← Chapters

စစ်ပွဲ ! ဧရာမ နဂါးများနှင့် တိုင်တန်များ

Vol. 51 Ch. 836

စစ်ပွဲ ! ဧရာမ နဂါးများနှင့် တိုင်တန်များ

Vol. 51 Ch. 836

သဲလူသားများ၏ ရင်းနှီးသော ထိန်းချုပ်မှုအောက်တွင် မိစ္ဆာထောင်ခြောက် သင်္ဘောက မုန်တိုင်းပင်လယ်နယ်မြေ၌ တစ်ခါတရံ လမ်းတလျှောက်မှ ရှောင်မရသော လေဆင်နှာမောင်း များကို ချန်လွေ့ ခွဲထုတ်ပေးရန် လိုအပ်ရုံမှလွဲ၍ မည်သည့် အတားအဆီးကိုမှ မတွေ့ခဲ့ရဘဲ အေးအေးဆေးဆေး ရွက်လွှင့် သွားနေခဲ့လေသည်။ ချန်လွေ့က ပင်လယ်လေညင်းကို ခံစားနေရင်း ကုန်းပတ်ပေါ်တွင် အေးအေဆေးဆေး ရပ်နေလေသည်။ သူက ကောင်းကင်နှင့် မြေကြီးကြားမှ သဘာဝစွမ်းအားက ယူ‌ဆောင် လာပေးသော အံ့သြဖွယ်ရာ အတွေးအမြင်များကို ဆုပ်ကိုင်နိုင်ရန် ကြိုးစားနေလေသည်။ ထိုကဲ့သို့ အတွေးအမြင်မျိုးကို ယခင် နှစ်ခေါက်က မတွေ့ရှိခဲ့ရပေ။ ချန်လွေ့၏ စွမ်းအားလည်း တိုးတက်လာသော်လည်း အဓိကမှာ ယခုတစ်ခေါက် တာဝန်များနှင့် အရေးတကြီး ကိစ္စများ မရှိသည့်အတွက် စိတ် အခြေအနေက အတော်လေး အေးချမ်းနေလေသည်။

တည်ငြိမ်သောစိတ်က ဉာဏ်အလင်းရရှိရန် အခြေခံ အုတ်မြစ် ဖြစ်သည်ဟု စျာန်ဆရာသခင်တစ်ယောက်က ပြောဖူး၏။

ဥပဒေသက အမှန်တကယ်၌ စကြဝဠာ ကိုယ်တိုင်က ဆင့်ကဲပြောင်းလဲလာသော သဘာဝစွမ်းအား၏ လျို့ဝှက် ဆန်းကြယ်မှု ဖြစ်လေသည်။ ယခုတွင် ချန်လွေ့က ဥပဒေသ အရင်းခံကို ဖွဲ့စည်းပြီးပြီ ဖြစ်သည်။ “တည်ငြိမ်သော” စိတ်အခြေအနေ၌ ထိုကဲ့သို့ သဘာဝစွမ်းအားနှင့် ရင်ဆိုင်ရသည့် အခါ စိတ်ထဲမှ နားလည်သဘောပေါက်မှုက ယခင်နှင့် အတော်လေး ကွဲပြားသွားခဲ့လေသည်။

ကံကောင်း၍ သူက ပျက်စီးခြင်း ဇစ်မြစ် အစစ်အမှန်ကို ထိတွေ့နိုင်ခဲ့သော်လည်း “ထိတွေ့”ရုံသာ ဖြစ်သည်။ စကြဝဠာထဲမှ အရာအားလုံး၏ စွမ်းအားကို စိတ်ကူးယဉ်၊ ပုံရိပ်ယောင်ဖြင့် ဆုပ်ကိုင်နိုင်မည် မဟုတ်ဘဲ အမှန်တကယ် နားလည် သဘောပေါက်ရန် လိုအပ်ပေသည်။ သမိုင်းနှင့် တရုပ်ဘာသာ၌ အပျော်တမ်းတစ်ယောက် ဖြစ်သည့်အလျောက် တောင်ပိုင်းဂီတ မင်းဆက်မှ ချန်လျန်က “တာအိုက လောကကြီးထဲမှာ ရှိတယ်။ တာအို မဟုတ်တာက ဘာလဲ။ အဲဒါက နည်းလမ်းတွေ၊ ပစ္စည်းတွေ အသင်္ချေကနေ ဆင့်ပွားရရှိလာတဲ့ နိယာမတွေပဲ”ဟု ပြောခဲ့သည်ကို သေသေချာချာ မှတ်မိလေသည်။ “တာအို”က ထင်ယောင် ထင်ရှား မဟုတ်သလို ထိကိုင်၍ မရခြင်းလည်း မဟုတ်ပေ။ ၎င်းက စကြဝဠာကြီးထဲရှိ အရာအားလုံး၌ တည်ရှိရုံသာမက နေ့စဉ် ဘဝတွင်လည်း တည်ရှိနိုင်ပေသည်။

ထိုနေရာက မှော်လောက၏ စနစ်ဖြစ်ပြီး ဒဏ္ဍာရီလာ စိတ်ကူးယဉ်လောက မဟုတ်သည့်အတွက်ကြောင့် စွမ်းအား အနှစ်သာရက အတူတူပင် ဖြစ်လေသည်။

“တာအို”လမ်းစဉ်က စွမ်းအားသာမက အခြားအရာများလည်း ဖြစ်ပေသည်။ အသေအချာ စဉ်းစားကာ တွေ့ကြုံခံစားနေစဉ် အတွင်း ချန်လွေ့က မသိလိုက်ဘဲနှင့် သန့်စင်သော စိတ်ဝိညာဉ် နယ်ပယ်တစ်ခုထဲသို့ ဝင်ရောက်သွားခဲ့သည်။ မိစ္ဆာမျက်ဆံနှင့် [အထူးစိစစ်မှု]တို့ကို အသက်မသွင်းဘဲ ပတ်ဝန်းကျင် မြင်ကွင်းက သူ့မျက်လုံးထဲပ အရောင်စုံသော အထူးလောကတစ်ခုအဖြစ် ပြောင်းလဲသွားလေသည်။

ကောင်းကင်နှင့်မြေကြီး မမြင်နိုင်သော ကြယ်များ ပြည့်နေသည့် သံသရာလည်နေသော စကြဝဠာ အားစက်ကွင်းတစ်ခု ဖြစ်၏။ သူက သူတို့အထဲမှ တစ်ခုဖြစ်ပြီး ကိုယ်ပိုင်လမ်းကြောင်းဖြင့် လည်ပတ် နေလေသည်။ သူက စွမ်းအားသက်ရောက်မှုအတိုင်း ရိုးရိုးရှင်းရှင်း “လည်ပတ်နေခြင်း”မဟုတ်ဘဲ ထိုဖြစ်စဉ်အတွင်း အားစက်ကွင်း တစ်ခုလုံး၏ လျို့ဝှက်ဆန်းကြယ်မှုက အဆက်မပြတ် နားလည်‌အောင် ပြုလုပ်နေကာ တဖြည်းဖြည်း ပေါင်းစပ်သွား၏။

တဖြည်းဖြည်းနှင့် သူက “စကားစပ်” အချို့ကို ရှာတွေ့သွားဟန်တူသည်။ သူ့ပတ်ပတ်လည်မမှ အငွေ့အသက်က နည်းနည်းချင်း ပြောင်းလဲလာခဲ့လေသည်။

အင်အားကြီး လေဆင်နှာမောင်း တစ်ခုက မိစ္ဆာထောင်ခြောက် သင်္ဘောအရှေ့သို့ ရောက်ရှိလာသည်။ လှိမ့်တက်နေသော ပင်လယ်ရေအောက်တွင် သင်္ဘောက ပို၍ပင် ယိမ်းထိုးလာပြီး စိတ်ဝိညာဉ်လောကထဲ ရှိနေဆဲဖြစ်သော ချန်လွေ့က မနိုး‌သေးပေ။

သဲလူသားများ၏ အသိဉာဏ်က မနိမ့်ပါးလှသည်။ သူတို့က သခင်ဖြစ်သူကို မနှောင့်ယှက်ဘဲ ထိုကဲ့သို့ အန္တရာယ်များသော နေရာမှ ဖြတ်သွားရန် သင်္ဘောကိုသာ ထိန်းချုပ်ရန် ကြိုးစားလိုက်ကြသည်။

ထူးဆန်းသော အရာများ ဖြစ်သွားခဲ့သည်။ ရှေ့မှ လေဆင်နှာမောင်းက ကြီးမားသော စွမ်းအားတစ်ခုကြောင်း တွန့်လိမ်သွားခဲ့ပြီး တဖြည်းဖြည်း ကျုံ့သွားကာ အစအနမကျန် ပျောက်ကွယ်သွားခဲ့လေသည်။

ထိုအကြောင်း မသိသော ချန်လွေ့က ထိုအပြောင်းအလဲများကို သတိမထားမိခဲ့ပေ။ သူက နားလည်သဘောပေါက်ရန်အတွက် စိတ်ကို နှစ်ထားနေဆဲ ဖြစ်သည်။

အချိန်အတော် ကြာပြီးနောက် အဆုံးမဲ့ စကြဝဠာက တဖြည်းဖြည်း ကွယ်ပျောက်သွားခဲ့သည်။

ချန်လွေ့က သက်ပြင်းရှည်ကြီး ချလိုက်သည်။ ခုနက သူ “ဉာဏ်အလင်းပွင့်သော” အခြေအနေသို့ ရောက်သွားရခြင်းမှာ တိုက်ဆိုင်၍ပင် ဖြစ်လောက်သည်။ သူက အနာဂတ်တွင် ထိုကဲ့သို့ တမင်ဖြစ်ချင်လျှင်ပင် လုပ်နိုင်‌တော့မည် မဟုတ်ပေ။ ဥပဒေသ အရင်းခံက ထပ်မံ တိုးတက်သွားသည့်အတွက် ထိုကဲ့သို့ ဉဏ်အလင်းပွင့်ခြင်းမှ အကျိုးအမြတ်များက မနည်းလှပေ။ အကယ်၍ ချန်လွေ့က အဆင့်တက်ချင်သည်ဆိုလျှင် တစ်ခါတည်း တက်သွားနိုင်ပေသည်။ သို့သော်လည်း သူက ထိုကဲ့သို့ ပြုလုပ်မည် မဟုတ်ပေ။ ကြယ်မျှော်စင်ထဲ၌ လေ့ကျင့်ရေးအတွင်း သူက အခြေခံ ကြယ်စွမ်းအား၏ အရေးပါပုံကို အပြည့်အဝ သဘောပေါက်ခဲ့၏။

ယခုတွင် သူက “အရည်အသွေး” ပြောင်းလဲမှုအတွက် လိုအပ်သော သတ်မှတ်ချက်များ ရှိနေပြီဖြစ်ကာ “အရေအတွက်” အပြောင်းအလဲများကို ထပ်မံစုစည်းရန်သာ လုံလောက်သည်။ အချိန်ကျလာလျှင် သူက ပို၍ပင် အစွမ်းထက် လာပေလိမ့်မည်။

အထူးအစွမ်းထက်ပုဂ္ဂိုလ် ရှုထောင့်မှကြည့်လျှင် တိုင်းပြည် ဖန်တီးခြင်းက အစသာ ဖြစ်သည်။ အခြေခံအုတ်မြစ် ပိုခိုင်မာလေလေ၊ ပိုကောင်းလေ‌လေပင်။ ထိုအရာက အနာဂတ်တွင် တစ်ဆင့်ချင်း တိုးတက်လာရန်အတွက် အရေးပါသော အာမခံတစ်ခုလည်း ဖြစ်လေ၏။

ထို့အပြင် ချန်လွေ့က ပျက်စီးခြင်းအပေါ် နားလည်မှုကို အသုံးချပြီး အချိန်ဥပဒေသ လျို့ဝှက်ဆန်းကြယ်မှုကို ထပ်မံ နားလည်ချင်နေသည်။ ယခုတွင် အချိန်ရပ်တန့်ခြင်းက ယခင် (၄)ရာသီ ပိုင်နက်ထဲ၌ ဆင့်ကဲပြောင်းလဲသွားကြောင်း သတိထား မိသွားခဲ့သည်။ ထိုအရာက ဥပဒေသ အရင်းခံ တစ်မျိုးဟု ပြော၍ရနိုင်သော တကယ့် ဥပဒေသ တစ်ခု မဟုတ်ပေ။ သူ အောင်မြင်ခဲ့လျှင် စွမ်းအားက သေချာပေါက် ထပ်မံ ခုန်တက် သွားပေလိမ့်မည်။

“ငါတို့ ရောက်သွားပြီလား။” မိစ္ဆာထောင်ခြောက် သင်္ဘောက မုန်တိုင်းကျွန်းသို့ ရောက်သွားကြောင်း မြင်သည့်အခါ ချန်လွေ့က အံ့အားသင့်လျက် မေးလိုက်၏။

သဲလူသား ခေါင်းဆောင်က တရိုတသေနှင့် ပြန်ဖြေလိုက်သည်။ “ကပ္ပတိန်။ ကျုပ်တို့ ကမ်းကပ်ပြီးတာ ၂နာရီ ရှိနေပါပြီ။”

၂နာရီတောင်လား။ ချန်လွေ့က အနည်းငယ် အံ့အားသင့် သွားခဲ့သည်။ သူက ခေါင်းညိတ်လိုက်ပြီး မိစ္ဆာထောင်ခြောက် သင်္ဘောနှင့် သဲလူသားများကို သိမ်းကာ ကျွန်းဆီသို့ လမ်းလျှောက် သွားလိုက်သည်။ သူက မုန်တိုင်းကျွန်း မြေနေရာနှင့် အတော်‌လေး ရင်းနှီးနေသည့်အတွက်ကြောင့် “ကောင်းကင်ဘီး” တည်ရှိရာ ချောက်နက်သို့ တစ်ခါတည်း လျှောက်သွားလေသည်။

လမ်းတလျှောက်၌ သူက မည်သည့် နတ်ဆိုးသားရဲများ၏ အနှောင့်အယှက်များကိုမှ မကြုံတွေ့ခဲ့ရသလို လေထဲ၌ ခဏခဏ ပျံဝဲနေကြသော မိုးကြိုးငှက်များကိုလည်း မတွေ့ရပေ။ ချန်လွေ့က အနည်းငယ် ထူးဆန်းသလို ခံစားလိုက်ရသည်။ ငါက ဘာအငွေ့အသက်မှ မထုတ်ခဲ့ဘူး။ ဘယ်လိုလုပ်ပြီးတော့ အဲဒီ နတ်ဆိုးသားရဲတွေ အားလုံး ပုန်းနေကြတာလဲ။

ချန်လွေ့က အရှိန်တင်လိုက်သည်။ နာရီအနည်းငယ် ကြာပြီးနောက် သူက တိုင်တန်များ မကြာခဏ ပေါ်လာတတ်သော ချိုင့်ဝှမ်းသို့ ရောက်လာခဲ့သော်လည်း ဘာမှ မရှိနေပေ။ သူက မကောင်းသော နိမိတ်တစ်ခုကို ခံစားလိုက်ရ၏။

ထပ်မံ လမ်းလျှောက်လာပြီးနောက် မြေပြင်ပေါ်တွင် လွန်ကဲသော အရိပ်အယောင်များ စတင် ပေါ်ထွက်လာသည်။ ပြင်းထန်သော တိုက်ပွဲတစ်ခု ဖြစ်ခဲ့ဟန်တူသည်။ သဲလွန်စများ အရဆိုလျှင် တိုင်တန်များက တိုက်ပွဲထဲ၌ ပါဝင်ခဲ့ပုံရသည်။ တိုက်ပွဲ ဖြစ်ခဲ့သည်မှာ သိပ်မကြာသေးဘဲ သုံးလေးရက်သာ ကြာဦးမည် ဖြစ်သည်။

ချန်လွေ့က အမြန်စဉ်းစားလိုက်သည်။ သူက “ကောင်းကင်ဘီး” ရှိရာ ချောက်နက်သို့ တစ်ခါတည်း မသွားခဲ့ဘဲ ထိုတိုက်ပွဲမှ သဲလွန်စများကို လိုက်စမ်းကြည့်သည်။ သူက ကမ်းပါးတစ်ခုသို့ လမ်းလျှောက်သွားသောအခါ အဝေးမှ အသံယဲ့ယဲ့လေး တစ်ခု ကြားလိုက်ရသည့်အခါ သူ၏နားများ လှုပ်ရှားသွားခဲ့လေသည်။

ချန်လွေ့ မျက်မှောင်ကြုတ်လိုက်၏။ ဒီလိုအသံမျိုးက တိုင်တန်တွေရဲ့ ဟိန်းသံတွေနဲ့ တခြားအသံတွေ အများကြီး ပါဝင်နေတာပဲ။ အကျယ်ဆုံးကို အ‌တော်လေး ရင်းနှီးနေတယ်။ သူ၏မျက်လုံးများ ရုတ်တရက် ပွင့်သွားခဲ့သည်။ အဲဒါက နဂါးတွေပဲ။

ကောင်းကင်ထက်၌ ဧရာမတောင်ပံများ ခတ်နေသော အလွန်ကြီးမားသည့် အနက်ရောင်ပုံရိပ်များက တအိအိ လှုပ်နေ၏။ သူတို့က ထိုးသုတ်ပြီး မီးမှုတ်နေကြသည်။ အလွန်ကြီးမားသော အလွန်မြန်ဆန်လှသည့် အနက်ရောင်အရိပ်များ ဘေးနားတွင် အနက်ရောင် ပုံရိပ်များလည်း သိပ်သည်းလျက် ရှိနေသည်။

မြေပြင်ပေါ်တွင် လျှပ်စီးများဖြင့် ပြုလုပ်ထားသော လှံများဖြင့် ကောင်းကင်ထက်မှ အလွန်ကြီးမားသည့် အနက်ရောင်ပုံရိပ်များကို ပစ်နေသော အလွန်ကြီးမားသော ခန္ဓာကိုယ်များ ရှိ‌နေ၏။ အချို့က အကြောက်တရားမရှိဘဲ ရန်သူများထံ ပြေးဝင်သွားကြပြီး ခန္ဓာကိုယ်အောက်ပိုင်း လေပွေများ ရှိနေသော လူသားပုံရိပ် အများအပြားကလည်း ဧရာမကောင်များက တိုက်ခိုက်နိုင်အောင် ကူညီပေးနေလေသည်။

မြေပြင်က ဆက်လက် တုန်ခါနေသော်လည်း ထိုနယ်မြေရှိ တောင်နေရာက အတော်လေး မာကြောလှသည်။ နှစ်ဖက် အကြားမှ တိုက်ပွဲက ပြင်းထန်သော်လည်း ထိခိုက်မှုက ထင်ထားသည်ထက် ပိုနည်းပေသည်။

ချန်လွေ့က အလွန်ကြီးမားသော ကျောက်တောင်ကြီး တစ်ခုနောက်သို့ တိတ်တိတ်လေး သွားလိုက်ပြီး တိုက်ပွဲ၏ နှစ်ဖက်ကို အံ့အားသင့်စွာဖြင့် ကြည့်နေခဲ့သည်။ ဧရာမနဂါး၊ ဂရစ်ဖွန်၊ တိုက်တန်တွေနဲ လေဒြပ်စင်ကောင်တွေ။

လေထဲ၌ ဧရာနဂါး ၇၀နှင့် အနည်းဆုံး ဂရစ်ဖွန်များ ၅၀၀၀ခန့် ရှိနေပြီး အများစုက တိုက်ပွဲကို အဝေးမှ ကြည့်နေကြသည်။ စီးရင်းသူများက ဂရစ်ဖွန်များ၏ နောက်ဘက်တွင် ဖြစ်သည်။ ထိုအရာက စံပုံစံ စစ်တပ်တစ်ခု ဆိုသည်မှာ အသေအချာပင်။ ချန်လွေ့အတွက် အံ့အားသင့်စွာပင် ဧရာမနဂါးများ အပေါ်တွင် လူများ ထိုင်နေလေသည်။

တိုင်တန်များ၏ခေါင်း‌ဆောင် အိုးရှင်းနက်စ် နှင့် လေဒြပ်စင်ဘုရင် ဆက်သ်တိုင်းက ရွှေနဂါးတစ်ကောင်ကို အပြင်းအထန် တိုက်ခိုက်နေလေသည်။ သူတို့နှစ်ယောက်က S++ အဆင့် စွမ်းအားများ ရှိကြပြီး ဆက်သ်တိုင်းတွင် လေဇစ်မြစ် အပိုင်းအစနှင့် ဒြပ်စင်ဘုရင် ဆက်ခံမှု စွမ်းအားလည်း ရှိနေသည်။ သို့သော်လည်း သူတို့က ရွှေနဂါး၏ ပြိုင်ဘက် မဟုတ်ကြသေးဘဲ လုံးဝ ဖိနှိပ်ခံနေရသည်။

ဒီရွှေနဂါးက စွမ်းအား အပြည့်အဝ မသုံးတဲ့ပုံပဲ။ သူ့စွမ်းအားက နတ်ဆိုးအရှင်သခင်အဆင့်ကို ကျော်လွန်နေလောက်ပြီ။

တိုင်တန်များ၏ အရေအတွက်က ဧရာမနဂါးများထက် ပိုများသော်လည်း အများစုက တိုက်ခိုက်‌ရေးစွမ်းအားများ ဆုံးရှုံးသွားကြပြီး စွမ်းအင် ကုဗတုံးများဖြင့် အရေးတကြီး ကုသနေရသည်။ လေဒြပ်စင်များ၏ အမြန်နှုန်းက အတော်လေး မြန်ဆန်သော်လည်း ဧရာမနဂါးများကို ထိခိုက်စေရန် မလုံလောက်သေးပေ။ သူတို့က ဂရစ်ဖွန် လက်တစ်ဆုပ်စာကိုသာ ရှင်းပစ်နိုင်၏။ အခြေအနေက တိုင်တန်များအတွက် အတော်လေး အရေးမသာလှပေ။

ချန်လွေ့က မုန်တိုင်းကျွန်းသို့ ယခုမှ ရောက်ဖူးသည်ဆိုလျှင် နှစ်ဖက်လုံး တိုက်ခိုက်နေကြသည်ကို သေချာပေါက် ပျော်ရွှင် ပေလိမ့်မည်။ သို့သော်လည်း ယခုတွင် မတူတော့ပေ။ လေဒြပ်စင်ကောင်များကို ဘေးဖယ်ထားစေကာမူ၊ တိုင်တန်များ၏ သူ၏ လက်အောက်ခံများ ဖြစ်သွားခဲ့လေပြီ။ သူတို့က လူသားလောက၌ သူ၏ အစွမ်းအထက်ဆုံး အင်အားစု ဖြစ်သည့်အတွက် သေချာပေါက် ငြိမ်ငြိမ်နေမည် မဟုတ်ပေ။

“မေရိုစခီရာ!!” ဆက်သ်တိုင်း၏ စူးရှသော အသံက ဒေါသများ ပြည့်နှက်နေလေသည်။ “နဂါးတောင်ကြားက မုန်တိုင်းကျွန်းကို တကယ် ဖျက်ဆီးချင်နေတာလား။”

ရွှေနဂါးက အမှန်တကယ်၌ အမ ဖြစ်နေသည်။ သူက သရော်ပြုံး ပြုံးလိုက်၏။ “ဒါက နဂိုကတည်းက နဂါးတောင်ကြား စစ်သည်တော်တွေရဲ့ လေ့ကျင့်ရေးတစ်ခုပဲ။ ဒါပေမဲ့ တိုင်တန်တွေက‌ လေဒြပ်စင်ကောင်တွေနဲ့ ပူးပေါင်းပြီးတော့ ဧရာမနဂါးကို သတ်ရဲတယ်။ မုန်တိုင်းကျွန်း ပျက်စီးသွားရင်တောင် အဲဒါက ရှင်တို့ရဲ့ အပြစ်ကြောင့်ပဲ။”

“အဓိပ္ပာယ်မရှိတာ။ လေဒြပ်စင်ကောင်တွေက မင်းတို့ရဲ့ တိုက်ခိုက်ရေး အသုံးချခံတွေ မဟုတ်ဘူး။ ပြီးတော့လည်း နဂါးစီးနင်းသူစုတ်က လေဒြပ်စင်ကောင်တွေကို အရင်ထိခိုက်အောင် လုပ်ခဲ့တာ။” ဆက်သ်တိုင်း၏ ဒေါသက ပို၍ပင် ကြီးထွားလာ၏။ “သေတာကို ပြောရမယ်ဆိုရင်၊ မင်းတို့ လေ့ကျင့်တိုင်း တိုင်တန်တွေကို သတ်ပစ်မယ်။ အဲဒါကို ဘယ်လိုဖြေရှင်းမှာလဲ။”

“အစွမ်းအထက်ဆုံးကို လေးစားရမှာပဲ။ လက်သီးပိုကြီးတဲ့ သူက အာဏာရှိတယ်။” မေရိုခရီယာက ပို၍ပင် အထင်သေးစွာ ရယ်လိုက်သည်။ “စစ်ပွဲကနေ ထွက်ဖို့ ငြင်းနေဦးမယ် ဆိုရင်တော့ တိမ်တိုက်နန်းတော်ကို တစ်စစီလုပ်ရင် လုပ်နိုင်တယ်။”

ဆက်သ်တိုင်းက မကြောက်ရွံသလို စစ်ပွဲမှလည်း မနုတ်ထွက်ပေ။ “တကယ် လုပ်ရဲတယ် ဆိုရင်တော့ လေဒြပ်စင်ကောင်တွေက နဂါးတောင်ကြားကို သေတဲ့အထိ တိုက်ခိုက်မယ်။”

“အဲဒီ‌တော့ ဘာဖြစ်လဲ။” ရွှေနဂါး၏ မျက်လုံးထဲ၌ အထင်သေးသော အမူအရာတစ်ခု လက်ခနဲ ဖြစ်သွားခဲ့သည်။ သူက ဆက်သ်တိုင်း ပစ်လွှတ်လိုက်သော လျှပ်စီးကို ခန္ဓာကိုယ်အား ဝိုင်းရံစေလိုက်သည်။ သူက တောင်ပံကို ခါလိုက်ရာ လျှပ်စီးများ တစ်စစီ ဖြစ်သွား၏။ အိုးရှင်းနက်စ် နှင့် ဆက်သ်တိုင်းတို့က အားကောင်းလှသော အငွေ့အသက် တန်ပြန်လာခြင်းကြောင့် ထိတ်လန့်သွားခဲ့ကြသည်။

ရွှေနဂါးက နောက်မှလိုက်ရန် ပြင်လိုက်စဉ် ကြောက်မက်ဖွယ်ရာ အငွေ့အသက်တစ်ခုကို ရှာတွေ့သွားသကဲ့သို့ပင် မျက်လုံးများက အဝေးတစ်နေရာသို့ ရုတ်တရက် လှည့်လိုက်၏။

မျက်စိတစ်မှိတ် အတွင်းမှာပင် နောက်ထပ် ပုံရိပ်တစ်ခုက ကွင်းထဲ၌ ပေါ်ထွက်လာခဲ့လေသည်။

ထိုပုံရိပ်က တလက်လက်နှင့် ကျက်သရေရှိသော ချပ်ကာကို ဝတ်ဆင်ထားပြီး အလင်းရောင်က ကောင်းကင်မှ နေရောင်ကို ဖုံးလွှမ်းသွားပုံရသည်။ ၎င်း ဖြတ်သွားသော နေရာတိုင်း ဧရာမ နဂါးများက ထိတ်လန့်သွားကြပြီး နောက်ဆုတ်ကုန်သည်။ ဂရစ်ဖွန်များက ပို၍ပင် တုန်လှုပ်ကုန်ပြီး တောင်ပံခတ်ရန်ပင် အင်အား ဆုံးရှုံးလုနီးပါး ဖြစ်သွားခဲ့သည်။

ချန်လွေ့က အစွမ်းအထက်ဆုံးသော [ဓူဝံကြယ်ပြာ အသွင်ပြောင်းခြင်း] ကို အသက်သွင်းခဲ့လေသည်။ ရည်ရွယ်ချက်က ရှင်းပေသည်။ တိုင်တန်များနှင့် လေဒြပ်စင်ကောင်များကို ကူညီပြီး ထိုနဂါးများကို နှင်ထုတ်ပေးရန် ဖြစ်၏။ သူ၏မျက်လုံးများက ဧရာမနဂါးနောက်မှ ပုံရိပ်ပေါ်တွင် ခဏတာ ရုတ်တရက် ရပ်သွားခဲ့သည်။ သူ့မျက်လုံးထဲ၌ အံံ့အားသင့်မှု အရိပ်အယောင် ဖြစ်သွားခဲ့သော်လည်း မရပ်တန့်လိုက်ဘဲ တိုင်တန်ခေါင်းဆောင် အရှေ့သို့ လျှောက်သွားလိုက်လေသည်။

သူတို့က တကယ့်မျက်နှာကို မမြင်ရသော်လည်း တိုင်တန်များက သခင်ဖြစ်သူ ထုတ်လွှတ်နေသော အထူး စိတ်ဝိညာဉ် အမှတ်အသား အငွေ့အသက်ကို အာရုံခံနိုင်သေး၏။ တိုင်တန်ခေါင်းဆောင် အိုးရှင်းနက်စ်က ချက်ချင်းပင် ဒူးတစ်ဖက် ထောက်လိုက်သည်။ “မြင့်မြတ်တဲ့သခင်။ နောက်ဆုံးတော့ ရောက်လာပြီပဲ။”

ထိုအပြုအမူနှင့် အခေါ်အဝေါ်က ဆက်သ်တိုင်းက ရောက်ရှိလာသူ၏ သရုပ်ကို ချက်ချင်း သဘောပေါက်သွားစေပြီး စိတ်ထဲ၌ ထိတ်လန့်သွားခဲ့လေသည်။ ဒီလူက တကယ်ပဲ အရင်တစ်ခေါက်က အလင်းဘုရင် (၃)ပါးနှင့် ညှိနှိုင်းခဲ့တဲ့ “ရစ်ချက်”ပဲ။ ဒီလိုစွမ်းအားကြီးတဲ့ အငွေ့အသက် ရှိမှတော့ သေချာပေါက် အထူးအစွမ်းထက်ပုဂ္ဂိုတစ်ယောက်ရဲ့ စွမ်းအားပဲ။ သိဒ္ဓိကျောင်းတော်ရဲ့ တိုင်းပြည်အဆင့် တောင်ပံ(၄)ဖက် တမန်တော် အစ်ဇ်ယိုရူးလ်က “ရစ်ချက်”လက်ထဲမှာ သေသွားတာ ဖြစ်နိုင်တယ်လို့ အလင်းဒြပ်စင်ဘုရင် ဒယ်ကတ်စ် ပြောခဲ့တယ်။ အဲဒီတုန်းက မီးဒြပ်စင်ဘုရင်နဲ့ ငါတောင် သိပ်ပြီးတော့ မယုံခဲ့ဘူး။ အခုတော့ အဲဒါက အမှန် ဖြစ်နေတဲ့ပုံပဲ။

“အရှင်မင်းကြီး ဆက်သ်တိုင်း။ ကျုပ်တို့ ပြန်တွေ့ကြပြီနော်။” ချန်လွေ့က လေဒြပ်စင်ဘုရင်ကို ခေါင်းညိတ်ပြပြီး ရွှေနဂါးကို ကြည့်လိုက်၏။

ရွှေနဂါးကလည်း ထိုမဖိတ်ခေါ်ထားသော ဧည့်သည်အား သတိဖြင့် ကြည့်နေလေသည်။ ထုတ်လွှတ်သော အငွေ့အသက်အရ သူက သေချာပေါက် အစွမ်းထက်သော ရန်သူတစ်ယောက် ဖြစ်ပေသည်။ သူ့ကို အံ့အားအသင့်စေဆုံးက သူ့အပေါ် တိုင်တန်များ၏ အခေါ်အဝေါ်ပင်။ နဂါးတွေက မုန်တိုင်းကျွန်းမှာ နှစ်ပေါင်းများစွာ လေ့ကျင့်ခဲ့ကြတယ်။ ပြီးတော့ ဒီတိုင်တန်တွေမှာ သခင်တစ်ယောက် ရှိတယ်ဆိုတာကို ငါ တစ်ခါမှ မကြားဖူးဘူး။ ဒီပုဂ္ဂိုလ်က ဘယ်လို တည်ရှိမှုမျိုးပါလိမ့်။

All Chapters