ကြက်သွေးရောင် မီးအိမ်ဝိညာဉ်
Vol. 50 Ch. 815
နတ်ဆိုးဘုံ -
အမှောင်လနယ်မြေရှိ ရေကန်ပြာတောင်ခြေ၊ စစ်တပ် ကန့်သတ်နယ်မြေဝယ် -
ရေကန်ပြာတောင်ခြေက ရတနာသိုက် ရှိသည်ဟူ၍ ကောလာဟလ ထွက်ခဲ့ဖူးသည်။ ထိုအရာက မရေမတွက်နိုင်သော ရတနာမုဆိုးများကို ဆွဲဆောင်နိုင်ခဲ့သည်။ နောက်ဆုံးတွင် ရတနာသိုက် လျို့ဝှက်ချက်ကို တရားဝင် ဖော်ထုတ်နိုင်ခဲ့သည်။ ၎င်းတို့မှာ အသက်ဓာတ်ရေစင် အပါအဝင် “ မှော်မြေ တိုးမြှင့် လျို့ဝှက်ဖော်မြူလာ” စသဖြင့် ဖြစ်သည်။ ထို့နောက် ထိုနေရာတွင် ပြိဿမျိုးနွယ်စု အခြေချသောအခါ ရေကန်ပြာတောင်ခြေက အမှောင်လ၏ အကြီးမားဆုံး “အမြောက်တပ်” ဖြစ်သွားခဲ့ပြီး စစ်တပ်ကန့်သတ်နယ်မြေအဖြစ် သတ်မှတ်ခံလိုက်ရ၏။
ပြိဿများက ထိုနေရာ၌ မျိုးပွားရန် လိုအပ်သော ဘုရားကျောင်းများကို တည်ဆောက်ခဲ့ပြီးနောက် ပြိဿမျိုးနွယ်စု အသစ်နှစ်စုကို လက်ခံခဲ့ကာ မျိုးနွယ်စု ပမာဏ တိုးပွားလာသည်။ ပြိဿများတွင် လွတ်လပ်ပြီး အန္တရာယ်ကင်းသော လှုပ်လှုပ်ရှားရှား နယ်မြေများ၊ လုံလောက်သော အစားအစာများရှိပြီး သူတို့ သဘောအကျဆုံးသော ပန်းပဲလုပ်ငန်းများကို လုပ်နိုင်ကာ အေးအေးဆေးဆေး နေနိုင်ကြလေသည်။ သူတို့ ဖန်တီးသော ထူးကဲအဆင့် အဆင်တန်ဆာများကလည်း အမှောင်လ နယ်မြေနှင့် ကြယ်ကြွေတမန်အင်ပါယာ၌ပင် အင်အားကြီးလက်နက်များအဖြစ် သိုမှီးထားကြလေသည်။
လွန်ခဲ့သော လအနည်းငယ်က အလွန်ကြီးမားသည့် ပုံရိပ် တစ်ခုသည် ရေကန်ပြာတောင်ခြေသို့ ဆင်းသက်လာခဲ့သည်။ ကြိုတင် သတိပေးထားခဲ့သော်လည်း ပြိဿများကို ထိတ်လန့် သွားစေခဲ့သေးသည်။
ထိုအရာက ရှေးအဂ္ဂိရတ် အဖွဲ့အစည်း ရဲတိုက်ဖြစ်သော ကြယ်မြို့တော်ပင်။
ကြယ်မြို့တော်က မှော်ဆရာခံတပ် တိုက်ပွဲ၌ အားကောင်းသော အဟန့်အတားများကို ဖြစ်စေခဲ့သည်။ ကံဆိုးစွာပင် အပြီးမသတ် ရသေးသော ပြင်ဆင်မှုများကြောင့် စွမ်းအား အစစ်အမှန်ကို မပြသနိုင်ဘဲ ရိုင်ဇန်၏ လက်သီးတစ်ချက်ကြောင့် ပျက်စီးလုနီးပါး ဖြစ်ခဲ့ရသည်။ မှော်ဆရာခံတပ် တိုက်ပွဲပြီးနောက် ကြယ်မြို့တော်က ငှက်တောင်ဖြူနယ်မြေရှိ လို့ဘ်မိုင်းတွင်းသို့ မပြန်ခဲ့ဘဲ တောင်ဘက် တလျှောက်သို့ စွမ်းအင်သုံးပြီး ခရီးသွားကာ ရေကန်ပြာ တောင်ခြေသို့ အခြေချခဲ့လေသည်။
ထိုနေ့ရက်များအတွင်း ချန်လွေ့က ကြယ်မြို့တော်တွင် အလုပ်ရှုပ်နေခဲ့သည်။ အမှန်တကယ်၌ နတ်ဆိုးဘုံမှ လူသားလောကသို့ ပြန်ရောက်လာကတည်းက ချန်လွေ့သည် အေးအေးဆေးဆေး မနေနေရသေးပေ။ ပထမဦးစွာ သူက ဆရာ ထယ်တင်းနစ်၏နေရာသို့ သွားခဲ့ပြီး သုံးလေးရက် နေခဲ့သည်။ ထို့နောက် သူက ကြယ်ကြွေတမန်အင်ပါယာ၏ ပထမဦးဆုံး ကောလိပ်ကို တည်ဆောက်ရန် ရှီရာ၏ အစီအစဉ်၌ ပါဝင်ခဲ့သည်။ ထို့နောက် သူက ကြယ်မြို့တော်သို့ သုတေသန ပြုလုပ်ရန် သွားခဲ့၏။
လေ့လာမှု ရလာဒ်များက ချန်လွေ့ကို အလွန်ကြီးမားသော အံံ့သြစရာများ ပေးစွမ်းခဲ့လေသည်။ “ကောင်းကင်ဘီး”၏ ကွဲကြေသွားသော အသက်သလင်းကျောက်ကို ကြယ်မြို့တော်၏ ဗဟိုချက် အသက်သလင်းကျောက်ဖြစ်သော ဇာမဏီ သလင်းကျောက်က စုပ်ယူခဲ့လေသည်။ သလင်းကျောက်ဇာမဏီက ထို့ကြောင့် အဆင့်(၃)သို့ အဆင့်တက်သွား၏။ ထိန်းချုပ်မှု အဆင့်နှင့် လုပ်ဆောင်ချက်များတွင်လည်း အရည်အသွေးအရ ခုန်တက်သွားခဲ့သည်။
ဗဟိုချက် အသက်သလင်းကျောက် အဆင့်မြှင့်တင်မှုက သလင်းကျောက် အဆင့်မြှင့်ရန်အတွက် အရေးအပါဆုံး အခြေအနေ ဖြစ်သည်။ ချန်လွေ့က တိုင်တန်များအား အလွန် ကြီးမားသော ကုန်ကြမ်းများကို ဖျက်ဆီးခိုင်းခဲ့သည်။ ၎င်းတို့ထဲတွင် အဂ္ဂိရတ်အဖွဲ့အစည်းကို အဆင့်မြှင့်ရန် လိုအပ်သော အစားထိုးမရသည့် ရတနာ အများအပြား ရှိနေသည်။ သလင်းကျောက် ဇာမဏီ၏ ဆန်းစစ်လေ့လာမှုနှင့် စမ်းသပ်ချက် ပြီးဆုံးပြီးနောက်တွင် အဆင့်မြှင့် အစီအစဉ်တစ်ခုကို အောင်အောင်မြင်မြင် အတည်ပြုနိုင်ခဲ့သည်။ ထိုအရာက ကြယ်မြို့တော် တစ်ခုလုံးကို အဆင့်(၃) အဂ္ဂိရတ်အဖွဲ့အစည်း ရဲတိုက်တစ်ခုအဖြစ်သို့ အဆင့်မြှင့်နိုင်ပေမည်။
အဆင့်(၂)မှ အဆင့်(၃)သို့ တိုးမြှင့်ခြင်းမှာ အဓိကကျသော “အရည်အသွေး” တိုးမြှင့်မှု ဖြစ်သည်။ ဇီဝဗေဒ ထုတ်လုပ်ရေး အကန့်အသတ်က ကြီးကြီးမားမား တိုးသွားမည်ဖြစ်ပြီး တိုးမြှင့်ထားသော ဂိုဒေါင်များ၊ အဂ္ဂိရတ်သက်ရှိများကို တိုးမြှင့်ပေးပြီး ခွန်အားတိုးစေနိုင်သော သိုလှောင်ကန်များ တည်ဆောက်နိုင်လည်း လုပ်ပိုင်ခွင့်လည်း ရလာမည်။ ထို့ပြင် အင်အားကြီး ရဲတိုက်လက်နက်အချို့ကိုလည်း ထပ်ပေါင်းထည့် ပြီးပြီ ဖြစ်လေသည်။
နှိုင်းယှဉ်ရမည်ဆိုလျှင် အဆင့်(၃)မှ (၄)အထိမှာ လုံးဝ တိုးသင့်သော“အရည်အသွေး” အဆင့်မြှင့်ခြင်းများ ဖြစ်လေသည်။
ကြယ်မြို့တော် အဆင့်မြှင့်ချိန်က အချိန်(၃)လ ကြာမြင့်မည်ဟု ခန့်မှန်ထားပြီး အဆင့်မြှင့်နေချိန်အတွင်း နေ့စဉ်အလုပ်များအပေါ် သက်ရောက်မှုရှိမည် မဟုတ်ပေ။
နတ်ဆိုးဘုံမှ ချန်လွေ့ ထွက်သွားသော နှစ်လအတွင်း မှော်ဂိမ်း “အနှိုင်းမဲ့စစ်သည်တော်”က နတ်ဆိုးဘုံတစ်ခုလံုးတွင် နာမည်ကျော် သွားခဲ့လေသည်။ ၎င်းကို တိုက်ပွဲဘောလုံးနှင့် ရနံ့မွှေး ပြောင်းဆန်အရက်နှင့်ပေါင်းပြီး နတ်ဆိုးဘုံရှိ နာမည် အကျော်ကြားဆုံး အရာသုံးခုဟု ခေါ်ကြလေသည်။ ထို့ကြောင့် စူပါစနစ်ထဲ၌ ယုံကြည်မှု သလင်းကျောက်များ ပိုပိုများလာလေ၏။
မှော်ရုပ်မြင်သံကြားနှင့် မှော်ဂိမ်းခေါင်းစွပ် စျေးကွက်က အခြေခံအားဖြင့် ရပ်တန့်သွားခဲ့သည်။ ကျွမ်းကျင်သူ အများအပြားက မှော်ဂိမ်းများထံမှ ဝင်ငွေများ သိသိသာသာ ကျဆင်းလာမည်ဖြစ်ကြောင်း ခန့်မှန်းလာကြသည်။ အမှန်တကယ်၌ ဝင်ငွေအရပင် မှော်ဂိမ်း၏ အလားအလာကို အနည်းငယ်သာ စူးစမ်းရေးသည် ဖြစ်၏။ ထို့အပြင် မှော်ဂိမ်းများကို ချန်လွေ့ ဖန်တီးရခြင်း၏ ရည်ရွယ်ချက်ကလည်း ပိုက်ဆံရှာရန် မဟုတ်ပေ။
လက်ရှိတွင် သူက နောက်ထပ် ဗားရှင်းကို အဆင့်မြှင့်ရန် ကြိုးစားနေ၏။ “ကောင်းကင်ဘီး”၏ လျို့ဝှက်ဂိုဒေါင်မှ ရရှိထားသော သလင်းကျောက်ပြားထဲရှိ စုစည်းရုပ်သေးအား တိုးမြှင့်မှု အစီအစဉ်နှင့် အသေးစိတ် ပုံကြမ်းကို မှတ်တမ်းတင်ထားသည်။ ထိုအစီအစဉ်ကို ကြယ်မြို့တော်၏ စုစည်းရုပ်သေး ထုတ်လုပ်ရေး၌ အသေးစိတ် အသုံးချမည်ဖြစ်ပြီး စုစည်းရုပ်သေးအတွက် အသင့်တော်ဆုံး မောင်းနှင်သူများကို ထပ်မံရွေးချယ်ရန်အတွက် ဂိမ်းထဲ၌ ပစ်မှတ်ထား ပြန်လည်ဖွဲ့စည်းမှုများကို ဆောင်ရွက်မည် ဖြစ်သည်။
ထို့အပြင် “ကောင်းကင်ဘီး”မှ ရရှိထားသော အသူရာ ချောက်နက် မကောင်းဆိုးရွားများ၏ အချက်အလက်များနှင့် ပေါင်းလိုက်လျှင် ဂိမ်းဗားရှင်းအသစ်၏ ခက်ခဲမှု၊ မကောင်းဆိုးရွား၊ အဆင်တန်ဆာနှင့် အခြားနေရာများ တိုးမြင့်သွားပြီး ချိန်ညှိပြီးသား ဖြစ်သွားပေမည်။ အရေးအကြီးဆုံးမှာ ဖော်ပြ၍မရနိုင်သော ဂိမ်းပုံစံ အသစ်တစ်ခုကို ယူဆောင်လာပြီး မှော်ဂိမ်းများ၏ ဆွဲဆောင်မှု အစစ်အမှန်ကို အကောင်အထည်ဖော်ရန် ဖြစ်ပေသည်။
ချန်လွေ့က ဗဟိုထိန်းချုပ်ရေး အခန်းတွင် ထိုင်နေပြီး သလင်းကျောက် ဇာမဏီ၏ ခရမ်းရောင်အလင်းများ ဖုံးလွှမ်းနေသည့် သတ္တုစားပွဲပေါ်မှ ကြက်သွေးရောင် မီးအိမ် နှလုံးသားကို စိုက်ကြည့်နေ၏။
မီးအိမ်နှလုံးသားက မီးအိမ်ဝိညာဉ်များ၏ အမြုတေ ဖြစ်သည်။ မီးအိမ်နှလုံးသား အဆင့်မြင့်လေလေ၊ အစွမ်း ပိုကြီးမားလေလေ ဖြစ်၏။ မီးအိမ်နှလုံးသားက ရွှေ၊ ငွေနှင့် သံဟူ၍ မြင့်ရာမှ နိမ့်ရာသို့ အမျိုးအစားသုံးခု ပိုင်းခြားထားသည်။ ကုန်ကြမ်းအတူတူလျှင်ပင် အဆင့်က ကျပမ်းဖြစ်နိုင်၏။ ရွှေဖြစ်နိုင်ချေက အနိမ့်ဆုံးဖြစ်ပြီး ငွေက ဒုတိယဖြစ်ကာ၊ သံက အများဆုံးဖြစ်သည်။ မီးအိမ်ဝိညာဉ်များ သေသသွားသည်နှင့် မီးအိမ်ဝိညာဉ်မှတဆင့် ပြန်လည်ရှင်သန်လာနိုင်ကြသည်။ ထိုပြန်လည်ရှင်သန်ခြင်းက အဆုံးမဲ့တော့ မဟုတ်ပေ။ ရွှေမီးအိမ်က ၄ကြိမ် ပြန်ရှင်နိုင်ပြီး ငွေမီးအိမ်က ၃ကြိမ် ပြန်ရှင်နိုင်ကာ သံမီးအိမ်က နှစ်ကြိမ်သာ ပြန်ရှင်နိုင်၏။ ပြန်လည်ရှင်သန်ခြင်း အရေအတွက်ကို ကျော်လွန်သွားသော မီးအိမ်ဝိညာဉ်များက ကြီးကြီးမားမား အကုန်ကျခံပြီး မပြင်ဆင်ပါက ပျက်စီးများ ကွဲကြေသွားပေမည်။
မီးအိမ်ဝိညာဉ်ကို ပြင်ဆင်ခြင်းအပြင် အထူးကုန်ကြမ်းများနှင့် စွမ်းအင်ကို အသုံးပြုပြီး အဆင့်တက်၍လည်း ရနိုင်သည်။ သို့သော်လည်း တစ်ဆင့်ချင်းစီက အဆင့်တက်ရန် အလွန် ခက်ခဲလှသည်။ အဆင့်မြင့်လေလေ၊ ပိုခက်ခဲလေလေ ဖြစ်၏။ အကယ်၍ အဆင့်တက်ခြင်း ကျရှုံးသွားခဲ့လျှင် မီးအိမ်နှလုံးသား အဆင့်က တစ်ဆင့်ကျသွားပေမည်။ အဆင့်တက်ခြင်း ကျရှုံးသွားပါက ရွှေမီးအိမ်က ငွေမီးအိမ်သို့ ရောက်ရှိသွားပြီး ငွေမီးအိမ်က သံမီးအိမ် ဖြစ်သွားကာ သံမီးအိမ်က တစ်ခါတည်း ပျက်စီးသွားပေမည်။
ယေဘုယျအားဖြင့် ပြောရမည်ဆိုလျှင် ရွှေမီးအိမ်နှလုံးသားက အကန့်အသတ် ဖြစ်နေပြီဖြစ်ကာ စွမ်းအား ကန့်သတ်ချက်က နတ်ဆိုးဧကရာဇ်အဆင့်၌ ဖြစ်၏။ သို့သော်လည်း အဂ္ဂိရတ် အဖွဲ့အစည်းမှ အဂ္ဂိရတ်ဆရာသခင်များက ကန့်သတ်ချက်ကို ကျော်လွန်နိုင်သည့် ကြက်သွေးရောင် မီးအိမ်နှလုံးသားကို ဖန်တီးရန် လျို့ဝှက်ဖော်မြူလာ တစ်ခုကို အသုံးပြုခဲ့ကြောင်း အချက်အလက်များ ရှိလေသည်။ သို့သော်လည်း လျို့ဝှက် ဖော်မြူလာဖြင့်ပင် အောင်မြင်နှုန်းက အလွန်နည်းပါးလွန်း နေသေးသည်။ ကျရှုံးသွားသည်နှင့် တစ်ခါတည်း အမှိုက်စ ဖြစ်သွားပေလိမ့်မည်။
ချန်လွေ့ အရှေ့တွင် ရှိနေသည်က အလွန်အမင်း ရှားပါးသော ကြက်သွေးရောင် မီးအိမ်နှလုံးသား ဖြစ်၏။ ကောင်းကင်ဘီး၏ လျို့ဝှက်ဂိုဒေါင်တွင် နောက်ထပ် ရရှိခဲ့သည့် ဒိုရူဒါ ချန်ထားခဲ့သော “ကြက်သွေးရောင် မီးအိမ်နှလုံးသား”ပင်။
ဒိုရူဒါ၏ နေ့စဉ်မှတ်တမ်းအရ ထိုအရာမှာ အချစ်ရူးမိန်းမ မန်လေ့စ်အပေါ် အခြေခံကာ ဖန်တီးသော မီးအိမ်ဝိညာဉ် ဖြစ်သည်။ ခန္ဓာကိုယ် အချိုးအစား၊ အသွင်အပြင်နှင့် စရိုက်တို့က အတိအကျ အတူတူပင် ဖြစ်သည်။ သူက ဒိုရူဒါ၏၏ ခံစားချက်များကို ဖွင့်ထုတ်ရန်အတွက် ကျွန်တစ်ယောက်အနေဖြင့် အသုံးချခြင်း ခံခဲ့ရဖူးသည်။ နောက်ပိုင်းတွင် မန်လေ့စ်က ဒိုရူဒါအရှေ့၌ အဆုံးမဲ့ အမုန်းတရားဖြင့် သေဆုံးသွားပြီးနောက် ဒိုရူဒါ၏ စိတ်ဝိညာဉ် ပြိုလဲလုနီးပါး ဖြစ်သွားခဲ့သည်။ သူ့နှလုံးသားထဲမှ အကြောက် တရားကို ဖိနှိပ်ရန်အတွက် သူက ၎င်းကို လျို့ဝှက် ဂိုဒေါင်ထဲ၌ ထာဝရ ချိပ်ပိတ်ထားခဲ့လိုက်၏။
ထိုအရာက ချန်လွေ့၏ လက်ထဲရှိ တစ်ခုတည်းသော ကြက်သွေးရောင် မီးအိမ်နှလုံးသား ဖြစ်၏။ သူ၏အကြံက ထို ဒဏ္ဍာရီလာ အထူးမီးအိမ်နှလုံးသား၏ လျို့ဝှက် ထုတ်လုပ်ရေး ပညာရပ်ကို လေ့လာဆန်းစစ်ရန် ဖြစ်ပြီး နောက်ထပ် ကြက်သွေးရောင် မီးအိမ်နှလုံးသားများ ထပ်ဖန်တီးရန် ဖြစ်၏။
ကံဆိုးစွာပင် သလင်းကျောက် ဇာမဏီက အဆင့်၃ အသက် သလင်းကျောက် ဖြစ်သွားသော်လည်း ထိုလေ့လာဆန်းစစ်မှုကို မပြီးနိုင်သေးပေ။ ထို့ကြောင့် သလင်းကျောက် ဇာမဏီက မီးအိမ်ဝိညာဉ်ကို ပြန်အသက်သွင်းရန် အကြံပြုခဲ့သည်။ ၎င်းက ကြက်သွေးရောင် မီးအိမ်နှလုံးသားထဲသို့ စွမ်းအင်ထည့်သွင်းရန် အကြံပြုပြီးနောက် စမ်းသပ်ပြီး တွက်ချက်ရန်အတွက် ပြန်ရှင်လာသော မီးအိမ်ဝိညာဉ်ထံမှ အချက်အလက်များကို စုဆောင်းရန် အကြံပေးသည်။
ဗဟို အသက်သလင်းကျောက်က ခရမ်းရောင် အလင်း တစ်ခုကို ထုတ်လွှတ်ပြီး ကြက်သွေးရောင် မီးအိမ်နှလုံးသားအပေါ် တောက်ပစေလိုက်သည်။ ထိုမီးအိမ်က ကြယ်မြို့တော်မှ ထုတ်လုပ်ခြင်း မဟုတ်သည့်အတွက် မီးအိမ်နှလုံးသား၏ အသိစိတ်ကို ထိန်းချုပ်ရန် ကြိုးစားနေစဉ် သလင်းကျောက် ဇာမဏီက စွမ်းအင်ပြင်အား အမြင့်ဆုံးကို ထည့်သွင်းနေ၏။
ထိုလုပ်ငန်းစဉ်က ထင်ထားသည်ထက် နှေးကွေးနေခဲ့ပြီး ကြက်သွေးရောင် မီးအိမ်နှလုံးသား၏ စွမ်းအင်စုပ်ယူနှုန်းက အတော်လေး နှေးကွေးလှသည်။ ၎င်းက နည်းနည်းချင်းစီ တောက်ပလာခဲ့သည်။
တစ်ချိန်တည်းမှာပင် သလင်းကျောက် ဇာမဏီမှ သတိပေးသံ ထွက်ပေါ်လာ၏။ “ကြယ်မျှော်စင်ထဲ အပြင်လူ ၂ယောက် ဝင်ရောက်လာ။ အဆင့်၁ လုပ်ပိုင်ခွင့်ရှိ။ အစောင့်များကို ကျော်ဖြတ်သွားပြီး ခံစစ် လက်နက်များလည်း အလိုလို ပိတ်ထား။”
ချန်လွေ့က အတွေးများကို လှုပ်ရှားလိုက်ရာ ဘေးဖက်ရှိ သတ္တုကြမ်းပြင်က စင်မြင့်တစ်ခုအဖြစ် အလိုလို ပြောင်းလဲသွား၏။ စင်မြင့်ပေါ်တွင် သလင်းကျောက် ကြေးမုံတစ်ခု ရှိနေပြီး အဆင့် ၁ လုပ်ပိုင်ခွင့်ရှိသော ပုံရိပ်နှစ်ခုကို ပြသနေသည်။
တစ်ယောက်က အစေခံ ဝတ်စုံနှင့် မိန်းမတစ်ယောက် ဖြစ်သည်။ အနည်းငယ် ရှေးဆန်သော ဝတ်စုံက သွယ်လျသော ခြေချောင်းများ၊ မို့မောက်သော ရင်သားများ၊ ခေါင်းပေါ်မှ ချိုကွေးများ၊ ကျောဘက်မှ တောင်ပံအသေးလေး တစ်စုံနှင့် တင်ပါးနောက်မှ အနည်းငယ် ဝှေ့ရမ်းနေသည့် အမြှီး တစ်ချောင်းနှင့်အတူ ဆွဲဆောင်မှုရှိသော ပုံစံကို ထုတ်ကြွားနေ၏။
လှပသော အစေခံမလေးက ဘယ်လက်တွင် ခြင်းတောင်းငယ် တစ်ခုကို ကိုင်ထားပြီး ညာလက်က ဆံပင်ရွှေရောင်နှင့် မိန်းကလေး တစ်ယောက်၏လက်ကို ကိုင်ထားသည်။ ကောင်မလေးက ရွှေရောင် အနားကွပ်ထားသော အဖြူရောင် ဂါဝန်အတို ဝတ်ထား၏။ သူက အသက် ၁၂ ဝန်းကျင်သာ ရှိနေသေးပုံရသည်။ သူ၏ အသားအရေက နုနယ်ကာ နူးညံ့သော မျက်နှာအသွင်အပြင်များ ရှိလေသည်။ သူက လိုလီလေးကဲ့သို့ အတိအကျပင် ဖြစ်သည်။
ခီရာနှင့် အဲလစ်.....
ခီရာက အသီနာ၏ လက်ထောက် ဖြစ်သွားပြီးနောက် တာဝန် အသီးသီးတွင် ပါဝင်ခဲ့ပြီး အံ့အားသင့်စရာ အစွမ်းအစများ ပြသခဲ့သည်။ သူက အသီနာအား တာဝန်ခန့်အပ်စ အချိန်တွင် ခက်ခဲသော အခိုက်အတန့်များကို အောင်အောင်မြင်မြင် ကူညီပေးနိုင်ခဲ့ပြီး ပြဿနာ အများအပြားကိုလည်း ဖြေရှင်း ပေးခဲ့လေသည်။
ကဝေမလေးက ထိုရက်ပိုင်းအတွင်း ရေကန်ပြာတောင်ခြေသို့ အတော်လေး ခရီးသွားနေခဲ့သည်။ သူက တစ်စုံတစ်ယောက်အား ဖောက်ပြန်ခြင်းကို တားဆီးရန် အကြောင်းပြချက်ကို အသံုးချ၏။ (ကြယ်မြို့တော်တွင် လုံးဝနာခံသော မီးအိမ်ဝိညာဉ်များ အပြည့် ရှိနေလေသည်။) သို့သော်လည်း အမှန်တကယ်၌ သူက သူ့ကို အပ်နှင်းထားသည်အား ခိုးယူခဲ့လေသည်။ သိပ်မကြာခင်က မဒမ်သည်လည်း စစ်တပ် ကန့်သတ်နယ်မြေများ၌ “လျို့ဝှက် ထောက်လှမ်းရေး” အများအပြား စေလွှတ်ထား၏။
နောက်ဆုံး လျှောက်လည်ခြင်း ပြီးနောက်တွင် လိုလီလေးက ယခင်အတိုင်း တက်တက်ကြွကြွ ပြန်ဖြစ်သွားတော့သည်။ သူက အဓိကစတိုးဆိုင်ကို တာဝန်ယူပြီး ချန်လွေ့အနားတွင် “အဆင်ပြေပြေ” ကပ်နိုင်ရန် တမင်တကာပင် အမှောင်လ၏ မင်းသမီးလက်လီစတိုးထံ ပြန်လာခဲ့လေသည်။
သို့သော်လည်း လိုလီလေး ပိုလာခြင်းက သလင်းကျောက် မောင်းမဆောင်ကို မတုန်လှုပ်သွားစေခဲ့ပေ။ အဓိက အကြောင်းရင်းမှာ တော်ဝင်မင်းသမီးလေး၏ ခန္ဓာကိုယ်က ခြိမ်းခြောက်မှု တစ်ခုခု မရှိခြင်းကြောင့်ပင်။ ချန်လွေ့က အဲလစ်အား ညီမတစ်ယောက် အနေဖြင့်သာ သဘောထားကြောင်း လူတိုင်း သိကြပေသည်။
“အစ်ကို။ ကျွန်မ ရောက်ပြီ။” လိုလီလေးက ရှေ့ကို လက်ညှိုး ထိုးလိုက်၏။ “အိုးပင်းဆာဆမ်မီ...”
အဲလစ် လက်ညှိုးထိုးပြသော နေရာ၌ အသေအချာပင် အလင်းတံခါးတစ်ခု ပေါ်ထွက်လာ၏။ ကြယ်မြို့တော်ထဲ၌ အန္တိမ ထိန်းချုပ်သူဖြစ်သော ချန်လွေ့က မည်သည့်နေရာမဆို အချိန်မရွေး ရောက်လာနိုင်ပြီး အချိတ်အဆက်လုပ်ရန် နေရာလွတ်တံခါးကို ဖွင့်နိုင်၏။
အဲလစ်က ခီရာကို ဆွဲခေါ်သွားပြိး အလင်းတံခါးထဲသို့ လမ်းလျှောက်သွားကာ ချန်လွေ့ အရှေ့သို့ ရောက်ရှိလာသည်။
လိုလီလေးက ချန်လွေ့ကို မြင်သည့်အခါ လက်မောင်းထဲသို့ ခုန်ဝင်သွားခဲ့ပြီး ရုတ်တရက် မျက်လုံးလှန်လိုက်၏။ “ခဲအို ! ”
ထိုအခေါ်အဝေါ် အသစ်က ချန်လွေ့ကို ကြက်သေသေသွား စေခဲ့သည်။ ဟုတ်တယ်။ ဧကရီအစ်မရဲ့ ယောက်ျားပဲ။ ချန်လွေ့က အနည်းငယ် အနည်းငယ် ဂုဏ်ယူမိနေစဉ် လိုလီလေးက မျက်လုံးထဲ၌ မျက်ရည်ဝဲနေရင်း သနားစရာကောင်းလောက်အောင် ခေါင်းမော့လိုက်သည်။ “ခဲအို၊ ကျွန်မမှာ....”
ချန်လွေ့၏ ခန္ဓာကိုယ် တုန်လှုပ်သွားကာ အရိုးထဲထိ အေးစိမ့်သွားခဲ့သည်။ သူ ပြောစရာစကားမဲ့သွား၏။
“ဘာဖြစ်တာလဲ။ ဘယ်တုန်းက ဖြစ်သွားတာလဲ။ မြန်မြန် ဖျက်လိုက်။ နင့်အစ်မကို ဒီအကြောင်း မသိစေနဲ့။” ဘေးနားမှ အစေခံမလေးကို ထိုမေးခွန်းကို ပြန်ဖြေလိုက်ခြင်း ဖြစ်ပြီး သူက တမင်တကာပင် ဆာ-ခဲအိုအား မျက်လုံးမှိတ်ပြလိုက်၏။
လိုလီလေးက မျက်ရည်များဝဲနေရင်း ပြောလိုက်သည်။ “အစ်မကို ပြောမှာ မဟုတ်ပါဘူး။ ဒါပေမဲ့ ဒီအသက်လေးက ငါတို့ အချစ်ကနေ မွေးဖွားလာတာပဲ။ အဲဒါကြောင့် မသတ်နိုင်ဘူး....ဒါနဲ့ နောက်တော့ကော။ ခီရာ။ စာမျက်နှာ ၃၂ မှာ ရှိတာထင်တယ်။”
ကဝေမလေးက စာအုပ်ကို အသည်းအသန်ဖွင့်ပြီး စတင်၍ ရှာဖွေတော့သည်။ ချန်လွေ့က အဖုံးကို မြင်လိုက်၏။ “အဲဒီညတုန်းက၊ ငါ့ခဲအိုကုတင်ပေါ် တက်ခဲ့တယ်....”
“တော်တော့ ! ” စိုးရိမ်နေသာ ခဲအိုက အလျင်အမြန်ပင် ခယ်မနှင့် ကြံရာပါ အစေခံမလေးတို့ကို တားဆီးလိုက်လေသည်။
“မကြိုက်ဘူးလား။ ခဲအို။” လီလိုလေးက မျက်လုံး ဝိုင်းဝိုင်းလေးကို မှိတ်ချည်ဖွင့်ချည် လုပ်လိုက်၏။ “ခယ်မ၊ ခဲအိုရဲ့ တင်ပါးတစ်ပိုင်း” ဆိုတဲ့ စာအုပ်တစ်အုပ်လည်း ရှိသေးတယ်။ နောက်ထပ် အံ့သြစရာတစ်ခု လုပ်ပေးစေချင်သေးလား။”
“တော်ပြီ။ ငါ အံံ့သြနေပါပြီ။” ချန်လွေ့က မျက်နှာတွင် ချွေးများ စိုနေရင်း ခေါင်းခါလိုက်သည်။ အံ့သြရုံ မကဘူး။ သိမ့်သိမ့်တုန် သွားတာ။
လိုလီလေး ရယ်လိုက်ပြီးနောက် မျက်လုံးများက ကြက်သွေးရောင် မီးအိမ်နှလုံးသား၏ ဆွဲဆောင်မှုကို ရုတ်တရက် ခံလိုက်ရ၏။ ကြက်သွေးရောင် မီးအိမ်နှလုံးသားကို အားသွင်းခြင်းက ပြီးစီးလုနီးပါး ဖြစ်နေခဲ့ပြီး ခမ်းနားလှသော အရောင်စုံ ရောင်လျှံတစ်ခု ထုတ်လွှတ်နေလေသည်။
“အစ်ကို။ ဒါက ဘာလဲ။”
အနည်းဆုံးတော့ ခဲအို မဟုတ်တော့ဘူး။ ချန်လွေ့က ချွေးများကို တိတ်တိတ်လေး သုတ်လိုက်၏။ “ဒါက ဒီရက်ပိုင်း ငါ သုတေသန လုပ်နေတဲ့ ကြက်သွေးရောင် မီးအိမ်နှလုံးသားပဲ။”
“မီးအိမ်က တော်တော်လေး လှတာပဲ။ သွားကြည့်လို့ ရလား။”
“ရတာပေါ့။ သိပ်ပြီးတော့ အနားမကပ်နဲ့။”
လိုလီလေးက ခုန်ပေါက်နေပြီး ကြက်သွေးရောင် မီးအိမ်နှလုံးသားထံ အာရုံပြောင်းသွားသည်ကို မြင်သည့်အခါ ချန်လွေ့က သက်ပြင်းချလိုက်၏။ အစေခံမလေးက အပြုံးဖြင့် လမ်းလျှောက်လာရန် ခြင်းတောင်းကို စားပွဲပေါ် တင်လိုက်ကာ တမင်တကာပင် သံရှည်ဆွဲ ပြောလိုက်သည်။ “ခဲ...အို...။ ရှင် စားဖို့ ကျွန်မ တစ်ခုခု ယူလာပေးတယ်။”
ချန်လွေ့က ထိုပြဿနာအိုး ကဝေမလေးအား ဆွဲခေါ်သွားပြီး တင်ပါးကို ခပ်ကြမ်းကြမ်း ရိုက်လိုက်၏။ ကဝေမလေးက နာကျင်စွာ အော်ဟစ်လိုက်သော်လည်း ထိုအော်သံက စိတ်လှုပ်ရှားနေသည့် ညည်းသံမျိုး ဖြစ်နေလေသည်။ ကဝေမလေးက မိမိအား “မတရားခံရသော”ပုံစံဖြင့် စိုက်ကြည့်နေသည်ကို ချန်လွေ့ မြင်လိုက်သည်။ သူ၏ ရှက်နေသော မျက်နှာက အရည်ပျော် တော့မည့်ပုံစံ ပေါက်နေသည်။ ထိုကဲ့သို့ ကလူကျီစယ်မှုက ယောက်ျားတစ်ယောက်အား ပြင်းထန်သော ခံစားချက်များကို ခံစားသွားရစေ၏။
“ညှို့တဲ့ပါရမီ သုံးပြန်ပြီ။” ချန်လွေ့က အလျင်အမြန် နိုးထလာပြီး တီးတိုးပြောလိုက်သည်။ “နောက်မနေနဲ့။ အဲလစ် ရှိနေသေးတယ်။”
“ယောင်းမ ရှိနေတုန်း လုပ်ရတာက ပိုပြီးတော့ စိတ်လှုပ်ရှားစရာ မကောင်းဘူးလား။” ကဝေမလေးက တမင်တကာ ချဉ်းကပ်လာပြီး ဆွဲဆောင်မှုရှိသော အနီရောင် နှုတ်ခမ်းကို သပ်လိုက်ကာ ချန်လွေ့၏ အရေးကြီး အစိတ်အပိုင်းတစ်ခု၏ တုံအိနေသော တင်ပါးများဖြင့် ပွတ်သပ်လိုက်၏။
ချန်လွေ့က အမြဲပင် ထိုချစ်ရသော ကဝေမလေး၏ ညှို့ငင်မှုကို မလွန်ဆန်နိုင်ခဲ့ပေ။ ထို့ပြင် ခီရာက အလွန် ဆွဲဆောင်နေသည့် အတွက် ချန်လွေ့က ကဝေမလေး၏ ခါးကို ကိုင်လိုက်၏။
သို့သော်လည်း ဆွဲဆောင်မှုရှိသော ကောင်မလေးက ပြန်လှည့်ကာ ရှောင်တိမ်းပြီး ရုတ်တရက် အော်ပြောလိုက်၏။ “အဲလစ် !”
လိုလီလေးက ကြက်သွေးရောင် မီးအိမ်နှလုံးသားကို စိတ်ဝင်စားစွာဖြင့် ကြည့်နေခဲ့ပြီးနောက် အသံကို ကြားလိုက်ရာ နောက်ပြန်လှည့်ကြည့်လိုက်လေသည်။ “ဘာဖြစ်လို့လဲ။”
ချန်လွေ့က အလျင်အမြန် ထိုင်ချလိုက်ပြီး ခြင်းတောင်းတစ်ခုကို ဖွင့်ဟန်ဆောင်ကာ ခန္ဓာကိုယ်အောက်ပိုင်းမှ တောင့်တင်းနေမှုကို ဖုံးထားရန် စားပွဲကို အသုံးပြုလိုက်သည်။ သူက ကဝေမလေးအား စနောက်ကျီစယ်သည့်အတွက် တိတ်တိတ်လေး ဆူလိုက်၏။
“ဘာမှ မဟုတ်ပါဘူး။ ငါ နင်နဲ့ အတူတူ ကြည့်မယ်လို့။” ကဝေမလေးက ချန်လွေ့ကို စနောက်သလိုနှင့် မျက်လုံးမှိတ်ပြပြီး အဲလစ်ထံ အမြှီးတနှံ့နှံ့နှင့် လမ်းလျှောက်သွားတော့သည်။
ထိုအချိန်၌ ကြက်သွေးရောင် မီးအိမ်နှလုံးသား၏ အသက် အငွေ့အသက်က တဖြည်းဖြည်း အားကောင်းလာခဲ့သည်။ အရောင်စုံ ရောင်လျှံများ ရောထွေးနေပြီး ရောင်စုံ အလင်းပိုးအိမ် တစ်ခုအဖြစ်သို့ စုစည်းသွားလေသည်။
အလင်းပိုးအိမ်က အလျင်အမြန် စတင် လည်လာပြီးနောက် လူသားပုံစံ ပုံရိပ်တစ်ခုကို ရေးရေးလေး မြင်လာရသည်။
ထိုပုံရိပ်က တဖြည်းဖြည်း ထင်ရှားလာသည်နှင့်အမျှ အလင်းပိုးအိမ် လည်ပတ်မှုက ပိုမို၍ နှေးကွေးလာသည်။ ထိုအရာက အသားဖြူပြီး လှပသော မျက်နှာအသွင်အပြင်များ၊ အနည်းငယ် မြင့်မားသော မျက်လုံးများနှင့် အနည်းငယ် ထူထဲသော နှုတ်ခမ်းတစ်စုံ ရှိသည့် အဝတ်ဗလာ မိန်းမတစ်ယောက် ဖြစ်လေသည်။ သူက ဆွဲဆောင်မှုရှိပြီး ရင့်ကျက်သော ညှို့ဓာတ်မျိုး ပေးစွမ်းနေလေသည်။
ပို၍ ဆွဲဆောင်မှုရှိသည်က ခန္ဓာကိုယ်ပင်။ သူ၏ အရပ်က အမှန်တကယ်ပင် ၁၉၀ စင်တီမီတာ ကျော်၏။ သူ၏ ရင်သားနှင့် တင်ပါးက ထင်ရှားနေပြီး တင်ပါး အချိုးအစားက အနည်းငယ် ပိုကြီးမားလေသည်။ ခန္ဓာကိုယ်အချိုးအစားက မန်လေ့စ်ကဲ့သို့ အတိအကျပင် ဖြစ်၏။ ဒိုရူဒါ၏ မှတ်တမ်းကို ကြည့်ခြင်းအားဖြင့် သူက တင်ပါးနှင့် ပတ်သက်၍ အရူးအမူး စွဲလမ်းနေပုံရလေသည်။
အဲလစ်က အရပ်ဖြစ်စေ၊ ပုံရိပ်ဖြစ်စေ၊ မော့ကြည့်ရန် လိုနေသော ထိုရင့်ကျက်သည် အမျိုးသမီးအား စိုက်ကြည့်နေခဲ့သည်။ ထို့နောက် သူက မိမိ၏ ပြားချပ်နေသော ရင်သားကို ကြည့်ပြီး တင်ပါးများကို ထိလိုက်မိ၏။
လိုလီလေးအပြင် ကဝေမ အစေခံ၏ မျက်နှာအမူအရာကလည်း မသက်မသာဖြစ်သွား၏။ ဒီလို တင်ပါးမျိုးက...တကယ့်ကို ဖိအားတွေ ပေးနေတာပဲ။
“ဒါက အစ်ကို့ရဲ့ သုတေသနလား။” အဲလစ်က အော်ပြောလိုက်၏။ “အဝတ်မပါတဲ့ မိန်းမပေါ့လေ!”
အမှန်တကယ်၌ လိုလီလေးကို ခါးသက်သက်နှင့် အော်ပြောစေခဲ့သော တကယ့် မကျေမချမ်းမှုမှာ နို့အကြီးကြီး နှင့် ဖင်အကြီးကြီးတို့ပင်။