အိုလီဖီးရက်စ်ရဲ့ ရန်သူ
Vol. 50 Ch. 824
ဆာမန်၏ လက်များက ပို၍ပင် တုန်လှုပ်လာခဲ့ပြီး သူ၏ မသေမျိုးခန္ဓာကိုယ်က ထိုဆေးရည်အငွေ့အသက်ထဲ၌ ပါဝင်သော အစွမ်းထက် ချုပ်တည်းမှုကို ခံစားနေရပြီ ဖြစ်သည်။ ထိုအရာက သူ့ကို ဝိညာဉ်ထဲမှနေ၍ တုန်လှုပ်စေသော အသက်စွမ်းအင် တစ်ခုပင်။ သူက အစစ်အမှန် မဟာဆရာသခင်တစ်ယောက် ဖြစ်ရာ ထိုပုလင်းက ဒဏ္ဍာရီလာ အန္တိမ ဆေးရည်မည်း ဖြစ်သည့် ပြန်လည်ရှင်သန်ခြင်း ဆေးရည်ဖြစ်ကြောင်း ပြောနိုင်လေသည်။
“အာသာ”ရဲ့ အောင်မြင်မှုတွေက သေချာပေါက် အမှတ်အသား တဝက်ကြောင့် မဟုတ်ဘူး။ သူပြနေတဲ့ အစွမ်းအစတွေက အမှတ်အသား ဖန်တီးသူတွေထက်တောင် ကျော်လွန်နေပြီ။ ပြိုင်ဘက်မရှိဘူးလို့ ထင်နေတဲ့ ငါ့ထက်တောင် သာနေတယ်။
ယန္တရားမဟာဆရာသခင်နဲ့ ဆေးရည် မဟာ့မဟာဆရာသခင် ဖြစ်တဲ့ ပါရမီရှင်။ မဟုတ်ဘူး။ “ပါရမီရှင်” ဆိုတဲ့ စကားလုံးက အသက်၃၀တောင် မပြည့်သေးတဲ့ ဒီလူငယ်လေးကို ဖော်ပြဖို့ မဖြစ်နိုင်တော့ဘူး။ ဒီလိုမျိုး လောကခြားလူက ဘယ်လိုမျိုး သမိုင်းကြောင်းမှာပဲဖြစ်ဖြစ် အတောက်ပဆုံး တည်ရှိမှု ဖြစ်နိုင်တယ်။ ငါက ဒီလိုမျိုးလူကို တကယ်ကြီး ကြုံတွေ့ခဲ့ရတယ်။ ပြီးတော့ နှစ်တစ်သောင်း သူသေကိုယ်သေ တိုက်ပွဲရဲ့ နောက်ဆုံး တိုက်ပွဲမှာ ဖြစ်နေတယ်။
ရုတ်တရက် ဆာမန်က အချိန်အတော်ကြာ အော်ငိုချင်စိတ် ဖြစ်သွားခဲ့သည်။ ငါက ဘာလို့ ပြိုင်ပွဲမှာ ထယ်တင်းနစ်နေရာကို ဒီလူငယ်လေး အစားထိုးဖို့ သဘောတူခဲ့ရတာလဲ။
သို့သော်လည်း သူ့တွင် နောင်တရစရာ အချိန်မရှိပေ။ ၁၀မိနစ် ရွေးချယ်ခွင့်က ကုန်ဆုံးနေပြီ ဖြစ်သည်။ အကယ်၍ သူက ပြန်လည်ရှင်သန်ခြင်း ဆေးရည်ကို သောက်ခဲ့လျှင် သူ့ဝိညာဉ် ချေမှုန်းခံရပေမည်။ အကယ်၍ သူ မသောက်ခဲ့လျှင် ပြိုင်ပွဲကို လုံးဝ ရှုံးနိမ့်မည် ဖြစ်သည်။ အမှတ်အသားနေရာလွတ် သူ၏ လက်ကျန် အသက်ဓာတ်ကို ယူလိမ့်မည် ဖြစ်ကာ ထိုအရာကလည်း သေဆုံးခြင်းပင်။
ထိုအခိုက်တွင် ဆာမန်၏ မျက်လုံးတစ်လုံးက ငြိမ်းတော့မည့် မီးတိုင်တစ်ခုသဖွယ် ရုတ်တရက် မှိန်ကျသွားပြီးနောက် အသက်ဓာတ် ကုန်ဆုံးသွားဟန်တူသည်။
ကိုယ့်ကိုယ်ကိုယ် သတ်သေတာလား။ မဖြစ်နိုင်ဘူး။ ချန်လွေ့ မျက်မှောင်ကြုတ်လိုက်ပြီးနောက် ဆာမန်၏ ခန္ဓာကိုယ်ပေါ်မှ ထွက်လာသော ကြောက်မက်ဖွယ်ရာ အငွေ့အသက်တစ်ခုကို ရုတ်တရက် ခံစားလိုက်ရ၏။ ထိုစွမ်းအားက နတ်ဆိုးအရှင်သခင် အဆင့်ကို ချက်ချင်း ကျော်လွန်သွားခဲ့ပြီး ချန်လွေ့အား အလွန်အမင်း အန္တရာယ်များသော ခံစားချက်တစ်ခု ပေးနေသည်။
ဆာမန်၏ မျက်လုံးများ ဖြည်းဖြည်းချင်း ပွင့်လာသည်။ ယခုတစ်ခေါက် တစ်လုံးတည်း မဟုတ်တော့ဘဲ နှစ်လုံးလုံး ဖြစ်နေ၏။ သူ့မျက်လုံးမှ လက်ခနဲ ဖြစ်နေသော အလင်းရောင်က အေးစက်သော မီးတောက်တစ်ခုကဲ့သို့ပင်။
“ဒီမပြည့်ဝတဲ့ကောင်က တကယ်ကြီး ဒီလို ကြံရာမရတဲ့ အခြေအနေမျိုး ရောက်ခဲ့လို့ ငါကိုယ်တိုင် ဖြေရှင်းရတော့မယ်။”
“ဆာမန်”၏အသံက အတော်လေး တိုးသွားခဲ့ပြီး အခြားသူ တစ်ယောက် ဖြစ်သွားသကဲ့သို့ပင်။
ချန်လွေ့က [သရုပ်ခွဲမျက်လုံး] ထဲရှိ အချက်အလက်များမှ အပြောင်းအလဲများကို အာရုံခံလိုက်သည်။ သူက အသာလေး မျက်ခုံးပင့်ပြီး ပြောလိုက်သည်။ “ခင်ဗျားက ဆာမန်နဲ့ စာချုပ် ချုပ်ထားတဲ့သူလား။ နောက်ဆုံးတော့ ကျုပ် နားလည်ပြီ။ ခင်ဗျားတို့က သဟဇီဝစာချုပ် ချုပ်ထားတာပဲ။ ပြောရရင်တော့ ဆာမန်က ခင်ဗျားရဲ့ အသက်သေတ္တာပဲ။ ဆာမန်ကို သတ်လိုက်တာနဲ့ ခင်ဗျားက မသေမျိုး သတ္တဝါ ဖြစ်ရင်တောင် ဝိညာဉ်က လုံးဝ ပျောက်ကွယ်သွားမှာပဲ။”
“ဟမ့်...” “ဆာမန်”၏ မျက်လုံးထဲမှ အနက်ရောင် မီးတောက်များ လက်ခနဲ ဖြစ်သွားလေသည်။ “ငါက သေလုနီးပါး ဖြစ်နေပြီးတော့ မသေမျိုးအဖြစ်ကို ပြောင်းလဲဖို့အတွက် သူ့ရဲ့ အင်အားကို မငှားခဲ့ရဘူးဆိုရင် ဒီအသုံးမကျတဲ့ အမှတ်အသားရဲ့ အနှောင့်အယှက်ကြောင့် ဘယ်လိုလုပ်ပြီးတော့ ဒီလိုမျိုး စုတ်ပြတ်နေတဲ့ အခြေအနေမျိုး ဖြစ်ရမှာလဲ။”
ဆာမန်၏ ခန္ဓာကိုယ်ထဲမှ အမှတ်အသားက ဝိညာဉ်စာချုပ်နှင့် ညီမျှကြောင်း ချန်လွေ့ ရုတ်တရက် သဘောပေါက်သွားခဲ့သည်။ လူတစ်ယောက်က စာချုပ်တစ်မျိုးသာ သယ်ဆောင်နိုင်၏။ နတ်ဘုရားတစ်ပိုင်း အစွမ်းထက်ပုဂ္ဂိုလ်အတွက်ပင် တစ်ဆင့်စီ၌ စာချုပ်တစ်ခုသာ ရှိနိုင်သည်။ ထို့ကြောင့် ထို “အပေါင်းအဖော်”က အင်အားကြီးစွမ်းအားကို အသုံးပြုပြီး စာချုပ်တစ်ခုကို အတင်း ချုပ်လိုက်ရာ အမှတ်အသား၏ နှောင့်ယှက်ခြင်းကို ခံလိုက်ရပြီး စာချုပ်အား ပြန်ပြောင်းမရသော ပြောင်းလဲမှုများ ဖြစ်သွားစေ၏။
“သဘောပေါက်ပြီ။ အမှတ်အသားကြောင့် ခင်ဗျားရဲ့ အသက်က သူ့နဲ့ တင်းတင်းကြပ်ကြပ် ချည်နှောင်နေတယ်။ အဲဒါကြောင့် ခင်ဗျားက တကယ့် မသေမျိုး သတ္တဝါ မဟုတ်တော့ဘူး။ အဲဒါကြောင့် ခင်ဗျားက ကျုပ်အသက်ကို တပ်မက်ပြီးတော့ ပြိုင်ပွဲကို နောက်ဆုတ်ပြီး အသက်၃၀၀ စတေးခဲ့တာကိုး။ ကံဆိုးချင်တော့ ဒီပြန်လည်ရှင်သန်ခြင်း ဆေးရည်ကို မသောက်ဘူးဆိုရင် ခင်ဗျား ရှုံးသွားပြီ။ ဒီနေရာလွတ်ထဲမှာ ပြိုင်တဲ့သူတွေကို ဥပဒေသက ကာကွယ်ပေးထားတယ်။ အဲဒါကြောင့် ခင်ဗျား ကျုပ်ကို ထိခိုက်အောင် လုပ်လို့မရဘူး။”
နေရာလွတ်ထဲ၌ ဆာမန်၏ မူမမှန်မှုကို သတိထားမိ သွားကြသည့်အခါ ပရိသတ်အများအပြားက တစ်ယောက်ချင်း ထရပ်လိုက်ကြသည်။ အရေးကြီးပုဂ္ဂိုလ်ထိုင်ခုံများမှ ပါ့ဂ်လီအိုနှင့် အခြားသူများလည်း စနောက်မနေတော့ဘဲ လေးနက်သော အမူအရာများ ပြသလိုက်ကြသည်။ နေရာလွတ်ထဲမှ “ဆာမန်”ကို ကြည့်နေသော မစ်-နဂါးနက် အကြောင်းရင်းတချို့ကြောင့် တုန်လှုပ်နေလေ၏။
ခုံသမာဓိနေရာရှိ ချန်လွေ့၏ မျက်လုံးများက “ဆာမန်”ကို စိုက်ကြည့်နေပြီး သူ၏ ကျုံ့ထားသော မျက်လုံးထဲတွင် သတ်ဖြတ်ချင်စိတ် အငွေ့အသက်တစ်ခု ရှိနေသည်။
“ဒီဆေးရည်ပုလင်းကို ငါ သောက်စရာ မလိုဘူး။” “ဆာမန်”က သရော်ပြုံး ပြုံးလိုက်၏။ “အမှတ်အသားနေရာလွတ်ထဲက ဥပဒေသက ငါ့ကို လံုးဝ ကန့်သတ်နိုင်မယ်လို့ မထင်နဲ့။ စာချုပ်ရဲ့ မူမမှန်တဲ့ ပြောင်းလဲမှုကြောင့်သာ မဟုတ်ရင် ဒီဥပဒေသကို ငါ ဖျက်ဆီးလိုက်တာကြာပြီ။”
ထိုသို့ပြောပြီးနောက် “ဆာမန်”၏ မျက်လုံးထဲ၌ လောဘ အငွေ့အသက် ရှိနေ၏။ “ငါ့စွမ်းအားက ဒီအကြောင်းရင်းကြောင့် နှစ်ပေါင်းထောင်နဲ့ချီ ကြီးကြီးမားမား အားနည်းနေပြီးတော့ ဥပဒေသကို ပြောင်းပြန်လုပ်ဖို့က ငါ့အသက်စွမ်းအား အကုန်လံုးနီးပါးကို ကုန်ခမ်းနိုင်စေပေမဲ့ မင်းရဲ့ အသက်စွမ်းအားကို ဝါးမျိုနိုင်မယ်ဆိုရင် အားလုံး ထိုက်တန်တယ်။”
ထို့နောက် “ဆာမန်”ထံမှ မရေမတွက်နိုင်သော အနက်ရောင် လျှပ်စီးများ ထွက်လာလေသည်။ အမှတ်အသား နေရာလွတ် တစ်ခုလုံး တုန်လှုပ်သွားပြီး ချန်လွေ့အရှေ့မှ ဥပဒေသ ကာကွယ် စွမ်းအားများက အဆက်မပြတ် တုန်ခါနေ၏။
ခံုသမာဓိအကန့်ရှိ ရိုင်ဇန်က လက်သီးဆုပ်ထားကာ ရုတ်တရက် မတ်တပ်ရပ်လိုက်သည်။ သူက နေရာလွတ်ထဲသို့ လက်သီးဖြင့် ပစ်ထိုးလိုက်သည်။ ချန်လွေ့၏ မိစ္ဆာမျက်ဆံထဲ၌ ထိုလက်သီးချက် စွမ်းအားက မှော်ဆရာခံတပ် နောက်ဆုံးတိုက်ပွဲမှာထက် အနည်းငယ် ပိုအားကောင်းနေသည်။ ကျိန်စာကို လုံးဝ ဖယ်ရှားပြီးနောက် ရိုင်ဇန်၏ စွမ်းအားက သိသိသာသာ တိုးတက်လာပုံရသည်။
ရိုင်ဇန် လှုပ်ရှားရခြင်းမှာ အတော်လေး ရိုးရှင်းပေသည်။ သမိုင်းထဲတွင် ရှားပါးလှသော အထူးမဟာဆရာသခင် “အာသာ” က နတ်ဆိုးဘုံအတွက် အလွန်အမင်း အဖိုးတန်သော အရင်းအမြစ် တစ်ခု ဖြစ်ပေသည်။ ထို့အပြင် တစ်ဖက်လူက ပြိုင်ပွဲကို ရှုံးနိမ့်သွားပြီး ညစ်ပတ်သော နည်းလမ်းများဖြင့် အာသာကို ထိခိုက်အောင် ကြိုးစားနေလေသည်။ ခံုသမာဓိတစ်ယောက် အနေဖြင့် ဖြစ်စေ၊ အုပ်ချူပ်သူတစ်ယောက် အနေဖြင့် ဖြစ်စေ၊ သူက ထိုင်မကြည့်နေနိုင်ပေ။
သူက ထိုမဟာ့မဟာဆရာသခင်၏ အသက်ကို ကယ်တင်ခဲ့လျှင် စည်းရုံးရန် အခွင့်အရေးတစ်ခု ဖြစ်လာနိုင်ပေသည်။
ရိုင်ဇန်၏ တိုက်ခိုက်မှုအောက်တွင် အက်ကြောင်းများက အတွင်းအပြင် ဖိအားများကြောင့် ပေါ်ထွက်လာခဲ့လေသည်။ နေရာလွတ်က ကြီးကြီးမားမား တုန်ခါသွားပြီးနောက် ပြိုလဲကျ သွားတော့သည်။
ချန်လွေ့က မိမိနှင့် ဆာမန်ကို ချည်ထားသော “ရွှေချိန်းကြိုး”က တဖြည်းဖြည်း အားနည်းလာပြီး အချိန်မရွေး ပြတ်နိုင်သည်ကို ခံစားမိလိုက်သည်။ အမှတ်အသားစွမ်းအားက ကြီးကြီးမားမား အားနည်းလာနေသည်မှာ အသေအချာပင်။
“ဟားဟား...” ဆာမန်က ကျယ်လောင်စွာ ရယ်လိုက်၏။ “သွေးရောင်အင်ပါယာက လော့ဒ်-ရိုင်ဇန်။ ကျေးဇူးအများကြီး တင်ပါတယ်။ ငါ့ရဲ့အင်အား တစ်ခုတည်းကို အားကိုးရင် ဒီဥပဒေသနေရာလွတ်ကို ဖျက်ဆီးဖို့အတွက် အတော်လေး ပေးဆပ်ရမှာ။ မင်းရဲ့ အကူအညီ မရှိဘူးဆိုရင် နေရာလွတ်ရဲ့ ချုပ်တည်းမှုကို ဒီလောက်လွယ်လွယ်လေး ပယ်ဖျက်ဖို့ မဖြစ်နိုင်ဘူး။”
ထိုအချိန်မှသာ တစ်ဖက်လူက မိမိ၏ လှုပ်ရှားရန် တမင်တကာ ဆွဲဆောင်နေခဲ့ကြောင်း သဘောပေါက်သွားသည်။ သူ၏အကြည့်မှ သတ်ဖြတ်ချင်စိတ်က ပိုမိုကြီးမားလာခဲ့သည်။ သူ၏ လက်သီးက သွေးရောင်အလင်းများ တောက်ပလာပြီး “ဆာမန်”ကို နောက်ထပ် လက်သီးတစ်ချက် ပစ်ထိုးလိုက်၏။
“ဆာမန်”က လက်ကို ဆန့်ထုတ်ပြီး ခုခံလိုက်ရာ ခန္ဓာကိုယ်က ရုတ်တရက် တုန်ခါသွားခဲ့သည်။ သူ၏ လက်မောင်းမှ အက်ကွဲသံ တစ်ခု ထွက်ပေါ်လာခဲ့ပြီး အက်ကြောင်းများက လက်မောင်း တလျှောက် အလျင်အမြန် ပျံ့နှံ့သွားခဲ့သည်။
“ဝုန်း....”
ခန္ဓာကိုယ်တစ်ခုလုံး အက်ကွဲကာ ကြေမွသွားပြီး မရေမတွက်နိုင်သော အနက်ရောင် အငွေ့များ ဖြစ်သွားတော့သည်။
ရိုင်ဇန် လက်သီး၏ နောက်ဆက်တွဲ သက်ရောက်မှုက မပြီးနိုင်လုနီးပါး ဖြစ်နေခဲ့သည်။ “ဆာမန်”၏ ခန္ဓာကိုယ်ကို ဖျက်ဆီးပြီးနောက် သွေးရောင်စွမ်းအင်က အနက်ရောင်အငွေ့ထံ ပျံ့နှံ့သွားကာ ဖျက်ဆီးလိုက်လေသည်။
ရိုင်ဇန်က နာကျင်သော အမူအရာ အနည်းငယ်မျှ မပြသခဲ့ပေ။ သူ၏မျက်လုံးထဲမှ မီးတောက်နှစ်ခုက အလျင်အမြန် လောင်ကျွမ်းသွားခဲ့ပြီးနောက် များပြားလှသော အနက်ရောင် အငွေ့က သွေးရောင်စွမ်းအင်ကို လွှမ်းမိုးကာ အလျင်အမြန် ဖျက်ဆီးပစ်လိုက်တော့သည်။
နောက်ထပ်စက္ကန့်အတွင်းမှာပင် “ဆာမန်”၏ ခန္ဓာကိုယ် ဖူးရောင်သွားပြီး ၁၀မီတာနီးပါး ရှိသော ဧရာမခန္ဓာကိုယ် တစ်ခု အဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။ အနက်ရောင်အငွေ့များ ရစ်ပတ်ထားသော ခန္ဓာကိုယ်က လျှပ်စီးများ ရေးရေးလေး ပြသနေသည်။ ထူးဆန်းပြီး အေးစက်သော အငွေ့အသက် တစ်ခုက ပတ်ဝန်းကျင်ကို ပျံ့နှံ့သွား၏။
ထိုဧရာမခန္ဓာကိုယ်ပုံစံက...ဧရာမနဂါးတစ်ကောင် ကဲ့သို့ပင်။
တော်ဝင်ပြိုင်ကွင်းက မှော်အစီအရင်ဖြင့် ကာကွယ်ထား သော်လည်း အနီးမှ ကြည့်ရှုသူများက ပျံ့နှံ့လာနေသည့် ဆိုးယုတ်သော အငွေ့အသက်ကို မခံနိုင်ပေ။ စွမ်းအား နိမ့်သူများက သတိလစ်သွားကြသည်။
အရေးကြီးပုဂ္ဂိုလ် ထိုင်ခုံမှ ဒိုဒိုက ရှီရာ ဘေးနားတွင် ပေါ်ထွက်လာခဲ့ပြီး မဒမ်ကို ကာကွယ်ရန် အကာအကွယ် စွမ်းအားကို အသက်သွင်းလိုက်သည်။ ထိုစဉ် ပါ့ဂ်လီအိုကလည်း ပိုင်နက်စွမ်းအားကို အသက်သွင်းပြီး အသီနာ၊ အဲလစ်နှင့် အခြားသူများကို ကာကွယ်ပေးလိုက်သည်။
အစ်ဇဘယ်လာက မျက်စိရှင်သည်။ သူက ဘေးနားမှ မစ်-နဂါးနက်နှင့် တစ်ခုခု လွဲနေကြောင်း သတိထားမိသည်။ ထို့ကြောင့် သူက သတိဖြင့် မေးလိုက်၏။ “အိုလီဖီးရက်စ်...”
အိုလီဖီးရက်စ်၏ မျက်လုံးများက အလွန်ကြီးမားသော ခန္ဓာကိုယ်ကို စိုက်ကြည့်နေသည်။ သူ၏ခန္ဓာကိုယ်က တုန်လှုပ်နေပြီး နဖူးပေါ်မှ စိန်ပုံစံ အမှတ်အသားကလည်း စတင်၍ တောက်ပလာကာ လက်သည်းများလည်း ရှည်လာဟန်တူသည်။
မူမမှန်မှုက ဒီအချိန်ကြီး ဖြစ်လာတာလား။ သူက ထိုသို့ တွေးလိုက်ပြီးနောက် အိုလီဖီးရက်စ်အား တင်းတင်းကြပ်ကြပ် ပွေ့ဖက်လိုက်လေသည်။ “အိုလီဖီးရက်စ်။ စိတ်အေးအေးထား။”
“ဆာမန်”၏အသံက ထူးခြားသော အဟုန်စွမ်းအားတစ်ခု ရှိနေဟန်တူသည်။ “နှစ်ပေါင်းတစ်သောင်းနီးပါး ကြာပြီးတဲ့နောက် ဒီအသုံးမကျတဲ့ အမှတ်အသားစွမ်းအားကို ငါ နောက်ဆုံးတော့ ဖိနှိပ်နိုင်သွားပြီ။”
ရိုင်ဇန်က “ဆာမန်”ထံ ပျံသန်းသွားသော်လည်း အနက်ရောင် အရိပ်၄ခုက လေထဲ၌ ရုတ်တရက် ပေါ်ထွက်လာသည်။ သူတို့က အနက်ရောင် ဝတ်ရံုများ ဝတ်ဆင်ထားကြပြီး ခန္ဓာကိုယ် အောက်ပိုင်းများက တစ္ဆေသဖွယ် ဖောက်ထွင်းမြင်နိုင်နေသည်။
အနက်ရောင် ပုံရိပ်၄ခုက တစ်ချိန်တည်းမှာပင် လက်များကို ဝှေ့ရမ်းလိုက်ရာ ထူးဆန်းသော အားစက်ကွင်းများ လှိမ်ယှက် သွားပြီးနောက် မြန်နှုန်းမြင့်ပြောင်းလဲနေသော မှော်အစီအရင် တစ်ခုအဖြစ် ပြောင်းလဲသွားကာ ရိုင်ဇန်ကို တားဆီးလိုက်၏။
ဆာမန်၏ ကြက်သီးထစရာ ရယ်သံက ပရိသတ်တလျှောက် ပျံ့နှံ့သွားခဲ့သည်။ “ရိုင်ဇန်။ စိုးရိမ်မနေပါနဲ့။ ဒီအရသာရှိတဲ့ စားစရာကို ဝါးမျိုပြီးတဲ့အထိ စောင့်လိုက်ဦး။ ပြီးရင် ငါမင်းနဲ့ တိုက်ခိုက်မယ်။”
ထိုသို့ပြောပြီးနောက် အနက်ရောင်အငွေ့ အုပ်ကြီးက “ကြက်သေသေ”နေသော အာသာထံ အမြန်သွားတော့သည်။
အရေးကြီးပုဂ္ဂိုလ်ထိုင်ခုံတွင် အစ်ဇဘယ်လာ၏ ပွေ့ဖက်မှုက အိုလီဖီးရက်စ်ကို ယခင်ကကဲ့သို့ မတည်ငြိမ်စေနိုင်ခဲ့ဘဲ သူက ပို၍ပင် တုန်ခါနေကာ မျက်လုံးနှစ်လုံးမှ ရှားရှားပါးပါး မျက်ရည်များကျလာ၏။ “မေမေ....”
“မေမေ...တဲ့လား။”
အစ်ဇဘယ်လာ အလန့်တကြားဖြစ်သွားစဉ် အိုလီဖီးရက်စ်က အော်ပြောလိုက်၏။ “သူက မေမေ့ကို သတ်ခဲ့တာ။”
ပျံ့နှံ့လာနေသော အေးစက်စက် အနက်ရောင် အငွေ့ကို ကြည့်နေရင်း ချန်လွေ့က စူးစူးစိုက်စိုက် စောင့်ဆိုင်းနေသည်။ အိုလီဖီးရက်စ်၏အသံကို သူ ရုတ်တရက် ကြားလိုက်သည့်အခါ “ဆာမန်”၏ သရုပ်မှန်ကို သူ သိသွားခဲ့လေသည်။
......အိုလီဖီးရက်စ်၏ ဦးလေး၊ အက်ဂ်လက်စ်၏ညီ၊ နဂါးကျွန်း သစ္စာဖောက် အူးကလီးရက်စ်ပင်။
အက်ဂ်လက်စ်၏ ဖခင် ခရူဆာက သိဒ္ဓိနဂါး ရိုဒရီဂူးဇ်ကို အနိုင်ယူခဲ့ပြီးနောက်တွင် အကြီးဆုံးသား အက်ဂ်လက်စ်ကို ထီးနန်း လွှဲပြောင်းပေးချင်ခဲ့သော်လည်း ဒုတိယသား အူးကလီးရက်စ်က ဖခင်ဖြစ်သူကို သတ်ရန် အကွက်ချပြီး အက်ဂ်လက်စ်အား အပြစ်ပုံချခဲ့သည်။ အက်ဂ်လက်စ်က [ နဂါးနတ်ဘုရားမျက်လုံး ] ကို အသုံးပြုပြီး ထွက်ပြေးခဲ့သော်လည်း ဇနီးဖြစ်သူ လီရာနာက အိုလီဖီးရက်စ်ကို ကာကွယ်ရန်အတွက် အူးကလီးရက်စ်ကြောင့် ဒဏ်ရာအပြင်းအထန် ရရှိသွားခဲ့သည်။ နောက်ပိုင်းတွင် လီရာနာက ထွက်ပြေးနေရင်း စေတန်နှင့် တွေ့ခဲ့ပြီးနောက် ကန့်သတ် ထိန်းချုပ်ရန် ပေးဆပ်မှုအနေဖြင့် လျို့ဝှက်ရတနာ ညလှိုင်း တုတ်တံကို ပေးခဲ့သည်။ သူကလည်း ဒဏ်ရာများကြောင့် သိပ်မကြာခင် ဆုံးပါးသွားခဲ့ပြီး အိုလီဖီးရက်စ်အား ချန်လွေ့ မရောက်လာခင်အထိ ဆက်ခ်ရက် တောင်တန်း၌ တစ်ယောက်တည်း ကျန်ရစ်နေစေခဲ့သည်။
ရိုင်ဖန်က လက်သီးကို ဝှေ့ရမ်းလိုက်ရာ အကာအကွယ် မှော်အစီအရင်က ချက်ချင်း ကြေမွသွားခဲ့သည်။ အနက်ရောင် ပုံရိပ်များ၏ ဝတ်ရုံများလည်း တစ်စစီဖြစ်သွားကာ ခန္ဓာကိုယ် အစစ်အမှန် ပေါ်ထွက်လာသည်။ ထိုအရာများက သတ္တုခန္ဓာကိုယ် ရှိသော အရိုးခြောက်၄ခု ဖြစ်သည်။ သူတို့၏ လက်မောင်းများက ဒိုင်းကာများ ဖြစ်သွားကြပြီး လက်သီးစွမ်းအားကို ခုခံလိုက်၏။
“စက်လူသား...” အရေးကြီးပုဂ္ဂိုလ်ထိုင်ခုံမှ ရိုမန်က အသံကုန် အော်ဟစ်လိုက်သည်။ သူက စက်လူသားကို ယခုမှ ပထမဆုံး မြင်ဖူးခြင်း မဟုတ်ပေ။ ဘရော့ခ်၏ ခန္ဓာကိုယ်တဝက်က ထိုပုံစံ ဖြစ်လေသည်။ လက်စသတ်တော့ ဘရော့ခ် ခန္ဓာကိုယ်ကို ဆာမန်က ပြုပြင်ပေးခဲ့တာကိုး။
ထိုအချိန်တွင် စက်လူသား၄ယောက်၏ ဒိုင်းကာများ ကြေမွ သွားပြန်ကာ ခန္ဓာကိုယ်တစ်ပိုင်းက အစိတ်စိတ်အမွှာမွှာ ဖြစ်သွားခဲ့သည်။ ရိုင်ဇန်က အထင်သေးသော အပြုံးမျိုး ပြသလိုက်၏။ ငါ့လက်သီးက ဘယ်လိုလုပ် ဒီလောက် လွယ်လွယ်နဲ့ ခုခံလို့ရမှာလဲ။
စက်လူသား၄ယောက်က ခန္ဓာကိုယ်များ ကြွေမွသွားခြင်းကို မသိကြပေ။ သူတို့က အစွမ်းထက် မှော်ပညာတစ်ခုကို အတူတူ မန်းမှုန်းနေသကဲ့သို့ပင် အင်အားကြီး အမှောင်ဒြပ်စင် အငွေ့အသက် တစ်ခုကို အလျင်အမြန် ထုတ်လွှတ်လိုက်၏။
ထိုအချိန်၌ “အာသာ”က အနက်ရောင် အငွေ့များဖြင့် ရစ်ပစ်ခံနေရပြီး အလွန် အန္တရာယ်များသော အခြေအနေတွင် ရောက်နေသည်။ ရိုင်ဇန်က ထို၄ယောက်နှင့် ဆက်လက်၍ မတိုက်ခိုက် ချင်တော့သည့်အတွက် အားကုန်သုံးပြီး တိုက်ခိုက်ရန် ပြင်လိုက်သည်။ ထို့ကြောင့် သူက အနက်ရောင် အငွေ့ထဲမှ အတော်လေး ရင်းနှီးသော အသံတစ်ခုကို ကြားလိုက်၏။
ထိုအသံက အလွန် တည်ငြိမ်နေသည်။
“ရိုင်ဇန်၊ ဒီတိုက်ပွဲကို ဝင်မပါနဲ့။”
ရိုင်ဇန်က ချက်ချင်းပင် မျက်လုံး ကျုံ့သွား၏။ သူ၏ မူလက တည်ငြိမ်နေသော မျက်နှာက ထိန်းချုပ်မရသော ထိတ်လန့်မှုများ ပြည့်နှက်သွားခဲ့သည်။ သူက မယုံကြည်နိုင်စွာဖြင့် နာမည်ကို တစ်လုံးချင်း ပြောလိုက်၏။ “အက်-ဂ်-ယော...”