စာချုပ် နှင့် “တရားမျှတမှု”
Vol. 51 Ch. 828
နံနက်စောစော၊ နေရောင်အောက်ဝယ်-
ဆံပင်အညို၊ မျက်လုံးအပြာနှင့် ရွှေရောင်ချပ်ကာ ဝတ်ဆင်ထားသော စစ်သည်တော်တစ်ယောက်က တောင်ကြား အောက်မှ မြစ်ကို ကြည့်နေခဲ့သည်။ နံနက်ခင်း နေရောင်က မြူခိုးများကို ဖြတ်သန်းပြီး ရောင်ခြည်ဖျော့ဖျော့ ထွန်းလင်း နေလေသည်။
စစ်သည်တော် နောက်ဘက်တွင် သေးသွယ်သော်လည်း ရင့်ကျက်သော အမျိုးသမီးတစ်ယောက် ရှိနေသည်။ အမျိုးသမီး၏ အသွင်အပြင်က သာမန်ထက် သာလွန်ရုံမသာက မျက်လုံးထဲ၌ ပြတ်သားသော စိတ်နေသဘောထား တစ်ခုလည်း ရှိနေကာ သူ့ကို သူရဲကောင်းဆန်စေ၏။
စစ်သည်တော်က မျက်လုံးများကို မှိတ်ပြိး ဖြည်းဖြည်းချင်း ဖွင့်ကာ သက်ပြင်းချလိုက်၏။ “ငါ သိလိုက်သင့်တယ်။”
အမျိုးသမီးက အသံလုံးဝမထွက်ဘဲ နောက်တွင် ငြိမ်ငြိမ်လေး ရပ်နေပြီး တုတ်ခိုင်သန်မာခြင်း မရှိသော်လည်း အနည်းဆုံး သူ့မျက်လုံးထဲ၌ အရပ်မြင့်သော စစ်သည်တော်ကို စိုက်ကြည့် နေလေသည်။
“အရှင်မင်းကြီး လက်စ်မှာ သွေးမျိုးဆက် အာရုံခံ ရှိတယ်။ တကယ်လို့ အရှင်မင်းသား တကယ် သေသွားခဲ့ရင် အရှင်မင်းကြီးက တစ်ခုခုကြောင့် လျို့ဝှက်ထားရင်တောင် သက်ဆိုင်ရာ လုပ်ရပ်တွေ၊ ချိန်ညှိမှုတွေ ရှိလာမှာပဲ။ အထူးသဖြင့် တော်ဝင်မိသားစု ဆက်ခံသူတွေအတွက်ပေါ့။ အရင် လပိုင်းတုန်းက ဘာလှုပ်ရှားမှုမှ မရှိခဲ့ဘူး။ အခုတော့ ငါ အတည်ပြုနိုင်သွားပြီ။” စစ်သည်တော်၏ မျက်နှာက လေးနက်နေသော်လည်း အကြည့်က လုံးဝစိတ်အားတက်နေသော အလင်းရောင်တစ်ခု ပြသနေ၏။ ယခင် လပိုင်းအတွင်း ပျက်စီးဆုတ်ယုတ်မှုများ ပျောက်ကွယ်သွားပြီး စိတ်ဝိညာဉ်က အရည်အသွေးအရ ပြောင်းလဲမှု တစ်ခုခု ဖြစ်သွားဟန်တူသည်။
“အဲဒီလူမှာ...ဒီလိုမျိုး ခမ်းနားကြီးကျယ်တဲ့ အဆင့်အတန်း ရှိတယ်ဆိုတော့...” အမျိုးသမီးက ပြောလိုက်၏။ “..ဘာလို့ အင်ပါယာဆီ ပြန်မသွားတာလဲ။”
“အီနာ။ အရှင်မင်းသားရဲ့ မဟာအစီအစဉ်က မင်းရော ငါရော ခန့်မှန်းမိနိုင်တဲ့အရာ မဟုတ်ဘူး။ ဒါက အဲဒီတုန်းက ထူးထူးဆန်းဆန်း ပျောက်ဆုံးသွားတာနဲ့ ဆက်နွှယ်နေတာ သေချာတယ်။ ပြီးတော့ ဒါက တော်ဝင်မိသားစုရဲ့ လျို့ဝှက်ချက်တွေနဲ့ ပတ်သက်နေလောက်တယ်။” စစ်သည်တော်က အသာလေး ခေါင်းခါလိုက်သည်။ “ဒါပေမဲ့ အရှင်မင်းသားရဲ့ အခု လက်ရှိ စွမ်းအားနဲ့ဆိုရင် သူက အဲဒီရန်သူတွေအရှေ့မှာ စိတ်ကူးလို့မရတဲ့ ပုံစံနဲ့ ပြန်လာပြီးတော့ ဆုံးရှုံးခဲ့တာတွေကို ပြန်ယူဖို့ သိပ်မကြာလောက်တော့ဘူး ထင်တယ်။”
အီနာက ခေါင်းညိတ်လိုက်သည်။ “အမှန်ပဲ။ အဲဒီလူရဲ့ စွမ်းအားက သူတော်စင်အဆင့် ထိပ်သီးပိုင်းကို ရောက်နေပြီ။ သူက အိပ်မက်ဆိုး တောနက်ထဲမှာ အစွမ်းအထက်ဆုံးဖြစ်တဲ့ အော့ခ်ဘုရင်သုံးပါကို တိုက်ခိုက်ခဲ့တယ်။ နောက်ဆုံး ရလာဒ်ကို မမြင်ခဲ့ရပေမဲ့ သူ နိုင်သွားတာ သေချာသလောက်ပဲ။”
အရှင်မင်းသားရဲ့ စွမ်းအားက....အဲဒါထက်တောင် ပိုပြီးတော့ သာလွန်နိုင်တယ်။ ဆမ်မြူရယ်က စိတ်ထဲ၌ ပြောလိုက်၏။
နဂါးလင်းလက်အင်ပါယာမှ ရွှေစစ်သည်တော်တစ်ယောက် ဖြစ်သည့်အလျောက် သူက နဂါးတောင်ကြားမှ အဓိကဆန်ကာဆင် စစ်ဆေးခြင်းကို ဖြတ်ကျော်ခဲ့ပြီးတော့ နဂါးစစ်သည်တော်“ယောင်” လည်း ဖြစ်သည်။ သူက အီနာ(စီးပွားရေး ခရီးသွား)ကဲ့သို့ ကြေးစားထက်ပင် အချို့နယ်မြေများ၌ အတွင်းဇာတ်လမ်းများကို ပိုမိုသိရှိခဲ့ရသည်။ ဥပမာပြောရလျှင် သိဒ္ဓိအလင်းတောင်နှင့် ပတ်သက်သော သတင်းများ ဖြစ်၏။
ထို့အပြင် “အလင်း သွေးသစ္စာ”ကို ဒဏ်ရာမရဘဲ ပယ်ဖျက်နိုင်ခြင်းက သူတော်စင်အဆင့်ကို ကျော်လွန်ပြီး နတ်ဘုရားတစ်ပိုင်း နယ်ပယ်သို့ ရောက်နေလေပြီ။
“သူက ပိုပြီးတော့ ခက်ခဲ အန္တရာယ်များတဲ့ လမ်းကြောင်းကို သွားနေလောက်တယ်။” အီနာက နှုတ်ခမ်းကိုက်လိုက်ပြီး နောက်ဆုံးတွင် စိတ်ထဲ၌ ရှိနေသည်ကို ပြောလိုက်၏။ “ရှင် ကြားချင်မှာ မဟုတ်တဲ့ တစ်ခုခု ရှိတယ်။ ဒါပေမဲ့ အခု ရှင်က နဂါးတောင်ကြားရဲ့ အဓိက ဆန်ကာတင် စစ်ဆေးခြင်းကို ဖြတ်ကျော်ပြီးသွားပြီး မဟာလက်စ်ကလည်း တန်ဖိုးထားရတာ ဆိုတော့ ကျွန်မ ပြောချင်သေးတယ်။ ပြီးတော့လည်း သွေးသစ္စာက ပယ်ပျက်သွားပြီ။ အဲဒါကြောင့်...”
အီနာက အလွန်ပါးနပ်သော အမျိုးသမီးတစ်ယောက် ဖြစ်သည်။ ဆမ်မြူရယ်က “သခင်”ဖြစ်သူနှင့် ပတ်သက်သော တစ်စုံတစ်ခုကို ပြောရန် တွန့်ဆုတ်နေသော်လည်း ယခင်က ကျောင်းတော်၏ နောက်ဆက်တွဲ လှုပ်ရှားမှုများအပြင် ယခင်က လှုပ်ရပ်အချို့မှ တစ်စုံတစ်ခုကုိ ရေးရေးလေး ခန့်မှန်းနိုင်ပေသည်။
“မင်းပြောမှာကို ငါ သိပါတယ်။” ဆမ်မြူရယ်က မျက်မှောင်ကြုတ်ပြီး အီနာကို ဖြတ်ပြောလိုက်သည်။ “ဘယ်လိုပဲဖြစ်ဖြစ် အရှင်မင်းသားက အမြဲတမ်း ငါ့ရဲ့ သခင်ပဲ။ ငါနဲ့ အရှင်မင်းသားကြားက စာချုပ်က သွေးထဲမှာ နက်နက်ရှိုင်းရှိုင်း နစ်ဝင်နေတာ။ သွေးသစ္စာစွမ်းအား ပျောက်ကွယ်သွားရင်တောင် ဂုဏ်ကျက်သရေနဲ့ သစ္စာတရားက အတူတူပဲ.....။ ငါ့သွေးတွေ မကုန်မခမ်းချင်းပေါ့။”
အီနာက ခါးသက်သက်နှင့် ပြုံးလိုက်သည်။ “ရှင် ဒီလိုဖြေမယ် ဆိုတာ ကျွန်မ သိတယ်။ တကယ်တော့ သူက ကျွန်မအသက်ကို ကယ်တင်ခဲ့တယ်။ ပြီးတော့ ကျွန်မက သူ့ရဲ့ တောင်းဆိုမှုကြောင့် ရောက်လာခဲ့တာ။ ခုနက ကျွန်မရဲ့စကားတွေက ကျေးဇူးကန်းသလို ဖြစ်နေပေမဲ့ ရှင် သူ့ကို သွားပြောလို့ရပါတယ်။ သူ လိုချင်တယ် ဆိုရင် ကျွန်မရဲ့အသက်ကို အချိန်မရွေး ပြန်ပေးနိုင်တယ်လို့။”
“အဲဒီလိုမျိုး ငါပြောမှာ မဟုတ်တာ မင်း သိပါတယ်။ ပြီးတော့...” ဆမ်မြူရယ်က ပြန်လှည့်လာပြီး ခေါင်းခါလိုက်၏။ “ဘယ်လိုပဲဖြစ်ဖြစ် ဒီတစ်ခေါက် ကျေးဇူးတင်ပါတယ်။”
အီနာက ဆမ်မြူရယ်၏ မျက်လံုးများကို စိုက်ကြည့်ပြီး တွန့်ဆုတ်လျက် ပြုံးလိုက်သည်။ “ရပါတယ်လို့ ပြောရမလား။”
အချို့သူများအတွက် ယဉ်ကျေးခြင်းက မရင်းနှီးခြင်းပင်။
ဆမ်မြူရယ်၏ အီနာ၏ မျက်လုံးကို မကြည့်ရဲတော့ဘဲ ခေါင်းငုံ့နေလိုက်သည်။ “တောင်းပန်ပါတယ်။”
“တောင်းပန်ရမှာက ကျွန်မပါ။” အီနာက အသာလေး သက်ပြင်းချလိုက်သည်။ “အရင်တစ်ခေါက်က ရှင့်ရဲ့ စေ့စပ် အခမ်းအနားကို မလာနိုင်ခဲ့တဲ့အတွက် တောင်းပန်ပါတယ်။”
“နောက်ပိုင်း...မင်း ဘာတွေလုပ်ဖို့ အစီအစဉ်တွေ ရှိလဲ။”
“သိပ်မကြာခင်တုန်းက အိပ်မက်ဆိုး တောနက်ထဲကို စစ်တပ်ကြီး တစ်ခုကို သိဒ္ဓိကျောင်းတော်က စစ်တပ်ကြီးတစ်ခု စေလွှတ်လိုက်တဲ့ပုံပဲ။ ပြီးတော့ သူတို့က အော့ခ်တွေနဲ့ တိုးမရ ဆုတ်မရ အခြေအနေ ဖြစ်နေတယ်။ ဒီကိစ္စမရှိရင်တောင် အော့ခ်တွေနဲ့ စီးပွားရေးက သေချာပေါက် ဆက်မဖြစ်နိုင်တော့ဘူး။ ကျွန်မအဖေရဲ့ စီးပွားရေးလုပ်ငန်းဟောင်းကို ပြန်စဖို့က မလွယ်ဘူး ထင်ပါတယ်။ ကံကောင်းချင်တော့ အော့ခ်တွေနဲ့ ကုန်သွယ် တာကနေ ကျွန်မ ပိုက်ဆံတချို့ ရထားတယ်။ ကျွန်မ ကျက်သရေပြာ အင်ပါယာကို သွားပြီးတော့ ကံစမ်းဖို့ စီစဉ်ထားတယ်။ တကယ် အလုပ်မဖြစ်ရင်တော့ ကြေးစားပဲ ပြန်လုပ်တော့မယ်။”
“ကြေးစားဆိုတဲ့ အန္တရာယ်များတဲ့ ဘဝကို မေ့လိုက်တော့။” နောက်ဆုံး၌ ဆမ်မြူရယ်က ဓားရှည်ကို ကျစ်ကျစ်ဆုပ်ပြီး ပြောလိုက်လေသသည်။ “တကယ်တော့ မင်း နဂါးလင်းလက် အင်ပါယာဆီကို လာလို့ရပါတယ်။”
အီနာ၏ မျက်လုံးများ အရောင်တောက်သွား၏။ သူက ဆမ်မြူရယ်အား အချိန်အတော်ကြာ စိုက်ကြည့်ပြီး နောက်ဆုံးတွင် ခေါင်းခါလိုက်သည်။ “ဒီကိစ္စကို ထားထားလိုက်ရအောင်။ ကျွန်မ အရင်သွားလိုက်ဦးမယ်။ ဂျိုအန်နာကို ကျွန်မ နှုတ်ဆက်တယ်လို့ ပြောပေးလိုက်ဦး။ အချိန်ရရင် ကျွန်မ သူ့ကို လာတွေ့မယ်လို့။”
ထိုသို့ပြောပြီးနောက် အီနာက နောက်ပြန်လှည့်မကြည့်ဘဲ ရှေ့သို့ ဆက်သွားသည်။ သူက နှေးနှေးသွားမည်ဆိုလျှင် စိတ်ပြောင်းသွားနိုင်သည့်အတွက် မြန်မြန် လမ်းလျှောက်နေ၏။ သို့ရာတွင် သူ လာခဲ့စဉ်က စိုးရိမ်ပူပန်မှုနှင့်ယှဉ်လျှင် အကြောင်းရင်း တချို့ကြောင့် ရုတ်တရက် ပိုမို စိတ်အေးသွားခဲ့ရသည်။
အီနာ၏ ပျောက်ကွယ်သွားနေသော ပုံရိပ်ကို ကြည့်နေရင်း ဆမ်မြူရယ်က ပင့်သက်ရှိုက်ကာ အပိုအတွေးများကို ဘေးဖယ်ထားပြီး ဓားအိမ်မှ ဓားရှည်ကို ဖြည်းဖြည်းချင်း ဆွဲထုတ်လိုက်သည်။ အပြာဖျော့ရောင် ဓားက ငါးကြေးခွံကဲ့သို့ အသား ရှိနေပြီး ရှေးဆန်ကာ လျို့ဝှက်ဆန်းကြယ်နေ၏။
မိုးပျံပျက်သုန်း ။ ထိုအရာက အရှင်မင်းသား ပြုလုပ်ခဲ့သော ဒဏ္ဍာရီလာ ထိပ်တန်းအဆင့် လက်နက်တစ်ခုပင်။
လက်နက်များသာမက သူ၏ စွမ်းအား၊ ဂုဏ်ကျက်သရေနှင့် သူ၏အသက်ကိုပင် အရှင်မင်းသားက ပေးသနားခဲ့ခြင်း ဖြစ်၏။
အရှင်မင်းသား “အာသာ”က ဘာကြောင့် သွေးသစ္စာကို ပယ်ဖျက်တာပဲဖြစ်ဖြစ်၊ ငါ ဆမ်မြူရယ် ခမ့်ပ်လော့က သစ္စာအတိုင်း အရှင်မင်းသားနောက်ကို လိုက်ပြီးတော့ လမ်းပေါ်က အတားအဆီးတွေ အားလုံးကို ရှင်းလင်းပေးမယ်။ လမ်းက သွေးတွေ ပြည့်နေမယ် ဆိုရင်တောင်ပေါ့။
ဒါပေမဲ့ ငါ့ဓားကို လုံလောက်အောင် မထက်သေးဘူး။ သွေးဖို့ လိုနေသေးတယ်။ နဂါးတောင်ကြားမှာ ဒုတိယအကျော့ ဆန်ကာတင် စစ်ဆေးတာကို ကျော်ဖြတ်ပြီးတော့ တကယ့် နဂါးစစ်သည်တော်တစ်ယောက် ဖြစ်လာရမယ်။
ကြယ်အလင်းအင်ပါယာရှိ ကြယ်ဖြူမြို့တော်၌ -
လွန်ခဲ့သော ၂ရက်က အလင်းစစ်သည်တော် အများအပြား ရောက်လာပြီးနောက်တွင် ကျောင်းတော်မှ နောက်ထပ် ဘုန်းတော်ကြီး တစ်ဖွဲ့က ကြယ်မြူမြို့တော်သို့ ဝင်ရောက်လာ၏။ ထိုအဖွဲ့၏ အရေအတွက်က မကြီးမားသော်လည်း သူတို့က ကြယ်ဖြူမြို့တော်သို့ ရောက်လာကြသော ကျောင်းတော် ခုံရုံးအဖွဲ့မှ လက်ရွေးစင် တရားသူကြီးများဖြစ်ကြောင်း ပြောကြလေသည်။ ထိုအရာက ကြယ်ဖြူမြို့တော် အလင်းခန်းမတွင် ဖြစ်ခဲ့သော လူသတ်မှုတစ်ခုကို စုံစမ်းရန် ဖြစ်ပေသည်။
ထိုလူသတ်မှုက ကြယ်ဖြူမြို့တော်နှင့် အနီးအနားရှိ နေရာများထဲ၌ ကြီးကြီးမားမား အုတ်အော်သောင်းတင်း ဖြစ်စေခဲ့သည်။ အကယ်၍ သိဒ္ဓိကျောင်းတော်က သတင်းကို အချိန်မီ မပိတ်ဆို့ခဲ့လျှင် ကြယ်အလင်းအင်ပါယာနှင့် လူသားလောက တစ်ခုလုံးသို့ ပျံ့နှံ့သွားပေလိမ့်မည်။ လွန်ခဲ့သော ၃ရက် မနက်ပိုင်းတွင် ကြယ်ဖြူမြို့တော်ရှိ အလင်းခန်းမ ပလာဇာ၌ အလောင်းများ ဒါဇင်ခန့် တွဲလောင်း ချိတ်ဆွဲထားသည်ကို တွေ့လိုက်ရသည်။ ထိုသူများ အထဲတွင် ကျောင်းတော်မှ သင်းအုပ်ဆရာ ခီရဲမီရာလည်း ပါဝင်ပေသည်။
အံ့အားသင့်စရာ အကောင်းဆုံးအရာက ခီရဲမီရာ၏ သေဆုံးခြင်း မဟုတ်ဘဲ ပလာဇာပေါ်မှ မှော်သွေးစာပင် ဖြစ်၏။
သွေးစာသားက သင်းအုပ်ဆရာမ၏ အသက်ရှိနေစဉ်အတွင်း ပြုလုပ်ခဲ့သော ပြစ်မှုများအားလုံးကို ဖော်ပြထားလေသည်။ သွေးစာအတိုင်းဆိုလျှင် ခီရဲမီရာက မြို့ထဲမှ သူခိုးသမ္မဂနှင့် ပူးပေါင်းပြီး ယောက်ျားငယ်ငယ်နှင့် မိန်းမငယ်ငယ်များကို ဖမ်းဆီးကာ လိင်ပိုင်းဆိုင်ရာ အနိုင်ကျင့်ခဲ့လေသည်။ အဆိုးဆုံး အရာမှာ ခီရဲမီရာက မိန်းကလေးတစ်ယောက်၏ လည်ပင်းသွေးကို နေ့တိုင်းသောက်ခြင်းပင်။ သူက လျို့ဝှက်နည်းလမ်း တစ်ခုဖြင့် မျက်နှာသွင်ပြင်နှင့် ငယ်ရွယ်မှုကို ထိန်းသိမ်းနိုင်သည်ဟု ပြောကြလေသည်။
ထိုသွေးစာလုံးများက အခြေအမြစ်မရှိ မဟုတ်ပေ။ အကြောင်းမှာ ခီရဲမီရာကို “သတ်ခဲ့သောသူ”က အလင်းခန်းမ၏ မြေအောက်ခန်းကို ဖွင့်ထားခဲ့ခြင်းကြောင့်ပင်။ ထိုနေရာက အရိုးများ ပြည့်နှက်နေပြီး အဖမ်းခံထားရသော ဆယ်ကျော်သက် အများအပြားကို လွှတ်ပေးခဲ့ပြီ ဖြစ်သည်။
ဆိုးရွာသော လုပ်ရပ်များ၌ ဝင်မပါခဲ့သော ဘုန်းတော်ကြီးများက အနည်းငယ်မျှ မထိခိုက်သွားခဲ့ပေ။
မမျှော်လင့်ထားသော လူသတ်မှုက ကြယ်ဖြူမြို့တော်တွင် နှစ်ပေါင်းများစွာ စွဲကပ်နေခဲ့သော ပျောက်ဆုံးမှုများ၏ အမှန်တရားကို ပေါ်လွင်စေခဲ့သည်။ ခီရဲမီရာ၏ အလောင်းအပြင် ကြံရာပါများ၊ လူယုံများနှင့် သူခိုးသမ္မဂ အဖွဲ့ဝင်များလည်း ပါဝင်ပေသည်။ လွှတ်ပေးလိုက်ပြီး အိမ်ပြန်သွားကြသော ဆယ်ကျော်သက်များကို ထည့်ပေါင်းလိုက်လျှင် သက်သေက ပြည့်စုံနေပြီ ဖြစ်သည်။ ဂုဏ်သတင်းကောင်းမွန်သော ထိုသင်းအုပ် ဆရာမက သွေးပျက်ဖွယ် မကောင်းဆိုးရွားတစ်ယောက် ဖြစ်နေလိမ့်မည်ဟု မည်သူက ထင်ထားကြမည် မဟုတ်ပေ။
ထိုအဖြစ်အပျက်က မကောင်းသော လွှမ်းမိုးမှုတစ်ခု ဖြစ်ခဲ့သည်။ အကယ်၍ မြို့တော်ဝန်က အလင်းခန်းမကို အချိန်မီ ကာကွယ်ရန်အတွက် တပ်သားများ အချိန်မီ မစေလွှတ်ခဲ့လျှင် အလင်းခန်းမက ဒေါသထွက်နေကြသော မြို့သူ/သားများကြောင့် တစ်စစီ ဖြစ်သွားပြီ ဖြစ်သည်။
ကြယ်အလင်းအင်ပါယာမှာ ဂိုဏ်းအုပ်အချုပ်က အချိန်ကိုက် တုံ့ပြန်ခဲ့လေသည်။ သူက ကြယ်ဖြူမြို့တော်သို့ အလင်း စစ်သည်တော်များကို ချက်ချင်း စေလွှတ်ပြီး ပိုဆိုးလာတော့မည့် အခြေအနေကို ထိန်းချုပ်ရန်အတွက် သိဒ္ဓိအလင်းတောင်ဆီသို့ အမြန် သတင်းပို့ခဲ့လေသည်။
ကြယ်အလင်းအင်ပါယာရှိ ဗီးနပ်စ်မြို့ထဲမှ ချောင်ကျသော စံအိမ်တစ်ခု၌ -
“ဒီအဖြစ်အပျက်ရဲ့ လွှမ်းမိုးမှူက ထင်ထားတာထက်ကို ကျော်လွန်နေတယ်။” ဘယ်လီယာက မျက်နှာချင်းဆိုင်မှ အသူရာထံ ခွက်မြှောက်လိုက်၏။ “ရှင့်ရဲ့ အကြံအစည်က တကယ်ကောင်းတယ် ဆိုတာ ပြောရမယ်။”
အသူရာကလည်း ဝိုင်ခွက်ကို မြှောက်လိုက်သည်။ “ဂိုဏ်းအုပ်အသစ် မစ်-“ဆိုရန်လီ”အတွက်....”
“ဆိုရန်လီ”က လျို့ဝှက်ဘာသာရေးဂိုဏ်းထဲ၌ ဘယ်လီယာ၏ နာမည်ဝှက် ဖြစ်သည်။ သိဒ္ဓိကျောင်းတော်၏ သိပ်မကြာခင်က မရဏနက်နောက်လိုက်များကို ဝင်စီးချိန်အတွင်း ဂိုဏ်းအုပ် အန်ဂျလီက “ကံဆိုးစွာပင်” သေဆုံးသွားခဲ့ပြီး ဂိုဏ်းထောက်ကြီး ဘယ်လီယာက ဂိုဏ်းအုပ်ရာထူးကို လက်လွှဲရယူခဲ့လေသည်။
ဘယ်လီယာ ပြုံးလိုက်ပြီး အသူရာနှင့် ခွက်ချင်း တိုက်လိုက်၏။ “ဆာ-အစောင့်အရှောက် အတွက်။”
ဂိုဏ်းအုပ်များက ကျောင်းတော်၏ ပြည်သူ့ဝန်ထမ်းများနှင့် ညီမျှပြီး အစောင့်အရှောက်များက စစ်တပ်ရာထူးများ ဖြစ်ကြသည်။ ဘယ်လီယာက အသူရာကို အကြံပြုပြီးပြီ ဖြစ်ရာ အစောင့်အရှောက် ဖြစ်လာရန် ပြဿနာ ကြီးကြီးမားမား မရှိလောက်ပေ။
ဘယ်လီယာက ကျက်သရေရှိစွာ ဝိုင်တစ်ငုံ သောက်လိုက်၏။ “ကျောင်းတော်ရဲ့ အပြစ်မဲ့သူတွေကို ဘာလို့ မသတ်လိုက်တာလဲ။ သူတို့က ခီရဲမီရာ ကစားပွဲမှာ ပါပါ မပါပါ၊ ကျွန်မတို့အတွက် သိဒ္ဓိအလင်းအဖွဲ့ဝင်တိုင်း၏ အသက် သေဆုံးသွားတာက နတ်ဘုရားအတွက် စွမ်းအားတွေ ပိုများလာတာပဲလေ။ ကျွန်မတို့ရဲ့ အကျိုးပြုမှုတွေကလည်း အများကြီး ပိုတိုးလာလိမ့်မယ်။”
“မဟုတ်ဘူး။ ဒီကိစ္စမှာ ငါတို့တွေ တရားမျှတတဲ့ ဘက်ကနေ နေရမယ်။” အသူရာက လက်ညှိုးထောင်လိုက်၏။ “ဒါက ဒီဘုန်းတော်ကြီးတွေရဲ့ အပြစ်တွေကို ဖော်ထုတ်ဖို့အတွက် တကယ့် “တရားမျှတမှု”ပဲ။ အပြစ်မဲ့တဲ့သူတွေကို မခွဲခြားဘဲ သတ်ပစ်ဖို့ မဟုတ်ဘူး။ အပြစ်သားတွေကနေ မွှေနှောက်ရှာထားတဲ့ ပိုက်ဆံတွေကို လိုအပ်နေတဲ့ ဆင်းရဲသားတွေကို ဝေမျှပေးလို့တောင် ရသေးတယ်။”
“ဒီလိုအရာမျိုးက အဓိပ္ပာယ်မရှိဘူးလို့ ရှင် မထင်ဘူးလား။” ဘယ်လီယာက မျက်မှောင်ကြုတ်လိုက်၏။ “ကျွန်မတို့ကို သင်ထားပေးတာက ဖျက်ဆီးဖို့ပဲ။ အလှူအတန်းလုပ်ဖို့ မဟုတ်ဘူး...”
“ဂိုဏ်းအုပ်အချုပ် ဖြစ်လာဖို့ လိုအပ်ချက်တွေကို မေ့သွားပြီလား။”
အသူရာ၏ အဖြေမတောင်းသော မေးခွန်းက ဘယ်လီယာကို အံ့သြသွားစေခဲ့သည်။ သူက တစ်ခုခုကို နားလည်သွားဟန်တူပြီး မျက်လုံးထဲ၌ ထူးဆန်းသော အလင်းရောင်တစ်ခု လက်ခနဲ ဖြစ်သွားတော့သည်။
“မင်းက အခု ဂိုဏ်းအုပ် ဖြစ်နေပြီ။ မင်းက ဂိုဏ်းအုပ် အသစ် ဖြစ်ပေမဲ့ ဂိုဏ်းအုပ်အချုပ် နေရာကို ယှဉ်နိုငဖို့ အရည်အချင်း ရှိတဲ့ အရှေ့ပိုင်းခရိုင်က ဂိုဏ်းအုပ်(၇)ထဲက တစ်ယောက်လည်း ဟုတ်တယ်။ အဲဒီ အဆင့်တိုးပေးတဲ့ တာဝန်ကို မှတ်မိလား။ ကြယ်အလင်း အင်ပါယာတစ်ခုလံုးရဲ့ ယုံကြည်မှုစွမ်းအားကို ကြီးကြီးမားမား အားနည်းသွားစေဖို့လေ။ အခုက အကောင်းဆုံး အချိန်ပဲ။” အသူရာက ယုံကြည်ချက် ရှိနေပုံရသည်။ “နေရာတိုင်းမှာ တူညီတဲ့ အဖြစ်အပျက်တွေကို ဖန်တီးနိုင်မယ်ဆိုရင် သိဒ္ဓိ ကျောင်းတော်မှာရှိတဲ့ ယုံကြည်မှုတွေက တဟုန်ထိုး ကျဆင်းသွားမှာပဲ။ ဒါပေမဲ့ အမှန်တရားတွေက ငြင်းဆန်လို့ မရဆုံး ဖြစ်တဲ့အတွက် ပြစ်မှုကို တကယ် ကျူးလွန်ခဲ့တဲ့ ဘုန်းတော်ကြီးတွေကို ထုတ်ဖော်ဖို့ လိုအပ်တယ်ဆိုတာ မှတ်ထားဖို့ အရေးကြီးတယ်။ ကံကောင်းချင်တော့ ပုပ်ပွနေတဲ့ သိဒ္ဓိ ကျောင်းတော်မှာ အဲဒီလိုလူမျိုးတွေ လုံးဝ ရှားမနေဘူး။”
“ဟုတ်တယ်။” ဘယ်လီယာ၏ မျက်လုံးများ တောက်ပသွား၏။ “ကျွန်မတို့ မြန်မြန် လုပ်ရမယ်။ မဟုတ်ရင် တခြား ဂိုဏ်းအုပ်တွေ ကျွန်မတို့ လုပ်သလိုမျိုး လိုက်လုပ်နိုင်တယ်။”
“အခု ငါတို့လုပ်ရမှာက ပျော်စရာအချိန်တွေကိုပဲ။ ဂိုဏ်းအုပ် အချုပ် အလောင်းအလျာလေး....” အသူရာက ထူးထူးဆန်းဆန်း ပြုံးပြီး မတ်တပ်ရပ်လိုက်သည်။ “ဒါနဲ့ ရော့ဘ်ဘီဆိုတဲ့ မင်းရဲ့ ချစ်သူကို ငါ သတ်လိုက်ပြီ။ ငါ့မှာ မိန်းမတစ်ယောက်ကို တခြား ယောက်ျားနဲ့ မျှဝေတဲ့ အကျင့် မရှိဘူး။”
ဘယ်လီယာက ခဏတာ ကြက်သေသေသွားခဲ့ပြီးနောက် ပုံမှန်ပင် ပြောလိုက်သည်။ “အဲဒီလို ရွံတာက.... သူ့ကို သတ်လိုက်ပါ။ ကျွန်မက အင်အားကြီးတဲ့ ယောက်ျားတွေကို သဘောကျတယ်။ ရှင် ဆက်ပြီးတော့ အစွမ်းထက်နေဦးမယ်ဆိုရင် ကျွန်မက ရှင့်ရဲ့ အနာခံဆုံးမိန်းမနဲ့ လုပ်ဖော်ကိုင်ဖက် ဖြစ်နေမှာပါ။”
မျက်နှာပေါ်တွင် ညုတုတု အပြုံးနှင့်အတူ ဘယ်လီယာက အသူရာထံသို့ လမ်းလျှောက်သွားလိုက်ပြီး ဖြည်းဖြည်းချင်း ဒူးထောက်လိုက်ကာ တစ်စုံတစ်ခုဆီကို ခေါင်းကို ထားလိုက်၏။
သိပ်မကြာခင် ခြံဝင်းထဲ၌ ရမ္မက်ပြင်းသော ညည်းသံများ ပြည့်နှက်သွားတော့သည်။