← Chapters

မဟာအကြီးအကဲ ! လူသားလောကမှ နတ်မိမယ်နဂါး

Vol. 51 Ch. 839

မဟာအကြီးအကဲ ! လူသားလောကမှ နတ်မိမယ်နဂါး

Vol. 51 Ch. 839

“ဘုန်း...ဘုန်း...ဘုန်း...ဘုန်း....ဘုန်း....”

မြေပြင်က အပြင်းအထန် တုန်ခါသွားခဲ့ပြီး ရက်ဇ်ဆိုလာက နဂါးအသွင် ပြောင်းလဲသွားခဲ့ကာ အလွန် စုစည်းထားသော မီးတောက် ဥက္ကာပျံများက ရှေ့မှ အရောင်တောက်နေသော ကြယ်အလင်းများ ရှိနေသည့် ချပ်ကာပုံရိပ်ထံ ပြေးဝင်လာ၏။ အဆက်မပြတ် ပေါက်ကွဲသံများ ထွက်ပေါ်လာခဲ့ပြီး နဂါးနီ၏ ကသောင်းကနင်း ဟိန်းသံလည်း ပါနေလေသည်။ “ငါ မယုံဘူး။”

ပေါက်ကွဲသော အကွာအဝေးမှ တဖြည်းဖြည်း နီးကပ်လာပြီး စည်းချက်က တဖြည်းဖြည်း တိုတောင်းလာ၏။ ဆိုလိုသည်က ပစ်မှတ်မှာ မီးတောင်ဥက္ကာပျံများ ထိနေရင်း တစ်လှမ်းချင်း လှမ်းလာနေခြင်းပင်။

“ဘုန်း...” အနီးအနားရှိ မီးတောက် ဥက္ကာပျံတစ်ခုက မရေမတွက်နိုင်သော မီးပွင့်များအဖြစ် ပြောင်းလဲကာ ပျောက်ကွယ် သွားခဲ့သည်။ ကြယ်အလင်းများ ရှိနေသော လက်သီးတစ်လုံးက ရက်ဇ်ဆိုလာ၏ မျက်လုံးအရှေ့သို့ ရောက်ရှိလာခဲ့၏။

ထိုလက်သီးက ချက်ချင်းက အဆကြီးမားသွားသည်။ ကြီးမားသော “ဥက္ကာပျံ”တစ်ခုက ဆန့်ကျင်ဘက်သို့ လွင့်သွားခဲ့ပြီး ၎င်းမှာ ရက်ဇ်ဆိုလာ၏ ခန္ဓာကိုယ် ဖြစ်နေလေသည်။

ထိုလက်သီးချက်၏ အဟုန်က ကြီးမားလွန်းလှသည်။ ရက်ဇ်ဆိုလာက ဒိုင်းကာကို အချိန်မီ အသက်သွင်းလိုက်သော်လည်း လွင့်ထွက်သွားခဲ့သေးသည်။ ချန်လွေ့၏ပုံရိပ်က ချက်ချင်းပင် လေထဲ၌ ပေါ်ထွက်လာခဲ့ပြီး ရက်ဇ်ဆိုလာ ကိုယ့်ကိုယ်ကိုယ် တည်ငြိမ်အောင် မလုပ်နိုင်ခင်မှာပင် မိုးပေါ်သို့ ကန်ထည့်လိုက်၏။ သူ၏ လက်ထဲရှိ မရေမတွက်နိုင်သော အဖြူရောင် အလင်း စက်လုံးများ ပေါ်ထွက်လာကာ ပြန်လာနုိင်သော ဒုံးပျံများကဲ့သို့ပင် လေထဲသို့ ပေါက်ကွဲထွက်သွားလေသည်။

အုန်းခနဲ ပေါက်ကွဲသံ အဆက်မပြတ် ထွက်ပေါ်လာပြီး မီးတောက်များက အမှုန်များအဖြစ် ပြောင်းလဲကာ ပျောက်ကွယ် သွားလေသည်။ အချိန်အတော်ကြာပြီးနောက် မြင်ကွင်းကို တုန်လှုပ်စေခဲ့သော အဖြူရောင်အလင်းက ငြိမ်သက်သွားခဲ့သည်။ ရက်ဇ်ဆိုလာ၏ ခန္ဓာကိုယ်က စောင်းစွေပြီး ပြန်ကျလာကာ မြေပြင်ပေါ်တွင် လဲကျနေတော့သည်။

သူက အန္တရာယ်ကင်းကင်းနှင့် ဆင်းသက်နိုင်ရန်အတွက် [ငှက်တောင်ကျဆင်းခြင်း] ကို အသုံးပြုခဲ့သော်လည်း နဂါးနီ၏ ပုံစံက အတော်လေး နွမ်းလျနေခဲ့သည်။ အကာအကွယ် မှော်ပညာက အစအနမကျန် ပျောက်ကွယ်သွားလေပြီ။ သူ၏ ဒဏ်ရာရနေသော ခန္ဓာကိုယ်က အပေါက်များ ပြည့်နေပြီး ကြေးခွံမာများကလည်း ကျိုးပဲ့ကာ ကွာကျနေလေသည်။ အပူရှိန် မြင့်မားလှသော သွေးစက်များကလည်း တစ်စက်ပြီးတစ်စက် မြေပေါ်သို့ ကျနေကာ အပြာရောင် အငွေ့များ ထွက်လာတော့သည်။

ထိုအရာက နဂါးများ၏ အားကောင်းသော ခန္ဓာကိုယ်ကို ထည့်စဉ်းစားပြီးသား ဖြစ်လေသည်။ မဟုတ်ပါက မှော်ပြိုင်ဘက် ဆိုလျှင် သူက အပိုင်းပိုင်း ဖြစ်သွားလေပြီ။

“ခင်ဗျား ရှုံးသွားပြီ။” ချန်လွေ့၏အသံ ထွက်ပေါ်လာ၏။ “အရှုံးပေးလိုက်တော့။”

စာချုပ် စည်းမျဉ်းက အနိုင်ရရှိသူကို တစ်ဖက်က အရှုံးပေးခြင်း သို့မဟုတ် သေဆုံးပြီးမှသာ ဆုံးဖြတ်မည် ဖြစ်သည်။ နဂါးတောင်ကြား၏ စွမ်းအားနှင့် နဂါးစစ်သည်တော်များကြားထဲမှ သူ မြင်ခဲ့ရသည့် ရင်းနှီးသော မျက်နှာတို့ကို စဉ်းစားပြီး ချန်လွေ့က ရန်ငြိုး ကြီးကြီးမားမား မဖြစ်ချင်ပေ။ ထို့ကြောင့် သူက နဂါးနီအား အခွင့်အရေးတစ်ခုပေးရန် စီစဉ်ထားခဲ့သည်။

ရက်ဇ်ဆိုလာ၏ ဘယ်မျက်လုံးက ဖူးရောင်နေခဲ့သည်။ သူက ညာမျက်လုံးကိုသာ ဖွင့်နိုင်ပြီး အော်ပြောလိုက်၏။ “မီးပြီးတာ။ အဲဒီလိုပဲ ဖြစ်ရမယ်။ အရှက်မရှိတဲ့ကောင်။ မင်းမှာ တကယ်ကြီး ဒီလိုခန္ဓာအမျိုးအစား ရှိနေတာကိုး။ မင်းက ငါ့ကို စာချုပ်ချုပ်ဖို့ လှည့်စားခဲ့တယ်။”

သူက သဘောမပေါက်သေးလျှင် နဂါးနီက နဂါး အကြီးအကဲဟု မခေါ်ထိုက်တော့ပေ။ သို့သော်လည်း ထိုတွေ့ရှိမှုက ပို၍ပင် သူ့ကို ထိတ်လန့်သွားစေသည်။ မီးပြီးတဲ့သူတွေက မီးဒြပ်စင်ကောင်တွေ မဟုတ်ရင် ရှေး အထူးအဆင့် နတ်ဆိုးသားရဲ သွေးမျိုးဆက် ရှိတဲ့သူတွေပဲ။ ဒီရန်သူက.....

“ပေါက်ကရတွေ။” ချန်လွေ့က အထင်သေးစွာဖြင့် ပြောလိုက်သည်။ “စာချုပ်ချုပ်ဖို့ စပြောတာက ခင်ဗျားပဲ။ ခန္ဓာအမျိုးအစားကတော့ ခင်ဗျားက ရန်သူကို တိုက်ပွဲမှာ ဝှက်ဖဲတွေ ပြောပြမှာလား။”

နဂါးနီက ပြောစရာစကား မဲ့သွားခဲ့သည်။ ထိုရှုံးနိမ့်ခြင်းက သူ့အသက်သာမက နဂါးများ၊နဂါးစစ်သည်များနှင့် ဂရစ်ဖွန် စီးနင်းသူများ၏ အသက်တို့လည်း ဖြစ်ပေသည်။ နဂါးတောင်ကြား အကြီးအကဲ တစ်ယောက်အနေဖြင့် ထိုအရာက ကြီးမားသော အရှက်ရစရာ တစ်ခုလည်း ဖြစ်သလို သည်းခံ၍ မရသော ရှုံးနိမ့်မှုလည်း ဖြစ်ပေသည်။

“ငါ အရှုံး‌ပေးမှာ မဟုတ်ဘူး။” ရက်ဇ်ဆိုလာက ချန်လွေ့ကို အံကြိတ်ကာ ကြည့်လိုက်သည်။ “ငါက နဂါးတောင်ကြားရဲ့ အကြီးအကဲပဲ။ မင်းငါ့ကို သတ်ရဲရင် နဂါးဧကရာဇ် ပါဂရစ်ဇ် နဲ့ မဟာအကြီးအကဲ မာရီယာတို့က မင်းကို အလွတ်ပေးမှာ မဟုတ်ဘူး။ မင်းပဲ မဟုတ်ဘူး။ မင်းနဲ့ ပတ်သက်တဲ့သူတိုင်းက မင်းနဲ့ အမြုပ်ခံရမှာ။”

“ရှုံးတာကိုတောင် မရင်ဆိုင်ရဲဘူး။ ဒါလား။ နဂါး‌တောင်ကြားရဲ့ အကြီးအကဲ။” ချန်လွေ့၏အသံက အေးစက်သွားခဲ့သည်။ “ဂုဏ်ယူပါတယ်။ ခင်ဗျားရဲ့ ခြိမ်းခြောက်မှုက ကျုပ်ရဲ့ သတ်ချင်စိတ်ကို အောင်အောင်မြင်မြင် လှုံ့ဆော်နိုင်ခဲ့တယ်။ ခင်ဗျား အသက်ရှင်ဖို့ နောက်ဆုံး အခွင့်အရေးကို ဖျက်ဆီးလိုက်တာက ခင်ဗျားပဲ။”

ချန်လွေ့က နတ်ဆိုးဘုံ၌ အခြေစိုက်စခန်းချထားသည့်အတွက် လူသား‌လောကမှ မည်သည့်အင်အားစုကိုမှ မကြောက်နေပေ။ သူက တိုင်တန်များနှင့် လေဒြပ်စင်ကောင်များအတွက်သာ စိုးရိမ်နေခြင်း ဖြစ်သည်။ သို့သော်လည်း ရက်ဇ်ဆိုလာနှင့် နဂါးများ ပြသသော အမူအရာများအရ ချန်လွေ့က စာချုပ်ကို ပယ်ဖျက်လိုက်လျှင်ပင် ကျေးဇူးတင်ရမည့်အစား နဂါးများက ရန်ငြိုးထားနိုင်ပြီး အနာဂတ်တွင် မုန်တိုင်းကျွန်းက သေချာပေါက် ကြောက်စရာကောင်းသော လက်စားချေမှုများ ကြုံတွေ့လာရ နိုင်ပေသည်။

ထို့ကြောင့် သူက ယခုတိုက်ပွဲကို နိုင်ရပေမည်။ အကယ်၍ ရက်ဇ်ဆိုလာက အရှုံးပေးရန် ငြင်းခဲ့လျှင် နဂါးနီကို သတ်ခြင်းက နဂါး‌တောင်ကြားနှင့် ရန်စ ရှိလာနိုင်သည့်တိုင် စာချုပ်မှတဆင့် သူက နဂါးများနှင့် နဂါးစစ်သည်တော်များ၏ အသက်ကို ရရှိနိုင်‌၏။ ထိုအရာက နဂါးတောင်ကြားနှင့် အကြီးမားဆုံး အပေးအယူ ဖြစ်နိုင်ပေသည်။

ဤနေရာက လက်သီးပိုကြီးသူသာ အမှန်ဖြစ်သော လောက ဖြစ်သည်။ အနည်းဆုံး အဆင့်တစ်ခု၌ ထိုသို့ပင်။ “အကြောင်းပြချက်” ပေးရန်အတွက် လက်သီးနှင့် အပေးအယူ တစ်ခု ရှိရပေမည်။

ရက်ဇ်ဆိုလာက စကားပြောတော့မည့်အချိန်၌ သိမ့်သိမ့်တုန် သတိပေးသော နိမိတ်ဆိုးတစ်ခု လှိမ့်တက်လာခဲ့သည်။ လေထုက ချက်ချင်းပင် သောင်းကြမ်းပြီး ကြောက်စရာကောင်းသော အငွေ့အသက်များနှင့် ပြည့်နှက်သွားကာ သူ၏ “ဧရာမ မီးနဂါး”ကို ပျက်စီးသွားစေခဲ့သော‌ ကွေးကောက်နေသည့် သားရဲကြီး၏ အငွေ့အသက်နှင့် အတော်လေး ဆင်တူနေလေသည်။ ထိုအရာက ရက်ဇ်ဆိုလာအား သဘာဝ ဝိပါက်ကဲ့သို့ပင် အလွန်ထူးဆန်းသော ခံစားချက်တစ်ခု ပေးစွမ်းနေလေသည်။ သူက ခုနက ထိုတိုက်ကွက်ကို ခုခံရန်အတွက် လောင်ကျွမ်းနီ တုတ်တံကို အသုံးပြုခဲ့ရလေသည်။

ယခု ထိုကဲ့သို့ သောင်းကြမ်းသော အငွေ့အသက် ပြန်ပေါ်လာပြီး ပြင်းအားက ယခင်ထက် အဆ ဒါဇင်ခန့် ပိုများနေလေသည်။ ထိပ်သီးအဆင့်၌ပင် ရက်ဇ်ဆိုလာက မည်သည်ကို ဆက်လုပ်ရမည်ဖြစ်ကြောင်း မသေချာပေ။ လက်ရှိ အားအင်များ ဆုံးရှုံးနေသောအချိန်၌မူ ပြောနေစရာပင် မလိုချေ။ ထို့အပြင် ရန်သူက ထုတ်လွှတ်နေသော သတ်ဖြတ်ချင်စိတ်က လုံးဝ ခြိမ်းခြောက်နေခြင်း မဟုတ်သည်ကို နဂါးနီက သေသေချာချာ အာရုံခံမိလေသည်။

ဒီလူက တကယ်သတ်မှာ။

[ ကြယ်ပြာတိုင်းပြည် ] ရှိ ကြယ်အလင်းများ တောက်ပလာပြီး ပူနွေးကာ ဂနာမငြိမ်သော အငွေ့အသက်တစ်ခုကို ထုတ်ပြနေ၏။ ထိုအရာက [ မီးသင့်နဂါးဟိန်းသံ ]အတွက် အသင့်တော်ဆုံး ဖြစ်သည့် [ နွေပိုင်နက် ] ပင် ဖြစ်လေသည်။ တစ်ချိန်တည်းမှာပင် ချန်လွေ့၏ ချပ်ကာနောက်၌ အနီရောင် တောင်ပံတစ်စုံ ပေါ်ထွက်လာကာ ကြယ်တောင်ပံနှင့် ပေါင်းစပ်သွားသည်။ ထိုအရာက [မီးဇာမဏီတမ်းတခြင်း] ဖြစ်ပြီး မီးသင့်နဂါး စွမ်းအားကို ထပ်မံ တိုးမြှင့်နိုင်လေသည်။ ၎င်းက [မီးသင့်နဂါးဟိန်းသံ]၏ တိုက်ခိုက်မှုကို နေရာတစ်ခုတည်း၌ စုစည်းစေနိုင်သည်။

ရက်ဇ်ဆိုလာက တိုင်းပြည်အဆင့် ထိပ်သီးပိုင်း အစွမ်းထက် ပုဂ္ဂိုလ်တစ်ယောက် ဖြစ်ပေသည်။ ချန်လွေ့တွင် [မီးဇာမဏီ အမာရွတ်] ရှိသော်လည်း ရန်သူကို လုံးဝ အထင်မသေးခဲ့ပေ။

ကြောက်မက်ဖွယ်ရာ ကပ်ဘေး အန္တရာယ်ကြောင့် ရက်ဇ်ဆိုလာ၏ ကြေးခွံများ ထောင်သွားပြီး ထိုတိုက်ခိုက်မှုကို မခံနိုင်ကြောင့် သူ့ အလိုလိုသိစိတ်က ပြောနေလေသည်။

သူတို့က အတော်လေး ဝေးကွာနေသော်လည်း ရွှေနဂါးနှင့် အခြားနဂါးများက ကြောက်မက်ဖွယ်ရာ အငွေ့အသက်ကို ခံစားမိနိုင်သေးသည်။ သူတို့က အဟန့်အတားကြောင့် မလှုပ်ရှားနိုင်နီးပါး ဖြစ်ခဲ့ရသည်။ အကယ်၍ ရက်ဇ်ဆိုလာနှင့် တိုက်ခိုက်ခြင်းက ရုပ်ပိုင်းဆိုင်ရာ လှည့်ကွက်များအပေါ် မှီခိုခဲ့သည်ဆိုလျှင် ယခုတိုက်ခိုက်မှု၏ အငွေ့အသက်က အမှန်တကယ်ပင် ခြယ်လှယ်သော စွမ်းအားတစ်ခုပင်။

ချန်လွေ့က [ မီးသင့်နဂါးဟိန်းသံ ] ကို ပစ်လွှတ်လိုက်တော့မည့် အချိန်၌ နဂါးနီ၏ ကြောက်လန့်နေသော အသံက “အချိန်မီ” ထွက်လာလေသည်။ “ခဏနေဦး။ ငါ...အရှုံးပေးတယ်။”

နဂါးများ၏ သက်တမ်းက အတော်လေး ရှည်ကြာလှသည်။ ထိုသို့ ရှည်ကြာလေလေ အသက်ကို စွန့်လွှတ်ရန် ခက်ခဲလာလေလေ ဖြစ်သည်။ ထို့အပြင် ထိုကဲ့သို့ အခြေအနေ၌ အရှုံးမပေးဘဲ အသတ်ခံရလျှင်င် စာချုပ်က အကျုံးဝင်နေသေးသည်။ ထို့ကြောင့် စိတ်ကို ဆုံးဖြတ်ချက်ချပြီး နောက်ဆုံးတွင် ရက်ဇ်ဆိုလာက မောက်မာသော ခေါင်းကို ငုံ့လိုက်ရတော့သည်။

ရက်ဇ်ဆိုလာ အရှုံးပေးပြီးနောက် စာချုပ်စွမ်းအားက အသက်ဝင်လာကြောင်း ချန်လွေ့ ခံစားလိုက်မိပြီး သူက နဂါးများနှင့် ရှိနေသော စစ်သည်တော်များအားလုံး၏ အသက်ကို လုံးဝ ထိန်းချုပ်နိုင်သွားခဲ့သည်။

ထိုအခိုက်တွင် အဝေးမှ ကောင်းကင်ထက်ရှိ အဖြူရောင် တိမ်တိုက်များက အရောင်စုံ ဖြစ်သွားလေသည်။ မျက်စိတစ်မှိတ် အတွင်းမှာပင် အရောင်များ ပျံ့နှံ့သွားခဲ့ပြီး လောကတစ်ခုလုံး အရောင်စုံသွားကာ တောက်ပကာ ထည်ဝါနေတော့သည်။

တစ်ခုခုကို သဘောပေါက်လိုက်သကဲ့သို့ပင် ရွှေနဂါး မေရိုစခီရာ၏ မျက်လုံးများ အရောင်‌တောက်သွားပြီး ကျန်ရှိသော နဂါးများ၏ စိတ်ဝိညာဉ်များကလည်း တက်ကြွလာခဲ့သည်။

ချန်လွေ့၏ နှလုံးသားထဲ၌ ပြင်းပြသော အန္တရာယ် အချက်ပြတစ်ခု ရှိလာပြီး အလျင်အမြန် ကွယ်ပျောက်သွားသော ကြယ်စွမ်းအားကို စုစည်းလိုက်သည်။ ထိုအချိန်၌ ကောင်းကင်နှင့် မြေကြီးကြားမှ ရောင်စုံအလင်းက အစိုင်အခဲ ဖြစ်တည်လာဟန် တူပြီး အလွန်ကြီးမားသော ပိုက်ကွန်တစ်ခုအဖြစ် မြန်နှုန်းမြင့် စတင် ရက်လုပ်တော့သည်။

ဧရာမပိုက်ကွန်က ရက်ဇ်ဆိုလာကို ဖြတ်သွားသောအခါ နိမိတ်ပုံရိပ်ကဲ့သို့ ဖြတ်သန်းသွားခဲ့ပြီး ရက်ဇ်ဆိုလာ၏ ဒဏ်ရာများက စတင်၍ အလျင်အမြန် ပြန်ကောင်းလာသည်။ နဂါးနီ၏ မျက်လုံးထဲ၌ အံံအားသင့်မှု အငွေ့အသက် ရှိနေသည်။ ယခင်က နွမ်းလျနေသော ပုံစံက ကွယ်ပျောက်သွားလေသည်။

နဂါးနီကို ဘေးကင်းစွာဖြင့် ဖြတ်သွားပြီးနောက် ရောင်စုံ ဧရာမပိုက်ကွန်က ချန်လွေ့ကို ‌အေးအေးဆေး‌ဆေး ရစ်ပတ်လိုက်၏။

နဂါးနီကို ကုသပေးခဲ့သော “အန္တရာယ်မရှိသည့်” ဧရာမ ပိုက်ကွန်က ချန်လွေ့အတွက် မရဏပိုက်ကွန်မျိုး ဖြစ်နေသည်။ သူက ၎င်းကို မရှောင်နိုင်ခဲ့ပေ။ သူက ထိုရောင်စုံပိုက်ကွန်ဖြင့် ဖြတ်သွားခြင့် ခံလိုက်ရလျှင် ခန္ဓာကိုယ်က သေချာပေါက် စုတ်ပြတ်သွားပေလိမ့်မည်။

အလင်းရောင်ထဲ၌ အနီရောင်က ရုတ်တရက် တိုးလာပြီး သွေးနီရောင် အရူးအမူး စွမ်းအားက ချက်ချင်းပင် လှိမ့်တက်လာကာ အနီရောင်သားရဲကြီးများလည်း ဟိန်းဟောက် နေလေသည်။ ကြောက်မက်ဖွယ်ရာ စွမ်းအားက မနီးမဝေးမှ နဂါးနီ၏ မျက်တောင်များကို တုန်လှုပ်သွားစေသည်။ သေချာတယ်။ ဒီအကွက်က ခုနက သားရဲကြီး တစ်ကောင်တည်းထက် အဆ ၁၀၀ လောက် ပိုပြီးတော့ ကြောက်စရာကောင်းတယ်။ ကံကောင်းချင်တော့ ခုနက ငါ ဒါကို မခံခဲ့ရဘူး။ မဟုတ်ရင် ငါ အခု နဂါးအသေ ဖြစ်သွားလောက်ပြီ။ ဒါပေမဲ့ သူက ဘယ်လောက်ပဲ အစွမ်းထက်ထက် မဟာ့မဟာအကြီးအကဲ ရောက်လာပြီဆိုတော့ ဘာမှ ကြောက်စရာ မလိုတော့ဘူး။

ဟိန်းဟောက်နေသော မီးသင့်နဂါးများ ဖြတ်သွားတိုင်း ရောင်စုံပိုက်ကွန်များက တစ်ခုပြီးတစ်ခု စုတ်ပြဲကုန်သည်။ သို့သော်လည်း ပြန့်ကျဲသွားသော ရောင်စုံအလင်းရောင်များက ပြန်လှိမ့်သွားကာ အစိမ်းရောင် ပြောင်းသွားပြီး မီးသင့်နဂါးများကို ဝိုင်းရံလိုက်သည်။ မီးသင့်နဂါးများ၏ လှုပ်ရှားမှုများ ချက်ချင်း ရပ်တန့်သွားခဲ့သည်။ ထူးခြားသော အေးစက်မှုများ မရှိသော်လည်း ၁၀ စက္ကန့် မပြည့်ခင်မှာပင် ရေခဲရုပ်ထုအဖြစ် လုံးဝ အေးခဲ သွားတော့သည်။

ချန်လွေ့က ရုတ်တရက် မျက်မှောင်ကြုတ်လိုက်၏။ [ ကြယ်ပြာ တိုင်းပြည် ] ၊ [ နွေပိုင်နက် ] နဲ့ [မီးဇာမဏီတမ်းတခြင်း] ပေါင်းပြီးတော့ ငါက အစွမ်းအထက်ဆုံး အခြေအနေဖြစ်တဲ့ [ဓူဝံကြယ်အသွင်ပြောင်းခြင်း] မှာ အနှိုင်းမဲ့ တိုက်ကွက်ဖြစ်တဲ့ [မီးသင့်နဂါးဟိန်းသံ] ကို သုံးခဲ့တယ်။ ဒါပေမဲ့ အဲဒါက တကယ်ကြီး လုံးဝ အေးခဲသွားခဲ့တယ်။

အစိမ်းရောင်အလင်းက ထူးဆန်းသော အငွေ့အသက်တစ်ခု ထုတ်လွှတ်နေပြီး မီးသင့်နဂါးများမှတဆင့် ချန်လွေ့ထံ အလျင်အမြန် ရောက်ရှိလာသည်။ ချက်ချင်းပင် အလင်းရောင်အားလုံး ရပ်တန့် သွားဟန်တူသည်။ ပစ်မှတ်ကို ထိတော့မည့် အစိမ်ရောင်အလင်း အမှန်ကယ် လွဲသွားသည်ကို မြင်သည့်အခါ ချန်လွေ့၏ပုံရိပ်က ‌ပျောက်ကွယ်သွားလေသည်။

စွမ်းအား ဆုံးရှုံးသွားသော မီးသင့်ရေခဲရုပ်ထုများက အရောင်စုံ အလင်းအောက်တွင် တစ်စစီ ဖြစ်သွားတော့သည်။

ချန်လွေ့၏ ပုံရိပ်က အဝေးတစ်နေရာ၌ ပေါ်ထွက်လာပြီး အနည်းငယ် မောဟိုက်နေခဲ့သည်။ [မီးသင့်နဂါးဟိန်းသံ]ကို အတင်း ရပ်တန့်လိုက်ရခြင်းက သေချာပေါက် မလွယ်ကူပေ။ တန်ပြန်မှု အင်အား တစ်ခုတည်းကပင် သူ့ကို ဒဏ်ရာအပြင်းအထန် ရစေလုနီးပါး ဖြစ်ခဲ့သည်။ သို့သော်လည်း ပို၍ ကြောက်စရာ ကောင်းသည်မှာ အရောင်စုံအလင်း ဖြစ်၏။ အကယ်၍ သူက အချိန် ဥပဒေသကို အသက်မသွင်းဘဲ အရောင်စုံအလင်းကို အနည်းငယ် မရှောင်နိုင်ခဲ့လျှင် ခုနက မီးသင့်နဂါး ရေခဲရုပ်ထုများကဲ့သို့ပင် အမှုန့်ဖြစ်သွားပေလိမ့်မည်။

သို့သော်လည်း သူက မတ်မတ်ရပ်ပြီးချိန်မှာပင် သူ့ကို ပစ်မှတ်ထားနေသော စိတ်ဝိညာဉ်စွမ်းအားတစ်ခုကို ရုတ်တရက် ခံစားလိုက်ရသည်။ ချန်လွေ့က အနည်းငယ် လှုပ်မိသည်နှင့် သေစေနိုင်သော ထိခိုက်မှုတစ်ခု ခံစားရမည်ကို သေသေချာချာ အာရုံခံမိလေသည်။

ချန်လွေ့က တိုးတိုးလေးသက်ပြင်းချလိုက်၏။ ရောင်စုံ အလင်းစွမ်းအားက [ ဓူဝံကြယ်အသွင်ပြောင်းခြင်း ] စွမ်းအားထက် အများကြီး သာတယ်။ ပြောရရင်တော့ အဲဒါက တိုင်းပြည်ဖန်တီး အဆင့်တက်ကို ကျော်လွန်သွားပြီ။

ရောင်စုံအလင်းက ပြန်လှိမ့်သွားပြီး လိမ်ယှက်ကာ ပုံရိပ် တစ်ခုအဖြစ် တဖြည်းဖြည်း စုစည်းလာပြီး ချန်လွေ့ အရှေ့သို့ ရောက်ရှိလာခဲ့သည်။

ထိုသူက ဆံပင်ခရမ်းရောင်နှင့် မိန်းမလှတစ်ဦး ဖြစ်သည်။ သူက အသက်၃၀အရွယ်ရှိပြီး ကောင်းကင်ပြာ ဝါဝန်ရှည်ကို ဝတ်ထားကာ မျက်မှန်တစ်လက်နှင့် ရင့်ကျက်ကာ စိတ်လှုပ်ရှားစေသော ဆွဲဆောင်မှုမျိုး ထုတ်လွှတ်နေလေသည်။

နဂါးနီ ရက်ဇ်ဆိုလာက လူသားအသွင်ပြောင်းလိုက်ပြီး ဆံပင် ခရမ်းရောင်နှင့် အမျိုးသမီးကို အရိုအသေ ပြုလိုက်၏။ “မဒမ်-မာရီယာ။”

ရွှေနဂါး မေရိုစခီရာလည်း နဂါးများနှင့်အတူ ရောက်လာပြီး ရိုသေစွာဖြင့် ဦးညွှတ်လိုက်ကြသည်။

ချန်လွေ့က ထိုဆံပင်ခရမ်းရောင်နှင့် အမျိုးသမီးကို ထိတ်လန့်စွာဖြင့် ကြည့်လိုက်သည်။ နဂါးများ၏ အခေါ်အဝေါ်အရ ထိုအမျိုးသမီးသည် နဂါးတောင်ကြားမှ မဟာ့မဟာအကြီးအကဲ မာရီယာ ဖြစ်လောက်သည်။ [ သရုပ်ခွဲမျက်လုံး ] ၌ ပြသ‌သော မာရီယာ၏ စွမ်းအားမှာ SSS- ဖြစ်ပြီး သူက နတ်ဘုရားတစ်ပိုင်း အဆင့်သို့ ရောက်နေကြောင်း ပြသနေလေသည်။

သို့သော်လည်း ချန်လွေ့က အံံ့အားအသင့်စေဆုံးမှာ မဟာ့မဟာအကြီးအကဲ ဂုဏ်ပုဒ်နှင့် နတ်ဘုရားတစ်ပိုင်း စွမ်းအားတို့ မဟုတ်ဘဲ မာရီယာ၏ အနည်းငယ် ဆင်တူနေသော အသွင်အပြင်နှင့် သရုပ်ခွဲမျက်လုံးက ပြသသော..... နတ်မိမယ်နဂါး ဟူသည့် မျိုးနွယ်တို့ကြောင့်ပင်။

All Chapters