← Chapters

ပါးရိုက်ခြင်း

Vol. 50 Ch. 806

ပါးရိုက်ခြင်း

Vol. 50 Ch. 806

နံနက်စောစော -

ဗီးနပ်စ်မြို့ -

ဟိုတယ်ခန်းတစ်ခု၌ -

ချန်လွေ့က မတ်တပ်ရပ်နေပြိး အခန်းတံခါးကို ဖြည်းဖြည်းချင်း ဖွင့်လိုက်သည်။ အိပ်မက်ဆိုးတောနက်မှ ပြန်ရောက်လာပြီးနောက် သူက အခန်းထဲ၌ ကိုယ့်ကိုယ်ကိုယ် ပိတ်လှောင်ထားခဲ့ခြင်း ဖြစ်၏။

ကျောက်စိမ်းသစ်တောပင်လယ်သို့ သွားခဲ့ခြင်းက အမှန်တကယ် အကျိုးအမြတ် အများအပြား ရရှိစေခဲ့သည်။ သူက ယန္တရားနှင့် ဆေးရည်ပညာတို့၌ တပြိုင်နက်တည်း မဟာဆရာသခင် အဆင့်သို့ ရောက်ရှိသွားခဲ့ကြသည်။ သူက ယခုတွင် စိတ်အားအပြည့်အဝ တက်ကြွနေသင့်သော်လည်း အလွန်အမင်း စိတ်ဓာတ်ကျလျက် ရှိနေလေသည်။

အိပ်မက်ဆိုးတောနက်က တကယ့် အိပ်မက်ဆိုး တစ်ခု ဖြစ်လာခဲ့သည်။ ဘလန့်ချ်ကို ကယ်တင်ရန်အတွက် ဂါရွန် မျိုးနွယ်စုမှစ၍ သူက လမ်းတလျှောက်လုံး အစွမ်းအထက်ဆုံး မိုးကြိုးမုန်တိုင်း မျိုးနွယ်စုအထိ သတ်ပစ်ခဲ့ပြီး ဘီးရားမွန်း အော့ခ်ဘုရင်သုံးပါးနှင့် တိုက်ခိုက်ခဲ့ကာ ကြမ္မာဆိုးနွံအိုင်တွင်ပင် တိုက်ခိုက်ခဲ့သည်။ သူက ကြောက်စရာကောင်းသော နတ်ဘုရား ပေးထားသည့် လက်နက်ကြောင့် လျို့ဝှက်ဘာသားစကား ကျောက်နန်းတော်၌ပင် ခေါင်းပြတ်လုမတတ် ဖြစ်သွားခဲ့သည်။ သို့သော်လည်း သူက ခက်ခက်ခဲခဲ တိုက်ခိုက်ပြီးနောက် အိပ်မက်ဆိုးမီးတောင်၏ သွေးလိုဏ်ဂူသို့ ရောက်သွားသောအခါ ခြေတစ်လှမ်း နောက်ကျသွားခဲ့သေးသည်။ သူ ရှာတွေ့ခဲ့သည်က နတ်သူငယ်တစ်ပိုင်း ကောင်မလေး ချန်ထားခဲ့သော မျက်မှန် တစ်လက်ပင်။

ထိုအကြောင်းရင်းကြောင့် ချန်လွေ့က ကိုယ့်ကိုယ်ကိုယ် အပြစ်တင်နေခဲ့သည်။ ကျောက်စိမ်းသစ်တောပင်လယ်မှ ဘလန့်ချ် ထွက်သွားခဲ့ရခြင်း၏ တကယ့်အကြောင်းရင်းမှာ သူ့ကြောင့်သာ ဖြစ်နေ၍ပင်။

တိတ်ဆိတ်သော နတ်သူငယ်တစ်ပိုင်း ကောင်မလေးက စိတ်ထဲ၌ သူ့ကိုပြောရန် စကားအများအပြား ရှိနေသော်လည်း အခွင့်အရေးထပ်ရတော့မည် မဟုတ်ကြောင်း ချန်လွေ့ သိသည်။ အကယ်၍ သူက အချိန်ကို ပြန်လှည့်နိုင်မည်ဆိုလျှင် ကျောက်စိမ်း သစ်တောပင်လယ်၌ ရှိနေစဉ်က ဘလန့်ချ်အား တကယ့် ကတိတစ်ခု ပေးရန် ရွေးချယ်ခဲ့မည် ဖြစ်သည်။

ကံဆိုးစွာပင် “အကယ်၍” မရှိခဲ့ပေ။

ဘယ်လိုပဲဖြစ်ဖြစ် ဆုံးရှုံးသွားတာတွေက ဆုံးရှုံးသွားပြီ။ အခု ငါ့မှာ ရှိနေတာတွေကို အားလုံးကိုပဲ အမြတ်တနိုးထားရမယ်။

ဒီကောင်မလေးကို ငါ အမြဲတမ်း မှတ်ထားပြီးတော့ သူ့အတွက် လက်စားချေဖို့အတွက် လျို့ဝှက်ဆန်းကြယ်တဲ့ ဘာသာရေးဂိုဏ်းကို လုံးဝ ဖျက်ဆီးရမယ်။

စိတ်ကို တည်ငြိမ်အောင် ပြုလုပ်ပြီးနောက် သူက ပင့်သက်ရှိုက်ပြီး ဝမ်းနည်းမှုကို နှလုံးသားနက်နက်ထဲသို့ ထိုးသွင်းကာ တံခါးမှ ထွက်သွားလိုက်၏။

ယနေ့မှာ ကြယ်မျှော်စင် ဖွင့်မည့်နေ့ရက် ဖြစ်သည်။ သူက ယခုတွင် ကြယ်အလင်း ကောလိပ်သို့ သွားနေလေသည်။

ခဏအကြာ ချန်လွေ့က ကြယ်အလင်းကောလိပ်သို့ မြင်းလှည်းဖြင့် ရောက်ရှိလာခဲ့သည်။ ယခင်၂ရက်အတွင်း ကြယ်အလင်း ကောလိပ်သို့ အသွားအပြန် မြင်းလှည်း စီးပွားရေးက အလွန်အမင်း ကောင်းမွန်နေခဲ့ပြီး စျေးနှုန်းက သုံးဆ ဖြစ်သွားခဲ့သည်။

ကျောင်းဂိတ်တံခါးတွင် စည်းကမ်းထိန်းသိမ်းရေး အဖွဲ့များနှင့် ကြိုဆိုသော ဝန်ထမ်းများ ပုံမှန်ထက် ပိုများလာခဲ့သည်။ “ရိုမန်” အဖြစ် ရုပ်ဖျက်ထားသော ချန်လွေ့က ကျောင်းရေးရာဌာနက ပေးထားသော ဖြတ်သွားခွင့် တံဆိပ်ပြားကို ကိုင်းထားသည့် အတွက် ကျောင်းဂိတ်တံခါးကို ချောချောမွေ့မွေ့ ဝင်ရောက်လာခဲ့သည်။

ကောလိပ်နယ်မြေက ထင်ထားသလို မစည်းကားဘဲ ပုံမှန်ထက် ပို၍ စနစ်တကျ ဖြစ်နေသည်။

“ရိုမန်...” ထိုကောလိပ်နယ်မြေထဲ၌ “ရိုမန်”ကိုသိသူ အများအပြား မရှိပေ။ ထို့ကြောင့် ချန်လွေ့က အနည်းငယ် အံ့အားသင့် သွားခဲ့သည်။ သူက နောက်ပြန်လှည့် ကြည့်လိုက်ရာ ယခင်တစ်ခေါက် ကျောက်စိမ်းသစ်တောပင်လယ်သို့ သွားခဲ့စဉ်က ဆိုခရစ်တီး၏ တပည့်မတစ်ယောက်ဖြစ်ကြောင်း တွေ့လိုက်ရ၏။ သူက နာမည်က ဆိုဖီယာ ဖြစ်ဟန်တူသည်။ သူက အတော်လေး စိတ်ကောင်းပုံရသည်။

“နောက်ဆုံးတော့ ရှင် ပြန်ရောက်လာပြီပဲ။ ဆရာက ရှင့်အကြောင်း နေ့တိုင်း ပြောနေခဲ့တာ။ ရှင်ပြန်ရောက်လာတာ သိရင် သူသေချာပေါက် ပျော်မှာပဲ။ ကျွန်မ အခုပဲ ဌာနမှူး အခန်းကို သွားမလို့။ လိုက်ချင်လား။”

“မလိုပါဘူး။” ချန်လွေ့ ပြုံးလိုက်၏။ “ကျောင်းရေးရာဌနာဆီ ငါ အရင်သွားလိုက်မယ်။ ကြယ်မျှော်စင်က ဒီနေ့လယ် ဖွင့်မှာလေ။ ငါ အရင်ဆုံး စာရင်းသွင်းရဦးမယ်။ ဘယ်လိုပဲဖြစ်ဖြစ် ကျေးဇူးပါပဲ။”

“အိုး...” ဆိုဖီယာက ခြေလှမ်းအနည်းငယ် လှမ်းလိုက်ပြီးနောက် ရုတ်တရက် သတ္တိမွေးလိုက်ဟန်တူကာ နောက်ပြန်လှည့်လိုက်သည်။ “ရှင် အားမယ်ဆိုရင် ကျွန်မ မှော်စက်ဝိုင်းအကြောင်းကို နှစ်‌ယောက်တည်း မေးလို့ရမလား။”

ဒါက ဘာလဲ။ ချိန်းတွေ့မလိုလား။ ချန်လွေ့ အံ့သြသွားပြီး တိတ်တိတ်လေး တွေးလိုက်သည်။ ဒါက လုံးဝ သိပ္ပံနည်းမကျ ဖြစ်နေတယ်။ ဒီလိုမျိုး ကျက်သရေမရှိတဲ့ မျက်နှာမျိုးနဲ့တောင် ကောင်မလေးတစ်ယောက်က ဦးဆောင်ပြီးတော့ ချိန်းတွေ့ဖို့ ပြောတယ်လား။ ငါက မုဆိုးမတွေကိုပဲ သဘောကျတာလို့ ဖြေလိုက်ရမလား။ ( နတ်ဆိုးဘုံမှ တူလေးတစ်ယောက်က အပြင်းအထန် နှာချေနေတော့သည် )

ချန်လွေ့က ခဏစဉ်းစားပြီး ပြန်ဖြေလိုက်၏။ “အခုက ကြယ်မျှော်စင်...အာ...ဒီကိစ္စကြီး ပြီးတဲ့အထိ စောင့်လိုက်ပါ။ ဟုတ်ပြီလား။”

ထိုကိစ္စပြီးသွားပြီးနောက် ရိုမန် ပျောက်ကွယ်သွားလောက်ပြီ ဖြစ်သည်။

“အင်း...” ဆိုဖီယာ၏ မျက်နှာက အနည်းငယ် နီရဲသွားပြီး ခြေသံများက ပိုမြန်သွားခဲ့သည်။

ဆိုဖီယာ၏ နောက်ဘက်ကို ကြည့်နေရင်း ချန်လွေ့က ခါးသက်သက် ပြုံးလိုက်ပြီး ခေါင်းကုတ်နေလိုက်သည်။ သူက ကျောင်းရေးရာဌာနသို့ လျှောက်သွားခဲ့ပြီးနောက် အဆောက်အအုံ အောက်တွင် ဘယ်လီယာနှင့် တွေ့ဆုံခဲ့လေသည်။

ကျောင်းရေးရာဌာနက အဆောက်အအုံ၌ လူအများအပြား ရှိနေကြပြီး ဘယ်လီယာဘေးနားတွင် ယောက်ျားနှစ်ယောက်နှင့် မိန်းမနှစ်ယောက် ရှိနေကြသည်။ အားလုံးက “အသိများ” ဖြစ်၏။

ပထမတစ်ယောက်မှာ ကျက်သရေပြာ အင်ပါယာမှ အာသာ၏ ကြင်ယာလောင်း မင်းသမီး လန်ဘိစ်ဖြစ်သည်။ အခြားသူ နှစ်ယောက်မှာ ဘယ်လီယာ၏ တူဖြစ်သူ ရူးကြောင်ကြောင်ကောင် နိုင်းလ်နှင့် ကျောက်စိမ်းသစ်တောပင်လယ်၌ ချန်လွေ့ တွေ့ခဲ့သော ချူအင်တို့ ဖြစ်ကြသည်။

ချူအင်က ကိုယ့်ကိုယ်ကိုယ် အထင်ကြီးနေခဲ့သည်။ သူက ချန်လွေ့ကို လက်စားချေချင်ခဲ့သော်လည်း သော်သော်က သူ့လက်ထဲမှဓားကို အရည်ဖျော်ပစ်ခဲ့၏။

လန်ဘိစ်၏ အလှတရားက လူပုံအလယ်၌ အထူးသဖြင့် တလက်လက် တောက်ပနေပြီး ဘယ်လီယာ၏ အလှတရားကိုပင် ဖုံးလွှမ်းနေသော်လည်း ချန်လွေ့က သူ့ကို မကြည့်ခဲ့ပေ။ သူက ဘယ်လီယာက တစ်ခါတည်း နှုတ်ဆက်လိုက်၏။ “မစ်-ဘယ်လီယာ။ ကျုပ်တို့ ပြန်ဆုံပြီနော်။ ကတိပေးထားတဲ့အတိုင်း ကြယ်မျှော်စင် စမ်းသပ်ပွဲမှာ ဝင်ပြိုင်ဖို့အတွက် ကျုပ် ရောက်လာပြီ။”

ထိုစကား ထွက်ပေါ်လာသည်နှင့် ရူးကြောင်ကြောင်ကောင် နိုင်းလ်၏ မျက်နှာအမူအရာက ရုတ်တ်ရက် ပြောင်းလဲသွား၏။ ယခင်တစ်ခေါက် သူက အဒေါ်ဖြစ်သူ ဘယ်လီယာကို အသုံးချပြီး အချစ်ပြိုင်ဘက် ဖေးဇ်အား ကိုင်တွယ်ခဲ့သော်လည်း ဖေးဇ်က အဆင်ပြေနေခဲ့သည်။ ထိုအစားက သူ့အဒေါ်က ကြယ်မျှော်စင်သို့ ဝင်ရောက်ရင် အပိုနေရာတစ်ခုကို အခြားသူတစ်ယောက်အား ပေးခဲ့ကြောင်း သတင်းဆိုးအား သူ ရရှိခဲ့လေသည်။

အစပိုင်း၌ နိုင်းလ်၏ အမြင်အရ ထိုနေရာကို သူ သေချာပေါက် ပိုင်ဆိုင်သင့်သည်။ ထိုအရာကလည်း သူ၏ ဂုဏ်ယူစရာတစ်ခု ဖြစ်ခဲ့ပြီး အခြားသူများကို လှောင်ပြောင်ခဲ့လေသည်။ သို့သော်လည်း သတင်းဆိုးက ရုတ်တရက်ကြီး ထွက်ပေါ်လာပြီး ရူးကြောင်ကြောင်ကောင်အား သောကရောက်သွားစေခဲ့သည်။ သူက အတန်းဖော်များနှင့် ရှူအီရှာ အဖော်များရှေ့၌ အထူးသဖြင့် ရိုးလ်လင်း အရှေ့၌ ခေါင်းကိုပင် မမော့နိုင်တော့ပေ။

ထိုကိစ္စက မိသားစု ဆက်ခံသည့်နေရာ၌ အရေးပါသော အရာတစ်ခုကို ဆုံးရှုံးသွားခြင်း၏ အခြားအဓိပ္ပာယ်တစ်ခုလည်း ဖြစ်ပေသည်။

သို့သော်လည်း နိုင်းလ်က ကိုယ့်ကိုယ်ကိုယ်သိပြီး ဘယ်လီယာကို မကျေမနပ် မဖြစ်ရဲပေ။ သူ့အဖေတွင် ဘယ်လီယာ ဟူသော ညီမတစ်ယောက်သာရှိပြီး သားက တစ်ယောက်မက ရှိနေသည်။ ပို၍ အရေးကြီးသည်မှာ ဘယ်လီယာက ကြယ်အလင်း ကောလိပ်၌ တကယ့်အင်အားကြီး ပုဂ္ဂိုလ်တစ်ယောက် ဖြစ်နေခြင်းပင်။ မိသားစုထဲ၌ ဘယ်လီယာ၏ ပြောဆိုခွင့်က သူ့အဖေ မြို့တော်ဝန်ထက် မနိမ့်ကျပေ။ ထိုအကြောင်းကြောင့် သူ့အမေက အကောင်းဆုံးကြိုးစားပြီး သူ့အတွက် ပိုမိုအဆင်ပြေစေရန်အတွက် ဘယ်လီယာအား ကျေနပ်အောင် ပြုလုပ်နေခဲ့ရသည်။ သူက ထိုဒေါ်လေးကို စိတ်ရှုပ်စေခဲ့မည်ဆိုလျှင် ကောလိပ်ထဲ၌ရော၊ အနာဂတ်တွင်ပါ အကျိုးအမြတ် ရှိလိမ့်မည် မဟုတ်ချေ။ ထို့ကြောင့် ရူးကြောင်ကြောင်ကောင်က ဆေးခါးခါးကို တိတ်တဆိတ်သာ မျိုချနေခဲ့ရလေသည်။

ယခုတွင် သူ့နေရာကို လုယူခဲ့သောသူက ရှေ့တွင် ပြောင်ပြောင်တင်းတင်း ပေါ်ထွက်လာခဲ့ပြီး ထိုအကြောင်းအား လူပုံအလယ်၌ပင် ဖော်ပြခဲ့လေသည်။ ထိုအရာက သူ့ကို လုံးလုံးလျားလျား ပါးဖြတ်ရိုက်လိုက်ခြင်းပင်။

“မင်းကိုယ်မင်း ဘာထင်နေတာလဲ။” နိုင်းလ်က လွှတ်ခနဲ ပြောလိုက်၏။ ဒီလို အဖိုးတန်တဲ့ နေရာကို ဒီအမှိုက်ထုပ်လိုကောင်က တကယ်ကြီး ယူသွားခဲ့တယ်။

“မစ်-ဘယ်လီယာ။ ဘာလို့ ခင်ဗျားနားမှာ ဒီလိုမျိုး ရိုင်းပျတဲ့ အရူးတစ်ယောက် ရှိနေတာလဲ။” ချန်လွေ့က ထိုကဲ့သို့သူမျိုး အရှေ့၌ ရွံရှာမှုကို မဖုံးကွယ်ထားခဲ့ပေ။

နိုင်းလ်က ဒေါသထွက်သွား၏။ သူက ချန်လွေ့အား အရှင်လက်လက် ဝါးစားတော့မည် သကဲ့သို့ပင် အံကြိတ်လိုက်သည်။ ဘယ်လီယာက မျက်မှောင်ကြုတ်လိုက်၏။ “ရိုမန်။ ဒါက အထင်လွဲတာပါ။ သူက ကျွန်မရဲ့တူလေး နိုင်းလ်ဖာလိုစ်ပါ။ ”

“ခင်ဗျားရဲ့ တူလေးကိုး။ ဒါဆိုလည်း ခင်ဗျား မျက်နှာကို ထောက်ပြီးတော့ ကျုပ် မေ့လိုက်ပါ့မယ်။” ချန်လွေ့က အထင်သေးသော အကြည့်ဖြင့် ရူးကြောင်ကြောင်ကောင်အား ဖျတ်ခနဲ ကြည့်လိုက်သည်။

ဘယ်လီယာက “ရစ်ချက်”၏ ရက်စက်မှုနှင့် ခွန်အားကို ကောင်းကောင်းသိသည်။ အကယ်၍ အင်အားနည်းသော အခြားသူ တစ်ယောက်က မယဉ်မကျေး ပြုမူခဲ့လျှင် သူက ဟိုးကတည်းက ချေမှုန်းခံလိုက်ရမည် ဖြစ်သည်။ အမှန်တကယ်၌ သူက ဘယ်လီယာက မျက်နှာအတော်လေး ထောက်ထားနေခဲ့ပြီ ဖြစ်လေသည်။

သို့သော်လည်း ထိုကဲ့သို့ အပြုအမူက ရူးကြောင်ကြောင် ကောင်အား ပို၍ပင် ဒေါသထွက်သွားစေခဲ့သည်။ “မင်း....”

“ပါးစပ်ပိတ်ထား!” ဘယ်လီယာက တီးတိုးပြောလိုက်၏။ သူ၏အသံက အသေအချာပင် မကျေမနပ် ဖြစ်နေပုံရသည်။

နိုင်းလ်၏မျက်နှာ ရှုံ့တွသွားခဲ့ပြီး စကားထပ်မပြောရဲတော့ပေ။

“မစ်-ဘယ်လီယာ။ ခင်ဗျားက ကျုပ်တို့ရဲ့ ကျောင်းသား နိုင်းလ်ကို ပိုပြီးတော့ ဆုံးမဖို့လိုတယ်။ ပြီးတော့ သူ့ကို အခြေခံ ကျင့်ဝတ်တွေ သင်ပေးရမယ်။” ချန်လွေ့က “ကျုပ်တို့”ဟူသော စကားလုံးကို ပြောရာ၌ တမင်တကာပင် အသံမြှင့်ခဲ့ပြီး ဘယ်လီယာကို မျက်လုံးမှိတ်ပြလိုက်၏။

“တော်လောက်ပြီ။ အစီအစဉ်အတိုင်း ဖြစ်အောင် ကျောင်းရေးရာဌာနကို အရင်သွားကြတာပေါ့။” ဘယ်လီယာက ချန်လွေ့အား မကျေမနပ် စိုက်ကြည့်လိုက်သော်လည်း သူက ထိုအကြောင်း ဆက်မပြောခဲ့ပေ။ ထိုအရာက လန်ဘိစ်နှင့် အခြားသူများအား အံ့သြသွားစေခဲ့သည်။ ဘယ်လီယာ၏ မောက်မာမှုနှင့် တင်းမာမှုတို့က ကောလိပ်ထဲ၌ နာမည်ကျော်ကြား၏။ အကယ်၍ တစ်စုံတစ်ယောက်က ထိုကဲ့သို့ လှောင်ပြောင်မည်ဆိုလျှင် သေချာပေါက် ဒေါသထွက်ပေလိမ့်မည်။ သို့သော်လည်း ယခု သူ၏တုံ့ပြန်မှုက ပုံမှန်သာဖြစ်ပြီး ထို “ရိုမန်” နှင့် ရင်းနှီးသော အငွေ့အသက်ပင် ရှိနေလေသည်။ ထိုအရာက အခြားသူများအား သေချာပေါက် ထိတ်လန့်ပြီး သံသယ ဝင်စေခဲ့လေ၏။

“ခွင့်ပြုပါ။ ဝန်ကြီး ဘယ်လီယာ။ ကျွန်မ သိရသလောက်ဆိုရင် အကြံပြုနေရာ ရှိရင်တောင် ဌာနမှူး အဆင့်တူ ပြန်ဆန်းစစ်မှုကို ကျော်ဖြတ်ရတယ်မလား။ ဝန်ကြီး ဘယ်လီယာ ကိုယ်တိုင် အကြံပြုထားတယ် ဆိုရင်တောင်ပေါ့။” နောက်ဆုံး၌ လန်ဘိစ်က ပြောလိုက်သည်။ နိုင်းလ်က ကူကယ်ရာမဲ့ကြောင်း သိသော်လည်း သူ့အဖေက မြို့‌တော်ဝန်ဖြစ်ပြီး သူက လန်ဘိစ် ဦးစီးသော ရှူအီရှာ အဖွဲ့ဝင်တစ်ယောက် ဖြစ်၏။ ယခုတွင် နိုင်းလ်က လူပုံအလယ်၌ အရှက်ခွဲခံနေရသည့်အတွက် ရှူအီရှာ၏ ဥက္ကဋ္ဌ ဖြစ်သည့်အလျောက် သူက ရပ်ကြည့်နေရန် မဖြစ်နိုင်ပေ။

ဘယ်လီယာက အသာလေး မျက်မှောင်ကြုတ်ပြီး ခေါင်းညိတ် လိုက်သည်။ “ဟုတ်ပါတယ်။”

“ပြန်ဆန်းစစ်တာလား။” ချန်လွေ့က လန်ဘိစ်ကို စိတ်ဝင်စားစွာဖြင့် ကြည့်ပြီး တမင်တကာပင် ရန်လိုသောအကြည့် ပြသလိုက်၏။ ၎င်းကို သတိထားမိသွားသော ဘေးနားမှ ချူအင်က မျက်လုံးများ အေးစက်နေခဲ့လေသည်။

လန်ဘိစ်၏ မျက်နှာအမူအရာက မပြောင်းမလဲ ရှိနေပြီး တည်တည်ငြိမ်ငြိမ် ပြောလိုက်၏။ “ဟုတ်တယ်။ ပြန်လည် ဆန်းစစ်တာက မနေ့တုန်းက ပြီးသွားတာ။ ကျွန်မ သိရသလောက် ဆိုရင်တော့ ဆာ့ရဲ့နာမည်က ပြန်ဆန်းစစ်တဲ့ စာရင်းထဲမှာ ရှိမနေဘူး။”

“သဘောပေါက်ပြီ။” ချန်လွေ့က ရုတ်တရက် ရယ်လိုက်၏။ “ဌာနမှူးရဲ့ အဆင့်၁.... လက်ထောက်ဌာနမှူး ဆိုရင်ကော အလုပ်ဖြစ်လား....”

“ဒါပေါ့။ ဖြစ်ပါတယ်။” ထိုမေးခွန်းက အနည်းငယ် ထူးဆန်းကြောင်း လန်ဘိစ် တွေးနေစဉ် နောက်ဘက်မှ အသံတစ်သံ ထွက်ပေါ်လာ၏။

“ရိုမန်...”

ထိုအသံက လက်ထောက်ဌာနမှူး ဆိုခရစ်တီး၏ အသံ ဖြစ်နေ၏။ မှော်စက်ဝိုင်းကဲ့သို့ အရာများကို တိုးမြှင့်ခြင်းက အထူးသဖြင့် အစပိုင်း အောင်မြင်သွားပြီးနောက် စွဲလမ်းစေနိုင်သည်။ ဆိုခရစ်တီးက ကျောက်စိမ်းသစ်တော ပင်လယ်မှ ပြန်လာပြီးနောက် လေ့လာနေခဲ့သည်။ ထိုနေ့ရက်များ၌ သူက တစ်ဆို့နေခဲ့ပြီး အကြိမ်များစွာ ကျဆုံးခဲ့သည်။ သူက “ရိုမန်” ပြန်ရောက်လာရန် စောင့်မျှော်နေခဲ့သည်။ ယခုတွင် ဆိုဖီယာက ကောလိပ်တွင် “ရိုမန်”နှင့် တွေ့ခဲ့ကြောင်း ကြားလိုက်သည့်အခါ ချက်ချင်းပင် ကျောင်းရေးရာဌာနသို့ အပြေးသွားခဲ့ခြင်း ဖြစ်သည်။

“နောက်ဆုံးတော့ မင်း ပြန်ရောက်လာပြီပဲ။” ဆာ-လက်ထောက် ဌာနမှူးက ချန်လွေ့၏ပုခုံးကို ပုတ်လိုက်၏။ “ငါ မင်းကို ရှာနေတာ။ စမ်းသပ်ခန်းကို ငါနဲ့ ချက်ချင်းလိုက်ခဲ့။ ”

သိသာနေသော ဆိုခရစ်တီး၏ ရင်းနှီးမှုက လန်ဘိစ်နှင့် အခြားသူများကို အံ့သြသွားစေခဲ့သည်။ ချန်လွေ့က ခေါင်းခါလိုက်သည်။ “ခဏနေပါဦး။ ဆာ-ဌာနမှူး။ ခုနက ကြယ်မျှော်စင်ကို ဝင်ရောက်ဖို့အတွက် ကျုပ်ရဲ့ အကြံပြုချက်ကို ဌာနမှူးက ပြန်မဆန်းစစ်ရသေးဘူးလို့ တစ်ယောက်ယောက်က ပြောခဲ့တယ်။ အဲဒါကြောင့် ကျုပ် အခု ပြဿနာ တက်နေတယ်။”

ဆိုခရစ်တီး၏ မျက်လုံးများက မီးတောက်သွားခဲ့ပြီး သူ၏ ပထမဆုံး တုံ့ပြန်မှုက ဘယ်လီယာကို ကြည့်လိုက်ခြင်း ဖြစ်သည်။ “ဘယ်သူ ပြောတာလဲ။”

“ကျွန်မ မဟုတ်ပါဘူး။” ဘယ်လီယာက အသာလေး ပြုံးလိုက်၏။ “ကျွန်မက ဆရာ ရိုမန်ကို ထောက်ခံပေးခဲ့တဲ့ သူပဲလေ။”

“အင်း။ ဒီတစ်ခေါက် မင်းတို့ ကျောင်းရေးရာဌာနက အလုပ်ကောင်းကောင်း လုပ်ခဲ့တယ်။” ဆိုခရစ်တီး၏ မျက်လုံးများက လန်ဘိစ်နှင့် အခြားသူများထံ ရောက်ရှိသွား၏။ “ငါက ရိုမန်ကို လွန်ခဲ့သော တစ်လကျော်တုန်းက အရည်အသွေး ဆန်းစစ်ပြီးသွားပြီ။ ဘယ်သူ မေးခွန်းထုတ်ချင်သေးလဲ။”

နိုင်းလ် ခေါင်းငုံ့နေခဲ့သည်။ သူ့အတွက် ထိုအရာက နောက်ထပ် ခပ်ကြမ်းကြမ်း ပါးရိုက်လိုက်သကဲ့သို့ပင်။

“တောင်းပန်ပါတယ်။ ဆာ-ဌာနမှူး။ အခု ဘာ ပြဿနာမှာ မရှိတော့ပါဘူး။” လန်ဘိစ်က ပြန်ဖြေလိုက်သည်။ သူက ပျင်းရိနေပုံပေါက်သောသူအား တိတ်တဆိတ် ပြန်လည်၍ တန်ဖိုးဖြတ်နေတော့သည်။ လက်ထောက်ဌာနမှူးကို ဒီလိုမျိုး အာရုံစိုက်အောင် လုပ်နိုင်ပြီးတော့ ဘယ်လီယာရဲ့ အပြုအမူကိုပါ ထည့်တွက်မယ်ဆိုရင် ရိုမန်က သေချာပေါက် သာမန် လူတော် တစ်ယောက် မဟုတ်ဘူး။

ဒီလူက နောက်ပိုင်း ကောလိပ်မှာ ဆက်ရှိနေမယ်ဆိုရင် အနည်းဆုံးတော့ ငါ သူ့ရန်သူတော့ ဖြစ်လို့မရဘူး။

“ဒါဆိုလည်း အခု အဆင်ပြေပြီပေါ့။ ရိုမန်။ မြန်မြန်လာ။ ငါ့အတွက် မှော်စက်ဝိုင်း တစ်ချက်ကြည့်ပေး။ တိုးမြှင့်မှုက အောင်မြင်မယ်ဆိုရင် ငါ မင်းအတွက် နောက်ထပ်နေရာတစ်ခု ပေးလို့ရတယ်။ ”

နောက်ဆုံးစကားကို ကြားသောအခါ နိုင်းလ်၏ စိတ်ထဲ၌ မျှော်လင့်ချက်တစ်ခု ပေါ်ထွက်လာပြီး ဘယ်လီယာအား အသည်းအသန် မျက်ရိပ်ပြလိုက်သည်။ ချန်လွေ့က ၎င်းကိုမြင်ပြီး စိတ်ထဲ၌ သရော်ပြုံး ပြုံးလိုက်၏။ လောကကြီးက မင်းတစ်ယောက် အတွက်ပဲ လည်ပတ်နေတယ်လို့ တကယ်ကြီး ထင်နေတာလား။

“ရပါတယ်။ ဆာ-ဌာနမှူး။ ကြယ်မျှော်စင်ကို ကြုံရာလူတွေ မဝင်သင့်ပါဘူး။”

ထိုစကားက နိုင်းလ်၏ နောက်ဆုံးကံတရားကို လုံးဝ ပျက်စီးသွားစေခဲ့ပြီး လူပုံအလယ်၌ ပါးရိုက်ခံရပြီး အပြင်းအထန် အနင်းခံရသကဲ့သို့ ဖြစ်စေခဲ့သည်။ ရူးမိုက်သောသူ၏ မျက်နှာ အမူအရာက ရုတ်တရက် အလွန်အမင်း အရုပ်ဆိုးသွားတော့သည်။

ချန်လွေ့က နိုင်းလ်ကိုပင် မကြည့်ခဲ့ပေ။ သူက ဘယ်လီယာကို ခေါင်းညိတ်ပြပြီး ဆိုခရစ်တီးနောက်သို့ လိုက်သွားတော့သည်။

All Chapters