ဥပဒေသ အရင်းခံ
Vol. 51 Ch. 832
ပြန်လည်ရှင်သန်ခြင်းရေစင် ပတ်ပတ်လည်ရှိ အဆောက်အအုံ အားလုံး ပျောက်ကွယ်သွားကုန်ပြီး မူလက တည်ငြိမ်နေသော ရေစင်ကလည်း ကောင်းကင်ထက်သို့ မြင့်တက်လာခဲ့ကာ လေးထောင့် ငွေသေတ္တာကို ရစ်ပတ်နေသော ရေတိုင်လုံးတစ်ခု အဖြစ်သို့ ဖွဲ့စည်းနေလေသည်။
သေတ္တာသော့ကလည်း လျော့ရဲနေပြီး အက်ကြောင်းတစ်ခု ပွင့်ထွက်သွားကာ ဖော်ပြ၍ မရနိုင်သော မတည်ငြိမ်မှုတစ်ခု ပေါ်ထွက်လာသည်။
ငွေသေတ္တာ။ ချန်လွေ့ သိသမျှထဲ၌ လျို့ဝှက်ဆန်းကြယ်ဆုံး အရာ။
နတ်ဘုရားယောင်အဆင့် အစွမ်းထက်ပုဂ္ဂိုလ် မျက်လုံးထဲ၌ပင် ငွေသေတ္တာက လူကြိုက်မျးသော အရာတစ်ခု ဖြစ်သည်။ ချန်လွေ့သိသော နတ်ဆိုးဘုံမှ နတ်ဘုရားယောင်အဆင့် အစွမ်းထက်ပုဂ္ဂိုလ်နှစ်ယောက်ထဲမှ စေတန်သည် တပည့်မ ဖြစ်သူ တစ်ဖနီအား စာအုပ်ပေါင်းချုပ်ခန်းမ၏ စတုတ္ထအလွှာသို့ ဝင်ခိုင်းပြီး ငွေသေတ္တာရှိသော လျို့ဝှက်ဆန်းကြယ်သည့် နေရာတစ်ခုကို ဖွင့်ရန်အတွက် သူ့ကို “သော့”အဖြစ် ပြောင်းလဲခဲ့လေသည်။ ထိုစဉ် ဆာရီရယ်ကလည်း ငွေသေတ္တာကို တပ်မက်နေသည်။ ထို့ကြောင့် သူက မတုံ့ဆိုင်းနေဘဲ ချန်လွေ့အား မိစ္ဆာမျက်ဆံနှင့် ကိုယ်ပွား ဆင့်ခေါ်နိုင်သော တံဆိပ်ပြားတို့ကို ပေးခဲ့လေသည်။
ငွေသေတ္တာက တစ်ခုထက်မက ရှိနေပုံရသည်။ ၎င်းက ပြီးပြည့်စုံသော တစ်စုံတစ်ခု၏ တဝက်ဖြစ်ပြီး ၇ခုထဲမှ တစ်ခုဖြစ်ကာ ဇဝေဇဝါ ဖြစ်စရာပင်။ လက်ရှိတွင် ငွေသေတ္တာနှစ်လုံးကို သိနေပြီ ဖြစ်သည်။ ဆာရီရယ်၏ မတော်တဆ ပြောလိုက်ပြီးတော့ စကား တဝက်အရ ငွေသေတ္တာများကလည်း သိဒ္ဓိအလင်းတောင်ရှိ ဘုရားကျောင်းထဲ၌ ရှိနေနိုင်ကြောင်း ချန်လွေ့ မှန်းဆမိခဲ့သည်။ သို့သော်လည်း အလင်းဒြပ်စင်ဘုရင်အား ချန်လွေ့အား နတ်ဘုရားယောင်အဆင့် မရှိဘဲ အလင်းနတ်ဘုရားကျောင်းနားသို့ လုံးဝ ခြေမချရန် အကြံပြုခဲ့လေသည်။ ထိုစကားကို တောင်ပံ၄ခု တမန်တော် ဇီဟုန်အန်နှင့် အန္တိမတမန်တော် ရာဖယ်ရယ်တို့၏ ကိုယ်ပွားတို့က အတည်ပြုပြီးပြီ ဖြစ်လေသည်။
ဒါဆိုရင် ငွေသေတ္တာက နတ်ဘုရားဖြစ်ဖို့ လမ်းကြောင်းနဲ့ ဆက်နွှယ်နေလောက်တယ်။ ဒါမှမဟုတ် နတ်ဘုရားဖြစ်ဖို့အတွက် သော့ချက်များလား။
ချန်လွေ့က ငွေသေတ္တာကို ရခဲ့သည်မှာ အချိန် အတော်ကြာပြီ ဖြစ်သည်။ ပြန်တွက်ရမည်ဆိုလျှင် အသံတိတ်ညစိမ့်မြေရှိ အဆိပ်နဂါး၏ ရတနာသိုက်ကို ရှာဖွေခဲ့စဉ်က ဖြစ်၏။ ထိုစဉ်က ချန်လွေ့က နတ်ဆိုးဧကရာဇ်အဆင့်သို့ပင် မရောက်သေးပေ။ ထို့ကြောင့် သူက ၎င်းကို သုတေသန မလုပ်ခဲ့ပေ။ ဇိုလာကပင် သူ့ကို ငွေသေတ္တာအကြောင်းပြောရန် ငြင်းဆိုခဲ့သည်။ သူက ချန်လွေ့အား ငွေသေတ္တာကို သုတေသန ပြုလုပ်ရန်အတွက် အနည်းဆုံး တိုင်းပြည်အဆင့်သို့ ရောက်ရှိရန် ပြောခဲ့သည်။ ထိုသို့ ဇိုလာ ပြောခဲ့ရခြင်းကို ချန်လွေ့ သိသည်။ ထိုအရာက သူ့အတွက် မဟုတ်ဘဲ ချန်လွေ့ အတွက်သာ ဖြစ်လေသည်။ သို့ရာတွင် ငွေသေတ္တာထဲမှ ပြောင်းလဲမှုများက ဇိုလာကို အထိန်းအချုပ် ကင်းလွတ်စေခဲ့သည်။ ထို့ကြောင့် ဇိုလာကို နှိုးရန်အတွက် သူက ငွေသေတ္တာကို ပိတ်ရပေမည်။
ချန်လွေ့၏ အတွေးများ လှုပ်ရှားသွားခဲ့ပြီး ငွေသေတ္တာဆီသို့ တိတ်တိတ်လေး ရောက်လာသည်။ သူ အနား ကပ်လိုက်သည်နှင့် မူလက အားနည်းနေသော မတည်ငြိမ်မှုများက ရုတ်တရက် ပြင်းထန်လာတော့သည်။ ချန်လွေ့က မူးဝေသွားခဲ့ပြီး စိတ်ထဲ၌ အတွေးတစ်ခုသာ ကျန်တော့သည်။ ထိုအရာက ပျက်စီးခြင်းပင်။
ထိုကဲ့သို့ ဆင်တူသော ခံစားချက်မျိုးကို ချန်လွေ့ ယခုမှ ခံစားဖူးခြင်း မဟုတ်ပေ။ သူက အသံတိတ်ညစိမ့်မြေ၌ ငွေသေတ္တာကို ဖွင့်ခဲ့စဉ်က ထိုကဲ့သို့ “ပုံရိပ်ယောင်” တစ်ခုကို ခံစားခဲ့ဖူးသည်။ ထိုအချိန်၌ စွမ်းအားတမျိုးမျိုးက သူ့ခန္ဓာကိုယ်ထဲ ဝင်ရောက်သွားပြီး အတွင်းနတ်ဆိုးနှင့် ပေါင်းစပ်သွားကာ သူ၏ ကမ္ဘာမကြေရန်သူ အသူရာ ဖြစ်လာခဲ့လေသည်။
ပြန်လည်ရှင်သန်ခြင်းရေစင်ကြောင့် ဖြစ်ပေမည်။ အသက်ဓာတ် ဆုံးရှုံးသော ထူးဆန်းသည့်အားက အစပိုင်းတွင် မပေါ်ထွက်လာဘဲ “ချေမှုန်းခြင်း”က ထင်ရှားသထက် ထင်ရှားလာသည်။ ချန်လွေ့၏ ဝိညာဉ်အာရုံခံမှုတွင် “ပျက်စီးခြင်း”က အနှိုင်းမဲ့ အဆတိုးလာပြီး ခန္ဓာကိုယ်နှင့် ဝိညာဉ်ကို ဗလာနတ္ထိအထိ ဖြစ်စေရန် ပြုလုပ်ချင်နေပုံရသည်။
ထိုကဲ့သို့ ပျက်စီးခြင်းမျိုးကို ရိုးရှင်းသော ဥပဒေသဖြင် အစားထိုး၍ မရနိုင်တော့ပေ။ ထိုအရာက ဇစ်မြစ်နှင့် ဆင်တူသော ခံစားချက် တစ်ခု ဖြစ်သည်။ ထိုဇစ်မြစ်အောက်တွင် [တိတ်တဆိတ်] အစွမ်းက အသုံးမဝင်ပေ။
ချန်လွေ့က ၎င်းကို မခုခံနိုင်ကြောင့် တစ်ချက်ကြည့်ရုံဖြင့် သိသည်။ ထို့ကြောင့် သူက အစွမ်းအထက်ဆုံးဖြစ်သော [ဓူဝံကြယ် အသွင်ပြောင်းခြင်း ] ကို အသက်သွင်းလိုက်တော့သည်။
တလက်လက် ကြယ်အလင်းများက ပျက်စီးခြင်းစွမ်းအားကို ခုခံနေသော်လည်း ချက်ချင်းပင် ပြိုလဲသွားတော့သည်။ ချန်လွေ့က [ဓူဝံကြယ်အသွင်ပြောင်းခြင်း]ကို ပြီးစီးရုံသာ ရှိနေပြီး ကြောက်မက်ဖွယ်ရာ ကပ်ဘေးအန္တရာယ်ကို ခံစားမိလိုက်သည်။ သူ့ ပတ်ပတ်လည်မှ ကြယ်များက [ ကြယ်ပြာတိုင်းပြည် ] ကို အသက်သွင်းလိုက်၏။ တစ်ချိန်တည်းမှာပင် ဧရာမ တောင်ပံ တစ်စုံက သူ့အရှေ့တွင် ကာကွယ်ထားပေးနေလေသည်။
သို့ရာတွင် တိုင်းပြည်အဆင် ထိပ်သီးပိုင်းအဆင့်၏ တိုက်ခိုက်မှုကို ခုခံနိုင်သော ကြယ်တောင်ပံ အစောင့်အရှောက်က ပျက်စီးခြင်း၏ မတည်ငြိမ်မှုကို မတားဆီးနိုင်ပေ။ တောင်ပံပေါ်တွင် ကြီးမားသော အက်ကြောင်းများ အလျင်အမြန် ပေါ်ထွက်လာပြီး ပုံရိပ်ယောင် [ ကြယ်ပြာတိုင်းပြည် ] ကပင် စတင်ပြိုလဲလာသည်။ ချန်လွေ့က အံ့သြနေတော့သည်။
တစ်ခါမှ အမှန်တကယ် မထိခိုက်ခဲ့သော တောင်ပံများက ဝုန်းခနဲ ကြေမွသွားခဲ့ပြီး [ ကြယ်ပြာတိုင်းပြည် ] မှ ဂြိုဟ်များလည်း ပေါက်ကွဲထွက်သွားတော့သည်။ တစ်ချိန်တည်းမှာပင် ချန်လွေ့ကို အလွန်ကြီးမားသော ဒိုင်းက အချိန်မီ ကာကွယ်ပေးလိုက်သည်။ ထိုအရာ အဆောင်ပစ္စည်း ၇ခုထဲမှ တစ်ခုဖြစ်သော နတ်ဆိုးဒိုင်းပင်။ နတ်ဆိုးဒိုင်း ထွက်လာသည်နှင့် ပျက်စီးခြင်း လေထုက တစ်စုံတစ်ခုကြောင့် ဆွဲဆောင်ခံလိုက်ရဟန်တူပြီး အလျင်အမြန် စုဝေးလာလေသည်။
ဖိအားက နှစ်ဆတိုးသွားကြောင်း ချန်လွေ့ ခံစားလိုက်ရပြီး တစ်ကိုယ်လံုး မလှုပ်နိုင်တော့ပေ။ သူက ခုခံရန်အတွက် နတ်ဆိုးဒိုင်းကာ ကိုင်လိုက်သည်။ သူက အဆုံးစွန်အထိ ဆွဲနေသော လေးတစ်ချောင်းကဲသို့ ဖြစ်နေပြီး အချိန်မရွေး ပြတ်သွားနိုင်ပေသည်။
[ ဓူဝံကြယ်ပြာအသွင်ပြောင်းခြင်း ]၊ [ ကြယ်ပြာတိုင်းပြည် ] နှင့် အစွမ်းအထက်ဆုံး ဒိုင်းကာ။ ချန်လွေ့က အစွမ်းအထက်ဆုံး ဝှက်ဖဲများကို အသုံးပြုခဲ့သော်လည်း ၎င်းကို မရပ်တန့်နိုင်သေးပေ။
ငွေသေတ္တာက ဒီလောက် ကြောက်စရာကောင်းတဲ့ စွမ်းအား တစ်ခု ရှိနေတာပဲ။ ဒါက အက်ကြောင်းတစ်ခုပဲ ရှိသေးတယ်။
ထိုစဉ်က ငွေသေတ္တာကို ဖွင့်လိုက်စဉ် အသက်ဓာတ် ဆုံးရှုံးသွားခြင်းကဲ့သို့ မဟုတ်ဘဲ ယခုတွင် သူ့စွမ်းအားက အဆင့်တစ်ခု ရောက်သွားပြီ ဖြစ်သည့်အတွက် ငွေသေတ္တာ၏ တကယ့်စွမ်းအားကို အသက်ဝင်စေခဲ့ခြင်း ဖြစ်နိုင်ပေသည်။
ဒါက တကယ့်စွမ်းအားရဲ့ တစ်ပိုင်းတစ်စပဲ ဖြစ်လောက်တယ်။ ဒါပေမဲ့ ဒါတောင် လုံးဝ မခံနိုင်ဘူး။
ပျက်စီးခြင်း အနှစ်သာရ...
ချန်လွေ့က အတွေးအမြင်တစ်ခု ဖျတ်ခနဲ ရသွားခဲ့ပြီး သွေးများက မျက်လုံးထဲ၌ ရုတ်တရက် ပေါ်ထွက်လာခဲ့သည်။ သူက လူသားလောကမှ အသူရာ၏ ကိုယ်ပွားကို ပြန်ခေါ်လိုက်၏။
အသူရာ၏ ကိုယ်ပွားက သူ၏မူလခန္ဓာကိုယ်နှင့် ပေါင်းစပ် သွားသည်နှင့် ချန်လွေ့၏ မျက်လုံးများ ရုတ်တရက် ကြီးသွားခဲ့သည်။ သူက မရေမတွက်နိုင်သော ကြယ်များ ဖျက်ဆီးခံနေရသော မြင်ကွင်းတစ်ခုထဲ ရောက်နေသလို ခံစားလိုက်ရသည်။ ထူးဆန်းစွာပင် သူက ပျက်စီးခြင်း၏ တစ်စိတ်တစ်ပိုင်း ဖြစ်နေသကဲ့သို့ပင် အန္တရာယ်ကို မခံစားရတော့ပေ။
ဝိညာဉ် အပြင်းအထန် တုန်ခါနေသည်ကို ချန်လွေ့ ခံစားမိလိုက်သည်။ ၎င်းက အကြောက်တရားကြောင့် မဟုတ်ဘဲ ပျက်စီးမှုတစ်ခု၏ “စည်းချက်”နှင့် တသားတည်း ဖြစ်နေခြင်း ဖြစ်သည်။ ထိုကဲ့သို့ အံ့သြဖွယ်ရာ ခံစားချက်ကလည်း တဲရစ်နှင့် တိုက်ခိုက်ပြီးနောက် သတိလစ်နေစဉ် ပုံရိပ်ယောင်များထဲ၌ ပေါ်ထွက်လာခဲ့ဖူးသည်။ သို့သော်လည်း ယခုကဲ့သို့ မထင်ရှားဘဲ အစစ်အမှန်မျိုး မဟုတ်ခဲ့ပေ။
သက်ရှိဖန်တီးခြင်းဆိုတာက ပြီးမြောက်မှုနောက်ကို လိုက်နေတဲ့ ဖြစ်စဉ်တစ်ခုပဲ။ ပြီးမြောက်တယ် ဆိုတာက အသစ်ဖန်တီးတာပဲ။
ပြောရမယ်ဆိုရင်တော့ ပျက်စီးခြင်းက ဖန်တီးခြင်းရဲ့ တစ်စိတ်တစ်ပိုင်းပဲ။ အစကတည်း ရှိနေတဲ့ အစိတ်အပိုင်းပေါ့။
သေခြင်းနဲ့ ရှင်ခြင်းတရား။ ရှင်ခြင်းနဲ့ သေခြင်းတရား။
ပျက်စီးခြင်း၊ ဖန်တီးခြင်း၊ ရှင်သန်ခြင်း၊ သေဆုံးခြင်း။
ချန်လွေ့က တစ်စုံတစ်ခုကို သဘောပေါက်လိုက်ဟန်တူပြီး အံံအားသင့်စရာ ဆုံးဖြတ်ချက်တစ်ခုကို ရုတ်တရက် ချလိုက်၏။ သူက နတ်ဆိုးဒိုင်းကာ ဘေးဖဘ်ထားပြီး ကြောက်မက်ဖွယ်ရာ ဖျက်ဆီးခြင်း လှိုင်းကို ရစ်ပတ်စေလိုက်သည်။
သူ့ခန္ဓာကိုယ်ပေါ်မှ ကြယ်ချပ်ကာက ကြေမွသွားခဲ့ပြီး ထိုစွမ်းအားကို မခုခံနိုင်တော့ပေ။ ၎င်းက မြေပေါ်သို့ ကျမသွား ခင်မှာပင် အမှုန်အဖြစ် ပြောင်းလဲကာ ပျောက်ကွယ်သွား၏။ ဆန်းကြယ်ကျောက်စိမ်းချပ်ကာနှင့် ချန်လွေ့၏ ခန္ဓာကိုယ်ပေါ်မှ တခြားအဆင်တန်ဆာများအားလုံး ပျက်စီးသွားခဲ့သည်။
ချန်လွေ့၏ ခန္ဓာကိုယ်က ကြောက်မက်ဖွယ်ရာ ဒဏ်ရာများ ပြည့်နှက်နေပြီး တကယ့်ခန္ဓာကိုယ်က ဝေဝါးလာခဲ့သည်။ သူက ဗလာနတ္ထိအဖြစ် ပြောင်းလဲပြီး ချေမှုန်းခံရတော့မည့် အချိန်၌ ရုတ်တရက် လက်ခနဲ ဖြစ်သွားက ထင်ရှားသွားပြန်သည်။ သူ၏ ခန္ဓာကိုယ်သာမက အနီးအနားရှိ ကြယ်နိမိတ်ပုံရိပ်များလည်း ထင်ရှားသွားတော့သည်။
ပြောရမည်ဆိုလျှင် [ ဓူဝံကြယ်အသွင်ပြောင်းခြင်း ] ပြိုလဲသွားပြီးနောက် တိုင်းပြည်၏ လျို့ဝှက်ဆန်းကြယ်မှု ပါဝင်သော [ ကြယ်ပြာတိုင်းပြည် ] ကို အသက်သွင်းရန် မဖြစ်နိုင်သင့်ပေ။ သာမန် [ ကြယ်စင်စုပိုင်နက် ] ကိုသာ အသုံးပြုနိုင်သင့်သည်။ သို့ရာတွင် ပျောက်ကွယ်သွားရမည့်အစား [ ကြယ်ပြာတိုင်းပြည် ] က ထူးထူးခြားခြား တောက်ပလာခဲ့လေသည်။
ချန်လွေ့က များပြားလှသော ယုံကြည်မှုစွမ်းအားများ ထိန်းချုပ်မရဘဲ လှိမ့်တက်လာပြီး [ ကြယ်ပြာတိုင်းပြည် ] ထဲသို့ ပေါင်းစပ်သွားသည်ကို သေသေချာချာ ခံံစားမိနေသည်။ တဖြည်းဖြည်းနှင့် ဂြိုဟ်များ၏ လမ်းကြောင်းတွင် ဆွဲဆောင်မှု အသစ်တစ်ခု ရှိလာသည်။ ချန်လွေ့၏ ဝိညာဉ်နှင့် ထိုကဲ့သို့ “ဆွဲဆောင်မှု”တို့က တစ်ခုတည်း ပေါင်းစည်းသွားပြီး လျို့ဝှက် ဆန်းကြယ်သော ခံစားချက်ထဲသို့ ဝင်ရောက်သွားတော့သည်။
ဒါက ဥပဒေသပဲ ......
ဒါက [ ကြယ်ပြာတိုင်းပြည် ] ၏ နဂို ကြယ်ဥပဒေသ မဟုတ်ဘူး။ ပျက်စီးခြင်း ဇစ်မြစ်စွမ်းအား တစ်ပိုင်းတစ်စ ပါဝင်တဲ့ ဥပဒေသ တစ်ခုပဲ။
ချန်လွေ့က ထိုကဲ့သို့ ဥပဒေသ၏ ကြီးမားသော စွမ်းအားကို သေသေချာချာ ခံစားမိသော်လည်း လက်ရှိ ဥပဒေသက ကနဦး အရင်းခံသာ ဖြစ်ပြီး ပိုမိုကြီးထွားကာ တည်ငြိမ်စေရန် “အာဟာရ” အများအပြား လိုအပ်သည်။ ကြယ်မျှော်စင်၌ သူ၏ နားလည်မှုနှင့် ရရှိမှုများကြောင့် ထိုဥပဒေသ၏ မျိုးဆက်အတွက် ခိုင်မာသော အခြေခံတစ်ခုကို တည်ဆောက်နိုင်ခဲ့သည်။ အခြေခံစွမ်းအားကို တစ်ဆင့်ချင်း တိုးတက်အောင် လုပ်နိုင်ပြီး “အရေအတွက်” တောင်းဆိုချက်ကို ကိုက်ညီသည်နှင့် မည်သည့် အတားအဆီးမှ မရှိဘဲ “အရည်အသွေး” ပြောင်းလဲမှုများ ဖြစ်လာပေလိမ့်မည်။ ထို့နောက်တွင် စစ်မှန်သော ဥပဒေသကို ပျိုးထောင်ပြီး လက်ရှိ အဆင့်မှ တက်နိုင်ပေမည်။
ထိုအချိန်က အလွယ်ကူဆုံး အဆင့်တက်ခြင်း ဖြစ်လိမ့်မည် ဖြစ်ပေသည်။
ကြယ်ပျက်စီးခြင်း မြင်ကွင်းက တဖြည်းဖြည်း မှိန်သွားပြီး နောက်ဆုံး၌ နက်မှောင်သော မျက်လုံးထဲသို့ စုပ်ယူ ခံလိုက်ရ၏။ [ကြယ်ပြာတိုင်းပြည်]လည်း ပျောက်ကွယ်သွားတော့သည်။
ချန်လွေ့က လျို့ဝှက်ဆန်းကြယ်သော နယ်ပယ်မှ ထွက်သွားလိုက်ရာ ပြန်လည်ရှင်သန်ခြင်း ရေစင်အရှေ့သို့ ရောက်နေကြောင်း တွေ့လိုက်ရသည်။ ရေတိုင်လုံးတစ်ခု ဖြစ်သွားခဲ့သော ပြန်လည်ရှင်သန်ခြင်း ရေစင်က သာမန် အခြေအနေသို့ ပြန်ရောက်သွားခဲ့ပြီး ထူးဆန်းသော ငွေသေတ္တာလည်း ပိတ်သွားကာ ဘာမှ မဖြစ်ခဲ့သလိုပင် ရေထဲ၌ ငြိမ်ငြိမ်လေး ရှိနေလေ၏။
ချန်လွေ့က ဖြည်းဖြည်းချင်း သက်ပြင်းချလိုက်သည်။ ထိုအရာက သေချာပေါက် ပုံရိပ်ယောင်တစ်ခု မဟုတ်ပေ။ တကယ့်လက်တွေ့၌ တဒင်္ဂသာ ဖြစ်သော်လည်း ချန်လွေ့က ခန္ဓာကိုယ်ထဲမှ ဥပဒေအရင်းခံ တည်ရှိမှုကို သေသေချာချာ ခံစားမိနေသည်။ ယခုတစ်ခေါက် သူက အလွန်ပင် ကံကောင်းလှပြီး အသူရာကို အသုံးချကာ အဖိုးတန် ဥပဒေသကို နားလည်ခဲ့၏။ ထိုအရာက အမှန်တကယ်ပင် အလွန်ကြီးမားသော အကျိုးအမြတ်ပင် ဖြစ်လေသည်။
၎င်းနှင့်ယှဉ်လျှင် ခန္ဓာကိုယ်တစ်ခုလုံးမှ နာကျင်မှုများက ဘာမှ မဟုတ်တော့ပေ။ သို့သော်လည်း ယခု ချန်လွေ့ အစိုးရိမ်ဆုံးမှာ ထိုအရာများ မဟုတ်ဘဲ ဇိုလာ၏ အခြေအနေကိုပင်။
နောက်ဘက်တွင် ရုတ်တရက် အင်အားကြီး မှော်စွမ်းအား လှိုင်းတစ်ခု ပေါ်ထွက်လာသည်။ ချန်လွေ့ နောက်ပြန်လှည့် ကြည့်လိုက်ရာ နတ်မိမယ်နဂါးက ထိုနေရာမှ ပြောင်းလဲမှုကြောင့် ဆွဲဆောင်ခံလိုက်ရပြီး မနီးမဝေးသို့ ရောက်လာကြောင်း မြင်လိုက်ရလေသည်။
ငွေသေတ္တာကို ပိတ်လိုက်ခြင်းက ဇိုလာအား ချက်ချင်း သတိပြန်ဝင်စေသွားနိုင်ပုံ မရချေ။ သူက ရန်လိုနေဆဲပင်။ ငွေသေတ္တာ၏ နှစ်ခြင်းပြီးနောက်တွင် ချန်လွေ့၏ ဝိညာဉ်စွမ်းအားက သိသိသာသာ တိုးတက်သွားခဲ့လေသည်။ မိစ္ဆာမျက်ဆံ စွမ်အား၊ [အထူးစိစစ်မှု] တို့နှင့် ပေါင်းလိုက်သောအခါ သူက ဇိုလာဘေးမှ မူမမှန်မှု အချို့ကို မြင်လိုက်ရလေသည်။
တောက်ပနေသော အရောင်များ။
စုစုပေါင်း အရောင်(၆)ရောင် ရှိနေပြီး အနက်၊ အဖြူ၊ အပြာ၊ အစိမ်း၊ အနီ နှင့် အဝါတို့ ဖြစ်လေသည်။
၎င်းက ဒြပ်စင်(၆)ခုကို တုံ့ပြန်ခြင်း ဖြစ်လောက်ပေသည်။ အရောင်(၆)ရောင်က လှိမ်ယှက်ကာ ဖရိုဖရဲ ဖြစ်နေပုံရသည်။
အားလုံးထဲတွင် အဖြူရောင်နှင့် အပြာရောင်တို့က အတော်လေး မှိန်နေပြီး အခြားအရောင်များက သိပ်သည်းနေ၏။ ထိုကဲ့သို့ မညီမျှခြင်းက ဖရိုဖရဲဖြစ်၏ အရင်းအမြစ် ဖြစ်ပေသည်။
ချန်လွေ့က အမြန်စဉ်းစားလိုက်သည်။ ဇိုလာ မလှုပ်ရှား နိုင်ခင်မှာပင် ချန်လွေ့၏ လက်ထဲ၌ အလင်းရောင်ခြည်နှစ်ခု ပေါ်ထွက်လာသည်။ တစ်ခုက အဖြူ၊ တစ်ခုက အပြာ ဖြစ်၏။
အလင်းရောင်နှစ်ခု ပေါ်ထွက်လာသည်နှင့် ချက်ချင်းပင် ဇိုလာကို အာရုံကို ဆွဲဆောင်နိုင်ခဲ့လေသည်။ သူက မလှုပ်ရှား တော့ဟန်တူသော်လည်း အဖြူရောင်နှင့် အပြာရောင် အလင်းတို့က အလိုလို ပျံသန်းလာခဲ့သည်။
ထိုအလင်းရောင်နှစ်ခုက လေအရင်းအမြစ် စွမ်းအားနှင့် အလင်းအရင်းအမြစ် စွမ်းအားတို့ ဖြစ်ကြပေသည်။ ဇိုလာအနားသို့ ကပ်လာပြီးနောက် လေနှင့်ရေ ဒြပ်စင်များကို ကိုယ်စားပြုသော အပြာနှင့်အဖြူ အရောင်များက စတင်တောက်ပလာတော့သည်။
ဇိုလာ၏ ခန္ဓာကိုယ်ထဲသို့ လေအရင်းမြစ်စွမ်းအားနှင့် အလင်းအရင်းအမြစ်စွမ်းအားတို့ ပျောက်ကွယ်သွားသော အချိန်၌ အပြာနှင့် အဖြူရောင်တို့က ကျန်ရှိသော အရောင်(၄)ရောင်နှင့် လုံးဝ တထပ်တည်း ဖြစ်သွားလေသည်။
၎င်းတို့ (၆)ခုက ရောနှောသွားခဲ့ပြီး အရောင်များ ရစ်ပတ်ကာ နောက်ဆုံး၌ တန့်သွားတောသည်။ နတ်မိမယ်နဂါး၏ နဂိုက သတိလွတ်နေသော ခရမ်းရောင်မျက်လုံးများက ပိုမို၍ ကြည်လင်သွားကာ လေထဲရှိ သောင်းကြမ်းပြီး ဖရိုဖရဲဖြစ်သော ဒြပ်စင်အငွေ့အသက်က ညင်သာမှု အဖြစ်သို့ တဖြည်းဖြည်း ပြန်ရောက်လာခဲ့သည်။
[ သရုပ်ခွဲမျက်လုံး ] ထဲ၌ ဇိုလာ၏ စွမ်းအားက S++ အဆင့်သို့ ပြန်ရောက်ရှိသွားသည်။
တောက်ပသော အလင်းရောင်ထဲ၌ လိပ်ပြာတောင်ပံ တဖျတ်ဖျတ် ခတ်နေသော နတ်မိမယ်နဂါး ပျောက်ကွယ်သွားကာ လူသားအသွင်သို့ ပြန်ပြောင်းလိုက်တော့သည်။
ဇိုလာက ဆံပင်များ ရှုပ်ပွနေပြီး မျက်တွင်းကျနေကာ အဝတ်အစားများလည်း စုတ်ပြနေလေသည်။ မျက်မှန်လည်း ကွဲကြေနေပြီး ဘောင်သာ ကျန်တော့၏။
မစ်-နတ်မိမယ်နဂါးက ချန်လွေ့အရှေ့သို့ ဖျတ်ခနဲ ရောက်ရှိလာခဲ့ပြီး သူ၏ ခန္ဓာကိုယ်ပေါ်မှ အမာရွတ်များကို ကြည့်နေလိုက်သည်။ မှတ်ဉာဏ်ထဲမှ အထိန်းအချုပ် လွတ်ခဲ့သော ဖြစ်ရပ်များကို ပြန်လည် သတိရလိုက်ရင်း ဇိုလာ၏မျက်လုံးများက ရုတ်တရက် နီရဲသွားလေသည်။
သူ၏ နှုတ်ခမ်းများက လှုပ်ရှားသွားပြန်ပြီး စကား အတော်များများ ပြောချင်ပုံရသည်။ သို့သော်လည်း နောက်ဆုံး၌ စကား(၃)လုံးသာ ပြောနိုင်ခဲ့သည်။
“နာသွားလား။”
ချန်လွေ့က ပြုံးပြပြီး ခေါင်းခါလိုက်သည်။ “မနာပါဘူး။”
ထိုစကား ပြောပြီးနောက် မစ်-နတ်မိမယ်နဂါးက ချန်လွေ့၏ ရင်ခွင်ထဲသို့ ပြေးဝင်သွားခဲ့ပြီး တင်းတင်းကြပ်ကြပ် ပွေ့ဖက် လိုက်တော့သည်။