ နှစ်ပေါင်း(၃၀)လေ့ကျင့်မှုနှင့် ညီမျှသည်။ ထို့ကြောင့် သူမ၏ကျင့်ကြံမှုက အလွန်လျင်မြန်သည်ဟု သတ်မှတ်နိုင်ပြီး တခြားလူများကတော့ မနည်းကို ကြိုးစားအားထုတ်နေကြရသည်။ သို့သော် သူမက ပြန်လမ်းမရှိသော ဤနေရာသို့ ရောက်လာခဲ့ရသည်မှာ ထိုအကြောင်းအရာကြောင့်တော့ မဟုတ်ချေ။

မြစ်အစောင့်တစ်ယောက် သို့မဟုတ် မြစ်နတ်ဘုရားများ ဖြစ်လာသည်မှာ ချီကျင့်ကြံသူများအတွက်တော့ လမ်းကြောင်းဖြတ်တောက်ခံရသည်ဟု အများစုက သတ်မှတ်ကြသည်။ ထိုအရာက အင်မော်တယ်လမ်းစဉ်ကို အောင်မြင်ရန် နည်းလမ်းတစ်ခု မဖြစ်နိုင်တော့ချေ။

အကယ်၍ သက်ရှည်တံခါးကသာ အလယ်၌ ကျိုးသွားပြီး တစ်ဖက်ကို မရောက်တော့လျှင် ထိုအရာကို သက်ရှည်တံတားဟု သတ်မှတ်နိုင်ဦးမည်လော။

သူမက ဘာကြောင့် ထိုကံတရားကို ရရှိခဲ့ကြောင်း ယန်ဟွာက နားလည်နေခဲ့သည်။ သူမက အောင်မြင်မှုကြောင့် အပြစ်ပေးခံခဲ့ရခြင်းဖြစ်၏။ အဘယ်ကြောင့်ဆိုသော် သူမက မြို့တော်ထဲတွင် အဆောင်ဓား၏ အသိအမှတ်ပြုခြင်းကို ရခဲ့သည်။ သူမက လေမိုးကြိုးဥယျာဉ်မှ လူငယ်ဓားသမားလေး လျှိုပါ့ချောင်ထက်အရင် အဆောင်ဓားကို ပြည့်ပြည့်ဝဝ ထိန်းချုပ်ခွင့်ရခဲ့သည်။

အလွန်မြင့်မားသော ကံကြမ္မာကို ရရှိခဲ့ပြီးနောက် သူမ၏ကျင့်ကြံမှုက ပို၍ပင် အရှိန်မြန်လာခဲ့သည်။ သို့သော် သူမက အထက်ဘုံ(၅)ဆင့်ကို ရောက်တော့မည်ဟု တွေးမိခဲ့သည့်အချိန်တွင် သူမကိုယ်တိုင် မသိလိုက်ဘဲ အိမ်မက်ဆိုးကြီးတစ်ခု ကျရောက်လာခဲ့ရ၏။

ပထမဆုံး မိဖုရားကြီးက အဆောင်ဓားကို သူတော်စင်ရွမ်ချုံ၏ လက်ထဲသို့ ပေးလိုက်ရန် ပြောခဲ့သည်။ ထိုအရာနှင့် နဂါးခေါင်းဖြတ်ကျောက်တုံးကို နှစ်ကြိမ်တိုက်ခိုက်ခဲ့ပြီးနောက် သူမဆီကို ဓားပြန်ပေးခဲ့သော်လည်း ဓားကတော့ ပျက်စီးတော့မည့် အခြေအနေကို ရောက်သွားခဲ့၏။ သို့သော် သူမက ဘာများတတ်နိုင်မည်နည်း။

တစ်ဖက်တွင် သူမကို ဘဝသစ်ပေးခဲ့သော မိဖုရားကြီးဖြစ်နေပြီး တစ်ဖက်ကလည်း တာ့လီအင်ပါယာ၏ အထူးဧည့်သည်တော် စစ်‌ကျောင်းတော်မှ သူတော်စင်တစ်ပါး ဖြစ်သည်။ သူမဆီတွင် ရွေးချယ်ခွင့်မရှိတော့ဘဲ ကံကြမ္မာကိုသာ လက်ခံခဲ့ရသည်။ သို့သော် ဘုရင်ကြီးက ရုတ်တရက် အမိန့်ထုတ်ခဲ့ပြီးနောက် သူမက သံအဆောင်မြစ်၏ မြစ်နတ်ဘုရားမတစ်ပါး ဖြစ်လာခဲ့၏။

မိန်းမပျိုက ဓားပေါ်တွင် ရပ်နေပြီး မြစ်ထဲတွင် မလှုပ်မယှက် လွင့်မျောနေခဲ့၏။ သူမက ကျောင်းဆောင်ထဲတွင် ရပ်နေသော နတ်ဘုရားရုပ်ထုကဲ့သို့ ထင်ရသည်။ သူမက ခေါင်းထဲတွင် ရှုပ်ထွေးနေသော အတွေးများအားလုံးကို ဖယ်ရှားလိုက်ပြီး ကိုယ့်ကိုယ်ကိုယ်သာ အာရုံစိုက်လိုက်သည်။

သူမ၏လက်ထဲတွင် တံဆိပ်များကို စတင်ဖန်တီးလိုက်ပြီး သူမ၏ခန္ဓာကိုယ်က တောင်တစ်တောင်ကဲ့သို့ မလှုပ်မယှက်ဖြစ်လာခဲ့သည်။ ထိုအချိန်တွင် သူမ၏အရေပြားပေါ်မှနေ၍ ဆံပင်မွှေးများ တစ်ခုပြီးတစ်ခု ကျွတ်သွားခဲ့ပြီး မြစ်ရေစီးချောင်းနှင့်အတူ ပျောက်ကွယ်သွားခဲ့သည်။

ခဏကြာပြီးနောက် သူမ၏ အသွေးအသားများက အရည်ပျော်ကျလာပြီး တစစီ ပျက်စီးသွားခဲ့၏။ သူမ အလွန်နာကျင်နေခဲ့ရသော်လည်း ရုပ်ပိုင်းဆိုင်ရာ ခံစားမှုအပြင် စိတ်ဝိညာဉ်အတွင်းပိုင်းထဲက ငိုကြွေးမှုကိုပင် ကြားနေခဲ့ရသည်။

သူမက အာရုံများကို ဖြတ်တောက်ရန် တာ့လီအင်ပါယာမှ လျှို့ဝှက်ကျင့်စဉ်တစ်ခုကို စတင်အသုံးပြုလိုက်၏။ ထိုသို့ဆိုရာတွင် ပိန်ပိန်ပါးပါး ခန္ဓာကိုယ်လေးကတော့ သွေးသံတရဲရဲဖြစ်နေပြီး တစစီ ပျက်စီးနေသည့်အတွက်ကြောင့် လှုပ်ရှားနေမိသေး၏။

သူမ၏ခန္ဓာကိုယ်ပေါ်တွင် အသွေးအသား အနည်းငယ်လေးသာ ကျန်တော့သည်။ ယခုတော့ သူမက အရိုးစုကြီးတစ်ခုကဲ့သို့ ဖြစ်လုနီးပါး အခြေအနေကို ရောက်နေခဲ့၏။ အဆုံးတွင်တော့ မိန်းမပျိုက အရိုးစုတစ်ခုအဖြစ်ကို ကျရောက်သွားခဲ့ရသည်။

မြစ်၏မျက်နှာပြင်ပေါ်တွင် ဆူပွက်လာပြီး စမ်းချောင်းများကလည်း လေထဲသို့ ထောင်တက်လာခဲ့၏။ မြစ်အောက်ခြေတွင် အနားယူနေသော အဆောင်ဓားကတော့ တစ်ချိန်လုံး မလှုပ်မယှက် ရှိနေခဲ့သည်။ သို့သော် ‌အဖြူရောင်အရိုးစုက မြက်ပင်လေးများကဲ့သို့ စတင်လှုပ်ရှားလာသည်ကို မြင်လာရသည်။ သူ့ပုံစံက အားနည်း၍ ပျက်စီးလွယ်ပုံရပြီး အချိန်မရွေး မြစ်ရေစီးကြောင်းနှင့်အတူ မျောပါသွားတော့မလို ဖြစ်လာခဲ့၏။

ထိုအချိန်တွင် အဆောင်ဓား၏ ရွှေရောင်ပန်းပွားပေါ်တွင် ရှိသော ကြိုးမျှင်လေးများဆီမှ ရွှေရောင်အလင်းတန်းတစ်ခု စတင်ထွက်ပေါ်လာခဲ့သည်။ ထိုကြိုးမျှင်လေးများက မိန်းမပျိုလေး၏ ခြေထောက်ကို တင်းတင်းကျပ်ကျပ် ချုပ်ကိုင်ပေးထားသည့်အပြင် သူတို့က အပေါ်သို့ ဖြည်းညင်းစွာ မြောက်တက်လာပြီး သူမ၏ ခြေထောက်ကို ရစ်ပတ်ထားခဲ့သည်။ တဖြည်းဖြည်းနှင့် သူမ၏ အဖြူရောင်အရိုးစုပေါ်ကိုပင် ရောက်လာခဲ့၏။ ထိုအချိန်ကျမှသာ အရိုးစုက တည်ငြိမ်သွားခဲ့သည်။

ရွှေရောင်ပန်းပွားလေး၏ အကူအညီနှင့် သူမက မြစ်ထဲတွင် ပုန်းအောင်းနေသော လျှို့ဝှက်ဆန်းကြယ်သည့် နတ်ဘုရားအာရုံ၏ စွန့်ပစ်ခြင်းကို မခံရတော့ပေ။ သူမက အဆင့်အနိမ့်ဆုံး ရေသရဲတစ်ကောင်အဖြစ် ရောက်သွားမည့်အခြေအနေမှ လွတ်မြောက်သွားခဲ့ရ၏။

နတ်ဘုရားအငွေ့အသက်များကို စုစည်းပြီး နတ်ဘုရား ခန္ဓာကိုယ်တစ်ခု ပြန်လည်ထုဆစ်လိုက်မည်ဆိုလျှင် လူတစ်ယောက်၏ ခန္ဓာကိုယ်က သူတော်စင် တစ်ပိုင်းတစ်စအဆင့်ကို တက်လှမ်းသွားနိုင်သည်။

အရိုးစုကို သေချာလေ့လာကြည့်လိုက်မည်ဆိုလျှင် ဦးခေါင်းခွံပေါ်မှနေ၍ ပထမဆုံး ဆံချည်မျှင်လေး စတင်ထွက်ပေါ်လာသည်ကို တွေ့ရနိုင်သည်။ သိပ်မကြာခင် နဂါးနှုတ်ခမ်း‌မွှေးစမ်းချောင်းထဲတွင် ရှိနေသော အဘွားအိုတစ်ယောက်ကဲ့သို့ ဖြစ်လာခဲ့၏။ ထိုမြစ်စောင့်အဘွားအိုကတော့ အပြာရင့်ရောင်ဆံပင်များ ပေါက်လာခဲ့သည်။

ယခုသူမကတော့ ခေါင်းပေါ်တွင် ရွှေရောင်ဆံပင်များကသာ တစ်ချောင်းပြီး တစ်ချောင်း ပေါက်လာပြီး တဖြည်းဖြည်းနှင့် အရောင်တောက်ပလာခဲ့သည်။ သူမ၏ဆံပင်များက မီတာရာပေါင်းများစွာ ရှည်လျား၏။ ထိုအရာက နှစ်ပေါင်း (၁၀၀)လျှင် တစ်ကြိမ်သာ ဖြစ်ပေါ်လာသော မိုးနတ်ဘုရားမ ခန္ဓာကိုယ် ဖြစ်သည်။

မြစ်နတ်ဘုရားနှင့် မြစ်အစောင့်တို့၏အဆင့်က မည်သို့ပင်ဖြစ်စေကာမူ သူတို့က ကုန်းမြေနှင့်ရေကို တွယ်ကပ်နေကြရသည်။ သူတို့က ရေစီးကြောင်းအတိုင်းသာ သွားလာနိုင်ကြ၏။

ထိုအချိန်တွင် အရှေ့ပိုင်းကုန်းမြေကြီးထဲ၌ ပျောက်ကွယ်လုနီးပါးဖြစ်နေသော မိုးနတ်ဘုရားများကတော့ ကမ္ဘာမြေ၏ သက်ရောက်မှုကို မခံရသော ကောင်းကင်နတ်ဘုရားများဟု သတ်မှတ်နိုင်ကြသည်။

မိုးနတ်ဘုရားများ၏အဆင့်က မဟာမြစ်နတ်ဘုရားများထက် ပို၍မြင့်မားခြင်း မရှိသော်လည်း သူတို့၏ကြားထဲတွင် ရှိနေသော ကွာဟမှုက အဆင့်တူ သာမန်ချီကျင့်ကြံသူ တစ်ယောက်နှင့် ဓားသမားတစ်ယောက်၏ စွမ်းအားကွာဟမှုကဲ့သို့ ဖြစ်နိုင်သည်။ ကွာဟမှုက အတော်လေးကိုကြီးမား၏။

တခြားသော ဥပမာတစ်ခုကတော့ မီးအိမ်ကိုင်ထားသော နန်းရေးဝန်ကြီး၏ ရာထူးကဲ့သို့ဖြစ်သည်။ တခြားအရာရှိများနှင့် ယှဉ်လိုက်မည်ဆိုလျှင် ထိုနန်းရေးဝန်ကြီးများ၏ အရေးပါမှုနှင့် လွှမ်းမိုးမှုက အစစအရာရာ ပို၍သာလွန်နေခဲ့သည်။

တာအိုဂိုဏ်းမှ အထွဋ်အထိပ် ကောင်းကင်‌ရွှေအင်မော်တယ်၊ ဗုဒ္ဓဂိုဏ်းမှ ဓမ္မပါလရွှေရသေ့ကြီးများ၊ နတ်ဘုရားရုပ်ထုများ၏ ရွှေရုပ်ထုနှင့် ရွှေသစ်ကိုင်းများ ကျောက်စိမ်းသစ်ရွက်များကဲ့သို့ ဖြစ်သည်။ ထိုဂုဏ်ပုဒ်များအားလုံးတွင် "ရွှေ " ဟူသောစကားလုံး ပါဝင်နေခဲ့၏။

နတ်ဘုရားများ၏ တာအိုခန္ဓာကိုယ်အကြောင်း ပြောသည့်အချိန်တွင် ရွှေရောင်တာအိုခန္ဓာကိုယ်ဟူ၍ အနည်းငယ် လမ်းလွဲသွားနိုင်သည်။ ထိုအရာကလည်း ထိုနတ်ဘုရားများ၏ ခန္ဓာကိုယ်က ရွှေရောင်များ ဖုံးလွှမ်းနေပြီး ရွှေနှင့်ဖန်တီးထားသည်ဟု ဆိုလိုခြင်း မဟုတ်‌‌ချေ။

ဥပမာအနေနှင့် ပြောရလျှင် နဂါးနှုတ်ခမ်းမွှေးမြစ်၏ မြစ်အစောင့်က မျက်လုံးထဲတွင် ရွှေရောင်အလင်းစက်လေးတစ်ခု ရှိနေခဲ့၏။ ထိုအရာက မိုးနတ်ဘုရားမခန္ဓာကိုယ် ဖြစ်လာသည့်အတွက် ရွှေရောင်ဆံပင်များ ရှိနေသော ယန်ဟွာနှင့် သူမ၏ ကွာဟမှုတစ်ခုဖြစ်သည်။

မိန်းမပျိုက သူမ၏ရုပ်ရည်ကို ပြန်လည်ရရှိလာခဲ့၏။ အရိုးပေါ်တွင် ကြွက်သားများလည်း စတင်ပေါ်ပေါက်လာခဲ့သည်။ နောက်ဆုံး သူမက မျက်လုံးဖွင့်လိုက်သည့်အချိန်တွင် ယခင်တုန်းကထက် ပို၍လှပသော ခန္ဓာကိုယ်လေးတစ်ခု ရလာခဲ့၏။

ရေ၏အဆီအနှစ်များကို သုံး၍ အစိမ်းရောင်ဝတ်စုံလေးတစ်ခု ဖြစ်ပေါ်လာပြီးနောက် ဆွဲဆောင်မှုရှိသော သူမ၏ ခန္ဓာကိုယ်လေးကို လွှမ်းခြုံပေးခဲ့သည်။ သူမက ရှေ့ကို ဖြည်းညင်းစွာ လွင့်မျောသွားခဲ့သည်မှာ မြေကြီးပေါ်တွင် လမ်းလျှောက်နေရသလို ဖြစ်နေ၏။ သူမ၏အသက်ရှုသံကလည်း တည်ငြိမ်အေးချမ်းနေပြီး စိတ်ဝိညာဉ်စွမ်းအားများ ပြည့်နှက်နေ‌‌သော လိုဏ်ဂူစံအိမ်ထဲတွင် လေ့ကျင့်ခြင်းနှင့် ယှဉ်လိုက်လျှင် ပို၍ ပြည့်ဝနေသလို ခံစားနေရသည်။

ယန်ဟွာက သူမ၏လက်ကို မြောက်လိုက်ပြီး တစ်စုံတစ်ခုကို ဆွဲယူလိုက်သည်။ ထိုအချိန်တွင် မြစ်အောက်ခြေ၌ တစ်ချိန်လုံး ငြိမ်သက်နေသော အဆောင်ဓားက သူမ၏လက်ထဲသို့ ရောက်လာခဲ့၏။ ယန်ဟွာက ဓားကို သူမ၏ ရှေ့တွင် တည့်တည့်ကိုင်ထားပြီး ဓားအိမ်ထဲမှ ဆွဲထုတ်လိုက်သည်။

သူမက ပျက်စီးနေသည့် ဓားသွားကို ငေးကြည့်နေမိခဲ့၏။ ထိုအရာက မိန်းမလှလေး တစ်ယောက်၏ မျက်နှာပေါ်တွင် ရှိနေသော အမာရွတ်ကဲ့သို့ဖြစ်နေခဲ့သည်။ ထိုအရာက လူတစ်ယောက်ကို ဝမ်းနည်း နာကျင်သွားစေနိုင်၏။

ယခု တာ့လီအင်ပါယာ၏ မဟာမြစ်နတ်ဘုရားမတစ်ယောက် ဖြစ်လာသော ယန်ဟွာက အဆောင်ဓားကို လှည့်ပြီး ဓားသွားကို ကြည့်လိုက်သည်။ သူမက တိုးတိုးလေး ရေရွတ်လိုက်၏။

"အဆုံးမှာတော့ မင်းတစ်ယောက်တည်းကပဲ ငါ့ကို မစွန့်ပစ်ခဲ့တာ…"

အဆောင်ဓားက အနည်းငယ် လှုပ်ရှားသွားခဲ့သည်။ သူ၏စွမ်းအားများက ကုန်ဆုံးသွားခဲ့သည့်အတွက် သေအံ့ဆဲဆဲဖြစ်နေသော အဘိုးအိုတစ်ယောက်ကဲ့သို့ ဖြစ်နေခဲ့၏။ သူ့ဆီတွင် စွမ်းအားနှင့်ဝိညာဉ် လုံးဝမရှိတော့ပေ။

"ငါက မင်းကို အထင်သေးနေမှာ မဟုတ်ဘူး။ ဒီတော့ လမ်းကြောင်း ပြတ်တောက်သွားတယ်ဆိုရင်လည်း ထားလိုက်တော့။ ငါတို့က အဆုံးထိ အတူတူ လျှောက်လှမ်းသွားကြတာပေါ့…"

ယန်ဟွာက ခေါင်းငုံ့ပြီး အနည်းငယ် မော့လိုက်သည်။ သူမက အဆောင်ဓား၏ ဓားသွားနှင့် သူမ၏ပါးပေါ်တွင် ဆွဲခြစ်ပစ်လိုက်သည်။ ထိုဓားဒဏ်ရာက အလွန်နက်ရှိုင်းလွန်းလှသည့်အတွက် သူမ၏ပါးရိုးများကိုပင် မြင်တွေ့နေရ၏။

သံအဆောင်မြစ်ထဲရှိရေများက အော်ဟစ်လှုပ်ရှားလာပြီး တဟုန်ထိုး စီးဆင်းလာခဲ့သည်။ ထိုအရာများထဲတွင် သတ်ဖြတ်ချင်စိတ်များ ပြည့်နှက်နေခဲ့ပြီး မကျေနပ်မှုများ ရှိနေသည့် လက္ခဏာမျိုး ဖြစ်သည်။

ကမ္ဘာကြီး၏ကိစ္စရပ်များ ဟူသည်မှာ ထိုကဲ့သို့သာဖြစ်သည်။ အလွန်ကောင်းမွန်သည့် ပစ္စည်းတစ်ခုက လူတစ်ယောက်၏ လက်ထဲသို့ ရောက်လာမည်ဆိုလျှင် ဒုက္ခရောက်နိုင်သည့်အပြင် မနာလိုသူများ၏ အပြစ်ပေးမှုကို ခံရနိုင်သည်။

ကမ္ဘာကြီး၏ကိစ္စရပ်များဟူသည်မှာ ထိုကဲ့သို့သာ ဖြစ်သည်။ ကြောက်စရာကောင်းသော ဓားများကို ပိုင်ဆိုင်ထားမည်ဆိုလျှင် သူတို့၏နှလုံးသားထဲ၌ သတ်ဖြတ်ချင်စိတ်များ အလိုလို ပိုင်ဆိုင်လာပါလိမ့်မည်။

Translated by Hein Htet.

All Chapters