← Chapters

သမိုင်းထဲမှ အားအနည်းဆုံးနှင့် အစွမ်းထက်ဆုံး

Vol. 50 Ch. 808

သမိုင်းထဲမှ အားအနည်းဆုံးနှင့် အစွမ်းထက်ဆုံး

Vol. 50 Ch. 808

“ရိုမန်” အဖြစ်အပျက်က ကြယ်မျှော်စင်အပြင်ဘက်ရှိ မှော်ကြေးမုံပေါ်တွင် ချက်ချင်း ရောင်ပြန်ဟပ်လာခဲ့သည်။ “ကြယ်မြှင့်တင်” အစပိုင်း၌ တစ်စုံတစ်ယောက် သတိလစ်သွားခြင်းက အမှန်တကယ်ပင် ကောလိပ်မှ အကြီးတန်း အလုပ်အမှုဆောင် အဖွဲ့များကို အမှန်တကယ် အံ့သြသွားစေခဲ့၏။

အံ့အားအသင့်ဆုံးက ဆိုခရစ်တီးနှင့် ဘယ်လီယာတို့ပင်။ ထိုအချိန်တွင် ပို၍ ထိတ်လန့်စရာကောင်းသော အရာများ ဖြစ်လာတော့သည်။

“ရိုမန်”နှင့် မနီးမဝေးမှ မက်ခ်ဂေါလ်က မျက်လုံးထဲ၌ ဖုံးကွယ်မထားသော အမုန်းတရားနှင့်အတူ ထရပ်လိုက်သည်။ သူ၏ လက်ထဲ၌ အမှန်တကယ်ပင် ဓားတစ်လက် ရှိနေခဲ့သည်။ ဓားထဲမှ မီးတောက်များ ထွက်ပေါ်လာခဲ့ပြီး သူက “ရိုမန်”ထံ တစ်လှမ်းချင်း လျှောက်လာခဲ့လေသည်။

မှော်ကြေးမုံအရှေ့မှ လူများက ထိတ်လန့်သွားကြသည်။ မက်ခ်‌ဂေါလ်၏ စွမ်းအားက စစ်မှန်သော သူတော်စင်အဆင့်သို့ ရောက်ရှိရန် ခြေတစ်လှမ်း လိုနေဆဲဖြစ်သော်လည်း သူ၏ ဓားရေးက ကျွမ်းကျင်လွန်းလှကာ ကောလိပ်နည်းပြ အနည်းငယ်ကသာ သူ့ကို ယှဉ်နိုင်၏။ [ မီးတောက်လျှံဓား ] က သူ၏ နာမည်ကျော် ဓားပညာ ဖြစ်သည်။ မက်ခ်ဂေါလ်၏ အဟုန်ကို ကြည့်ရသည်မှာ သူက သတိလစ်နေသော ယှဉ်ပြိုင်သူကို စွမ်းအားအကုန်ဖြင့် အမှန်တကယ် သတ်ပစ်ရန် ကြိုးစားနေပုံရသည်။ ကြည့်ရတာ ယှဉ်ပြိုင်သူ သတိလစ်သွားတာက မက်ခ်ဂေါလ် ကြံစည်ထားတာ ဖြစ်လောက်တယ်။

ဘယ်လီယာက သေသေချာချာ တွေးတောလိုက်ပြီး နောက်ဆုံးတွင် စိတ်တည်ငြိမ်သွားခဲ့သည်။ ငါ သိရသလောက် ဆိုရင် “ရိုမန်”ရဲ့ စွမ်းအားက အနည်းဆုံး အစစ်အမှန် သူတော်စင် အဆင့်ပဲ။ ပြီး‌‌တော့ သူ့မှာ နက်နဲတဲ့ အကြံအစည်တွေနဲ့ ထူးဆန်းတဲ့ နည်းလမ်းတွေ ရှိတယ်။ သူက ဘယ်လိုလုပ်ပြီးတော့ မက်ခ်ဂေါ်လို လူမျိုးရဲ့ ထောင်ခြောက်ထဲသို့ လွယ်လွယ် ကျသွားရမှာလဲ။

အစိုးရိမ်နေဆုံးမှာ ဆိုခရစ်တီးဖြစ်နေပြီး သူက အော်ပြောလိုက်၏။ “ရီဂီယာနာ။ အရေးပေါ် နေရာလွတ် လမ်းကြောင်းကို အခုဖွင့်လိုက်။ မြန်မြန်လုပ်။”

ရီဂီယာနာက ကြယ်အလင်းကောလိပ်၏ ဌာနမှူး ဖြစ်သည်။ မူလ ကြယ်မျှော်စင်၏ နေရာလွတ်က ပိတ်ထားပြီး အပြင်မှလူများက မဝင်ရောက်နိုင်ပေ။ အရေးပေါ်‌ နေရာလွတ် လမ်းကြောင်းက ကြယ်စွမ်းအားများဖြင့် ပြုလုပ်ထားသော အထူးပစ္စည်းတစ်ခု ဖြစ်ပြီး အချိန်တိုအတွင်း ကြယ်မျှော်စင်ထဲသို့ ဝင်နိုင် ထွက်နိုင် စေသည်။ ထိုပစ္စည်းက စမ်းသပ်ချက်အတွင်း တစ်ကြိမ်သာ အသုံးပြု၍ ရနိုင်၏။ ထိုအရာက အရေးပေါ် ဖြစ်ရပ်များအတွက် အရန်အနေဖြင့် အသုံးပြုရန် ဖြစ်သည်။ စမ်းသပ်ချက် စတင်ပြီးနောက် အချိန်တိုအတွင်း ၎င်းကို အသုံးပြုရလိမ့်မည်ဟု သူတို့ မထင်ထားခဲ့ပေ။

မက်ခ်ဂေါလ်က စမ်းသပ်ချက်၌ ယှဉ်ပြိုင်သူအား မည်သည် အတွက်ကြောင့် ရုတ်တရက် သတ်ပစ်ချင်နေကြောင်း ရီဂီယာနာ နားမလည်နိုင်သော်လည်း အခြေအနေက အရေးတကြီး ဖြစ်နေကြောင်း သူလည်းသိသည်။ ထို့ကြောင့် သူက ချက်ချင်းပင် သလင်းကျောက်တစ်ခုထုတ်ပြီး မန္တန်တစ်ခု မန်းမှုတ်လိုက်၏။ သလင်းကျောက်မှ ‌မှော်စာအချို့ စတင် ပျံသန်းလာနောက် တဖြည်းဖြည်း ပေါင်းစပ်သွားတော့သည်။

နေရာလွတ်လမ်းကြောင်း ပွင့်လာရန် အချိန် ၁၅စက္ကန့် ကြာမြင့်ခဲ့သည်။ ထိုစဉ် မှော်ကြေးမုံထဲ၌ မက်ခ်ဂေါလ်က “ရိုမန်” နားသို့ ချဉ်းကပ်လာပြီး ဓားကို မြင့်မြင့် မြှောက်လိုက်၏။

ဆိုခရစ်တီးက အလွန်အမင်း စိုးရိမ်နေပြီး ခန္ဓာကိုယ် တစ်ခုလုံးက မှော်စွမ်းအားများ လှိမ့်တက်လာခဲ့သည်။ နေရာလွတ် လမ်းကြောင်း ပွင့်သွားသည်နှင့် သူက မက်ခ်ဂေါလ်ကို တားဆီးရန် အပြေးဝင်သွားတော့သည်။

မက်ခ်ဂေါလ်၏ ရက်စက်သော မျက်နှာက အမုန်းတရားကြောင့် ရှုံ့တွနေပြီး လက်က အနည်းငယ် တုန်လှုပ်နေခဲ့သည်။ သူက ခဏတာ တုံ့ဆိုင်းနေခဲ့ပြီး နောက်ဆုံး၌ အားဖြင့် ခုတ်ပိုင်းလိုက်၏။ သတိလစ်နေသော “ရိုမန်” က အနည်းငယ်မျှ ခုခံမှု မရှိခဲ့ဘဲ ခေါင်းဖြတ်ခံလိုက်ရတော့သည်။ မီးတောက်များ ပြည့်နှက်နေသော ဓားက စက္ကန့်ပိုင်းအတွင်းမှာပင် အကြိမ်များစွာ ခုတ်ပိုင်းလိုက်၏။ “ရိုမန်”၏ ခန္ဓာကိုယ်က လုံးဝ ပြတ်တောက်ပြီး အစိတ်စိတ် အမွှာမွှာ ဖြစ်သွားတော့သည်။ ပြတ်သွားသော ခြေလက်များက ဓားမှ အင်အားကြီး မီးတောက်ကြောင့် လောင်ကျွမ်းသွားပြီး မျက်စိ တစ်မှိတ် အတွင်းမှာပင် ပြာဖြစ်သွားလေသည်။

ထိုမြင်ကွင်းက မှော်ကြေးမုံ အရှေ့မှ ကောလိပ် အကြီးတန်း အလုပ်အမှုဆောင် အဖွဲ့ဝင်များကို ကြက်သေသေသွားစေခဲ့ပြီး ချူအင် အပါအဝင် ကြယ်မျှော်စင်မှ ယှဉ်ပြိုင်သူများပင် ကြောင်တောင်တောင် ဖြစ်သွားခဲ့သည်။ ဒါက ရက်စက်လွန်းတယ်။ သူက လူတွေအများကြီး အရှေ့မှာ ကြယ်မျှော်စင်ထဲကလူကို သတ်ဖို့အတွက် ဒီလိုမျိုး ရက်စက်တဲ့ နည်းလမ်းကို သုံးခဲ့တာပဲ။

ဆိုခရစ်တီးက ကြည့်နေရင်း သွေးများ ဆူလာသော်လည်း ဘယ်လီယာက “ရိုမန်”နှင့် ညီတူမျှတူ စာချုပ် ချုပ်ထားပြီး ထိုအချိန် စာချုပ်စွမ်းအား မပျောက်ကွယ်သွားသည့်အတွက် “ရိုမန်” သေဆုံးသွားခြင်းမှာ ဖုံးကွယ်ရုံမျှသာ ဖြစ်ကြောင်း ညွှန်ပြနေသည့် အတွက်ကြောင့် စိတ်အေးနေခဲ့လေသည်။

“ရိုမန်”က သေတာကို အသုံးချပြီးတော့ သူ့နောက်ပိုင်း လုပ်ရပ်တွေနဲ့ ငါနဲ့ပတ်သက်တာ ရှောင်ဖို့အတွက် လုပ်တာ ဖြစ်လောက်တယ်။ တကယ့်ကောင်းတဲ့ နည်းလမ်းပဲ။ သူက လူတွေ အများကြီးကို လှည့်စားနိုင်ခဲ့တယ်။ သူက တကယ့်ကို ငါ့ရဲ့ လုပ်ဖော်ကိုင်ဖွယ် ဖြစ်ထိုက်တာပဲ။

ဒါပေမဲ့ မက်ခ်ဂေါလ်က ဘာလို့ “ရိုမန်”ကို အရင်စပြီးတော့ တိုက်ခိုက်တာလဲ။ ဘယ်လီယာက မျက်မှောင်ကြုတ်လိုက်ပြီးနောက် အေးစက်သော အလင်းရောင်တစ်ခု လက်ခနဲ ဖြစ်သွား၏။

“အခင်းဖြစ်ပွားရာ” နေရာနှင့် ခပ်ဝေး‌ဝေးတွင် အသား အဝါရောင်ရှိသော ဆံပင်အတိုနှင့် ယောက်ျားတစ်ယောက်က မက်ခ်ဂေါလ်အား တိတ်တိတ်လေး လက်မထောင်ပပြီး ချီးမွမ်းလိုက်၏။ အစ်ကိုကြီး မက်ခ်က ကျေးဇူးတရားနဲ့ လက်စားချေတာကို ကောင်းကောင်းကြီး ခွဲခြားထားတာပဲ။ တကယ့်ယောက်ျား။ ကျုပ် ခင်ဗျားကို အလေးပြုပါတယ်။

“ဒေါသများထုတ်လွှတ်ပြီးနောက်” မက်ခ်ဂေါလ်က သတိ ပြန်ဝင်လာပုံရပြီး ကြောင်တောင်တောင် ဖြစ်နေခဲ့သည်။ ခုနက ငါ မနာလိုမှုတွေ၊ အမုန်းတရားတွေကို ရှေ့တန်းတင်ပြီးတော့ အဲဒီ အချစ်ပြိုင်ဘက်ကို အစိတ်စိတ်အမွှာမွှာဖြစ်အောင် လုပ်ချင်ခဲ့တယ်။ ငါ ဒေါသမွှန်သွားပြီးတော့ ဒီလိုလုပ်ခဲ့တယ်ဆိုတာ မယုံနိုင်ဘူး။

အခု ငါ တကယ် ပြဿနာတက်ပြီ။ ကြယ်မျှော်စင်ထဲ ဝင်လာတဲ့ သူတွေက သာမန်လူတွေ မဟုတ်ဘူး။ အဆိုးဆုံးကတောင် အနာဂတ်မှာ ငါ့အပေါင်းအဖော်တွေ ဖြစ်လာမှာပဲ။ ငါက အခုလက်ရှိ ကောလိပ်ရဲ့ အကြီးတန်း နည်းပြ ဖြစ်နေတာတောင် ဒီလိုကိစ္စမျိုးကို တာဝန်မယူနိုင်ဘူး။

ထိုအချိန် ‌နေရာလွတ်လမ်းကြောင်း ပွင့်လာခဲ့ပြီး ဆိုခရစ်တီး၏ ပုံရိပ်က ဝင်ပေါက်ထဲသို့ ချက်ချင်း ဝင်သွားလိုက်ုသည်။ မှော်ကြေးမုံထဲ၌ လျှပ်စီးတစ်ခုက မက်ခ်‌ဂေါလ်ထံ တည့်တည့် ရောက်ရှိလာသည်။ မက်ခ်ဂေါလ်က မပြင်ဆင်ထားရုံသာမက သူ ပြန်ဆင်ထားသည့်တိုင် သူတော်စင်အဆင့် မှော်ပညာရှင်၏ ဒေါသတကြီး ပစ်ချက်ကို မည်သို့ ခုခံနိုင်မည်နည်း။ သူ မခုခံနိုင်ခင်မှာပင် လဲကျသွားခဲ့ပြီး မည်းတူးသွားတော့သည်။

သို့သော်လည်း ဆိုခရစ်တီးက အမှန်တရားကို မသိရင်ခင်အထိ သူ့ကို အမှန်တကယ် မသတ်ပစ်ဘဲ စိတ်ထိန်းထားခဲ့သေးသည်။

“ချီးပဲ!!!” ဆိုခရစ်တီးက လုံးဝ ပျောက်ကွယ်သွားသည့် “ရိုမန်”၏ အစိတ်စိတ် ဖြစ်သွားသော အလောင်းကိုကြည့်ရင်း ဒေါသတကြီး အော်ဟစ်လိုက်၏။ သူက တကယ် ပျောက်ကွယ် သွားပြီ။ သူ့အလောင်းတောင် မရှိတော့ဘူး။ ဒဏ္ဍာရီလာ ပြန်လည် ရှင်သန်ခြင်းဆေးရည် ရှိရင်တောင် အသက်ပြန်ရှင်လာဖို့ မဖြစ်နိုင်တော့ဘူး။

သူ တန်ဖိုးထားခဲ့ရသော မှော်စက်ဝိုင်း အထူးပါရမီရှိသည့် မှော်စက်ဝိုင်း နည်းပြယောင်က မုန်းတီးစရာ လူသတ်သမား၏ ဓားအောက်တွင် ရှင်းပြ၍မရဘဲ အမှန်တကယ် သေဆုံးသွားခဲ့၏။

“ဒီအဖြစ်အပျက်က မတော်တဆ သက်သက်ပါ။ သူက ကောလိပ်နည်းပြ မက်ခ်ဂေါလ်ပါ။ သူက စိတ်မရှည်တတ်ဘူး။ အဲဒါကြောင့် အဆိပ်လေ့ကျင့်ရေးကို အသုံးချခဲ့တယ်။ အဲဒါကြောင့် သူ အသိစိတ် လွတ်သွားပြီးတော့ ဒီနေ့ အမှားအကြီးကြီး လုပ်မိသွားတာ။ ဘယ်လိုပဲဖြစ်ဖြစ် ဒီကိစ္စကို သေသေချာချာ စုံစမ်းမှာပါ။ အဲဒီအချိန် လူတိုင်းကို ကျုပ် ရှင်းပြချက် ပေးပါ့မယ်။ အနာဂတ်မှာ ဒီလိုမျိုး နောက်ထပ် မဖြစ်စေရဘူးလို့ အာမခံပါတယ်။”

ရီဂီယာနာ၏ ပုံရိပ်က ဆိုခရစ်တီး၏နောက်သို့ ရောက်ရှိသွား၏ သူက အသံက နေရာလွတ်တလျှောက် ပျံ့နှံ့သွားခဲ့သည်။ “ကျန်တဲ့သူတွေက စမ်းသပ်ချက်ကို ဆက်လုပ်ကြပါ။ အခုက အရေးအကြီးဆုံးဖြစ်တဲ့ ကြယ်မြှင့်တင် အဆင့်ပါ။ ဒီကိစ္စကြောင့် အာရံုပျက်မခံကြပါနဲ့။”

ရီဂီယာနာက အကြောင်းအကျိုး သင့်ရုံသာရှိသော အကြောင်းပြချက် တစ်ခုကို လုပ်ကြံပြောဆိုတာ ဆက်မနေတော့ဘဲ ဒေါသူပုန်ထနေသော ဆိုခရစ်တီးနှင့် မသေမရှင် အဖုတ်ခံထားရသော လူတစ်ယောက်ကို ကြယ်မျှော်စင် နေရာလွတ်မှ ခေါ်သွားလိုက်တော့သည်။

လူများ တဖြည်းဖြည်း ပျံ့ကျဲသွားပြီးနောက် နေရာ အသီးသီးသို့ ပြန်သွားခဲ့ကြပြီး ကြယ်စွမ်းအားကို အားနည်းရန် အတွက် စိတ်ကို တည်ငြိမ်အောင် စတင်ပြုလုပ်တော့သည်။ ချူအင် တစ်ယောက်တည်းသာ စိုးရိမ်နေ၏။ ဌာနမှူး ရီဂီယာနာက တရားမျှတသည်ဟု အမြဲပင် ကျော်ကြားခဲ့သည်။ အကယ်၍ သူက သေသေချာချာ စုံစမ်းခိုင်းခဲ့လျှင် ကိစ္စပြတ်ပြီ ဖြစ်သည်။ နိုင်းလ်က ထိုဖြစ်ရပန် နောက်ကွယ်မှ အင်အားစု ဖြစ်သော်လည်း ချူအင်က ထိုအကြံကို ပေးခဲ့သူလည်း ဖြစ်ပေသည်။ ထိုကဲ့သို့ စိတ် အခြေအနေကြောင့် သူက အာရုံစိုက်ရာ၌ ခက်ခဲနေခဲ့ပြီး အကောင်းဆုံး အခြေအနေသို့ မရောက်ရှိနိုင်ခဲ့ပေ။ ထို့ကြောင့် သူ့အပေါ်၌ ကြယ်မြှင့်တင်၏ သက်ရောက်မှုက ကြီးကြီးမားမား လျော့ကျသွားခဲ့သည်။ ကိုယ့်အတတ်နှင့် ကိုယ်စူးခြင်းဟု သတ်မှတ်၍ ရနိုင်ပေ၏။

အမှန်တကယ်၌ ကြယ်မျှော်စင် အမှောင်ထုထဲသို့ ဝင်ရောက် ခဲ့စဉ်က ချန်လွေ့ နှစ်ယောက်ဖြစ်နေပြီ ဖြစ်သည်။ မက်ခ်ဂေါလ်က ကိုယ်ပွား အသူရာကို “သတ်ပစ်”ခဲ့ခြင်းပင်။ မက်ဂ်ဂေါလ်၏ ကြီးမားသော အမုန်းတရားနှင့် ခန္ဓာကိုယ်ကို ရက်ရက်စက်စက် ပိုင်းဖြတ်ခဲ့ခြင်းတို့ အားလုံးက အသူရာ၏ ပုံရိပ်ယောင် စွမ်းအားကြောင့်သာ ဖြစ်ပေသည်။ မက်ခ်ဂေါလ်ကို ဇဝေဇဝါ ဖြစ်စေပြီးနောက် အသူရာက ဘာမှမဖြစ်နေသော မူလခန္ဓာကိုယ် ထဲသို့ ပြန်ရောက်လာခဲ့သည်။

“ရိုမန်”၏ ဇာတ်ရုပ်က ပြီးသွားလောက်လေပြီ။ ချန်လွေ့က ကြယ်အလင်းကောလိပ်၌ ဆက်မနေချင်သည့်အတွက်ကြောင့် မက်ခ်ဂေါလ် လက်ထဲမှတဆင့် အဆင်သင့် ပျောက်ကွယ် သွားခဲ့သည်။ ဘယ်လီယာအား ဆွဲမချချင်သည့် အကြောင်းရင်းလည်း ပါပေသည်။ အကြောင်းမှာ ဘယ်လီယာက လျို့ဝှက်ဆန်းကြယ်သော ဘာသာရေးဂိုဏ်းကို ဖျက်ဆီးရန် သူ့အတွက် အရေးပါသော နယ်ရုပ်တစ်ရုပ် ဖြစ်နေ၍ပင်။ ထို့ပြင် ယခုတွင် သူက ဘယ်လီယာကို ကာကွယ်ရပေမည်။ သူ အကြာကြီး ပိုစောင့်လေလေ၊ ရရှိနိုင်သော အကျိုးရလာဒ်က ပိုမို ကြီးမားလေလေ ဖြစ်ပေလိမ့်မည်။

အပြင်လူတစ်ယောက်အနေဖြင့် ဖြေရှင်းပြီးနောက် ချန်လွေ့က နောက်ဆုံးတွင် ပတ်ပတ်လည်မှ ကြယ်စွမ်းအားကို အပြည့်အဝ နားလည်ရန် စတင်တော့သည်။

ကြယ်မျှော်စင်မှ ကြယ်စွမ်းအားက ချန်လွေ့၏ ခန္ဓာကိုယ်ထဲမှ ကြယ်စွမ်းအားနှင့် ဆင်တူသော်လည်း မတူညီပေ။

ကြယ်စွမ်းအားက စူပါစနစ်၏ မူလစွမ်းအားကို ရောစပ်ပြီး ပြုလုပ်ထားခြင်း ဖြစ်သည်။ အရည်အသွေး၊ အရေအတွက်၌ဖြစ်စေ သာမန်စွမ်းအားထက် သာလွန်၏။ တစ်နည်းပြောရလျှင် ၎င်းက အမြင့်ဆင့် ဥပဒေသ စွမ်းအား တစ်မျိုး ဖြစ်ပေသည်။

ထိုအရာက စူပါစနစ်၏ ဇစ်မြစ်လည်း ဖြစ်နိုင်ပေသည်။ ၎င်းကို သူ အပြည့်အဝ နားလည်နိုင်သည်နှင့် အမြင့်ဆုံး ဆင့်ကဲ ပြောင်းလဲခြင်းကို ရောက်ရှိပြီး စိတ်ကူး၍ မရနိုင်သော စွမ်းအားကို ရရှိနိုင်ပေမည်။ တစ်နည်း ပြောရလျှင် စူပါနစ်၏ တစ်ဆင့်ချင်း ဆင့်ကဲပြောင်းလဲခြင်းက နောက်ဆုံး ဥပဒေသကို နားလည်ပြီး ကျွမ်းကျင်ရန်အတွက် အခြေခံအုတ်မြစ် တည်ဆောက်ရန် ဖြစ်၏။

ကံဆိုးစွာပင် ထိုကဲ့သို့ ဥပဒေသမျိုးက ယခု ချန်လွေ့အတွက် လေးနက်လွန်းနေသေးသည်။ သူက သာမန်အခြေအနေများ၌ပင် ၎င်း၏စွမ်းအားကို အပြည့်အဝ မထုတ်နိုင်ပေ။ [ ဓူဝံကြယ် အသွင်ပြောင်းခြင်း ] ကဲ့သို့ စွမ်းအား တစ်စိတ်တစ်ပိုင်းက အထူးအခြေအနေ၌သာ အသက်သွင်းနိုင်လေသည်။

ကြယ်မျှော်စင်ထဲရှိ ကြယ်စွမ်းအားက ပိုမိုအခြေခံကျပြီး ပိုမို ရိုးရှင်းသော ဥပဒေသတစ်ခု ပါရှိသည်။ ချန်လွေ့၏ လက်ရှိ စွမ်းအားအရ ၎င်းကို နားလည်ပြီး ဆုပ်ကိုင်ရသည်က ပိုမို၍ လွယ်ကူပေသည်။ ထို့ကြောင့် ထိုအရာက ရှားပါးသော အခွင့်အရေး တစ်ရပ်ပင်။

ပတ်ပတ်လည်မှ လူတိုင်းကဲ့သို့ပင် ချန်လွေ့က တဖြည်းဖြည်းနှင့် နားလည်သဘာပေါက်ရန် ကြိုးစားမှုထဲ၌ စိတ်နစ်ဝင်သွားတော့၏။

အလျင်အမြန်ပင် အချိန်တစ်ရက် ကုန်ဆုံးသွားခဲ့သည်။ မှော်ကြေးမုံထဲ၌ ကြယ်မျှော်စင်နေရာလွတ်က ဝေဝါးသွားပြီး အားလုံးက သီးခြားနေရာလွတ် တစ်ခုစီသို့ ရောက်ရှိသွားကြဟန် တူသည်။ သူတို့၏ပုံရိပ်များက တဖြည်းဖြည်း ဝါးတားသွားပြီး ခန္ဓာကိုယ်ထဲ၌ အလင်းရောင်ကလည်း စတင်တောက်ပလာ၏။

ထိုအရာက ဒုတိယအဆင့် ဖြစ်သော ကြယ်အဆင့် သတ်မှတ်ခြင်း အစ ဖြစ်သည်။ ကြာချိန်က ၃နာရီ ဖြစ်၏။ ကြယ်စွမ်းအားကို နားလည်ခြင်း အဆင့်က မတူညီဘဲ ခန္ဓာကိုယ်ပေါ်မှ အလင်းအရောင်နှင့် ပြင်းအားတို့လည်း ကွဲပြားပေသည်။ ရွှေရောင်က အမြင့်ဆုံးဖြစ်ပြီး ငွေက ဒုတိယ ဖြစ်ကာ အဖြူက အနိမ့်ဆုံး ဖြစ်၏။

၃နာရီ နောက်ဆုံး ကြယ်အဆင့်က ကြယ်ကြွေ၏ တတိယအဆင့် ပြင်းအားကို သတ်မှတ်ပေမည်။ ကြယ်စွမ်းအား ရရှိသော အရွယ်အစားက အရေးအကြီးဆုံးသော မျှော်စင်ဖန်တီးခြင်း အ‌ပေါ်တွင် တိုက်ရိုက် သက်ရောက်မှု ရှိသည်။ ပြောရမည်ဆိုလျှင် ‌နောက်ဆုံး မျှော်စင်ဖန်တီးခြင်းအဆင့်ကို ကြယ်အဆင့် သတ်မှတ်ခြင်းမှ ဆုံးဖြတ်နိုင်ပေ၏။

အဆင့်သတ်မှတ်ခြင်း စတင်သည်နှင့် ထင်းခနဲ ဖြစ်နေသော အရာတစ်ခု ဖြစ်သွားခဲ့သည်။ မှော်ကြေးမုံထဲ၌ တောက်ပသော ရွှေရောင်အလင်းတစ်ခု ပေါ်ထွက်လာပြီး အားလုံး၏အလင်းကို ချက်ချင်းပင် လွှမ်းမိုးသွားခဲ့သည်။ ထိုရွှေရောင်အလင်းက နေကဲ့သို့ တဖြည်းဖြည်း‌ တောက်ပလာပြီး တည့်တည့် မကြည့်နိုင် လောက်အောင် ဖြစ်နေစေလေသည်။

ကောလိပ်မှ အကြီးတန် အလုပ်အမှုဆောင် အဖွဲ့ဝင်များ အားလုံး ထိတ်လန့်သွားကြသည်။ ဒေါသထွက်နေဆဲဖြစ်သော ဆိုခရစ်တီးသည်ပင် အံ့အားသင့်သောအမူအရာ ပြသလိုက်၏။ ကြယ်မျှော်စင် သမိုင်းကြောင်းမှာ ဒီလောက် သန့်စင်ပြီးတော့ ဒီလိုပြင်းအားရှိတဲ့ အလင်းရောင်မျိုးကို ငါ ပထမဆုံး တွေ့ဖူးတာပဲ။

ဒါက သေချာပေါက် ပါရမီရှင်ကြားထဲက ပါရမီရှင်ပဲ။

မူလက လူသတ်မှုကြောင့် ငြီးငွေ့စရာ ကောင်းနေသော အခြေအနေက ရုတ်တရက် တက်တက်ကြွကြွ ဖြစ်သွားတော့သည်။ ယှဉ်ပြိုင်သူများထဲ၌ ကောလိပ်ဆရာများနှင့် ကျောင်းသားများ ၇၀% ပါရှိပြီး ကျန်ရှိသော ၃၀% ၏ တစ်ဝက်ကျော်က ကောလိပ် ဆရာများ ဖြစ်လာနိုင်သည်ဖြစ်ရာ ထိုအထူးပါရမီရှင်က ကောလိပ်ထဲသို့ ရောက်လာနိုင်ချေ မြင့်မားသည့်အတွက် ကောလိပ်မှ အကြီးတန်း အလုပ်အမှုဆောင် အဖွဲ့ဝင်များက စိတ်လှုပ်ရှားနေကြဟန်တူသည်။

ကံဆိုးစွာပင် အဆင့်သတ်မှတ်ချက် ဥပဒေသ၏ အထူးစွမ်းအားကြောင့် ကြယ်မျှော်စင်ထဲ၌ မျက်နှာများကို မြင်နိုင်ရန် မဖြစ်နိုင်ပေ။ လူတိုင်းက သီးခြား နေရာလွတ်ထဲ၌ ရှိနေကြပြီး အချင်းချင်း မနှောင့်ယှက်နိုင်ကြပေ။ ထို့ကြောင့် ယခင်ကဲ့သို့ မက်ခ်‌‌ဂေါလ်၏ တိုက်ခိုက်မှုမျိုး မရှိနိုင်တော့ပေ။ လုပ်နိုင်သည်က ကိုယ်ပိုင်အမြင်ကို အားကောင်းစေရန် ပြုလုပ်ပြီး အဆင့်ပိုမြင့်အောင် ပြုလုပ်ရန်ပင်။

‌ရွှေရောင်အလင်းက ကြယ်မျှော်စင်မှ ယှဉ်ပြိုင်သူများကိုလည်း စိတ်ဝင်စားသွားစေသည်။ သူက ဘယ်သူလဲ။ ဒီလောက် အားကောင်းတဲ့ အလင်းရောင်နဲ့ဆိုတော့ သူက ဒီတစ်ခေါက် ကြယ်မျှော်စင်မှာ ထိပ်ဆုံးရောက်နိုင်မည့်သူလား။

ရွှေရောင်အလင်းနှင့် မနိးမဝေး၌ လန်ဘိစ်ကလည်း လူအများကဲ့သို့ ထိတ်လန့်သော အမူအရာတစ်ခု ပြသလိုက်ပြီး အလျင်အမြန်ပင် ပြန်လည်တည်ငြိမ်သွားကာ ကြယ်စွမ်းအားကို နားလည်စေရန် အချိန်ကို စတင်၍ အရယူတော့သည်။ အဆင့်သတ်မှတ်ချက် အချိန်က နည်းတယ်။ တခြားသူတွေကို အားကျနေရမယ့်အစား ငါ့ရဲ့ နားလည်မှုနဲ့ အဆင့်ကို ပိုတိုးအောင် အကောင်းဆုံး လုပ်တာက ပိုကောင်းတယ်။

ရွှေအလင်းရောင်၏ သရုပ်သကန်ဖန်တီးမှု အောက်တွင် လူအများအပြား၏ အလင်းရောင်များက တဖြည်းဖြည်းနှင့် ပိုမို၍ တောက်ပလာတော့သည်။

ချန်လွေ့က ရွှေအလင်းရောင် အလယ်ဗဟိုတွင် ရှိနေ၏။ သူက ကြယ်စွမ်းအားနှင့်ပတ်သက်၍ အမြင်အသစ် ရရှိခဲ့သည်။ သူက ၎င်းကို ကြယ်စွမ်းအား ကိုယ်တိုင်အသုံးပြုမှုနှင့် ပေါင်းစပ်ပြီး ဥပဒေသ သဲလွန်စတစ်ခုကို ရှာဖွေရန် ကြိုးစားကြည့်သည်။

“မဟုတ်သေးဘူး...” ချန်လွေ့ မျက်မှောင်ကြုတ်လိုက်၏။ သူက ၎င်းကို ဆုပ်ကိုင်နိုင်တော့မည့် အချိန်တိုင်း မအောင်မြင်ဘဲ ကျဆုံး သွားရပြန်သည်။ အလွန့်အလွန် နီးကပ်နေဟန်တူသော်လည်း တစ်ခုခု လွဲနေကြောင်း သူ ခံစားမိနေခဲ့သည်။ သူက အဓိက သော့ချက်မှ ဝေးသထက် ဝေးလာသကဲ့သို့ ဖြစ်နေပုံရသည်။

ငါ လမ်းဆုံးကို ရောက်သွားတာလား။

နှစ်ပေါင်းများစွာ လေ့ကျင့်ခဲ့သော အသိစိတ်က သူက အတင်း ရှေ့ဆက်သွားလျှင် နံရံနှင့် တိုက်မိရုံသာ ရှိနိုင်ကြောင်း ပြောပြ နေလေသည်။

ကွဲပြားတဲ့ အမြင်တွေက မတူညီတဲ့ ရှုထောင့်တွေကို ဖြစ်စေတယ်။ အကောင်းဆုံးကတော့ အားလုံးကို လက်လျှော့ပြီးတော့ ရှုထောင့်အသစ် တစ်ခုကနေ နားလည်အောင် ကြိုးစားဖို့ပဲ။ ဒါပေမဲ့ အဆင့်သတ်မှတ်ချက်အတွက် ယှဉ်ပြိုင်မှုက အချိန် ၃နာရီပဲ ရှိတိယ်။ အခု ၁နာရီ ကုန်သွားပြီ။ ၂နာရီပဲ ကျန်တော့သည်။ ဒါက စူပါစနစ်ထဲမှာ မဟုတ်ဘူး။ အဲဒါကြောင့် အချိန်ဥပဒေသကို ငါ သုံးလို့မရဘူး။

ငါ အစကနေ ပြန်စဖို့ ရွေးချယ်လိုက်တာနဲ့ ငါ့ရဲ့လက်ရှိ အားသာချက်ကို လက်လျှော့လိုက်သလို ဖြစ်သွားပြီးတော့ “ကြယ်ကြွေ” နဲ့ “မျှော်စင်ဖန်တီးခြင်း” တွေမှာ တိုက်ရိုက် သက်ရောက်မှု ရှိသွားမှာပဲ။

ချန်လွေ့က ခဏတာ ဝေခွဲမရ ဖြစ်နေခဲ့သည်။ အချိန် အတော်ကြာ စဉ်းစားပြီးနောက် သူက စိတ်ပိုင်းဖြတ်လိုက်တော့၏။

မှော်ကြေးမုံထဲ၌ တလက်လက် ရွှေရောင်အလင်းက ရုတ်တရက် မှိန်လာပြီး အစအနမကျန် ပျောက်ကွယ်သွားတော့သည်။ ထိုအရာက ကြည့်နေသူအားလုံးကို ထိတ်လန့်သွားစေပြန်သည်။ ဘာဖြစ်သွားလာလဲ။

အဲဒီ ပြိုင်စံရှား ပါရမီရှင်က လျို့ဝှက်ပညာရပ် တစ်ခုခုကြောင့် အားကုန်သွားတာလား။ ဒါမှမဟုတ် မတော်တဆ တစ်ခုခု ဖြစ်လို့လား။

ဌာနမှူး ရီဂီယာနာသည်ပင် ထိုင်မနေနိုင်ခဲ့ပေ။ သို့သော်လည်း ခုနက မက်ခ်‌ဂေါလ် အဖြစ်အပျက်ကြောင့် တစ်ခါသာ အသုံးပြု၍ ရသော အရေးပေါ် နေရာလွတ် ပစ္စည်းကို အသုံးပြုပြီးသွားပြီ ဖြစ်သည့်အတွက် ယခု အမှန်တကယ် ဖြစ်ပျက်နေသည့် အရာကို မြင်နိုင်ရန် မဝင်သွားနိုင်တော့ပေ။

မျက်လုံးအများအပြားက မှော်ကြေးမုံကို အာရုံစိုက်နေကြပြီး အားကောင်းသော ရွှေအလင်းရောင် ထပ်မံထွက်ပေါ်လာရန် မျှော်လင့်နေခဲ့လေသည်။

ကြယ်မျှော်စင်မှ ယှဉ်ပြိုင်သူများက ထိုအတွက် ပျော်ရွှင် နေကြသည်။ သူတို့က ပို၍ပင် အားရနေခဲ့၏။ အစစပိုင်း၌ သူတို့က အမြင့်ဆုံးအဆင့် ရရှိရန် မျှော်လင့်ချက် မရှိတော့ပြီဟု ထင်ထားခဲ့သော်လည်း ယခုတွင် အားအကောင်းဆုံး ပြိုင်ဘက်က ရုတ်တရက် အားနည်းသွားခဲ့ပြီး ထိုအရာက ဘုရားသခင်ပေးသော အခွင့်အရေးတစ်ရပ်ပင် ဖြစ်လေသည်။ ရုတ်တရက် ယှဉ်ပြိုင်သူများအကြား ယှဉ်ပြိုင်မှုက ပိုမို ပြင်းထန်လာ‌တော့သည်။

နောက်ဆုံး၌ ကြယ်အဆင့် အဆုံးသတ် ရောက်ရှိလာ၏။ ကောလိပ် အလုပ်အမှုဆောင် အဖွဲ့ဝင်များ နောင်တရသည်မှာ မျှော်လင့်ထားသကဲ့သို့ ရွှေအလင်းရောင် ထပ်မံမပေါ်လာခဲ့ခြင်းပင်။ အောင်မြင်ရန် မျှော်လင့်နေခဲ့သော ထိုလူက နားလည် သဘောပေါက်ရန် ကြိုးစားရမှာ ပြဿနာ ဖြစ်သွားခဲ့ဟန်တူသည်။ ယခုတွင် အခြေအနေ အားလုံးကို သတ်မှတ်ပြီးသွားပြီးဖြစ်ကာ သူ ပြန်လာလျှင်ပင် အဆင့်သတ်မှတ်ချက် ပြောင်းလဲမည် မဟုတ်ပေ။

အဆင့် သတ်မှတ်ပြီးနောက် တစ်ယောက်စီ ဝင်ရမည့် သီးခြား နေရာလွတ်များ စတင်ရွေ့လျားလာပြီး အလိုလို ပြောင်းလဲ လာတော့သည်။ အများဆုံး နားလည်သ‌ဘောပေါက်သူက အလယ်ခေါင်နားသို့ ရွှေ့ပြောင်းခံရပြီး အခြားသူများက အဆင့်မြင့်ရာမှ နိမ့်ရာအထိ ပတ်ပတ်လည် ပြန့်ကျဲနေလေသည်။ နေရာလွတ်တစ်ခုစီက ကွန်ရက်ကဲ့သို့ ချိန်ဆက်တစ်ခုကို ဖွဲ့စည်းထားသည်။ ထိုအရာက လျို့ဝှက်ဆန်းကြယ်သော အခင်းအကျင်းတစ်မျိုး ဖြစ်ဟန်တူသည်။

တစ်နာရီ ကြာပြီးနောက် တောက်ပနေသော ကြယ်များက ကြယ်ကောင်းကင်မှ ဆင်းသက်လာကြပြီး သက်ဆိုင်ရာပုံရိပ်များကို လွှမ်းမိုးသွားပြီး ကြယ်ကြွေခြင်း စတင်တော့သည်။

ကြယ်အလင်းထဲရှိ ပုံရိပ်များက ကြယ်ကြွေ စွမ်းအားများကို စုပ်ယူပြီး အားကုန်သုံးကာ အသွင်ပြောင်းလဲကြသည်။ ခဏအကြာ အမြင့်အမျိုးမျိုး၊ အရောင်အမျိုးမျိုးရှိသော ကြယ်အလင်း တောက်ပနေသည့် မျှော်စင်များ စတင်၍ ပေါ်ထွက်လာတော့သည်။

လူတိုင်းက ကြယ်“မျှော်စင်”တစ်ခု ဖြစ်နေခဲ့သည်။

ထိုမျှော်စင်မှတဆင့် ကြယ်အလင်းကို စုပ်ယူနိုင်ပြီး ခန္ဓာကိုယ်နှင့် ဝိညာဉ်ကို အဆက်မပြတ် လေ့ကျင့်ကာ ပိုမြင့်သော နယ်ပယ်မှ အတွေးအမြင်ကိုပင် ရရှိနိုင်၏။

“မျှော်စင်များ”အကြား၌ အပြင်ဘက်ဆုံး အစွန်းပိုင်း၌ အနည်းငယ် ထင်ရှားနေသော အလင်းရောင်တစ်ခု ရှိနေ၏။ ၎င်းက အားကောင်းခြင်းကြောင့် မဟုတ်ဘဲ အားနည်းနေ၍ပင်။

ယေဘုယျအားဖြင့် ပြောရမည်ဆိုလျှင် ကြယ်မျှော်စင်သို့ ဝင်ရောက်နိုင်သူများမှာ သာမန်များ မဟုတ်ကြပေ။ အချိန် ကြာမြင့်စွာ ကြယ်ကြွေပြီးနောက်တွင် မျှော်စင်ပုံစံ ပေါ်မလာသေးပေ။ ၎င်းကို “အားနည်းလွန်းသည်” ဟူ၍သာ ဖော်ပြ၍ ရနိုင်၏။ ထိုသူက အလွန်ကြီးမားသော အင်အားတစ်ခု သို့မဟုတ် အင်ပါယာတစ်ခု၏ အချိတ်အဆက်ကြောင့် ရောက်လာခြင်း ဖြစ်နိုင်ပေသည်။ ယခုက အားကောင်းသော ရွှေအလင်းရောင်နှင့် မျှော်စင်ဖန်တီးခြင်းကိုပင် ပြိးမြောက်အောင် မလုပ်နိုင်သော ထို “ငတုံး”မျိုးက ကြယ်မျှော်စင် သမိုင်းကြောင်းထဲ၌ အလွန်ကဲဆုံးများ ဖြစ်ကြပေတော့သည်။

အမှန်တကယ်၌ “သမိုင်းထဲ၌ အစွမ်းထက်ဆုံး” နှင့် “သမိုင်းထဲ၌ အားအနည်းဆုံး” တို့က ချန်လွေ့ တစ်ယောက်တည်းပင် ဖြစ်လေသည်။

All Chapters