ဟာသဇာတ်လမ်းတို
Vol. 50 Ch. 814
ချန်လွေ့ ပျောက်ကွယ်သွားခြင်းကို ရာဖယ်ရယ် အံ့အားသင့် သွားခဲ့သည်။ ထိုကဲ့သို့ စွမ်းအားနိမ့်သူက သူ၏ စောင့်ကြည့်မှု အောက်တွင် အမှန်တကယ် လွတ်သွားနိုင်မည်ဟု မထင်ထားခဲ့ပေ။ ဝိညာဉ်ကို အကျဉ်းချနိုင်သော [ဒိုင်မန်းရှင်း ဝိညာဉ်အချုပ်အနှောင်] က အင်အားကြီး လျို့ဝှက်ပညာရပ်တစ်ခု ဖြစ်သည်။ သာမန် နတ်ဘုရားတစ်ပိုင်းသည်ပင် မလွတ်မြောက်နိုင်ပေ။ ရာဖယ်ရယ်က ထိုကိုယ်ပွားကို အရှင်ဖမ်းရန်အတွက် အချိန်အကြာကြီး တိတ်တိတ်လေး ကြိုးစားခဲ့ရသော်လည်း နောက်ဆုံး၌ အရူးလုပ်ခံ လိုက်ရလေသည်။
ကောင်းကင်တမန်က နှာမှုတ်လိုက်ပြီးနောက် သူ၏ ပုံရိပ်က နေရာလွတ်ထဲ၌ တဖြည်းဖြည်း ပျောက်ကွယ်သွားတော့သည်။ သူက ကြမ်းပြင်ပေါ်တွင် သတိလစ်နေသော “ပုရွက်ဆိတ်များ”ကိုပင် မကြည့်ခဲ့ပေ။
တစ်ချိန်တည်းမှာပင် ဗီးနပ်စ်မြို့ အခန်းတစ်ခု၌ ချန်လွေ့က တဖြည်းဖြည်းချင်း မျက်လံုးများကို ဖွင့်လိုက်၏။ သူ၏ မျက်လုံးထဲ၌ အနီရောင်အလင်းတစ်ခု လက်ခနဲ ဖြစ်သွားပြီး ခဏကြာ ပျောက်ကွယ်သွားကာ မူလအတိုင်း ပြန်ဖြစ်သွားလေသည်။
[ ဒိုင်မန်းရှင်း ဝိညာဉ်အချုပ်အနှောင် ] ၏ စွမ်းအားက သေချာပေါက် ထူးခြားပေသည်။ ချန်လွေ့က အဝေးကြီး၌ ရှိနေသည့်တိုင် မူလခန္ဓာကိုယ်၏ ဝိညာဉ်က နာကျင်မှု ရေးရေးလေး ခံစားခဲ့ရသည်။ ကံဆိုးစွာပင် ထိုဝိညာဉ် လျို့ဝှက်ပညာရပ်က စူပါစနစ်၏ ကိုယ်ပွားပေါ်တွင် သက်ရောက်မှု မရှိခဲ့ပေ။ ထိုအစား စွမ်းအား တစ်ပိုင်းတစ်ကို အသူရာ၏ ပါရမီက ဝါးမျိုခဲ့၏။ အနာဂတ်တွင် ထိုကဲ့သို့ ဝိညာဉ်ကို ပစ်မှတ်ထားနိုင်သော လျို့ဝှက်ပညာရပ်ကို အတုခိုးရန် ဖြစ်နိုင်လောက်ပေသည်။
ချန်လွေ့က ယခုတစ်ခေါက်တွင် ကြယ်စွမ်းအားကို အောင်အောင်မြင်မြင် သန့်စင်နိုင်ခဲ့ပြီး အစစ်အမှန် မီးတောက် အချုပ်အနှောင်ကို ပယ်ဖျက်နိုင်ခဲ့ကာ ဇီဟုန်အန်ကို သတ်ပစ် ခဲ့သည်။ ထိုအရာက သူမျှော်လင့်ထားခဲ့သော ပန်းတိုင်ထက် ကျော်လွန်နေပြီ ဖြစ်သည်။ ကြယ်နေရာလွတ်ထဲ၌ အသူရာကို ချန်ထားပြီး ထွက်ပြေးခြင်းက နောက်မှရလာသောအကြံ ဖြစ်၏။
ထိပ်သီးပိုင်းရှိ နတ်ဘုရားယောင် အဆင့်များထဲမှ တစ်ဦး ဖြစ်သော ကောင်းကင်တမန် ရာဖယ်ရယ်က ကလေးတမန်တော်၊ လွှမ်းမိုးမှု နှင့် စွမ်းအားလည်း ဖြစ်လေသည်။
အခြားကိစ္စများကို ဘေးဖယ်ထားစေဦး။ ချန်လွေ့က အလင်း နတ်ဘုရားကျောင်းမှ အရိပ်လေပြည် ဘွတ်ဖိနပ်အတွက်ကြောင့် ရာဖယ်ရယ်နှင့် မိုက်ကယ်တို့ကို ရင်ဆိုင်ရမည်မှာ အနှေးနှင့် အမြန်သာ ဖြစ်သည်။ ယခုတစ်ခေါက် သူက ရာဖယ်ရယ်ကို ရင်ဆိုင်ပြီး ထိုထိပ်သီးအစွမ်းထက်ပုဂ္ဂိုလ်၏ စွမ်းအားကို ဘေးအကင်းဆုံး နည်းလမ်းဖြင့် ခံစားကြည့်ချင်ခဲ့ခြင်း ဖြစ်၏။ ထို အပြန်အလှန် မေးခွန်းများက သာမန်မျှသာ ဖြစ်သည်။ အထူးသဖြင့် အရိပ်လေပြည် ဘွတ်ဖိနပ်နဲ့ ပတ်သက်ပြီးတော့ ဇီဟုန်အန်နဲ့ ရာဖယ်ရယ်တို့ ပြောတဲ့အတိုင်းဆိုရင် အရိပ်လေပြည် ဘွတ်ဖိနပ်က အန္တိမ အဆောင်ပစ္စည်းရဲ့ လေတံဆိပ်ပြားဆိုတာ သေချာသွားပြီ။ မိန်းမတစ်ယောက်လည်း ပါဝင်နေတယ်။ အဲဒီမိန်းမဆိုတာက အစ်ဇဘယ်လာကို ပြောတာလား။ ဒါမှမဟုတ် တခြား တစ်ယောက်ယောက်လား။
အန္တိမ အဆောင်ပစ္စည်းတစ်ခုကတော့ နတ်ဘုရားအတွက် “တားမြစ်မှု”တစ်ခုပဲ။ အဲဒီမှာ ဘယ်လိုမျိုး ထိတ်လန့်စရာ လျို့ဝှက်ချက်တွေ ရှိနေမလဲ သိချင်မိတယ်။ ငါ့လက်ထဲက နတ်ဘုရား-ဝါးမျို မျက်နှာဖုံး၊ ထင်ယောင်မှား နတ်ဆိုးဒိုင်း တဝက်နဲ့ ငွေသေတ္တာ၂လုံးရဲ့ တကယ့် ရည်ရွယ်ချက် လိုမျိုးနဲ့ ပတ်သက်ပြိးတော့လည်း လျို့ဝှက်ချက်တွေ အများကြီး ရှိနေတယ်။
ချန်လွေ့၏ လက်ရှိစွမ်းအားအရဆိုလျှင် ထိုလျို့ဝှက်ချက်များကို ရှာဖွေရန် အချိန် မဟုတ်သေးပေ။ ထိုအရာက ယခုမှသာ ကားကို တီထွင်ပြီးပြီး အပြင်ဘက် အာကာသကို စူးစမ်းလေ့လာရန် စဉ်းစားနေသကဲ့သို့ ဖြစ်နေ၏။ စွဲလမ်းတာက ငါ့ကိုယ်ငါ အနှောင့်အယှက်ပဲ ဖြစ်စေနိုင်တယ်။ အခု ငါက ရာဖယ်ရယ်ရဲ့ စွမ်းအားကို မြင်တွေ့ခဲ့ရပြီ။ ဒီတစ်ခေါက် ကြယ်အလင်း ကောလိပ်ကို ခရီးထွက်ခဲ့တာက အောင်မြင်တယ်လို့ ကောက်ချက်ချလို့ ရနိုင်တယ်။
ယခုတစ်ခေါက် သူက လူသားလောက၌ နှစ်လကျော်ကြာ နေခဲ့ပြီး နတ်ဆိုးဘုံရှိ အင်ပါယာသုံးခု၏ အဂ္ဂိရတ်ဆရာသခင် ပြိုင်ပွဲ မစတင်ခင် တစ်လကျော်သာ ကျန်ပေတော့သည်။
ထိုည၌ ချန်လွေ့က ဘယ်လီယာကို ဗီးနပ်စ်မြို့တွင် တွေ့ဆုံခဲ့၏။
ကောလိပ်က ထိုအချိန်တွင် အရေးတကြီး အခိုက်အတန့် ဖြစ်နေသော်လည်း ချန်လွေ့ထံမှ သတင်းရပြီးနောက် ဘယ်လီယာက မြို့တော်ထံ တတ်နိုင်သမျှ အမြန်ဆုံး အပြေးသွားတော့သည်။
“ရှင်...အဆင်ပြေရဲ့လား။” ယခုတွင် ဆိုဖာပေါ်မှ လူအပေါ် သူ၏အကြည့်က ကြောက်ရွံ့မှု ပိုနေသည်။ “ရိုမန်”က မြင်ကွင်းမှ ပျောက်ကွယ်သွားရန် သေဟန်ဆောင်ခဲ့သော်လည်း နောက်ပိုင်း၌ ကြယ်မျှော်စင်ထဲတွင် ထိုလျို့ဝှက်ဆန်းကြယ်သော သူက တောက်ပစွာ လင်းလက်လာခဲ့ပြီး ကြယ်ကောင်းကင် တစ်ခုလုံး၏ အလယ်ဗဟို ဖြစ်ခဲ့သည်။ သူက သိဒ္ဓိကျောင်းတော်မှ တောင်ပံ၄ဖက် တမန်တော်ကိုလည်း မယုံနိုင်စရာ စွမ်းအားဖြင့် သတ်ပစ်ခဲ့သည်။ မည်သို့ပင် ဆိုစေကာမူ ထိုအရာက “ရိုမန်” နှင့် ဆက်နွှယ်နေပေသည်။
မှော်ကြေးမုံကို ကြေမွသွားစေခဲ့သော ကြောက်မက်ဖွယ်ရာ စွမ်းအား ပြီးနောက်တွင် နေရာလွတ်ထဲမှ ဖြစ်နေသည်များကို အပြင်မှ မမြင်နိုင်တော့ပေ။ သတိလစ်နေသော ယှဉ်ပြိုင်သူများက စမ်းသပ်ချိန် ပြီးဆုံးပြီးနောက် ကြယ်မျှော်စင်၏ နေရာလွတ် စွမ်းအားဖြင့် အပြင်သို့ အလိုလို အပို့ခံလိုက်ရသည်။ သို့သော်လည်း မည်သည့်အရာ ဖြစ်ပွားခဲ့သည်ကို မည်သူမှ မသိကြပေ။ ကံကောင်းစွာပင် မလိုအပ်သော အပျက်အစီးများ မရှိခဲ့ပေ။
အစကတော့ ဒီလူက သူတော်စင်အဆင့် အစွမ်းထက်ပုဂ္ဂိုလ် တစ်ယောက်လို့ပဲ ငါထင်ထားခဲ့တာ။ သူက မမျှော်လင့်ဘဲနဲ့ သူတော်စင်အဆင့်ကို ကျော်လွန်တဲ့ ပိုပြီးတော့ ကြောက်စရာ တည်ရှိမှုတစ်ခု ဖြစ်နေတယ်။
ဘယ်လီယာက အထူးအစွမ်းထက်ပုဂ္ဂိုလ်နှင့် ရင်းနှီးသော ပတ်သက်မှု၊ စာချုပ်တို့နှင့် ရောင့်ရဲတင်းတိမ်နေမည် မဟုတ်ပေ။ တစ်ဖက်လူက မိမိနှင့် အတူတူဖြစ်ကြောင်း သူသိသည်။ ထိုသူ၏ မျက်လုံးထဲ၌ အကျိုးအမြတ်နှင့် တန်ဖိုးများကိုသာ မြင်၏။ သူ နဂိုက အတည်မြဲဆုံး အားကိုးစရာဟု ယုံကြည်ထားခဲ့သော ညီတူမျှတူ စာချုပ်သည်ပင် မတည်မြဲဆုံး ဖြစ်သွားခဲ့သည်။ အကြောင်းမှာ နတ်ဘုရားတစ်ပိုင်း အစွမ်းထက်ပုဂ္ဂိုလ်က တန်ဖိုးတစ်ခု ပေးဆပ်ပြီး စာချုပ်ကို ပယ်ဖျက်နိုင်ခြင်းကြောင့်ပင်။
ထို့ကြောင့် ဘယ်လီယာက မသက်မသာ ခံစားနေရသည်။ ဂိုဏ်းရဲ့ အနိမ့်ဆုံး အဆင့်ကို ဝင်ရဖို့အတွက် ကိုယ့်ကိုယ်ကိုယ် အနိမ့်ကျခံရအောင် ဒီလို ကြောက်စရာစွမ်းအားရှိတဲ့ အစွမ်းထက် ပုဂ္ဂိုလ်တစ်ယောက်ရဲ့ ရည်ရွယ်ချက်က ဘာလဲ။
“အဆင်ပြေတာပေါ့။ ဒါပေမဲ့...ဘယ်လီယာ၊ မင်း တစ်ခုခုကို အထင်လွဲနေတဲ့ပုံပဲ။” ဆိုဖာပေါ်မှလူက ထူးဆန်ပြီး ရင်းနှီးသော အပြုံးတစ်ခုကို ပြသလိုက်သည်။ “အရင် ထိုင်ပါဦး။ ငါမင်းကို တစ်ယောက်ယောက်နဲ့ မိတ်ဆက်ပေးမယ်။ ငါ့အစ်ကို ပါ့ဂ်လီအို။”
ရုတ်တရက် ဘယ်လီယာက ဆိုဖာဘေးတွင် အခြား ယောက်ျားတစ်ယောက်ကို မြင်လိုက်ရ၏။ ဘယ်လီယာက မိမိဘေးနား၌ ထိုသို့ ရောက်လာသည်ကို မသိခဲ့ပေ။ တစ်ဖက်လူက သူ့ကို သတ်ပစ်ချင်ခဲ့လျှင် အလွယ်လေးသာ ဖြစ်လေသည်။
ထိုသူက ဆံပင်အတိုနှင့် တောင့်တောင့်တင်းတင်း ခန္ဓာကိုယ်ရှိပြီး အဝါဖျော့ဖျော့ အသားအရေ ရှိသည်။ သူ့တွင် ထူးခြားသော အငွေ့အသက် ရှိနေဟန် မတူသော်လည်း သူ့မျက်လုံးများ ပြောင်းလဲသွားသောအခါ ထက်မြက်သော အလင်းရောင်ကို ရေးရေးလေး မြင်နိုင်ပေ၏။
ဘယ်လီယာက ၎င်းကို တစ်ချက်တည်း မှတ်မိလိုက်သည်။ ထိုသူက ကြယ်မျှော်စင်စွမ်းအားကို စုပ်ယူခဲ့သူ ဖြစ်၏။ ထိုသူက မျက်နှာကို အကြာကြီး မပြဘဲ တလက်လက် ချပ်ကာကို ဝတ်ကာ တမန်တော်နှင့် တိုက်ခိုက်ခဲ့သော်လည်း ပုံရိပ်က ဘယ်လီယာ၏ စိတ်ထဲသို့ နက်နက်ရှိုင်းရှိုင်း ရောက်ရှိနေခဲ့ပြီ ဖြစ်သည်။ သူက ချက်ချင်း မတ်တပ်ရပ်ပြီး ဦးညွှတ်လိုက်သည်။
“ပါ့ဂ်လီအို”က ဘယ်လီယာကို ခေါင်းညိတ်ပြပြီး ထိုင်ခိုင်းသည်။ “မင်းက ရစ်ချက်ရဲ့ လုပ်ဖော်ကိုင်ဖက် ဆိုမှတော့ ငါ့တို့ရဲ့ ပတ်သက်မှုက အနည်းဆုံး ရန်သူ မဟုတ်ဘူးပေါ့။”
ထို“ပါ့ဂ်လီအို”က ချန်လွေ့ ရုပ်ဖျက်ထားခြင်း ဖြစ်ပြီး အခြားသူက အသူရာ ဖြစ်၏။
ဘယ်လီယာ သဘောပေါက်သွားခဲ့သည်။ လက်စသတ်တော့ နှစ်ယောက်ဖြစ်နေတာကိုး။
ထိုကြောက်မက်ဖွယ်ရာ အထူးအစွမ်းထက်ပုဂ္ဂိုလ်နှင့် ရင်ဆိုင်ရသည့်အခါ ဘယ်လီယာက မရိုင်းပျရဲပေ။ သူက အနည်းငယ် ချုပ်ထိန်းထားသော အမူအရာဖြင့် ထိုင်ချပြီး အသူရာကို ကြည့်လိုက်သည်။ အသေအချာပင် သူ၏ ချစ်သူဟောင်းက သူ့ကို စိတ်ပူအောင် မလုပ်ဘဲ ပြောလိုက်၏။ “စိတ်ပူမနေပါနဲ့။ မင်း ငါ့ကို မပြောခဲ့တဲ့ လျို့ဝှက်ချက်တွေ အများကြီး ရှိနေပေမဲ့ ပါ့ဂ်လီအိုပြောတာ မှန်တယ်။ ငါတို့က ရန်သူတွေ မဟုတ်ဘူး။ နီးစပ်တဲ့ ပူးပေါင်းမှု ဆက်ဆံရေး ရှိတယ်။ အဲဒါကြောင့် ငါတို့တွေ အချင်းချင်း ယုံကြည်ရမယ်။ ဒီနေ့ ငါမင်းကို အမှန်အတိုင်းပြောပြမယ်။ ငါ မရဏနက်နောက်လိုက်အဖွဲ့ကို ဝင်ရတာက ငါ့အစ်ကိုနဲ့ ငါ့မှာ သိဒ္ဓိကျောင်းတော်နဲ့ ပတ်သက်ပြီးတော့ ကမ္ဘာမကြေ အမုန်းတရားရှိလို့ပဲ။ သိဒ္ဓိကျောင်းတော်က ငါတို့ရဲ့ အရေးအပါဆုံး ကြွယ်ဝမှုတွေကို ယူသွားခဲ့အပြင် ငါတို့ဆွေမျိုးတွေရဲ့ အသက်ကိုလည်း ယူသွားခဲ့တယ်။ အဲဒါကြောင့် ငါက ဂိုဏ်းရဲ့ အင်အားကို အသုံးချပြီးတော့ သိဒ္ဓိအလင်းတောင်ကို ရင်ဆိုင်ချင်နေတာ။ ငါ့အစ်ကိုတော့ ဒါနဲ့ပတ်သက်ပြီး သိပ်တော့ အထင်မကြီးဘူး။”
“မောက်မာတာတော့ မဟုတ်ဘူး။ ငါက ကိုယ့်လက်နဲ့ကိုယ် လက်စားချေချင်တာ။” ချန်လွေ့က ပုခုံးတွန့်ပြလိုက်၏။ “ဒီတစ်ခေါက် ငါက ကြယ်မျှော်စင်ရဲ့ စွမ်းအားကို အသုံးချပြီးတော့ ခန္ဓာကိုယ်ပေါ်က အချုပ်အနှောင်ကို ဖယ်ရှားမလို့။ အဲဒါကြောင့် ရစ်ချက်က “ရိုမန်”ဆိုတဲ့ နာမည်ကို သုံးပြီးတော့ ယှဉ်ပြိုင်ခဲ့တာ။ သူ့ရည်ရွယ်ချက်က ငါ့ကို စူစမ်းရှာဖွေတဲ့နေရာမှာ ကူညီဖို့ပဲ။ ငါ သူနဲ့လိုက်ပြီး ကြယ်မျှော်စင်ထဲ ရောက်ပြီးတော့ ချုပ်နှောင်မှု အချို့ ပျက်သွားအောင် လုပ်နိုင်ခဲ့တယ်။ အံ့သြစရာကောင်းတာကတော့ အဲဒါက သိဒ္ဓိကျောင်းတော်ရဲ့ တမန်တော်တွေကို သတိထားမိ စေခဲ့တယ်။ အဲဒီတောင်ပံ၄ဖက် တမန်တော် ဇီဟုန်အန်က ငါ့ပြိုင်ဘက် လုံးဝ မဟုတ်ခဲ့ဘူး။ သူ့ကို ငါ သတ်ပစ်ခဲ့တယ်။ ဒါပေမဲ့ ကောင်းကင်တမန် သုံးယောက်ထဲက တစ်ယောက်ဖြစ်တဲ့ ရာဖယ်ရယ် ရောက်လာတော့ ငါ ထွက်ပြေးလို့ပဲ တတ်နိုင်ခဲ့တယ်။ အတော်လေး သည်းထိတ်ရင်ဖို ဖြစ်ခဲ့ပေမဲ့ ပမာဏတစ်ခုကို ပေးဆပ်ပြီးတော့ လျို့ဝှက်ပညာရပ်ကို အောင်အောင်မြင်မြင် အသက်သွင်းနိုင်ခဲ့တယ်။ ပြီးတော့ ရာဖယ်ရယ် လိုက်ဖမ်းတာနေ လွတ်မြောက်သွားခဲ့တယ်။”
“အန္တိမ တမန်တော် ရာဖယ်ရယ် လား!!” ဘယ်လီယာက အလန့်တကြားနှင့် ပြောလိုက်၏။ ချန်လွေ့အပေါ် သူ၏ အကြည့်က ပို၍ပင် အံ့သြသွားခဲ့သည်။ သူက စိတ်ထဲ၌ အလျင်အမြန် တွက်ချက် နေခဲ့သည်။ သိဒ္ဓိကျောင်းတော်အကြောင်း သူတို့ နှစ်ယောက်ပြောနေတုန်း ပေါ်ထွက်လာတဲ့ အမုန်းတရားက အတုအယောင်နဲ့ မတူဘူး။ သူတို့က သိဒ္ဓိကျောင်းတော်ရဲ့ သူလျှိုမဟုတ်တာ သေချာတယ်။ “ပါ့ဂ်လီအို”လက်ထဲမှာ သိဒ္ဓိ ကျောင်းတော်က တောင်ပံ၄ဖက် တမန်တော် သေဆုံးသွားတာ ငါ ကိုယ်တိုင် မြင်ခဲ့ရတယ်။ ဒါက ငါ့ယုံကြည်မှုကို ရဖို့ပဲဆိုရင် ပေးဆပ်တာက များလွန်းတယ်။ ပြီးတော့ “ရစ်ချက်”က ဟိုးကတည်းက ငါနဲ့ လုပ်ဖော်ကိုင်ဖက် ဖြစ်နေပြီ။ အဲဒါကြောင့် အပေါ်ယံအလုပ်တွေ မလိုတော့ဘူး။
“ဆာ-ပါ့ဂ်လီအို။ ကျွန်မတို့ဂိုဏ်းကို ဝင်ဖို့ တွေးဖူးလား။” ဘယ်လီယာက စိတ်ကို အမြန်စဉ်းစားပြီး ချန်လွေ့က အစမ်းသဘော ကမ်းလှမ်းကြည့်လိုက်သည်။
“ငါက ရစ်ချက်နဲ့ မတူဘူး။ ချုပ်နှောင်ခံရတာ မကြိုင်ဘူး။ အခု လက်တလောတော့ ငါက ဘယ်အင်အားစုကိုမှ မဝင်ချင်ဘူး။” ချန်လွေ့က ပြတ်ပြတ်သားသား ခေါင်းခါလိုက်သည်။ “နေ့ခင်း တိုက်ပွဲမှာတုန်းက ငါ ဒဏ်ရာအပြင်းအထန် ရခဲ့တယ်။ အထူးသဖြင့် ရာဖယ်ရယ်နဲ့ တိုက်ခိုက်ခဲ့တုန်းက သေတော့မလို ဖြစ်ခဲ့တယ်။ အဲဒါကြောင့် ငါ ခဏတော့ အနားယူရမယ်။ ငါမင်းကို အကြံတစ်ခု ပေးလိုက်မယ်။ ငါ့ခွင့်ပြုချက် မရှိဘဲနဲ့ ငါ့တည်ရှိမှုအကြောင်း ဘယ်သူ့ကိုမှ မပြောပြနဲ့။ မင်းအနောက်က အင်အားစု အပါအဝင်။ မင်းက ပါးနပ်တဲ့ မိန်းမပဲ။ အဲဒါကြောင့် ငါမင်းကို ခြိမ်းခြောက်မှာ မဟုတ်ဘူး။ မင်းအတွက် အကျိုးအမြတ်ကို အမြင့်ဆုံး ရဖို့အတွက် လေးလံတဲ့ အလဲအလှယ်က မင်းလက်ထဲမှာပဲ။ ဘယ်လိုမျိုး ရွေးချယ်ရမလဲဆိုတာကို မင်းသိမယ်လို့ ငါ ယုံကြည်တယ်။”
ချန်လွေ့က လျို့ဝှက်ဆန်းကြယ်သော ဘာသာရေးဂိုဏ်းကို ကောင်းကောင်းသိသည်။ အထူးအစွမ်းထက်ပုဂ္ဂိုလ်၏ သရုပ်က သိသာထင်ရှားလွန်းလှသည်။ “ပါ့လီအို”၏ ဇစ်မြစ်က စစ်ဆေးခြင်းကို လုံးဝ မခံနိုင်ပေ။ ပေါ်ထွက်သည်နှင့် အရေးပါသည့် နယ်ရုပ်တစ်ရုပ်ဖြစ်သော အသူရာက အလကား ဖြစ်သွားပေ လိမ့်မည်။ ထို့ပြင် သူက လူသားလောက၌ အချိန်အကြာကြီး မနေနိုင်ပေ။ ထို့ကြောင့် ကိုယ်ယောင်ဖျောက်နေပြီး ပဟေဠိ ဆန်နေခြင်းက အကောင်းဆုံး နည်းဗျူဟာပင်။
လျို့ဝှက်ဆန်းကြယ်သော ဘာသာရေးဂိုဏ်းက နက်နက်ရှိုင်းရှိုင်း အမြစ်တွယ်နေပြီး အလွန်အမင်း လျို့ဝှက်စွာဖြင့် လှုပ်ရှား ကြသည်။ ၎င်းကို အော့ခ်မျိုးနွယ်စု၏ ယုံကြည်မှု လိမ်ညာခြင်းမှ မြင်နိုင်ပေသည်။ ၎င်းကို အချိန်တိုအတွင်း လုံးဝ ပယ်ဖျောက်နိုင်မည် မဟုတ်ပေ။ လက်ရှိ၌ သူလျှို အသူရာမှတဆင့် လျို့ဝှက်ဆန်းကြယ် ဘာသာရေးဂိုဏ်းက သိဒ္ဓိကျောင်းတော်၏ စွမ်းအားနှင့်အတူ တစ်ဆင့်ချင်း သုတ်သင်ခံရပေမည်။
ချန်လွေ့၏ တိုက်ရိုက် ငြင်းပယ်မှုကို ကြားသည့်အခါ ဘယ်လီယာက စိတ်မကောင်းသော အမူအရာတစ်ခုကို ပြသလိုက်သော်လည်း စိတ်ထဲ၌ ခေါင်းညိတ်နေခဲ့သည်။ တကယ်၍ တစ်ဖက်လူက ဂိုဏ်းကို ပူးပေါင်းခဲ့လျှင် သံသဖြစ်စရာပင်။ ထို့ပြင် ထိုကဲ့သို့ စွမ်းဆောင်ရည်ရှိသူက ဂိုဏ်းသားတစ်ယောက် ဖြစ်လာမည်ဆိုလျှင် သူ့နောက်မှ အင်အားစုများ၏ အစီအစဉ် အပေါ် ခန့်မှန်း၍ မရနိုင်သော သက်ရောက်မှုတစ်ခု ဖြစ်စေနိုင် လောက်ပေသည်။
“သဘောပေါက်ပါပြီ။ ဆာ-ပါ့ဂ်လီအို။” ဘယ်လီယာက မတ်တပ်ရပ်ပြီး ချန်လွေ့ကို အရိုအသေ ပြုလိုက်ပြန်သည်။
“အခုတလော သိဒ္ဓိကျောင်းတော်က အရှေ့ပိုင်းခရိုင်မှာ လှုပ်ရှားမှု အကြီးကြီး လုပ်တော့မယ်လို့ သတင်းရထားတယ်။ မင်းတို့နှစ်ယောက်ရဲ့ သရုပ်မှန်ကို မထုတ်ဖော်မိစေဖို့ သတိထား။ ကပ်ဘေးတွေ ဖြစ်လာနိုင်တဲ့ တချို့အရာတွေကို မင်းတို့ လုံးဝ ဖြတ်တောက်ချင် နေလောက်တယ်။ လိုရမည်ရပေါ့....” ချန်လွေ့က အပြစ်ကို ဝေဖန်နေသော မကောင်းဆိုးရွား တစ်ကောင်ကဲ့သို့ ဖြစ်နေသည်။ နောက်ဆုံးရ သတင်းဆိုသည်မှာ ရာဖယ်ရယ်ထံ သူပေးခဲ့သော သတင်းများပင် ဖြစ်၏။ သိဒ္ဓိကျောင်းတော်က မရဏနက်နောက်လိုက် တစ်ယောက်ကို အလွတ်ပေးရမည်ထက် လူတစ်ထောင်ကိုသာ မတော်တဆ သတ်ကြပေလိမ့်မည်။ ယခုတစ်ခေါက် သူတို့က သေချာပေါက် လှုပ်ရှားကြပေလိမ့်မည်။
ထို့နောက် ချန်လွေ့က “ကြင်နာသော” သတိပေးချက်တစ်ခု ထပ်ပြောလိုက်သည်။ “ရစ်ချက် ပြောတာကို နားထောင်။ မင်းက ဂိုဏ်းအုပ် အန်ဂျလီနေရာကို အစားထိုးချင်တာ မဟုတ်ဘူးလား။ ဒီတစ်ခေါက်က အခွင့်ကောင်းပဲ။ လိုအပ်တယ်ဆိုရင် အချိန်ကိုက်တာနဲ့ ငါ လှုပ်ရှားလို့ရတယ်။”
“ကိစ္စမရှိဘူး။ အဲဒါက ပမွှားလေးပါ။ အစ်ကိုကြီး။ ဒဏ်ရာတွေကို အေးအေးဆေးဆေး ဂရုစိုက်လိုက်ပါဦး။” အသူရာနှင့် ဘယ်လီယာတို့က အချင်းချင်း ကြည့်လိုက်ကြပြီး အပြန်အလှန် နားလည်သော အပြုံးမျိုး ပြုံးလိုက်ကြသည်။
ချန်လွေ့လည်း ခေါင်းညိတ်လိုက်၏။ ဒီတကိုယ်တော် ညွှန်ကြား၊ သရုပ်ဆောင်ရတဲ့ ဟာသဇာတ်လမ်းတို အဆုံးသတ်သွားပြီပဲ။ လူသားလောက ကိစ္စက အခြေခံအားဖြင့်တော့ ပြီးသွားပြီ ပြောရမယ်။ နတ်ဆိုးဘုံကို ပြန်ဖို့ အချိန်ရောက်ပြီ။