← Chapters

မန်လေ့စ်

Vol. 50 Ch. 816

မန်လေ့စ်

Vol. 50 Ch. 816

ကဝေမ အစေခံနှင့် လိုလီလေးတို့ မကျေမချမ်း ဖြစ်နေစဉ် ကြက်သွေးရောင် မီးအိမ်ဝိညာဉ်က ရုပ်အသွင် ဖြစ်တည်မှုအဖြစ် လုံးဝ ပြီးစီးသွားခဲ့ပြီးနောက် အလင်းပိုးအိမ်က ရပ်တန့်ပြီး ပျောက်ကွယ်သွားတော့သည်။

မျိုးနွယ် - မီးအိမ်ဝိညာဉ် (အဂ္ဂိရတ်သက်ရှိ)

စွမ်းအားအကဲဖြတ်မှု - S+

ခန္ဓာအမျိုးအစား - S

ခွန်အား - S+

စိတ်ဝိညာဉ် - S+

အမြန်နှုန်း - S

[ စိစစ်ချက် ] - ဖျက်ဆီး၍မရသော ဂုဏ်သတ္တိ။ အင်အားကြီး မှော်ခန္ဓာ။ ဒြပ်စင်အစွမ်း တိုးမြှင့်ခြင်း။ အနီးကပ်တိုက်ခိုက်ရေး ကျွမ်းကျင်မှု။ ကုတင်ပေါ်ကျွမ်းကျင်မှု။

အန္တရာယ်အဆင့် - မြင့်မား။

ချန်လွေ့ အနည်းငယ် အံ့အားသင့်သွားသည်။ ကြက်သွေးရောင် မီးအိမ်ဝိညာဉ်က တကယ်ပဲ နတ်ဆိုးအရှင်သခင်အဆင့် ထိပ်သီးပိုင်း စွမ်းအား ရှိနေတယ်။ ဒါက တကယ့်ကို ရှေးအဂ္ဂိရတ် အဖွဲ့အစည်းရဲ့ အထူးချွန်တဲ့ ဖရန်ကင်စတိုင်း ဖန်တီးထားတဲ့ အထူး မီးအိမ်ဝိညာဉ်ပဲ။

မီးအိမ်ဝိညာဉ်က ဖြည်းဖြည်းချင်း မျက်လုံး ပွင့်လာသည်။ သူ၏ မျက်ဆံနှင့် ဆံပင်တို့က နက်ပြာရောင် ဖြစ်သည်။ ထိုနက်ပြောရောင် မျက်ဆံထဲမှ အေးစက်သော သတ်ဖြတ်ချင်စိတ်ကို မြင်သည့်အခါ ချန်လွေ့ ထိတ်လန့်သွားခဲ့သည်။ သူက ချက်ချင်းပင် အဲလစ်နှင့် ခီရာတို့ အရှေ့သို့ ရောက်ရှိလာ၏။

ကြက်သွေးရောင် မီးအိမ်ဝိညာဉ်က လက်တစ်ချက် ဝှေ့ရမ်းလိုက်ရာ အပူချိန်က ရုတ်တရက် မြင့်တက်လာပြီး ဗဟို နန်းတော်တစ်ခုလုံးက ချစ်ချစ်တောက် အငွေ့အသက်များဖြင့် ပြည့်နှက်သွားခဲ့သည်။ ကြက်သွေးရောင် မီးအိမ်ဝိညာဉ်၏ ခန္ဓာကိုယ်ပေါ်တွင် အနီရောင် အလင်းတစ်ခု ပေါ်ထွက်လာကာ အန္တရာယ် အငွေ့အသက်က ပိုမိုအားကောင်းလာခဲ့သည်။ တိုက်ခိုက်မှုက အသေအချာပင် [ သွေးဆာခြင်း ] ဖြင့် တိုးမြှင့်ထားလေသည်။

ကြက်သွေးရောင် မီးအိမ်ဝိညာဉ်က ချန်လွေ့အရှေ့သို့ ရောက်ရှိလာခဲ့သည်။ ချန်လွေ့၏ အမြန်နှုန်းက S++ အဆင့် ဖြစ်၏။ သူက စိတ်ကို အနည်းငယ် စေစားလိုက်ပြီး ကြက်သွေးရောင် မီးအိမ်ဝိညာဉ်၏ လက်ကောက်ဝတ်ကို အမြန်ကိုင်လိုက်ရာ မီးကဲ့သို့ ‌လောင်ကျွမ်းသော ခံစားချက်တစ်ခုကို ခံစားလိုက်ရလေသည်။ [ စိစစ်ချက် ] မှ “တိုးမြှင့်ဒြပ်စင်များ” အကြောင်း တွေးလိုက်မိသည့်အခါ ချန်လွေ့က ချက်ချင်းပင် သဘောပေါက်သွားတော့သည်။

ထိုအချိန်၌ အဲလစ်နှင့် ခီရာတို့ ပတ်ပတ်လည်တွင် ဖောက်ထွင်း မြင်နိုင်သော အကာအကွယ် ဒိုင်းကာတစ်ခု ပေါ်ထွက်လာပြီး ၎င်းကို ချန်လွေ့က ဗဟိုသလင်းကျောက်ဖြင့် ပြုလုပ်ထားခြင်း ဖြစ်သည်။ သတိလက်လွတ် ဖြစ်သွားစဉ် အခိုက်အတန့်၌ ကြက်သွေးရောင် မီးအိမ်ဝိညာဉ်၏ လက်ကောက်ဝတ်က ရေကူးနေသော ငါးတစ်ကောင် ကဲ့သို့ပင် “ချော်ထွက်”သွားခဲ့သည်ကို ခံစားလိုက်ရပြီး မမျှော်လင့်ဘဲနှင့် သူ၏ တံတောင်ဆစ် ကွေးသွားခဲ့သည်။ သူကလည်း ချန်လွေ့ဘက်သို့ ရောက်လာပြိး အားသုံးတော့သည်။

အဆစ်လိမ်တာလား။ ချန်လွေ့က မျက်ခုံးပင့်လိုက်ပြီး မီးအိမ် ဝိညာဉ်ကို အားဖြင့် ခါပစ်လိုက်သည်။ မီးအိမ်ဝိညာဉ်က ပတ်ပတ်လည် သွားနေပြီး အခြားတစ်ဖက်၌ သရဲသဖွယ် ပေါ်ထွက်လာပြန်ကာ သူ့အဆစ်ကို ပစ်မှတ်ထားပြန်သည်။ ချန်လွေ့က ယခုတစ်ခေါက် စိတ်ပြင်ဆင်ထားပြီးသား ဖြစ်၏။ သူက ပတ်သွားကာ ရှောင်တိမ်းပြီးနောက် မီးအိမ်ဝိညာဉ်၏ လက်ကို ထိလိုက်သည်။

ချန်လွေ့၏ လက်ရှိစွမ်းအားက S++ အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သည်။ အမျိုးမျိုးသော တိုးမြှင့်မှုများနှင့် ပေါင်းလိုက်ရာ သူ၏ တိုက်ခိုက်ရေးစွမ်းအားက သာမန် နတ်ဆိုးအရှင်သခင်အဆင့် ထိပ်သီးပိုင်းများထက် သာလွန်နေလေသည်။ သို့သော်လည်း သူက အစွမ်းအကုန် မသုံးခဲ့ပေ။ သူက ကြက်သွေးရောင် မီးအိမ် ဝိညာဉ်အား ပိတ်လှောင်ပြီး သလင်းကျောက် ဇာမဏီနှင့် ပူးပေါင်းကာ သူ့ကို ထိန်းချုပ်ရန် ပူးပေါင်းလိုက်သည်။

သူတို့နှစ်ယောက် ခဏတာ တိုက်ခိုက်ပြီးနောက် ဗဟိုအသက် သလင်းကျောက်က တောက်ပလာခဲ့သည်။ ခရမ်း‌ရောင် အလင်းအောက်တွင် မ‌ရေမတွက်နိုင်သော ရွှေရောင် သင်္ကေတများက ကြက်သွေးရောင် မီးအိမ်နှလုံးသားပေါ်တွင် ပေါ်ထွက်လာခဲ့သည်။ ခရမ်းရောင်အလင်းက တဖြည်းဖြည်းနှင့် ရွှေရောင်အလင်းထဲသို့ ဖောက်ထွင်းသွားရာ မီးအိမ်ဝိညာဉ်၏ လှုပ်ရှားမှုလည်း နှေးကွေးလာခဲ့သည်။ နက်ပြာရောင် မျက်ဆံများကလည်း အနည်းငယ် ပို၍ ခရမ်းရောင် ပြောင်းလာသည်။

ခဏအကြာတွင် ထိုရွှေရောင်အလင်း သင်္ကေတများကို သလင်းကျောက် ဇာမဏီက ပြန်လည် ရေးသားပြီး စီစဉ်ကာ မီးအိမ်နှလုံးသားထဲ၌ ထွင်းထုထားလိုက်သည်။ မီးအိမ်ဝိညာဉ်က စွမ်းအားများကို လုံးဝရုတ်သိမ်းကာ၊ လှုပ်ရှားမှုများကို ရပ်တန့်ပြီး ချန်လွေ့အား ရိုသေလေးစားစွာဖြင့် အရိုအသေ ပြုလိုက်၏။

“သခင်...” ကြက်သွေးရောင် မီးအိမ်ဝိညာဉ်၏ အသံက ဆွဲဆောင်မှု အနည်းငယ် ပါဝင်သော အသံတိုးတိုးလေး ဖြစ်၏။

မီးအိမ်ဝိညာဉ်ကို အောင်အောင်မြင်မြင် ထိန်းချုပ်ပြီးနောက် ခီရာနှင့် အဲလစ်တို့၏ အကာအကွယ်များကလည်း အလိုလို ရုတ်သိမ်းသွားကြသည်။ သူတို့က ချန်လွေ့နားသို့ ရောက်လာပြီး “အဝတ်မပါသော မိန်းမ”အား သတိထားပြီး ကြည့်နေကြသည်။

ခုနက တိုက်ပွဲအတွင်း သူတို့ စိုးရိမ်နေကြသော်လည်း ယခုတွင် အန္တရာယ်ကို ဖြေရှင်းပြီးသွားပြီ ဖြစ်သည်။ ထိုမိန်းမက ချန်လွေ့ အရှေ့တွင် မရှက်မကြောက် ရပ်နေသည်ကို မြင်သည့်အခါ အထူးသဖြင့် ထိုမိန်းမက ခန္ဓာကိုယ်ဆွဲဆောင်မှုရှိသော မိန်းမလှ တစ်ယောက် ဖြစ်နေရာ၊ ကဝေမလေးနှင့် လိုလီလေးတို့က ဖော်ပြ၍မရသော ကပ်ဘေးတစ်ခုကို တပြိုင်နက်တည်း ခံစား နေကြရလေသည်။

“မကြည့်နဲ့။” လိုလီလေးက ချန်လွေ့၏ကျောပေါ် ခုန်တက် လိုက်ပြီး မျက်လုံးများကို လက်ဖြင့်ကာရန် ကြိုးစားလိုက်သည်။

ချန်လွေ့က မဲ့ပြုံးပြုံးလိုက်ပြီး မီးအိမ်ဝိညာဉ်ကို အမိန့် ပေးလိုက်သည်။ မီးအိမ်ဝိညာဉ်က ချက်ချင်းပင် အဝတ်အစားများ ဝတ်ပြီး မျက်နှာလွှားတစ်ခုကို ဝတ်လိုက်၏။ မီးအိမ်ဝိညာဉ်များ၏ ရိုးရာဝတ်စုံပုံစံက အမှန်တကယ် အတော်လေး ပေါ်လွင်နေသည်။ သိမ်မွေ့သော လျို့ဝှက်ဆန်းကြယ်မှုက ကြက်သွေး‌ရောင် မီးအိမ်ဝိညာဉ်ကို ပို၍ပင် ဆွဲဆောင်မှု ရှိသွားစေသည်။

“ဘာလို့ ဝတ်နေသေးတာလဲ...” အကုန်သိနေသော ကဝေမလေးက တစ်ယောက်တည်း တီးတိုးပြောလိုက်၏။

“အစ်ကို ဒီမှာ ဘယ်လောက်ကြာအောင် သုတေသန လုပ်မှာလဲ။ ကျွန်မ အတူတူ မပျော်ရတာ တော်တော် ကြာပြီ။” မီးအိမ်ဝိညာဉ်က အဝတ်အစားများ ဝတ်ထားပြီးပြီ ဖြစ်သော်လည်း အဲလစ်ကို ချန်လွေ့၏ လည်ပင်းကို ဖက်ထားဆဲဖြစ်ပြီး ပြန်ဆင်းရန် ငြင်းဆန်နေခဲ့သည်။

“အစ်ကို့မှာ အခု အလုပ်တွေ အများကြီး ရှိနေတယ်....” ချန်လွေ့က လိုလီလေး၏ လက်ကိုပုတ်ပြီး ကျောပေါ်ရှိ တွဲလောင်း ဝက်ဝံထံမှ လွတ်မြောက်ရန် ကြိုးစားလိုက်သည်။ သို့သော်လည်း လိုလီလေးက အမှန်တကယ်ပင် မယုံနိုင်စရာ “ဟိုဟိမ်းဒီယိမ်း” ပညာရပ်ဖြင့် ဖက်ထားပြီး ရှေ့သို့ရောက်လာကာ ကိုအာလာ ဝက်ဝံအဖြစ် ပြောင်းသွားတော့သည်။

ကောင်မလေး၏ ကိုယ်သင်းနံ့ကို ခံစားမိသည့်အခါ ချန်လွေ့က နှာခေါင်း ရှုံ့လိုက်မိသည်။ သူက ခီရာအား အသနားခံသော အကြည့်ဖြင့် ကြည့်လိုက်သော်လည်း ခီရာက ဘေးနားတွင် ရပ်နေကာ ပါးစပ်အုပ်ပြီး တခစ်ခစ် ရယ်နေလေသည်။

နောက်ဆုံးက ကိုအာလာ ဝက်ဝံ‌လေးအား အသစ် ပြုလုပ်ထားသော ခလုတ်ဂိမ်းအသစ်တစ်ခုဖြင့် ချော့ပြီးနောက် ကြက်သွေးရောင် မီးအိမ်ဝိညာဉ်က ပြောလိုက်သည်။ “သခင်။ ကျွန်မကို နာမည်ပေးပါ။”

ချန်လွေ့က ခဏစဉ်းစားလိုက်သည်။ “မင်းကို မန်လေ့စ်လို့ ခေါ်တာပေါ့။ နာမည်ကို မှတ်မိလား။ ဒါမှမဟုတ် အရင်က အကြောင်း တစ်ခုခု မှတ်မိသေးလား။”

မန်လေ့စ်က ကြောင်တောင်တောင် အမူအရာ ပြသပြီး ခေါင်းခါလိုက်သည်။ သူ့ကို သလင်းကျောက် ဇာမဏီက သိမ်းသွင်းနိုင်ခဲ့ခြင်း၏ အရေးအကြီးဆုံး အကြောင်းရင်းမှာ မူလ သခင်၏ အသိစိတ်ကို လုံးဝ ပယ်ဖျောက်လိုက်၍ ဖြစ်သည်။ ထိုအရာက အဂ္ဂိရတ်သက်ရှိ “အရိုင်း” ဖြစ်သွားခြင်းနှင့် ညီမျှပေသည်။ အကယ်၍ ကြက်သွေးရောင် မီးအိမ်ဝိညာဉ်၏ အသိစိတ် ရှိနေဦးမည်ဆိုလျှင် သလင်းကျောက် ဇာမဏီက အဆင့်(၃) အသက်တည်ရှိမှုအဖြစ် အဆင့်တက်သွားသည့်တိုင် ထိုသို့ ပြုလုပ်နိုင်မည် မဟုတ်ပေ။

“မန်လေ့စ် ဟုတ်လား။” ခွေးခြေပေါ်တွင် ထိုင်နေပြီး ဂိမ်းစဆော့နေသော လိုလီလေးက မကျေမနပ်နှင့် ခနဲ့လိုက်၏။ ဘာလို့ သူ့ကို နို့ကြီးလေ့စ်၊ ဖင်ကြီးလေ့စ်၊ မုန်းစရာလေ့စ် လို့ ဘာလို့ မ‌ခေါ်တာလဲ။

( ဒါနဲ့ ဒီဂိမ်းနာမည်က “မင်းသမီးလေး ပြေး” ဆိုတာပဲ။ ဒါက ငါ့အတွက် အစ်ကို အထူးလုပ်ထားပေးတာ ဖြစ်လောက်တယ်။ ငါ သူ့ကို နည်းနည်းတော့ ခွင့်လွှတ်ပေးလိုက်မယ်..)

ချန်လွေ့က မီးအိမ်ဝိညာဉ် ပြန်လည်ပြင်ဆင်ခြင်း အစီအစဉ်ကို တွေးလိုက်မိပြီး ပြောလိုက်သည်။ “မင်းရဲ့ အစွမ်းထက် မှော်ခန္ဓာနဲ့ သာမန်မှော်ခန္ဓာက ဘာကွာလဲ။ တိုးမြှင့်ဒြပ်စင်တွေက ဘာလဲ။”

ထိုအရာများက ကြက်သွေးရောင် မီးအိမ်ဝိညာဉ်၏ နဂို ဂုဏ်သတ္တိများ ဖြစ်ကြပြီး မှတ်ဉာဏ်နှင့့် မဆိုင်ပေ။ ထို့ကြောင့် မန်လေ့စ်က ချက်ချင်း ပြန်ဖြေလိုက်၏။

သူ၏ “ဖျက်ဆီး၍မရသော ဂုဏ်သတ္တိ”က သာမန် မီးအိမ်ဝိညာဉ်များက သွင်ပြင်လဏ္ခဏာ ဖြစ်သည်။ မီးအိမ် နှလုံးသား ရှိနေသရွေ့ မီးအိမ်ဝိညာဉ်က သေမည် မဟုတ်ပေ။ ကုန်ကြမ်း လုံလောက်သရွေ့ ကြက်သွေးရောင် မီးအိမ်ဝိညာဉ်က သီဝရီအရ အဆုံးမရှိ ပြန်လည်ရှင်သန်နိုင်ပေသည်။

“အစွမ်းထက် မှော်ခန္ဓာ”က “ပိုင်နက်”၏ အယူအဆ အနည်းငယ် ရှိနှင့်နေပြီး ဖြစ်သည်။ ခုနက ချစ်ချစ်တောက် အငွေ့အသက်မှာ အစွမ်းထက်မှော်ခန္ဓာ၏ မီးဒြပ်စင် ဖြစ်၏။ ၎င်းက [ သွေးဆာခြင်း ] ၏ ထိခိုက်မှုမျိုး တိုးမြင့်စေသည့်အတွက် စွမ်းအားက သာမန် မီးအိမ်ဝိညာဉ်များထက် ပိုမို သာလွန်ပေသည်။

“အနီးကပ် တိုက်ခိုက်ရေး ကျွမ်းကျင်မှု။” ချန်လွေ့က ၎င်းကို ခုနက ကိုယ်တိုင် ရင်ဆိုင်ခဲ့ရသည်။ ထိုအရာ အနီးကပ် တိုက်ခိုက်ရေး စွမ်းရည်မရှိသော မီးအိမ်ဝိညာဉ်များအတွက် ထိရောက်သော ဖာထေးမှုတစ်ခု ဖြစ်၏။ ထို့ပြင် “တိုးမြှင့် ဒြပ်စင်များ”က ဒြပ်စင်ထိခိုက်မှုကို ထပ်တိုးပေးခြင်း ဖြစ်သည်။ ကံဆိုးစွာပင် ခုနက ကြက်သွေးရောင် မီးအိမ်ဝိညာဉ် အသုံးပြုခဲ့သော မီးဒြပ်စင်နှင့် မီးဒြပ်စင် တိုးမြှင့်မှုတို့က [မီးဇာမဏီ အမာရွတ် ] ရှိသော ချန်လွေ့အတွက် သိပ်ပြီး အသုံးမဝင်ပေ။

နောက်ဆုံးတော့ “ကုတင်ပေါ် ကျွမ်းကျင်မှု” ကတော့ ပြောစရာပင် မလိုပေ။ ၎င်းကို ဒိုရူဒါက ခံစားချက် အချို့ကို ကျေနပ်စေရန်အတွက် အထူးပြုလုပ်ထားခြင်း ဖြစ်၏။ သို့ရာတွင် တကယ့် မန်လေ့စ်က ဒိုရူဒါအရှေ့တွင် အမုန်းတရား အပြည့်ဖြင့် သေသွားသောအခါ နှာဘူးသုတေသနပညာရှင်၏ ပေါက်ကရ စိတ်ဆန္ဒများက နက်ရှိုင်းသော အကြောက်တရားတစ်ခုအဖြစ် ပြောင်းလဲသွားခဲ့သည်။ သူက မန်လေ့စ် အစစ်နှင့် မျက်နှာတူသော ကိုယ်ပွားကို မကြည့်ရဲတော့ပေ။ ထို့ကြောင့် သူက မန်လေ့စ်၏ အသိစိတ်ကို ထာဝရ ပယ်ဖျက်ပြီး လျို့ဝှက်ဂို‌ဒေါင်ထဲသို့ သိမ်းထားလိုက်တော့သည်။

ထို့အပြင် မန်လေ့စ်တွင် စုစည်းရုပ်‌သေးကို မောင်းနှင်သည့် အထူးပါရမီတစ်ခုလည်း ရှိနေသည်။ သူက စစ်တိုက်နိုင်၊ မောင်းနှင်နိုင်ပြီး ကုတင်ပေါ်သို့လည်း သွားနိုင်ရာ သူ့ကို အကြီးမြတ်ဆုံး အစေခံဟု သတ်မှတ်၍ ရနိုင်ပေသည်။

ကံဆိုးစွာပင် သလင်းကျောက် ဇာမဏီ၏ ပဏာမ လေ့လာ ဆန်းစစ်ချက်များအရ မန်လေ့စ်ကို ထုတ်လုပ်‌သော လုပ်ငန်းစဉ်မှာ အတော်လေး ရှုပ်ထွေးလှပြီး အတုခိုးနိုင်ရန် ဖြစ်နိုင်ချေက သုညနီးပါးပင်။ ဒိုရူဒါက တစ်ခုသာ လုပ်နိုင်ခဲ့သည်။ အဖြစ်နိုင်ဆုံး ဖြေရှင်းနည်းတစ်ခုမှာ ကြယ်မြို့တော်ကို အဆင့်၃အထိ မြှင့်တင်ပြီး အစွမ်းထက် ဇီဝဂိုဒေါင်များကို ဆောင်လုပ်ပြီးသည်နှင့် အကိုးအကား အချက်အလက်အချို့ကို အသုံးချပြီး ရှိနေသော မီးအိမ်ဝိညာဉ်များကို တိုးမြှင့်ရန်အတွက် စမ်းသပ်ရန် ဖြစ်သည်။

“သခင်။ ကျွန်မရဲ့ အသက်စွမ်းအင်က ပြည့်ဝသွားပြီ။ သခင် အခု စွမ်းအင် စုပ်ယူမှာလား။” မန်လေ့စ်၏ ခန္ဓာကိုယ်က ညှို့ငင်သော အငွေ့အသက် ထုတ်လွှတ်လိုက်ပြီး “ကုတင်ပေါ် ကျွမ်းကျင်မှု” စွမ်းရည်ကို အသက်သွင်းလိုက်ဟန်တူသည်။

အဂ္ဂိရတ်အဖွဲ့အစည်း “လူသားများ”အတွက် မီးအိမ် ဝိညာဉ်များ တည်ရှိမှု အဓိပ္ပာယ်က စစ်မြေပြင်၌ မှော်ပညာ အကူ အတွက်သာမက ခံစားချက်များ ဖြေဖျောက်ရန်နှင့် စွမ်းအင် စုပ်ယူရန်အတွက် “ဒယ်စောက်”လည်း ဖြစ်ပေသည်။ သူတို့က မီးအိမ်ဝိညာဉ်၏ အသက်စွမ်းအင်များကို လျို့ဝှက်ပညာရပ် တစ်ခုဖြင့် စုပ်ယူပြီး ကိုယ်ပိုင်စွမ်းအားတိုးအောင် ပြုလုပ်ကြ၏။

ထိုကဲ့သို့ စုပ်ယူခြင်းမျိုးက မီးအိမ်ဝိညာဉ်များကို ထိခိုက်မှု ဖြစ်စေသည်မှာ အသေအချာပင်။ ကြိမ်နှုန်းမြင့်မည်ဆိုလျှင် ဇစ်မြစ်ကို ပြင်ဆင်မရသော ထိခိုက်မှု ဖြစ်စေနိုင်၏။ ဇစ်မြစ် ပြိုလဲသွားသည်နှင့် ပျက်စီးကာ လွင့်ပစ်ရပေလိမ့်မည်။

“လေ့ကျင့်ရေး” လိုအပ်ချက်က မန်လေ့စ် ရှေ့တန်းတင် ရခြင်း၏ အကြောင်းရင်းမှာ အသိစိတ်ညွှန်ကြားချက်များကြောင့် ဖြစ်ပြီး ထိုအရာက ဒိုရူဒါ သူ့ကို ဖန်တီးခဲ့ရခြင်း၏ အရေးအပါဆုံး ရည်ရွယ်ချက်လည်း ဖြစ်ပေသည်။

မီးအိမ်ဝိညာဉ်များ၏ ကံကြမ္မာက သခင်ဖြစ်သူထံ ဘဝ အပါအဝင် အရာအားလုံးကို အပ်နှင်းရန် ဖြစ်၏။

“မလိုဘူး။” ခီရာက ပထမဆုံး ပြန်ဖြေလိုက်သည်။ မန်လေ့စ်က မည်သို့ စွမ်းအင် “စုပ်ယူ”ရမည်ကို မရှင်းပြခဲ့သော်လည်း အပြစ်ကင်းစင်သော လိုလီလေးနှင့်ယှဉ်လျှင် ကဝေမ၏ အသိစိတ်က မီးအိမ်ဝိညာဉ်၏ ဆိုလိုရင်းကို ချက်ချင်း မှန်းဆနိုင်ခဲ့သည်။

သို့ရာတွင် မန်လေ့စ်က ခီရာကို လျစ်လျူရှုထား၏။ သူက ချန်လွေ့ကို ညှို့ငင်သော မျက်လုံးများဖြင့်သာ စိုက်ကြည့်နေပြီး ဘေးမှ အစေခံမလေးကလည်း ညှို့ငင်ပါရမီကို ထုတ်ပြလိုက်သည်။

“နှစ်ယောက်လုံး တော်တော့။” ချန်လွေ့က အစေခံမလေး၏ ခါးကို အသာလေး ပုတ်ပြီး “စိတ်ချထားရန်” အကြည့်မျိုးဖြင့် ကြည့်ပြီး မီးအိမ်ဝိညာဉ်ကို ပြောလိုက်သည်။ “အခုရော၊ နောက်ရော၊ မင်းရဲ့ အသက်စွမ်းအင်ကို ငါ စုပ်ယူဖို့ မလိုဘူး။ ဒါက ကြယ်မြို့တော်မှာရှိတဲ မီးအိမ်ဝိညာဉ်အကုန်လုံးအပေါ် ငါ့ရဲ့ စိတ်ရင်းပဲ။ မင်းအတွက်လည်း ဒီလိုမျိုးပဲ။ ငါ အခု မင်းကို ကြယ်မြို့တော်ရဲ့ စစ်သေနာပတိအနေနဲ့ ခန့်လိုက်ပြီ။ မင်းရဲ့တာဝန်က ကြယ်မြို့တော်ကို စောင့်ကြပ်ဖို့နဲ့ ကြယ်မြို့တော်ရဲ့ အဆင့်မြင့်ခြင်းနဲ့ ပြန်လည်ပြင်ဆင်ခြင်းလုပ်ငန်းတွေ ပြီးစီးအောင် သလင်းကျောက် ဇာမဏီနဲ့ အတူတူ လုပ်ဖို့ပဲ။”

မီးအိမ်ဝိညာဉ်က ကိုယ်ပိုင်အတွေးနှင့် အသိစိတ် ရှိကြပြီး သူတို့၏ ‌ပျော်ရွှင်မှုများနှင့် ဝမ်းနည်းမှုများက သာမန် လူသားများနှင့် မကွာခြားပေ။ သေခြင်းတရားနှင့် ရင်ဆိုင်ရာတွင် သူတို့ ကြောက်ရွံ့နိုင်ကြသော်လည်း အမြင့်ဆုံး လုပ်ပိုင်ခွင့်ရှိသူ၏ အမိန့်များကို မလွန်ဆန်နိုင်ပေ။ ချန်လွေ့၏ ကတိကို ကြားသည့် အခါ မန်လေ့စ်၏ အပြာရောင်မျက်လုံးများ တောက်ပသွားခဲ့ပြီး ညှို့ငင်သော အငွေ့အသက်က ချက်ချင်း ကွယ်ပျောက်သွား၏။ ထိုအစား အေးစက်ပြီး မောက်မာသော စရိုက်က ပေါ်ထွက်လာပြီး မန်လေ့စ်၏ မျက်လုံးများက ပို၍ ကျိုးနွံသွားခဲ့သည်။ “ဟုတ်ကဲ့ပါ။ သခင်။ သခင် လိုအပ်တယ်ဆိုရင် မန်လေ့စ်က ဖြည့်ဆည်းပေးဖို့ အကောင်းဆုံး ကြိုးစားသွားမှာပါ။”

အေးစက် မောက်မာပြီး ဆွဲဆောင်မှုရှိသော မိန်းမလှ တစ်ယောက်က “လုပ်ချင်တာ လုပ်လို့ရတယ်”ဟု ပြောခဲ့လျှင် ထိုအရာက အမှန်တကယ် သိသာထင်ရှားသော ဆွဲဆောင်မှု တစ်ခုပင် ဖြစ်လေသည်။ သို့သော်လည်း တစ်ချိန်တည်းမှာပင် မိန်းမက မိမိကို စိုက်ကြည့်နေလျှင်တော့ ပြဿနာပင်။

အစေခံမလေးဘက်မှ ညှို့ငင်သော စွမ်းအားက ပိုမို၍ အားကောင်းလာကြောင်း ချန်လွေ့ သေသေချာချာ ခံစားလိုက်ရပြီး အလျင်အမြန် ခေါင်းခါလိုက်၏။ “မလိုပါဘူး။ ငါမင်းကို သက်ဆိုင်ရာ လုပ်ပိုင်ခွင့်တွေ ပေးပြီးသွားပြီ။ အချက်အလက်တွေ အရင်ဖတ်ဖို့အတွက် ဒေတာဘေ့စ်ဆီ သွားပြီးတော့ ရဲတိုက် တစ်ခုလုံးရဲ့ အခြေအနေကို သိအောင်လုပ်လုိက်။”

မန်လေ့စ် ထွက်သွားသည်နှင့် အစေခံမလေးပေါ်မှ အင်အားကြီး ညှို့ငင် အငွေ့အသက်က ပျောက်ကွယ်သွားလေသည်။ သို့သော် သူက အဲလစ်အရှေ့တွင် ချန်လွေ့အား တိတ်တိတ်လေး စနောက် နေသေးသည်။ အဲလစ် ရှိနေသည့်အတွက် ချန်လွေ့က မည်သည်မှ လှုပ်ရှား၍မရဘဲ စိတ်ထိန်းချုပ်ထားရုံသာ တတ်နိုင်လေသည်။

“ဇိုလာ သုတေသန လုပ်နေတာ ပြီးသွားပြီလား။”

နတ်ဆိုးဘံုသို့ ချန်လွေ့ ပြန်ရောက်လာချိန်တွင် တိုက်တိုဆိုင်ဆိုင်ပင် ဇိုလာက လွန်ခဲ့သော သုံးလေးရက်ခန့်က သက်တန့်တောင်ကြားတွင် တံခါးပိတ်ပြီး သုတေသန လုပ်နေခဲ့လေသည်။ ထို့ကြောင့် ချန်လွေ့အတူ လက်ဆောင်နှစ်ခု ရှိနေ၏။ အလင်းဇစ်မြစ် အပိုင်းအစနှင့် လေဇစ်မြစ် အပိုင်းအစ တို့ပင်။ မစ်-နတ်မိမယ်နဂါး ထွက်လာသည်နှင့် ထိုရတနာနှစ်ခုက သူ့ကို ကြီးကြီးမားမား အံ့အားသင့်စေလိမ့်မည်ကို ချန်လွေ့ ယုံကြည်နေသည်။

“ဇိုလာကိုပဲ မှတ်မိ.....” လိုလီလေးက ဂိမ်းကစားနေစဉ် အစေခံမလေးက ချန်လွေ့၏နှုတ်ခမ်းကို နမ်းလိုက်ပြီး အခြား လက်တစ်ဖက်ဖြင့် ချန်လွေ့၏ ခြေထောက်ပေါ်သို့ တိတ်တိတ်လေး စက်ဝိုင်း ဝိုင်းနေလေသည်။

ချန်လွေ့က ပြုံးဖြီးဖြီး လုပ်ပြီး မပြတ်မသား ပြောလိုက်သည်။ “ဘယ်ဟုတ်မလဲ။ တစ်ယောက်ယောက်နဲ့ မွေးနေ့က နှစ်လနဲ့ ၅ရက်ပဲ လိုတော့တာ ကိုယ် မှတ်မိနေသေးတယ်။”

အစေခံမလေးက ချက်ချင်း ပြုံးလိုက်ပြီး ချန်လွေ့အား မြတ်နိုးစွာဖြင့် ငေးကြည့်နေခဲ့သည်။

“အနည်းဆုံ‌းတော့ တစ်စုံတစ်ယောက်က အသိစိတ် ရှိသေးတာပဲ။ ဒီည ရှင့်အတွက် တံခါး ခွင့်ပေးထားတယ်။ နောက်ဘက် တံခါးနော်။” အစေခံမလေး၏ မကြားတကြား အသံက ချန်လွေ့၏ နားထဲသို့ ဝင်ရောက်လာခဲ့သည်။ “ဟီးဟီး။ အဲဒီမိန်းမရဲ့ တစ်စိတ်တစ်ပိုင်းက ပိုကြီးပေမဲ့ ယှဉ်လို့မရဘူး ဆိုတာကို တစ်ယောက်ယောက် သိအောင် လုပ်ပေးမယ်။ ဟီးဟီး...”

ယခုတစ်‌ခေါက် တစ်စုံတစ်ယောက်က အူမြူးသွားတော့သည်။

All Chapters