← Chapters

အခန်း (၁၂၇)

Vol. 9 Ch. 127

အခန်း (၁၂၇)

Vol. 9 Ch. 127

တောင်တက်လမ်း၏အပေါ်ဘက် လမ်းဘေးနှစ်ဖက် လေထဲတွင် လွင့်မျောနေသော အဖြူရောင်စက္ကူ မီးအိမ်များက ကြီးမားသော အနီရောင်မီးအိမ်ကြီးများအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။ လေထဲတွင် လှုပ်ရှားနေရင်း ဆူပွက်နေသော ရေများကဲ့သို့ သွေးများ တတောက်တောက် ကျဆင်းလာနေပြီး မီးအိမ်၏ဘေးနှစ်ဖက်မှနေ၍ သွေးလုံးများ ကျဆင်းလာနေသည်မှာ အတော်လေးကို ကြောက်စရာကောင်းနေခဲ့သည်။

သရဲမက တစ်ယောက်တည်းဆက်၍ ငိုကြွေးနေခဲ့ပြီး သူမ၏မျက်နှာပေါ်မှ လက်ကို ဖယ်ရှားခဲ့ခြင်းမရှိချေ။ သူမက ယင်နတ်ဘုရားကို လုံးဝလျစ်လျူရှုထားခဲ့၏။

ယင်နတ်ဘုရား၏ စိတ်ထဲတွင် အနည်းငယ် လှုပ်ရှားသွားခဲ့သည်။ သူက စိတ်ထဲရှိအသံကို အသုံးပြုပြီး လင်းရှို့ယီနှင့် တိတ်တဆိတ် ဆက်သွယ်လိုက်၏။ အခွင့်အရေးရသည်နှင့် တောင်တန်းအငွေ့အသက်အဆောင်ကို အသုံးပြုရန် ထိုကောင်လေးကို ပြောထားခဲ့သည်။ ထိုအရာက အကာအကွယ်အားလုံးကို ဖျက်ဆီးနိုင်သော အဆောင်တစ်ခုဖြစ်၏။ ထို့နောက် သူက သရဲမကို ထိန်းချုပ်ထားရန် အကောင်းဆုံး ကြိုးစားပါလိမ့်မည်။

ငရဲပြည်သို့ လမ်းကြောင်းက ပျက်စီးသွားမည်ဆိုလျှင် လင်းရှို့ယီတို့က ဤနယ်မြေထဲမှ ထွက်သွားနိုင်ပြီး တောင်တန်းထဲမှ လွတ်မြောက်သွားပါလိမ့်မည်။ သူတို့က သူ့အတွက် စိုးရိမ်နေရန် မလိုအပ်ပေ။

သူတို့က ဤတောင်တက်လမ်းအတိုင်း ဆက်မသွားသင့်ကြောင်း ယင်နတ်ဘုရားက လင်းရှို့ယီကို သတိပေးထားခဲ့သည်။ ထိုအစား ချန်းပင်အန်းက မင်္ဂလာအဆောင်ဓားကို အသုံးပြု၍ လမ်းသစ်တစ်ခု ဖန်တီးရန် လိုအပ်သည်။ ထိုအရာကို သဘောတူလိုက်ပြီးနောက် မင်္ဂလာအဆောင်ဓားကို သူ့အတွက် ချန်ထားပေးခဲ့ရန် လိုမလို လင်းရှို့ယီက မေးလိုက်သည်။

သို့သော် ယင်နတ်ဘုရားက ခေါင်းခါလိုက်ပြီး သူက ထိုဓားကို ကိုင်၍မရနိုင်ကြောင်း ပြန်ဖြေလိုက်၏။ ထိုဓား၏ အငွေ့အသက်များက အလွန်အမင်းကို အစွမ်းထက်လွန်းလှသည်။ ထို့ပြင် ထိုဓားက လမ်းသစ်ဖွင့်ရန် အကောင်းဆုံးဖြစ်သည်။ အလွန်တောက်ပသော သူ၏အငွေ့အသက်များက သစ်ပင်များပေါ်တွင် အမှန်တရားဆန်သော အငွေ့အသက်များ ချန်ထားနိုင်ခဲ့၏။ ထိုအရာက ယင်မကောင်းဆိုးဝါးမျိုးစုံကို သဘာဝအရ ဖိနှိပ်နိုင်သော အငွေ့အသက်တစ်ခုလည်းဖြစ်သည်။ ထို့ကြောင့် ရန်သူက ကြောက်စရာကောင်းသော လှည့်ကွက်များ ထပ်သုံးမှာကို ကာကွယ်ပေးနိုင်၏။

မျက်နှာကို အုပ်ထားသော လက်ကို ဖယ်ရှားလိုက်ပြီးနောက် သရဲမ၏ ဖြူဖပ်ဖြူရော်မျက်နှာက နောက်တစ်ကြိမ် ပြန်ပေါ်လာခဲ့သည်။ သူမ၏မျက်နှာပေါ်တွင်‌ ကြောက်စရာကောင်းသော အပြုံးတစ်ခု ပေါ်လာပြီး မှတ်ချက်ပေးလိုက်၏။

“မင်းတို့က မဖိတ်ခေါ်ဘဲ ရောက်လာခဲ့တယ်။ အခု မင်းတို့က နှုတ်မဆက်ဘဲ ထွက်သွားဖို့ ကြိုးစားနေတယ်။ ဒီလိုလုပ်ရပ်မျိုးက လူကောင်းတွေရဲ့လုပ်ရပ် မဟုတ်ဘူး..”

ယင်နတ်ဘုရား၏ပုံရိပ်က တဖြည်းဖြည်း ဝေဝါးလာပြီး သူက အရည်ပျော်ကျလာသော ဖယောင်းတိုင်တစ်ခုကဲ့သို့ လျင်မြန်စွာ ပျော်ကျသွားခဲ့သည်။ အဆုံးတွင်တော့ သူက အနက်ရောင် မီးခိုးအလုံးတစ်ခုအဖြစ် ပြောင်းလဲသွားခဲ့ပြီး သရဲမဆီသို့ ပြေးဝင်သွားခဲ့သည်။

သရဲမက လက်မြှောက်လိုက်ပြီး အင်္ကျီလက်ကို ဝှေ့ယမ်းလိုက်သည်။ ထိုအခါ ဧရာမအင်္ကျီလက်ကြီးက ငှက်တောင်ပံတစ်ခုကဲ့သို့ ပွင့်သွားပြီး သူမ၏ရှေ့တွင် အကာအကွယ်တစ်ခု ဖန်တီးလိုက်၏။

ထိုသို့ဆိုရာတွင် တိုက်ခိုက်မှု၏အစွမ်းကြောင့် သရဲမက နောက်ကို (၂၅)မီတာခန့် ရွေ့သွားခဲ့သည်။ သူမက နောက်ပြန်ဆုတ်လာသည့်အချိန်တွင် သူမ၏ ရှေိနေသော မီးအိမ်ကြီးများက တစ်ခုပြီးတစ်ခု ပေါက်ကွဲသွားခဲ့သည်။

မီးအိမ်ထဲတွင် ရှိနေသော သွေးများက ပတ်ပတ်လည်ကို ဖြာထွက်သွားခြင်း မရှိဘဲ ယင်နတ်ဘုရားကြောင့် နောက်ဆုတ်သွားသော သရဲမဆီကို ပျံသန်းလာခဲ့ကြ၏။ သူတို့က အသိုက်ထဲကို ပြန်ရောက်သွားသော ပျံလွှားငှက်များကဲ့သို့ ဖြစ်နေပြီး ထိုအရာက တာအိုဘုန်းတော်ကြီး စိတ်ဝိညာဉ် ဆင့်ခေါ်ခြင်းအလံကို အသုံးပြုခဲ့သလို အချိန်ကကဲ့သို့ ဖြစ်နေသည်။

“ငါ့နောက်ကနေ လိုက်ခဲ့ဖို့ အဆင်သင့်ပြင်ထားပါ…”

လင်းရှို့ယီက တည်ငြိမ်စွာ ပြောလိုက်သည်။

“ငါတို့က ဒီတောင်တက်လမ်းကနေ ထွက်သွားပြီးမှပဲ တခြားကိစ္စတွေကို ဆွေးနွေးကြမယ်။ ချန်းပင်အန်း …ပြီးသွားရင် မင်းက သစ်တောထဲမှာ လမ်းသစ်တစ်ခု ဖန်တီးဖို့ လိုအပ်တယ်။ မင်းက အဲဒီလို လုပ်ဖို့အတွက် မင်္ဂလာအဆောင်ဓားကို သုံးသင့်တယ်လို့ စီနီယာ ယင်နတ်ဘုရားက ပြောတယ်…”

ချန်းပင်အန်းက ခေါင်းညိတ်ပြီး ပြန်ဖြေလိုက်သည်။

“ငါက တာအိုဘုန်းတော်ကြီးကို နောက်ကျောမှာ အရင်ဆုံးတင်လိုက်ဦးမယ်။ ငါတို့က သူ့ကို လျစ်လျူရှုပြီး သေသွားအောင် ထားပစ်ခဲ့လို့ မရဘူး…”

မျက်မမြင်တာအိုဘုန်းတော်ကြီးက အသက်ကို မျှင်းမျှင်းလေးသာ ရှူနေပြီး သူတို့နှင့် မလှမ်းမကမ်းတွင် လဲကျနေခဲ့သည်။ ချန်းပင်အန်းက တရှိန်ထိုးပြေးသွားခဲ့ပြီး သနားစရာကောင်းသော အဘိုးအိုကို နောက်ကျောပေါ်တွင် တင်လိုက်၏။ ထို့နောက် သူက ပြန်လှည့်လာပြီး အဖွဲ့ဆီသို့ပြန်လာခဲ့သည်။

လင်းရှို့ယီကတော့ နေရာတွင် ရပ်နေပြီး လက်နှစ်ချောင်းနှင့် အဝါရောင် အဆောင်လေးတစ်ခုကို ညှပ်ထားခဲ့သည်။ တစ်ချိန်တည်းတွင် သူက အသက်အောင့်ပြီး ကျင့်စဉ်တစ်ခုကို တိတ်တဆိတ် ရေရွတ်လိုက်၏။

ထိုအရာက တောင်တန်းနှင့်ရေ အဆောင်အမျိုးအစားဖြစ်သော အကာအကွယ်ဖျက်ဆီးခြင်းအဆောင် ဖြစ်သည်။ ယင်နတ်ဘုရား၏ ရှင်းပြမှုအရ တောင်တန်းနှင့်ရေ အဆောင်အမျိုးအစားပေါင်း (၁)သိန်းကျော် ရှိသည်။ ချီကျင့်ကြံသူများက ခရီးရှည်ကြီးသွားသည့်အချိန်မျိုးတွင် သို့မဟုတ် တောင်တန်းနှင့်မြစ်များကို ဖြတ်သွားသည့်အချိန်မျိုးတွင် ထိုအရာများကို သေချာပေါက် ယူဆောင်သွားရန် လိုအပ်သည်။ ထိုအရာက သူတို့ကို ကျဉ်းထဲကြပ်ထဲ ရောက်နေသော အခြေအနေကို ရင်ဆိုင်ရခြင်းမှ ကာကွယ်ပေးနိုင်၏။

တိတိကျကျ ပြောရမည်ဆိုလျှင် ထိုအဆောင်များက ကျင့်ကြံသူများ၏ တောင်တန်းစောင့်ကြပ်ဝင်္ကပါကို ခုခံရန်နှင့် အစွမ်းထက်သော တောင်တန်းတစ္ဆေများ၊ ဝိညာဉ်များ၏ မကောင်းဆိုးဝါးလှည့်ကွက်များကို ခုခံရန် ရည်ရွယ်ထားခြင်း ဖြစ်သည်။ သူတို့က ရှေးဟောင်းတိုက်ပွဲအပျက်အစီး၊ သင်္ချိုင်းမြေများနှင့် အလားတူနေရာများကို ဝင်ရောက်သွားသည့်အချိန်မျိုးတွင်လည်း အထူးအရေးပါသည်။

အကာအကွယ်ဖျက်ဆီးခြင်းအဆောင် အနည်းငယ် မရှိလျှင် ယန်စွမ်းအား အလင်းတန်းထွန်းလင်းခြင်း အဆောင်၊ သန့်စင်သုံးသွယ် အဆောင်၊ စိတ်တည်ငြိမ်ရေးအဆောင်များက ထောင်ချောက်ထဲသို့ ရောက်သွားပြီး အကာအကွယ်မရှိသည့် အချိန်မျိုးအတွက် ပိုပြီးအသုံးဝင်သည်။

လင်းရှို့ယီက မျက်လုံးကို ရုတ်တရက် ဖွင့်လိုက်၏။ မျက်လုံးထဲတွင်တော့ ရွှေရောင်အလင်းတန်းလေးတစ်ခု လျင်မြန်စွာ တောက်ပလာခဲ့သည်။

“အဆောင်ရဲ့နောက်ကို လိုက်ကြမယ်…”

သူက တည်ငြိမ်စွာ ပြောလိုက်၏။ လင်းရှို့ယီ၏ လက်ချောင်းလေးများထဲမှနေ၍ အကာအကွယ်ဖျက်ဆီးခြင်းအဆောင် လွင့်မျောသွားသည်ကို တခြားသူများက မြင်လိုက်ကြရသည်။

ထိုအရာက အပေါ်ဘက် လေထဲတွင် လွင့်မျောနေခဲ့၏။ ထို့နောက် လှည့်ပတ်လှုပ်ရှားနေပြီး သူက အိမ်ပြန်လမ်းကို ရှာဖွေနေသော အရက်မူးသမား တစ်ယောက်ကဲ့သို့ ဖြစ်နေခဲ့သည်။ ထိုအဆောင်က တောင်မျက်နှာပြင်နှင့် ထိစပ်နေသော တောင်တက်လမ်း၏အနားသို့ ရောက်သွားပြီးနောက် ရပ်တန့်သွားခဲ့သည်။

လီဟွိုင်က မေးလိုက်၏။

“ငါတို့က ဒီတောင်ရဲ့မျက်နှာပြင်ကို အရင်ဆုံး ဖျက်ဆီးစေချင်နေတာလား…”

လင်းရှို့ယီက အရင်ဆုံး ရှေ့ထွက်ပြီး တိုက်ခိုက်လိုက်သည်။ ချက်ချင်းပင် သူက တောင်တန်းထဲမှ ရုတ်တရက် ပျောက်ကွယ်သွားခဲ့၏။ လီပေါင်ဖျင်နှင့် လီဟွိုင်တို့ကလည်း သူ့နောက်မှ ချက်ချင်းလိုက်လာခဲ့သည်။ သူတို့၏နောက်တွင်တော့ ချန်းပင်အန်းက တာအိုဘုန်းတော်ကြီးကို သယ်ဆောင်ပြီး မြည်းဖြူကိုဆွဲ၍ တောင်တက်လမ်းပေါ်မှ ပျောက်ကွယ်သွားခဲ့သည်။

ပထမတော့ အဝါရောင်အဆောင်က သူတို့၏နောက်မှနေ၍ တောင်တန်းထဲကို လိုက်ချင်နေခဲ့သည်။ သို့သော် တစ်စုံတစ်ယောက်က သူ့ကို ထိန်းချုပ်ထားသည့်အလား ဝိညာဉ်စွမ်းအားများ ကုန်ဆုံးသွားခဲ့ပြီး မြေပြင်ပေါ်သို့ ပြုတ်ကျသွားခဲ့၏။

ကလေးတစ်စုက အလွန်သိပ်သည်းသော သစ်တောကြီးတစ်ခုထဲတွင် ပြန်ပေါ်လာခဲ့သည်။ သူတို့က အချင်းချင်း ကြည့်လိုက်မိကြပြီး အကာအကွယ်ဖျက်ဆီးခြင်းအဆောင်ကို အသက်သွင်းခဲ့သော လင်းရှို့ယီကပင် အံ့ဩမှင်တက်နေမိခဲ့သည်။

ချန်းပင်အန်းက တာအိုဘုန်းတော်ကြီးကို ခဏသယ်ပေးရန် လင်းရှို့ယီကို ခိုင်းလိုက်သည်။ ထို့နောက် သူက အပင်မြင့်တစ်ခုပေါ်သို့ တက်လိုက်ပြီး အမြင့်ဆုံးမှနေ၍ ပတ်ဝန်းကျင်ကို လေ့လာကြည့်ခဲ့၏။ သူတို့က အရပ်မျက်နှာ(၃)ဖက်တွင် တောင်တန်းများ ဝိုင်းရံနေသော လျှိုမြောင်ကြီးတစ်ခုထဲသို့ ရောက်နေပုံရသည်။

ချန်းပင်အန်း၏ အမြင်အာရုံနှင့်ပင် ပတ်ဝန်းကျင်ကို ရှင်းရှင်းလင်းလင်း မမြင်ရသေးပေ။ သူကတော့ ဝေဝေဝါးဝါး အခြေအနေတစ်ခုကိုသာ မြင်နေရသည်။ တောင်တက်လမ်းမှ ထွက်မသွားခင် ယင်နတ်ဘုရားနှင့် သရဲမတို့က ပြင်းပြင်းထန်ထန် တိုက်ခိုက်နေကြ၏။ မီးအိမ်များ ပေါက်ကွဲသည့်အသံကလည်း ပျောက်သွားခြင်း မရှိဘဲ ဆက်လက်ထွက်ပေါ်လာနေခဲ့၏။

ထွက်ပြေးရန် အကာအကွယ်ဖျက်ဆီးခြင်းအဆောင်ကို သုံးလိုက်ပြီးနောက် သူတို့၏ပတ်ဝန်းကျင်က လုံးဝကို တိတ်ဆိတ်သွားခဲ့၏။ သစ်တောကြီးကလည်း သုဿန်တစပြင်အလား တိတ်ဆိတ်နေခဲ့ပြီး အသံတစ်သံမျှ မကြားရပေ။

အလွန်ကြီးမားသော ပြောင်းလဲမှုကြီးကြောင့် လီဟွိုင်၏စိတ်ထဲတွင် တည်ငြိမ်နိုင်ခြင်းမရှိဘဲ ပို၍ပင်ကြောက်လန့်ပြီး မသက်မသာ ခံစားလာရသည်။

ချန်းပင်အန်းက ပင့်သက်ရှိုက်လိုက်ပြီး မင်္ဂလာအဆောင်ဓားကို ဆုပ်ကိုင်၍ ပြောလိုက်သည်။

“ဘယ်လိုပဲဖြစ်ဖြစ် ငါတို့က တောင်ဘက်ကို အရင်ဆုံးသွားရမယ်။ အဲဒီဘက်မှာပဲ တောင်မြင့်ကြီးတွေ ကာမထားတာ…”

…………..

အလွန်မြင့်မားသော ရှေးဟောင်းသစ်ပင်ကြီးများ ပြည့်နှက်နေသည့် ချိုင့်ဝှမ်းထဲတွင် ကြီးကျယ်ခမ်းနားသော စံအိမ်ကြီးတစ်ခုနှင့် မြင့်မားသော အဆောက်အဦးများကို သပ်သပ်ရပ်ရပ် ဆောက်လုပ်ထားသည်။ ထိုစံအိမ်၏ အရွယ်အစားနှင့် ကြီးကျယ်ခမ်းနားမှုက သာမန်လူသားကမ္ဘာကြီးထဲတွင် ရှိနေသော စစ်သူကြီးများ၊ အမတ်များ၏ စံအိမ်ထက် ပို၍ကြီးကျယ်ခမ်းနားပြီး ရှင်ဘုရင်၏ စံအိမ်ကိုပင် ယှဉ်နိုင်သည်။

စံအိမ်ပေါ်တွင်လည်း ရွှေရောင်စကားလုံးများနှင့် ရေးထိုးထားသော ဆိုင်းဘုတ်တစ်ခု ရှိနေခဲ့၏။

"လှပသောရေ အဆင့်မြင့်သောလေလှိုင်း…"

ထိုဆိုင်းဘုတ်ကို စံအိမ်အပေါ်ဘက်တံခါးပေါ်တွင် ချိတ်ထားပြီး ထိုစကားလုံးများက အင်မော်တယ်တစ်ယောက်၏ လက်ရာကဲ့သို့ အလွန်ကြီးမားသော စွမ်းအားများနှင့် ပြည့်နှက်နေခဲ့သည်။

တံခါး၏အပြင်ဘက်တွင်တော့ အလွန်ကြီးမားသော ကျောက်ခြင်္သေ့တစ်စုံရှိနေပြီး သူတို့က လူနှစ်ယောက်၏အရပ်နီးပါးခန့် မြင့်မားသည်။ ကျောက်ခြင်္သေ့ တစ်ကောင်ကတော့ သူ၏လက်သည်းကို ရှေ့ထုတ်ထားပြီး လူတစ်ယောက်ကဲ့သို့ ကြီးမားသော ကျောက်တုံး ကလေးငယ်တစ်ယောက်ကို ပွေ့ချီထားသည်။ ထိုကျောက်ခြင်္သေ့က အတော်လေးကို အစွမ်းထက်ပြီး ကြောက်စရာကောင်းပုံရ၏။

ထိုအချိန်တွင် လေလှိုင်းများက လှုပ်ရှားသွားပြီး စိမ်းပြာရောင်ဝတ်စုံဝတ်၍ မီးအိမ်ကြီးတစ်လုံး ကိုင်ထားသော အဘိုးအိုတစ်ယောက်က ထွက်ပေါ်လာခဲ့သည်။ သူကတော့ ကိုယ်ရေးအရာရှိဌာနမှ ရိုးရာအရာရှိ နန်းရေးဝန်ကြီး ဖြစ်သည်။

အဘိုးအိုက သက်ပြင်းချပြီး မျက်မှောင်ကြုတ်လိုက်မိသည်။ ယခုတစ်ကြိမ် လာရောက်ခြင်းက အလွန်ပြဿနာများကြောင်း သူလည်း ရှင်းရှင်းလင်းလင်း နားလည်နေခဲ့၏။ သူက လက်ထဲတွင် ကိုင်ထားသော မီးအိမ်နှင့် ကျောက်ခြင်္သေ့၏ ခြေထောက်တစ်ဖက်ကို ထိလိုက်ရာ မူလတုန်းက မှောင်မည်းပြီး ကြောက်စရာကောင်းသော စံအိမ်ကြီးက ချက်ချင်းပင် မီးများ လင်းထိန်သွားခဲ့သည်။

အပေါ်ဘက်မှနေ၍ အောက်ဘက်ထိအောင် နေရာတိုင်းတွင် မီးအိမ်တစ်ထောင်နီးပါးခန့် လင်းလက်တောက်ပလာခဲ့၏။ တံခါးပေါက်များစွာကလည်း ပွင့်သွားခဲ့ပြီး လူတစ်ရာကျော် ထွက်လာခဲ့သည်။ မိန်းမလှလေးများ၊ အိမ်တော်ထိန်းအိုကြီးများ၊ မြင်းထိန်းသမားများ၊ စားဖိုမှူးများ၊ အစေခံများနှင့် အစောင့်များ၊ ဥယျာဉ်လုပ်သားများနှင့် အိမ်တော်ထိန်းသိမ်းသူများ စသည့် လူပေါင်းစုံဖြစ်ကြသည်။

သူတို့ကတော့ သူတို့သခင်၏အမိန့်ကို ရသည့်အလား စတင် အလုပ်လုပ်ကြတော့မည် ဖြစ်သည်။ သို့သော် သူတို့အားလုံး၏မျက်နှာက ဖြူဖပ်ဖြူရော်ဖြစ်နေပြီး မျက်လုံးထဲတွင်လည်း ခံစားချက် အနည်းငယ်ပင် မရှိခဲ့ချေ။

စံအိမ်အတွင်းထဲရှိ ဥယျာဉ်ထဲတွင်…

မသန်စွမ်းလူငယ်လေးနှင့် မျက်နှာဝိုင်းဝိုင်း ကလေးငယ်တို့က နံရံကိုမှီပြီး အချင်းချင်း ဖက်ထားကြသည်။ မသန်စွမ်းလူငယ်၏ မျက်နှာပေါ်တွင် ရှိနေသော အပေါက်များထဲမှနေ၍ သွေးများ စီးကျလာနေခဲ့၏။ သူက ဆိုးဆိုးဝါးဝါး ဒဏ်ရာရသွားခဲ့သည်မှာ အတော်လေးကို သိသာနေသည်။ အကယ်၍ သူ့ကိုထွက်သွားခွင့်ပေးမည်ဆိုလျှင်ပင် လမ်းလျှောက်နိုင်လိမ့်မည်မဟုတ်ချေ။

အလွန်အံ့ဩစရာကောင်းသော အစွမ်းထက်သရဲမနှင့် တိုက်ခိုက်ရန်အတွက် မသန်စွမ်းလူငယ်က အလံဆီမှ နတ်ဆိုးများသုတ်သင်ခြင်းနှင့် တစ္ဆေများဖမ်းဆီးခြင်းဟူသော ငွေရောင်စကားလုံးများကို ဆင့်ခေါ်ပြီး သူ၏ မျက်နှာပေါ်တွင်ရှိနေသော သွေးကြောမှတ်များထဲသို့ ပို့ဆောင်ခဲ့ရသည်။ ထိုအရာက သူ၏စိတ်နှင့် စိတ်ဝိညာဉ်ကို ပြင်းပြင်းထန်ထန် ထိခိုက်စေနိုင်သော ကြောက်မက်ဖွယ်ရာ ကျင့်စဉ်တစ်ခု ဖြစ်၏။

ထိုအချိန်တွင် ကလေးမလေးကတော့ သူမ၏လက်နှင့်လက်မောင်းကို အကြိမ်ကြိမ် ဖြတ်ထားခဲ့သည့်အတွက် သွေးထွက်လွန်နေခဲ့သည်။ သူမက သရဲမ၏ ယင်စွမ်းအားတစ်ချို့နှင့် ထိတွေ့လိုက်ရသည့်အချိန်တွင် ပို၍ဆိုးရွားသွားခဲ့သည်။ လက်ရှိအချိန်တွင်တော့ သူမက မူးဝေနေသေး၏။ သူမက အော်ဟစ်ပစ်ချင်နေသလို ခံစားနေရသည်။

မီးအိမ်များလင်းလက်လာသည့်အချိန်တွင် မသန်စွမ်းလူငယ်လေးက မျက်နှာပျက်သွားခဲ့၏။ သူက ကလေးမလေး၏ မျက်လုံးကို အလျင်အမြန် ပိတ်လိုက်သည်။ လူငယ်၏ မျက်စိရှေ့တွင် ပေါ်လာသည်မှာ ခြောက်ကပ်ပြီး ပျက်စီးနေသော အရိုးစုများဖြစ်၏။

အမှန်အတိုင်းပြောရလျှင် ထိုအရိုးစုများ၏ အပေါ်တစ်ဝက်ကိုသာ မြင်နေရသည်။ သူတို့က အစုလိုက်အပြုံလိုက် ပုံထားသည်မှာ ဥယျာဉ်ထဲတွင် ဟင်းသီးဟင်းရွက်များ စိုက်ထားသလိုဖြစ်နေသည်။ အနည်းဆုံးတော့ အရိုးစု (၄၀) (၅၀)ခန့်ရှိသည်။

မသန်စွမ်းလူငယ်လေးကတော့ အနည်းငယ် စိတ်ဓာတ်ကျသွားသလို ခံစားလိုက်ရ၏။ အဘယ်ကြောင့်ဆိုသော် ထိုအရိုးစုများထဲမှ တစ်ခုက ရွှေရောင်ကျောရိုးမကြီးတစ်ခု ရှိနေခဲ့သည်။ သူ၏ခြေလက်များကလည်း ကျောက်စိမ်းများကဲ့သို့ စွတ်စွတ်ဖြူ‌နေခဲ့၏။ ထိုလူက အလယ်ဘုံ(၅)ဆင့်ကို ရောက်ပြီး ရွှေသစ်ကိုင်းနှင့် ကျောက်စိမ်းသစ်ရွက် အောင်မြင်ထားသော ချီကျင့်ကြံသူတစ်ယောက် ဖြစ်ကြောင်း သိသာနေသည်။

မျက်မမြင်တာအိုဘုန်းတော်ကြီး၏ စကားအရ အလယ်ဘုံ(၅)ဆင့်ထဲ၌ အလွန်အစွမ်းထက်သော ချီကျင့်ကြံသူများကသာ ထိုကဲ့သို့ အရာမျိုးကို အောင်မြင်နိုင်သည်ဟု ပြောခဲ့သည်။ အလယ်ဘုံ(၅)ဆင့်၏ လှေကားထစ်ကို ရောက်ရုံသာရှိသော တာအိုသခင်အိုကြီးကတော့ ရွှေသစ်ကိုင်းတစ်ခု လေ့ကျင့်ရန်ပင် မအောင်မြင်ခဲ့ပေ။ သူက ကျောက်စိမ်းသစ်ရွက်တစ်ခုရှိရန် မည်သို့ဖြစ်နိုင်မည်နည်း။

ထို့ကြောင့်လည်း သူက ဆိုးဆိုးဝါးဝါးရှုံးနိမ့်သွားခဲ့ရခြင်းဖြစ်သည်။ သူတို့၏ စွမ်းအားကွာဟမှုက အလွန်ကြောက်စရာကောင်းလွန်းလှ၏။

စံအိမ်တံခါးက ပွင့်သွားပြီး တာ့လီအင်ပါယာ၏ အစွမ်းထက်ဆုံး နန်းရေးဝန်ကြီး (၃)ယောက်ထဲမှ တစ်ယောက်ကို တလေးတစား ကြိုဆိုကြောင်း ပြသလိုက်သည်။ သို့သော် အဘိုးအိုကတော့ ဝင်မသွားခဲ့ပေ။ ထိုအစား သူက တံခါးပေါက်တွင် ထိုင်လိုက်ပြီး စံအိမ်အပြင်ဘက်တွင် ရှိနေသော လမ်းမကျယ်ကြီးကိုကြည့်လိုက်၏။

"မိန်းကလေးချူး …

ငါ့စကားကို နားထောင်ပြီး အဲဒီကလေးတွေကို အခက်တွေ့အောင် မလုပ်ပါနဲ့လား…"

သူက ‌တိုးတိုးလေး ပြောလိုက်သည်။

တံခါး၏ဘေးဘက် ကျောက်တုံးခြင်္သေ့၏ ခြေထောက်အောက်တွင် ရှိနေသော အနီရောင်မီးအိမ်ကြီးက ပြင်းပြင်းထန်ထန် လှုပ်ရှားလာခဲ့၏။ မီးအိမ်ကြီးက ရှေ့နှင့်နောက် ပြင်းထန်စွာ လှုပ်ရှားနေရင်း အလွန်တောက်ပသော အနီရောင်အလင်းတန်း(၄)ခု ပေါ်လာခဲ့၏။

“စိတ်ဝိညာဉ် နေအိမ် ပြန်သွားတော့ …”

ကြောက်စရာကောင်းသော အလင်းတန်းအမျှင်လေးများ စတင်ထွက်ပေါ်လာခဲ့သည်။ အဘိုးအို၏အသံက ပို၍ပင် ခိုင်မာလာပြီး သတိပေးလိုက်သည်။

"မိန်းကလေးချူး …

တကယ်လို့ ဒီကလေးတွေသာ မင်းရဲ့ပိုင်နက်ထဲမှာ တစ်ခုခုဖြစ်သွားမယ်ဆိုရင် စံအိမ်ကိုမပြောနဲ့။ တာ့လီအင်ပါယာကတောင် ဒုက္ခကြီးတွေ ကြုံရနိုင်တယ်…"

သို့သော် ပြန်ဖြေကြားမှုမရှိသည်မှာ စိတ်ပျက်စရာ ကောင်းနေသည်။

" မိန်းကလေးချူး…"

အဘိုးအိုက ဒေါသတကြီး ခေါ်လိုက်သည်။

ထိုအချိန်တွင် အိမ်တော်ထိန်းတစ်ယောက်၏ ပုံစံမျိုးရှိသော အဘိုးအိုတစ်ယောက်က တံခါးဝတွင် ပေါ်လာခဲ့သည်။ သူက သိုးမွှေးဦးထုပ်တစ်လုံးကို ဆောင်းထားခဲ့ပြီး လက်နှစ်ဖက်ကို နောက်ပစ်ထားခဲ့၏။

သူက အနည်းငယ် ချောင်းဟန့်ပြီး တိုးတိုးလေး ပြောလိုက်သည်။

"ဒီတောင်တန်းတွေနဲ့မြစ်တွေက သခင်မလေးရဲ့ပိုင်နက်ဆိုတာ တာ့လီအင်ပါယာက နှစ်ပေါင်းများစွာ အသိအမှတ်ပြုခဲ့တာပဲ။ သခင်မလေးကလည်း တစ်ချိန်လုံး တာ့လီအင်ပါယာနဲ့ ငြိမ်းငြိမ်းချမ်းချမ်း နေထိုင်ခဲ့တယ်…”

“အမှန်အတိုင်းပြောရရင်တော့ ကျွန်တော် ဒီစံအိမ်ကြီးရဲ့ အိမ်တော်ထိန်းဖြစ်မလာခင် တာ့လီအင်ပါယာရဲ့အရင်ဘုရင်ကြီးက သခင်မလေးအပေါ် အကြွေးတင်နေခဲ့တယ်လို့ ကြားဖူးခဲ့တယ်။ အခုအချိန်ထိတောင် ‘တောင်တန်းနှင့်မြစ် ထာဝရပိုင်ဆိုင်မှု’ဆိုတဲ့ စကားလုံးတွေ ရေးထားတဲ့ ရွှေရောင် သံစာချွန်က စံအိမ်ထဲမှာ ရှိနေသေးတယ်။ ကံဆိုးတဲ့ အဖြစ်အပျက်တွေ ကြုံခဲ့ရပြီးတဲ့နောက် အရင်တုန်းက ဘုရင်တွေအားလုံးက သခင်မလေးကို ဒေါသတွေ ဖြေဖျောက်ခွင့်ပေးဖို့အတွက် ခွင့်ပြုထားခဲ့တယ်လေ။ ဘာလို့ ဒီနေ့ကျမှ ကွဲပြားနေရတာလဲ…"

စိမ်းပြာဝတ်အဘိုးအိုက သိုးမွှေးဦးထုပ် ဆောင်းထားသော အိမ်တော်ထိန်းအိုကြီးကို လှည့်ကြည့်လိုက်သည်။

"ဒီနေ့တင် ကွဲပြားသွားတာ မဟုတ်ဘူး။ နောက်ပိုင်းကျရင် မိန်းကလေးချူးက ဖြတ်သန်းသွားတဲ့ စာသင်သားတွေကို သတ်ဖြတ်လို့ မရနိုင်တော့ဘူး…"

သူက ဖြည်းညင်းစွာ ပြောလိုက်သည်။

"ငါက မိန်းကလေးချူးကို အကြောင်းပြချက် ရှင်းပြနိုင်တယ်။ ဒါပေမယ့် တကယ်လို့ မိန်းကလေးချူးကသာ မရပ်ချင်ဘူးဆိုရင်တော့ တာ့လီအင်ပါယာက သနားညှာတာမှု မရှိတဲ့အတွက် အပြစ်မတင်ပါနဲ့…"

အိမ်တော်ထိန်းအိုကြီးက သူ၏ရင်ဘတ်ကို ပုတ်လိုက်ပြီး ချောင်းဆိုးခြင်းကို ရပ်တန့်လိုက်သည်။ သူက အပြုံးနှင့်ပြန်ဖြေလိုက်၏။

"အခု တာ့လီအင်ပါယာက ဒုက္ခတွေကို ရင်ဆိုင်နေရပြီ။ ဆရာရွမ်ကိုယ်တိုင် ရောက်မလာရင် သခင်မလေးက ဘယ်သူ့ကိုမှ ကြောက်မှာ မဟုတ်ဘူး။ တကယ်လို့ သူက တာ့လီအင်ပါယာထဲမှာရှိတဲ့ လျှို့ဝှက်အဖွဲ့ဝင်တစ်ချို့ကို အနိုင်မရနိုင်ဘူးဆိုရင်တောင် သခင်မလေးက ပုန်းနေဖို့ ဆုံးဖြတ်လိုက်မယ်ဆိုရင် တာ့လီအင်ပါယာက ကီလိုမီတာတစ်ရာကျော် ရှိနေတဲ့ တောင်တန်းကြီးကိုတူးပြီး ပန်းထိုးမြစ်ကို ဖြတ်တောက်ရဲတဲ့ သတ္တိရှိရဲ့လား။ အဲဒီအရာက သွားစားပွဲတောင်နဲ့ အောက်မှာရှိနေတဲ့ လီကျူးသုခဘုံကို သက်ရောက်ခံရမှာ မကြောက်ဘူးလား…"

နန်းရေးဝန်ကြီး၏ မျက်နှာအမူအရာက မည်းမှောင်သွားခဲ့ပြီး ပြန်ဖြေလိုက်သည်။

"ငါတို့ရဲ့ဘုရင်ကြီးက ကောင်းကင်ဘုံထက်တောင် ပိုပြီးကြီးမားတဲ့ တာ့လီအင်ပါယာရဲ့ အထူးအဖွဲ့သားတစ်ယောက် မဟုတ်တော့ဘူး။ သူက တစ်လက်မလောက် ပေးရင် တစ်မိုင်လောက် ယူတတ်တဲ့သူတွေကို အရမ်းမုန်းတယ်…"

တံခါးက ဖြည်းညင်းစွာ ပိတ်သွားပြီး အိမ်တော်ထိန်းအိုကြီးက စံအိမ်အတွင်းထဲတွင်ရပ်၍ အပြုံးနှင့် ပြောလိုက်၏။

"တာ့လီအင်ပါယာက ကြိုက်သလို စမ်းသပ်နိုင်တယ်လို့ သခင်မလေးက ပြောတယ်..”

“ဒါဆိုလည်း သူ့ကိုစမ်းသပ်ကြတာပေါ့…"

အထွေထွေရေးရာဌာနမှ နန်းရေးဝန်ကြီးက ခေါင်းခါလိုက်မိသည်။ သူကလည်း အလွန်ပွင့်လင်းသော လူတစ်ယောက် ဖြစ်သည်။ သူက မိန်းကလေးချူးကို ဖြောင်းဖြရန် မည်သည့်စကားမျှ ထပ်ပြောခဲ့ခြင်းမရှိချေ။ ထိုအစား ရှေ့ကို လျှောက်သွားခဲ့ပြီး ဧရာမအနီရောင်မီးအိမ်ကြီးကို ကောင်းကင်ပေါ်သို့ ပစ်လိုက်၏။ သူ့ခန္ဓာကိုယ်ကလည်း ဖြည်းညင်းစွာ ပျောက်ကွယ်သွားခဲ့သည်။

ထိုအချိန်တွင် မီးအိမ်ကြီးကတော့ အနီရောင်လတစ်စင်းကဲ့သို့ ကောင်းကင်ပေါ်၌ ရှိနေခဲ့၏။

……………….

ချန်းပင်အန်းတို့အဖွဲ့က ဧရာမစံအိမ်ကြီး၏ အပြင်ဘက်တွင် ရှိနေသော လမ်းမပေါ်တွင်ရပ်ပြီး မျက်နှာပျက်နေကြသည်။ သူတို့က သစ်တောထဲတွင် ထိုကဲ့သို့ ကြီးကျယ်ခမ်းနားသော စံအိမ်ကြီးတစ်ခုကို တွေ့ရလိမ့်မည်ဟု လုံးဝမထင်ထားခဲ့ကြပေ။

ချန်းပင်အန်းက မင်္ဂလာအဆောင်ဓားနှင့် သစ်ကိုင်းများ ချုံပုတ်များကို ရှင်းပစ်ပြီး သူတို့အတွက် လမ်းရှာရန် တာဝန်ရှိသည်။ ယခုတော့ သူလည်း အသက်ကို ပြင်းပြင်းရှုနေရ၏။ ထိုအရာက စွမ်းအားကုန်ဆုံးမှုကြောင့် မဟုတ်ဘဲ သူ့ခေါင်းထဲတွင် ဖိအားပေးနေသော လေးလံသည့်အရာကြောင့် ဖြစ်သည်။

နောက်ဆုံးတွင်တော့ လင်းရှို့ယီ၏ နောက်ကျောတွင် သေချင်ယောင်ဆောင်နေသော မျက်မမြင်တာအိုဘုန်းတော်ကြီးက ဆက်လက်ဟန်ဆောင်နေခြင်း မရှိတော့ချေ။ သူက သူ့ကိုယ်သူပြန်ရိုက်လိုက်ပြီး မျက်ရည်စများနှင့် ပြောလိုက်၏။

"ဒီသရဲမက ဒီလောက် အစွမ်းထက်လိမ့်မယ်လို့ ဘယ်သူက ထင်ထားမှာလဲ။ ငါကတော့ သူ့ကိုတောင် ရန်စရဲသေးတယ်။ ငါက နတ်ဆိုးတွေကို သတ်ဖြတ်ပြီး မကောင်းဆိုးဝါးတွေကို ရှင်းပစ်မယ်လို့တောင် အိမ်မက် မက်နေသေးတယ်။ ငါ့ရဲ့ ဒီမျက်လုံးတွေကတော့ တကယ့်ကို ကန်းသွားပြီ။ အသုံးမကျတဲ့ ငါ့ရဲ့မျက်လုံးတွေက ဘာမှအသုံးမဝင်တော့ဘူး…"

လင်းရှို့ယီကလည်း အလွန်ကြောက်လန့်သွားခဲ့ပြီး တာအိုသခင်အိုကြီးကို နောက်ကျောမှ အလျင်အမြန် ဆင်းခိုင်းလိုက်သည်။ လီဟွိုင်က လီပေါင်ဖျင်၏ နောက်တွင် ပုန်းနေသလို လီပေါင်ဖျင်၏မျက်နှာလေးကလည်း အနည်းငယ် ဖြူဖပ်ဖြူရော်ဖြစ်နေ၍ ချန်းပင်အန်း၏ အင်္ကျီလက်ကို ဆုပ်ကိုင်ထားခဲ့သည်။

သူမက တိတ်တဆိတ် မေးလိုက်၏။

"ဦးလေးငယ်......... ဦးလေးငယ်ရော ကြောက်လား.."

ချန်းပင်အန်းက နဖူးပေါ်မှချွေးများကို သုတ်လိုက်ပြီး ပြန်ဖြေလိုက်၏။

"ငါလည်း ကြောက်တာပေါ့။ ဒါပေမယ့် ဘာမှစိုးရိမ်ဖို့မလိုပါဘူး။ ငါနဲ့ လင်းရှို့ယီ ရှိနေပါသေးတယ်…"

"နဂိုတုန်းကတော့ ငါက ကြိုးစားကြည့်လို့ရတယ်လို့ ခံစားမိတယ်။ ဒါပေမယ့် အခုတော့ရော.. ငါ့ရဲ့စွမ်းရည်လေးတွေက သူ့ရဲ့လက်ချောင်းလေးတွေကို လှုပ်ရှားဖို့ပဲ လုံလောက်တယ်…"

လင်းရှို့ယီက မချိပြုံး ပြုံးပြီး ပြောလိုက်သည်။

ချန်းပင်အန်းက မင်္ဂလာအဆောင်ဓားကို ဓားအိမ်ထဲသို့ ပြန်ထည့်လိုက်ပြီး လီပေါင်ဖျင်ကို ပြန်ပေးလိုက်သည်။ သူမနှင့် လင်းရှို့ယီတို့က ဇဝေဇဝါ ဖြစ်နေသည်ကို မြင်လိုက်ရသည့်အချိန်တွင် သူက ရှင်းပြလိုက်၏။

"ငါ့က ခဏလောက် ကြိုးစားကြည့်မယ်…"

"ဒီသရဲမက မင်္ဂလာအဆောင်ဓားနဲ့ လင်းရှို့ယီရဲ့အဆောင်တွေကိုတောင် မကြောက်ဘူး။ သူက လက်သီးကို ကြောက်မယ်လို့ထင်နေတာလား…"

လီဟွိုင်က နားမလည်နိုင်သော အမူအရာနှင့် မေးလိုက်သည်။

ချန်းပင်အန်းက ပြန်မဖြေခဲ့ပဲ သူ၏အသက်ရှူသံကို ထိန်းချုပ်၍ စိတ်ထဲတွင် သေချာအာရုံစိုက်လိုက်လေသည်။

Translated by Hein Htet.

All Chapters