← Chapters

ကြယ်အပ်နှင်းခြင်း လျို့ဝှက်ချက်

Vol. 51 Ch. 834

ကြယ်အပ်နှင်းခြင်း လျို့ဝှက်ချက်

Vol. 51 Ch. 834

အစိတ်စိတ် အမွှာမွှာ ဖြစ်သွားဟန်တူသော ဇိုလာ၏ ခန္ဓာကိုယ်က မပြိုလဲသွားခဲ့ဘဲ မရေမတွက်နိုင်သော အလင်း ရောင်ခြည်များအဖြစ် ပြန့်ကျဲသွားကာ သက်တန့်အဖြစ် ပြန်လည် စုစည်းသွားခဲ့လေသည်။ ထိုပြောင်းလဲနေသော သင်္ကေတများက တဖြည်းဖြည်းနှင့် ထူးခြားသော စည်းချက်တစ်ခု ရရှိလာ၏။

သက်တန့်အလင်းနေရာင်က ပို၍ပင် တောက်ပလာခဲ့သည်။ အနည်းငယ် နွေးထွေးမှု၊ အပူရှိန်နှင့် အရောင် အ‌ငွေ့အသက်များ အားလုံးကို ရောနှောသွားလေသည်။ သက်တန့် အရောင်လည်း မှိန်ပျလာပြီး ယုံကြည်မှုစွမ်းအား ကူးပြောင်းစဉ် ထွက်ပေါ်လာသော ရွှေရောင်တစ်မျိုးအဖြစ် ပေါင်းစည်းသွားလေသည်။

ရွှေရောင်အလင်းက တလက်လက်ဖြစ်နေရာမှ တဖြည်းဖြည်း ပျော့ပျောင်းသွားခဲ့သည်။ ဇိုလာ၏ အသက်ဓာတ်က ယခင်ကထက် များစွာ ပိုမိုအစွမ်းထက်လာပြီး ဒြပ်စင်စွမ်းအား လုံးဝ တည်ငြိမ်သွားကြောင်း ချန်လွေ့ ခံစားလိုက်ရသည်။ သူက ခက်ခဲမှုများကို ကျော်လွှားနိုင်ခဲ့ကြောင်း သိလိုက်ရသည့်အခါ ချန်လွေ့ အလွန် ပျော်ရွှင်သွားတော့သည်။

ရုတ်တရက် ပတ်ပတ်လည်မှ အရာအားလုံးမှာ အချိန် ဥပဒေသကို အသုံးပြုလိုက်ပြီးနောက် ရပ်တန့်သွားသကဲ့သို့ ဖြစ်သွားကြောင်း ချန်လွေ့ ခံစားလိုက်မိသည်။ သို့သော်လည်း ၎င်းက ရပ်တန့်ခြင်းမဟုတ်ဘဲ နောက်ထပ် ပိုမို၍ လျို့ဝှက် ဆန်းကြယ်သော “တည်ငြိမ်မှု” ဖြစ်နေလေသည်။

ထိုအချိန် ဇိုလာ၏ အသံ ထွက်ပေါ်လာသည်။ “ဒါက ဘယ်နေရာလဲ။ ချန်လွေ့။ နင် ဘယ်မှာလဲ။”

ထိုအသံက ရွှေရောင်လူထံမှ ထွက်ပေါ်လာခြင်း မဟုတ်ပေ။ ချန်လွေ့က ထူးဆန်းသလို ခံစားလိုက်ရပြီး ရုတ်တရက် သဘောပေါက်သွားခဲ့သည်။ စူပါစနစ် !!

လုံးဝ မစဉ်းစားဘဲ ချန်လွေ့က ချက်ချင်းပင် စူပါစနစ်ထဲသို့ ဝင်ရောက်လိုက်သည်။ စူပါစနစ်ထဲ၌ သူက အကြွင်းမဲ့ ထိန်းချုပ်သူ ဖြစ်သည့်အတွက် ကြယ်စင်စု နတ်ဘုရားကျောင်းထဲ၌ လူတစ်ယောက် ရှိနေကြောင်း ချက်ချင်း သတိထားလိုက်မိသည်။ အတိအကျပြောရလျှင် ကြယ်အပ်နှင်းခြင်း စင်မြင့်၌ ဖြစ်၏။

ဇိုလာ !!

ချန်လွေ့က အရှေ့သို့ ရောက်လာသောအခါမှသာ ဇိုလာက စိတ်အေးသွားခဲ့သည်။ ထိုကဲ့သို့ အမည်မသိ ရောက စိတ်ကူးယဉ်ဆန်ပြီး အလွန်နူးညံ့သိမ်မွေ့သော ဖော်ပြ၍ မရသည့် ခံစားချက်တစ်ခု ပေးစွမ်းနေသည်။ ထိုအရာက သူ့ကို ကြည်ညိုစိတ် ဖြစ်စေလေသည်။

“ဇိုလာ လား။” ချန်လွေ့က ကိုယ့်အမြင်ကို သံသယ ဝင်နေခြင်း မဟုတ်ဘဲ စူပါစနစ်ထဲ ဇိုလာ ဝင်သွားခြင်းက ဆန်းကြယ်လွန်းကာ ခုနက အလိုအလျောက် ယုံကြည်မှုစွမ်းအား ကူးပြောင်းခြင်းထက် သူ့ကို ပို၍ပင် အံ့အားသင့်စေခဲ့လေသည်။

ခဏအကြာ အဖြေပေါ်လာခဲ့သည်။ မစ်-နတ်မိမယ်နဂါးက သူ့ဆီကို တစ်ချက်တည်းဖြင့် ခုန်ဝင်လာသည်။ ထိုအရာက ဆရာမ ဇိုလာကို အဲလစ် သင်ပေးထားခဲ့သော လျို့ဝှက်အစွမ်း ဖြစ်သည်။ ဇိုလာအတွက် “လိုလီလေးခုန်ခြင်း” က “တော်ဝင်အစ်မခုန်ခြင်း” ဖြစ်သွားခဲ့သည်။

ချန်လွေ့က ရင်းနှီးသော အငွေ့အသက်ကို ခံစားနေရင်း မစ်-နတ်မိမယ်နဂါး၏ ဆွဲဆောင်မှုရှိသော ခန္ဓာကိုယ်ကို ပွေ့ဖက် နေခဲ့သည်။ ခုနက သက်တန့်ထဲ၌ ဇိုလာ၏ ခန္ဓာကိုယ် အစိတ်စိတ် အမွှာမွှာ ဖြစ်သွားခြင်းက ချန်လွေ့၏ရင်ကို ကွဲလုမတတ် ဖြစ်စေခဲ့သည်။ ကံကောင်းစွာပင် သူက ဇိုလာကို မဆုံးရှုံးခဲ့ပေ။

ဇိုလာက ပို၍ပင် တင်းတင်းကြပ်ကြပ် ပွေ့ဖက်လိုက်သည်။ ဒီနေရာက ဘယ်နေရာပဲဖြစ်ဖြစ်၊ ငါတို့နှစ်ယောက် အတူတူ ရှိနေသရွေ့ ဘာကိုမှ မကြောက်ဘူး။

အချိန်အတော်ကြာပြီးနောက် ထပ်နေသော ပုံရိပ်နှစ်ခုက အနည်းငယ် ခွဲခွာသွားကြသည်။

ဇိုလာက ချန်လွေ့ကို မယုံကြည်နိုင်စွာဖြင့် ကြည့်လိုက်သည်။ “နင်က မော့ကြည့်ပြီးတော့ ကိုးကွယ်ဖို့ လိုအပ်တဲ့ နတ်ဘုရား တစ်ပါးလိုမျိုး နည်နည်း ကွဲပြားနေတယ်။ ငါ ဘာလို့ ဒီလိုမျိုး ထူးဆန်းတဲ့ ခံစားချက်တွေ ရှိနေတာလဲ။”

“နတ်ဘုရား ဟုတ်လား။”

ချန်လွေ့က အတော်ကြာသည်အထိ သဘောမပေါက်ခဲ့ပေ။ ဇိုလာက ကြယ်အပ်နှင်းခြင်း စင်မြင့်ကို ကြည့်လိုက်၏။ “ဒါက ဘယ်နေရာလဲ။”

“ဒါကို မဟာ့မဟာဆရာသခင်ဆီက ဆက်ခံထားတဲ့ တိုင်းပြည် တစ်ခုလို့ တွေးလို့ရတယ်။” ချန်လွေ့က ပုခုံးတွန့်လိုက်၏။ “မဟာ့မဟာ ဆရာသခင်”ဆိုတဲ့ ဆင်ခြေကို ခဏခဏ သုံးနေတာပဲလေ။ လောကကူးပြောင်းလာတာနဲ့ စူပါစနစ် ဆိုတဲ့ အကြောင်းတွေကို ငါ့စိတ်ထဲမှာပဲ လုံးဝသိမ်းထားတာ ပိုကောင်းတယ်။ အရင်းနှီးဆုံး စုံတွဲတွေမှာတောင် ကိုယ်ပိုင် သီးသန့် နေရာလွတ်တွေနဲ့ လျို့ဝှက်ချက်လေးတွေ ရှိကြတာပဲလေ။

“ဆက်ခံထားတဲ့ တိုင်းပြည်လား။” ဇိုလာ အံ့အားသင့် သွားခဲ့သည်။ “ဒြပ်စင်ဥပဒေသက ထုတ်လုပ်တဲ့ စွမ်းအားက ကြီးမားလွန်းတယ်။ ငါ့ရဲ့စိတ်က ပြိုလဲတော့မယ့် အချိန်မှာ နင့်ဆီကနေ အတော်လေး ကြီးမားပြီးတော့ သန့်စင်တဲ့ စွမ်းအားတစ်ခု ရောက်လာပြီးတော့ ငါ့ဝိညာဉ်နဲ့ ပေါင်းစပ် သွားခဲ့တယ်။ အထူးသဖြင့် စိတ်ဝိညာဉ်စွမ်းအားက အတော်လေး မယုံနိုင်စရာကောင်းလောက်အောင် အားကောင်းနေခဲ့တယ်။ အဲဒါက ငါ့ကို ဥပဒေသတစ်ခုလုံး လုံးဝ ထိန်းချုပ်နိုင်အောင် ခွင့်ပြုပေးခဲ့တယ်။ ဒါက မဟာ့မဟာဆရာသခင်ရဲ့ ဆက်ခံ စွမ်းအားလား။”

“အတိအကျပြောရရင် အဲဒါက ဒီတိုင်းပြည်ရဲ့ ယုံကြည်မှု စွမ်းအားပဲ။”

“ယုံကြည်မှုစွမ်းအား ဟုတ်လား။” ဇိုလာက ကြက်သေသေ သွားခဲ့သည်။ “အဲဒါကြောင့် အတော်လေး ထူးခြားပြီးတော့ သေစေနိုင်လောက်တဲ့ ဆွဲဆောင်မှု ရှိနေတာကိုး။ ဒါပေမဲ့ ယုံကြည်မှုက တိုင်းပြည်အဆင့်နှောင်းပိုင်း မရောက်ခင် ခံစားမိဖို့ မဖြစ်နိုင်ဘူး။ အဲဒါကို နတ်ဘုရားတစ်ပိုင်း အဆင့်မှပဲ ကျွမ်းကျင်တယ်။ ဘာလို့လဲ။ ငါက မဟာ့မဟာဆရာသခင်ရဲ့ ယုံကြည်သူတစ်ယောက် ဖြစ်သွားတာလား။”

မစ်-နတ်မိမယ်နဂါးက တစ်ခုခုကို တွေးမိသွားဟန်တူပြီး သံသယဖြင့် မေးလိုက်သည်။ “အဲဒီ မဟာ့မဟာဆရာသခင် အသက်ပြန်ရှင်လာတာလား။ ဒါမှမဟုတ် နင့်ဝိညာဉ်ကို ဝါးမျိုလိုက်တာလား။”

“ကိုယ် မင်းကို သေချာ ဖြေပေးနိုင်တယ်။ အဲဒီလိုမျိုး လုံးဝမဟုတ်ဘူး။” ချန်လွေ့က ပြုံးပြီး ခေါင်းခါလိုက်သည်။

“ကောင်းပြီလေ။ ဒါဆို....” ဇိုလာက စိတ်သက်သာရာ ရသွားပြီး ပျော်ရွှင်စွာဖြင့် ပြောလိုက်သည်။ “ဒီယုံကြည်မှု စွမ်းအားက အဆက်မပြတ် လည်ပတ်နေတယ်။ ထာဝရ ပိုင်ဆိုင်ခြင်း လိုမျိုးပဲ။ ယုံကြည်မှုက နတ်ဘုရားတစ်ပိုင်းအတွက် အဓိကသော့ချက်ပဲ။ ဒီလိုဆိုရင် အနာဂတ်မှာ နတ်ဘုရားတစ်ပိုင်း အဆင့်ကို တက်နိုင်ဖို့က ပိုပြီးတော့ လွယ်ကူသွားပြီ။”

ထာဝရပိုင်ဆိုင်ခြင်းလား။ ချန်လွေ့ တွေးလိုက်သည်။ ခုနက ယုံကြည်မှုစွမ်းအားက ဇိုလာကို ကယ်တင်ခဲ့တာ အသေအချာပဲ။ ဒီပြောင်းလဲမှုက ကြယ်အပ်နှင်းခြင်းနဲ့ သက်ဆိုင်နေနိုင်တယ်။ ဒါပေမဲ့ ဒိုဒိုကို အပ်နှင်းတုန်းက ဘာလို့ ဒီလိုမျိုး မဖြစ်ခဲ့တာလဲ။

သူက ရုတ်တရက် အကြံတစ်ခု ပေါ်လာခဲ့သည်။ ဇိုလာက စူပါစနစ်ထဲ ဝင်သွားလို့ရတယ်ဆိုရင် တခြားသူတွေလည်း လာလို့ရတယ် မဟုတ်လား။ ဒါဆိုရင် ငါ ရွှေ့ပြောင်းအိမ်တစ်လုံး ဆောက်ပြီးတော့ ငါ့မိသားစုကို အချီန်မရွေး ခေါ်သွားလို့ ရပြီလား။

ဒီအကြံ ပေါ်ထွက်လာသည်နှင့် ငြိမ်းသတ်ရန် ခက်ခဲလိမ့်မည်။ စိတ်ကူးနေစဉ်အတွင်း သူ့အသိစိတ်ထဲ၌ အချက်အလက်များ ပိုများလာသည်။ ထိုအရာက ကြယ်အပ်နှင်းခြင်း စင်မြင့်မှ ဖြစ်နေ၏။ ၎င်းပေါ်တွင် သစ်ပင်ကားချပ်တစ်ခု ရှိနေသည်။

ထိပ်ဆုံးတွင် သူ၏နာမည် ဓူဝံကြယ်ပြာဧကရာဇ်- ချန်လွေ့ ရှိနေ၏။ အောက်ဘက်တွင် သစ်ကိုင်း အများအပြား ရှိနေပြီး အများစုက ကွက်လပ် ဖြစ်နေသည်။ စာတိုင်တစ်ခုကသာ နက်ပြာရောင် အလင်းတစ်ခု လက်ခနဲ ဖြစ်နေ၏။

အစစ်အမှန် ကြယ်အစေခံ - ဇိုလာ

အခြေခံ စိတ်ဝိညာဉ်စွမ်းအား တိုးမြှင့်မှု ၃၀%။

[အစစ်အမှန် အာရုံစူးစိုက်ခြင်း ]။

မှော်အသုံးပြုနှုန်း၊ စိတ်ဝိညာဉ်စွမ်းအား ဖြည့်တင်းနှုန်းနှင့် ဒြပ်စင်ထိန်းချုပ်မှုကို နှစ်ဆတိုးပေး။

အစစ်အမှန် ကြယ်အစေခံ။ [ အစစ်အမှန် အာရုံစူးစိုက်ခြင်း ] ဟုတ်လား။

ကြယ်အစေခံရဲ့ မူလ ဂုဏ်သတ္တိက စိတ်ဝိညာဉ်စွမ်းအား တိုးမြှင့်မှု A+ ပဲ။ မှော်အသုံးပြုနှုန်းနဲ့ စိတ်ဝိညာဉ်စွမ်းအား ဖြည့်တင်းနှုန်းကို တိူးစေတယ်။ ဒီ အစစ်အမှန် ကြယ်အစေခံရဲ့ ဂုဏ်သတ္တိက ပိုပြီးတော့ အစွမ်းထက်သလိုပဲ။ ဒါပေမဲ့ “အစစ်အမှန်” ဆိုတာကို ဘယ်လိုမျိုး လုပ်ရတာလဲ။ ဒါက တိုင်းပြည်ဖွဲ့စည်းတာနဲ့ သက်ဆိုင်နေလား။ တစ်စုံတစ်‌ယောက်က စွမ်းအားအဆင့်တစ်ခုကို မရောက်ဘူးဆိုရင် တကယ့် ကြယ်စွမ်းအား မရှိဘဲနဲ့ ရိုးရိုး ဂုဏ်သတ္တိ တိုးမြှင့်မှုပဲ ရှိမှာလား။

ချန်လွေ့က ဓူဝံကြယ်ပြာ ဧကရာဇ်နှင့် အစစ်အမှန် ကြယ်အစေခံကြားမှ ချိတ်ဆက်မှုကို အာရုံစိုက်နေစဉ် သတိပေးချက်တစ်ခု ပေါ်ထွက်လာသည်။

၁။ ဧကရာဇ်အဟန့်အတား _ ကြယ်စွမ်းပကား။ လေးစားခြင်း။ သစ္စာဖောက်သော စိတ်ဆန္ဒအားလုံးကို အဆုံးသတ်နိုင်။ (ပယ်ဖျက်၍ရ)

၂။ စိတ်မြှုပ်နှံခြင်း - ယုံကြည်မှုအကူ။ ယုံကြည်မှုကို သီးခြား ပြောင်းလဲ၍ မရနိုင်။ (ပယ်ဖက်၍ရ)

၃။ ယုံကြည်မှုကွင်းဆက် - ယုံကြည်မှုကို ပေးသနားပြီး ယုံကြည်မှုကို စုပ်ယူနိုင်။ ( ပမာဏကို ချိန်ညှိ၍ရ )

“ယုံကြည်မှု” ကွင်းဆက်မှာ ရေရှည် ရင်းနှီးမြှုပ်နှံခြင်းမျိုး ဖြစ်လောက်ပေသည်။ ကြယ်လူသားက စူပါစနစ်၏ အထောက်အပံ့မှ (ခုနက ရွှေအလင်းရောင် ကဲ့သို့ ) ယုံကြည်မှုစွမ်းအားကို ရရှိနိုင်သည်။ ထိုနည်းတူစွာပင် ယုံကြည်မှု နှင့် ခွန်အားတို့ကလည်း ပြန်လာနိုင်သည်။ ထိုအရာက စက်ဝန်း တစ်ခု သို့မဟုတ် ပိရမစ် တည်ဆောက်ပုံနှင့် တူညီပေသည်။ ချီးမြှောက်နိုင်သော အမြင့်ဆုံး အချိုးမှာ ၂၀ ဒီဂရီ ဖြစ်ပြီး အနိမ့်ဆုံးက ၁၀၀ဒီဂရီ ဖြစ်သည်။ ထို “ဒီဂရီ”က မည်မျှ ဖြစ်ကြောင်း ချန်လွေ့ မသိသေးသော်လည်း အရှုံးမရှိသော စီးပွားရေးတစ်ခု ဆိုသည်မှာ သေချာပေသည်။ ပိရမစ်ထိပ်မှ ဧကရာဇ်တစ်ပါး အနေဖြင့် အကျိုးအမြတ်များက အကြီးမားဆုံး ဖြစ်ရပေမည်။

ထို့ကြောင့်ပင် ကြယ်အပ်နှင်းခြင်းအတွင်း ကြယ်လူသား သာမက ဓူဝံကြယ်ဧကရာဇ် ချန်လွေ့ကပါ အတိုင်းအတာ တစ်ခုအထိ စွမ်းအားတိုးသွားခြင်း ဖြစ်လေသည်။

ထိုအချက်(၃)ခုက အစစ်အမှန် ကြယ်အစေခံနှင့် ဓူဝံကြယ်ပြာ ဧကရာဇ်တို့ကြားမှ ပတ်သက်မှုနှင့် လုပ်ပိုင်ခွင့် ဖြစ်လာက်ပေသည်။ အမှန်တကယ်၌ ဓူဝံကြယ်ဧကရာဇ်၏ လုပ်ပိုင်ခွင့်က ထိုထက်ပို၏။ သို့သော်လည်း ယခုတွင် ချန်လွေ့က အခြေခံအကျဆုံးသော ဓူဝံကြယ်ပြာ ဧကရာဇ္ ဖြစ်သည်။ နောက်ထပ် ဓူဝံကြယ်အဆင့်သို့ တက်ရောက်သွားသောအခါ၌ လုပ်ပိုင်ခွင့် အသစ်တစ်ခု ရှိလာနိုင် ပေသည်။

“ဟမ်...” ဇိုလာ၏ အံ့အားသင့်သောအသံ ထွက်လာ၏။ “ကိုးကွယ်ချင်တဲ့ ခံစားချက် မရှိတော့ဘူး။ ငါ့ထဲမှာရှိတဲ့ ယုံကြည်မှုကလည်း အတော်လေး များလာတဲ့ပုံပဲ။”

ထိုအရာက “ဧကရာဇ်အဟန့်အတား”နှင့် “စိတ်နှစ်မြှုပ်ခြင်း” ကို ဇိုလာအတွက် ချန်လွေ့ ပယ်ဖျက်လိုက်ခြင်း ဖြစ်သည်။ ၎င်းတို့ အားလုံးကို လျှော့ချလိုက်ပြီး သူက ယုံကြည်မှုကွင်းဆက်၏ ချီးမြှင့်သောအချိုးကို အမြင့်ဆုံး တိုးလိုက်လေသည်။

“အဲဒီက နာမည်တွေကို မမြင်ရဘူးလား။”

“အဲဒီစင်မြင့်ကို ပြောတာလား။” ဇိုလာက မေးလိုက်သည်။ “ဘာနာမည်တွေလဲ။”

ထိုအရာက လုပ်ပိုင်ခွင့် ကိစ္စဖြစ်ကြောင်း သိသည်။ ထို့ကြောင့် သူသာလျှင် ၎င်းကို မြင်နိုင်၏။ သူက ခေါင်းခါပြီး ပြောလိုက်သည်။ “ဘာမှ မဟုတ်ပါဘူး။ ငါမင်းကို လမ်းလျှောက်ဖို့ ခေါ်သွားမယ်။ ဒီနေရာကို ကြယ်အပ်နှင်းခြင်း စင်မြင့်လို့ ခေါ်တယ်။ ဒီနေရာက ကြယ်စင်စု နတ်ဘုရားကျောင်းရဲ့ အစိတ်အပိုင်း တစ်ခုပဲ....”

ထူးဆန်းစွာပင် ဇိုလာက ကြယ်အပ်နှင်းခြင်း စင်မြင့်မှ မထွက်သွားနိုင်ပေင။ ချန်လွေ့က မည်သည့်ကြောင့် ဖြစ်ကြောင်း စဉ်းစားနေစဉ် ဇိုလာ၏ ခန္ဓာကိုယ် မှိန်ပျလာပြီး ခဏအကြာတွင် ကြယ်အပ်နှင်းခြင်းစင်မြင့်မှ ပျောက်ကွယ်သွားတော့သည်။

“ဇိုလာ...” ချန်လွေ့ သိမ့်သိမ့်တုန်သွားခဲ့သည်။ သူက အလျင်အမြန်ပင် စူပါစနစ်မှ ထွက်သွားလိုက်သည်။ ယခင်က “တည်ငြိမ်မှု”က ပုံမှန် ပြန်ဖြစ်သွားခဲ့သည်။ ကြယ်အပ်နှင်းခြင်း စင်မြင့်တွင် ၁၀မိနစ်ကျော် ကြာခဲ့သော်လည်း တကယ့်လက်တွေ့၌ တခဏသာ ဖြစ်လေသည်။

အိုး။ အဲဒါက ဇိုလာရဲ့ ဝိညာဉ်ပဲ။ ခုနက ကြယ်အပ်နှင်းခြင်း စင်မြင့်ထဲကို ဝင်သွားတာ သူ့ခန္ဓာကိုယ် မဟုတ်ဘူး။ ချန်လွေ့က အနည်းငယ် နှမြောသွားခဲ့သည်။ ကြည့်ရတာ စိတ်ကူးယဉ် “ရွှေ့ပြောင်းအိမ်”ကို ယာယီ လက်လျှော့ရတော့မယ့်ပုံပဲ။

ရွှေရောင်အလင်း အားလုံးက လူသားပုံရိပ်အဖြစ်သို့ စုစည်းသွားလေသည်။ ထိုအရာက ဇိုလာပင်။

မစ်-နတ်မိမယ်နဂါး၏ အဟုန်က သာမန်သာ ဖြစ်သည်။ သိပ်ပြီး စွမ်းအား မကြီးမားလှသော်လည်း ချန်လွေ့၏ မိစ္ဆာမျက်ဆံထဲ၌ တွေးမတတ်လောက်သော အန္တရာယ် ရှိနေပြီ ဖြစ်သည်။

မျိုးနွယ် - နဂါး (နတ်မိမယ်နဂါး)

စွမ်းအားအကဲဖြတ်မှု - SS-

ခန္ဓာအမျိုးအစား - SS-

ခွန်အား - SS-

စိတ်ဝိညာဉ် - SS

အမြန်နှုန်း - SS-

[ စိစစ်ချက် ] - မှော်ခန္ဓာ၊ ဒြပ်စင်ပါရမီ၊ မန္တန်ကျွမ်းကျင်မှု၊ မှော်ခုခံမှုဖောက်ထွင်းခြင်း။

အန္တရာယ်အဆင့် - အလွန်အမင်းမြင့်မား။

ချန်လွေ့က အနည်းငယ် စိတ်တက်ကြွသွားခဲ့သည်။ သေချာတယ်။ ဒီတစ်ခေါက်က တကယ့် တိုင်းပြည်အဆင့်ပဲ။ ပြီးတော့ သူ့မှာလည်း‌ မှော်ခုခံမှုဖောက်ထွင်းတဲ့စွမ်းရည် ရှိတယ်။

ဇိုလာ အဆင့်တက်သွားရခြင်းက ကြယ်အပ်နှင်းခြင်း၏ လျို့ဝှက်ဆန်းကြယ်မှုကို ဖော်ပြနေလေသည်။ ယုံကြည်မှုကို အာရုံခံနိုင်သည့် အဆင့်ရောက်သရွေ့ သူက စစ်မှန်သော ကြယ်ရာထူးကို အပ်နှင်းပြီး စူပါစနစ်၏ ယုံကြည်မှုစွမ်းအား တစ်စိတ်တစ်ပိုင်း၏ အကာအကွယ်ကို ရရှိပေမည်။ တိုင်းပြည်အဆင့်သို့ နီးကပ်နေသော ပါ့ဂ်လီအိုနှင့် ဒိုဒိုတို့က လုံးဝ အကြီးမားဆုံး အကျိုးအမြတ် ရှိခဲ့သည်။ ကြယ်ရာထူးက လေ့ကျင်းရေးကို ကန့်သတ်မသတ် သူ မသိသော်လည်း ဇိုလာ ပြောသည့်အတိုင်းဆိုလျှင် အနာဂတ်တွင် ယုံကြည်မှုစွမ်းအားဖြင့် နတ်ဘုရားတစ်ပိုင်းအဆင့်သို့ ချိုးဖျက်နိုင်ရန်က ခက်ခဲမှု နည်းပါးသွားပေလိမ့်မည်။

မစ်-နတ်မိမယ်နဂါးက ကြီးမားလှသော စွမ်းအားသစ်ကို ခံစားမိလိုက်ပြီး လက်များကို မယုံကြည်နိုင်စွာဖြင့် ကြည့်လိုက်ကာ မျက်လုံးများက အံ့အားသင့်စွာဖြင့် လက်ခနဲ ဖြစ်သွား၏။

“ချန်လွေ့....”

မစ်-နတ်မိမယ်နဂါး၏ စိတ်လှုပ်ရှားနေသော အသံကို ကြားလိုက်ရသည်နှင့် ချန်လွေ့က မူးဝေသွားခဲ့ပြီး ကြမ်းပြင်ပေါ် တွန်းချခံလိုက်ရလေသည်။

“ဘုန်း....”

ထိုအင်အားက အနည်းငယ် အားကောင်းလွန်းလှသည်။ တစ်စုံတစ်ယောက်၏ နောက်ကျောက ကြမ်းပြင်ပေါ်သို့ အပြင်းအထန် လဲကျသွားခဲ့ပြီး ရုတ်တရက် လူပုံစံ အရာကြီး ဖြစ်သွားတော့သည်။

“နာလို့သေတော့မယ်။” ချန်လွေ့က မျက်ဖြူဆိုက်မတတ် ဖြစ်သွားခဲ့သည်။ ဒါက SS- အဆင့် စွမ်းအားပဲ။

အကြောင်းရင်းက ရိုးရှင်းပေသည်။ ဇိုလာက ယုံကြည်မှုစွမ်းအား အကူအညီဖြင့် တိုင်းပြည်အဆင့်သို့ ရောက်ခါစသာ ရှိသေးသည့်အတွက် အင်အားကို မထိန်းချုပ် နိုင်သေးပေ။

ဇိုလာလည်း အံ့သြသွားခဲ့သည်။ သူက ဆက်လက်၍ မလှုပ်ရှားရဲတော့ဘဲ ကလူကျီစယ်သော အနေအထား၌သာ ရှိနေခဲ့သည်။ သူ၏ ခန္ဓာကိုယ်က အနည်းငယ် တုန်ခါသွားပြီး သူက ချန်လွေ့ပေါ်သို့ အသာလေး လဲကျသွားကာ မျက်နှာ နီရဲ သွားတော့သည်။

“ဟီးဟီး။ အဲဒါက သာမန်ယောက်ျားတစ်ယောက်ရဲ့...သဘာဝ တုံ့ပြန်မှုပါ။” အောက်ဘက်မှ ရယ်သံဆိုးတစ်ခု ပေါ်ထွက်လာပြီး ခပ်ဆိုးဆိုးလက်တစ်ခုက မစ်-နတ်မိမယ်နဂါး၏ ဂါဝန်ကို နောက်မှ ချွတ်လိုက်ပြီ ဖြစ်သည်။ “ဒါနဲ့ မင်းက ခွန်အားကို ကောင်းကောင်း မထိန်းချုပ်နိုင်သေးပေ။ ကိုယ် မင်းကို တည်ငြိမ်အောင် ကူညီပေးဖို့အတွက် မဟာ့မဟာဆရာသခင်ဆီက ဆက်ခံထားတဲ့ [ နှစ်သွယ်လေ့ကျင့်ရေး ] လျို့ဝှက်ပညာရပ်ကို သုံးပေးမယ်လေ။”

မာကြောကြော အရာတစ်ခုက မိမိကို ထောက်နေကြောင်း ဇိုလာ ခံစားလိုက်ရပြီး သူ၏ အောက်ပိုင်းကလည်း အရည်ရွှဲ လာခဲ့သည်။ ဇိုလာကလည်း ချန်လွေ့၏ အင်္ကျီများကို ချွတ်လိုက်၏။

“ဇွတ်...” မစ်-နတ်မိမယ်နဂါးက ခွန်အားကို မထိန်းချုပ် နိုင်သေးဘဲ ချန်လွေ့ အဝတ်အစားများ အမှန်တကယ် စုတ်ပြတ်သတ်သွားကာ တစ်စုံတစ်ယောက်၏ ရင်ဘတ်ပေါ်တွင် သွေးစက်များပင် ကျန်ခဲ့လေသည်။

ခံစားချက်က အတော်လေး ကောင်းနေသည့်အတွက် ဒြပ်စင်စွမ်းအားများပင် မတော်တဆ အနည်းငယ် စိမ့်ထွက်လာသည်။

“ဇက်...ဇက်....”

လျှပ်စီးပွင့်များ လက်ခနဲ ဖြစ်လာပြီး တစ်စုံတစ်ယောက်၏ အမွှေးများ ထောင်သွားတော့သည်။

“ခဏနေပါဦး။” ချန်လွေ့က မိမိသည် မှားယွင်‌းသော အချိန်၌ မှားယွင်းသော ဆုံးဖြတ်ချက်တစ်ခု ချလိုက်မိကြောင်း သဘောပေါက်လိုက်၏။

“ဘာပြောတာ။”

“အို့...ခဏ..ဇိုလာ....”

“အာ...”

“ဇက်....ဇက်....”

“ကယ်ကြပါဦး....”

All Chapters