← Chapters

အရှင်မင်းသား ရိုမန်

Vol. 51 Ch. 845

အရှင်မင်းသား ရိုမန်

Vol. 51 Ch. 845

နဂါးစစ်သည်တော် စမ်းသပ်ချက်က အောင်အောင်မြင်မြင်နှင့် အဆုံးသတ်သွားခဲ့လေသည်။ ယခုတစ်ခေါက် စမ်းသပ်ချက်တွင် စမ်းသပ်မှုကြီး (၃)ခု ပါဝင်ခဲ့သည်။

မှော်ထောင်ခြောက်များ၊ တိုင်တန်နှင့် လေဒြပ်စင်ကောင်များနှင့် အမှန်တကယ် တိုက်ခိုက်ခြင်းနှင့် “အနှိုင်းမဲ့စစ်သည် အွန်လိုင်း” အသေးစား ဂူသင်္ချိုင်းဗားရှင်းတို့ပင်။

ထိုစမ်းသပ်မှု (၃)ခုက သာမန်စမ်းသပ်ချက်များထက် ပိုမို သာလွန်ပြီး ပြည့်စုံပေသည်။ ၎င်းတို့က ပစ်မှတ်ထားသော အမူအကျင့် တစ်ခု၌ စွမ်းအားအဆင့် အားလုံးကို ထည့်တွက်၏။ အထူးသဖြင့် အနှိုင်းမဲ့စစ်သည် အွန်လိုင်း၏ ပုံရိပ်ယောင် စမ်းသပ်ချက်၌ ဖြစ်လေသည်။ ထိုနည်းလမ်းက လျို့ဝှက်ပြီး ဆန်းကြယ်ကာ အလွန်အမင်း ခက်ခဲသည်။ ၎င်းက တစ်ဦးချင်း စွမ်းအားများကိုပါ စမ်းသပ်ခြင်း မဟုတ်ဘဲ အစုအဖွဲ့လိုက် ဆောင်ရွက်ခြင်းကို ပိုမိုအသားလေသည်။

ယခုတစ်ခေါက် စမ်းသပ်ချက်အတွက် ချန်လွေ့ ပေးခဲ့သော ဗားရှင်းက ယခင် စမ်းသပ်ဂိမ်းထဲမှ ရိုးရိုးရှင်းရှင်း ပြုလုပ်ထားသော ဗားရှင်း ဖြစ်လေသည်။ ထိုအရာက ရိုးရှင်းသော ဂူသင်္ချိုင်း တစ်ခုထဲသို့ ဝင်ရုံသာ ဖြစ်၏။ ထိုသို့ဆိုသည့်တိုင် ၎င်းက နဂါးများနှင့် နဂါးစစ်သည်များ၏ စိတ်ဝင်စားမှုကို လှုံ့ဆော်နိုင်ခဲ့၏။ ပြိုင်ပွဲဝင်များ၏ တောင်းဆိုမှုကြောင့် “အနှိုင်းမဲ့စစ်သည် အွန်လိုင်း” စမ်းသပ်ချက် (၃)ကြိမ် ထပ်လုပ်ခဲ့ရသည်။

ချန်လွေ့က ဆမ်မြူရယ်အား ကြိုတင် လေ့ကျင့်ရန် အခွင့်အရေး မပေးခဲ့သော်လည်း နတ်ဆိုးဘုံနှင့် လူသားလောကမှ ရွှေရောင် စစ်သည်တော်၏ အတွေ့အကြံတို့က သိသာထင်ရှားသော အခန်း ကဏ္ဍ၌ ပါဝင်ခဲ့လေသည်။ သူက အစွမ်းထက်ဆုံး မဟုတ်သော်လည်း အဖွဲ့သားများကို စုစည်းပြီး ထိထိရောက်ရောက် ပူးပေါင်းဆောင်ရွက်နိုင်ကာ အကောင်းဆုံး တိုက်ခိုက်ရန် အခွင့်အရေးကို ဆုပ်ကိုင်နိုင်သည်။ ထို့ကြောင့် သူက နဂါးများ၏ မြင့်မားသော အကဲဖြတ်ခြင်းကို ရရှိခဲ့သည်။ သူ၏ နောက်ဆုံး စုစုပေါင်း အမှတ်က အဆင့်(၁၀) ရောက်ရှိခဲ့စေကာ ထိုအရာက တကယ့် သူတော်စင်အဆင့် အစွမ်းထက် ပုဂ္ဂိုလ်များထက်ပင် သာလွန်သေးသည်။ ၎င်းက အတော်လေး ထူးချွန်လှသော ရလာဒ်တစ်ခုပင်။

မုန်တိုင်းမြေမှ စမ်းသပ်ချက် သက်ရောက်မှုနှင့် တုံ့ပြန်မှုတို့က မမျှော်လင့်ထားလောက်အောင် ကောင်းမွန်လှသည်။ ချန်လွေ့အပေါ် အမြင်အချို့ ရှိခဲ့သော နဂါးနီ အကြီးအကဲသည်ပင် အံံ့အားသင့် သွားခဲ့သည်။

ယခုတစ်ခေါက် ချန်လွေ့က မုန်တိုင်းမြေမှ “ကောင်းကင်ဘီး”၏ အဆောက်အအုံ အစိတ်အပိုင်းကို ပြင်ဆင်ခဲ့ပြီး ကိုးကွယ်သူ နှလုံးသားနှင့် ပေါင်းစပ်သော ဗဟိုချက် ကိရိယာတစ်ခုကို တည်ဆောက်ခဲ့သည်။ ထိုအရာက မုန်တိုင်းမြေတွင် “အနှိုင်းမဲ့စစ်သည် အွန်လိုင်း” အနီးကပ် အတွက် ရိုးရိုးရှင်းရှင်း ဗားရှင်းကို တည်ဆောက်ခြင်းနှင့် ညီမျှပေသည်။ သို့သော်လည်း မှော်ခေါင်းစွပ်ထဲရှိ ဗဟိုချက်ကိရိယာနှင့် ဆန်းကြယ် သလင်းကျောက်တို့က စွမ်းအင်အကန့်အသတ် ရှိပြီး ကုန်သွားသည်နှင့် ကိုယ်တိုင် ပြန်ဖြည့်ရမည် ဖြစ်သည်။ ဆိုလိုသည်က နဂါးနှင့် နဂါးစစ်သည်များသည် ထိုမှော်ဂိမ်းကို ထပ်ကစားရန် သို့မဟုတ် လေ့ကျင့်ချင်ပါက မုန်တိုင်းကျွန်းသို့ လာရပေမည်။

ထိုအရာက ကြားကာလအတွင်း သင့်တော်သလို ပြုလုပ် ခဲ့ခြင်းသာ ဖြစ်သည်။ ချန်လွေ့၏အကြံက အနှိုင်းမဲ့စစ်သည်ကို “ကောင်းကင်ဘီး”အား ပျက်စီးသွားခဲ့သော ရှေးအဖွဲ့အစည်း မြို့တော် ဗဟိုချက်အဖြစ် အသုံးချပြီး လူသားလောကဗားရှင်း ဖန်တီးကာ လူသားလောကသို့ “အနှိုင်းမဲ့စစ်သည် အွန်လိုင်း” မှော်ဂိမ်းကို တဖြည်းဖြည်း ဖြန့်ကျက်ရန် ဖြစ်လေသည်။ သို့ရာတွင် ဤနေရာ၌ ကြီးမားသော နည်းပညာ ပြဿနာများ ရှိနေသေးသည်။ အကြီးမားဆုံး ပြဿနာက မှော်ဂိမ်း၏ ဗဟိုချက် အမြုတေက ရှေးအဖွဲ့အစည်း၏ အသက်သလင်းကျောက် ဖြစ်နေခြင်းပင်။ ယခုတွင် ကြယ်မြို့က လူသား‌လောကသို့ မရောက်လာနိုင်သည်မှာ သေချာပေသည်။ ထို့ပြင် ကောင်းကင်ဘီးမှ အသက် သလင်းကျောက်ကို ချန်လွေ့က ဖျက်ဆီးခဲ့သည်မှာ ကြာခဲ့လေပြီ။ အကြောင်းမှာ ၎င်းက ထိန်းချုပ်မရ၍ပင်။ ထို့ကြောင့် ယခုတွင် ဗဟိုချက် သလင်းကျောက် အစားထိုး လိုအပ်နေသည်။ ထိုသလင်းကျောက်က ဂိမ်းနှင့် ယုံကြည်မှု အထွက်နှုန်းကို ထိန်းချုပ်ခြင်းကလွဲလျှင် တခြားလုပ်ဆောင်ချက်များ မရှိပေ။

ထိုပြဿနာကို ဖြေရှင်းပြီးသည်နှင့် “အနှိုင်းမဲ့စစ်သည် အွန်လိုင်း” မှော်ဂိမ်းကို နဂါး၊ နတ်သူငယ်မျိုးနွယ်စုနှင့် လူသား လောက တစ်ခုလုံးသို့ပင် ဖြန့်ကျက်နိုင်ရန်မှာ အိပ်မက်တစ်ခု မဟုတ်တော့ပေ။

ထိုအရာက ယုံကြည်မှုဝင်ရောက်ခြင်းနှင့် လူသားလောကနှင့် ရေရှည်နည်းဗျူဟာနှင့် ပတ်သက်၍ အောင်မြင်မှုကြီးတစ်ရပ်ပင် ဖြစ်သေလည်။

နဂါးများ၏ စမ်းသပ်ချက်များ ပြီးနောက်တွင် ဂရစ်ဖွန် စီးနင်းသူများက နဂါးလင်းလက်အင်ပါယာသို့ ပြန်သွားခဲ့ကြသည်။ မာရီယာနှင့် စပန်တို့ကလည်း နဂါးတောင်ကြားသို့ နဂါးများနှင့် နဂါးစီးနင်းသူများနှင့်အတူ ပြန်သွားကြသည်။

ထွက်မသွားခင်တွင် စပန်က ချန်လွေ့က မှော်စက်ဝိုင်း၌ ကိုယ်ပိုင် အတွေ့အကြုံများကို မှတ်တမ်းတင်ထားသော စာအုပ်လေး တစ်အုပ်အား ပေးခဲ့သည်။ စပန်၏ မှော်စက်ဝိုင်း ပညာရပ်က မဟာဆရာသခင် အဆင့်သို့ ရောက်ရှိနေသည့် အတွက်ကြောင့် ထိုစာအုပ်က အဖိုးမဖြတ်နိုင်ပေ။ စာကြောင်းများကို ကြည့်ရသည်မှာ ယခင်နေ့ရက်များ၌ ရေးသားထားခဲ့ပုံရသည်။ ချန်လွေ့က စာအုပ်လေးကို ကိုင်လိုက်သောအခါ နှလုံးသားထဲ၌ နွေးထွေးသွားခဲ့သည်။

ချန်လွေ့က နဂါးလင်းလက်အင်ပါယာသို့ တိုက်ရိုက် မသွားခဲ့ဘဲ ဆမ်မြူရယ်ကို သိဒ္ဓိခြင်ဆီ သစ်သီးကို ပေးခဲ့သည်။ တိုင်တန်များအား “ကောင်းကင်ဘီး” အပျက်အစီးများကို “ရှင်းလင်းရန်” အမိန့်ပေးပြီးနောက် သူက [ ကြယ်ဂိတ် ]ကို ဖွင့်ပြီး နတ်ဆိုးဘုံရှိ အမှောင်လနေအိမ်သို့ ပြန်ရောက်လာခဲ့သည်။

ပြန်ရောက်လာသည်နှင့် သူက ခြံဝင်းထဲ၌ စက်ဝိုင်းပုံစံ ထိုင်နေကြသောသူများကို မြင်လိုက်ရသည်။ ပါ့ဂ်လီအို၊ ခရိုဘဲလက်စ်။ အသီနာ၊ ခီရာ၊ အစ်ဇဘယ်လာ၊ အဲလစ်၊ ရိုမန်၊ ဒေလီယာ၊ အိုလီဖီးရက်စ်၊ အယ်ဒီလိုင်း၊ ဟယ်လင်နှင့် ဒိုဒိုတို့ ဖြစ်ကြ၏။ တရားပိတ် လေ့ကျင့်နေသော ဇိုလာနှင့် အလုပ်များ၍ အပြင်မထွက်နိုင်သော ရှီရာမှလွဲ၍ အခြေခံအားဖြင့် အားလုံး ရှိနေကြလေသည်။

အခြေအနေက အနည်းငယ် ထူးဆန်းနေပုံရသည်။

ချန်လွေ့ ထိတ်လန့်သွား၏။ ဒါက လူပုံလယ် အမှုစစ် အစည်းအဝေး အငွေ့အသက်ရနေတာ အသေအချာပဲ။ အရင်တစ်ခေါက်၊ အရင်တစ်ခေါက်၊ အရင့်အရင် တစ်ခေါက်တုန်းက ငါက လူပုံလယ် အမှုစစ်ဆေးတာအတွက် ပစ်မှတ်ဖြစ်ခဲ့ရတယ်။ ဒါပေမဲ့ ဒီတစ်ခေါက်က နောက်ထပ် ကံမကောင်းတဲ့သူ ဖြစ်တဲ့ပုံပဲ။

လိုလီလေးက ထက်မြက်သော မျက်လုံးများ ရှိလေသည်။ သူက ချန်လွေ့ကို ချက်ချင်း မြင်လိုက်ပြီး ပျော်ရွှင်စွာဖြင့် ခုန်ပေါက်ကာ လက်ကို ပြေးဖက်လိုက်၏။ “အစ်ကို။ မြန်မြန်လာ။”

ထိုလိုလီလေးက တမင်တကာပင် အစ်ဇဘယ်လာနှင့် အခြားသူများ အ‌ရှေ့၌ မိမိလက်ကို ဖက်ခဲ့ကြောင်း ချန်လွေ့ ခံစားလိုက်မိသည်။ လိုလီလေးက အရွယ်ရောက်ခါစသာ ရှိသေးသော ဆယ်ကျော်သက်တစ်ယောက် ဖြစ်သော်လည်း အနည်းငယ် အသစ်ဖြစ်သလို ခံစားရသည်။ ချန်လွေ့က ရုန်းမထွက်နိုင်ခင်မှာပင် နောက်ထပ်လက်တစ်ဖက်ကို အဖက် ခံလိုက်ရသည်။ ယခုတစ်ခေါက်မှာ မစ်-နဂါးနက် ဖြစ်၏။

“သူဌေး ပြန်လာပြီပဲ။”

ချန်လွေ့က ရန်သူ သေရွာပြန်နဂါး အူးကလီးရက်စ်ကို အဂ္ဂိရတ် ပြိုင်ပွဲ၌ သတ်ပစ်ခဲ့ကြောင်း မြင်တွေ့ခဲ့ရပြီးနောက် မစ်-နဂါးနက်၏ နှလုံးသားအထုံးက နောက်ဆုံး ပြေလျော့သွားကာ မိစ္ဆာမျက်ဆံ စွမ်းအားကလည်း စိတ်ဝိညာဉ် အမှတ်အသားကို ဆက်လက်၍ အားနည်းပြီး ကွယ်ပျောက်လာစေခဲ့သည်။ အိုလီဖီးရက်စ်၏ “အသက်ဝင်လာသော” ဖြစ်ရပ်က တဖြည်းဖြည်း ပိုမို၍ တိုတောင်းလာခဲ့သည်။ သူက အစ်ဇဘယ်လာနှင့် ဆင်တူစွာပင် ချန်လွေ့အပေါ် မှီခိုချင်သော စိတ်တစ်ခု ရှင်းပြ၍ မရဘဲ ရှိလာခဲ့၏။

အသီနာ၏အပြုံးက ရက်ရောပြီး အစ်ဇဘယ်လာ၏ အပြုံးက ပုံမှန်ဖြစ်သော်လည်း အစေခံမ‌လေးကသာ မကျေမနပ်နှင့် နှုတ်ခမ်းကို မဲ့ပြလိုက်သည်။ ချန်လွေ့က အနည်းငယ် စိုးရိမ်နေ သေးသည်။ သူက ကောင်မလေး နှစ်ယောက်၏ ပွေ့ဖက်မှုမှ အသာလေး ရုန်းထွက်သွားလိုက်ပြီး လျှောက်လာကာ မေးလိုက်သည်။ “မင်းတို့အားလုံး ဘာလုပ်နေကြတာလဲ။”

“သူဌေး။ ကျွန်မတို့ အားလံုးက ရိုမန်ကို စစ်‌မေးနေတာ။” မစ်-နဂါးနက်က အရင် ပြန်ဖြေလိုက်သည်။

“ရိုမန် ဟုတ်လား။” ချန်လွေ့က အံ့အားသင့်သွားခဲ့ပြီး စက်ဝိုင်းအလယ်တွင် ရှိနေပြီး ဂနာမငြိမ်ဖြစ်နေသော တူလေးကို ကြည့်လိုက်သည်။

ဒေလီယာက မျက်နှာအေးစက်နေသည်ကို မြင်သည့်အခါ ချန်လွေ့က စိတ်ထဲ၌ ကိစ္စအချို့ကို ချက်ချင်း မှန်းဆလိုက်မိသည်။ အရင်က ဒီကောင်က ထွက်လာပြီးတော့ အခြေအနေကို ပိုဆိုးအောင် လုပ်ခဲ့တာ။ သူလည်း ဒီလိုဖြစ်လာမယ်လို့ မထင်ထားခဲ့ဘူး။

နဂိုက ရိုမန်သည် ရေခဲရိုက်ထားသော ခရမ်းသီးကဲ့သို့ ဖြစ်နေလေသည်။ ချန်လွေ့ကို မြင်သည့်အခါ သူက ကယ်တင်ရှင်ကို မြင်လိုက်ရသလို ဖြစ်သွားခဲ့သည်။ သူက အသံကျယ်ကျယ်ဖြင့် ဆာ-ဦးလေး၏ ခြေထောက်ကို သွားဖက်တော့သည်။

“ခေါင်းဆောင်။ ကယ်ပါဦး...”

“ငါ့ကို ငရဲထဲ ဆွဲမခေါ်နဲ့။” ချန်လွေ့က အံ့အားသင့်ထားပြီး လူအုပ်ကြီးကို အရှက်မရှိ ပြောလိုက်သည်။ “သူ့ကို ငါ မသိဘူး။”

“ဆာ-ဦးလေး...” ရိုမန်က အော်ငိုလိုက်တော့သည်။ “ဘာပြောတာလဲ။ ကျုပ်အတွက် မလုပ်ရင်တောင် မဒမ်-ဒေါ်လေးရဲ့ အကျိုးအတွက် ကျုပ် အပြစ်မဲ့တာကို သက်သေပြပေးရမယ်။”

“”အပြစ်မဲ့”တာက မင်းနဲ့ဆိုင်တဲ့ အရာဆိုတာ သေချာလား။” ချန်လွေ့က ခြေထောက်ကို အပြင်းအထန် လှုပ်ခါလိုက်သော်လည်း ထိုသူက အလျှော့ပေးဟန် မတူပေ။ သူက လုံးဝ မလွှတ်သည့် အတွက်ကြောင့် ချန်လွေ့က မတတ်နိုင်ဘဲ မေးလိုက်ရတော့သည်။ “ငါ့ကို ဘယ်သူ ပြောပြမလဲ။ ဒီကောင် ဘာလုပ်ခဲ့တာလဲ။”

“တခြားမိန်းမတွေနဲ့ သွားရှုပ်ခဲ့တာပဲပေါ့။” လိုလီလေးက အတွေ့အကြုံနှင့် ခေါင်းခါပြီး သက်ပြင်းချလိုက်သည်။

မဒမ်-ဒေါ်လေးလည်း သက်ပြင်းချလိုက်၏။ “ငါ ဒီတစ်ခေါက် နင့်ကို မကူညီနိုင်ဘူး။ ရိုမန်။ ဒါက လုံးဝ ဒေလီယာ ဘက်မှာပဲ။”

အသီနာက စကားမပြောဘဲ ဒေလီယာက နှစ်သိမ့်ပေးရန် ကျောကို ပုတ်ပေးနေခဲ့သည်။

‌ဒေလီယာ၏ မျက်လုံးများက နီရဲနေသော်လည်း သူက တိတ်ဆိတ်နေခဲ့သည်။

“ဘာဖြစ်တာလဲပြော။” ချန်လွေ့က မိမိခြေထောက်ကို ခေါင်းပေါ် တင်ထားသောသူကို လှမ်းရိုက်လိုက်သည်။ “ဒီတစ်ခေါက် မင်းက ဘယ်မုဆိုးမနဲ့ သွားရှုပ်ခဲ့တာလဲ။”

“ဝိုး။ သူဌေးက တကယ် တော်တာပဲ။ ဒါကိုတောင် ခန့်မှန်း နိုင်တာလား။” မစ်-နဂါးနက်က အံ့အားသင့်စွာ ပြောလိုက်သည်။

“ဒါကို တူရာတူရာ စုတယ်လို့ ခေါ်တယ်။ သူနဲ့ အတူ ရှိတဲ့ ယောက်ျားတွေကလည်း ကောင်းတဲ့သူတွေ မဟုတ်ဘူး။” ရက်စက်သော ပါးစပ်က သေချာပေါက် မာယာရှင် မင်းသမီးလေး ထံမှပင်။

မစ်-ဘက်တီက အဆိပ်နဂါးကို သတိထားလျက် ဖျတ်ခနဲ ကြည့်လိုက်သည်။ ကံကြမ္မာဆိုး၏ ပစ်မှတ် ဖြစ်လာမည် စိုးသည့် အတွက်ကြောင့် ဆရာသခင် အဆိပ်နဂါးက ထပ်မပြောရဲတော့ပေ။

“တကယ်တော့ အဲဒါက...မယ်ဒီလူ ပါ...” ရိုမန်က ဝမ်းနည်းသော မျက်နှာဖြင့် ပြောလိုက်သည်။ “ကျုပ်က တကယ် သူနဲ့ ဘာမှမဆိုင်ပါဘူး။ ကျုပ်က သူ့ကို ဂျာဂယ်ခံတပ်ကနေပဲ ကယ်တင်ခဲ့တာပါ။ ခေါင်းဆောင်။ ခင်ဗျားက သူ့ကို ကယ်ဖို့အတွက် ကျုပ်ကိုစီစဉ်ထားခဲ့တာလေ။”

နောက်ဆုံး၌ အသီနာက မကျေမနပ်နှင့် ပြောလိုက်သည်။ “ဘာမှမဟုတ်ဘူးဆိုရင် မယ်ဒီလူက ရှင့်ကို အမှောင်လမှာ လာရှာမှာလား။”

“ပြီးတော့ အရိပ်နက်အင်ပါယာက ရီဂျန့် ဖရန့်ဇ်ကလည်း သံတမန်ရေးရော လမ်းကြောင်းကနေ အစ်မကို ဖိအားပေးပြီးတော့ သူ့ကို သားမက်အဖြစ်တော်ဖို့ ပြောနေတယ်။” လိုလီလေးက နောက်ထပ်ဗုံးတစ်လုံး ကြဲလိုက်၏။

“အငယ်အနှောင်းက ဘာမှမဟုတ်ဘူး။ ဒါပေမဲ့ သူက မယားကြီးကို အစားထိုးဖို့ ကြိုးစားနေတယ်။” ယခုတစ်ခေါက် အစေခံမလေးက မီးစကို ရေနံလောင်းလိုက်လေသည်။

အဆက်မပြတ် ပစ်ခတ်မှုများကြောင့် ဆရာသခင် ရိုမန်၏ အသက်က တဖြည်းဖြည်း ကုန်ခမ်းလာပြီး သူ၏ ပစ္စည်းဥစ္စာများ ကျတော့မည် ဖြစ်သည်။

ထိုအချိန်မှသာ ချန်လွေ့က အခြေအနေကို သဘောပေါက် သွားခဲ့သည်။ ရိုမန်က အရိပ်နက်အင်ပါယာထဲ ဝင်တော့မှာလား။

နေပါဦး။ မယ်ဒီလူ။ ဂျာဂယ်ခံတပ် ဟုတ်လား။

နောက်ဆုံး၌ ထို “မယ်ဒီလူ”က ကတ်သရင်း ဦးလေး၊ ရီဂျန့် ဖရန့်ဇ်၏ သမီးဖြစ်ပြီး ဘရော့ခ်၏မိန်းမ ဖြစ်ကြောင်း ချန်လွေ့ မှတ်မိသွားတော့သည်။

ထိုစဉ်က ဘရော့ခ်သည် ဖရန့်ဇ်ကို ကယ်တင်ရန် အကွက်ဆင်ခဲ့ပြီး ဧကရီ ဦးရီးတော်၏ သားမက် ဖြစ်လာခဲ့ပြီးနောက် ဖရန့်ဇ်နှင့် ပတ်သက်မှုကို မှီခိုကာ အရိပ်နက်အင်ပါယာ စစ်တပ်၌ နံပါတ်(၁) ဖြစ်လာခဲ့သည်။ ထို့နောက် သူက ကြောက်စရာ ကောင်းသော မျက်နှာအမှန်ကို ပြသခဲ့လေသည်။ ဖရန့်ဇ်နှင့် သူ၏ သမီးကို ဂျာဂယ်ခံတပ်သို့ ခေါ်သွားပြီး ကတ်သရင်းကို ခြိမ်းခြောက်ရန်အတွက် အကျဉ်းချထားခဲ့သည်။ ထို့အပြင် သူက မယ်ဒီလူကို ထိန်းချုပ်ရန် အတွက်လည်း [ဝိညာဉ်အချုပ်အနှောင်] ကို အသုံးပြုထားခဲ့သည်။ အထူးသဖြင့် ဘရော့ခ်က ခန္ဓာကိုယ် တဝက် ဆုံးရှုံးသွားခဲ့ပြီးနောက် မစွမ်းဆောင်နိုင် ဖြစ်သွားသောအခါ မယ်ဒီလူက အသက်ရှင်လျက် ငရဲကျနေသကဲ့သို့ပင် နှိပ်စက် ခံခဲ့ရသည်။ ချန်လွေ့က ရိုမန်ကို ဂျာဂယ်ခံတပ်သို့ ဘရော့ခ်ကို ဖြေရှင်းရန် ခေါ်သွားသော အခါကျမှသာ သူ့ကို ရိုမန်က ကယ်တင်ခဲ့လေသည်။

ဒီအကြောင်းရင်းကြောင့် စိတ်ဒဏ်ရာရနေတဲ့ မယ်ဒီလူက ရိုမန်အပေါ် အမြင်ကောင်းတွေ ရှိသွားတာ ဖြစ်ရမယ်....

နောက်ဆုံးတွင် ချန်လွေ့က ယခု လူပုံလယ် အမှုစစ် အစည်းအဝေးအတွက် အကြောင်းရင်းကို သ‌ဘောပေါက် သွားတော့သည်။ တူလေးတစ်ယောက်က ပုံမှန်အားဖြင့် မိန်းမများနှင့် ရှုပ်သည်မှာ မှန်သော်လည်း သူက ဒေလီယာထံ အပြေးသွားသည့် အချိန်တိုင်း ဒေလီယာက ၎င်းကို မမြင်ချင်ယောင်ဆောင်ထားခဲ့သည်။ သို့သော်လည်း ယခု တစ်ခေါက်က သဘာဝ လုံးဝ ကွာခြားပေသည်။

သို့သော်လည်း လူတစ်ယောက်၏ အကျင့်ကောင်းများကို ချန်လွေ့ ကောင်းကောင်း သိလေသည်။ သူက ဒေလီယာကို လက်လျှော့ပြီး မိန်းမလှနှင့် အာဏာကို အမှန်တကယ် လောဘကြီးသည်ဟု ပြောရန် မဖြစ်နိုင်ပေ။

“ငါက သူ့ကုိ ကယ်တင်ဖို့ပဲ မင်းအတွက် စီစဉ်ထားခဲ့တာ။ နှစ်ပါးသွားဖို့ မဟုတ်ဘူး။ မင်းက သိပ်မကြာခင်က အရိပ်နက် အင်ပါယာရဲ့ ရီဂျန့် သားမက် ဖြစ်လာတော့မယ်။ ရှေ့က လမ်းခရီး ချောမွေ့နေပြီ။ ဂုဏ်ယူပါတယ်။ အရှင်မင်းသား ရိုမန်။” ချန်လွေ့၏ စကားတစ်ခွန်းက အတန်းဖော် တူလေးအား အသူရာ ချောက်နက်သို့ ကန်ချခဲ့လေသည်။ “မယ်ဒီလူကို ငါလည်း တွေ့ဖူးတယ်။ အက်စ်မိုဒက်စ် တော်ဝင်မိသားစုတိုင်းက အချောအလှတွေပဲ။ ပြီးတော့ အရိပ်နက်အင်ပါယာရဲ့ အင်အားလည်း ရှိတယ်။ ငါသာ ဆိုရင် အဲဒီအကြောင်း စဉ်းစားမှာ မဟုတ်ဘူး။ မင်းက ဘာလို့ ဒီမှာ တုံ့ဆိုင်းနေသလို ဟန်ဆောင် နေရတာလဲ။”

ရိုမန်က ချွေးများ ပြန်လာတော့သည်။ ဆာ-ဦးလေး။ ဘယ်သူကမှ ဒီလိုမျိုး လက်စားမချေဘူး။ ဒေလီယာက တကယ် ဒေါသထွက်နေတာနော်။

“အသံတိတ်ညစိမ့်မြေမှာတုန်းက မင်း ငါ့ဆီကို ဒေလီယာ အပ်ထားခဲ့တာ မှတ်မိလား။ ဟုတ်ပြီ။ အခု မင်း သွားပြီးတော့ ရီဂျန့်သားမက် သွားလုပ်တော့။ ဒေလီယာကို ငါ ဂရုစိုက် ပေးလိုက်မယ်။”

လူတိုင်းက ကြက်သေသေသွားကြသည်။ ဒါက ဘယ်လို အလှည့်အပြောင်းမျိုးလဲ။ သူငယ်ချင်းရဲ့ မိန်းမတွေကိုလည်း ကြိုဆိုတာလား။

ဒေလီယာနှင့် ရိုမန်တို့သာ သဘောပေါက်ကြသည်။ ချန်လွေ့က အသံတိတ်ညစိမ့်မြေအကြောင်း တမင်တကာ ပြောခဲ့ခြင်း ဖြစ်သည်။ သူတို့(၃)ယောက်က အစပိုင်းတွင် သိပ်ပြီး အစွမ်းမထက်ကြပေ။ ဘရော့ခ်၏ အလစ်တိုက်ခိုက်မှုကို ခံရသောအခါ သေရေးရှင်ရေး အခြေအနေ ဖြစ်နေခဲ့ပြီး ရိုမန်က အသေခံကာ ဘရော့ခ်ကို အချိန်ဆွဲချင်ခဲ့သည်။ ထို့ကြောင့် သူက ဒေလီယာကို ဂရုစိုက်ပေးရန် ချန်လွေ့အား ပြောခဲ့ခြင်း ဖြစ်လေသည်။ ထိုနည်းတူစွာပင် ‌ဒေလီယာကလည်း ရိုမန်ကို အသက်နှင့်ရင်း၍ ကာကွယ်ချင်ခဲ့လေသည်။

ရုတ်တရက် ဒေလီယာနှင့် ရိုမန်တို့က ခေါင်းဆောင်၏ ရည်ရွယ်ချက်ကို သဘောပေါက်သွားကြသည်။ သူတို့က ထိုကဲ့သို့ အခက်အခဲများ၊ နာကျင်မှုများကို အတူတူ ကြုံတွေ့ခဲ့ကြရပြီး အချင်းချင်းအတွက် မတုံ့မဆိုင်းဘဲ အသက်စွန့်နိုင်ကြသည်။ မကျော်လွှားနိုင်သော အခက်အခဲများ ရှိသေးသလော။ သူတို့ အတူတူ မရင်ဆိုင်နိုင်သော အခက်အခဲက မည်သည်နည်း။

နောက်ဆုံးတွင် ဒေလီယာ၏ မျက်လုံးများ တဖြည်းဖြည်း ပျော့ပျောင်းသွားခဲ့ပြီး အသီနာ၊ အစ်ဇဘယ်လာနှင့် အခြားသူများက ၎င်းကို မြင်သည့်အခါ တိတ်တိတ်လေး ခေါင်းညိတ်လိုက်ကြသည်။

“အရှက်မရှိဘူး။ ရွံစရာကောင်းတယ်။ ညစ်ညစ်ပတ်ပတ်တွေ။” မာယာရှင် မင်းသမီးလေးက ချန်လွေ့၏ အကြည့်ကို မြင်သောအခါ ပို၍ပင် အထင်သေးသွားခဲ့သည်။

“သခင်က တကယ့်ကို အထင်ကြီးစရာပဲ...” ၎င်းကို မသိသော ချွဲကျိကောင်က ချန်လွေ့ ငေးနေသည်ကို ကြည့်နေပြီး ပို၍ပင် လေးစားသွားတော့သည်။

All Chapters