← Chapters

အဆင့်တက်ခြင်း နှင့် ကပ်ဘေး

Vol. 51 Ch. 830

အဆင့်တက်ခြင်း နှင့် ကပ်ဘေး

Vol. 51 Ch. 830

ကောင်းကင်ထက်၌ နေရောင် သွေးနီရောင် တောက်ပနေ၏။ သိပ်ပြီး မတောက်ပသော်လည်း လူအများအား ထူးဆန်းသော ခံစားချက်တစ်ခု ပေးစွမ်းနေသည်။

အနီရောင်အလင်းက မြေပြင်ပေါ်တွင် ရှိနေသော သွေးလှိုင်း အပေါ်သို့ လင်းလက်သွားခဲ့သည်။ အနီးကပ် ကြည့်လိုက်ရာ ထိုအရာက ပင်လယ်လှိုင်းတစ်ခု မဟုတ်ဘဲ မကောင်းဆိုးဝါး “လှိုင်း” ဖြစ်နေလေသည်။

ထိုမကောင်းဆိုးဝါးများက အလင်းရောင်များ တောက်လောင် နေကြသည်။ သူတို့က သိပ်ကြီး မကြီးလှဘဲ တိုက်ခိုက်ရေးစွမ်းအား သိပ်မကောင်းလှသော်လည်း ခုန်ပျံသော စွမ်းရည်က ထိတ်လန့်စရာကောင်းလှပြီး အရေအတွက်က အလွန်အမင်း ကြောက်မက်ဖွယ် ကောင်းလှသည်။ သူတို့ဖြတ်သွားသော နေရာတိုင်းက ချစ်ချစ်တောက် မီးလောင်ပြင်ကြီး ဖြစ်သွားကာ အသက်ရှင်နေသောအရာ တစ်ခုမှ မကျန်တော့ပေ။

မကောင်းဆိုးဝါးလှိုင်းများ ချီတက်နေရာ လမ်းကြောင်း၏ အဝေးတစ်နေရာ တောင်ထိပ်ပေါ်တွင် မြို့ငယ်လေးတစ်ခု ရှိသည်။ ထိုနေရာတွင် လူ ဒါဇင်ခန့် ရှိကြသည်။ ချပ်ကာအပေါ့စား ဝတ်ထားသော မှော်ပညာရှင်များ၊ မှော်တုတ်တံ ကိုင်ထားသော မှော်ပညာရှင်များ၊ ချပ်ကာအထူ ဝတ်ထားသော စစ်သည်များနှင့် ၁၀မီတာခန့်မြင့်မားသော သတ္တုရုပ်သေးရုပ် ၂ရုပ်တို့ ရှိနေ၏။ အမှောင်လူပု နှစ်ယောက်က ရုပ်သေးများ၏ ပုခုံးပေါ်တွင် အမှန်ပင် ထိုင်နေကြလေသည်။

တစ်ယောက်စီ၏ တိုက်ခိုက်ရေး စွမ်းအားက ထိုမကောင်းဆိုးရွားများထက် များစွာ သာလွန်သော်လည်း ကြောက်မက်ဖွယ်ရာ မကောင်းဆိုးရွားလှိုင်းကို ရင်ဆိုင်ရသောအခါ “လှိုင်း”ငယ်လေး တစ်ခုကပင် သူတို့ကို ဗလာနတ္တိ ဖြစ်စေနိုင်သည်။ ထိုကဲ့သို့ ကြောက်မက်ဖွယ်ရာ ပမာဏရှိသော ရန်သူများကို ရင်ဆိုင်ရာ၌ လူတိုင်း၏ တင်းမာမှုနှင့် လေးနက်မှုက ပေါ်လွင်နေပေသည်။

“ခေါင်းဆောင်။ နာလူဆီကနေ ဘာလို့ ဘာသတင်းမှ မကြားရတာလဲ။” မှော်ပညာရှင်တစ်ယောက် စိုးရိမ်နေရင်း မေးလိုက်၏။

ခေါင်းဆောင်က မျက်လုံးထဲ၌ လိမ္မာပါးန်သော အလင်းရောင် တစ်ခု ရှိနေသည့် ခပ်တောင့်‌တောင့် ယောက်ျားတစ်ယောက် ဖြစ်သည်။ သူက သေချာပေါက် ဉာဏ်တိမ်သောသူ မဟုတ်ပေ။ “စိတ်မပူနဲ့။ ငါတို့ တာဝန်က ၃နာရီ တောင့်ခံထားဖို့ပဲ။ မကောင်းဆိုးရွာအုပ်လိုက်ကြီးကြောင့် ငါတို့က ခါတာမြို့ကို လက်လျှော့ခဲ့ရတယ်။ ဒီမြို့ငယ်လေးက နောက်ဆုံး ခံစစ်ကြောင်းပဲ။ နာလူက အောင်မြင် မမြင်၊ ငါတို့က ခုခံရမယ်။ မဟုတ်ရင် အစက ကြိုစားခဲ့တာတွေအကုန် အလကား ဖြစ်သွားမှာ။ ရီဂတ်စ်။ မကောင်းဆိုးဝါးတွေ ဒီကိုရောက်လာဖို့ အချိန် ဘယ်လောက် လိုသေးလလဲ။”

“အလွန်ဆုံး ၅မိနစ်။” အရပ်ပုပုနှင့် စစ်သည်တစ်ယောက်က ပြောလိုက်သည်။

“အားလုံး။ အသင့်နေထားကြ။” ခပ်တောင့်တောင့်နှင့်လူက အမိန့်ပေးသည်။ “ဒါက ငါတို့ရဲ့ နောက်ဆုံး မျှော်လင့်ချက်ပဲ။ ဒါကို ငါတို့ ကာကွယ်ရမယ်။”

၅မိမစ် ကြာပြီးနောက် မြေပြင်က အပြင်းအထန် တုန်ခါလာပြီး မရေမတွက်နိုင်သော အနီရောင် မကောင်းဆိုးဝါးများက တောင်ခြေသို့ အပြေးရောက်လာကြပြီး မြို့ငယ်လေးသို့ ချီတက်လာကြတော့သည်။

မြို့ငယ်လေးရှိ မှော်သလင်းကျောက် အမြောက်များက အားကောင်းသော အလင်းရောင်ြခည်များ စတင်ထွက်လာပြီး အနီးအနားရှိ မကောင်းဆိုးဝါးများက ပျောက်ကွယ်ကုန်သည်။ သို့သော်လည်း ရှင်းလင်းသွားသောနေရာက မျက်စိတစ်မှိတ် အတွင်းမှာပင် မကောင်းဆိုးဝါးများနှင့် ပြည့်နှက်သွားခဲ့သည်။ မှော်ပညာရှင်၏ မှော်ဖြစ်စေ၊ စစ်သည်များ၏ မြားများဖြစ်‌စေ၊ ထိုမကောင်းဆိုးဝါး အုပ်လိုက်ကြီးအပေါ်သို့ မပြောပလောက်သော ထိခိုက်မှုသာ ဖြစ်စေခဲ့သည်။

မြို့တံတိုင်းပေါ်သို့ မကောင်းဆိုးဝါးများ ခုန်ပေါက် လာနေကြပြီး လူအုပ်ကြီးထဲ၌ အသေအကြေများ စတင်ပေါ်ထွက်လာတော့သည်။

အခြေအနေက အရေးတကြီး ဖြစ်နေသည်ကို မြင်သည့်အခါ သတ္တုရုပ်သေးနှစ်ရုပ် မြို့တံတိုင်းမှ ချက်ချင်း ခုန်ဆင်းလာပြီး ဝင်ရောက်လာသော မကောင်းဆိုးဝါးအုပ်လိုက်ထံ ပြေးဝင်သွားပြီး မကောင်းဆိုးဝါးလေးများကို အသားပြား လုပ်လိုက်တော့သည်။ သူတို့၏လက်ထဲမှ အမြောက်ကလည်း မီးတောက်များ ဆက်လက် ပစ်ခတ်နေကြပြီး ရန်သူ၏ အသက်များကို နုတ်ယူနေသည်။ ၎င်းက မကောင်းဆိုးဝါးများ၏ အာရုံကို ဆွဲဆောင်နိုင်ခဲ့ပြီး ရှေ့တန်း “လှိုင်း”က ခံစစ်ကြောင်းအဖြစ် စတင်ပြောင်းလဲလာသည်။

နှမြောစရာက ဧရာရုပ်သေးနှစ်ရုပ်က အဝေးကြီးသို့ သွားရန် အချိန်မရှိခဲ့ခြင်းပင်။ သူတို့က သားရဲအုပ်ကြီး၏ လွှမ်းမိုးခြင်း ခံလိုက်ရပြီး အစအန မကျန်တော့ပေ။

ခေါင်းဆောင်သာမက လူတိုင်း၏ မျက်လုံးများ နီရဲသွားကြ၏။ ထိုစစ်မြေပြင်၌ မည်သူကမှ လူပုနှစ်ယောက်အား သူရဲဘောကြောင်ပြီး မပြည့်ဝသော အမှိုက်များအဖြစ် မသတ်မှတ်ကြဘဲ တကယ့် ရဲဘော်ရဲဘက်နှင့် လုပ်ဖော်ကိုင်ဖက်များ အဖြစ် သတ်မှတ်ကြလေသည်။ လူပုနှစ်ယောက်ကလည်း ၎င်းကို လုပ်ရပ်များဖြင့် သက်သေပြခဲ့ကြလေသည်။

မြို့တံတိုင်းဆီသို့ ချဉ်းကပ်လာကြသော မကောင်းဆိုးဝါးများ ပိုပိုများလာသည်ကို မြင်သည့်အခါ အဖွဲ့သားများက ပူဆွေးပြီး ဒေါသများ ထွက်လာကြသည်။ ဘယ်လိုပဲဖြစ်ဖြစ် ငါတို့ သေတော့မှာပဲ။ သေတဲ့အထိ တိုက်ခိုက်ကြတာပေါ့။

အရေးတကြီး အခိုက်အတန့်၌ ဘေးဖက်တွင် အလွန် ကျယ်ပြန့်သော အဖြူရောင်တစ်ခု ပေါ်ထွက်လာကြသည်။ ထိုအရာက မြစ်တစ်စင်းဖြစ်ပြီး မကောင်းဆိုးရွားငယ်များအား ဟိန်းဟောက်နေသော ရေနဂါးတစ်ကောင်ကဲ့သို့ပင် အုပ်မိုး သွားခဲ့ပြီး သေတော့မည် ထင်နေကြသူများကလည်း ရုတ်တရက် စိတ်တက်ကြွသွားခဲ့လေသည်။

“နာလူ လုပ်နိုင်ခဲ့ပြီ။”

“သူ တာတမံကို ဖောက်ခွဲလိုက်တယ်။”

မြစ်ရေ၏ ရိုက်ခတ်မှုကြောင်း မကောင်းဆိုးဝါးအုပ်က နှစ်ပိုင်း ပြတ်သွားခဲ့သည်။ အသက်ရှင်ကျန်ခဲ့သော အဖွဲ့သားများက ရဲရင့်စွာဖြင့် တိုက်ခိုက်ပြီး တာဝန်အချိန် ပြီးမြောက်သည်အထိ ခုခံနေကြလေသည်။

လျှပ်တပြက် အချိန်တစ်ခု၌ လူတိုင်းက ရုတ်တရက် အဖြူရောင် အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲကာ ပျောက်ကွယ်သွားကြ၏။

တစ်ချိန်တည်းမှာပင် “လောက”တစ်ခုမှ လူတိုင်းက အသိပေးချက်တစ်ခုကို ကြားလိုက်ရလေသည်။

“တပ်ဖွဲ့နီက ဂူသင်္ချိုင်းရဲ့ ပထမပိုင်း “သွေးရောင်နိဒါန်း”ကို ပြီးမြောက်သွားခဲ့ပြီ။ အဖွဲ့ဝင် ၉ယောက် အသက်ရှင်ကျန်။ အဆင့်သတ်မှတ်ချက် - [ C- ]။ အဖွဲ့ဝင်အားလုံးကို ကုန်ကြမ်းနှင့် ပစ္စည်းကိရိယာများ ရရှိနိုင်သော [C] အဆင့် သလင်းကျောက်ဖြူ ရတနာသေတ္တာများ ချီးမြှင့်လိုက်သည်။ ယခုအပိုင်းကို အောင်မြင်ခဲ့သော ပထမဆုံး အဖွဲ့ ဖြစ်သည့်အလျောက် ကစားသူ တစ်ယောက်စီက အပိုဆု ဂုဏ်သတင်းအမှတ် ၁၀မှတ်နှင့် [C] အဆင့် ခရမ်းသလင်းကျောက် ရတနာသေတ္တာတစ်ခု ရရှိမည်။”

ထိုအရာက “အနှိုင်းမဲ့စစ်သည် အွန်လိုင်း” မှော်ဂိမ်း၏ ဂူသင်္ချိုင်း ဖြစ်နေလေသည်။ ဖြစ်စဉ်တစ်ခုလုံးက သည်းထိပ်ရင်ဖိုဟု ဖော်ပြ၍ ရနိုင်သော်လည်း အဆုံးသတ်၌ တာဝန်ကို စိတ်စွမ်းအင်နှင့် ဉာဏ်ပညာတို့ဖြင့် ပြီးမြောက်ခဲ့လေသည်။

ထိုအချိန်တွင် “သွေးရောင်နိဒါန်း”ကို ပထမဆုံး ပြီးစီးခြင်းက ဆာဗာတစ်ခုလုံးတွင် “အော်လံ”ဖြင့် ကြေညာခြင်း ခံရပြီး ကစားသူများ အကြား၌ ဆွေးနွေးမှု အတော်များများကို ဖြစ်စေခဲ့သည်။

“သွေးရောင်နိဒါန်း” ပထမအပိုင်းက ဘယ်လိုလုပ် တစ်ယောက်ယောက် ဒီလောက်မြန်မြန် ပြီးသွားနိုင်တာလဲ။

“ငါတို့အဖွဲ့လည်း စမ်းကြည့်ခဲ့တယ်။ ဒါပေမဲ့ ၁၀မိနစ်တောင် မပြည့်ခင်မှာပင် လုံးဝ ချေမှုန်းခံလိုက်ရတယ်။ ခက်ခဲမှုက လုံးဝကို မယုံနိုင်စရာပဲ။ တပ်ဖွဲ့နီက ဘယ်လိုလုပ်ခဲ့လဲ မသိ။ သွားမေးကြည့် သင့်လား။”

“သွားမေးတော့ရော ဘာထူးမှာလဲ။ သူတို့က သေချာပေါက် မင်းကို ပြောမှာ မဟုတ်ဘူး။ ဂူသင်္ချိုင်း ပြီးမြောက်တဲ့ သတ်မှတ်ချက်တွေက အတိအကျ ဖြစ်ပေမဲ့ မြေပုံက ချက်ချင်း ပြောင်းသွားတယ်။ တပ်ဖွဲ့နီက ဂူသင်္ချိုင်းထဲ ပြန်ရောက်လာရင် မတူညီတဲ့ မြေနေရာမှာဆို ထပ်ပြီးတော့ ပြီးမြောက်နိုင်မှာ မဟုတ်လောက်ဘူး။”

“ [ C ] အဆင့် ခရမ်းသလင်းကျောက် ရတနာသေတ္တာထဲမှာ ဘယ်လို ပစ္စည်းကောင်းတွေ ရှိနေမလဲ မသိဘူး။”

“မင်း မနာလို ဖြစ်နေလို့ ဘာမှ မထူးဘူး။ ဒါပေမဲ့ တပ်ဖွဲ့နီက ပထမအပိုင်းကိုပဲ ပြီးသေးတယ်။ အဲဒါကြောင့် ဆုလာဒ်တွေက နည်းနည်းပဲ။ အရင်တစ်ခေါက်က မျက်တစ်လုံး မကောင်းဆိုးဝါး ခေါင်းဆောင်ကို သတ်ခဲ့တဲ့ အဆိပ်နဂါးတပ်ဖွဲ့က [ C ] အဆင့် ဆေးရည်မည်း ရတနာသေတ္တာတောင် ရခဲ့တယ်။”

“လေ့ကျင့်ရေးမှာ ကြိုးစားပြီးတော့ အဆင့်တက်ကြတာပေါ့။ ပြီးရင် ပိုကောင်းတဲ့ လက်နက်ကိရိယာတွေ ရအောင်လုပ်မယ်။”

“…”

ထိုအရာများက ဂိမ်း၏ လောကငယ်လေးသာ ဖြစ်၏။ သူတို့ မသိလိုက်ခင်မှာပင် “အနှိုင်းမဲ့စစ်သည် အွန်လိုင်း”က နတ်ဆိုးများ၏ ဘဝထဲသို့ လုံးဝ ပေါင်းစည်းသွားခဲ့ပြီး ခွဲထုတ်၍မရသော အစိတ်အပိုင်းတစ်ခု ဖြစ်သွားခဲ့လေပြီ။

ကစားသူများက ဖျော်ဖြေရေးနှင့် လေ့ကျင့်ရေးများ ရရှိရုံသာမက ဖန်တီးရှင် မဟာ့မဟာဆရာသခင် “အက်ဂ်ယော” ကလည်း များပြားလှသော ယုံကြည်မှုစွမ်းအားများ ရရှိပေသည်။

ယုံကြည်မှုစွမ်းအားက ကျေနပ်လောက်စရာ ဖြစ်သော်လည်း ချန်လွေ့၏ စိတ်က ယခုတွင် ရေကန်ပြာတောင်ရှိ ကြယ် မြို့တော်ကိုသာ အာရုံစိုက်နေလေသည်။

အဂ္ဂိရတ်ပြိုင်ပွဲ ပြီးဆံုးသွားသည်မှာ ၂လကျော်ပြီ ဖြစ်သည်။ ထိုအချိန်အတွင်း ချန်လွေ့က အချိန် ၉၀% ကို ကြယ်မြို့ထဲ၌ ကုန်ဆုံးခဲ့သည်။ လွန်ခဲ့သော အပတ်တွင် သူက တံခါးပိတ် လေ့ကျင့်နေခဲ့ပြီး အဂ္ဂိရတ်ရဲတိုက်၏ အဆင့်မြှင့်တင်ခြင်းတွင် စိတ်နှစ်မြှုပ်ထားခဲ့၏။

အမျိုးမျိုးသော ချိန်ညှိမှုများနှင့် ပြင်ဆင်မှုများ ပြီးနောက် ကြယ်မြို့က နောက်ဆုံးတွင် အဆင့်(၃)သို့ ရောက်ရှိခဲ့သည်။

ရှေးအဂ္ဂိရတ်အဖွဲ့အစည်း၏ အမျိုးအစား သတ်မှတ်ချက်၌ အဆင့်(၁)နှင့် (၂)တို့မှာ “ရဲတိုက်” အမျိုးအစားဖြစ်ပြီး အဆင့်(၃)သို့ ရောက်ရှိလျှင် “မြို့”ဟု ခေါ်၍ရပြီး အဆင့်(၄)နှင့် အထက် ဖြစ်ပါက “မြို့တော်”ဟု ခေါ်ပေသည်။

အဆောက်အအုံ အသစ်နှစ်ခု ဆောက်လုပ်ခြင်း၊ တိုးမြှင့်ထားသော သတ္တဝါဂိုဒေါင်နှင့် ပျိုးထောင် သိုလှောင်ကန် တို့နှင့် ပတ်သက်၍လည်း အရည်အသွေးအရ အဆင့်တက်မှု တစ်ခု ရှိလေသည်။

တိုးမြှင့်ထားသော သတ္တဝါဂိုဒေါင်က မြို့‌‌တော်ရှိ အဂ္ဂိရတ် သတ္တဝါများ၏ အရေအတွက်ကို တိုးမြှင့်ပေးနိုင်ပြီး ခေါင်းဆောင် အဆင့် အဂ္ဂိရတ် သက်ရှိများ ထုတ်လုပ်နှုန်းကို တိုးစေနိုင်သည်။

ပျိုးထောင် သိုလှောင်ကန်တွင် စွမ်းအင်ပျိုးထောင်ခြင်း၊ ကုန်ကြမ်းပျိုးထောင်ခြင်း နှင့် သတ္တဝါပျိုးထောင်ခြင်း ဟူ၍ အပိုင်း၃ပိုင်း ခွဲခြားထားသော ပို၍ပင် အစွမ်းထက်သည့် လုပ်ဆောင်ချက်များ ရှိနေသည်။

စွမ်းအင်ပျိုးထောင်ခြင်းက သက်ရှိ အရာများကို အဂ္ဂိရတ် အဖွဲ့အစည်းက လိုအပ်သော အသက်စွမ်းအင်အဖြစ် ပြောင်းလဲပေးနိုင်သည်။ ဒိုရူဒါ၏ မှတ်စုထဲ၌ မြို့တစ်ခုလုံးကို သုတ်သင်ခဲ့သော ရန်သူတစ်ယောက် ရှိနေပြီး အလောင်းအားလုံးကို စွမ်းအင်ပျိုးထောင်ခြင်း သိုလှောင်ကန်သို့ ပစ်ထည့်ကာ စွမ်းအင်အဖြစ် ပြောင်းလဲခဲ့ခြင်းအကြောင်း ပါရှိသည်။ ချန်လွေ့အတွင် မကုန်ခမ်းနိုင်သော အရှိန်အဝါသစ်သီး အထောက်အပံ့ရှိနေပြီး အရှိန်အဝါ သစ်သီးကိုလည်း အဆင့်အမြင့်ဆုံး စွမ်းအင်ကုဗတံုးများအဖြစ် ပြောင်းလဲ၍ ရနိုင်သည်။ ထို့ကြောင့် ထိုကဲ့သို့ ရွံစရာ ပြောင်းလဲမှုကို မလိုသေးပေ။ အရှိန်အဝါ သစ်သီးများက ထုတ်လုပ်ပေးသော စွမ်းအင်ကုဗတုံးများက သာမန်ထက် အရည်အသွေးပိုများပြီး အရေအတွက်လည်း ပိုများပေသည်။

ကုန်ကြမ်း ပျိုးထောင်ခြင်းက စွမ်းအင်နှင့် တည်ရှိပြီး ကုန်ကြမ်းများကို အသုံးချကာ အဂ္ဂိရတ် အဖွဲ့အစည်းက လိုအပ်သော အထူးကုန်ကြမ်းများအဖြစ် ပြောင်းလဲရန် သို့မဟုတ် ထုတ်လုပ်ရန် ဖြစ်သည်။ ထိုအရာက ချန်လွေ့ အရေးတကြီး လိုအပ်နေသောအရာ အတိအကျပင် ဖြစ်လေသည်။ ဥပမာ ဧရာမ သလင်းကျောက်သားရဲများ ဖန်တီးရန် လိုအပ်သော နဂါးစွမ်းအား အမြုတေများပင်။ နဂါးစွမ်းအားအမြုတေက သေဆုံးပြီးနောက် ပျောက်ကွယ်မသွားသော နဂါးဝိညာဉ်၏ အမြုတေဖြစ်ပြီး ဝိညာဉ်စွမ်းအား ပမာဏ အနည်းငယ်လည်းပါဝင်သည်။ ထိုအရာက အတော်လေး ရှားပါးသည်။ ချန်လွေ့အတွင် ယောက္ခမကြီးထံမှ အထောက်အပံ့ ရှိသည့်တိုင် အလဲအလှယ်မှ ရရှိခဲ့သော ပမာဏက အလွန်အမင်း နည်းပါးလွန်းလှသည်။ ယခုတွင် ကုန်ကြမ်း ပျိုးထောင်ခြင်း သိုလှောင်ကန် ရှိနေပြီ ဖြစ်သည့်အတွက် အခြား ကုန်ကြမ်းများအား နဂါးစွမ်းအားအမြုတေကို အတုခိုးရန် ဖန်တီးနိုင်လေပြီ။ သက်ရောက်မှုက တကယ် နဂါးစွမ်းအား အမြု‌တေကဲ့သို့ မကောင်းမွန်လောက်သော်လည်း ဧရာမ သလင်‌းကျောက်သားရဲများ ပြုလုပ်ရန် လုံလောက်ပေသည်။ မူလ နဂါးစွမ်းအား အမြုတေမှ ထုတ်လုပ်သော ဧရာမ သလင်းကျောက် သားရဲအတွက်မူ ၎င်း၏ စွမ်းအားကို ခေါင်းဆောင်အဆင့်သို့ ပိုနီးကပ်စေရန် တိုးမြှင့်ထားသော သတ္တဝါဂို‌‌ဒေါင်မှတဆင့် စွမ်းအားကို တိုးမြှင့်နိုင်ပေသည်။

သတ္တဝါပျိုးထောင်ခြင်း သိုလှောင်ကန်က အဆင့်မြင့် ဇီဝသုတေသနနှင့် စမ်းသပ်ချက်များကို ပြုလုပ်နိုင်၏။ ထိုရည်ရွယ်ချက်က အဂ္ဂိရတ်သက်ရှိများကိုသာ ရည်ရွယ်ခြင်း မဟုတ်ဘဲ တိုင်တန်များ ထုတ်လုပ်ရန်အတွက် လိုအပ်ချက် တစ်ခုလည်း ဖြစ်ပေသည်။

အဆင့်တက်ပြီးနောက် သလင်းကျောက် ဇာမဏီက ထိန်းချုပ်မှုနှင့် တွက်ချက်စွမ်းရည်များတွင် ကြီးကြီးမားမား တိုးတက်သွားခဲ့သည်။ စမ်းသပ်ပြီးနောက် သလင်းကျောက် ဇာမဏီက “အနှိုင်းမဲ့စစ်သည် အွန်လိုင်း” မှ ပြဿနာအချို့ကို အချိန်မီမီနှင့် ပညာရှိရှိ ဖြေရှင်းနိုင်ကြောင်း တွေ့လိုက်ရသည်။ မြို့တော်ကို အဆင့်မြှင့်ခြင်းမှ ရရှိလာသော အကျိုးအမြတ်များက ထိုမျှမကပေ။ သလင်းကျောက် ဇာမဏီက မြို့တော်အဆင့် အဂ္ဂိရတ်လက်နက်အချို့၏ ပုံကြမ်းများနှင့် အဆင့်(၃) အသက်သလင်းကျောက်၏ ခွင့်ပြုချက် အချက်အလက်များကို အလိုအလျောက် ရရှိခဲ့သည်။ မူလ ရဲတိုက်အဆင့် လက်နက်များကို အဆင့်မြှင့်၍ ရနိုင်ပေတော့မည်။ မူလ လက်နက်များကလည်း ထိခိုက်ပျက်စီးနေသည့်အတွက် ပြင်ဆင်ရန် နောက်ကျသွားပြီ ဖြစ်ရာ ယခု သူတို့ကို ပြန်ထုတ်လုပ်နေလေသည်။

အဆင့်(၃)မြို့က ထိန်းချုပ်၍ရသော အဂ္ဂိရတ် သတ္တဝါများက အဆင့်(၂) ရဲတိုက်ထက် သုံးဆခန့် ပိုများ များပြားသွားခဲ့သည်။ မှင်စာဆိုး ၆သောင်း၊ သလင်းကျောက်သားရဲ ၃သောင်း၊ မီးအိမ်ဝိညာဉ် ၁သောင်းခွဲ၊ စုစည်းရုပ်သေး ၃ထောင် နှင့် ဧရာမ သလင်းကျောက်သားရဲ ၃၀၀ ခန့် ဖြစ်သည်။ လွန်ကဲသော တိုက်ခိုက်‌ရေးစွမ်းအားကို မစဉ်းစားလျှင်ပင် ထိုကဲ့သို့ အပြည့်အဝ ထုတ်လုပ်လိုက်သည်နှင့် အင်ပါယာတစ်ခု တည်ထောင်ရန် သို့မဟုတ် နတ်ဆိုးဘုံကို ကြယ်ကြွေတမန်အင်ပါယာ လွှမ်းမိုးရန် လုံလောက်ပေသည်။ သွေးရောင်အင်ပါယာနှင့် အရိပ်နက် အင်ပါယာတို့က မပူးပေါင်းကြလျှင် အင်ပါယာတစ်ခု၏ တိုက်ခိုက်ရေး စွမ်းအား တစ်ခုတည်း၏ သူ၏ ပြိုင်ဘက် မဟုတ်သည်မှာ အသေအချာပင်။

အင်အားဖြင့် ဟန့်တားခြင်းက မဖြစ်မနေ ဖြစ်သော်လည်း စစ်ပွဲက ကြံရာမရသည့်အဆုံးမှ ဖြစ်ပေသည်။ ထို့အပြင် ကုန်ကြမ်းများမှာလည်း အလွန်အမင်း ရှားပါးနေဆဲ ဖြစ်ပြီး စွမ်းအင်ပျိုးထောင် သိုလှောင်ကန်များကလည်း အဆင့်မြင့်များ မဟုတ်ကြပေ။ လိုအပ်သော ကုန်ကြမ်းများကို အပြည့်အဝ စုဆောင်းပြီး စစ်တပ်အတွက် လိုအပ်သော ကုန်ကြမ်းများကို ဖန်တီးရန်အတွက် အချိန်အကြာကြီး ကြာပေလိမ့်မည်။

အကယ်၍ သူက အဆင့်(၄)သို့ မြှင့်တင်နိုင်မည်ဆိုလျှင် အရှိန်က ကြီးကြီးမားမား တိုးတက်သွားပေမည်။ ချန်လွေ့တွင် လက်ရှိ၌ ထိုကဲ့သို့ တရားလွန်သော မျှော်လင့်ချက်များ မရှိပေ။ ကံကောင်းစွာပင် ယခုတစ်ခေါက်က မှော်ဆရာခံတပ် တိုက်ပွဲ၌ သူ့တွင် ကျန်ရှိခဲ့သော အချိန်ထက် များစွာ ပိုများနေလေသည်။ ထို့ပြင် ၂နှစ်တာ စစ်ဆိုင်းစာချုပ်က တဝက်ကျော် လိုနေသေး၏။ ကြယ်မြို့ တည်ဆောက်ခြင်း၌ဖြစ်စေ၊ ကိုယ့်ကိုယ်ကိုယ် လေ့ကျင့်ရေး၌ဖြစ်စေ၊ အချိန်က လုံးဝ လောက်ငှပေသည်။

ကျန်သော အလုပ်များကို အစီအစဉ်ချပြီးနောက် ချန်လွေ့က ဗဟိုထိန်းချုပ် နန်းတော်မှ ထွက်သွားလိုက်သည်။ အပြင်ဘက်၌ ညရောက်နေလေပြီ။ ကြယ်မြို့မှ ထွက်သွားသောအခါ သူက စိုးရိမ်နေပုံရသော ခီရာကို မမျှော်လင့်ထားဘဲ တွေ့လိုက်ရ၏။

ကဝေမလေး၏ ပထမဆုံးစကားကြောင့် ချန်လွေ့ ထိတ်လန့် သွားခဲ့သည်။ “ဇိုလာ တစ်ခုခု ဖြစ်နေပြီ!”

ဇိုလာက လူသား‌လောကသို့ ချန်လွေ့ သွားပြီးနောက် တိုင်းပြည် လျို့ဝှက်ဆန်းကြယ်မှုကို နားလည်ရန်အတွက် တံခါးပိတ် လေ့ကျင့်ရန် သက်တန့်တောင်ကြားကို ပိတ်ထားခဲ့သည်။ သို့သော်လည်း လွန်ခဲ့သော ၂ရက်က နေအိမ်နှင့် ဆက်သွယ်ထားသော သက်တန့်တောင်ကြား နေရာလွတ် လမ်းကြောင်းက ရုတ်တရက် တုန်ခါပြီး မရေမတွက်နိုင်သော ကြောက်မက်ဖွယ်ရာ ဒြပ်စင်အငွေ့အသက်များ ပေါ်ထွက်လာ၏။ အကယ်၍ နေအိမ်ထဲ၌ ရှိနေခဲ့သော ပါ့ဂ်လီအိုနှင့် ဒိုဒိုတို့ကသာ ၎င်းကို အချိန်မီ ပူးပေါင်းမဖိနှိပ်ခဲ့လျှင် နေအိမ်တစ်ခုလုံးက လုံးလုံးလျားလျား ပျက်စီးသွားပေလိမ့်မည်။

ခဏကြာပြီးနောက် ဒြပ်စင်များက တဖြည်းဖြည်း အားနည်း သွားခဲ့သည်။ အားလုံး အဆင်ပြေပြီဟု လူတိုင်း ထင်နေကြစဉ် သက်တန့်တောင်ကြား၏ နေရာလွတ်လမ်းကြောင်းက ရုတ်တရက် ပြိုလဲသွားကာ ဝင်ပေါက်လည်း ပျောက်ကွယ်သွားတော့သည်။

ထိုအချိန်၌ ပါ့ဂ်လီအိုနှင့် အခြားသူများက သက်တန့်တောင်ကြားမှ စိမ့်ထွက်လာသော ဒြပ်စင် အငွေ့အသက်မှာ သောင်းကြမ်းနေရုံသာမက မူမမှန်လျက် ဖရိုဖရဲ ဖြစ်နေကြောင်း ပါ့ဂ်လီအိုနှင့် အခြားသူများ ခံစားလိုက်ရသည်။ ထိုအရာက လုံးဝကို အထိန်းအချုပ် လွတ်နေခြင်း ဖြစ်၏။ လမ်းကြောင်း ပြိုလဲသွားသည့်အတွက်ကြောင့် ဇိုလာ၏ တံခါးပိတ် လေ့ကျင့်ရေးက ပြဿနာ တစ်ခုခု ရှိနေသည်ဟု လုံးဝနီးပါး သေချာသွားလေပြီ။

ပြဿနာက ယခုတွင် သက်တန့်တောင်ကြား လမ်းကြောင်း ပျက်စီးသွားပြီ ဖြစ်သည့်အတွက် မြို့တော်မှ လမ်းကြောင်းလည်း အတူတူပင် ဖြစ်သည်။ အချိန်အတော်ကြာ ရှာဖွေပြီး ဝင်ပေါက်ကို မည်သူမှ ရှာမတွေ့သည့်အဆုံး သူတို့က ကြယ်မြို့မှ ချန်လွေ့ ထွက်လာချိန်ကိုသာ စောင့်နေရတော့သည်။

ဒြပ်စင်တိုင်းပြည်က နတ်မိမယ်နဂါး သွေးမျိုးဆက်ထဲရှိ မှတ်ဉာဏ်ထဲ၌ အင်အားကြီး တိုင်းပြည်တစ်ခု ဖြစ်သည်။ ၎င်း ဒြပ်စင်များကို “ယုံကြည်သူများ”အနေဖြင့်ထားပြီး တိုင်းပြည်တစ်ခု တည်ထောင်၍ရသည်။ ဒြပ်စင်များက နေရာတိုင်းတွင် ရှိနေ၏။ ထိုတိုင်းပြည်၏စွမ်းအားက အဆင့်တူချင်းချင်းထက် များစွာ သာလွန်လှပြီး အခက်ခဲဆုံးလည်း ဖြစ်လေသည်။ အလွန်အမင်း နက်ရှိုင်းသော နားလည်သဘောပေါက်မှုများ ရှိရမည်ဖြစ်ပြီး နတ်မိမယ်နဂါးများထဲ၌ အောင်မြင်ခဲ့သောသူ လက်တစ်ဆုပ်သာ ရှိခဲ့ဖူးလေသည်။

ဇိုလာက ဒြပ်စင်တစ်ခုတည်းကိုသာ မရွေးချယ်ခဲ့ဘဲ အစွမ်းအထက်ဆုံးဖြစ်သည့် [ ဒြပ်စင်၆ခု တိုင်းပြည် ] ကို ရွေးချယ်ခဲ့ပြီး ခက်ခဲမှုကလည်း အကြီးမားဆုံးပင်။ ဒြပ်စင်တစ်ခု ထပ်ပေါင်းတိုင်း လေ့ကျင့်ရေး ခက်ခဲမှုနှင့် အန္တရာယ်တို့က အထပ်အထပ်နှင့် တိုးမြင့်သွားပေမည်။

ဒြပ်စင်အရင်းအမြစ်စွမ်းအားက ဒြပ်စင်ဘုရင်၏ စံအပြုဆုံး ဇစ်မြစ်စွမ်းအား ဖြစ်သည်။ ဇိုလာက အရင်းအမြစ်စွမ်းအားကို အသုံးပြုကာ ဒြပ်စင်တိုင်းပြည်၏ အမြင်ကို ကြီးကြီးမားမား တိုးမြှင့်ပြီး အန္တရာယ်ကို လျှော့ချပေးနိုင်သည်။ ကံဆိုးစွာပင် လူသားလောကမှ ချန်လွေ့ ပြန်ရောက်လာပြီးကတည်းက ဇိုလာ၏ တံခါးပိတ်လေ့ကျင့်ရေး မပြီးသေးပေ။ ထို့ကြောင့် လေအရင်းအမြစ် စွမ်းအားနှင့် အလင်း အရင်းအမြစ် စွမ်းအားတို့ကို မပေးရသေးပေ။ မမျှော်လင့်ဘဲနှင့် ယခုတွင် တစ်ခုခု ဖြစ်သွားခဲ့လေသည်။

ဇိုလာ တံခါးပိတ် လေ့ကျင့်နေခြင်းက တိုင်းပြည်အဆင့်သို့ တစ်ခါတည်း ရောက်ရှိရန်အတွက် မဟုတ်ဘဲ တိုင်းပြည် အယူအဆကို ပိုမိုခံစားပြီး နားလည်ရန်အတွက်ဖြစ်ကြောင်း ချန်လွေ့ သိသည်။ ထိုအရာက အနာဂတ်တွင် အဆင့်တက်နိုင်ချေ တိုးမြင့်စေ၏။ သို့ရာတွင် [ ဒြပ်စင်၆ခု တိုင်းပြည်က ] ပုံမှန် တိုင်းပြည်ထက် များစွာ ပိုမို၍ အန္တရာယ်များပေသည်။ ထို့ကြောင့် ဇိုလာက မည်သို့သော အန္တရာယ်ကို ရင်ဆိုင်ရမည်ဖြစ်ကြောင်း ချန်လွေ့ မသိပေ။ သို့ရာတွင် နေရာလွတ်လမ်းကြောင်း ပြိုလဲသွားခြင်းကို ကြည့်ခြင်းအားဖြင့် သေချာပေါက် ပြဿနာ အသေးလေး မဟုတ်နိုင်လောက်ပေ။

ထိုသို့တွေးမိရင်း ချန်လွေ့က စိုးရိမ်မိလာသည်။ သူက ခီရာကို နှုတ်ဆက်ပြီး [ ကြယ်ဂိတ် ]ကို ဖွင့်ကာ အမှောင်လမြို့ရှိ နေအိမ်သို့ ချက်ချင်း ပြန်သွားလိုက်တော့သည်။

ချန်လွေ့က ခြံဝန်းထဲသို့ ပြန်ရောက်လာသောအခါ ပန်းဥယျာဉ်ထဲ၌ မူလက ပြုလုပ်ထားခဲ့သော နေရာလွတ် လမ်းကြောင်းက လုံးဝ ပျောက်ကွယ်သွားသည်ကို တွေ့လိုက်ရ၏။ အစအန လုံးဝ မကျန်တော့ပေ။ ထိုစဉ်က အခြေအနေအကြောင်း ပါ့ဂ်လီအိုနှင့် အခြားသူများကို မေးပြီးနောက် ချန်လွေ့က ပြတ်ပြတ်သားသား ဆုံးဖြတ်ပြီး နတ်မိစ္ဆာသားရဲကို စီးကာ မြောက်ဘက်ဆီသို့ အရှိန်ကုန် သွားတော့သည်။

ယခုတွင် အိမ်ထဲရှိ နေရာလွတ်လမ်းကြောင်းက ပျောက်ကွယ်သွားပြီဖြစ်ရာ သက်တန့်တောင်ကြားထံ တစ်ခုတည်းသော လမ်းကြောင်းက ဇိုလာက ချန်လွေ့က ပထမဆုံး တွေ့ခဲ့သော မြို့တော် ဆင်ခြေဖုံးရှိ ချောင်ကျသော တောင်ကြားပင် ဖြစ်တော့သည်။

မြို့တော်ဆင်ခြေဖုံးသို့ ရောက်ရှိရန်အတွက် ချန်လွေ့က မြောက်ဘက်သို့သွားကာ လိပ်ပြာနီနယ်မြေဆီ သွားရပေမည်။ ထိုအရာက တစ်ရက် နှစ်ရက်ဖြင့် ဖြစ်နိုင်သော အရာ မဟုတ်ပေ။ ခရီးတိုများအတွက် ချန်လွေ့၏ အပျံစွမ်းရည်က မြင်းနက်လေးထက် များစွာ သာလွန်သော်လည်း ခရီးရှည်အတွက် သုံးမရပေ။

မိစ္ဆာသစ်သီးနှင့် အရှိန်အဝါ သစ်သီးများ နှစ်ပေါင်းများစွာ စားနေခဲ့သော မြင်းနက်လေးက မဟာနတ်ဆိုးဘုရင်အဆင့် ထိပ်သီးပိုင်းသို့ ရောက်ရှိနေခဲ့ပြီး နတ်ဆိုးဧကရာဇ်အဆင့်သို့ ရောက်ရှိရန် ခြေတစ်လှမ်းသာ လိုတော့သည်။ ၎င်း၏ ခန္ဓာအမျိုးအစားနှင့် ခွန်အားတို့က သာမန် နတ်ဆိုးဧကရာဇ် အဆင့်ထက်ပင် သာလွန်နေသော်လည်း သွေးမျိုးဆက်ထဲမှ ပိုင်နက်ပါရမီ မနိုးထလာသေးသည့်အတွက် တကယ့် နတ်ဆိုးဧကရာဇ်အဆင့် မဟုတ်သေးပေ။ (ကံဆိုးသည်မှာ မြင်းနက်လေးက နတ်ဆိုးဧကရာဇ်အဆင့်သို့ အောင်အောင်မြင်မြင် ရောက်သွားသည့်တိုင် အိမ်ထဲ၌ စွမ်းအား အနိမ့်ဆုံး လာဘ်ကောင်သာ ဖြစ်နေပေဦးမည်။)

မြင်းနက်လေးက သခင်ဖြစ်သူ စိုးရိမ်နေသည်ကို အာရုံခံမိ လိုက်သည့်အတွက်ကြောင့် အစွမ်းအထက်ဆုံး ပုံစံကို အသက်သွင်းပြီး ‌လောကကြီး တုန်လှုပ်မလှုပ် ဂရုမစိုက်ဘဲ အရှိန်ကုန် ပြေးတော့သည်။ မြင်းခွာများကလည်း ညကို ပိုင်းဖြတ်လိုက်သော အနီရောင် လျှပ်စီးများကဲ့သို့ပင် မီးများဖြင့် ကျွမ်းလောင်နေတော့သည်။

All Chapters