← Chapters

တကယ့်အစ

Vol. 50 Ch. 820

တကယ့်အစ

Vol. 50 Ch. 820

ယန္တရား မဟာဆရာသခင်တစ်ယောက် ပေါ်ထွက်လာခြင်းကို ကြုံတွေ့ရသည့်အခါ ပရိသတ်များကို ထိုသမိုင်းတွင် အဖြစ်အပျက်ကို မျက်မြင်ကိုယ်တွေ့ ဖြစ်ကြရသည့်အတွက် ပျော်ရွှင်မှုများ ပြည့်နှက်သွားကြလေသည်။

“ထိပ်တန်းယန္တရားဆရာသခင်” နိတ်က လုံးဝ ပြိုလဲ သွားတော့သည်။ သူက မျက်နှာ ဆိုးဆိုးဝါးဝါးဖြစ်နေပြီး ကြမ်းပြင်ပေါ် လဲကျသွားလေသည်။ အဆင်တန်ဆာများ၌သာ ကျွမ်းကျင်သည်ဟု သူ အမြဲထင်ထားခဲ့သော ထယ်တင်းနစ်က ဘက်ပေါင်းစုံ၌ မဟာဆရာသခင်တစ်ယောက် ဖြစ်နေလေသည်။ ထိုပြိုင်ပွဲ၏ ရလာဒ်နှင့်ပတ်သက်ပြီး ရင်ဖိုစရာမရှိပေ။ ရိုင်ဇန်၏ နည်းလမ်းများဖြစ်စေ၊ စာချုပ်စွမ်းအားကြောင့်ဖြစ်စေ၊ သူ၏ အသက်က အရှက်တကွဲနှင့် အဆုံးသတ်ရမည်သာ ဖြစ်ပေသည်။

ရေနစ်နေသည့် ခွေးတစ်ကောင်ကဲ့သို့ ဖြစ်နေသော နိတ်ကို လူနည်းစုကသာ သတိထားမိပြီး အများစုက အသစ် ထွက်ပေါ်လာသော မဟာဆရာသခင်ကို အာရုံစိုက်နေကြလေသည်။ ထယ်တင်းနစ်၏ မျက်နှာက ပုံမှန်သာ ဖြစ်သည်။ သူ၏ တကယ့် ပျော်ရွှင်မှုကို ချန်လွေ့၊ အဲဒက်စ်၊ လီဆာနှင့် အခြားဆွေမျိုးများ အရှေ့တွင် ပြသမျှဝေပြီးပြီဖြစ်ရာ ယခု သူ့စိတ်က ငြိမ်းချမ်းနေ၏။

အားလုံး၏ အာရုံစိုက်မှုအောက်တွင် ထယ်တင်းနစ်က နေရာ အလွတ်တစ်ခုသို့ လမ်းလျှောက်လာသည်။ သူက တစ်ခုခု စကားပြောတော့မည်ဟု အားလုံး ထင်နေကြစဉ် အရှေ့၌ စားပွဲတစ်လုံး ရုတ်တရက် ပေါ်ထွက်လာ၏။ ထိုပေါ်တွင် အမျိုးမျိုးသော ပစ္စည်းများ ရှိနေလေသည်။ ထိုအရာက ဆေးရည် ဖော်စပ်သော စားပွဲဖြစ်ကြောင်း အချို့သူများက မှတ်မိလိုက်သည်။

လူအများက တစ်ခုခု သဘောပေါက်သွားခဲ့သည်။ ချက်ချင်းပင် အားလုံးက တိတ်ဆိတ်သွားကြပြီး စားပွဲကိုသာ စိုက်ကြည့် နေကြတော့သည်။ အထူးသဖြင့် ထိုဆေးရည် ဆရာသခင်များနှင့် ဆေးရည်ပညာရှင်များပင်။

ထယ်တင်းနစ်၏ လက်များ လှုပ်ရှားသွားခဲ့သည်။ သိပ်ပြီး မမြန်လှသော်လည်း အလွန်ပင် သဘာဝဆန်လှပြီး လှုပ်ရှားမှုတိုင်း ချောမွေ့နေလေသည်။ ကျွမ်းကျင်သူတစ်ယောက် တစ်ခုခု လှုပ်ရှားသည်နှင့် စီးဆင်းနေသော လှုပ်ရှားမှုများက ဆေးရည်ဆရာသခင် ပြိုင်ပွဲကို အနိုင်ရခဲ့သည့် အန်ဂျီဂီလီ အပါအဝင် ဆေးရည်ဆရာသခင်အားလုံးကို တစ်ချိန်တည်းမှာပင် အသေးစိတ် တစ်ခုလေးကိုပင် လွတ်သွားမည်စိုးသည့်အတွက် အသက်ကိုပင် အောင့်ထားစေခဲ့သည်။

ပထမဆုံးတစ်ခုမှာ ဆေးရည်ဖြူ တစ်ပုလင်း ဖြစ်သည်။ ထို့နောက် ပစ္စည်းအများအပြားကို ဆေးရည်ဖြူထဲသို့ “ပုံမှန်ပင်” ထည့်လိုက်သည်။ ယေဘုယျ ဆေးရည်အသိပညာ အရဆိုလျှင် ဆေးရည်ဖြူက တည်ဆောက်ပုံ ဖန်တီးရန် အဆုံးသတ် ရောနှော ပျော်ရည် ဖြစ်နေပြီ ဖြစ်ပြီး သာမန်ဆေးရည်၏ နောက်ဆုံး အဆင့်လည်း ဖြစ်ပေသည်။ အကယ်၍ ပစ္စည်းများကို စိတ်ရှိသလို ထပ်ထည့်မည်ဆိုလျှင် ဆေးရည်ပျက်သွားခြင်း သို့မဟုတ် ပေါက်ကွဲမှုပင် ဖြစ်စေနိုင်လေသည်။

သို့သော်လည်း နူးညံ့ပြီး အထိအခိုက်လွယ်သော ဆေးရည်ဖြူက ထယ်တင်းနစ် လက်ထဲ၌ ရွှံ့လုံးတစ်ခုကဲ့သို့ပင် လိုသလို ပြောင်းလဲ၍ ရနိုင်နေသည်။ သုံးလေးကြိမ် ထပ်ကာထပ်ကာ ပြုလုပ်ပြီးတော့ အဆုံးသတ်၌ ပုလင်းထဲ လောင်းထည့်လိုက်သော ဆေးရည်က ဆေးရည်မည်း ဖြစ်သွားတော့သည်။

ဆေးရည်မည်းလား။

အမည်းရောင်၊ အနက်ရောင်ရှိတဲ့ ဆေးရည်ပုလင်းတိုင်းကို ဆေးရည်မည်းလို့ ခေါ်လို့မရဘူး။ ဒါပေမဲ့ ဒီယန္တရား မဟာဆရာသခင် ဖော်စပ်ခဲ့တာကရော။ ဒါမှမဟုတ်...သူက ယန္တရားမဟာဆရာသခင် တစ်ယောက်ထက် ပိုတာလား။

အကြီးတန်း ရာဖြတ် ဆရာသခင်များက ဆေးရည်ဖော်စပ် စားပွဲသို့ ရောက်ရှိလာသည်။ ခုံသမာဓိခေါင်းဆောင် ပန်နုက ဆေးရည်မည်း ပုလင်းကိုကိုင်ပြီး သေသေချာချာ ကြည့်လိုက်သည်။ အခြား ဆရာသခင်နှစ်ယောက်က စမ်းသပ်မှု အမျိုးမျိုး ပြလုပ်ရန်အတွက် အမျိုးမျိုးသော ကိရိယာများအပေါ် လောင်းချ ကြည့်သည်။ နောက်ဆုံး၌ သူတို့က တညီတညွတ်တည်း သဘောတူလိုက်ကြသည်။ ပန်နုက အသံကျယ်ကျယ်ဖြင့် ကြေညာလိုက်လေသည်။ “ဒါက နတ်ဆိုးဘုံမှာ နှစ်ပေါင်း တစ်သောင်းနီးပါး ပျောက်ကွယ်နေခဲ့တဲ့ အစစ်အမှန် စိတ်ဝိညာဉ် ဆေးရည်ပဲ။”

အစစ်အမှန်ဆေးရည်လား။ ဒါက တကယ့် ဆေးရည်မည်းပဲ !

ယခုတစ်ခေါက် အင်ပါယာသုံးခုမှ အုပ်ချုပ်သူများပင် လှုပ်ရှား သွားကြသည်။ ပြိုင်ကွင်းမှ အခြေအနေက အထွတ်အထိပ်သို့ ရောက်ရှိသွားပြန်သည်။ ဆေးပညာနဲ့ ယန္တရားပညာမှာ မဟာဆရာသခင်။ ဘက်စုံ အဂ္ဂိရတ် မဟာဆရာသခင်ပဲ။

သမိုင်းတွင်မယ့် နောက်ထပ် ခမ်းနားတဲ့ မြင်ကွင်း တစ်ခုပဲ။ နှစ်ပေါင်းသန်းနဲ့ချီ အတွင်းမှာတောင် ဒီလို ဘက်စုံ အဂ္ဂိရတ် မဟာဆရာသခင်မျိုးကို ရှာတွေ့နိုင်ဖို့က ရှားတယ်။

တခြား အုပ်ချုပ်သူ နှစ်ယောက် ထိတ်လန့်သွားသည်နှင့် ယှဉ်လျှင် ရှီရာက အတော်လေး ပိုမို၍ တည်ငြိမ်နေခဲ့သည်။ ထယ်တင်းနစ်က ထိုနယ်ပယ်နှစ်ခုတွင် မဟာဆရာသခင် ဖြစ်နေကြောင်းကို သူ အမှန်တကယ် မသိခဲ့ပေ။ သို့သော်လည်း ထယ်တင်းနစ်က “သူ”၏ ဆရာ ဖြစ်သည့်အတွက်ကြောင့် အံ့သြဖွယ်ရာများကို ဖန်တီးနိုင်သည်မှာ အကြောင်းအကျိုး သင့်ပေသည်။ “သူ”နှင့် ပတ်သက်သမျှတိုင်းက ကြယ်ကြွေတမန် အင်ပါယာ တစ်ခုလုံး အပါအဝင် အနည်းနှင့်အများ “အံ့သြဖွယ်ရာများ”နှင့် ပတ်သက်နေပေသည်။

“ဆာ-မဟာဆရာသခင်..” ခုံသမာဓိခေါင်း‌ဆောင် ပန်နု၏ မှော်ပညာဖြင့် အသံချဲ့ထားသော အသံက ပရိသတ်များကို ဖြတ်ပြီး ထွက်ပေါ်လာသည်။ “ခင်ဗျားက အံ့သြဖွယ်ရာ တစ်ခုကို ဖန်တီးနိုင်ခဲ့ပြီ။ အခုရှိနေတဲ့ လူတွေကို ပြောစရာ တစ်ခုခု ရှိလား။

ပျော်ရွှင်ဝမ်းသာနေသော ပရိတ်သတ်များက တစ်ယောက်ပြီး တစ်‌ယောက် တိတ်ဆိတ်သွားကြပြီး မဟာဆရာသခင် ပြောမည့် အရာကို နားထောင်ချင်နေချင်ကြဟန်တူသည်။

ထယ်တင်းနစ်က ပန်နုကို နက်နက်ရှိုင်းရှိုင်း ကြည့်လိုက်၏။ “ဆရာသခင် ဖွန်ဆက်ဆီက စကားတစ်ခွန်းကို ကျုပ် ယူသုံးပါရစေ။ ဒီပြိုင်ပွဲက မပြီးသေးပါဘူး....”

ပန်နုက ဇဝေဇဝါ ဖြစ်နေသော အမူအရာ ပြသလိုက်၏။ “ဘာကို ပြောချင်တာလဲ။”

“အားလုံးထက် မင်း ပိုသိပါတယ်။” ထယ်တင်းနစ်က ပန်နုကို အေးစက်စက်နှင့် ကြည့်လိုက်၏။ “ဆာ၊ ဒါမှမဟုတ် ငါမင်းကို တခြားနာမည်နဲ့ ခေါ်ရမလား။”

“အိုး..” ပန်နု၏ မျက်လုံးက ထူးထူးဆန်းဆန်း အရောင် တောက်သွား၏။ မျက်လုံးတစ်လုံးသာဖြစ်ပြီး ကျန်တစ်လုံးက မွဲခြောက်ခြောက် ဖြစ်နေသည်။ သူ၏ အသံက အက်ကွဲ သွားခဲ့သည်။ “ငါ့ရဲ့ ရုပ်ပြောင်းရုပ်လွှဲ ပစ္စည်းက အဆောင်ပစ္စည်း-ယောင် အဆင့်ကို ရောက်နေပြီ။ အင်ပါယာသုံးခုက အုပ်ချုပ်သူတွေတောင် သတိမထားမိဘူး။ မင်း ဘယ်လိုလုပ် ငါ့ကို သတိထားမိသွားတာလဲ။”

“အကြည့်ကြောင့်ပဲ။ မင်း ငါ့ဆရာ လန့်စ်ကို ယှဉ်ပြိုင်ဖို့ ပြောတုန်းက ဒီလိုမျိုး ရက်စက်မှုနဲ့ ဆိုးယုတ်တဲ့ စိတ်လှုပ်ရှားမှုတွေ ပြည့်နေတဲ့ အကြည့်မျိုးပဲ။” ထယ်တင်းနစ်၏ မျက်လုံးများက အမုန်းတရားနှင့် အထင်သေးမှုများ ပြည့်နှက်နေခဲ့သည်။ “မင်းရဲ့ ရည်ရွယ်ချက်က ရိုးရှင်းတယ်။ အခု ငါ့ကို မြင့်မြင့်မြှောက်လေလေ၊ ငါ အကျ ပိုနာလေလေပဲ။ ဟုတ်တယ်မလား။ ပန်နု...မဟုတ်ဘူး။ ပန်နု အယောင်ဆောင် ဆာမန် !”

ပြိုင်ကွင်း ပရိတ်သတ်များအတွက် ဆာမန်ဟူသော နာမည်က အလွန်စိမ်းနေ၏။ အကြီးတန်း ဆေးရည်ဆရာသခင်များသာ တစ်စုံတစ်ခုကို ရေးရေးလေး မှတ်မိလိုက်သော်လည်း ပရိသတ်များက ဒိုင်လူကြီး “ပန်နု”မှာ ဆာမန်ဟူသောသူက ဟန်ဆောင်ထားခြင်း ဖြစ်ပြီး အသစ်စက်စက် မဟာဆရာသခင်အား ထိခိုက်စေချင်ခြင်း ဖြစ်ကြောင်း သေသေချာချာ ကြားလိုက်ရ၏။

“ဟားဟား...” “ပန်နု”က အရိုးထဲစိမ့်သော အက်ကွဲကွဲ ရယ်သံတစ်ခု ပြုလုပ်လိုက်သည်။ “ထယ်တင်းနစ်။ မင်း ငါ့ကို စိတ်မပျက်စေခဲ့ဘူး။ မင်းက မင်းဆရာထက် အများကြီးသာတယ်။ မင်းက ဒီအထိတောင် ရောက်လာခဲ့တယ်။ နှစ်သွယ်-အထူးပြု မဟာဆရာသခင်။ စိတ်မကောင်းတာကတော့ မင်းက ငါနဲ့ တရားဝင် ယှဉ်ပြိုင်လို့ မရတော့တာပဲ။ အမှတ်အသားရဲ့ ဥပဒေသအတိုင်း မင်းချစ်ရတဲ့ တပည့်ရဲ့အသက်ကို အရင်ဆုံး ငါယူမယ်။ ပြီးတော့... မင်း လက်စားချေချင်တယ်ဆိုရင် မင်းရဲ့အသက်နဲ့ လောင်းကြေး ထပ်ပေါ့။ လူတိုင်းအရှေ့မှာ မင်းရဲ့ အတော်ဆုံး အရည်အချင်းကို ငါ အနိုင်ယူပြီးတော့ စွယ်စုံရ မဟာဆရာသခင် ဆိုတာကို ငါ့ခြေထောက်အောက်မှာ တက်နင်းပစ်မယ်။ အစွမ်းအထက်ဆုံး မဟာဆရာသခင်က တကယ်တမ်း ဘယ်သူလဲဆိုတာ နတ်ဆိုးဘုံ တစ်ခုလုံး သိစေရမယ်။”

ယခုတွင် လူတိုင်း သဘောပေါက်သွားကြသည်။ ဆာမန်က မဟာဆရာသခင် ထယ်တင်းနစ်နဲ့ သူ့တပည့်ကို စိန်ခေါ်‌ တော့မှာလား။ ပြီးတော့လည်း သူတို့ ပြောတဲ့ စကားသံအရဆိုရင် ဒီလူကလည်း အတော်လေး အစွမ်းထက်တဲ့ မဟာဆရာသခင် ဖြစ်တဲ့ပုံပဲ။

ဒါက ပိုပြီးတော့ အံ့သြစရာကောင်းတဲ့ သတင်းဆိုတာ အသေအချာပဲ။ နတ်ဆိုးဘုံမှာ မဟာဆရာသခင် မရှိတာ နှစ်ပေါင်းတစ်သောင်းနီးပါး ရှိနေပြီ။ အခု မဟာဆရာသခင် နှစ်ယောက် ရုတ်တရက်ကြီး ထွက်ပေါ်လာခဲ့တယ်။

“သိပ်မကြာခင် မင်း အဖြေတစ်ခု ရပါလိမ့်မယ်။” ထယ်တင်းနစ်က ပြင်းပြသော ယုံကြည်ချက်ကို ပြသနေခဲ့သည်။

“ဟမ့်။ မင်းက မဟာဆရာသခင် အဆင့်ကို အခုမှ ရောက်ခါစ ရှိသေးတယ်။ ယုံကြည်ချက်ကတော့ မိုးထိုးနေပြီ။ ငါမင်းကို မိုးပေါ်ကနေ လုံးလုံး ပြုတ်ကျအောင် လုပ်ပစ်မယ်။ အရင်ဆုံး အမှတ်အသားကို လက်ခံထားတဲ့သူကို ရှင်းပစ်ရမယ်။ သူက ရူးရူးမိုက်မိုက်နဲ့ ထွက်ပြေးသွားတာများလား။ အမှတ်အသားကို လက်ခံထားပြီးတော့ ပြိုင်ပွဲကနေ ထွက်ပြေးတာက ချက်ချင်း အပြစ်ပေးခံရတယ်လို့ သူ့ကို မင်း မပြောခဲ့ဘူးလား။”

“ကျုပ်က တချိန်လုံး ဒီမှာ ရှိနေတာ။” အသံတစ်သံ ထွက်ပေါ်လာ၏။ “ခင်ဗျားရဲ့ မျက်လုံးက တစ်ခုခု လွဲနေလို့ သတိမထားမိတာ။ အိုး ဟုတ်သားပဲ။ မေ့လို့။ ခင်ဗျားက မျက်လုံးတစ်လုံး ကန်းနေတာပဲ။ ကျုပ် မှတ်မိတာ မမှားဘူးဆိုရင် ဒီမျက်လုံးကို မဟာဆရာသခင် ရိုဆန်ဘာ့ချ်က လွန်ခဲ့တဲ့ နှစ်ပေါင်း ၉၀၀၀လောက်တုန်းက ထုတ်ပစ်ခဲ့တာ ဖြစ်မယ်။ ကံဆိုးချင်တော့ အဲဒီသစ္စာဖောက်ခံခဲ့ရတဲ့ ဆာ-မဟာဆရာသခင်က သူ့ရဲ့ ကျေးဇူးကန်းတဲ့ တပည့်ကို မျက်လုံးတစ်လုံးပဲကန်းအောင် လုပ်နိုင်ခဲ့ပြီးတော့ အသက်ဆုံးရှုံးသွားခဲ့ရတယ်။”

ဆာမန်က ဖျတ်ခနဲ ခေါင်းလှည့်ကြည့်လိုက်ရာ သူ့ဘေးမှ ရာဖြတ် ဆရာသခင်တစ်ယောက် အလျင်အမြန် ပြောင်းလဲသွားပြီး ဝတ်ရုံနှင့် မျက်နှာဖုံးနှင့် ယောက်ျားတစ်ယောက် ဖြစ်သွားသည်ကို မြင်လိုက်ရ၏။

အရေးကြီးပုဂ္ဂိုလ် ထိုင်ခုံနေရာ၌ -

အသီနာနှင့် အခြားသူများ၏ မျက်လုံးများက တပြိုင်နက်တည်း တောက်ပသွားကြပြီး ဆရာသခင် အဆိပ်နဂါးကလည်း စိတ်လှုပ်ရှားစွာဖြင့် ဝိုင်တစ်ငုံ သောက်လိုက်လေသည်။ “ဟားဟား။ ထုံးစံအတိုင်း မထင်မှတ်ထားတာပဲ။ အဲဒီ ဉာဏ်များတဲ့ ခွေးကောင် နောက်ဆုံးတော့ ထွက်လာပြီ။”

မစ်-နဂါးနက်က အဲလစ်ဝယ်လာခဲ့သော အရသာရှိသည့် စားစရာမျိုးကို အကောင်းဆုံးကြိုးစားကာ ဝါးမျိုနေခဲ့သည်။ ထိုစကားကို ကြားသည့်အခါ သူက ခေါင်းမော့ပြီး မ‌ရေမရာ မေးလိုက်၏။ “သူဌေးလား။”

သူ မော့ကြည့်လိုက်သည်နှင့် သူ့ဘေးမှ အကင်တစ်ဝက်ကို အရည်လဲ့နေသော “လက်”က တိတ်တဆိတ် ယူသွားတော့သည်။

“ရှင်ပဲ ဉာဏ်များတဲ့ ခွေးကောင် !” အဲလစ်က ပါ့ဂ်လီအို အရှေ့မှ ဝက်ပေါင်း တစ်ပန်းကန်နှင့် ခွာတစ်ပန်းကန်ကို လုယူပြီး အိုလီဖီးရက်စ်ကို ပေးလိုက်၏။ သူက ချက်ချင်းပင် မစ်-နဂါးနက်၏ စိတ်ထဲ၌ လူကောင်းတစ်ယောက် ဖြစ်သွားတော့သည်။

ဆရာသခင် အဆိပ်နဂါးက ထိုမျှမက ဆုံးရှုံးသွားရသည်။ သူ သတိလက်လွတ်ဖြစ်နေစဉ် နောက်ထပ် အကင်လုံး တစ်ပန်းကန်ကို အရည်လဲ့သော လက်က ယူသွားပြန်သည်။

“ဉာဏ်များတာနဲ့ ခွေးကောင်ဆိုတာကို ကျွန်မ သ‌ဘောတူတယ်။ ပြီးတော့ ရွံစရာကောင်းတယ်။ ကောက်ကျစ်တယ်။” မာယာရှင် မင်းသမီးလေးက ပြောလိုက်ခြင်း ဖြစ်သည်။ သူက သူငယ်ချင်းကောင်း နာဂါမလေးကြောင့် မိတ်ဆွေများနှင့် ဆွေမျိုးများအဖွဲ့ထဲသို့ အတင်းရောက်လာခဲ့သည်။

“ရွံစရာကောင်းတာနဲ့ ကောက်ကျစ်တာကို ငါလည်း သဘောတူတယ်။ ပြီးတော့ ရမ္မက်ကြီးတယ်။ အရှက်မရှိဘူး။ ပြီးတော့ နောက်ထပ် စကားလုံးလှလှလေးတွေ ရှိသေးတယ်...”

ထိုသို့ ပြောလိုက်သူက မနာလိုမှု အပြည့်ဖြစ်နေသော လူဆိုး တူလေးပင် ဖြစ်၏။ သို့သော်လည်း သူ၏ ချစ်သူက သရော်ပြုံး ပြုံးလိုက်လေသည်။ “မြာပွေတဲ့သူလို့ ထပ်ထည့်ချင်သေးလား။ အချိန်အတိအကျက မနေ့ညနေခင်း။ နေရာက လိုင်လန် အရက်ဆိုင်မှဦလေ။”

လူဆိုးတူလေးက ရုတ်တရက် ပါးစပ်ပိတ်သွားခဲ့သည်။ သေချာသည်မှာ ထိုသတင်းကို မဒမ်-ဒေါ်လေးက တူလေး မိန်းမနှင့် ဒုတိယအဆင့် သတင်းအေဂျင်စီ လက်အောက်ခံများထံ ပေးလိုက်ခြင်း ဖြစ်နိုင်ပေသည်။ ကံဆိုးစွာပင် မဒမ်-ဒေါ်လေးက ဝတ်ရုံနှင့်လူကိုသာ ထိုအချိန်၌ အာရုံစိုက်ထားနေခဲ့ပြီး တူလေးဖြစ်သူ၏ မျက်လုံးထဲ၌ မကျေမချမ်းမှုများကို လျစ်လျူရှု နေခဲ့လေသည်။

“ဆာ-ချန်လွေ့ကို ဘာလို့ အားလုံးစိတ်မပူကြတာလဲ။” နဂါး ကောင်မလေးက စိုးရိမ်စွာဖြင့် မေးလိုက်သည်။

“အဲဒီလိုအန္တရာယ်ကောင်က စိုးရိမ်ဖို့ မတန်ဘူး။ ပြီးတော့ အသေအချာ အကြံအစည်လည်း လုပ်ထားတယ်။ စိုးရိမ်ရမှာက ဆာမန်ကို.....ဒိုဒို...ခွေးကောင် !” နောက်ဆုံးစကားက အဆိပ်နဂါး လက်ပူးလက်ကြပ် မိသွားခဲ့သော အရည်လဲ့နေသည့် လက်ကို ပြောနေသည်မှာ အသေအချာပင်။

ပြိုင်ကွင်းထဲ၌ -

ဆာမန်၏ မျက်နှာက အံ့သြမှုများ ပြည့်နေခဲ့သည်။ သူ့အရှေ့မှ လူက မျက်နှာဖုံးဝတ်ထားပြီး မျက်နှာကို မမြင်ရသော်လည်း ရင်းနှီးသော ဥပဒေသ အငွေ့အသက်က မမှားနိုင်ပေ။ ထိုသူက အမှတ်အသား၏ အခြားတဝက် ပိုင်ရှင်ပေ။

မဟာဆရာသခင် ရိုဆန်ဘာ့ချ်၏ နာမည်က သမိုင်းနှင့် ရင်းနှီးသော အဂ္ဂိရတ်ဆရာသခင် အများအပြားအား ထိုဆာမန်မှာ လွန်ခဲ့သော နှစ်ပေါင်း ၉၀၀၀ခန့်က ဆရာဖြစ်သူ ရိုဆန်ဘာ့ချ်ကို သစ်ပစ်ခဲ့ပြီး ထွက်ပြေးသွားခဲ့သော သူပုန်တပည့်ဖြစ်ကြောင်း နားလည်သွားခဲ့သည်။ သူက နှစ်ပေါင်း ၉၀၀၀ ကြာပြီးတာတောင် အသက်ရှင်နေတုန်းပဲ။

“အာသာ။ မင်းက ဘာလို့ အမှတ်အသားရဲ့ အငွေ့အသက်ကို ဖုံးကွယ်နိုင်ရတာလဲ။” အမှတ်အသားများက အချင်းချင်း အာရုံခံနိုင်သည့်အတွက် ဆာမန်က အံ့အားသင့်စွာဖြင့် မေးလိုက်သည်။ ထယ်တင်းနစ်က ငါ့ဘေးနားမှာ အမြဲတမ်း ပုန်းလျှိုးနေတာကို ငါ သတိတောင် မထားမိခဲ့ဘူး။

ဆာမန်ကဲ့သို့ မဟုတ်ဘဲ ပြိုင်ကွင်းထဲမှ ပရိသတ်များ အံ့သြသွားသည်မှာ ဝတ်ရုံနှင့်လူကို ဆာမန်ခေါ်လိုက်သော နာမည်ကြောင့်ပင်။

ခုနက ဝတ်ရုံနှင့်လူ ထွက်ပေါ်လာသောအခါ ထိုကဲ့သို့ ဝတ်စုံက ဧကရီအရှင်မ၏ ကြင်ရာတော်မင်းသားကို သတိရသွားစေသည်။ သို့သော်လည်း ဆာမန်က လူတိုင်းကို အံ့သြစေခဲ့သည်။ သူက ဝတ်ရုံနှင့်လူ၏ နာမည်ကို ထုတ်ပြောလိုက်၏။ အာသာ......

မဟာဆရာသခင် ဖြစ်လောက်‌သော ဆာမန်ကို ယှဉ်နိုင်ပြီး “အာသာ”ဟု ခေါ်သော ဘက်စုံ မဟာဆရာသခင် ထယ်တင်းနစ်၏ တပည့်မှာ တစ်ဦးတည်းသာ ဖြစ်နိုင်၏။ ထိုသူက အရိပ်နက် အင်ပါယာ ယန္တရား ပြိုင်ပွဲအတွင်း အတောက်ပဆုံး ကြယ်ပွင့် ဖြစ်ခဲ့သော သုံးသွယ်-အထူးပြု ဆရာသခင်ပင်။

အခြားသူများသာမက အရိပ်နက်အင်ပါယာမှ အန်ဒါဆန်၊ ရမ္မနစ်ဂီတို့ပင် မယုံနိုင်သော အမူအရာများ ပြသကြသည်။ သုံးလေးနှစ် ပျောက်နေခဲ့တဲ့ အာသာက ဘာကြောင့်မှန်းမသိ တကယ်ကြီး ရောက်လာခဲ့တာပဲ။

“အာသာ”က အမှတ်အသားကို လက်ခံရန်အတွက် ချန်လွေ့ အသုံးပြုခဲ့သောနာမည် ဖြစ်သည်။ မျက်တစ်လုံး မဟာနတ်ဆိုး အသွင်ကို ပြန်ပြောင်းသွားသော ဆာမန်ကို ကြည့်နေရင်း ချန်လွေ့က ပုံမှန်ပင် ပြောလိုက်သည်။ “စွမ်းအားတစ်ခု စမ်းသုံးကြည့်တာပါပဲ။ ခင်ဗျား အလိုရှိတဲ့အတိုင်း နှစ်တစ်သောင်း အငြိုးအတေးကို ဒီနေ့ပဲ အဆုံးသတ်ကြတာပေါ့။ မဟာဆရာသခင်နှစ်ယောက်နဲ့ အတိတ်က ဆက်ခံသူတွေရဲ့ သူရဲကောင်း ဝိညာဉ်တွေကို ဂါရဝပြုဖို့အတွက် ခင်ဗျားရဲ့ အသက်ကို အသုံးချရမယ်။”

“မသိနားမလည်တဲ့ အမှိုက်ကောင်။” ဆာမန်က သတိပြန်ဝင် လာခဲ့သည်။ “ငါတို့ကြားက ခြားနားချက်ကို မင်း နားမလည် သေးဘူးလား။ မင်းရဲ့ဆရာဆိုရင် ငါ နည်းနည်း ပိုပြီးတော့ အလေးအနက် ထားဦးမှာ။”

“အပိုတွေ ပြောမနေနဲ့တော့။” ချန်လွေ့က ဆာမန်၏ ကောက်ကျစ်သော အပြုံးကို မကြောက်မလန့်ဘဲ ကြည့်လိုက်၏။ “တကယ့် ပြိုင်ပွဲက အခုမှ စမှာ။”

All Chapters