← Chapters

အဓိကပွဲ၏ အစ

Vol. 50 Ch. 818

အဓိကပွဲ၏ အစ

Vol. 50 Ch. 818

နောက်ဆုံးတွင် အတော်လေး စောင့်ဆိုင်းနေကြသော အဂ္ဂိရိတ် ပြိုင်ပွဲက စီစဉ်ထားသည့်အတိုင်း စတင်တော့လေသည်။

မျှော်လင့်ထားသည့် အတိုင်းပင် တရားဝင် ဝင်ခွင့်စာရင်း၌ ရင်းနှီးသော နာမည်များ ပေါ်ထွက်လာ၏။ နိတ်၊ ဖွန်ဆက်၊ အန်ဒါဆန်၊ ထယ်တင်းနစ်၊ ရှင်းရှင်း၊ အန်ဂျီဂီလီ၊ ဝယ်ဆန်၊ အဲဒက်စ်...

ထိုဆရာသခင်များ၏ ယှဉ်ပြိုင်မှုက သေချာပေါက် အံ့သြဖွယ်ရာ ဖြစ်ပေလိမ့်မည်။ တစ်ခုတည်းသော နောင်တရစရာက စာရင်းထဲ၌ ဆရာသခင် အာသာ ပါမလာခဲ့ခြင်းပင်။

အလားအလာကောင်းသော ယှဉ်ပြိုင်သူများအပြင် ခုံသမာဓိ ကောင်စီက ပို၍ပင် အံံအားသင့်စရာ ကောင်းနေသည်။ ခုံသမာဓိ အကြီးအကဲ ခေါင်းဆောင်က အကြီးတန်းရာဖြတ် ဆရာသခင် ပန်နုဖြစ်ပြီး အခြား နာမည်ကြီး ရာဖြတ် ဆရာသခင်နှစ်ယောက် တို့လည်း ပါဝင်ကြသည်။ ထိုရာဖြတ်သုံးယောက်က ‌ဆေးရည် ပြိုင်ပွဲ၌ အကြိမ်များစွာ ဒိုင်လူကြီးများအဖြစ် ဆောင်ရွက်ခဲ့ဖူးပြီး မျှတမှုနှင့် တင်းကြပ်မှု တို့၌ အမြဲပင် နာမည်ကျော်ကြားလေသည်။ ရာဖြတ်ကလည်း အဂ္ဂိရတ်ပညာ တစ်မျိုးပင် ဖြစ်သည်။ သူတို့က အဓိကအားဖြင့် ကောင်းမွန်သော အမြင်နှင့် ဆုံးဖြတ်ချက်ပေါ်တွင် အခြေခံကျသည်။ ထို့ကြောင့် သူတို့၏ အရည်အချင်းများက အထွတ်အထိပ် ရောက်နေစရာ မလိုအပ်ပေ။ ဥပမာ သွေးရောင်အင်ပါယာ၌ တောက်ပခဲ့ဖူးသော ရာဖြတ်ပါရမီရှင် “ရစ်ချက်”က အမှန်တကယ် ဆရာသခင် ဖွန်ဆက်၏ တပည့် ဖြစ်လေသည်။ သူက တမင် တကာပင် နိတ်၏ တပည့် ဖြစ်လာခဲ့ပြီး နိတ်၏ စိတ်ရင်းကို တစ်လောကလုံးအား ထုတ်ပြခဲ့သည်။ သူက “ဆရာ”ဖြစ်သူအား အောင်အောင်မြင်မြင် လက်စားချေနိုင် ခဲ့သော်လည်း ကံဆိုးစွာပင် ပါရမီရှင်က “စတေးခံ”ခဲ့ရသည်။ ထိုအရာက လူအများက နှမြောတသနှင့် သက်ပြင်းချစေခဲ့ရလေ၏။

သို့သော်လည်း အာရုံအစိုက်ခံရဆုံးမှာ ရာဖြတ်၃ယောက် မဟုတ်ဘဲ အထူးဖိတ်ကြားထားသော ခုံသမာဓိ ၃ဦး ဖြစ်၏။ သူတို့မှာ ကြယ်ကြွေတမန်အင်ပါယာမှ ရှီရာ၊ သွေး‌ရောင် အင်ပါယာမှ လော့ဒ်-ရိုင်ဇန် နှင့် အရိပ်နက်အင်ပါယာမှ ရီဂျန့်-ဖရန့်ဇ် ဖြစ်ကြပေသည်။

အရိပ်နက်အင်ပါယာမှ ဧကရီ ကတ်သရင်း မလာရခြင်းမှာ နောက်တစ်နှစ်တွင် ကျင်းပမည့် သိုင်းပြိုင်ပွဲအတွက် တံခါးပိတ် လေ့ကျင့်ပြီး [ ထာဝရ အမှောင်ရွှေစစ်ရုပ်သေး ] ကို ကျွမ်းကျင်ရန် ဖြစ်လေသည်။ လက်ရှိတွင် အရိပ်နက်အင်ပါယာ၏ အရေးကြီး စစ်ရေးနှင့် နိုင်ငံရေးကို ဦးလေးဖြစ်သူ ဖရန့်ဇ်က ယာယီ ကိုင်တွယ်ထားပေးသည်။ ဖရန့်ဇ်က သူပုန် ဘရော့ခ်ကြောင့် မျက်လုံးကွယ်သွားခဲ့သော်လည်း ကတ်သရင်း၏ နိဗ္ဗာန် စွမ်းအား အကူအညီနှင့် မှော်ပစ္စည်းတစ်မျိုး၏ အကူအညီတို့နှင့်အတူ အမြင်အချို့ ပြန်ရလာခဲ့လေသည်။

အင်ပါယာသုံးခု၏ ခေါင်းဆောင်များက ခုံသမာဓိကောင်စီတွင် ထိုင်နေခြင်းက ပြိုင်ပွဲ၏ အရေးပါမှုကို ပြသနေလေသည်။ ထိုအရာက အဂ္ဂိရတ်ပြိုင်ပွဲ၏ အရေးပါမှုနှင့် အလေးသာမှုကို ကြီးကြိးမားမား တိုးမြင့်သွားစေခဲ့ပြီး ပြိုင်ပွဲအား အတိုင်းအတာ တစ်ခုအထိ ပိုမိုပြင်းထန်လာစေခဲ့လေသည်။

အဖွဲ့(B)အတွက် ဆေးရည်ပညာရှင်ပြိုင်ပွဲ စတင်လေပြီ။ လွန်ခဲ့သော နှစ်များက အိုဆိုင်ဒန်စီစဉ်ထားသော ဆေးရည်ပညာရှင် ပြိုင်ပွဲတွင် နေ့ချင်းညချင်း အောင်မြင်ရန်အတွက် ဆေးရည် ပညာရှင်များ ကြိုးစားနေခဲ့ကြလေသည်။ သို့သော်လည်း ယနေ့အထိ ဆေးရည်ပညာရှင်ပြိုင်ပွဲက နောက်ဆုတ်နေခဲ့သည်။ အချိန်အတော်ကြာပြီးမှသာ သူတို့က အခွင့်အရေး ရတော့သည်။

ပမာဏအဆင့်များ ဖြတ်ကျော်ပြီးနာက် နောက်ဆုံးအဆင့်ကို ရောက်လာကြသော ဆေးရည်ပညာရှင် အများအပြားက လေးစား လောက်စရာ စံနှုန်းများနှင့် အလားအလာများ ပြသနေကြသည်။ အထူးသဖြင့် ဆရာသခင်အဆင့် ရောက်ရှိသွားခဲ့ကြသော ဆေးရည်ပညာရှင် ၃ဦး ဖြစ်သည်။ အဆံုံး၌ အရိပ်နက် အင်ပါယာမှ ဆေးရည်ပညာရှင် အစည်းအရုံး ဥက္ကဋ္ဌဖြစ်သူ အန်ဂျီဂီလီ၏ တပည့် လုယီက အနိုင်ရရှိခဲ့လေသည်။ အရိပ်နက်အင်ပါယာမှ ရီဂျန့်-ဖရန့်ဇ်က အင်ပါယာမှ ပျိုးထောင်ခဲ့သော ဆေးရည်ပညာရှင်က ဗိုလ်ဆွဲသွားသည်ကို မြင်ရသည့်အခါ မျက်နှာပေါ်တွင် ကျေနပ်သော အပြုံးတစ်ခု ရှိနေခဲ့သည်။

ထို့နောက် အဖွဲ့(B)အတွက် ယန္တရားပညာရှင် ပြိုင်ပွဲ စတင်တော့သည်။ ယခင်တစ်ခေါက် အရိပ်နက်အင်ပါယာမှ ယန္တရားပြိုင်ပွဲကဲ့သို့ “အာသာ”နှင့် ဟောဖို့ဒ်တို့ကဲ့သို့ တောက်ပသော ကြယ်ပွင့်များ မရှိသော်လည်း အတော်လေး အလားအလာရှိသော ပြိုင်ပွဲဝင်များ ရှိနေသေးသည်။ အထူးသဖြင့် ကြယ်ကြွေတမန်အင်ပါယာ ယန္တရားအစည်းအရုံးမှ ဆိုဆာ ဖြစ်၏။

မူလက ဆိုဆာသည် ယန္တရားအစည်းအရုံးမှ သာမန် ယန္တရား ပညာရှင်တစ်ယောက်သာ ဖြစ်သည်။ သူက တိတ်ဆိတ်ပြီး ထူးထူးခြားခြား ပါရမီများ မပြသခဲ့ပေ။ ဆရာသခင် ဖွန်ဆက်က သူ၏ ခွဲခြမ်းနိုင်သော မျက်လုံးရှိသည့် ပါရမီကို သတိထားမိသွား ခဲ့သည်။ ထိုစဉ်က ဖွန်ဆက်သည် အစည်းအရုံးက အကြံပြုသော “လူတော်”များကို ငြင်းပယ်ခဲ့သော်လည်း “သာမန်ပါရမီ”သာ ရှိသော ဆိုတာကို လက်ခံခဲ့လေသည်။

အထုံပါရမီအတိုင်း သင်ကြားပေးသော ဆရာသခင်ဖွန်ဆက်၏ သေသေချာချာ လမ်းညွှန်မှု အောက်တွင် ဆိုဆာက တဟုန်ထိုး တိုးတက်လာခဲ့ပြီး ထိုကျွမ်းကျင်သူများကို ပါးစပ်အဟောင်းသား ဖြစ်သွားစေခဲ့သည်။ ထိုပြိုင်ပွဲက အကောင်းဆုံး စာမေးပွဲ ဖြစ်လာခဲ့လေသည်။ ရလာဒ်အနေဖြင့် ထင်ထားသည့်အတိုင်းပင် ဆိုဆာက အဖွဲ့(B)အတွက် ယန္တရားဆရာသခင်ပြိုင်ပွဲတွင် အနုိင်ရရှိသွားခဲ့ပြီး သူ၏ စွမ်းဆောင်ရည် တစ်ခုတည်းကပင် ဆရာသခင်အဆင့်နားကို ရောက်ရှိနေပြီ ဖြစ်သည်။ မိမိအင်ပါယာမှ ယှဉ်ပြိုင်သူက တစ်ဆင့်ချင်းဖြင့် နောက်ဆုံး အနိုင်ရလာဒ် ရသွားခြင်းကို မြင်သည့်အခါ ကြယ်ကြွေတမန်အင်ပါယာက အဆက်မပြတ် အားပေးသံများနှင့်အတူ ရုတ်တရက် အထွတ်အထိပ်သို့ ရောက်ရှိသွားခဲ့လေသည်။

အရေးကြီးပုဂ္ဂိုလ် ထိုင်ခုံတွင် ရှိနေသော ရှီရာကလည်း အသာလေး ခေါင်းညိတ်လိုက်သည်။ ယခုတစ်ခေါက် ဆိုဆာ၏ ဂုဏ်ကျက်သရေက လူအများ၏ စိတ်ဓာတ်နှင့် စည်းလုံး ညီညွှတ်မှုတို့ကို ကြီးကြီးမားမား လှုံ့ဆော်ပေးခဲ့သည်။ အင်ပါယာ သုံးခုက စစ်ပြေငြိမ်းထားသော်လည်း ပွင့်လင်းသော လျို့ဝှက် တိုက်ပွဲများက ပြင်းထန်နေဆဲဖြစ်ပြိး နောက်ထပ် စစ်မြေပြင် တစ်ခုကဲ့သို့ ဖြစ်နေလေသည်။

တိုက်ပွဲဘောလုံးလိဒ်တွင် သွေးရောင်အင်ပါယာ၏ သွေးအရိပ် အသင်းက သွေးနီအသင်းကို ရှုံးနိမ့်သွားခဲ့သည်။ အဂ္ဂိရတ် ပြိုင်ပွဲက တဝက်သို့ ရောက်နေချိန်တွင် ကြယ်ကြွေတမန် အင်ပါယာနှင့် အရိပ်နက်အင်ပါယာတို့က ဆုများရနေကြသော်လည်း ပြိုင်ဆိုင်မှု ပြင်းထန်သော သွေးရောင်အင်ပါယာက လက်ဗလာ ဖြစ်နေသည်မှာ အတော်လေး စိတ်ရှုပ်စရာ‌ကောင်းနေလေသည်။

ရိုင်ဇန်က တည်ငြိမ်လျက် ရှိနေသော်လည်း မျက်လုံး အတွင်းထဲ၌ သုန်မှုန်သော အလွှာတစ်ခု ရှိနေ၏။

အပြင်းအထန် ယှဉ်ပြိုင်ပြီး ၄ရက်မြောက်နေ့တွင် အဖွဲ့(B) ယှဉ်ပြိုင်မှု ပြီးစီးသွားခဲ့သည်။ ထို့နောက် တကယ့် စိတ်ဝင်စားစရာ အကောင်းဆုံး ဖြစ်သော အဖွဲ့(A) ဆရာသခင် ပြိုင်ပွဲ စတင်တော့မည် ဖြစ်ပေသည်။

ပထမဆုံးက ဆေးရည် ဆရာသခင်ပြိုင်ပွဲ ဖြစ်၏။

ချန်ပီယံဖြစ်ရန် နာမည်အပြေးဆုံးများမှာ အင်ပါယာသုံးခုမှ ဆေးရည်ပညာရှင် အစည်းအရုံးများ ဥက္ကဋ္ဌများ ဖြစ်ကြသော အန်ဂျီဂီလီ (အရိပ်နက်အင်ပါယာ)၊ ဝယ်ဆန် (သွေးရောင် အင်ပါယာ) နှင့် အဲဒက်စ် (ကြယ်ကြွေတမန်အင်ပါယာ) တို့ ဖြစ်ကြ၏။ အဲဒက်စ်မှာ မူလက အမှောင်လ၌ ရှီရာနောက် လိုက်သော ဝန်ကြီးဟောင်းတစ်ယောက် ဖြစ်သည်။ ရှီရာ နန်းတက်သောအခါ အမှောင်နတ်သူငယ်အား ရာထူး တိုးပေးခဲ့၏။ နှိုင်းယှဉ်ရမည်ဆိုလျှင် ထိုဥက္ကဋ္ဌက ပထမနှစ်ယောက်လောက် အတွေ့အကြုံ မရှိပေ။ သို့သော်လည်း အဲဒက်စ်တွင် ပါရမီရှင် ဆေးရည်ပညာရှင် (အမှန်တကယ်၌ ဆရာသခင်) အန်ဒရူးအား ချီးပေါက်ပြီး သတ်ပစ်ခဲ့သော မယုံနိုင်စရာ မှတ်တမ်းတစ်ခု ရှိနေပေသည်။ နာမည်ကျော် ဆရာသခင်များ ယှဉ်ပြိုင်ကြသည့် အတွက်ကြောင့် ထိုပွဲက သည်းထိတ်ရင်ဖိုများ ပြည့်နှက်နေလေ၏။

ဆရာသခင်ပြိုင်ပွဲ ပဏာမအဆင့်က ဆေးရည်ဖြူ ဖြစ်သည်။

ဆေးရည်ဖြူက အဆင့်မြင့် ဆေးရည်ဖြစ်ပြီး ဆေးရည် ဆရာသခင်အတွက် စံသတ်မှတ်ချက် ဖြစ်ပေသည်။ ပုံမှန်အားဖြင့် ဆေးရည်ပညာရှင် တစ်ယောက်က ဆေးရည် ဆရာသခင်အဆင့်သို့ တက်ရောက်ချင်သည်ဆိုလျှင် ရှိနေသော ဆရာသခင်များကို စိန်ခေါ်ရမည့်အပြင် တရားဝင်လမ်းကြောင်းမှာ ဆေးရည် အစည်းအရုံး၏ စစ်ဆေးမှုကို ဖြတ်ကျော်နိုင်ရန် ဖြစ်၏။ ထိုအရာထဲ၌ အခက်ခဲဆုံးနှင့် အရေးအပါဆုံး တစ်ခုမှာ ဆေးရည်ဖြူကို အချိန်အကန့်အသတ်တစ်ခုအတွင်း ထုတ်လုပ် နိုင်ရန် ဖြစ်သေလည်။ ထိုကဲ့သို့ ပြိုင်ပွဲကြီးမျိုးတွင် ဆရာသခင် အဆင့်ကို ဆရာသခင်အများအပြားက အသိအမှတ် ပြုပြီးပြီ ဖြစ်ကာ သူတို့က ခုနက အဖွဲ့(B)မှ ဆေးရည်ပညာရှင် သုံးယောက်ကဲ့သို့ တစ်ခါတည်း ဆရာသခင်များ ဖြစ်နိုင်လေသည်။

ဆေးရည်ဖြူကို တိုးမြှင့်၊ မှော်အစီအရင်၊ အားဖြည့် နှင့် ဖျက်ဆီးခြင်း အမျိုးအစားဟူ၍ လေးမျိုး ခွဲခြားထားသည်။

တိုးမြှင့် အမျိုးအစားတွင် ခွန်အားဆေးရည်၊ လေပေါ် လမ်းလျှောက် ဆေးရည်၊ သံမဏိတံတိုင်းဆေးရည်နှင့် စိတ်ဝိညာဉ် ဆေးရည်တို့ ပါဝင်၏။

မှော်အစီအရင် ဆေးရည်တွင် အဆင်တန်ဆာ အစီအရင် ဆေးရည်၊ ဒြပ်စင်တစ်ခုတည်း မှော်အစီအရင် ဆေးရည်နှင့် ဒြပ်စင်တစ်ခုတည်း မှော်ခုံခံ ဆေးရည်တို့ ပါဝင်လေသည်။

ဖြည့်တင်း အမျိုးအစားထဲ၌ ခန္ဓာကိုယ်ဖြည့်တင်းဆေးရည်၊ အမြုတေဖြည့်တင်းဆေးရည်၊ မှော်ဖြည့်တင်းဆေးရည်၊ ကုသဆေးရည်နှင့် အခြားအရာများ ပါဝင်၏။

နာမည်အတိုင်းပင် ဖျက်ဆီးခြင်းအမျိုးအစား၌ အဆိပ် ဆေးရည်က လွှမ်းမိုးထား၏။ တောင်းဆိုမှု ကြီးမားပြီး ဝင်ငွေ မြင့်မားသည့်အတွက် အချို့က အဆိပ်ဖြင့် မဟာဆရာသခင် အဆင့်သို့ တက်လှမ်းနိုင်ရန် အခြားနည်လမ်းတစ်ခုကို ရှာတွေ့ခဲ့ကြသည်။ ထိုအမျိုးအစားက ဆေးရည်ဆရာသခင် အများအပြား၏ အဓိက အာရုံစိုက်စရာ ဖြစ်လာခဲ့၏။

ဆေးရည်ဖြူများက အချိန်အကန့်အသတ်ရှိပြီး သက်ဆိုင်ရာ ဘေးထွက်ဆိုးကျိုးများလည်း ရှိပေသည်။

ပဏာမအဆင့် စည်းကမ်းများက ရိုးရှင်းပေသည်။ တစ်နာရီ အတွင်း သန့်စင်မှု အမြင့်မားဆုံး ဆေးရည်ဖြူကို ဖော်စပ်ရမည် ဖြစ်သည်။ ထိုပဏာမအဆင့်၌ ဆရာသခင် တစ်ဝက်က ထုတ်ပယ် ခံရမည်ပေမည်။ ပြိုင်ပွဲတွင် ယှဉ်ပြိုင်သော ဆရာသခင်များ ၅၆ယောက် ရှိသည့်အတွက် သန့်စင်မှု၌ အဆင့်၂၈ ရရှိသူ အနောက်မှ ဆရာသခင်များက ထုတ်ပယ်ခံရမည် ဖြစ်၏။

လူအများ၏ မျက်လုံးများက ဆေးရည်ဖော်စပ်သော စားပွဲများ ပေါ်ကိုသာ အာရုံစိုက်နေကြပြီး တစ်ခုစီက အနှောင့်အယှက် မဖြစ်စေရန်အတွက် အထူး မှော်အစီအရင်တစ်ခုဖြင့် ခွဲခြား ထားလေသည်။ ပြိုင်ပွဲစတင်သည်နှင့် ပြင်ဆင်ထားသာ ဆေးရည် ဆရာသခင်များက အလျင်အမြန် အလုပ်လုပ်ကြတော့သည်။

ဆေးပညာက စည်းကမ်းအလွန်တင်းကြပ်ပြီး ကွဲလွဲမှု အနည်းငယ်က အလွန်ကြီးမားသော ခြားနားမှုကို ဖြစ်စေနိုင်သည်။ တစ်ခါတရံပ အသေးငယ်ဆုံး အမှားကပင် လုံးဝကွဲပြားသော နောက်ဆက်တွဲများကို ဖြစ်စေနိုင်၏။ ဆေးရည်ဖြူကို ပြင်ဆင်ရာ၌ ရှုပ်ထွေးလှသည့်အတွက် အချိန်နှင့် သန့်စင်မှု လိုအပ်ချက်အပြင် အချို့လူများက ဖိအားအောက်တွင် အမှားများ လုပ်မိနိုင်သည်မှာ မလွဲမသွေပင်။ စားပွဲတစ်ခူက ရုတ်တရက် အငွေ့များ ပြည့်သွားပြီး မီးပေါက်ကွဲမှုတစ်ခုကို ရေးရေးလေး မြင်နိုင်ပေသည်။ အငွေ့များ ပျောက်ကွယ်သွားပြီးနောက် ဖရိုဖရဲဖြစ်နေသော သေရွာပြန် ဆရာသခင် တစ်ယောက်က လူတိုင်း၏အရှေ့တွင် ပေါ်ထွက်လာခဲ့သည်။ သူ၏ ဆံပင်က မီးကျွမ်းနေ၏။ ထိုကံဆိုးသူမှ ကြယ်ကြွေတမန်အင်ပါယာမှ ယှဉ်ပြိုင်သူတစ်ယောက်ဖြစ်ပြီး ချန်လွေ့အား အဲဒက်စ်၏ “လျို့ဝှက်ဖော်မြူလာ” ရယူပေးရန် ခရမ်းသလင်းကျောက် ဒင်္ဂါး ၅၀ဖြင့် လာဘ်ထိုးခဲ့သော ဆရာသခင် ခမ့်ပ် ဖြစ်၏။

ထိုပေါက်ကွဲမှု ပြင်းအားက ပြင်းထန်လှသည့်အတွက် သေရွာပြန် ဆရာသခင် ကြမ်းပြင်ပေါ် လဲကျသွားခဲ့သည်။ အသက် အန္တရာယ် မရှိတော့သော်လည်း ဆေးရည် ဆက်မလုပ်နိုင်တော့ပေ။ ဝန်ထမ်းများ၏ အကူအညီနှင့်အတူ သူက စိတ်ပျက်စွာဖြင့် ပြိုင်ကွင်းထဲမှ ထွက်သွားရ‌တော့သည်။

ဘေးဖက်ရှိ စားပွဲပေါ်မှလည်း ပေါက်ပွဲသံ တိုးတိုးလေး ထွက်ပေါ်လာခဲ့သည်။ နောက်ထပ် မဟာနတ်ဆိုးတစ်ယောက်က ဆရာသခင် ခမ့်ပ်၏ ခြေလှမ်းနောက် လိုက်သွားပြီဖြစ်သည်။ သို့သော်လည်း ထိုပြိုင်ပွဲဝင်က ခမ့်ပ်ထက် ခိုင်မာသည်။ သူက ခန္ဓာကိုယ်ပေါ်မှ ဒဏ်ရာများကိုပင် မကြည့်ဘဲ ချက်ချင်းပင် ပစ္စည်းကိရိယာအသစ်တစ်စုံ ထုတ်ကာ ဆက်လက်၍ ဖော်စပ်တော့သည်။

တစ်နာရီ ပြိုင်ပွဲက အလျင်အမြန်ပင် ပြီးဆုံးသွားခဲ့သည်။ အစီအရင် စွမ်းအားအောက်တွင် ဆေးရည် ဆရာသခင်များ အားလုံးက ရပ်တန့်လိုက်ကြသည်။ ဝန်ထမ်းများက ဆေးရည်များကို နာမည်တပ်ပြီး ဒိုင်လူကြီးနေရာရှိ ရာဖြတ် ဆရာသခင် သုံးယောက်ထံ ပေးပို့လိုက်တော့သည်။

တော်ဝင်ပြိုင်ကွင်း၏ ပတ်ပတ်လည်တွင် ဧရာမ မျက်နှာပြင် ရှိသော မှော်ရုပ်မြင်သံကြားများ ရှိနေပြီး ယှဉ်ပြိုင်သော ဆေးရည် ဆရာသခင် အားလုံး၏ နာမည်များကို ပြသထား၏။ ရာဖြတ် ဆရာသခင်များ၏ ဆုံးဖြတ်ချက်နှင့်အတူ ဆေးရည်များ၏ သန့်စင်မှုနှင့် နာမည်များက ဆေးရည်ဆရာသခင်၏ နာမည် နောက်တွင် စတင် ပေါ်ထွက်လာကာ အဆင့်သတ်မှတ်ချက်များက အဆက်မပြတ် ပြောင်းလဲနေလေသည်။

အန်ဂျီဂီလီ - စိတ်ဝိညာဉ်ဆေးရည် (၈၇.၄)

ဝယ်ဆန် - အဆိပ်ပြင်းဆေးရည် (၈၇.၂)

အဲဒက်စ် - ခွန်အားဆေးရည် (၈၇.၁)

ပန်နုကီး - အက်စစ်ဆေးရည် (၈၃.၂)

ရိုချက်စတာ - နှလုံးပုပ်ဆေးရည် (၈၂.၉)

........

ရလာဒ်များက သိပ်မကြာခင် ထွက်ပေါ်လာ၏။ ထိပ်ဆုံး သုံးယောက်မှာ နာမည်အကျော်ကြားဆုံး အစည်းအရုံး ဥက္ကဋ္ဌများ ဖြစ်ကြပြီး သူတို့၏ ဆေးရည်သန့်စင်မှုက အဆင့်၈၇ အထိ ‌ရောက်ရှိနေပြီ ဖြစ်သည်။ ထိုအရာက အတော်လေး မြင့်မားသော အဆင့်ဖြစ်ပြီး နံပါတ်(၄) နေရာ၏ အဆင့်၈၃ထက် များစွာ သာလွန်နေသည်ကို အသိအသာပင်။ ဆရာသခင် သုံးယောက်က တူညီလုနီးပါး ဖြစ်နေစပြီး အဆင့်တူတူ ဖြစ်လောက်ပေသည်။ ထိုအရာက အဲဒက်စ်၏ အရည်အချင်းကို မေးခွန်း ထုတ်နေသူများအား ပါးစပ်ပိတ်သွားစေ၏။

ပဏာမစစ်ဆေးခြင်း ပထမအဆင့် အဆုံးသတ်တွင် ဆရာသခင် ၂၈ယောက်သာ ကျန်တော့ကာ ကြားထဲတွင် နာရီဝက်သာ အနားယူခွင့်ရသည်။ ထို့နောက် ဒုတိယအဆင့်က ချက်ချင်း စတင်တော့သည်။ ဒုတိယအဆင့်က ယှဉ်ပြိုင်ခြင်း ဖြစ်၏။ သူတို့က သန့်စင်ခြင်း အဆင့်၇၀ထက် ကျော်လွန်သော ဆေးရည်ဖြူ သုံးမျိုးကို ပြုလုပ်ရပေမည်။ ပထမဆုံး ပြီးစီးသော ဆရာသခင် ၈ယောက်က နောက်ဆုံးအဆင့်သို့ ဝင်ရောက်နိုင်ပေမည်။

ထိုအဆင့်အတွက် လိုအပ်ချက်က ယခင်အဆင့်ထက် များစွာ မြင့်မားလှသည်။ လူအများအပြား ထုတ်ပယ်ခဲ့ရပေမည်။ စည်းကမ်းအရ အရည်အချင်းအပြင် နည်းဗျူဟာကိုလည်း ဦးစားပေးရမည်။ မြန်လွန်းလျှင် သန့်စင်မှု၌ အမှားဖြစ်နိုင်ပြီး ကျရှုံးသွားနိုင်၏။ သန့်စင်မှုကို လုံးဝ အာရုံစိုက်နေလျှင်လည်း ပထမဆုံး ထုတ်ပယ်ခံရနိုင်ပေသည်။ ထိုအဆင့်က မျှခြေညီ စဉ်းစားတွေးခေါ်ရန် လိုအပ်ပေသည်။

ထိုအဆင့်က ချန်ပီယံရှစ်အတွက် ယှဉ်ပြိုင်ရန်အတွက် နောက်ဆုံးအဆင့် ယှဉ်ပြိုင်သူများနှင့် ဆက်နွှယ်နေသည်။ စတင်ကြောင်း ကြေညာသောအခါ စင်ပေါ်မှ ဆရာသခင်များ စတင် ဆေးဖော်စပ်ကြတော့သည်။

အရေးကြီးပုဂ္ဂိုလ် ထိုင်ခုံတွင် အစေခံမလေးက ဆရာသခင်များကို စိုးရိမ်စွာ စိုက်ကြည့်နေရင်း ဘေးဖက်ကို မေးလိုက်၏။ “အသီနာ။ ဘယ်သူက ဆာမန်လို့ နင် ထင်လဲ။”

အရေးကြီးပုဂ္ဂိုလ် ထိုင်ခုံပတ်ပတ်လည်တွင် အသံလုံ အစီအရင် ရှိသည့်အတွက် ခီရာက အခြားသူများ ကြားသွားမည်ကို မစိုးရိမ်ပေ။

အသီနာကလည်း စင်ပေါ်မှ အခြေအနေကို သေသေချာချာ ကြည့်နေလေသည်။ သူက ခေါင်းခါလိုက်၏။ “မသိဘူး။ ဒါပေမဲ့ သေချာပေါက် ဆာမန်က နောက်ဆုံးအဆင့် ၈ယောက်ထဲကို ရောက်လိမ့်မယ်။”

“အသီနာ။ အလေ့အကျင့်နဲ့ ရုပ်ရည်ကြောင့် အရူးလုပ် မခံရစေနဲ့။ ဆာမန်က အဲဒီလူ ၈ယောက်ထဲမှာ မဟုတ်လောက်ဘူး။” ဝတ်ရုံနှင့် မျက်နှာလွှား ဝတ်ထားသော အစ်ဇဘယ်လာက ပြောလိုက်သည်။ ယခုတစ်ခေါက်တွင် တံခါးပိတ် လေ့ကျင့်နေသော ဇိုလာမှလွဲ၍ ချန်လွေ့၏ ဆွေမျိုးများနှင့် မိတ်ဆွေများ ရှိနေကြပေသည်။

“မဒမ်-ဒေါ်လေးပြောတာ မှန်တယ်။” ထိုပျင်းရိနေသောအသံက တူလေးထံမှပင်။ “အဲဒီ ဉာဏ်များတဲ့ ဆာ-ဦးလေးရဲ့ အရိပ်ကို‌တောင် မတွေ့ဘူး မဟုတ်လား။”

“သူက တကယ့်ကို ဉာဏ်များတဲ့ လူသားပဲ။” ဆရာသခင် အဆိပ်နဂါးက ရိုမန်ပြောတာ ဂုဏ်ပုဒ်ကို သဘောတူလိုက်သည်။ သူက လက်ထဲမှခွက်ကို မြှောက်လိုက်ရာ ဘေးဖက်မှ ချွဲကျိကောင်က ချက်ချင်းပင် ဝိုင်လောင်းထည့်ပေးလိုက်၏။ သူက ကိုယ့်ခွက်ကိုလည်း ဖြည့်လိုက်သည်။ ထိုဝိုင်က မစ်-မြနဂါး အထူး ပြုလုပ်ထားသော မြကျောက်စိမ်းဝိုင် ဖြစ်၏။ သူက ဆရာသခင် အဆိပ်နဂါးအား မည်သို့ မကျေနပ်စေဘဲ နေနိုင်မည်နည်း။

“ဟမ့်...” တော်ဝင်မင်းသမီးလေးက “ဆာ-ဦးလေး”၏ ဂုဏ်ပုဒ်ကို မကျေနပ်နေဘဲ လက်သီးဆုပ်ကို ‌ဝှေ့ရမ်းလိုက်၏။ “ဘယ်လိုပဲဖြစ်ဖြစ် နောက်ဆုံးကျရင် အစ်ကို နိုင်မှာပဲ။”

All Chapters