အစွမ်းအထက်ဆုံး မဟာဆရာသခင်များ၏ တိုက်ပွဲ
Vol. 50 Ch. 821
နိတ်နှင့် ဖွန်ဆက်တို့ကြားမှ အလောင်းအစားမှသည် မဟာဆရာသခင် ထယ်တင်းနစ် ပေါ်ထွက်လာခြင်း၊ ထယ်တင်းနစ်၏ တပည့်နှင့် လျို့ဝှက်ဆန်းကြယ်သော မဟာဆရာသခင် ဆာမန်တို့ ကြားမှ ယှဉ်ပြိုင်ပွဲ၊ ပျောက်ဆုံး သွားခဲ့သော သုံးသွယ်-အထူးပြု ပါရမီရှင် ဆရာသခင် “အာသာ”။ ယခု ယန္တရား ဆရာသခင် ပြိုင်ပွဲက အလှည့်အပြောင်းများနှင့် အထွတ်အထိပ်များ တစ်ခုပြီးတစ်ခု ရောက်လာသည်ဟု ဖော်ပြ၍ ရနိုင်ပေသည်။
ပွဲကြည့်စင်မှ ပရိသတ်များသာမက မှော်ရုပ်မြင်သံကြား အရှေ့မှ ပရိသတ်များလည်း တိတ်ဆိတ်သွားကြပြီး စိတ်လှုပ်ရှားစရာ အကောင်းဆုံး ပြိုင်ပွဲကို စောင့်နေကြတော့သည်။
ထယ်တင်းနစ်၏ အချက်ပြမှုကြောင့် ကွင်းထဲမှ လူတိုင်းက နောက်ဆုတ်သွားကြပြီး လမ်းဖယ်ပေးလိုက်ကြသည်။
“အမှတ်အသားရဲ့ ဥပဒေသကြောင့်သာ မဟုတ်ရင် မင်းလို ပုရွက်ဆိတ်မျိုးကို ငါ ဘာမှ လုပ်စရာမလိုဘူး။” ဆာမန်က ချန်လွေ့အား အထင်သေးစွာ ကြည့်လိုက်ပြီး သူ၏ ခန္ဓာကိုယ်က ရွှေရောင်အလင်းတစ်ခု တောက်ပလာခဲ့သည်။
ချန်လွေ့လည်း မရှင်းပြခဲ့ပေ။ သူက မိစ္ဆာမျက်ဆံ စွမ်းအားကို အသုံးပြုကာ အမှတ်အသား အငွေ့အသက်ကို ဖုံးကွယ်ခဲ့ခြင်း ဖြစ်သည်။ ယခုတွင် သူက ဆာမန်ကို ပွင့်ပွင့်လင်းလင်းနှင့် ရိုးသားသော နည်းလမ်းဖြင့် အနိုင်ယူချင်သည့်အတွက်ကြောင့် ၎င်းကို ဖိနှိပ်ရန် မလိုတော့ဘဲ အမှတ်အသားစွမ်းအား တဝက်ကို ခန္ဓာကိုယ်မှ ပျံထွက်သွားစေလိုက်၏။
ရွှေရောင်အလင်းနှစ်ခုက အချင်းချင်း ပေါင်းစည်းသွားပြီး သူတို့ နှစ်ယောက် ရှိနေသော နေရာက အလင်းယိုင်သော ဖန်ကဲ့သို့ပင် အနည်းငယ် ရွှေ့ပြောင်းသွားပုံရသည်။ အသံနှင့် ပုံရိပ်ကိုတော့ မြင်ရ ကြားရသေးသည်။ ထိုအရာက အမှတ်အသား၏ သီးခြား နေရာလွတ် ဖြစ်ပေသည်။
ထိုနေရာက လျို့ဝှက်ဆန်းကြယ်သော ဥပဒေသနှင့် အဆင့်မြင့် ရှေးမှော်စာပါဝင်သော နေရာလွတစ်ခုဖြစ်ကြောင်း အမှတ်အသားရှိ အချက်အလက်များမှ ချန်လွေ့ သိရှိခဲ့ရသည်။ တိုက်ပွဲနှစ်ဖက်လုံးက စည်းမျဉ်းများအပေါ် အခြေခံပြိး နေရာလွတ်က အနိုင်ရရှိသူကို အလိုလို ဆုံးဖြတ်ပေးမည် ဖြစ်သည်။ အဆုံးသတ်တွင် တစ်ဦးတည်းသာ အသက်ရှင်ရက် ထွက်လာနိုင်ပေမည်။
“သေဖို့ အဆင်သင့်ပဲလား။” ဆာမန်က ထိုကဲ့သို့ ပြိုင်ပွဲမျိုးကို တစ်ကြိမ်မက ကြုံတွေ့ဖူးသည့်အတွက် ကိုယ်ပိုင် စွမ်းအားကို အတော်လေး ယုံကြည်နေပုံရသည်။
ချန်လွေ့က တည်ငြိမ်စွာ ပြောလိုက်သည်။ “ခင်ဗျားလို လူမျိုးနဲ့ စကားပြောဖို့ စိတ်မဝင်စားဘူး။ အခု စည်းမျဉ်း သတ်မှတ် တာပေါ့။”
“စောက်ရမ်းတွေ ယုံကြည်ချက် ရှိနေတာပဲ။ မင်းလို လူမျိုးတွေ ငါ အများကြီး တွေ့ဖူးတယ်။ ကိုယ်ရှုံးမှာကိုသိလို့ သေမှာကို မကြောက်သလိုမျိုး ကိုယ့်ကိုယ်ကိုယ် လှည့်စားဖို့ ကြိုးစားနေတာ။” ဆာမန်၏ အထင်သေးသော မျက်လုံးတစ်လုံးက ပို၍ပင် ပြင်းထန် လာခဲ့သည်။ ထယ်တင်းနစ်၏ တပည့် အသာထား၊ မဟာ ဆရာသခင်အဆင့်သို့ ရောက်ရှိသွားသော ထယ်တင်းနစ် ဆိုလျှင်ပင် အနိုင်ရရှိရန် သူ လုံးဝ ယုံကြည်ချက် ရှိနေ၏။
ချန်လွေ့က ခေါင်းခါလိုက်သည်။ “ကျုပ်က အမြဲတမ်း သေရမှာ ကြောက်နေခဲ့တာ။ အဲဒါကြောင့် ကျုပ်ရဲ့ အကြောက်တရားကို ကျော်လွှားနိုင်ဖို့အတွက် သေခြင်းတရားကို သိမ်းပိုက်ဖို့ ရွေးချယ်လိုက်တယ်။”
“မသိနားမလည်တဲ့ အမှိုက်ကောင်။” ဆာမန်က အေးစက်စက် သရော်ပြုံး ပြုံးလိုက်သည်။ “မင်းမှာ သုံးသွယ်-အထူးပြု ဆရာသခင်ဆိုတဲ့ ဂုဏ်ပုဒ်တစ်ခုရှိတာ ငါ သိတယ်။ ငါ မင်းကို အခွင့်အရေး တစ်ခု ပေးလိုက်မယ်။ ပထမဆုံး ပြိုင်ပွဲကို ယန္တရားပညာ ပြိုင်ကြတာပေါ့။ အသက်ဓာတ် တဝက်ကို လောင်းကြေးထပ်မယ်။ ဘယ်လိုလဲ။”
“သဘောတူတယ်။ ဒုတိယက ဆေးပညာ။”
“သဘောတူတယ်။ အလောင်းအစားက နောက်ထပ် အသက်ဓာတ် တဝက်ပဲ။ မင်း တစ်ခါတည်း နှစ်ပွဲလုံး နိုင်သွားမယ်ဆိုရင် ငါ့အသက်က အလိုလို ပျောက်ကွယ် သွားမယ်။ မင်းအတွက်လည်း ဒီအတိုင်းပဲ။ တစ်ပွဲနိုင်ပြီး တစ်ပွဲရှုံးမယ်ဆိုရင် နောက်ဆုံး တတိယပွဲစဉ်ကို ရောက်သွားမယ်။ နောက်ဆုံးမှာ ပထမ နှစ်ကျော့က လောင်းကြေးကို ပြန်ထပ်မယ်။ တစ်ဖက်က လုံးလုံး ရှုံးတဲ့အထိ လောင်းကြေးကို ပြန်ထပ်မယ်။”
“သဘောတူတယ်။” ချန်လွေ့ ခေါင်းညိတ်လိုက်သည်။ နှစ်ဖက်လုံး “သဘောတူ”လို်ကသောအခါ မြင်နိုင်သော ရွှေရောင် ချိန်းကြိုးတစ်ခုက နေရာလွတ်မှ ထွက်ပေါ်လာပြီး ထူးဆန်းသော စာသားများအဖြစ် ပြောင်းလဲသွားကာ ဥပဒေတစ်မျိုးအဖြစ် ဖွဲ့စည်းသွား၏။ ထိုဥပဒေသ၏ အဆုံးသတ်အောက်တွင် အသက်ဓာတ်စွမ်းအား လောင်းကြေး အပါအဝင် တစ်ယောက်စီ၏ အချက်အလက်အချို့က တစ်ယောက်စီ၏ စိတ်ထဲ၌ အသီးသီး ပေါ်ထွက်လာခဲ့သည်.....
“တကယ့်ကို မယုံနိုင်စရာကောင်းတဲ့ အသက်ဓာတ်ပဲ။ ဒါကြောင့် အချိန်ဆွဲဖို့အတွက် မင်းတောင်းဆိုခဲ့တာကို သူ လက်ခံခဲ့တာကိုး။” ဆာမန်က တစ်ကိုယ်တည်း ဂုဏ်ယူစွာ ပြောနေပြီး ရယ်လိုက်သည်။ “ပြိုင်ပွဲကို အချိန်ဆွဲတာက ငါ့ကို အသက်၃၀၀ ကုန်စေပေမဲ့ ဒီတစ်ခေါက် ငါက အနည်းဆုံး အဆ၁၀၀ အတိုးနဲ့ ပြန်ယူမယ်။ မင်းက အမှတ်အသားထဲမှာ ဆေးပညာ အတွေးအမြင် တစ်မျိုးမျိုး ရထားတဲ့ပုံပဲ။ မင်းက တကယ့်ကို ထယ်တင်းနစ် တပည့်ပဲ။ ကံဆိုးချင်တော့ မင်းက အမှတ်အသားကို အပြည့်အဝ နားလည်ပြီး ထယ်တင်းနစ်ကို ကျော်လွန်နိုင်ရင်တောင် မင်းက ဒုတိယ ဒါဝေါပဲ ဖြစ်လာမှာ။ ဒါဝေါတောင် ငါ့လက်ထဲမှာ သေခဲ့ရတာ။ မင်းကတော့ ပြောမနေနဲ့။”
“ခင်ဗျားက ဆရာ့ရဲ့ ဆရာနဲ့ လောင်ကြေးထပ်တုန်းက လောင်းကြေးက နှစ်၂၀၀ တစ်ကြိမ်လို့ ပြောခဲ့တာ ကြားခဲ့တယ်။ ဒီတစ်ခေါက် ခင်ဗျားက ဘာလို့ အရေအတွက်ကို ပြောင်းရတာလဲ။” ချန်လွေ့က မျက်မှောင်ကြုတ်လိုက်ပြီး သူ့မျက်လုံးထဲ၌ အလင်းရောင် ဖျော့ဖျော့လေးတစ်ခု ထွက်ပေါ်လာပြီး ဆာမန်ကို လွှမ်းမိုးသွားကာ ဆာမန်က ဖောက်ထွင်းမြင်ခံရသော ခံစားချက်မျိုး ခံစားလိုက်ရ၏။
ချန်လွေ့က နေရာလွတ် ဥပဒေသနောက်လိုက်ပြီး [မိစ္ဆာမျက်ဆံ] စွမ်းအားနှင့်အတူ [ အထူးစိစစ်မှု ] ကို အသက်သွင်းလိုက်သည်။ နောက်ဆုံး၌ သူ သဘောပေါက်သွားတော့သည်။ “ခင်ဗျားရဲ့ ခန္ဓာကိုယ်မှာ ရေတွက်လို့မရတဲ့ မသေမျိုးစွမ်းအားတွေ ရှိနေတယ်။ ဒါက သဟဇီဝစာချုပ် ဖြစ်လောက်တယ်။ ဒါကြောင့် ခင်ဗျားက နှစ်တစ်သောင်းနီးပါး မရှုံးနိမ့်ဘဲ နေခဲ့တာကိုး။ လက်စသတ်တော့ ခင်ဗျားက သဟဇီဝ အပေါင်းအဖော်ကနေ သက်တမ်းတွေ ငှားယူပြီး ညစ်နေတာကိုး။”
စာချုပ် အပေါင်းအဖော်၏ အသက် ရှိနေခြင်းမှာ ဆာမန်တွင် အဆုံးမဲ့ လောင်းကြေးများ ရှိနေခြင်းနှင့် ညီမျှပေသည်။ ထို့ပြင် သူ၏ ကိုယ်ပိုင် စွမ်းအားနှင့် ပေါင်းလိုက်ပါက တိုက်ပွဲတိုင်းကို အောင်နိုင်ခဲ့လေသည်။
ထိုအချက်က ထယ်တင်းနစ်အား အမှန်တရားကို ရုတ်တရက် သဘောပေါက်သွားစေသည်။ ကွယ်လွန်သွားခဲ့သော ဆရာဖြစ်သူ အကြောင်းကို တွေးမိသည့်အခါ သူက လက်သီးကို ကျစ်ကျစ် ဆုပ်လိုက်မိသည်။
“မင်းက ဒီလျို့ဝှက်ချက်ကို တကယ် မြင်နိုင်တာပဲ။” ဆာမန်၏ မျက်လုံးတစ်လုံးက တောက်ပသွားခဲ့သည်။ “ဟမ့်။ ဒါက အမှတ်အသား နေရာလွတ် စည်းမျဉ်းကို မချိုးဖျောက်ဘူး။ ဒါက ညစ်တာ မဟုတ်ဘူး။ အဲဒီကောင်တွေက တုံးတာ။ အနိုင်ရသူက စားစတမ်းပဲ။ မင်းမှာ ဒီလိုမျိုး အစွမ်းအစ ရှိမယ်ဆိုရင် မင်းလည်း စည်းမျဉ်းတွေကြားမှာ လူလည်ကျလို့ရတယ်။ ငါ့ကို အနိုင်ရမယ် ဆိုရင်ပေါ့။”
“ဟုတ်လား။ ကျုပ်က အဲဒါထက် ပိုမြင်နိုင်တယ်.....” ချန်လွေ့က မိစ္ဆာမျက်ဆံကို အဆုံးစွန်အထိ လည်ပတ်စေလိုက်၏။ “သဘောပေါက်ပြီ။ ဒီသဟဇီဝစာချုပ်က အားနည်းချက် ရှိတယ်။ အမှတ်အသား ဥပဒေသရဲ့ အပြစ်ဒဏ် အပြင်ကို ခင်ဗျားရဲ့ မသေမျိုး အဖော်ကလည်း တကယ်တမ်း ထာဝရ မရှင်နိုင်ဘူး။ သူ့ သက်တမ်းက နှစ်တစ်ထောင်အောက်ပဲ ရှိလောက်တယ်။ ဒါကြောင့်ကိုး.....”
သေရွာပြန်က နောက်ဆုံးတစ်ခေါက်တွင် ဆာမန်အား မည်သည့်အတွက်ကြောင့် ပြိုင်ပွဲကို နောက်ဆုတ်ခိုင်းခဲ့ကြောင်း ချန်လွေ့ သဘောပေါက်သွားခဲ့သည်။ အကြောင်းမှာ သူက ထယ်တင်းနစ်ထက် သာလွန်သော ချန်လွေ့၏ အသက်ဓာတ်ကို တပ်မက်၍ပင်။ ချန်လွေ့၏ မိမိ၏သက်တမ်း မည်မျှရှိမည်ကို မသိသော်လည်း ပါ့ဂ်လီအိုထံမှ သူ ရရှိထားသော သက်တမ်း တဝက်မှာ အနည်းဆုံး နှစ်တစ်သိန်း ဖြစ်လေသည်။ ထို့ကြောင့် ဆာမန်ဘက်မှ ကြည့်မည်ဆိုလျှင် ထိုအရောင်းအဝယ်က သေချာပေါက် ကြီးကြီးမားမား တန်ဖိုးရှိပေ၏။
“မင်းသိတော့ကော ဘာဖြစ်လဲ။” ဆာမန်က ကောက်ကျစ်စွာ ရယ်လိုက်သည်။ “အခု စည်းမျဉ်းတွေ သတ်မှတ်ပြီးသွားပြီ။ ၂ပွဲပြီးရင် မင်းအသက်က ငါ့အပိုင်ပဲ။”
ချန်လွေ့ ပြုံးလိုက်၏။ မျက်နှာဖုံးမှတဆင့် ဆာမန်က ပြတ်သားမှုကို သေသေချာချာ ခံစားမိနေသည်။ “ဒီလိုမျိုး ပါးနပ်တဲ့ လှည့်ကွက်က ကျုပ်အတွက် ဘာမှ မဟုတ်ဘူး။ ဘယ်လိုပဲဖြစ်ဖြစ် ဒီနေ့ တစ်ယောက်ပဲ အသက်ရှင်ကျန်မယ်။ လှည့်ကွက်ပဲဖြစ်ဖြစ် ၊ ဘာပဲဖြစ်ဖြစ် အကြွင်းမဲ့စွမ်းအား အရှေ့မှာ ပြက်လုံးတစ်ခုပဲ။ အပိုတွေပြောတာ ကြာနေပြီဆိုတော့ ပြိုင်ပွဲ စကြတာပေါ့။”
ထယ်တင်းနစ်၏ တပည့်က မိမိနှင့် ယှဉ်နိုင်မယ့် အစွမ်းအစ ရှိလိမ့်မည်ဟု ဆာမန် မထင်ထားခဲ့ပေ။ ထို့ကြောင့် သူကလည်း ယုံကြည်ချက် ရှိနေခဲ့သည်။ “ငါက အဲဒီစကားကို ပြောရမှာ။ ပထမဆုံးက ယန္တရားပညာ။ သုံးပွဲပြိုင်မယ်။ ဘယ်လိုပြိုင်မလဲ ဆိုတာ အံစာတုံးလှိမ့်ပြီး ဆုံးဖြတ်မယ်။”
ချန်လွေ့ အရှေ့တွင် အံစာတုံး တစ်တုံး ပေါ်ထွက်လာခဲ့သည်။ အတွေးတစ်ချက်ဖြင့် အံစာတုံး လည်သွား၏။ လည်ပြီးနောက် အံစာတုံးက တစ်စစီ ဖြစ်သွားပြီး လေထဲ၌ “တစ်” ဟူသော စာလုံးတစ်လုံး ပေါ်ထွက်လာခဲ့သည်။ စမ်းသပ်ချက်မှာ သန့်စင်ခြင်း ဖြစ်လေ၏။
အမျိုးမျိုးသော အသုံးအဆောင်များနှင့် ခရမ်းကြယ်သံ ပါရှိသော ယန္တရားစားပွဲတစ်ခုက သူတို့နှစ်ယောက် အရှေ့မှာပင် တပြိုင်နက်တည်း ထွက်ပေါ်လာခဲ့သည်။ ၁နာရီအတွင်း အမြင့်ဆုံး သန့်စင်မှုအဆင့် ရရှိသူက ထိုအကျော့ကို အနိုင်ရရှိပေမည်။
သန့်စင်ခြင်းက အမြုတေကို ထိမ်ချန်ထားပြီး အညစ်အကြေး များကို ဖယ်ရှားရသော လုပ်ငန်းစဉ် ဖြစ်သည်။ ထိုအရာက ယန္တရားပညာရှင်များအတွက် အရေးပါဆုံး စွမ်းရည်တစ်ခုလည်း ဖြစ်လေသည်။ အထူးသဖြင့် သတ္တုအထူးပြု ယန္တရား ပညာရှင်များပင်။ ထိုအဆင့်က ပစ္စည်းတစ်ခုလုံး၏ အရည်အသွေးကို ဆုံးဖြတ်ပေးနိုင်လေသည်။
ချန်လွေ့က အမြန်စဉ်းစားလိုက်သည်။ တကယ်လို့ ဆာမန်က စည်းမျဉ်းတွေထဲက ဟာကွက်တွေကို သုံးနိုင်မယ်ဆိုရင် ငါလည်း သုံးလို့ရမှာပဲ။ စူပါစနစ်က ဒီကစားပွဲအတွက် သင့်တော်မတော်ကို ဒီပထမဆုံး စမ်းသပ်ချက်မှာ စမ်းကြည့်ရမယ်။ သူက ယန္တရား စားပွဲပေါ်တွင် ရှိနေသော မီးဖိုပေါ်သို့ လှည့်လိုက်သည်။ ဓာတ်သတ္တုများကို မြင့်မားသော အပူချိန်ဖြင့် နီသည်အထိ အပူပေးလိုက်ပြီးနောက် သူက တူကို ကောက်ယူပြီး ရိုးရှင်းစွာ ထုရိုက်တော့သည်။
ချန်လွေ့၏ အမူအရာကို မြင်သည့်အခါ ဆာမန်၏ အထင်သေးမှုက ပိုမို ကြီးမားလာခဲ့သည်။ သူ၏လက်ထဲမှတူက နီရဲနေသော သတ္တုကို စတင်ထုလိုက်သည်။ ယန္တရား ဆရာသခင်များ၏ မျက်လုံးထဲ၌ ထိုကဲ့သို့ လုပ်ရပ်က ထူးဆန်းသော ဆင်ခြင်တုံတရားနှင့် စည်းချက်တစ်ခု ရှိနေပြီး ဝိညာဉ်ကိုပင် ဆွဲယူလုမတတ် ဖြစ်နေ၏။ ထိုလှုပ်ရှားမှု တစ်ခုတည်းကပင် ဆာမန်၏ အစွမ်းအစကို ဆုံးဖြတ်ပေးနိုင်၏။
“မဟာဆရာသခင်ပဲ။” ဆရာသခင်တစ်ယောက်က အော်ပြော လိုက်လေသည်။ သူ၏ အသံကို ပရိသတ်က ကြားသွားပြီး အလျင်အမြန် ပျံ့နှံ့သွားတော့သည်။
ဆာမန်က သေချာပေါက် ယန္တရား မဟာဆရာသခင်ပဲ။ သူ ပြောခဲ့တဲ့အတိုင်း သူ့အစွမ်းက ထယ်တင်းနစ်ထက် သာလောက်တယ်။
ခုနက သူတို့နှစ်ယောက် ပြောတာကို နားထောင်ရတာ သူတို့က သူသေကိုယ်သေ အလောင်းအစား လုပ်နေတဲ့ပုံပဲ။ ဆရာသခင်နဲ့ မဟာဆရာသခင်ကြားမှာ ရင်ဖိုစရာ မရှိသလောက်ပဲ။ သုံးသွယ်-အထူးပြု ပါရမီရှင် ဆရာသခင်က ဒါကို ဘယ်လိုမျိုး ကိုင်တွယ်မှာလဲ။
ဆာမန်က နှစ်ပေါင်း တစ်သောင်းအထိ နိုင်ပွဲဆက်ခဲ့သည်။ ညစ်ထားသော “လောင်းကြေး” အရေအတွက် အများအပြားကို ကိုင်ထားသည့်အတိုင် သူ၏ ကိုယ်ပိုင်စွမ်းရည်ကလည်း အမှန်ပင် ထူးချွန်လှသည်။ နှစ်ပေါင်းများစွာအတွင်း ဆာမန်က အမှတ်အသား တဝက်၏ လျို့ဝှက်ဆန်းကြယ်မှုကို အပြည့်အဝ ဆုပ်ကိုင်နိုင်ခဲ့ပြီး သူ၏ စွမ်းရည်က မူလဆရာ ရိုဆန်ဘာ့ချ်ထက်ပင် ကျော်လွန်သွားခဲ့သည်။ သူက ချန်လွေ့ကို အတော်လေး အထင်သေးသော်လည်း ဂရုမစိုက် မနေပေ။ သူက တူထုလိုက်၊ သန့်စင်လိုက်၊ တူထုလိုက် အခေါက်ခေါက် လုပ်နေခဲ့သည်။ ထိုသတ္တု၏ ထုထည်ကလည်း အလျင်အမြန် ကျုံ့လာ၏။
တစ်နာရီ ကြာပြီးနာက် ဆာမန်၏ ယန္တရားစင်ပေါ်တွင် သတ္တုလုံး တစ်လုံး ထွက်ပေါ်လာခဲ့သည်။ ၎င်းက အပေါက်မရှိဘဲ လုံးဝ ပြီးပြည့်စုံနေဟန်တူသည်။ ချန်လွေ့က နောက်ထပ် သန့်စင်ကို အချိန်ယူဟန်မတူပေ။ သူက သန့်စင်ပြီးသွားသည်မှာ ကြာလေပြီ။ ထို့နောက် သူက ဆာမန်’ လှုပ်ရှားမှုများကို စိတ်ဝင်တစားနှင့် စိုက်ကြည့်နေခဲ့၏။ သူ၏ရှေ့တွင် သတ္တု ကုဗတုံးလေးတစ်တုံး ရှိနေသည်။
ယန္တရား ဆရာသခင်များက ခေါင်းခါလိုက်ကြသည်။ “အာသာ” ရဲ့ မသေမသပ် လှုပ်ရှားမှုတွေ အပြင်ကို သန့်စင်ထားတဲ့ ပုံစံကို ကြည့်ရုံနဲ့ အာသာက သေချာပေါက် နိမ့်ကျတယ်။ ဘာလို့လဲဆို အညစ်အကြေးတွေက ကုဗတုံးထောင့်နေရာမှာ သေချာပေါက် စုစည်းနိုင်လို့ပဲ။ အမြင့်ဆုံး သန့်စင်ဖို့အတွက် အသင့်တော်ဆုံး ပုံစံက အဝိုင်းပုံစံမှ။ ဒီပြိုင်ပွက သေချာပေါက် လုံးဝ ရင်ဖိုစရာ မကောင်းဘူးပဲ။
ဆာမန်က ချန်လွေ့အရှေ့မှ ကုဗတုံးလေးကို သရော်ပြုံး ပြုံးလိုက်ပြီး အမှတ်အသား နေရာလွတ်က ရလာဒ်ကို စတင် အကဲဖြတ်တော့သည်။ ရလာဒ်က နေရာလွတ်ထဲ၌ စာသား ပုံစံဖြင့် ပြသလေသည်။ ခုနက အံစာတုံးခေါက်သော ရလာဒ်ကဲ့သို့ပင်။
ဆာမန်၏ သန့်စင်မှုအဆင့်က ၈၆ ဖြစ်၏။ ယေဘုယျအားဖြင့် ပြောရမည်ဆိုလျှင် ကုန်ကြမ်းအများအပြားက သန့်စင်မှု အတိုင်းအတာ တစ်ခုအထိ ရောက်ရှိသွားလျှင် ထပ်ကာထပ်ကာ သန့်စင်၍ မရတော့ပေ။ ခရမ်းကြယ်သံက သန့်စင်ရ အခက်ခဲဆုံး ကုန်ကြမ်းများထဲမှ တစ်ခု ဖြစ်သည်။ သာမန် ဆရာသခင်များက သန့်စင်မှု အဆင့် ၇၀အထိသာ ရောက်ရှိနိုင်ကြသည်။ ဆာမန်က ၈၆ အထိ ရောက်ရှိနိုင်သည်မှာ အတော်လေး အထင်ကြီးစရာပင်။ ထိုအရာကလည်း အချိန်အကန့်အသတ် ၁နာရီအတွင်း ဖြစ်၏။ ဆာမန်၏ နည်းလမ်းအရ အချိန်လုံလောက်မည်ဆိုလျှင် သန့်စင်မှု အဆင့်က ၉၀နှင့်အထက် ရောက်ရှိသွားနိုင်ပေသည်။
ဆရာသခင်များ မယုံကြည်နိုင် ဖြစ်သွားကြသည်။ ဆာမန်၏ စရိုက် မည်သို့ပင် ဖြစ်စေကာမူ မဟာဆရာသခင်အဆင့် စွမ်းရည်များက အစစ်အမှန် ပြည့်ဝပေသည်။ သို့သော်လည်း ထို မယုံကြည်နိုင်မှုက စက္ကန့်အနည်းငယ်သာ ကြာမြင့်ခဲ့ပြီး “အာသာ”၏ ရလာဒ်များ ထွက်ပေါ်လာသောအခါ ချက်ချင်းပင် ထိတ်လန့်မှုအဖြစ် ပြောင်းလဲသွားခဲ့သည်။
အာသာ၏ သန့်စင်မှု။ ၁၀၀ !
ဆာမန်က မယုံကြည်နိုင် ဖြစ်သွားပြီး အမြင်မှားသည်ဟုပင် တွေးလိုက်မိသည်။ ၁၀၀ ဆိုတဲ့ အယူအဆက ဘာလဲ။ ဘယ်လို ကုန်ကြမ်းပဲဖြစ်ဖြစ်၊ ဘယ်သူပဲ သန့်စင်သန့်စင်၊ ရှောင်လို့မရတဲ့ မသန့်စင်မှု နည်းနည်းတော့ အမြဲတမ်း ရှိနေတာပဲ။ ခရမ်းကြယ်သံ အတွက် သန့်စင်မှု ၉၀ က ကိုယ်တိုင်သန့်စင်မှုကနေ ရရှိနိုင်တဲ့ အကန့်အသတ် နီးပါးပဲ။
သို့သော်လည်း ယနေ့တွင် ထိုသီဝရီက သူ့အရှေ့တွင် အမှန်တကယ် ဖြစ်လာတော့သည်။
အမှတ်အသား နေရာလွတ်၏ ဆုံးဖြတ်ချက်က လုံးဝ တိကျကြောင်း ဆာမန် ကောင်းကောင်း နားလည်သည်။ မသေမသပ် နည်းလမ်းနဲ့ ထုရိုက်ခံရတဲ့ အဲဒီသတ္တုက တကယ့်ကို သီဝရီမှာပဲ ဖြစ်နိုင်တဲ့ အမြင့်ဆုံး သန့်စင်မှု ရခဲ့တယ်။ ဘယ်လို နည်းစနစ်မျိုးက ဒီလိုမျိုး ရနိုင်တာလဲ။ ထိပ်တန်း မဟာဆရာသခင်က အဲဒါမျိုး လုပ်နိုင်လား။
“မင်း ဘယ်လို ညစ်ခဲ့တာလဲ။” ဆာမန်က အော်လိုက်မိသည်။
“စည်းမျဉ်း ခွင့်ပြုသရွေ့ အနိုင်ရသူ စားစတမ်းဆို။ ခင်ဗျား ပြောခဲ့တာပဲလေ။” ချန်လွေ့က ပုံမှန်ပင် ပြန်ဖြေလိုက်ပြီး သူ့လက်ဖြင့် “အသွင်ပြောင်း”လိုက်သည်နှင့် စည်းမျည်းက အသိအမှတ် ပြုကြောင်းကို သိသွားလေပြီ။
ဆာမန်က အပြင်းအထန် မောဟိုက်နေခဲ့သည်။ သူ၏ မျက်လုံးတစ်လုံးက ချန်လွေ့ကို အပိုင်းပိုင်း ပြုလုပ်ရန်အတွက် မရေမတွက်နိုင်သော ဓားများ ပစ်လွှတ်နေဟန်တူသည်။ သူက နောက်ဆုံးတွင် စိတ်ကို အေးအေးထားလိုက်ပြီး ဒုတိယ အကျော့အတွက် ပြိုင်ပွဲ ရွေးချယ်ရန် အံစာတုံး ခေါက်တော့သည်။ ဒုတိယပွဲအကျော့က ၂နာရီအတွင်း သတ်မှတ်ထားသော ကုန်ကြမ်းများကို အသုံးပြုကာ ထူးကဲအဆင့် ဓားရှည်တစ်လက် ဖန်တီးရန် ဖြစ်သည်။ ထို့ကြောင့် ထိုဓားနှစ်လက်ကို အချင်းချင်း ခုတ်စေပြီး အရင်ကျိုးသောဓားက အရှုံး ဖြစ်သည်။
ထိုစည်းမျဉ်းအတွက် အဓိကအချက်များလည်း ရှိပေသည်။ ပထမဦးစွာ သတ်မှတ်ထားသော ကုန်ကြမ်းများက တိုး၍မရသလို၊ လျှော့၍လည်း မရပေ။ ထိုအရာက ပန်းပဲစွမ်းရည်ကို ကြီးကြီးမားမား အကန့်အသတ် ဖြစ်စေနိုင်သည်။ ဒုတိယမှာ ထူးကဲအဆင့် ဖြစ်၏။ ထိုအဆင့်ထက် နိမ့်ကျခြင်း သို့မဟုတ် ကျော်လွန်ခြင်း ဖြစ်သွားပါက တစ်ခါတည်း အရှုံးဟု သတ်မှတ်မည်။ တတိယအနေဖြင့် အချင်းချင်း ခုတ်ရာတွင် ဓားရှည်၏ မာကြောမှု ကြားမှ အသင့်တော်ဆုံး မျှခြေကို ရွေးချယ်ရန် လိုအပ်ပြီး ဂုဏ်သတ္တိက တိုက်ခိုက်ရာတွင် ကောင်းမွန်ရပေမည်။
စားပွဲပေါ်မှ အသေတပ်ထားသော ဓားသန္ဓေသားလောင်းနှင့် ကုန်ကြမ်းများကို ကြည့်ရင်း ချန်လွေ့က မည်သည့် အတွေးကိုမှ မတွေးဘဲ အမှန်တကယ် စိတ်ကို တည်ငြိမ်အောင် ပြုလုပ် လိုက်သည်။ ခုနက သန့်စင်မှုက စမ်းသပ်ချက်တစ်ခုသာဖြစ်ပြီး ယခုက မဟာဆရာသခင်ကြားမှ တကယ့်ပြိုင်ပွဲ ဖြစ်လေ၏။
ချန်လွေ့က ခဏတာ တိတ်ဆိတ်သွားပြီးနောက် တူဆီသို့ လက်ကမ်းလိုက်သည်။ ယခင် မတော်တဆ ရှုံးနိမ့်သွားခြင်းကြောင့် ဆာမန်က အလျင်အမြန်မလိုဘဲ ချန်လွေ့၏ လှုပ်ရှားမှုများကိုသာ ဆက်လက် စောင့်ကြည့်နေလိုက်သည်။
ချန်လွေ့က တူကိုကိုင်ရန် လက်ဆန့်တန်းလိုက်သည်ကို မြင်သည့်အခိုက်တွင် ဆာမန်၏ မျက်လုံးများ ရုတ်တရက် ကျုံ့သွားခဲ့သည်။ ဒီလှုပ်ရှားမှု၊ ဒီလိုအာရုံစိုက်မှု၊ ဒီလိုအဟုန်က.... ခုနကပွဲနဲ့ လုံးဝ မတူဘူး။ ဒါက တကယ့် မဟာဆရာသခင် တစ်ယောက် ထုတ်လွှတ်တဲ့ အငွေ့အသက် ခံစားချက်ပဲ...
ဒီအာသာရဲ့ အစွမ်းအစက မယုံနိုင်စရာ ကောင်းအောင် ထယ်တင်းနစ်ကို ကျော်လွန်နေပြီ။ အနည်းဆုံးတော့ သူက “မဟာဆရာသခင်”မှာ ငါ့အဆင့်လောက် ရောက်နေပြီ။
အပြင်ဘက်မှ ယန္တရားဆရာသခင်များက အနည်းငယ်သာ ကြည့်လိုက်ပြီးနောက် လေပွေတစ်ခုဖြင့် ဆွဲခံလိုက်ရသကဲ့သို့ပင် သူတို့၏ မျက်လုံးများက ၎င်း၏ ဆွဲဆောင်မှုကို ခံလိုက်ရ၏။ ချန်လွေ့၏ လှုပ်ရှားမှုက မသေမသပ် ဖြစ်နေဟန်တူသော်လည်း အသေးစိတ်တိုင်းက အသက်အငွေ့အသက် ရေးရေးလေး ပေါ်လွင်နေ၏။ ထိုအငွေ့အသက်အောက်တွင် ဓားသန္ဓေသားက တဖြည်းဖြည်းနှင့် ဓားရှည်တစ်လက်အဖြစ် ပြောင်းလဲလာသည်။ ထိုပြောင်းလဲမှုက ပင်ကိုသဘာဝ ပြောင်းလဲခြင်း ကဲ့သို့ပင် သဘာဝ ဆန်နေ၏။
ဒီတစ်ခုတည်းကို ကြည့်မယ်ဆိုရင် မဟာဆရာသခင်ပဲ ဒါမျိုး လုပ်နိုင်တာ။ ဒီလိုခံစားချက်က အာသာရဲ့ဆရာ ထယ်တင်းနစ်ရဲ့ ခုနက လှုပ်ရှားမှုတွေကတောင် အများကြီး နိမ့်ကျသွားသလိုပဲ။
ဒါကြောင့် “အာသာ”က ဆာမန်နဲ့ အသက်ရင်းပြီး လောင်းကြေးထပ်ရဲတာကိုး။ သူက သူ့ဆရာထက်ကို ကျော်နေပြီပဲ။
အရိပ်နက်အင်ပါယာမှ ယန္တရားအစည်းအရုံး ဥက္ကဋ္ဌ အန်ဒါဆန်က အလွန်အမင်း ခံစားချက် ပြင်းထန်သော အမူအရာ တစ်ခု ပြသလိုက်သည်။ ငါ သူ့ကို မတွေ့တာ သုံးလေးနှစ်ပဲ ရှိသေးတယ်။ အဲဒီ သုံးသွယ်-အထူးပြု ပါရမီရှင် ဆရာသခင်က လူတိုင်း မော့ကြည့်ရတဲ့ တကယ့် မဟာဆရာသခင်တစ်ယောက် ဖြစ်လာခဲ့ပြီ။
ဆရာသခင်များသာမက ရှိနေသော ပရိသတ်များကပင် ချန်လွေ့၏ သွန်းလုပ်မှုကို နားမလည်နိုင်သလို သေသေချာချာလည်း မမြင်နိုင်တော့ပေ။ ဓားရှည်က ပင်ပျိုအသစ်ကဲ့သို့ ဖြစ်နေပြီး အဖူးမှ ဖြည်းဖြည်းချင်း ပွင့်လာသကဲ့သို့ ဖြစ်နေပြီး သစ်ကိုင်းနှင့် သစ်ရွက်များ ဆန့်တန်းသွားကာ မြင့်မားသော သစ်တစ်ပင် ဖြစ်လာတော့သည်။
ထိုအရာက အံ့သြဖွယ်ရာ ခံစားချက်တစ်ခုပင်။ အချို့ကပင် ထိုအရာကြောင့် မမျှော်လင့်ထားသော အတွေးအမြင်တစ်ခု ရရှိခဲ့လေသည်။
ဆာမန်လည်း အံ့အားသင့်သွားခဲ့သည်။ သို့သော်လည်း သူက ချက်ချင်းပင် စိတ်တည်ငြိမ်သွားပြီး စတင် သွန်းလုပ်တော့သည်။
၂နာရီက မတိုတောင်းလှပေ။ သို့သော်လည်း တော်ဝင် ပြိုင်ကွင်းက အမှတ်အသားနေရာလွတ်ထဲမှ လူနှစ်ယောက်ကို အနှောင့်အယှက် မဖြစ်စေရန်အတွက် အလွန် တိတ်ဆိတ် နေကြသည်။ ယခင်တစ်ခေါက်ကဲ့သို့ မဟုတ်ဘဲ ယခုအကျော့က လူတိုင်း၏ စိတ်ထဲကို ဘာမှန်းမသိသော ရလာဒ်အတွက် မျှော်လင့်ချက်များ ပြည့်နေစေခဲ့သည်။ အကြောင်းမှာ ထိုအရာက နတ်ဆိုးဘုံရှိ အဆင့်အမြင့်ဆုံးကို ကိုယ်စားပြုသော မဟာ ဆရာသခင်နှစ်ယောက်ကြားမှ ပြိုင်ပွဲ ဖြစ်နေ၍ပင်။ ထို့ပြင် အဆုံးသတ်၌ တစ်ဦးတည်းသာ အသက်ရှင်ကျန်မည် ဖြစ်သည်။