← Chapters

“ဆာလဖြူရစ်အက်စစ်ဖြင့် ပက်ခြင်း”

Vol. 51 Ch. 827

“ဆာလဖြူရစ်အက်စစ်ဖြင့် ပက်ခြင်း”

Vol. 51 Ch. 827

“ဆာလဖြူရစ် အက်စစ်လား။ အတော်လေး အစွမ်းထက်တဲ့ ပုံပဲ။” အူးကလီးရက်စ်က မလျှော့တမ်း ရယ်လိုက်သည်။ “မင်း လေလုံးထွားတာ မပြီးသေးခင် [ မရဏနက် တိုင်းပြည် ] ရဲ့ ပွေ့ဖက်မှုကို ခံစားကြည့်လိုက်။”

သူ၏ စကားလုံးများ ဆုံးသွားသည်နှင့် မရေမတွက်နိုင်သော အနက်ရောင်အငွေ့များ အပေါ်တက်လာပြီး ဧရာမနဂါးနက် နိမိတ်ပုံရိပ်အဖြစ် စုစည်းသွားသည်။ ဧရာမနဂါးက တောင်ပံ ခတ်လိုက်ရာ မသေမျိုးအားလုံးက အနက်ရောင်အငွေ့များ အဖြစ်သို့ ပြောင်းလဲသွားကြသည်။ တိုင်းပြည်တစ်ခုလုံးက ချန်လွေ့ကို ဝိုင်းရံထားသော ဝဲကတော့တစ်ခုသဖွယ် ဖြစ်နေပြီး လွတ်လမ်း လုံးဝ မရှိတော့ပေ။

ဝိုင်းရံမှုက တဖြည်းဖြည်း ကျဉ်းမြောင်းလာသည်။ အနက်ရောင် အငွေ့က အသွင်ပြောင်းထားသော သင်္ကေတများက အလွန်ကြီးမားသော လေလုံ အနက်ရောင် စက်လုံးတစ်ခု ဖန်တီး လိုက်၏။ ၎င်းက ချန်လွေ၏ ပတ်တပ်လည်တွင် မြန်နှုန်းမြင့် လည်ပတ်နေပြီး ပေါက်ကွဲသံများ ထွက်နေတော့သည်။

ထိုအချိန် စင်ပေါ်တွင် ရှိသော ပရိသတ်များက အဝေးသို့ ရွှေ့ပြောင်းသွားကြသော်လည်း မည်သူကမှ ထိုကဲ့သို့ ဒဏ္ဍာရီလာ အထူးအစွမ်းထက်ပုဂ္ဂိုလ် ယှဉ်ပြိုင်မှုကို မလွတ်ချင်ကြပေ။ သူတို့ကို ရိုင်ဇန်၏ တိုင်းပြည်စွမ်းအားက ကာကွယ်ထားပေ‌းသော်လည်း ထိုအနက်ရောင်စက်လုံး၏ စွမ်းအားက အလွန်ထူးဆန်းပြီး စိတ်ရှုပ်စရာ ကောင်းပေသည်။ အားနည်းသော သူများက တစ်ချက်နှစ်ချက်ကြည့်ရုံဖြင့် သတိလစ်သွားကြလေသည်။

[ မရဏနက်တိုင်းပြည် ] ထဲက နဂါးနက် နိမိတ်ပုံစံက အနက်ရောင် အငွေ့များထဲမှ ထွက်လိုက်ဝင်လိုက် ပျံသန်းနေပြီး အနက်ရောင် စက်လုံးများလည်း သေးသထက် သေးကာ မြန်သထက် မြန်လာသည်။ ပေါက်ကွဲမှုက မပြင်းထန်ပုံ ပေါ်သော်လည်း အစွန်အဖျားရှိ အကာအကွယ် သွေးရောင် အငွေ့အသက်က အဆက်မပြတ် နောက်ပြန်လှိမ့်နေသည်။ မြေပြင်ပေါ်တွင်လည်း ကြောက်မက်ဖွယ်ရာ အက်ကြောင်းကြီးများ ဖြစ်လာပြီး ရိုင်ဇန်၏ အနက်ရောင်မျက်လုံးများ လက်ခနဲ ဖြစ်သွား၏။ သူက လက်ကို ဖြန့်လိုက်ရာ သွေးရောင်အငွေ့အသက်များ လှိမ့်တက်လာခဲ့ပြီး အစွန်အဖျားမှ အကာအကွယ်ကို ပြန်လည်၍ တည်ငြိမ်သွားစေခဲ့လေသည်။

နောက်ဆုံး၌ အနက်ရောင် စက်လုံးများ၏ လည်ပတ်ခြင်း နှေး‌ကွေးသွားခဲ့ပြီး ပေါက်ကွဲသံများလည်း ငြိမ်သက်သွားခဲ့သည်။ ထူထဲသော အနက်ရောင်အငွေ့များထဲ၌ လူပုံစံ ပုံရိပ်တစ်ခုကို ရေးရေးလေး မြင်နိုင်ပေသည်။ သူ့တစ်ကိုယ်လုံးကို ဧရာမ တောင်ပံတစ်စုံဖြင့် ရစ်ပတ်ထားနေ၏။ ဧရာတောင်ပံများကုိ ဆန့်ထုတ်လိုက်သောအခါ ကြယ်အလင်းများ ဖြာထွက်သွားပြီး တောက်ပမှုအောက်တွင် အနက်ရောင်အငွေ့များ ချက်ချင်း ကွယ်ပျောက်သွားတော့သည်။

နဂါးနက်၏ နိမိတ်ပုံရိပ်က အံ့အားသင့်စွာဖြင့် ပြောလိုက်သည်။ “[မရဏပွေ့ဖက်ခြင်း]ကို မင်း ဘယ်လို တန်ပြန်လိုက်တာလဲ...”

သူ စကားပြော မပြီးသေးခင်မှာပင် အံ့အားသင့်မှုက သနားစရာ အော်သံအဖြစ် ပြောင်းလဲသွားပြီး သူ၏ နိမိတ်ပုံရိပ်က တန်ပြန်မှုကြောင့် စုတ်ပြတ်သွားတော့သည်။

[ဓူဝံကြယ်အသွင်ပြောင်းခြင်း] အခြေအနေ၌ “ခုခံမှုဒိုင်းကာ”က [ကြယ်ပြာတိုင်းပြည်] ဖြစ်လာသော [ ကြယ်စင်စုပိုင်နက် ] နှင့် ဆင်တူစွာပင် [ ကြယ်အစောင့်အရှောက်တောင်ပံ ] ဖြစ်လာ၏။ ခုခံမှုစွမ်းရည်က ကြီးကြီးမားမား တိုးတက်လာခဲ့ပြီး အဝန်းအဝိုင်း အတွင်း ရန်သူ၏ တိုက်ခိုက်မှုကို တန်ပြန်ရန် အသုံးပြုနိုင်လေသည်။

[ ကြယ်အစောင့်အရှောက်‌တောင်ပံ ] ထဲရှိ အက်ကြောင်း အနည်းငယ် ရှိနေပြီး ထိုတိုက်ခိုက်မှုက ခုခံရ မလွယ်ကူပြောင်း ပြသနေသည်။ ချန်လွေ့၏ နှုတ်ခမ်းထောင့်တွင်လည်း သွေးစက်များကို မြင်နိုင်ပေသည်။ အူးကလီးရက်စ်၏ စွမ်းအားက ကြီးကြီးမားမား လျော့ကျနေသော်လည်း တိုင်းပြည်အဆင့် ထိပ်သီးပိုင်းတစ်ယောက်၏ စွမ်းအားအပြည့် တိုက်ခိုက်မှုက လုံးဝ ပေါ့သေသေး မဟုတ်ပေ။

[မရဏနက်တိုင်းပြည်] မပျောက်ကွယ်သွားခဲ့ပေ။ အလွန် ကြီးမားသော အနက်ရောင်အငွေ့များ ပေါ်ထွက်လာပြန်ပြီး ယခင် ဝဲကတော့ပုံစံ ဖြစ်ပေါ်လာသည်။ အူးကလီးရက်စ်၏ နိမိတ်ပုံရိပ် ပြန်ဖွဲ့စည်းလိုက်ပြီး သင်္ကေတ စက်ဝိုင်းများ ပြန်ပေါ်လာ၏။ ကြောက်မက်ဖွယ်ရာ ဖိနှိပ်မှုက လွှမ်းမိုးနေလေသည်။ သူက အသက်ကို အဆုံးစွန်အထိ လောင်ကျွမ်းလိုက်ပုံရသည်။

“ခွေးကောင်။ ငါ့ရဲ့ သွေး-ဝါးမျို လျို့ဝှက်ပညာ ကို မြည်းကြည့်လိုက်။ ငါ မင်းရဲ့ အသား တစ်တုံးချင်းစီကို ဆွဲဖြဲပြီးတော့ စားပစ်မယ်။”

အနက်ရောင်အငွေ့၏ ဝဲကတော့က မျက်စိတစ်မှိတ် အတွင်းမှာပင် ကြောက်စရာကောင်းသော သွေးလှိုင်တစ်ခုအဖြစ် ပြောင်းလဲသွားသည်။ ထိုကဲ့သို့ ဝဲကတော့မျိုးက မရိုးရှင်းပေ။ ရေဒြပ်စင်မှော်ပညာအပြင် ကြယ်အလင်းများကို ဝါးမျိုရန်အတွက် အူးကလီးရက်စ်က အမှတ်အသားနေရာလွတ်ကို အတင်း ထိန်းချုပ်ထားရပြီး ဝိညာဉ်ကိုပင် အသုံးပြုနေရလေသည်။

ကြယ်အလင်းများသာမက အသက်ဓာတ်လည်း ပါဝင်၏။

“လုံးဝ ကွက်တိပဲ။” ချန်လွေ့က အသက်စွမ်းအား အပြောင်းအလဲကို ခံစားမိသည့်အခါ ပျာယာ မခတ်သွားပေ။ သူ၏လက်ကလည်း ရေလှိုင်းတွန့်ကဲ့သို့ လှိုင်းများ ဖန်တီးလိုက်ပြီး ကြယ်အလင်းထဲ၌ အေးစက်မှုတစ်ခု ဖြစ်သွားကာ ဝဲကတော့ထဲသို့ ဖောက်ဝင်သွားတော့သည်။

ရိုင်ဇန် မျက်မှောင်ကြုတ်လိုက်သည်။ ဒီ “လေအေး”က ကြယ်အလင်းနဲ့ လုံးဝ မတူဘူး။ ဒါက တိုင်းပြည်စွမ်းအား အသစ်တစ်မျိုး ဖြစ်လောက်တယ်။ သူက “အက်ဂ်ယော” အသက်သွင်းခဲ့သော နှစ်ထပ်ပိုင်နက်ကို မြင်ခဲ့ဖူးသည်။ ယခုတွင် သူ၏ စွမ်းအား အဆင့်တက်သွားသောအခါ ထိုအရာ အမှန်ပင် နှစ်ထပ်တိုင်းပြည်အဖြစ် အဆင့်တက်သွားလေသည်။

“အေးစက်မှု”က မိမိ၏ ဝိညာဉ်အတွက် ခြိမ်းခြောက်မှု တစ်ခု ဖြစ်ကြောင်း အူးကလီးရက်စ် ခံစားမိသော်လည်း သွေး-ဝါးမျို လျို့ဝှက်ပညာရပ်ကို မရပ်တန့်နိုင်သေးပေ။ သူက ၎င်းကို အပြည့်အဝ အသက်သွင်းပြီး ကြယ်အလင်းများကို အလျင်အမြန် ဝါးမျိုလိုက်တော့သည်။

ထိုအချိန်၌ မိမိ ဝါးမျိုလိုက်သော “အေးစက်စက်ကြယ်အလင်း” ထဲ၌ ကြောက်မက်ဖွယ်ရာ အငွေ့အသက်တစ်ခု ရှိနေကြောင်း အူးကလီးရက်စ် ခံစားလိုက်မိသည်။ ဝဲကတော့ ရပ်တန့်သွားပြီး သူက အော်ဟစ်လိုက်၏။ “ဒါက ဘာကြီးလဲ...။ မဖြစ်နိုင်ဘူး။ အသက်ဓာတ်ရေစင်...မင်းမှာ ဘာလို့ ဒီလောက်အများကြီး ရှိနေရတာလဲ...”

“ဆာလဖြူရစ်အက်စစ်နဲ့ လောင်းမယ့် ပထမဆင့် စပြီ။” ချန်လွေ့က လက်ကို မြှောက်လိုက်ရာ [ ဆောင်းပိုင်နက် ] စွမ်းအားက တဟုန်ထိုး ထိုးတက်သွားခဲ့သည်။ အသက်ဓာတ် ရေစင်နှင့် ပေါင်းစပ်နေသော ဝဲကတော့က လေထဲ၌ တက်သွားပြီး ရှုပ်ထွေးသော သလင်းကျောက်များအဖြစ် ပြောင်းသွားကာ [မရဏနက်တိုင်းပြည်] တစ်ခုလုံးကို ပြည့်နှက်သွားတော့သည်။

“အဲဒီလောက် အသက်ဓာတ်ရေစင်လေးနဲ့ ငါ့ကို အနိုင်ယူ နိုင်မယ် ထင်မနေနဲ့။” အူးကလီးရက်စ်က ဟိန်းဟောက်လိုက်ပြီး အနက်ရောင် အငွေ့များက အလျင်အမြန် စုစည်းသွားကာ ဧရာမ လက်သည်းတစ်ခုအဖြစ် ပြောင်းလဲသွားရင်း ချန်လွေ့ကို ကုတ်လိုက်၏။ ၎င်းက လမ်းတလျှောက်၌ မရေမတွက်နိုင်သော သလင်းကျောက်များကို ပြန့်ကျဲသွားစေသည်။

“အသက်ဓာတ်ရေစင်က...ခင်ဗျားရဲ့ တည်ရှိမှုကို အသေမှတ် ဖို့ပဲ။ ဒုတိယအဆင့် စပြီ...”

ချန်လွေ့က ၎င်းကို မရှောင်တိမ်းဘဲ ပုံမှန်ပင် ပြောလိုက်သည်။ ကြယ်အလင်းများလည်း ဧရာမလက်တစ်ဖက်အဖြစ် စုစည်း သွားကာ လက်သည်းကို နှုတ်ဆက်လိုက်၏။ သူတို့က တိုးမရ ဆုတ်မရ အခြေအနေ ဖြစ်နေ၏။ ထိုအချိန်၌ [ကြယ်ပြာတိုင်းပြည်] စည်းချက် ပြောင်းသွားပြန်ကာ ကြယ်အလင်း၏ အေးစက်မှုက တဖြည်းဖြည်းနှင့် နူးညံ့လာတော့သည်။

နူးညံ့သော ကြယ်အလင်းရောင်ထဲ၌ ရန်မလိုဘဲ အားမန်အပြည့် ဖြစ်နေသော ထူးဆန်းသည့် စွမ်းအားတစ်ခု ရှိနေသည်။

ထိုအလင်း‌ရောင်၏ တောက်ပမှုအောက်တွင် ချန်လွေ့၏ ဒဏ်ရာများက အလျင်အမြန် ပြန်ကောင်းလာခဲ့သည်။ သို့သော် အနက်ရောင်အငွေ့လက်သည်းက မီးလောင်လွယ်သောအရာတစ်ခု လောင်စာနှင့် တွေ့လိုက်ရသလိုပင် လောင်ကျွမ်းနေလေသည်။ စူးစူးရှရှ အော်သံများနှင့်အတူ ၎င်းတို့က ချက်ချင်းပင် အပေါက်များ ပြည့်နှက်ပြီး လုံးဝ ပျောက်ကွယ်သွားလေသည်။

ပျောက်ကွယ်သွားသော အနက်ရောင် အငွေ့များက ယခင်ကဲ့သို့ အဆုံးမဲ့ ပြန်မထွက်ပေါ်လာခဲ့ဘဲ အဖြူရောင် အလင်းများ အဖြစ်သို့ ပြောင်းလဲသွားကာ တဖြည်းဖြည်း ပျံတက်သွား၏။ အဖြူရောင်အလင်းက ယခင်ကဲ့သို့ မထူးဆန်းသလို ခံ့ညားထည်ဝါခြင်းလည်း မရှိပေ။ ထိုအစား ၎င်းက အငြိုးများ အမှန်တကယ် ပျောက်ကွယ်သွားသကဲ့သို့ပင် အေးချမ်းသော ခံစားချက် ပေးစွမ်းနေသည်။

မတည်ငြိမ်မှုက အတော်လေး ရင်းနှီးကြောင်း ရိုင်ဇန် ခံစားလိုက်မိပြီး ပို၍ပင် မျက်မှောင်ကြုတ်လိုက်၏။ နိဗ္ဗာန် စွမ်းအားလား။ မဟုတ်ဘူး။ ဒါက ကုသမှုနဲ့ ဖြည့်တင်းတဲ့ ဂုဏ်သတ္တိတွေ ရှိတဲ့ တိုင်းပြည်စွမ်းအား ဖြစ်လောက်တယ်။ ကြယ်အလင်းရဲ့ လုံးဝပြည့်ပြည့်စုံစုံ ပေါင်းစပ်ထားတာ။ ဒါက မသေမျိုးတိုင်းပြည်ကို အစွမ်းထက် အဟန့်အတား ဖြစ်စေတယ်။

နှစ်ထပ်တိုင်းပြည်ရဲ့ ဒုတိယပုံစံလား။ ရိုင်ဇန်၏ မျက်လုံးများက အဆက်မပြတ် လက်ခနဲ ဖြစ်နေပြီး တိုင်းပြည်ထဲမှ သွေးရောင် အငွေ့အသက်က မိုးထိုးသွားခဲ့သည်။ ပရိသတ်များ၏ ခံစားချက်များကလည်း ပြင်းပြသော တိုက်ခိုက်ချင်စိတ်၏ သက်ရောက်မှုကို ခံလိုက်ရပြီး စိတ်လှုပ်ရှားမှုများ လှိမ့်တက် လာခဲ့လေသည်။

အူးကလီးရက်စ်က မယုံနိုင်စရာ တစ်ခုခုကို မြင်လိုက်ရဟန် တူသည်။ “ငါ့တိုင်းပြည်..!! မင်းဘာလုပ်လိုက်တာလဲ။”

ချန်လွေ့၏ ခန္ဓာကိုယ်ပေါ်မှ ကြယ်အလင်းရောင်က ပိုမို၍ တောက်ပလာခဲ့ပြီး အဖြူရောင်အလင်းကြောင့် အနက်ရောင် အငွေ့များ ပို၍ ကွယ်ပျောက်လာသည်။

လူသားလောကမှ ပြန်ရောက်လာပြီးနောက် အဆက်မပြတ် လေ့ကျင့်ကာ တိုးတက်အောင် ပြုလုပ်နေရင်း ချန်လွေ့က ၄ရာသီ ပိုင်နက်အား [ ဓူဝံကြယ်အသွင်ပြောင်းခြင်း ] ၏ [ကြယ်ပြာပိုင်နက်] နှင့် ပြီးပြည့်စုံစွာ ပေါင်းစပ်နိုင်ခဲ့သည်။ သူက လွတ်လွတ်လပ်လပ် ဖွင့်နိုင်ပိတ်နိုင်ရုံသာမက စွမ်းအားကိုလည်း နှစ်ဆတိုးနိုင်၏။ ခုနက [ ဆောင်းပိုင်နက် ] ကို သူ အသက်သွင်းခဲ့ပြီး ယခုတွင် [ နွေဦးပိုင်နက် ] ဖြစ်လေသည်။

[ နွေဦးပိုင်နက် ] သက်ရောက်မှုကြောင့် လေထဲတွင် ရှိနေ‌သော အသက်ဓာတ်ရေစင် သလင်းကျောက်များက လှိုင်းတွန့်များ အဖြစ်သို့ ပြောင်းလဲသွားကာ [မရဏနက်တိုင်းပြည်] တလျှောက် ပျံ့နှံ့သွားတော့သည်။ ၎င်းသို့ ဖြတ်သွားသောနေရာတိုင်း အနက်ရောင်အငွေ့များ ပျောက်ကွယ်သွားကြပြီး အလွန် ကြီးမားသော ခန္ဓာကိုယ်၏ပုံကြမ်း ပေါ်လာတော့သည်။

“တွေ့ပြီ။ အူးကလီးရက်စ်။” ချန်လွေ့က လှောင်ပြုံး ပြုံးလိုက်ပြီး တောင်ပံဖြန့်ကာ ပုံရိပ်အနီးသို့ ရောက်ရှိသွားသည်။ “ခင်ဗျားက ရေဒြပ်စင်စွမ်းအားနဲ့ ပုန်းနေတာပဲ။ ဒါကြောင့် ကျုပ် အာရုံ မခံမိတာကိုး။”

ချန်လွေ့က လက်ကို ဆန့်ထုတ်လိုက်ပြီးနောက် ကျောဘက်ရှိ တောင်ပံပြာက နှစ်ဖက်လုံးသို့ အလျင်အမြန် ဆန့်တန်းသွားပြီး အဆုံးမဲ့သလို ဖြစ်နေခဲ့သည်။ တောင်ပံအစွန်းက မရေ မတွက်နိုင်သော ကြယ်မှုန်များအဖြစ်သို့ ‌ပြောင်းလဲသွားကာ [ကြယ်ပြာတိုင်းပြည်] တစ်ခုလုံးထဲရှိ ကြယ်အလင်းများနှင့် ပေါင်းစပ်သွား‌တော့သည်။ တိုင်းပြည်ထဲရှိ ဂြိုဟ်များက ပိုမို၍ မြန်ဆန်စွာ လည်ပတ်နေသည်။ လူအများက အမြင်များလည်း ဝေဝါးလာခဲ့သည်။ မျက်စိတစ်မှိတ် အတွင်းမှာပင် ကြယ်နိမိတ်ပုံရိပ်များ ပျောက်ကွယ်သွားခဲ့ပြီး မြန်နှုန်းမြင့် လည်ပတ်နေသော ကြယ်ပြာမှုန်များအဖြစ် ပြောင်းလဲသွားကာ အလွန်အမင်းလင်းလက်နေခဲ့သော မျဉ်းကွေးက ဧရာမ အပြာရောင် လေဆင်နှာမောင်းတစ်ခုအဖြစ် စုစည်းသွားတော့သည်။

“[ ဓူဝံကြယ်မုန်တိုင်း ]”

ပြိုင်ကွင်းတစ်ခုလုံး လှုပ်ခါသွားခဲ့ပြီး ထိုဧရာမုန်တိုင်း၏ စွမ်းအားကို တိတိကျကျ ဖော်ပြနိုင်သော ရိုးရိုးရှင်းရှင်း စကားလုံး မရှိတော့ပေ။ ဖျက်ဆီးခြင်းနှင့် သေခြင်းတရား သက်သက်ကိုသာ ခံစားမိနိုင်လေသည်။

ဖိအားနှစ်ဆ တိုးသွားကြောင်း ခံစားလိုက်မိသည့်အခါ ရိုင်ဇန်၏ မျက်နှာအမူအရာ ပြောင်းလဲသွားခဲ့သည်။ ညည်းတွားနေရင်း အကာအကွယ် အစွန်အဖျားရှိ သွေးရောင်အလင်းက မီးတောက် သဖွယ် လောက်ကျွမ်းနေခဲ့ပြီး သူက မုန်တိုင်း၏ ကြောက်မက်ဖွယ်ရာ မတည်ငြိမ်မှုများကို ဖိနှိပ်နိုင်ရန် အကောင်းဆုံး ကြိုးစားနေလေသည်။ သူက ထိုတိုက်ပွဲတွင် တိုက်ရိုက် မဝင်ပါခဲ့သော်လည်း ထိုလုပ်ရပ်က “အက်ဂ်ယော”၏ စွမ်းအားကို သူ ခုခံနိုင်မနိုင် တမင်တကာ ပြုလုပ်ခြင်းဖြစ်သည်မှာ သေချာ၏။

နေရာလွတ်ကို လှုပ်ခါနေသော မုန်တိုင်း နောက်ဆုံးတွင် တည်ငြိမ်သွားတော့သည်။ ဥပဒေသစွမ်းအားကြောင့် ဖြစ်ပေသည်။ လူအများ၏ အမြင်က မကြည်လင်သေးပေ။ သူတို့က အနားသို့ ရောက်ရှိလာသော အသက်ဓာတ် အငွေ့အသက်များကို ခံစားမိနေသည်။ [မရဏနက်တိုင်းပြည်]ကြောင့် နဂိုက ဝေဝါးပြီး မသက်မသာ ဖြစ်နေကြသော ပရိတ်သတ်များက ချက်ချင်းပင် လန်းဆန်းသွားတော့သည်။

ရိုင်ဇန်လည်း စွမ်းအား တိုးမြှင့်မှုကို ခံစားမိသည်။ သို့သော် အစွန်အဖျားကို ကာကွယ်ခဲ့သော တိုင်းပြည်စွမ်းအားက မုန်တိုင်း စွမ်းအားကို မတားဆီးနိုင်ဘဲ ဖျက်ဆီးခံလိုက်ရသည့်အခါ သူ၏ မျက်နှာအမူအရာကို မကျေမနပ် ဖြစ်နေခဲ့သည်။ ထိုကဲ့သို့ ပျံ့နှံ့သော ခုခံမှုက စုစည်းသော ခုခံမှုထက် များစွာ ပိုမို၍ ခက်ခဲသော်လည်း ရိုင်ဇန်၏အမြင်၌ သူက ထိုလျို့ဝှက် ပြိုင်ပွဲ၌ ရှုံးနိမ့်သွားလေပြီ။ အနိုင်က အနိုင်။ အရှုံးက အရှုံးပေ။

မုန်တိုင်းစွမ်းအားကို ပြန်တွေးနေရင်း ရိုင်ဇန်က ပို၍ပင် လက်သီးဆုပ်လိုက်၏။ ငါဆိုရင် ဒါကို ခုခံနိုင်မှာလား။

ချန်လွေ့၏ ပုံရိပ်က အဆက်မပြတ် ကြက်ခြေခတ် ဖြစ်နေသော အစိမ်းရင့်ရောင် အလင်းဆီသို့ ရောက်ရှိလာသည်။ အလယ်တွင် နီကြင်ကြင် ရောင်လျှံတစ်ခု ရှိနေပြီး အလွန်အမင်း အေးစက်သော အငွေ့အသက်တစ်ခု ထွက်နေ၏။

“ဆာလဖြူရစ် အက်စစ်တဲ့ အပက်ခံချင်တဲ့ ခင်ဗျားရဲ့ ထူးထူးဆန်းဆန်း ဆန္ဒကို ဖြည့်ဆည်းပေးမယ်လို့ ကျုပ် ပြောခဲ့တယ်လေ။” ချန်လွေ့၏လက်ထဲ၌ ဆေးရည်မည်းများ ပြည့်နေသော ဆေးရည်တစ်ပုလင်း ရှိနေပြီ ဖြစ်သည်။ “ကျုပ် ကတိတည်ဖို့ အချိန်‌ရောက်ပြီ။”

ရောင်လျှံက ထွက်ပြေးရန် ကြိုးစားနေသကဲ့သို့ပင် တုန်လှုပ်နေသော်လည်း ကြယ်အလင်းအောက်၌ မလှုပ်ရှားနိုင်ပေ။ ၎င်းက “ငါ့ကို လွှတ်ပေး”ဟု အသံတုန်တုန်နှင့် ပြောတော့မည့် အချိန်တွင် ဆေးရည်မည်း လောင်းလိုက်ပြီ ဖြစ်သည်။

ရောင်လျှံ၏ အမြုတေက စူးစူးဝါးဝါး အော်ဟစ်လိုက်ပြီး အရည် စိုရွှဲနေသော နေရာမှ အငွေ့ဖြူများ ထွက်လာခဲ့သည်။ အဆုံးတွင် အလင်းရောင်လည်း ပျောက်ကွယ်သွားတော့သည်။

ချန်လွေ့က ခန္ဓာကိုယ်ထဲရှိ ဆက်ခံမှုအမှတ်အသား တဝက်ထဲသို့ အလွန်ကြီးမားသော အချက်အလက်များ ချက်ချင်း ဝင်ရောက်လာသကဲ့သို့ပင် ခံစားလိုက်ရသည်။ သိပ်မကြာခင်တွင် သူက အမှတ်အသား အပြည့်အစုံကို ရရှိသွားခဲ့သည်။ သူ၏ အသက်ဓာတ်လည်း တိုးပွားလာခဲ့သည်။ အသေအချာပင် သူက အူးကလီးရက်စ်နှင့် ဆာမန်တို့၏ “အလောင်းအစား”ကို အနိုင်ရရှိသွားခဲ့လေပြီ။

အစိမ်းရောင်အလင်းက တဖြည်းဖြည်း မှိန်သွားပြီး အစိုင်အခဲ ဖြစ်သွားသည်။ ထိုအရာက အူးကလီးရက်စ်၏ တကယ့် ခန္ဓာကိုယ် ဖြစ်လောက်သော ဧရာနဂါးရိုးတစ်စုံ ဖြစ်နေသည်။ သို့သော်လည်း ထိုနဂါးရိုးများထဲ၌ အသက်အရိပ်အယောင် မရှိနေပေ။

ချန်လွေ့က ခဏတွေးလိုက်ပြီး နဂါးရိုးများကို သိမ်းထား လိုက်သည်။ ရုတ်တရက် နောက်ဘက်မှ ရောက်လာသော အင်အားကြီး အငွေ့အသက် တစ်ခုကို သူ ခံစားလိုက်ရ၏။ သူ နောက်လှည့်ကြည့်လိုက်ရာ ရိုင်ဇန် ဖြစ်နေလေသည်။

ရိုင်ဇန်၏ ဝတ်ရုံက တလွင့်လွင့် ဖြစ်နေပြီး မျက်လုံးများက တိုက်ခိုက်ချင်စိတ်များဖြင့် လောင်ကျွမ်းနေလေသည်။

အူးကလီးရက်စ်နှင့် တိုက်ပွဲက ချန်လွေ့အတွက် ခွန်အား အတော်များများကို ကုန်ဆုံးသွားစေခဲ့ပြီး [ ဓူဝံကြယ် အသွင်ပြောင်းခြင်း ] အချိန်က အဆုံးသတ်တော့မည် ဖြစ်သည်။ သို့သော်လည်း သူက မလှုပ်ရှားဘဲ ရိုင်ဇန်ကိုသာ ဘာမှမပြောဘဲ စိုက်ကြည့်နေလိုက်၏။

အချင်းချင်း ခဏတာ ကြည့်ပြီးနောက် ရိုင်ဇန်က ပင့်သက်ရှိုက်ကာ စွမ်းအားကို ရုတ်သိမ်းလိုက်တော့သည်။ “နောက်နှစ် သိုင်းပြိုင်ပွဲမှာ ငါမင်းနဲ့ တွေ့ဖို့ စောင့်နေမယ်။”

တကယ့် ရိုင်ဇန် ရွေးချယ်မှုပဲ။ ချန်လွေ့က ရုတ်တရက် ပြုံးပြီး ရိုင်ဇန်ကို အသာလေး ခေါင်းညိတ်ပြလိုက်သည်။ သူက အဝေးမှ ရှီရာကို ငေးကြည့်ပြီး အသီနာနှင့် အခြားသူများကို ဖျတ်ခနဲ ကြည့်လိုက်၏။ သူ၏ပုံရိပ်က လျှပ်စီးတစ်ခုအသွင် ပြောင်းသွားပြီး ချက်ချင်းပင် ညကောင်းကင်ထဲ ပျောက်ကွယ်သွားတော့သည်။

All Chapters