ဘဏ်
Vol. 51 Ch. 835
သက်တန့်တောင်ကြားမှ ရမ္မက်ပြင်းထန်သော လှုပ်ရှားမှုများက ရှုမောဖွယ်ရာပင် ဖြစ်လေသည်။ “စစ်မြေပြင်ကို” ဦးဆောင်သူက ယောက်ျားဖြစ်စေ၊ မိန်းမဖြစ်စေ၊ ဇာတ်လိုက်မင်းသားက နံရံကို မှီနေရခြင်းဖြစ်စေ၊ တွာသွားနေခြင်းရဖြစ်စေ၊ ထိုကဲ့သို့ အသေးစိတ်များကို မသိနိုင်ပေ။ သေချာသည်မှာတော့ မစ်-နတ်မိမယ်နဂါးက တိုင်းပြည်အဆင့်သို့ အောင်အောင်မြင်မြင် ရောက်ရှိသွားလေပြီ။ သို့သော်လည်း ထိုကဲ့သို့ အဆင့်တက်ခြင်းက အနည်းငယ် ကွဲပြားသည်။ သာမန် တိုင်းပြည်အဆင့် အစွမ်းထက်ပုဂ္ဂိုလ်က ပထမဦးစွာ ဥပဒေသကို သဘောပေါက်ရန် ပြုလုပ်ရပြီး ထို့နောက်မှသာ တိုင်းပြည်ကို တည်ဆောက်ရသည်။ သို့သော် မစ်-နတ်မိမယ်နဂါးက ငွေသေတ္တာကြောင့် ပထမအဆင့်ကို ကျော်ပြီး တိုင်းပြည်ကို တစ်ခါတည်း တည်ဆောက်နိုင်ခဲ့သည်။ ထို့နောက် သူက ဥပဒေသစွမ်းအားကို အပြည့်အဝ ဆုပ်ကိုင် နိုင်ရန်နှင့် နားလည်ရန်အတွက် အာရုံစိုက်ရပေသည်။ သို့မဟုတ်ပါက သူက [ ဒြပ်စင်(၆)ခု တိုင်းပြည် ] ၏ စွမ်းအား အစစ်အမှန်ကို ထုတ်နိုင်မည် မဟုတ်ပေ။ ထို့ကြောင့် မစ်-နတ်မိမယ်နဂါးအတွက် နောက်တစ်ဆင့်မှာ တံခါးပိတ် လေ့ကျင့်ရန် ဖြစ်နေဆဲပင်။
သက်တန့်တောင်ကြားဆီသို့ ယခုတစ်ခေါက် ခရီးက “သည်းထိတ်ရင်ဖို”ဟု ဖော်ပြ၍ ရနိုင်ပေသည်။ ဇိုလာက ဒြပ်စင် ဥပဒေသကြောင့် ချေမှုန်းခံရလုနီးပါး ဖြစ်ခဲ့ရုံသာမက ချန်လွေ့လည်း ငွေသေတ္တာနှင့် ရင်ဆိုင်စဉ် သေလုနီးပါး ဖြစ်ခဲ့ရသည်။ ကံကောင်းစွာပင် အဆုံးသတ်၌ ဇိုလာက ကြယ်အပ်နှင်းခြင်း၏ အံံသြဖွယ်ရာနှင့်အတူ အခက်အခဲများကို ကျော်လွှားနိုင်ခဲ့၏။ ချန်လွေ့ကလည်း အသူရာ၏ ကိုယ်ပွားကို အသုံးပြုကာ ပျက်စီးခြင်း ဥပဒေသ အရင်းခံကို နားလည်သဘောပေါက်ခဲ့သည်။ သူက ကြယ်အစွမ်းကို သန့်စင်ကာ အခြေခံပိုခိုင်အောင် ပြုလုပ်ရန်သာ လိုအပ်လေသည်။ ထို့နောက် သူက နောက်ထပ် ဓူဝံကြယ် အဆင့်သို့ အောင်အောင်မြင်မြင် တက်ရောက်နိုင်ပေမည်။
တိုင်းပြည်အဆင့်သို့ ဇိုလာ တက်ရောက်သွားခြင်းသည် မူလက သတိမထားခဲ့သော “ကြယ်အပ်နှင်းခြင်း”အား ချန်လွေ့ကို သေသေချာချာ သဘောပေါက်သွားစေသည်။ ကြယ်ရာထူးများက ရိုးရှင်းသော တိုးမြှင့်မှု တစ်ခုသာမက မမျှော်လင့်ထားသော လျို့ဝှက်ဆန်းကြယ်မှုများလည်း ရှိလာနိုင်ပေသည်။
ဇိုလာ၏ “အစစ်အမှန် ကြယ်အစေခံ” အပြင် ကြယ်အပ်နှင်းခြင်းတွင် ကြယ်ဗိုလ်ချုပ် (၁)နေရာ၊ ကြယ်အစေခံ (၁)နေရာနှင့် ကြယ်တပည့်(၃)နေရာတို့ ကျန်ရှိနေသေးသည်။
ထိုအကြောင်းကို ချန်လွေ့ တွေးကြည့်လိုက်၏။ အရှိန် တိုးမြှင့်မှု ရှိသော ကြယ်တပည့်ကို အယ်ဇဘယ်လာ၊ ရိုမန်နှင့် အသီနာတို့ထံ ပေးလိုက်ပြီး စိတ်ဝိညာဉ်စွမ်းအားရှိသော ကြယ်အစေခံအား ဒိုဒိုထံ ပေးလိုက်ကာ ပါ့ဂ်လီအိုအား ကြယ်ဗိုလ်ချုပ်နေရာ ပေးလိုက်သည်။
ဒိုဒိုက မှော်လေ့ကျင့်သူတစ်ယောက် မဟုတ်သော်လည်း သူ၏ စိတ်စွမ်းအင်နှင့် စိတ်ဝိညာဉ်စွမ်းအားတို့က အားနည်းချက်များ ဖြစ်ရာ ကြယ်အစေခံ၏ စိတ်ဝိညာဉ်စွမ်းအား တိုးမြှင့်မှုက အားနည်းချက်များအတွက် ဖြည့်တင်းနိုင်သည်။ အရေးကြီးဆုံးမှာ ချွဲကျိကောင်၌ S++ အဆင့် ရှိနေပြီး တိုင်းပြည်အဆင့်သို့ အတော်လေး နီးကပ်နေပြီဖြစ်သည်။ ကြယ်ရာထူးနှင့်ဆိုလျှင် တိုင်းပြည်အဆင့်သို့ တက်ရောက်နိုင်ရန်အတွက် ခက်ခဲမှုနှင့် စွန့်စားမှုတို့က ကြီးကြီးမားမား လျော့ကျသွားပေမည်။ ဇိုလာက အကောင်းဆုံး ဥပမာပင်။
အစ်ဇဘယ်လာနှင့် ရိုမန်တို့က အမြန်နှုန်း ပါရမီရှိကြသော ဘယ်ဖီဂေါ တော်ဝင်မိသားစုဝင်များ ဖြစ်ကြပေသည်။ အမြန်နှုန်းနှင့် တိုက်ခိုက်မှုကို အရှိန်မြန်စေသော [ လျှပ်စီးခြေလှမ်း ]က သူတို့ သဘောကျသည်နှင့် အတိအကျပင် ဖြစ်သည်။ အသီနာက အမှောင်လ လော့ဒ်ဖြစ်ပြီး ယခုတွင် သူ၏အဆင့်က နတ်ဆိုး ဧကရာဇ် အဆင့်သို့ ရောက်တော့မည် ဖြစ်သည်။ နတ်ဆိုးဧကရာဇ် အဆင့် အရှိန်တိုးမြှင့်မှုကို ရရှိပြီးနောက် နတ်ဆိုးဧကရာဇ်အဆင့် စွမ်းအားကို နားလည်ရန်အတွက် အကျိုးကျေးဇူးများ ကြီးကြီးမားမား ရရှိနိုင်ပေသည်။ ခီရာအတွက်မူ သူက အစကတည်းမှ လေ့ကျင့်ရေးအတွက် စိတ်အားမထက်သန်ပေ။ ရှီရာက နတ်ဆိုးအရှင်သခင်အဆင့်သို့ ရောက်ရှိရန်အတွက် ပြင်ပအားကို အမှီပြုခဲ့ရသည်။ သူက ယခုတွင် အခြေခံခိုင်ရန် လိုအပ်နေသည်။ ထို့ပြင် သူက အင်ပါယာကိစ္စများနှင့် အလုပ်များနေသည့်အတွက် ကြယ်ရာထူးကို မရနိုင်ခဲ့ပေ။
ဒိုဒိုက တိုင်းပြည်အဆင့်နီးပါး ရောက်နေပြီဖြစ်သော်လည်း ငပျင်း ဖြစ်သည်။ ချွဲကျိကောင်နှင့်ယှဉ်လျှင် S++ အဆင့် ဖြစ်သော ဆရာသခင်အဆိပ်နဂါးက တိုင်းပြည်အဆင့်သို့ ရောက်ရှိရန် မျှော်လင့်ချက် ပိုမိုရှိပေသည်။ အထူးသဖြင့် သူက အဂ္ဂိရတ် ပြိုင်ပွဲ၌ ချန်လွေ့၏ ခန့်ညားသော အသွင်ပြောင်းခြင်းနှင့် တိုင်းပြည်အဆင့် သေရွာပြန်နဂါး အူးကလီးရက်စ်ကို သတ်ပစ်ခဲ့ခြင်းကို မြင်ခဲ့ပြီးနောက် ဖြစ်၏။ ပါ့ဂ်လီအိုက အပေါ်ယံတွင် ဂရုမစိုက်သလို ထင်ရသော်လည်း အမှန်တကယ် အတော်လေး စိတ်လှုပ်ရှား နေခဲ့သည်။ သူက ချန်လွေ့ အဆင့်တက်သွားသည်ကို ကြည့်နေခဲ့ရပြီး မူလက အစွမ်းမရှိသူတစ်ယောက်ဟု ထင်ထား ခဲ့သော လူသား လုပ်ဖော်ကိုင်ဖက်က ယခုတွင် သူ့ထက် များစွာ သာလွန်နေပြီ ဖြစ်သည်။
အမှန်တကယ်တွင် ပါ့ဂ်လီအိုက တိတ်တိတ်လေး ကြိုးစား လေ့ကျင့်နေခဲ့သည်။ သူက နောက်နှစ် သိုင်းပြိုင်ပွဲတွင် ယှဉ်ပြိုင်ပြီး မောက်မာသော ရိုင်ဇန်ကို အနိုင်ယူကာ ဆရာသခင် အဆိပ်နဂါး ဟူသော ဂုဏ်ပုဒ်ကို နတ်ဆိုးဘုံ တစ်ခုလုံး သိနိုင်စေရန်အတွက် အမြန်ဆုံး တိုင်းပြည်အဆင့်သို့ ရောက်ရှိနိုင်ရန် ဆုံးဖြတ် ထားခဲ့လေသည်။
အဆိပ်နဂါး၏ အတွေးများကို ချန်လွေ့ သဘောပေါက်သည်။ ထို့ကြောင့် သူက ပါ့ဂ်လီအိုအား အမြင့်ဆုံး ကြယ်ဗိုလ်ချုပ်ကို ပေးခဲ့သည်။ ပြောရမယ်ဆိုရင် ပါ့ဂ်လီအိုကို ပေးလိုက်တာက “အမြင့်ဆုံး”နေရာကို တပ်မက်နေကြတဲ့ မောင်းမဆောင်တွေကြား ပြဿနာကို ဖြေရှင်းတဲ့ နည်းလမ်းကောင်း တစ်ခုပဲ။
သို့သော်လည်း မဒမ်-ဒေါ်လေးက ၎င်းကို သိသွားသောအခါ ပြောလိုက်၏။ “လက်စသတ်တော့ ရှင်အကြိုက်ဆုံးက ယောက်ျား ဖြစ်နေတာကိုး။”
လိုလီလေးက ပိုဆိုးလာရန် အမှန်တကယ် ဆုတောင်းနေပြီး မေးလိုက်၏။ “ယောက်ျားနှစ်ယောက်က ဘယ်လိုမျိုး ကာမဆက်ဆံ ကြတာလဲ။” ထို့နောက် လိုလီလေးက မကျေနပ်သော အမူအရာ တစ်ခု ထပ်လုပ်လိုက်လေသည်။ “အစကတည်းက သိလိုက်ရမှာ။”
ချန်လွေ့က မျက်နှာကိုသာ ဖုံးထားပြီး မျက်ရည်နှင့်မျက်ခွက် ဖြစ်နေရတော့သည်။
နတ်ဆုိုးဘုံ၏ လက်ရှိအခြေအနေက အခြေခံအားဖြင့် တည်ငြိမ်သွားပြီ ဖြစ်ကာ သွေးမြေကျ လက်ကျန်များကိုလည်း ရှင်းပစ်နိုင်ခဲ့လေပြီ။ စစ်ပြေငြိမ်းစာချုပ် ချုပ်ထားကြသော အင်ပါယာသုံးခုက ငြိမ်းချမ်းနေကြပြီး ကုန်သွယ်မှုကလည်း ပိုမို တိုးပွားလာခဲ့သည်။ ကြယ်ကြွေတမန်အင်ပါယာ၏ ကောလိပ်က တည်ထောင်ပြီးကြောင်းသာ ကြေညာခဲ့ရပြီး အမျိုးမျိုးသော ကြိုတင်ပြင်ဆင်မှုများ မရှိခြင်းကြောင့် ပထမအသုပ် တရားဝင် စာရင်းသွင်းခြင်းကို မစတင်ရသေးပေ။
ကောလိပ်နှင့်ယှဉ်လျှင် အင်ပါယာဘဏ်က အတော်လေး ရေပန်းစားနေ၏။ ထိုလောက၌ သိုလှောင်ပစ္စည်းများ ကဲ့သို့သော မှော်ကိရိယာများ ရှိသော်လည်း လူအနည်းစုတွင်သာ ထိုကဲ့သို့ ရှိကြပြီး နေရာလွတ်က အတော်လေး အကန့်အသတ်ရှိသော်လည်း ဒင်္ဂါးပြားများက နေရာအများကြီး ယူပေသည်။ ယခုတွင် သူတို့က မှော်သလင်းကျောက်ကတ်ပြားတစ်ခုကို လျှောက်ထားရန်သာ လိုအပ်ပြီး အမျိုးမျိုးသော မြို့များမှ ငွေပမာဏ မည်မျှမဆိုကာ အလွယ်တကူ ရနိုင်လေသည်။ ထိုအရာက အဆုံးမရှိသော ဒင်္ဂါးပြား သိုလှောင်ပစ္စည်းနှင့် ညီမျှပေသည်။ ဘဏ်ကို အင်ပါယာက ထိန်းချုပ်ထားသည့်အတွက် လိမ်ညာခံရခြင်း မရှိပေ။ ဘဏ်သို့ ငွေထည့်ခြင်းအတွက်ပင် အတိုးနှုန်းများ ရှိလေသည်။ အချိန် တစ်ခုအထိ ဘဏ်များ၏ “စီးပွားရေး”က အလွန်အမင်း တောင်းဆိုမှု မြင့်မားလာတော့သည်။ လူတိုင်းက မှော်သလင်းကျောက် ကတ်ပြား ပိုင်ဆိုင်ရခြင်းကို ဂုဏ်ယူကြလေသည်။
သွေးရောင်အင်ပါယာနှင့် အရိပ်နက်အင်ပါယာတို့ကလည်း ကြယ်ကြွေတမန်အင်ပါယာမှ သတင်းများကို မလျစ်လျူရှုကြပေ။ ကောလိပ်က ကူးယူ၍ ရနိုင်သည့် အတွက်ကြောင့် အဆင်ပြေသော်လည်း အင်ပါယာနှစ်ခု ဘဏ်နှင့် မပတ်သက် ရဲကြပေ။ ပိုက်ဆံကို အလကား ထည့်လို့ ထုတ်လို့ ရတာလား။ ဘာမှမဟုတ်တာအတွက် အတိုးနှုန်းပေးတာလား။ ဒါက အရှုံးခံတဲ့ စီးပွားရေး တစ်ခု မဟုတ်ဘူးလား။
စစ်ပြေငြိမ်းစာချုပ်အရဆိုလျှင် ကြယ်ကြွေတမန် အင်ပါယာက သွေးရောင်အင်ပါယာနှင့် အရိပ်နက်အင်ပါယာတို့နှင့်အတူ “အသစ်များ”ကို မျှဝေရမည့် သတ်မှတ်ချက်များ ရှိသည့်အတွက် အင်ပါယာနှစ်ခုက စေလွှတ်လိုက်သော သံတမန်က သိပ်မကြာခင်၌ ဘဏ်များ၏ လျို့ဝှက်ဆန်းကြယ်မှုကို ယူဆောင်လာလေသည်။
ထည့်ငွေများနှင့် ချေးငွေများ၊ ဝန်ဆောင်ခများ၊ ကတ်ပြားကြေးများ နှင့် အခြားပိုက်ဆံရှာသော နိယာမများအကြား ဘဏ်၏ အတိုးနှုန်း ကွာခြားချက် ကို နားလည်သွားပြီးနောက် အင်ပါယာနှစ်ခုက ချက်ချင်းပင် ကိုယ်ပိုင်ဘဏ်များကို တည်ထောင် ကြတော့သည်။ ထိုကဲ့သို့ ငွေကြေး အခွင့်အရေးကို ဖွင့်လှစ်ခြင်းက အင်ပါယာအတွက် များပြားလှသော ငွေအရင်းအနှီးကို ဖန်တီးပေးခဲ့သည်။ ဘဏ္ဍာရေးဝန်ကြီးက ကမ်းပေးသော ရေရည် ဝင်ငွေမှန်းဆမှုများ၊ အသုံးစရိတ် အသေးစိတ်နှင့် ဝင်ငွေများကို ကြည့်ပြီးနောက် ရိုင်ဇန်သည်ပင် သဘောတူသည့် အပြုံးမျိုး ပြသလိုက်လေသည်။ သို့သော်လည်း ကံဆိုးစွာပင် ချန်လွေ့လည်း ပြုံးနေ၏။
လူသားလောက၌ အသူရာ၏ တာဝန်က အဆင်ပြေ ချောမွေ့နေခဲ့သည်။ ဂိုဏ်းအုပ်အချုပ် နေရာကို ယှဉ်ပြိုင်ရန်အတွက် ဘယ်လီယာက သူ့စကားကို နားထောင်နေသည်။ လျို့ဝှက်ဂိုဏ်းက တရားမျှတသော သံတမန်နေရာမှ ကစားနေပြီး သိဒ္ဓိကျောင်းမှ လောက်ကောင်းများကို အဆက်မပြတ် တူးဆွကာ အပြစ်ပေးမှုများ လုပ်ဆောင်ရင်း မကောင်းမှုများကို ဖော်ထုတ်နေလေ၏။
သိဒ္ဓိကျောင်းတော်က ခဏတာ ဖုံးနိုင်သော်လည်း အချိန်ကြာပြီးနောက် မဖုံးနိုင်တော့ပေ။ ကြောက်စရာ အကောင်းဆုံးက မိသွားသောအရာများမှာ အမှန်တကယ်များ ဖြစ်နေကြခြင်းပင်။ အချို့ မကောင်းမှုများက လုံးဝကို လွန်ကဲပြီး ဒေါသထွက်ရာ ကောင်းလှပေသည်။
လျို့ဝှက်ဘာသာရေးဂိုဏ်း၏ နည်းလမ်းများက အတော်လေး ပါးနပ်လှသည်။ သူတို့က အပြစ်ကျူးလွန်သူများကိုသာ သတ်ပစ်ပြီး အပြစ်မဲ့သူများကို မထိခိုက်ခဲ့ပေ။ ထိုအရာက အများပြည်သူ၏ ယုံကြည်မှုနှင့် ထောက်ခံမှုများကို ပို၍ပင် ရရှိစေခဲ့သည်။ သိဒ္ဓိကျောင်းတော်၏ ဂုဏ်သြဇာက ကြီးကြီးမားမား လျော့ကျလာပြီး ယုံကြည်မှုလည်း သိသိသာသာ နည်းပါး သွားခဲ့လေသည်။ ထိုနည်းလမ်း၏ ထိရောက်မှုက အလွန်ပင် သိသာထင်ရှားလှပြီး ဂုဏ်အုပ်အဆင့်သို့ ရာထူးတက်သွားရံုသာ ရှိသေးသော ဘယ်လီယာအား မမျှော်လင့်ဘဲနှင့် အရှေ့ပိုင်း ခရိုင်ရှိ ဂိုဏ်းအုပ်(၇)ယောက်ထဲမှ ဂိုဏ်းအုပ်အချုပ် ရာထူးအတွက် နာမည်အကျော်ကြားဆုံး အလောင်းအလျာ ဖြစ်လာတော့သည်။ အကျောမခံလိုကြသည့် အခြားဂိုဏ်းအုပ်များကလည်း အတုခိုးကာ ယှဉ်ပြိုင်ကြရာ ကျောင်းတော်က တစ်ချိန်တည်းမှာပင် “တရားမျှတ” သော အပြစ်ပေးမှုများ လက်ခံရရှိတော့သည်။
သိဒ္ဓိအင်ပါယာ နှစ်ခုအပါအဝင် အချို့ အင်ပါယာများလည်း တိတ်တဆိတ် လှုပ်ရှားလာကြကာ သိဒ္ဓိကျောင်းတော်၏ ထိန်းချုပ်များကို ထပ်မံ အားနည်းစေလာသည်။ သိဒ္ဓိ အလင်းတောင်က ထိုအကြောင်းကို အလွန်အမင်း ဒေါသထွက် နေသော်လည်း လက်ရှိတွင် လူအများ၏ ထောက်ခံမှု ကြီးးကြီးမားမား ဆုံးရှုံးသွားခဲ့ရာ ထိုဖြစ်ရပ်များ၏ နောက်ကွယ်မှလူများကို လူအများအပြား စေလွှတ်ပြီး ရှာဖွေကာ ဖြေရှင်းခိုင်းရင်း ကျောင်းတော်မှ စည်းကမ်း ချိုးဖောက်သူများနှင့် ပျက်စီးနေသူများကို ပွင့်ပွင့်လင်းလင်း အပြစ်ပေးကာ ပြုပြင်ရန် တတ်နိုင်တော့လေသည်။
မရဏနက်နောက်လိုက်များက အမြဲပင် လျို့ဝှက်ကာ လှုပ်ရှားကြသော်လည်း ထိုကဲ့သို့ ကြီးမားလှသော လုပ်ရပ်များက သဲလွန်စအချို့ ကျန်ခဲ့စေမည်မှာ အသေအချာပင်။ အလင်း စစ်သည်တော်များနှင့် တရားသူကြီးများက အသိုက်ဟောင်း အများအပြားကို ဖျက်ဆီးလိုက်ကြသည်။ မရဏနက် နောက်လိုက်များက လူကောင်းများ မဟုတ်ကြပေ။ ထို့ကြောင့် သူတို့က အမျိုးမျိုး အလစ်တိုက်ခိုက်ပြီး ထောင်ခြောက်များ ဆင်ကြကာ နှစ်ဖက်လုံး အထိအခိုက် များပြားခဲ့သည်။
လျို့ဝှက်ဘာသာရေးဂိုဏ်း၏ လုပ်ရပ်များကလည်း တရားမျှတမှုကို အမှန်တကယ် ဆောင်ရွက်နေခြင်း မဟုတ်ဘဲ ကိုယ်ပိုင် လိုအပ်ချက်များ အတွက်သာ ဖြစ်ပေသည်။ သို့သော်လည်း ထိုကဲ့သို့ သွေးပျက်ဖွယ် ကိစ္စများက အချိန်တိုအတွင်း အဟန့်အတား ဖြစ်စေခဲ့ပြီးနောက် သူတို့က အမှန်တကယ်ပင် နတ်ဘုရားနာမည်ဖြင့် ဆိုးယုတ်သော လုပ်ရပ် အများအပြားကို တူးဖာ်ကြတော့သည်။ အချိန်တစ်ခုအထိ သိဒ္ဓိကျောင်းတော်မှ လူတိုင်းက အန္တရာယ် ရှိနေလေသည်။ အထူးသဖြင့် အပြစ်ရှိစိတ် ရှိနေကြသူများပင်။
ဘယ်လီယာ၏ အဆက်အသွယ်များမှတဆင့် အသူရာ ဂိုဏ်းအုပ်၏ အစောင့်အရှောက် ဖြစ်လာခဲ့သည်။ သူက လျို့ဝှက် ဘာသာရေးဂိုဏ်း ကိုးကွယ်သော ၃လွှာ “နတ်ဘုရား ပန်းပုရုပ်ကြွ”ကို သေသေချာချာ မြင်နိုင်လေပြီ။
အသေအချာပင် မုန်တိုင်းကျွန်းရှိ “ကောင်းကင်ဘီး”မှ မှတ်ဉာဏ်သလင်းကျောက်များတွင် ချန်လွေ့တွေ့ခဲ့သော ပါးစပ်ကြီးနတ်ဆိုး၊ ဒေါသအိုးနတ်ဆိုးနှင့် အသူရာချောက်နက် မကောင်းဆိုးဝါးများက ထိုနေရာတွင် ရှိနေကြသည်။ အသူရာက ယုံကြည်မှုစုပ်ယူရန် အခွင့်အရေးကောင်းသော လက်လျှော့မည် မဟုတ်သော်လည်း ယခုတွင် သူ့နေရာက မမြင့်သေးပေ။ သူက ရုပ်ထုများကို ပိုမြင်နိုင်ပြီး ယုံကြည်မှုများ ပိုမို၍ ခိုးယူနိုင်ရန် ဂိုဏ်းအုပ်အချုပ်အဆင့်သို့ ရောက်ရှိရပေမည်။
“အနှိုင်းမဲ့စစ်သည် အွန်လိုင်း”က ယူလာပေးသော ကြောက်မက်ဖွယ်ရာ ယုံကြည်မှုစွမ်းအားနှင့်ယှဉ်လျှင် အသူရာ ခိုးယူသော ယုံကြည်မှုစွမ်းအားက အနည်းငယ်သာ ဖြစ်သည်။ သို့သော်လည်း အသူရာ အစောင့်အရှောက် ဖြစ်နေရခြင်းက “ပမာဏမည်သို့ဖြစ်စေ ရနိုင်သမျှ အကျိုးအမြတ်ယူမည်” ကဲ့သို့ မရိုးရှင်းပေ။ သိဒ္ဓိကျောင်းတော်ကဲ့သို့ လျို့ဝှက်ဘာသာရေးဂိုဏ်း၌ ယုံကြည်သူ အများအပြား မရှိသော်လည်း အသူရာ၏ လက်ရှိ အဆက်အသွယ်များဘက်မှကြည့်လျှင် ပမဏ မနည်းလောက်ပေ။ ထိုထဲတွင် အိပ်မက်ဆိုးတောနက်ကဲ့သို့ အလိမ်ခံရသည့် ယုံကြည်သူများ မပါသေးပေ။
ထိုယုံကြည်သူများ၏ ယုံကြည်မှုက အသူရာချောက်နက် ပြန်လာရန်အတွက် အဓိက စွမ်းအင်တစ်ခုလည်း ဖြစ်သည်။ အသူရာချောက်နက်၏ ယုံကြည်မှုကို ခိုးယူခြင်းက သူတို့ ပြန်လာခြင်းကို ကြန့်ကြာစေနိုင်ပေသည်။ သူက လျို့ဝှက် ဘာသာရေးဂိုဏ်းထဲသို့ တစ်ဆင့်ဆီ တက်သွားမည်ဆိုလျှင် သိဒ္ဓိကျောင်းတော်ကို အသုံးပြုပြီး လျို့ဝှက် ဘာသာရေးဂိုဏ်းကို အမြစ်နှုတ်ကာ နောက်နှစ်များအတွင်း အသူရာချောက်နက် ပြန်လာနိုင်မည့် အခွင့်အရေးကို ကြီးကြီးမားမား လျော့ကျစေနိုင်၏။
အမှန်တကယ်၌ “အနှိုင်းမဲ့စစ်သည် အွန်လိုင်း” ဂိမ်းက ချန်လွေ့ ဖန်တိးခဲ့စဉ်က ကြိုတင်ကာကွယ်ရန် ရည်ရွယ်ချက် တစ်ခုလည်း ရှိခဲ့သည်။ ထို့ကြောင့် လက်ရှိဂိမ်းထဲရှိ မကောင်းဆိုးဝါးများ၏ အကျင့်များ၊ တိုက်ခိုက်သော ပုံစံများ၊ ပြင်းအားနှင့် ခက်ခဲသော ဂူသင်္ချိုင်းများက အသူရာချောက်နက် သတ္တဝါများကို ဆန့်ကျန်ရန် ပြင်ဆင်ထားခြင်း ဖြစ်လေသည်။ ထိုဂိမ်းကို ဆက်လက် ဖန်တီးပြီး လက်ဆင့်ကမ်းနေသရွေ့ တစ်နေ့နေ့တွင် အသူရာချောက်နက် ကပ်ဘေး ပေါ်ပေါက်လာခဲ့လျှင်ပင် နတ်ဆိုးဘုံက အတွေ့အကြုံ ရှိနေပြီး ရင်ဆိုင်ရန် စွမ်းရည် ရှိနေပေလိမ့်မည်။
လူသားလောကရှိ အသူရာ၏ လှုပ်ရှားမှု အရေးပါပုံက ထင်ရှားပေသည်။ အသူရာတွင် [ ကြယ်ဂိတ် ] အစွမ်း မရှိသည့် အတွက်ကြောင့် ယခုတစ်ခေါက် ချန်လွေ့ ပြန်ခေါ်ပြီးနောက်တွင် သူ့ကို လူသားလောကသို့ ပြန်ပို့ရန်အတွက် နေရာလွတ်ဂိတ်ကို ဖွင့်ရပေမည်။
ကံကောင်းစွာပင် ယခုတွင် ယုံကြည်မှုသလင်းကျောက် ၁၀သိန်းက ချန်လွေ့အတွက် ဘာမှ မဟုတ်တော့ပေ။ သူက အရေးပေါ်အတွက် ယုံကြည်မှုသလင်းကျောက်များကို စုထားစရာ မလိုတော့ပေ။ ကိစ္စအချို့ကို ရှင်းပြပြီးနောက် ချန်လွေ့က [ကြယ်ဂိတ်] ကို ဖွင့်ပြီး လူသားလောကရှိ ဗီးနပ်စ်မြို့မှ ကြယ်အမှတ်သို့ အေးဆေး ပြန်သွားလိုက်လေသည်။
ကိုယ်ပွား အသူရာနှင့် လမ်းခွဲပြီးနာက် ချန်လွေ့က နတ်ဆိုးဘုံသို့ တစ်ခါတည်းမ ပြန်ခဲ့ပေ။ အသွားအပြန်လုပ်ခြင်းက ယုံကြည်မှုသလင်းကျောက် သိန်း၂၀ ကုန်သည်။ ထို့ကြောင့် သူက လက်ဗလာနှင့် ပြန်မသွားနိုင်ပေ။
ထိုအကြောင်းကို တွေးပြီးနောက် ချန်လွေ့က မုန်တိုင်းကျွန်းသို့ အရင်သွားရန် ဆုံးဖြတ်လိုက်သည်။ “ကောင်းကင်ဘီး”က “ကြယ်မြို့”ကို အဆင့်(၃) အဂ္ဂိရတ်အဖွဲ့အစည်းအဖြစ် အဆင့် မြှင့်တင်ရာ၌ အထောက်အပံ့ အများအပြား ဖြစ်စေခဲ့သည်။ ၎င်းကလည်း အဆင့်(၄) မြို့တော် ဖြစ်ခဲ့လေသည်။ ထို့ကြောင့် ကြယ်မြို့ အသုံးပြုနိုင်မည့် ကုန်ကြမ်းအများအပြား ရှိရပေမည်။